← Chapters

အခန်း ၂၂၃၄

Vol. 139 Ch. 2234

အခန်း ၂၂၃၄

Vol. 139 Ch. 2234

အခန်း (၂၂၃၄) အန္တရာယ်၊ ဧရာမ ဆုတ်ခွာမှုကြီး

ဤထက်မြက်လှသော ဓားများမှာ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီးမှ စစ်သည်များ၏ ကိုယ်ပေါ်ရှိ ဟာကွက်များနှင့် အားနည်းချက်များကို အမြဲတမ်း တိကျစွာ ရှာဖွေနိုင်ကြသည်။ ဓားရှည်များ ထိုးသွင်းသွားသည့်အခါတွင် အလွန်အမင်း နက်နဲသိမ်မွေ့ပြီး အလွန်အမင်း ရိုးရှင်းလှသော နည်းလမ်းဖြင့်၊ သံချပ်ကာများ၏ အပေါက်များမှတစ်ဆင့် ဖြစ်စေ၊ ဓားများ၏ အကြားမှတစ်ဆင့် ဖြစ်စေ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး မှ စစ်သည်များ၏ နှလုံး၊ မျက်ခုံးကြား၊ နားထင် အစရှိသော အရေးကြီးသော နေရာများသို့ တိုက်ရိုက် စိုက်ဝင်သွားကြတော့သည်။

ရှည်လျားလှသော ဓားများ စိုက်ဝင်သွားပြီးနောက် ယခင်က အလွန်အမင်း သတ္တိရှိရှိ တိုက်ခိုက်နေခဲ့ပြီး သတ်ဖြတ်။အော်ဟစ်သံများ ထွက်ပေါ်နေခဲ့သော နိုင်ငံအသီးသီး၏ စစ်သည်များမှာ ချက်ချင်းပင် အသက်ငွေ့များ လုံးဝပျောက်ကွယ်သွားခဲ့ကြပြီး၊ အသက်မရှိသော ကြွေထည် ရုပ်တုများအလား ဘုန်း ဘုန်း ဘုန်း မြည်သံများနှင့်အတူ မြေပြင်ပေါ်သို့ တစ်ဦးပြီး တစ်ဦး လဲကျသွားကြတော့သည်။

သွေးများမှာ မြေပြင်ပေါ်တွင် ပန်းထွက်လာခဲ့ပြီး လေအေးများ၏တိုက်ခတ်မှုကြောင့် ဟင်းလင်းပြင်ကြီး အတွင်းသို့ လွင့်စင်ပျောက်ကွယ်သွားကြသည်။ ရှန်ဝူ တပ်ဖွဲ့၏စစ်သည်များမှာမူ မျက်နှာပေါ်တွင် အနည်းငယ်မျှ ခံစားချက် လုံးဝမရှိဘဲ၊ အလွန်အမင်း အေးဆေးတည်ငြိမ်သော နည်းလမ်းဖြင့် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားကြပြီး ဒုတိယမြောက် ရန်သူ အုပ်စုကို ဆက်လက် ရင်ဆိုင် တိုက်ခိုက်ကြတော့သည်။

ရှန်ဝူ တပ်ဖွဲ့မှာ အရှုပ်ထွေးဆုံးသော စစ်မြေပြင်ကြီးကို အလွန် ရိုးရှင်းလှသော လှုပ်ရှားမှု နှစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ စစ်မြေပြင်ပေါ်တွင် လမ်းလျှောက်နေသော သေမင်းများအလား သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် နိုင်ငံအသီးသီးမှ စစ်သည်များမှာ သစ်တုံးများအလား တစ်ဦးပြီးတစ်ဦး အဆက်မပြတ် လဲကျ သေဆုံးသွားကြတော့သည်။

အခြားတစ်ဖက်တွင်မူ ရွှမ်းဝူတပ်ဖွဲ့၏ တိုက်ခိုက်ရေး နည်းလမ်းမှာ များစွာပိုမိုကြမ်းတမ်းလွန်းလှပေသည်။ သူတို့ ဆင်မြန်းထားသော သံချပ်ကာများနှင့် သူတို့ ကိုယ်တိုင် လေ့ကျင့်ထားသော ကာကွယ်ရေး သိုင်းပညာများကြောင့်၊ နိုင်ငံအသီးသီး မှ စစ်သည်များ၏ တိုက်ခိုက်မှု အများစု ကို လုံးဝလျစ်လျူရှု ထားနိုင်စွမ်း ရှိကြပေသည်။

"ကျားးး"

