← Chapters

အခန်း ၂၂၃၁

Vol. 139 Ch. 2231

အခန်း ၂၂၃၁

Vol. 139 Ch. 2231

အခန်း (၂၂၃၁) စစ်အစီအရင် ပြိုကွဲသွားခြင်း၊ အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားခြင်း

“ဒီလိုဆိုရင်တော့ ငါ့အနေနဲ့ နတ်ဘုရားတစ်ပါး နှစ်ပါးလောက်ကို သတ်ပစ်ဖို့ ဒါမှမဟုတ် နတ်ဘုရားလို့ခေါ်တဲ့ အရာတွေအားလုံးကို ဒီလောကကနေ အမြစ်ပြတ် ဖျက်ဆီးပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ မင်းတို့က နောက်ကွယ်က အမှောင်ထုထဲမှာနေပြီး အရာရာကို ထိန်းချုပ်ရတာ ကျင့်သားရနေပြီဆိုမှတော့ မင်းတို့ကို အမှောင်ထုထဲ လုံးဝပြန်ပို့ပေးရတာပေါ့"

ဝမ်ချောင်က အနည်းငယ်မျှ အလျှော့ပေးခြင်း မရှိဘဲ ချက်ချင်း ပြန်လည် တုံ့ပြန်လိုက်တော့သည်။

ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ ထိုက်ရှီ၏ မျက်လုံးသူငယ်အိမ်များ ကျုံ့သွားခဲ့ပြီး မျက်နှာအမူအရာမှာ အလွန်အမင်း အေးစက်သွားတော့သည်။

"ဟွန်း... ဒီနတ်ဘုရားက မင်းမှာ ဘယ်လောက်တောင် စွမ်းရည်ရှိလဲ ဆိုတာကို စောင့်ကြည့်ရသေးတာပေါ့"

ထိုက်ရှီ၏စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဘုန်းခနဲ မြည်သံနှင့်အတူ ရုတ်တရက် လေထဲသို့ ခုန်ပျံသွားခဲ့ပြီး လျင်မြန်စွာပင် ကောင်းကင်ယံ အနက်ပိုင်း၊ အဆုံးအစမရှိသော နှင်းမုန်တိုင်းများ၏ အထက်သို့ တဟုန်ထိုး တက်လှမ်းသွားတော့သည်။

မျက်နှာချင်းဆိုင်တွင် ဝမ်ချောင်မှာ လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့ပြီး ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ အလားတူပင် လျင်မြန်စွာ ပျံသန်းလိုက်ပါသွားတော့သည်။

စစ်သည်အချင်းချင်း၊ ဗိုလ်ချုပ်အချင်းချင်း ယှဉ်ပြိုင်ကြရာတွင်... ထိုက်ရှီကို ကိုင်တွယ်နိုင်သူမှာ ဝမ်ချောင်သာရှိပြီး၊ ထိုက်ရှီအတွက်လည်း သူ့ကို ရင်ဆိုင်နိုင်သူမှာ ဝမ်ချောင်သာ ရှိတော့သည်။"

ဤစစ်ပွဲမှာ သူတို့နှစ်ဦးစလုံးအတွက် အလွန်အရေးကြီးလှပေသည်။ ထိုက်ရှီအနေဖြင့် "ထျန်း"၏ သန့်စင်ရေး တာဝန်ကို ပြီးမြောက်အောင်မြင်လိုပါက သေချာပေါက် ဝမ်ချောင်ကို သတ်ဖြတ်ရမည် ဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း…

ထိုက်ရှီနှင့် ဝမ်ချောင်တို့ နှစ်ဦးစလုံးမှာ တိမ်တိုက်များအကြားသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ ထို့နောက် ကောင်းကင်အနက်ပိုင်းမှ ပြင်းထန်လှသော မြည်ဟည်းသံကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

သူတို့နှစ်ဦး ကောင်းကင်ယံတွင် အပြင်းအထန် တိုက်ခိုက်နေကြသည့်အချိန်တွင်၊ မြေပြင်ပေါ်တွင်လည်း နိုင်ငံအသီးသီးမှ စစ်တပ်များမှာ မြို့ရိုး ပေါ်သို့ တစ်စထက်တစ်စ ပိုမိုများပြားစွာ တက်ရောက်လာကြတော့သည်။

နှင်းမုန်တိုင်းများ ပြည့်နှက်နေခဲ့ပြီး အမြင်အာရုံကို တားဆီးထားခဲ့ရာ မြို့ကို တိုက်ခိုက်သူများအတွက် များစွာပိုမိုအကျိုးရှိစေခဲ့သည်။ ထို့ပြင် ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးကြောင့် မဟာထန်၏မီးဆီများအမြောက်အမြား ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ၊ နိုင်ငံအသီးသီးအနေဖြင့် ဤအချိန်တွင် မြို့ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ ယခင်အချိန်များထက် များစွာပိုမိုအဆင်ပြေချောမွေ့လှပေသည်။