ရွှမ်းဝူ တပ်ဖွဲ့မှ စစ်သည်တစ်ဦးမှာ ကျယ်လောင်စွာ ဟောက်လိုက်ပြီး အမြောက်ဆံ တစ်ခုအလား တဟုန်ထိုး ပြေးဝင်သွားခဲ့ကာ အပေါက်နေရာရှိ ရန်သူ့ တပ်ဖွဲ့များ အတွင်းသို့ တိုက်ရိုက် ဝင်တိုက်လိုက်တော့သည်။ မျက်နှာချင်းဆိုင်ရှိ နိုင်ငံအသီးသီး၏ စစ်သည် အရေအတွက်မှာ မိမိထက် များစွာ ပိုမိုများပြားနေသည်ကို လုံးဝဂရုမစိုက်ခဲ့ပါချေ။

"အားးး"

သနားစရာကောင်းလောက်အောင် အော်ဟစ်သံ တစ်ခုကိုသာ ကြားလိုက်ရပြီး၊ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ထိုရွှမ်းဝူ တပ်ဖွဲ့ စစ်သည်၏ တိုက်ခိုက်မှုကြောင့် နိုင်ငံအသီးသီးမှ သံချပ်ကာမြင်းတပ်အချို့မှာ အဝေးသို့ လွင့်စင်သွားကြတော့သည်။

ထိုရွှမ်းဝူ တပ်ဖွဲ့စစ်သည်မှာ မြေပြင်ပေါ်သို့ ပြန်လည်ကျရောက်လာပြီးနောက် သူ၏ဘေးနားရှိ နိုင်ငံအသီးသီးမှ သံချပ်ကာမြင်းတပ် တစ်ဦးကို တိုက်ရိုက် ချိန်ရွယ်လိုက်ပြီး၊ အလွန် ပြင်းထန်လှသော လက်သီးချက်ကြီးတစ်ချက်ဖြင့် ထိုးချလိုက်ရာ၊ အရိုးများ ကျိုးကြေသွားသည့် တဂျွတ်ဂျွတ် မြည်သံများနှင့်အတူ အရပ်ရှည်ပြီး ကြီးမား တောင့်တင်းလှသော တာ့ခ် စစ်မြင်းကြီးမှာ သူ၏လက်သီး တစ်ချက်တည်းဖြင့်ပင် နေရာမှာတင် သေဆုံးသွားခဲ့လေသည်။

ဤအခွင့်အရေးကို အသုံးချ၍ ထိုရွှမ်းဝူ တပ်ဖွဲ့စစ်သည်မှာ ခြေတစ်လှမ်း ရှေ့သို့ လှမ်းထွက်လိုက်ပြီး၊ လက်ထဲရှိ ဧရာမ ဓားကြီး ဖြင့် နိုင်ငံအသီးသီးမှ စစ်သည်တစ်ဦး၏ ဦးထုပ်နှင့် သံချပ်ကာ အကြားရှိ အပေါက်မှတစ်ဆင့် လည်ပင်းအတွင်းသို့ တိုက်ရိုက်ထိုးသွင်းလိုက်ရာ၊ နိုင်ငံအသီးသီး၏ သံချပ်ကာမြင်းတပ်များအကြားမှ အဖွဲ့ခေါင်းဆောင်ငယ်တစ်ဦးကို တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် အသက်နှုတ်ပစ်လိုက်တော့သည်။

လူအများစုမှာ ရွှမ်းဝူ တပ်ဖွဲ့၏ ကာကွယ်ရေး စွမ်းရည်မှာ အလွန်အမင်း အစွမ်းထက်လှကြောင်း ကိုသာ သိရှိထားကြသည်။ သို့သော် သူတို့ ကိုယ်တိုင်၏ ခွန်အားမှာလည်း အလားတူပင် အစွမ်းထက်လှကြောင်းကို လျစ်လျူရှုထားလေ့ ရှိကြသည်။ နန်းတော်စောင့် တပ်များအတွင်းရှိ ထိပ်တန်း စစ်သည်များအနေဖြင့် ကာကွယ်ခြင်း သက်သက်ကိုသာ တတ်ကျွမ်းနေလိမ့်မည်ဟု ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။

"အရှေ့ကို တိုးကြ သတ်ကြစမ်း"

"သူတို့တွေ ရှုံးနေပြီ၊ ငါတို့ရဲ့ ပြိုင်ဘက် လုံးဝမဟုတ်တော့ဘူး"

ရှန်ဝူတပ်ဖွဲ့နှင့် မိုဓားတပ်ဖွဲ့တို့၏ တားဆီးမှုများကို ရင်ဆိုင်နေရသည် ဆိုသော်ငြားလည်း၊ မရေမတွက်နိုင်သော နိုင်ငံအသီးသီးမှ စစ်သည်များမှာ မျက်လုံးများ နီရဲနေလျက် တစ်သုတ်ပြီး တစ်သုတ် အဆက်မပြတ် တဟုန်ထိုး ပြေးဝင်လာကြဆဲပင် ဖြစ်သည်။