"ပုဆိန်ကိုင် တပ်ဖွဲ့.. အသင့် ပြင်ထားကြ"

မြို့ရိုးပေါ်တွင် မဟာထန်မှ ဗိုလ်ချုပ်တစ်ဦး၏ ကျယ်လောင်စူးရှလှသော အသံကြီးမှာ ကောင်းကင်ယံသို့တိုင်အောင် ပဲ့တင်ထပ်သွားခဲ့ပြီး၊ နောက်တစ်ခဏတွင် သံချပ်ကာများ တုန်ခါနေသည့် သောင်းနှင့်ချီသော ပုဆိန်ကိုင် စစ်သည်မျာမှာ ဧရာမပုဆိန်ကြီးများကို ကိုင်ဆောင်လျက် ဘီလူးကြီးများအလား မြို့ရိုးပေါ်သို့ တက်လှမ်းလာကြတော့သည်။

မြို့ရိုးပေါ်သို့ အဆက်မပြတ် တွယ်တက်လာနေကြသော နိုင်ငံအသီးသီး မှ စစ်သည်များ ကို ရင်ဆိုင်လျက် ဤပုဆိန်ကိုင် စစ်သည်များမှာ ကျယ်လောင်စွာ အော်ဟစ်နေကြပြီး၊ ရူးသွပ်နေသော စစ်သည်များအလား အားကုန် ခုတ်ပိုင်းနေကြတော့သည်။

သူတို့၏ လှုပ်ရှားမှုများမှာ အလွန်ပင် ရိုးရှင်းလှပေသည်။ ကန့်လန့်ဖြတ် ခုတ်ပိုင်းခြင်း၊ ဒေါင်လိုက် ခုတ်ပိုင်းခြင်း အစရှိသော ရိုးရှင်းလှသည့် လှုပ်ရှားမှု အနည်းငယ်မျှသာ ရှိသည်။ သို့သော် သူတို့၏ တိုက်ကွက်များမှာ အလွန်အမင်း ကြီးမားကျယ်ပြန့်ပြီး အားပါလွန်းလှကာ မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်လှပေသည်။

နိုင်ငံအသီးသီးမှ စစ်သည်အမြောက်အမြားမှာ ဧရာမပုဆိန်ကြီးများ၏ ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး သနားစရာကောင်းလောက်အောင် အော်ဟစ်ရင်း မြို့ရိုး ပေါ်မှနေ၍ တစ်ဦးပြီးတစ်ဦး ပြုတ်ကျသွားကြသည်။ ဤမျှလောက် အမြင့်ကြီးမှနေ၍ ပြုတ်ကျသွားခဲ့ရာ နောက်ဆုံးတွင် မသေလျှင်တောင်မှ အပြင်းအထန် ဒဏ်ရာရရှိသွားမည်မှာ သေချာလှပေသည်။

သို့သော် ထိုသို့ဖြစ်နေလင့်ကစား မဟာထန်အနေဖြင့် နိုင်ငံအသီးသီး၏ တိုက်ခိုက်မှုကို လုံးဝတားဆီးနိုင်စွမ်း မရှိခဲ့ပါချေ။

"သတ်"

ထိုအချိန်မှာပင် ရုတ်တရက် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး နတ်ဘုရားနိုင်ငံတော် သံချပ်ကာ စစ်သည်တစ်ဦးမှာ ကျားရိုင်းတစ်ကောင်အလား လေထဲသို့ ခုန်ပျံ ထွက်ပေါ်လာတော့သည်။ သူ၏လက်မောင်း နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး ကြီးမားကျယ်ပြန့်လှသော ခွန်အားများဖြင့် ခန္ဓာကိုယ် ကြီးမားတောင့်တင်းလှသော ပုဆိန်ကိုင် စစ်သည်အချို့ကို မြို့ရိုးပေါ်မှနေ၍ တိုက်ရိုက်တွန်းချပစ်လိုက်တော့သည်။

တစ်ဦး၊ နှစ်ဦး၊ သုံးဦး... တစ်စထက်တစ်စ ပိုမိုများပြားလာသော နတ်ဘုရားနိုင်ငံတော် သံချပ်ကာ စစ်သည် များမှာ မြို့ရိုး ပေါ်သို့ တဟုန်ထိုး ပြေးဝင်လာကြတော့သည်။

"ချွင် ချွင် ချွင်"

မျက်တောင်တစ်ခတ်မျှ အချိန်လေးအတွင်းမှာပင် မြို့ရိုးပေါ်ရှိ မဟာထန်၏စစ်သည်များမှာ အလွန်အမင်း လျင်မြန်စွာ တုံ့ပြန်လိုက်ကြပြီး၊ တခဏအတွင်း အရပ်မျက်နှာအသီးသီးမှ ဓားများအမြောက်အမြားဖြင့် ခုတ်ပိုင်းလာကြသည်။ သို့သော် မီးပွင့်များ ထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်မှုများအားလုံးမှာ အဝေးသို့ လွင့်စင်သွားကြသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်း၏မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

"ဖယ်ကြစမ်း… ဒီလူတွေကို ငါတို့ကို လွှဲထားလိုက်"

ရုတ်တရက် ခေါင်းလောင်းမြည်ဟည်းသံအလား ကျယ်‌လောင်လှသော အသံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။

ဗိုလ်ချုပ် လီစီယီ။

သူသည် လေးလံလှသော သံချပ်ကာကြီးကို ဆင်မြန်းထားပြီး လူတစ်ယောက်ထက်ပင် ပိုရှည်လှသော ဧရာမ ဓားပြားကြီးကို ဝှေ့ယမ်းလျက် မြို့ရိုးပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။

"ဝုန်း"

လီစီယီ၏ မျက်နှာအမူအရာမှာ အလွန်ခိုင်မာပြတ်သားနေခဲ့ပြီး သူ၏လက်ထဲရှိ ဝုစ် သံမဏိ ဧရာမ ဓားကြီးကို ချက်ချင်းပင် အားကုန်ခုတ်ပိုင်းလိုက်ရာ၊ သနားစရာကောင်းလောက်အောင် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရပြီး နတ်ဘုရားနိုင်ငံတော် သံချပ်ကာ စစ်သည်တစ်ဦးမှာ သူ၏တိုက်ခိုက်မှုကို ခံလိုက်ရကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား မြို့ရိုးပေါ်မှနေ၍ အဝေးသို့ လွင့်စင်သွားတော့သည်။

ဤမျှသာမက ထက်မြက်လှသော ဝုစ် သံမဏိ ဧရာမ ဓားကြီးမှာ နတ်ဘုရားနိုင်ငံတော် သံချပ်ကာကိုပင် ခွဲထုတ်ပစ်လိုက်ပြီး ခါးအပိုင်းကိုပါ ပြတ်တောက်သွားစေခဲ့ရာ သွေးများနှင့်ကိုယ်တွင်းအင်္ဂါများ အားလုံးမှာ လေထဲသို့ လွင့်စင်သွားတော့သည်။

သို့သော် နတ်ဘုရားနိုင်ငံတော် သံချပ်ကာများမှာ သာမန် သံချပ်ကာများနှင့် လုံးဝမတူညီပါချေ။ ခုတ်ပိုင်းခံလိုက်ရသည် ဆိုသော်ငြားလည်း ယခင်အချိန်များကဲ့သို့ ဤဝုစ် သံမဏိ လက်နက်များ၏ အလွယ်တကူ ခုတ်ပိုင်းခံရပြီး နှစ်ပိုင်းပြတ်သွားခြင်းမျိုး လုံးဝမရှိခဲ့ပါချေ။

"မိုဓားတပ်ဖွဲ့ ပြိုင်ဘက်ကင်း"

လီစီယီ ပေါ်ထွက်လာသည့် တစ်ချိန်တည်းမှာပင် သောင်းနှင့်ချီသော မိုဓား စစ်သည်များမှာ သံမဏိ တံတိုင်းကြီး တစ်ခုအလား ရှေ့သို့ ချီတက်လာကြပြီး မြို့ရိုးပေါ်တွင် ပေါ်ထွက်လာကြတော့သည်။ သူတို့၏အရှိန်အဝါမှာ တောင်များ ပြိုကျသွားမတတ် အလွန်အမင်း ကြီးမားကျယ်ပြန့်လှပြီး၊ မြို့ရိုးပေါ်သို့ အဆက်မပြတ် တွယ်တက်လာနေသော နတ်ဘုရားနိုင်ငံတော် သံချပ်ကာ တပ်ဖွဲ့ကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လုံးဝဖိနှိပ်ထားလိုက်တော့သည်။

တိုက်ပွဲမှာ တွေးတောထားသည်ထက် များစွာပိုမိုရက်စက်ကြမ်းတမ်းလှပေသည်။ နိုင်ငံအသီးသီးမှ စစ်သည်အမြောက်အမြားမှာ ကြိုးများ၊ မြို့ရိုးပေါ်တွင် ရိုက်သွင်းထားသော အထူးမြားတိုများနှင့် စစ်မျှော်စင် စစ်ရထားများမှတစ်ဆင့် မြို့ရိုးပေါ်သို့ အဆက်မပြတ် တက်ရောက်လာကြသည်။ နိုင်ငံအသီးသီး၏ တပ်ဖွဲ့များမှာ သေဆုံး ဒဏ်ရာရမှု များပြားလွန်းလှသည် ဆိုသော်ငြားလည်း မဟာထန်ဘက်တွင်မူ အလားတူပင် သေဆုံးဒဏ်ရာရမှု အမြောက်အမြား ရှိနေခဲ့ပြီး၊ မြို့ရိုးပေါ်မှနေ၍ အောက်သို့ ပြုတ်ကျသွားသော မဟာထန်၏စစ်သည်များလည်း အဆက်မပြတ် ရှိနေတော့သည်။