သံမဏိခံတပ်၏ မြို့ရိုး ပြိုကျသွားခဲ့ပြီဖြစ်ရာ နိုင်ငံအသီးသီးအတွက်မူ အောင်ပွဲမှာ မျက်စိရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရှန်ဝူ တပ်ဖွဲ့ တစ်ခုတည်း၏ ခွန်အားဖြင့် ခဏတာ အချိန်တိုလေးအတွင်း သူတို့ကို တားဆီးနိုင်ရန် ဆိုသည်မှာ လုံးဝမလွယ်ကူလှပါချေ။

သို့သော် နောက်တစ်ခဏတွင် သူတို့ကို ကြိုဆိုလိုက်သည်မှာ သေးငယ်ရာမှ ကြီးမားလာပြီး အလွန် လျင်မြန်စွာ နီးကပ်လာနေသော ဧရာမ သတ္တု တုတ်ကြီးတစ်ချောင်းပင် ဖြစ်တော့သည်။

"ဝုန်း"

ဧရာမမျောက်ဝံသားရဲကြီးမှာ ထိုဧရာမ သတ္တု တုတ်ကြီးကို ကိုင်ဆောင်လျက် ပြည့်နှက်နေသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးအတွင်းသို့ အားကုန်ရိုက်ချလိုက်တော့သည်။

"အားးး"

ပြင်းထန်လှသော သနားစရာကောင်းသည့် အော်ဟစ်သံကြီး တစ်ခုကိုသာ ကြားလိုက်ရပြီး၊ သတ္တု တုတ်ကြီး ရိုက်ချလိုက်သော နေရာတွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်သွားခဲ့ကာ၊ နိုင်ငံအသီးသီးမှ စစ်သည် ရာနှင့်ချီမှာ ကြိုးပြတ်သွားသော စွန်များအလား ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကြောင့် အဝေးသို့ လွင့်စင်သွားကြတော့သည်။

ဧရာမမျောက်ဝံသားရဲကြီးမှာ တစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး မျက်လုံးများ နီရဲနေကာ၊ တောင်တန်းများအလား ကြီးမားကျယ်ပြန့်လှသော ခန္ဓာကိုယ်ကြီးမှာ အမှောင်ထုအတွင်း၌ပင်လျှင် လေပြင်းမုန်တိုင်းကြီး တစ်ခုအလား အလွန်အမင်း အစွမ်းထက်လှသော ဖိအားများကို ပေးစွမ်းနေတော့သည်။

"ဟိန်းးး"

အသံပင် မဆုံးသေးမီမှာပင် ဧရာမမျောက်ဝံသားရဲကြီးမှာ ရုတ်တရက် ကောင်းကင်ယံသို့ တဟုန်ထိုး တက်လှမ်းသွားခဲ့ပြီး၊ သံမဏိခံတပ်၏မြို့ရိုးကို တိုက်ရိုက်ကျော်လွှားကာ အမြောက်ဆံ တစ်ခုအလား မြို့ပြင်ရှိ နိုင်ငံအသီးသီး၏ စစ်တပ်ကြီး အတွင်းသို့ ပြင်းထန်စွာ ဆင်းသက်လာတော့သည်။ ဝုန်း... သူ၏လက်ထဲရှိ သတ္တုတုတ်ကြီးမှာ လေပြင်းမုန်တိုင်းကြီး တစ်ခုအလား အဆက်မပြတ် ဝှေ့ယမ်းနေတော့သည်။

ဤအခိုက်အတန့်၌ ဧရာမမျောက်ဝံသားရဲကြီးမှာ သမိုင်းမတင်မီခေတ်က ဧရာမ သားရဲကြီးများနှင့် နှိုင်းယှဉ်နိုင်လောက်သော ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို နောက်ဆုံးတွင် အပြည့်အဝ ပြသလိုက်ပြီ ဖြစ်သည်။ အဆက်မပြတ် ထွက်ပေါ်လာနေသော ဧရာမ မြည်ဟည်းသံကြီးများ၊ လေပြင်းများ တိုက်ခတ်သံများနှင့်အတူ လေစီးကြောင်းများ ဝေ့တက်သွားခဲ့ပြီး၊ ပေ တစ်ရာ ပတ်လည် အတွင်းရှိ နိုင်ငံအသီးသီးမှ စစ်သည်များအားလုံးမှာ ချက်ချင်းပင် လုံးဝအမြစ်ပြတ် ချေမှုန်းနိုင်စွမ်း ရှိသည့် တိုက်ခိုက်မှုကို ခံလိုက်ရတော့သည်။