"အနောက်က တပ်ဖွဲ့တွေကို အမိန့် ပေးလိုက်စမ်း၊ မြို့ရိုးပေါ်ကို တက်ပြီး သူတို့ကို တားဆီးကြစမ်း"

မြို့ရိုးပေါ်တွင် မဟာထန်၏ စစ်သည်များ အဆက်မပြတ် ကုန်ဆုံးနေပြီး မြို့ရိုးပေါ်တွင် အဆက်မပြတ် ဖိအားပေး ခံနေရသည်ကို မြင်တွေ့လိုက်ရသောကြောင့် ရွှီခဲ့ယီမှာ အလွန်အမင်း အေးဆေးတည်ငြိမ်စွာဖြင့် ချက်ချင်း အမိန့်ပေးလိုက်တော့သည်။

တိုက်ပွဲကြာမြင့်ချိန်မှာ အလွန်တိုတောင်းလှသည် ဆိုသော်ငြားလည်း တိုက်ပွဲအခြေအနေများမှာ အလွန်အမင်း ပြင်းထန်လွန်းလှပေသည်။ အချိန်တိုင်း စက္ကန့်တိုင်းတွင် နှစ်ဖက်စလုံးမှ စစ်သည်အမြောက်အမြားမှာ အဆက်မပြတ် သေဆုံးနေကြတော့သည်။

သို့သော် ထိုသို့ဖြစ်နေလင့်ကစား အဝေးဆီရှိ စစ်မြေပြင်တွင် အန်းလုရှန်းမှာ ဤအရာများ အားလုံးကို အေးဆေးတည်ငြိမ်စွာ ကြည့်နေခဲ့ပြီး စစ်တပ်ကို ပြန်လည်ရုပ်သိမ်းရန် အမိန့်ပေးမည့် အရိပ်အယောင် အနည်းငယ်မျှ လုံးဝမရှိခဲ့ပါချေ။

သူ၏မျက်နှာအမူအရာမှာ အလွန်အမင်း အေးဆေးတည်ငြိမ်နေခဲ့ပြီး၊ ဤတိုက်ပွဲမှာ နောက်ဆုံးတစ်ယောက် ကျန်သည့်အချိန်အထိ တိုက်ခိုက်ပြီးမှသာ အဆုံးသတ်သွားမည့်အလား ဖြစ်နေတော့သည်။

သံမဏိခံတပ်၏ မြို့ရိုးပေါ်တွင် လူတိုင်း၏ရင်ထဲ၌ အလားတူပင် အလွန်အမင်း တည်ငြိမ်နေကြတော့သည်။

စစ်ပွဲပုံစံများ အားလုံးထဲတွင် မြို့သိမ်းတိုက်ပွဲများနှင့် မြို့ကာကွယ်ရေး တိုက်ပွဲများမှာ အချိန်အများဆုံး ကုန်ဆုံးလေ့ရှိသည်။ အနည်းငယ်သော ချွင်းချက်များမှလွဲ၍ အခြေခံအားဖြင့် လပေါင်းများစွာ ကြာမြင့်လေ့ရှိပြီး နှစ်နှင့်ချီ၍ပင် ကြာမြင့်လေ့ ရှိသည်။ မဟာထန်၏ ထိပ်တန်းစစ်သည်အမြောက်အမြား ကာကွယ်ထားသော ဤသံမဏိခံတပ်ကို နိုင်ငံအသီးသီးအနေဖြင့် အမြစ်ပြတ် ချေမှုန်းနိုင်ရန်ဆိုသည်မှာ လုံးဝမဖြစ်နိုင်သလောက်ပင် ဖြစ်တော့သည်။

နှစ်ဖက်စလုံးမှာ ကိုယ်ပိုင်ရည်ရွယ်ချက်များ အသီးသီး ရှိနေကြပြီး မဟာထန်ဖြစ်စေ၊ နိုင်ငံအသီးသီးဖြစ်စေ၊ အနောက်သို့ ဆုတ်ခွာမည့် အရိပ်အယောင် အနည်းငယ်မျှ လုံးဝမပြသကြပါချေ။

"ရွှီးး"