ဧရာမမျောက်ဝံသားရဲကြီး၏ အလွန်အမင်း ရူးသွပ်စွာ တိုက်ခိုက်မှု ပြီးဆုံးသွားပြီးနောက် ပေတစ်ရာ ပတ်လည်အတွင်းရှိ နေရာတိုင်းတွင် ပြတ်တောက်နေသော ခြေလက် အင်္ဂါများနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ပြည့်နှက်နေခဲ့ပြီး၊ အလောင်းများမှာ တစ်ခုပေါ် တစ်ခု ထပ်နေကာ အသက်ရှင် ကျန်ရစ်သူတစ်ဦးမျှ လုံးဝမရှိတော့ပါချေ။ မြေမျက်နှာသွင်ပြင်ပင်လျှင် ဧရာမမျောက်ဝံသားရဲကြီး၏ ကြောက်မက်ဖွယ်ကောင်းလှသော ရိုင်းစိုင်းသည့် ခွန်အားကြောင့် ပြောင်းလဲသွားခဲ့ပြီး အပေါက်များ အနှံ့အပြား ဖြစ်ပေါ်ကာ အလွန်အမင်း ပျက်စီး ယိုယွင်းသွားတော့သည်။

ဧရာမမျောက်ဝံသားရဲကြီး၏ ခွန်အားဖြင့် ထိပ်တန်း အစွမ်းထက် သိုင်းပညာရှင်များကို ရင်ဆိုင်ရာတွင် အစွမ်းပြရန် ခက်ခဲလှသည် ဆိုသော်ငြားလည်း၊ ဤကဲ့သို့သော သာမန်စစ်သည်များကို ရင်ဆိုင်ရသည့်အခါတွင်မူ ထိုဖျက်ဆီးနိုင်စွမ်းကို လုံးဝတားဆီးနိုင်စွမ်း မရှိပါချေ။ အချို့သော ရှုထောင့်များမှ ကြည့်မည်ဆိုပါက စစ်ရထားလေးများ တစ်ပြိုင်နက်တည်း ပစ်ခတ်မှုနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။

"သတ်"

တစ်ချိန်တည်း လိုလိုပင် သတ်ဖြတ် အော်ဟစ်သံကြီးများမှာ ထွက်ပေါ်လာခဲ့ပြီး မိုးခြိမ်းသံများအလား လေးလံလှသော မြင်းခွာသံများ နှင့်အတူ၊ အခြားသော မြို့ရိုး အပေါက် နေရာများတွင် အာပုစစ်ဦးဆောင်သော ထုံလော့ သံချပ်ကာမြင်းတပ်နှင့် ပါဟရာမ် ဦးဆောင်သော အန်ဂရာ အကြီးစား သံချပ်ကာမြင်းတပ်တို့မှာ ဓားရှည်များ ထိုးသွင်းလိုက်သည့်အလား နိုင်ငံအသီးသီး၏ စစ်တပ်ကြီး အတွင်းသို့ တဟုန်ထိုး ပြေးဝင် တိုက်ခိုက်သွားကြတော့သည်။

တစ်လောကလုံးသို့ နာမည်ကျော်ကြားလှသော ဤသံချပ်ကာမြင်းတပ် နှစ်ဖွဲ့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လူရော မြင်းပါ လဲကျသွားခဲ့ကြပြီးများ အချင်းချင်း ရိုက်ခတ်သံများ ထွက်ပေါ်နေတော့သည်။

မဟာထန်မှ သံချပ်ကာမြင်းတပ်များ၏ အရပ်မျက်နှာ အားလုံးမှ ရူးသွပ်စွာ တိုက်ခိုက်လာမှုများကို ရင်ဆိုင်လိုက်ရသည့်အခါတွင်၊ မူလက ဒီရေလှိုင်းလုံးကြီးများအလား အဆက်မပြတ် တဟုန်ထိုး ပြေးဝင်လာနေကြသော နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ နောက်ဆုံးတွင် အလွန် ပြင်းထန်လှသော တိုက်ခိုက်မှုကြီးကို ခံလိုက်ရတော့သည်။ မြို့ရိုး ပြိုကျသွားပြီး စစ်အစီအရင် ပြိုကွဲသွားသည် ဆိုသော်ငြားလည်း၊ မဟာထန်၏ ဤထိပ်တန်း တပ်ဖွဲ့ များမှာ စစ်မြေပြင်ပေါ်တွင် သူတို့၏ လုံးဝလွှမ်းမိုးထားနိုင်စွမ်း ရှိသော အနေအထားကို ပြသနိုင်ဆဲပင် ဖြစ်သည်။

နိုင်ငံအသီးသီး၏ စစ်တပ်ကြီးမှာ ချက်ချင်းပင် အလွန်အမင်း ဖရိုဖရဲ ဖြစ်သွားကြတော့သည်။

"ဆုတ်… အရှင်က အမိန့် ပေးလိုက်ပြီ၊ အားလုံး အနောက်ကို ဆုတ်ကြစမ်း"

စစ်တပ်များမှ အလွန်န်ဖိုးရှိလှသော အချိန်လေး တစ်ခုကို ရယူပေးနိုင်ခဲ့မှုကို အခွင့်ကောင်းယူ၍ စစ်သည်အမြောက်အမြားနှင့် လက်မှုပညာရှင်အဖွဲ့များအားလုံး အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြတော့သည်။

"အရှင်... တကယ်ပဲ ဆုတ်ခွာရမှာလား။ အဲဒီ မြို့ရိုး တွေကို ငါတို့ ပြန်ပြီး ပြင်ဆင်လို့ ရပါသေးတယ်၊ အရင် တိုက်ပွဲ တုန်းကလည်း ငါတို့ ပြန်ပြင်ဆင်ခဲ့သေးတာပဲ မဟုတ်လား?"

လေအေးများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ပြီး မြို့ကြီး၏အတွင်းပိုင်းတွင် လေထုမှာ အလွန်အမင်း တင်းမာနေခဲ့သည်။ လက်မှုပညာရှင်တစ်ဦးမှာ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး သူ၏မုတ်ဆိတ်များ၊ ဆံပင်များနှင့် မျက်ခုံးမွေးများအားလုံးမှာ နှင်းခဲများ ဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူသည် နေရာမှ အနည်းငယ်မျှ မရွှေ့သေးဘဲ မျက်စိရှေ့ရှိ မဟာထန်မှ ဗိုလ်ချုပ်တစ်ဦးကို ကြည့်ရင်း မျှော်လင့်ချက်ချို့ဖြင့် မေးမြန်းလိုက်တော့သည်။

ထိုအဘိုးအို၏မျက်နှာမှာ အလွန်အမင်း နီရဲနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ ဆုတ်ခွာရန် အမိန့်လာပေးသော ထိုမဟာထန် ဗိုလ်ချုပ်၏ ရင်ထဲ၌ အလွန်အမင်း နာကျင်သွားတော့သည်။

"အချိန် မမီတော့ဘူး။ မဟာစစ်အစီအရင် ကြီး ပြိုကွဲသွားပြီ၊ ပြိုကျသွားတဲ့ မြို့ရိုး တွေကို ပြန်ပြင်လို့ မရတော့ဘူး၊ အခု ငါတို့ ဆုတ်ခွာဖို့ပဲ ရှိတော့တယ်၊ ဒါက ဝမ်ရယ် ရဲ့ အမိန့်ပဲ"

"ပြင်လို့ မရတော့ဘူး လား၊ တကယ်ပဲ ပြင်လို့ မရတော့ဘူး လား?"

ထိုလက်မှုပညာရှင်မှာ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေခဲ့ပြီး မျက်ဝန်းထဲရှိ အလင်းရောင်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်၌ လေပေါက်သွားသော ဘောလုံးတစ်လုံးအလား ထိုလက်မှုပညာရှင်၏ ကိုယ်တွင်းရှိ အသက်ရှင်သန်လိုသော စိတ်ဆန္ဒများ ချက်ချင်း ပျေက်ကွယ်သွားတော့သည်။

ဤတိုက်ပွဲကြီးတွင် လူတိုင်းမှာ မိုင်ထောင်နှင့်ချီ ခရီးနှင်လာခဲ့ကြရသည်။ တောင်တန်းများကို ကျော်ဖြတ်လာခဲ့ကြရသည်။ပင်ပန်းဆင်းရဲမှု များကို လုံးဝဂရုမစိုက်ဘဲ ဤသံမဏိ မြို့တော်ကြီးသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ သူတို့ အားလုံးမှာ အသက်ရှင်လျက် ပြန်မသွားနိုင်တော့မည့် အခြေအနေ အတွက် အစောကြီးကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်။

လက်မှုပညာရှင် အဖွဲ့ထဲတွင် လူအများအပြားမှာ အသက်အရွယ် ကြီးရင့်နေကြပြီ ဖြစ်သည်။ သူတို့ အတွက်မူ သူတို့၏ အနောက်ဘက်တွင် ကာကွယ် စောင့်ရှောက်ရမည့် အရာများ အများအပြား ရှိနေသေးသည်၊ သူတို့၏ ဆွေမျိုးများ၊ သူငယ်ချင်းများ နှင့် မိသားစုများ ရှိနေပေသည်။