လူတိုင်း၏ အာရုံစိုက်မှုများ အားလုံးမှာ သံမဏိခံတပ်၏ မြောက်ဘက်ရှိ ပြင်းထန်လှသော မြို့ကာကွယ်ရေး တိုက်ပွဲ အပေါ်သို့သာ စုစည်းနေကြသည့် အချိန်လေး အတွင်းမှာပင်၊ ရုတ်တရက် နားကွဲမတတ် ပြင်းထန်ပြီး စူးရှလှသော အသံကြီးတစ်ခုမှာ ကောင်းကင်ယံ သို့တိုင်အောင် လွင့်ပျံသွားခဲ့ပြီး သံမဏိခံတပ်၏တောင်ဘက်အရပ်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ထိုအသံမှာ သိုင်းပညာရှင်များ၏လည်ပင်းကို ဆန့်ထုတ်ကာ အော်ဟစ်သံနှင့် အနည်းငယ် ဆင်တူသော်လည်း လုံးဝတူညီခြင်း မရှိပါချေ။ ရှေးဟောင်း တူရိယာတစ်ခုခုမှ ထုတ်လွှတ်လိုက်သော အချက်ပြသံနှင့် ပိုမိုတူညီနေပုံရပေသည်။

အထူးခြားဆုံးသော အချက်မှာ လူသန်းနှင့်ချီ ပြင်းထန်စွာ တိုက်ခိုက်နေကြသော စစ်မြေပြင်ကြီးပေါ်တွင် မည်ကဲ့သို့သောအသံမျိုး ဖြစ်နေပါစေ ပုံမှန်အားဖြင့် အခြားအသံများအောက်တွင် ဖုံးကွယ်သွားမည်သာဖြစ်ပြီး အထူးတလည် သတိပြုမိကြမည် မဟုတ်ပါချေ။ သို့သော် ထိုအသံမှာမူ လုံးဝကွဲပြားခြားနားနေခဲ့သည်။ အချို့သော ရှုထောင့်များမှ ကြည့်မည်ဆိုပါက ထိုအသံမှာ စစ်မြေပြင်ပေါ်ရှိ သတ်ဖြတ်အော်ဟစ်သံများကိုပင် ဖုံးကွယ်သွားစေခဲ့ပြီး လူတိုင်း၏ နားထဲသို့ ရှင်းလင်း ပြတ်သားစွာ ရောက်ရှိလာခဲ့တော့သည်။

"ဘာဖြစ်တာလဲ?"

မြောက်ဘက် မြို့ရိုး ပေါ်တွင် ကျန်းချိုးကျန့်ချုံး၊ ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေးနှင့် အခြားသူများ၏ရင်ထဲ၌ တုန်ခါသွားခဲ့ပြီး ဤထူးခြားလှသော အော်ဟစ်သံကြီးကို လျင်မြန်စွာ သတိပြုမိသွားကြတော့သည်။

သို့သော် နောက်တစ်ခဏတွင် လူတိုင်း တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီမှာပင်

"ဝုန်း ဝုန်း ဝုန်း"

မြေကြီးများ တုန်ခါသွားခဲ့ပြီး ကောင်းကင်ယံ လှုပ်ရှားသွားကာ အဆက်မပြတ် ပေါက်ကွဲသံကြီးများမှာ သံမဏိခံတပ်၏အရပ်မျက်နှာ အားလုံးမှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ကြီးမားကျယ်ပြန့်လှသော စွမ်းအင်ကြီးတစ်ခု၏ ရိုက်ခတ်မှုအောက်တွင် သံမဏိခံတပ်၏ အရှေ့၊အနောက်၊တောင်၊မြောက် လေးဖက်စလုံးရှိ သံမဏိမြို့ရိုးကြီး တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး၊ ထွက်ပေါ်လာသော အသံများမှာ မိုးခြိမ်းသံများအလား ကျယ်လောင်လွန်းလှပေသည်။

ဝုန်း ဝုန်း ဝုန်း…

တစ်ချိန်တည်းလိုလိုပင် ကောင်းကင်ယံ အနက်ပိုင်းတွင် နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး ဝမ်ချောင်မှာ ထိုက်ရှီနှင့် အစွမ်းကုန် တိုက်ခိုက်နေသည့်အချိန်လေး အတွင်းမှာပင်၊ ရုတ်တရက် မြေပြင်ပေါ်ရှိ ကြီးမားလှသော လှုပ်ရှားမှုများကို ခံစားသိရှိလိုက်ရသည်။ ဤမျှသာမက မြေပြင်မှနေ၍ ကောင်းကင်ယံသို့ လိပ်တက်လာသော လေစီးကြောင်းများကိုပါ ခံစားလိုက်ရသည့်အခါ ဝမ်ချောင်၏ရင်ထဲ၌ ချက်ချင်း တင်းကျပ်သွားခဲ့ပြီး တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို မသိစိတ်ဖြင့် ချက်ချင်း ခံစားလိုက်ရတော့သည်။

"ဝုန်း"

အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ဝမ်ချောင်၏ တစ်ကိုယ်လုံးမှ ဂန်ချီ စွမ်းအင် များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ရွှေဝါရောင် လှံတိုလေးမှာ ဂန်ချီ စွမ်းအင်များ ဝင်ရောက်သွားမှု နှင့်အတူ ရွှေရောင် နဂါးပျံ ကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုက်ရှီကို အတင်းအကျပ် ဆုတ်ခွာသွားအောင် ပြုလုပ်လိုက်တော့သည်။

ဤအခွင့်အရေး ကို အသုံးချ၍ ဝမ်ချောင်မှာ လျင်မြန်စွာ အနောက်သို့ ဆုတ်ခွာလိုက်ပြီး ထိုက်ရှီနှင့် အကွာအဝေး ကို လျင်မြန်စွာ ခွာလိုက်သည်။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ အောက်သို့ ပြန်ဆင်းပြီး အခြေအနေကို စုံစမ်းရန် ပြင်ဆင်လိုက်တော့သည်။

သို့သော် ထိုအချိန်မှာပင် အေးစက်စက် ရယ်မောသံ တစ်ခုမှာ အနောက်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"၃၆၅၀"

"ဘာ?"

ဝမ်ချောင်မှာ မြေပြင်သို့ ဆင်းသက်ရန် ပြင်ဆင်နေသည့် လှုပ်ရှားမှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး အနောက်ဘက်ကို ရုတ်တရက် လှည့်ကြည့်လိုက်တော့သည်။

ဝမ်ချောင်နှင့် သိပ်မဝေးလှသော နေရာတွင် ထိုက်ရှီမှာ လေထဲတွင် တွဲလောင်း ဖြစ်နေလျက် မျက်ဝန်းထဲ၌ လှောင်ပြောင်နေသော အရိပ်အယောင်များ အပြည့်ဖြင့် လှမ်းကြည့်နေတော့သည်။

"မင်း အောက်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို သွားကြည့်ချင်နေတာ မဟုတ်ဘူးလား။ အဲဒါက သေးငယ်တဲ့ စစ်အစီအရင် ၃၆၅၀ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားတဲ့ အသံပဲ။ မင်း သံမဏိခံတပ်ရဲ့ မြေအောက်မှာ တည်ဆောက်ထားတဲ့ ဧရာမ မဟာစစ်အစီအရင် သုံးခုက ငါတို့ကို တကယ်ပဲ တားဆီးနိုင်မယ်လို့ မင်း ထင်နေတာလား?"

"စစ်အစီအရင် တွေ အားလုံးက ငါတို့ရဲ့ လက်ရာ တွေ ချည်းပဲ၊ ငါတို့ရဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ငါတို့ကို ပြန်တိုက်ဖို့ ကြိုးစားနေတာ တကယ်ကို ရယ်စရာ ကောင်းလွန်းတယ်"

"ဒီစစ်ပွဲမှာ မင်း ရှုံးသွားပြီ"

ထိုက်ရှီ၏မျက်နှာအမူအရာမှာ အလွန်အမင်း အေးစက်ရက်စက်နေခဲ့ပြီး ကျယ်လောင်စွာ ကြေညာလိုက်တော့သည်။

သာမန် လူသား ဆိုသည်မှာ သာမန် လူသားသာ ဖြစ်သည်။ သူတို့သည် နတ်ဘုရားများနှင့် အနည်းငယ် ဆင်တူရုံဖြင့် သူတို့ကိုယ်သူတို့ နတ်ဘုရားများနှင့် တူညီသည်ဟု အမြဲတမ်း ထင်မှတ်လေ့ ရှိကြသည်။ နတ်ဘုရားများနှင့် တန်းတူရည်တူ ရပ်တည်နိုင်ပြီဟုပင် ထင်မှတ်နေတတ်ကြသည်။

ရှည်လျားလှသော အချိန်ကာလ တစ်လျှောက်လုံးတွင် ဤကဲ့သို့သော မာနထောင်လွှားမှုများ၊ နတ်ဘုရားများကို အထင်သေးမှုများနှင့် နတ်ဘုရားများကို မရိုမသေ ပြုလုပ်မှုများကြောင့် လုံးဝအမြစ်ပြတ် ပျက်စီးသွားခဲ့ရသူများကို သူ အများအပြား မြင်တွေ့ခဲ့ဖူးပြီး ဖြစ်သည်။

ဤသာမန် လူသားများ အနေဖြင့် ဘယ်သောအခါမျှ သိရှိနိုင်မည် မဟုတ်သောအရာမှာ၊ သူတို့ အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေသော ထိုအရာလေးများမှာ အချိန်အတော်ကြာအောင် အသက်ရှင်နေထိုင်လာခဲ့သော "နတ်ဘုရားများ"၏ ရှေ့မှောက်တွင် လုံးဝဘာမှ မဟုတ်ဘူး ဆိုသည်ကိုပင် ဖြစ်တော့သည်။