"အရေပြား မှ မရှိတော့ရင် အမွေး တွေက ဘယ်မှာ သွားပေါက်နိုင်တော့မှာလဲ" [With the skin gone, to what can the hair attach itself? / 皮之不存,毛将焉附] ဤစစ်ပွဲမှာ သူတို့ အတွက်မူ အခြားသော ပုံစံ တစ်မျိုး ဖြင့် ဆင်နွှဲနေရသည့် စစ်ပွဲ တစ်ခု ပင် ဖြစ်တော့သည်။

ထိုသက်ကြီးရွယ်အို လက်မှုပညာရှင်မှာ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ ထိုဗိုလ်ချုပ်၏ ရင်ထဲတွင်လည်း သက်ပြင်းချလိုက်ပြီး အခြားနေရာများသို့ လျင်မြန်စွာ ထွက်ခွာသွားကာ ဆုတ်ခွာရန် အမိန့်များကို ဆက်လက် ပေးပို့နေတော့သည်။

ယနေ့ညတွင် သူနှင့် အလားတူပင် နာကျင်မှုများ၊ မျှော်လင့်ချက် ကင်းမဲ့မှုများနှင့် အလွန်အမင်း မကျေနပ်မှုများ ခံစားနေရသူ အများအပြား ရှိနေမည်မှာ သေချာလှပေသည်။

ဤအခိုက်အတန့်၌ လူတိုင်း လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဝမ်ချောင်၏ အမိန့်ကို သစ္စာရှိရှိ အကောင်အထည် ဖော်ဆောင်ရန် သာ ဖြစ်တော့သည်။

သို့သော် နှင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေခဲ့ရာ သူတို့ အနေဖြင့် ဘယ်နေရာကို ထွက်ပြေးနိုင်ကြမည်နည်း?

လူတိုင်း၏ အခြေအနေ များကို ခေတ္တမျှ ထားလိုက်ပါဦး၊ စစ်သည် သိန်းနှင့်ချီ နှင့် လက်မှုပညာရှင် များ အားလုံးမှာ ဤအခိုက်အတန့်၌ အနောက်သို့ ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ မဟာထန်၏ သမိုင်းကြောင်း တစ်လျှောက်လုံးတွင် ဤသည်မှာ သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးသော ဧရာမ ဆုတ်ခွာမှု ကြီး တစ်ခု ပင် ဖြစ်ပေလိမ့်မည်။

ဤအခိုက်အတန့်၌ နှင်းမုန်တိုင်းကြီးမှာ အဆက်မပြတ် ဆင်းသက်လာနေပြီး၊ အခြား တစ်ဖက်တွင်မူ သံမဏိခံတပ်၏၊မြို့ရိုး အတွင်းပိုင်းတွင် အလင်းတန်း တစ်ချက် လက်သွားခဲ့ပြီးနောက် ဝမ်ချောင်မှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ထိုက်ရှီ၊ အန်းလုရှန်းနှင့် အခြားသူများ၏ ရှေ့တည့်တည့်တွင် တားဆီးလိုက်တော့သည်။

ဝမ်ချောင်ကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်းမှာ အေးစက်စက် ပြုံးလိုက်ပြီး ခြေထောက်ကို အနောက်သို့ လျှောတိုက်ဆုတ်ခွာလိုက်ရာ၊ လေထဲတွင် ပေ ဆယ်ဂဏန်းခန့်အထိ လျင်မြန်စွာ အနောက်သို့ ဆုတ်ခွာသွားခဲ့ပြီး ဝမ်ချောင်နှင့် အကွာအဝေး ကို လျင်မြန်စွာ ခွာလိုက်တော့သည်။

လှောင်အိမ်အတွင်း ရောက်နေသော သားရဲက နောက်ဆုံးအနေဖြင့် ရုန်းကန်နေခြင်းမျိုးပင် ဖြစ်သည်။ လက်ရှိ ဝမ်ချောင်မှာ ရက်စက်ကြမ်းတမ်းသော သားရဲကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်ရာ၊ အန်းလုရှန်းအနေဖြင့် သူ့ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ပြီး ဝမ်ချောင်မိမိ၏ခြေဖဝါးအောက်တွင် ဒူးထောက်သွားသည်ကို မြင်တွေ့လိုစိတ် အလွန်ပြင်းပြနေသည် ဆိုသော်ငြားလည်း။

သို့သော် ဘာပဲဖြစ်ဖြစ် ဝမ်ချောင်၏ အစစ်အမှန်ကိုယ်ခန္ဓာမှာ အလွန်အမင်း အစွမ်းထက်လွန်းလှပေရာ၊ ယခုအချိန်တွင် ထိုက်ရှီကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးရာ၊ ဤအရာမှာ အန်းလုရှန်းအတွက်မူ အလွန်အမင်း ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေဆဲပင် ဖြစ်သည်။

ထိုက်ရှီ၏ အကြည့်များမှာမူ အေးစက်နေခဲ့ပြီး တောင်ကြီး တစ်တောင်အလား မလှုပ်မယှက် ရပ်နေခဲ့ကာ မျက်နှာချင်းဆိုင်ရှိ ဝမ်ချောင်ကို အမြဲတမ်း စိုက်ကြည့်နေတော့သည်။

"ဝမ်ချောင်... မင်းမှာလည်း ဒီလို နေ့မျိုး ရောက်လာတာပဲ၊ မင်းရဲ့ ခံစစ်မျဉ်းကြီး ပြိုကျသွားပြီ၊ အခု မင်း ငါ့ကို ဘာနဲ့ ယှဉ်ပြိုင် တိုက်ခိုက်မလဲ?"

"မဟာထန် ရဲ့ စစ်နတ်ဘုရား ဆိုတာလည်း ဒီလောက်ပါပဲ၊ အရင်တုန်းက မြို့တော်မှာ မင်း ငါ့ကို နှစ်ကြိမ်တိုင်တိုင် လိုက်လံ သတ်ဖြတ်ခဲ့တုန်းက ဒီလို နေ့မျိုး ရောက်လာလိမ့်မယ် လို့ မင်း လုံးဝတွေးတောထားခဲ့မှာ မဟုတ်ဘူး လေ"

ထိုက်ရှီ၏ ကျောထောက်နောက်ခံကို အားကိုးလျက် အန်းလုရှန်းက အသံဆိုးကြီးဖြင့် ရယ်မောရင်း လှောင်ပြောင် ပြောဆိုလိုက်တော့သည်။

ကောင်းကင်ဘုံသာ သိပေလိမ့်မည်။ ယခုအချိန်လေးကို ရောက်ရှိလာရန်အတွက် သူ မည်မျှလောက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသနည်း။ ဝမ်ချောင်မှာ လောကတစ်ခုလုံး၏ စစ်နတ်ဘုရားအဖြစ် သတ်မှတ်ခံရပြီး ရှေးခေတ်မှ ယနေ့အထိ ဗိုလ်ချုပ်များ အားလုံး၏ အထက်တွင် ရပ်တည်နေသည် ဆိုလျှင်တောင်မှ ဘာဖြစ်မည်နည်း။ ယခု သူ အန်းလုရှန်း၏လက်ထဲတွင် ရှုံးနိမ့်သွားပြီ မဟုတ်ပါလား။

အကယ်၍ ဝမ်ချောင်သာ စစ်နတ်ဘုရား ဖြစ်သည် ဆိုလျှင်၊ သူ အန်းလုရှန်းအနေဖြင့် "စစ်နတ်ဘုရား"၏ အထက်ရှိ "စစ်နတ်ဘုရား"ဟု ခေါ်ဆိုနိုင်ပြီ မဟုတ်ပါလား။

"စစ်ရှုံးသွားတဲ့ အခါကျတော့ တောင်ကြီးပြိုကျသွားသလို အားလုံး ဆက်တိုက် ပြိုလဲကုန်တာပဲနော်… မင်းရဲ့ အဲဒီ လက်အောက်ငယ်သားတွေကို သွားကြည့်လိုက်ပါဦး၊ တစ်ယောက်ပြီး တစ်ယောက် ရူးသွပ်စွာ ထွက်ပြေးနေကြတာ၊ ဒါက စစ်နတ်ဘုရားကြီးရဲ့ စစ်တပ်ကို ကွပ်ကဲတဲ့ နည်းလမ်းတွေလား။ ခမ်းနားကြီးကျယ်လှတဲ့ စစ်နတ်ဘုရားကြီးဆိုတာလည်း ဒီလောက်ပါပဲ၊ ဒါပေမဲ့ နှမြောစရာ ကောင်းတာက မင်း အစွမ်းကုန် အချိန်ဆွဲပေးပြီး သူတို့ကို ထွက်ပြေးခွင့် ပေးလိုက်ရင်တောင်မှ နောက်ဆုံးကျရင် သူတို့ အားလုံး သေရမှာပဲ၊ တစ်ယောက်မှ လွတ်မှာ မဟုတ်ဘူး"

နောက်ဆုံး စကားကို ပြောဆိုလိုက်သည့် အခါတွင် အန်းလုရှန်းမှာ အလွန်အမင်း ဝမ်းသာ ဂုဏ်ယူနေခဲ့ပြီး အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ရာ၊ နှစ်ပေါင်းများစွာ ကြာအောင် ရင်ထဲ၌ စုဆောင်းထားခဲ့သော မကျေနပ်မှုများနှင့် နာကြည်းမှုများ အားလုံးမှာ ဤအလွန်အမင်း ယုတ်မာလှသော စကားများနှင့်အတူ ဤအခိုက်အတန့်၌ အကုန်အစင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။