"အခုမှ စတင်ရုံ သက်သက်ပဲ ရှိသေးတယ်။ သေးငယ်တဲ့ စစ်အစီအရင် သုံးထောင့် ခြောက်ရာ ငါးဆယ်နဲ့ ဖွဲ့စည်းထားတဲ့ ပူးပေါင်း စစ်အစီအရင်က မြေအောက်က စစ်အစီအရင် ဖွဲ့စည်းတည်ဆောက်ပုံတွေ အားလုံးကို လုံးဝဖျက်ဆီးပစ်လိမ့်မယ်။ ဒီအရာက မင်းတို့လိုမျိုး ဧရာမ မဟာစစ်အစီအရင်တွေကို ကိုင်တွယ် ဖြေရှင်းဖို့ အတွက် အထူး တီထွင်ထားတဲ့ အရာပဲ"

"မင်းအနေနဲ့ ငါနဲ့ ဆက်ပြီး ယှဉ်ပြိုင်နိုင်မယ့် အရင်းအနှီးလုံးဝမရှိတော့ဘူး၊ ငါ ပြောခဲ့တယ်မလား။ ဒီစစ်ပွဲမှာ မင်းနဲ့မင်းရဲ့လက်အောက်က စစ်တပ်တွေ အားလုံး လုံးဝအသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး လို့၊ ဒါက နတ်ဘုရား တွေကို ရန်သူ လုပ်တဲ့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ"

ထိုက်ရှီက အေးစက်စွာ ဆိုလိုက်သည်။ ဝမ်ချောင်ကို ကြည့်နေသော အကြည့်များတွင် အနည်းငယ်မျှ ခံစားချက် လုံးဝမရှိတော့ဘဲ လူသေတစ်ယောက်ကို ကြည့်နေသည့်အလား ဖြစ်နေတော့သည်။

ထိုက်ရှီမှာ ယခုကဲ့သို့ လူတစ်ယောက်ကို စမ်းသပ်လေ့ရှိသည်မှာ အလွန်ပင် ရှားပါးလှပေသည်။ လီထိုက်ယီလည်း ဤကဲ့သို့ပင် ဖြစ်ပြီး ဝမ်ချောင်လည်း ဤကဲ့သို့ပင် ဖြစ်သည်။ ဤပုရွက်ဆိတ် များအလား ဖြစ်နေသော သာမန်လူသားများမှာ အမျိုးမျိုးသော အကြောင်းအရာများကြောင့် မရည်ရွယ်ဘဲ နတ်ဘုရားများကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ခွန်အားများကို ရရှိသွားခဲ့ကြပြီး၊ ထိုအရာကြောင့်ပင် မာနထောင်လွှား လာကြကာ နတ်ဘုရားများနှင့် အပြိုင်အဆိုင် တိုက်ခိုက်လိုကြသည်။ ယှဉ်ပြိုင်လိုကြသည်၊ နတ်ဘုရားများကိုပင် အထင်သေး လာကြသည်။

ဤကဲ့သို့သော "နတ်ဘုရားများကို မရိုမသေ ပြုလုပ်သူများ"အတွက်မူ၊ သူတို့ကို လုံးဝအမြစ်ပြတ် ဖျက်ဆီးပစ်ရုံ သာမက သူတို့ တည်ရှိခဲ့သော သဲလွန်စများကိုပါ အကုန်အစင် ဖျက်ဆီးပစ်ခြင်းကသာ အကောင်းဆုံးသော ရလဒ် ပင် ဖြစ်တော့သည်။

အခြားတစ်ဖက်တွင်မူ မြေပြင်ပေါ်၌ ထိုက်ရှီ၏စကားကို တုံ့ပြန်နေသည့်အလားပင်..

မြေကြီးတစ်ခုလုံး ပြိုကွဲသွားသည့်အလား ဖြစ်နေတော့သည်။ ထိုကျယ်လောင်လှသော အသံကြီးမှာ နားကွဲမတတ် ပြင်းထန်လွန်းလှပြီး အခြားအရာများအားလုံးကို လုံးဝဖုံးကွယ်သွားစေတော့သည်။ ဟီးးး... စစ်မြင်းများ၏ဟီသံများ ထွက်ပေါ်လာခဲ့ပြီး ဤအခိုက်အတန့်၌ စစ်မြေပြင်ပေါ်ရှိ စစ်မြင်းများ အားလုံးမှာ အလွန်အမင်း ထိတ်လန့်သွားသည့်အလား အလွန်အမင်း ဖရိုဖရဲ ဖြစ်သွားကြတော့သည်။