အန်းလုရှန်း၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ဓားရှည်များအလား အေးစက်စူးရှလှသော အကြည့်တစ်စုံမှာ အန်းလုရှန်း၏ ကိုယ်တွင်းအင်္ဂါများ အားလုံးကို အေးခဲသွားစေမတတ် စိုက်ကြည့်လာတော့သည်။

"လူပြက်ကောင်... ငါ့ ရှေ့မှာ ဒီစကား တွေ ပြောဖို့ မင်းမှာ အရည်အချင်း မရှိသေးဘူး"

ဝမ်ချောင်က အေးစက်စွာ ဆိုလိုက်တော့သည်။

ဝမ်ချောင်၏ အလွန်အမင်း ဖိအားပေးနိုင်သော အကြည့်များကို မြင်တွေ့လိုက်ရသည့်အခါ အန်းလုရှန်း၏ရင်ထဲ၌ တင်းကျပ်သွားခဲ့ပြီး လျင်မြန်စွာပင် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြန်သည်။

"သေရတော့မယ့် အချိန် ရောက်နေတာတောင် လေကျယ် နိုင်သေးတယ်။ မင်း ငါ့ရှေ့မှာ ပိုပြီးတော့ ရိုင်းစိုင်းလေလေ၊ အခု ထွက်ပြေးနေတဲ့ အဲဒီမဟာထန်က စစ်သည်တွေက မင်းရဲ့ မာနထောင်လွှားမှု တွေကြောင့် ပိုပြီးတော့ သေဆုံးရလေလေ ပဲ"

တစ်ချိန်က အခြေအနေနှင့် ယခုအခြေအနေမှာ လုံးဝမတူညီတော့ပါချေ။ ဒီလိုအခြေအနေမျိုးအထိ ရောက်နေတာတောင် ဝမ်ချောင်က သူ့ရှေ့မှာ မာန ထောင်လွှားပြချင်နေသေးတာလား။ ဤလူယုတ်မာကို ကိုင်တွယ် ဖြေရှင်းရန်အတွက် သူ့တွင် နည်းလမ်းပေါင်း များစွာ ရှိနေပေသည်။

"မင်းက မဟာထန် ကို အဂရုစိုက်ဆုံး ဆို…အလယ်ပိုင်းဒေသက ပြည်သူတွေက မင်းကို နတ်ဘုရား တစ်ပါးလို ကိုးကွယ်ကြတယ်မလား၊ နှမြောစရာ ကောင်းတာက သူတို့ အာလုံးက မှားယွင်းတဲ့ လူတစ်ယောက်အပေါ်မှာ မျှော်လင့်ချက် တွေ အားလုံး ပုံအပ်ထားမိကြတာပဲ၊ စိတ်ချပါ၊ ဒီစစ်ပွဲ ပြီးသွားရင် ငါ နိုင်ငံအသီးသီးရဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီး တောင်ဘက်ကို ဆင်းလာခဲ့မယ်၊ ပြီးရင် အလယ်ပိုင်းဒေသက ပြည်သူတွေကို သေချာ ဧည့်ခံပေးပါ့မယ်"

"အလယ်ပိုင်းဒေသမှာ ပြည်သူ သန်းဆယ်နဲ့ချီ ရှိတယ်မလား၊ အခု နှင်းမုန်တိုင်းကြီး ကလည်း ရောက်လာပြီဆိုတော့ ရိက္ခာတွေကလည်း ပြတ်လပ်နေတယ်။ အလယ်ပိုင်းဒေသမှာ ဒီလောက် များပြားတဲ့ ပြည်သူတွေ ရှိနေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အနည်းဆုံး တစ်ဝက်လောက် ကိုတော့ သတ်ပစ်လိုက်မှ ရမယ်၊ မဟုတ်ဘူး၊ တစ်ဝက်လောက် သတ်ပစ်ရင်တောင် နောက်ထပ် သန်းဆယ်နဲ့ချီ ကျန်နေဦးမှာပဲ၊ အရမ်း များနေသေးတယ်၊ ဟားဟားဟား..."

အန်းလုရှန်းက အလွန်အမင်း ရိုင်းစိုင်းစွာ ရယ်မောရင်းဆိုလိုက်တော့သည်။

"သေချင်နေတာပဲ"

အန်းလုရှန်း၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်ဝန်းထဲမှ အလွန်အမင်း အန္တရာယ် ကြီးမားလှသော အလင်းတန်းတစ်ချက် ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"တော်တော့"

ထိုအချိန်မှာပင် ထိုက်ရှီက ဆိုလိုက်တော့သည်။

******

All Chapters