ဤမျှသာမက မြည်ဟည်းသံကြီးများ ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် သံမဏိခံတပ်၏ မြေအောက်တွင် ဧရာမ မဟာစစ်အစီအရင်ကြီးတစ်ခုမှာ ဝုန်းခနဲ မြည်သံနှင့်အတူ ပြိုကွဲ ပျက်စီးသွားတော့သည်။ မျက်တောင်တစ်ခတ်မျှ အချိန်လေး အတွင်းမှာပင် သံမဏိခံတပ်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော ပုံသဏ္ဌာန်မဲ့သည့် အကာအကွယ် အကာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

မဟာစစ်အစီအရင်၏ အကာအကွယ် မရှိတော့သည့်အခါတွင် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီး တလိမ့်လိမ့် ထွက်ပေါ်နေသော နှင်းမုန်တိုင်းကြီးများမှာ ကောင်းကင်ယံမှနေ၍ တဟုန်ထိုး လိမ့်ဆင်းလာခဲ့ရာ၊ သံမဏိခံတပ်ကြီးတစ်ခုလုံးမှာ ချက်ချင်းပင် ရေခဲတိုက်ကြီးအတွင်းသို့ ကျရောက်သွားသည့်အလား ဖြစ်သွားတော့သည်။

ဧရာမ နှင်းမုန်တိုင်းကြီး စတင်ဆင်းသက်လာသည့် အချိန်မှစတင်၍ ဤသည်မှာ လူတိုင်းအနေဖြင့် ထိုကဲ့သို့သော အလွန်အမင်း အေးစက်လှသည့် အအေးဒဏ်များကို ပထမဆုံး အကြိမ်အဖြစ် အစစ်အမှန် ခံစားလိုက်ရခြင်းပင် ဖြစ်သည်။ ထိုခံစားချက်မှာ အဝတ်အစား လုံးဝမပါဘဲ ကိုယ်လုံးတီး ဖြစ်နေသည့်အလားအရိုးထဲအထိ စိမ့်ဝင်သွားစေတော့သည်။

သံမဏိခံတပ်ကြီးတစ်ခုလုံးနှင့်အတူ လူတိုင်း၏ခန္ဓာကိုယ်ပေါ်တွင် မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင် မြန်ဆန်လှသောအရှိန်ဖြင့် ရေခဲလွှာများ ချက်ချင်း ဖြစ်ပေါ်လာတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ကျန်းချိုးကျန့်ချုံး၊ ဝမ်ကျုံးစစ်၊ ကျန်းရှို့ကွေး၊ အာပုစစ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပြာနှမ်းသွားကြတော့သည်။ သူတို့ တုံ့ပြန်ရန် မည်မျှပင် နှေးကွေးနေပါစေ သံမဏိခံတပ်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော မဟာစစ်အစီအရင်ကြီး ပြိုကွဲပျက်စီးသွားပြီဖြစ်ကြောင်းကို လျင်မြန်စွာ နားလည် သဘောပေါက်သွားကြတော့သည်။

"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝမဖြစ်နိုင်ဘူး"

မြို့ရိုး၏ အတွင်းပိုင်းတွင် ကျိလိလောင်ဇူမှာ တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး ဤမြင်ကွင်းကို ကြည့်ရင်း မိမိ၏မျက်လုံးများကိုပင် လုံးဝမယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။

ဤစစ်အစီအရင်ကြီးအတွက် သူ အလွန်အမင်း ကြီးမားလှသော အားထုတ်မှုများစွာ ပြုလုပ်ထားခဲ့ရသည်။ ပုံမှန်အခြေအနေတွင် လုံးဝပြိုကွဲ ပျက်စီးသွားရန် မဖြစ်နိုင်ပါချေ။ ဤအရာများအားလုံးမှာ သူ လုံးဝတွေးတောထားခဲ့ခြင်း မရှိသော ကိစ္စရပ်များပင် ဖြစ်တော့သည်။

ဤအခိုက်အတန့်၌ ကျိလိလောင်ဇူ၏ ရင်ထဲ၌ အလွန်အမင်း တုန်ယင်နေတော့သည်။

လူခုနစ်သိန်း၊ ရှစ်သိန်းခန့် ရှိသော စစ်တပ်ကြီးနှင့် အနောက်ဘက်ရှိ သန်းဆယ်နှင့်ချီသော ကုန်းမြေဒေသ၏ ပြည်သူများအားလုံးအတွက်၊ ဤအချိန်တွင် မဟာစစ်အစီအရင် ပြိုကွဲ ပျက်စီးသွားခြင်းမှာ မည်ကဲ့သို့သော အဓိပ္ပာယ်မျိုးဖြစ်ကြောင်းကို ကျိလိလောင်ဇူထက် ပိုသိရှိနားလည်သူ မည်သူမျှ မရှိပါချေ။

******

All Chapters