← Chapters

အခန်း ၁၁၆

Vol. 9 Ch. 116

အခန်း ၁၁၆

Vol. 9 Ch. 116

အခန်း (၁၁၆) အထူးစွမ်းအား နိုးထလာခြင်း

လင်းစစ်ကျားသည် ဟမ်ဘာဂါအား ကိုက်စားရင်း ခေါင်းခါ ပြလိုက်သည်။

"ကျွန်မလည်း သေချာမသိသေးဘူး ရှင့်ဆီမှာ စမ်းသပ်ကြွက်တွေ ရှိလား စမ်းသပ်မှုတွေ လုပ်ကြည့်မှပဲ သိရမယ် အစ်ကိုကျောက်ရဲ့ ဒဏ်ရာတွေဆီက အသားစ တချို့ကိုတော့ ကျွန်မ ခြစ်ယူပြီး သိမ်းထားလိုက်ပြီ"

တကယ်တမ်းတွင် ရဲ့ရှင်းချန်သည် ဤမျှလောက် အထိ အသေးစိတ် မစဥ်းစားမိခဲ့ပေ။ သူ့၏ နေရာလွတ် အတွင်း၌ သက်ရှိသတ္တဝါတွေ ရှိနေလျှင်ပင် ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် စမ်းသပ်မှုများ လုပ်ဆောင်ရန် သူ တစ်ခါမှ မတွေးဖူးခဲ့သကဲ့သို့ စမ်းသပ်ကြွက်များ ရှိရမည်ဆိုသည်ကိုလည်း မည်ကဲ့သို့ သတိထားမိလိမ့်မည်နည်း။

"မရှိဘူး ငါ့နေရာလွတ်ထဲမှာ သက်ရှိတွေကို ထည့်ထားလို့ မရဘူးလေ"

ရဲ့ရှင်းချန်မှ ခေါင်းခါပြလိုက်ရင်း အမှန်အတိုင်း ဖြေလိုက်လေသည်။ ရဲ့ရှင်းချန်သည်လည်း တိကျလှသော ကောက်ချက် မချနိုင်သေးပေ။ ခန္ဓာကိုယ်တွင် ဒဏ်ရာ ရထားသူများသည် ကူးစက်ခံရနိုင်သည်လား ဆိုသည်ကို သေချာမသိတာကြောင့် ဂရုထဲ၌ အသိပေးချက်တစ်ခု ထပ်ပို့လိုက်လေသည်။

"မနက်ဖြန်ကစပြီး ဒဏ်ရာ ရထားတဲ့သူတိုင်း လူနေ အိမ်ရာ ဝင်ပေါက်ကို အလှည့်ကျ ကင်းစောင့်ရမယ် အိမ်ရာဝင်းထဲမှာတော့ ပုံမှန်အတိုင်းပဲ ကင်းလှည့်ပါ ထူးခြားတဲ့ အခြေအနေရှိရင် ငါ့ဆီ ချက်ချင်း သတင်းပို့ကြ"

"ရန်သူကို သတ်နိုင်တဲ့သူတွေကို ဆုကြေးအနေနဲ့ အစားအစာ ငါးပုံ ပေးမယ် ဝင်ပေါက်မှာ ဒဏ်ရာရခဲ့တဲ့ သူတွေကိုတော့ မနက်ဖြန် ငါကိုယ်တိုင် ဆုချပေးမယ်"

ရဲ့ရှင်းချန်သည် သူ၏ ကိုယ်ပိုင် အင်အားစု တစ်ခု တည်ဆောက်ချင်နေခဲ့ခြင်း ဖြစ်သည်။ အင်အားဆိုသည်မှာ ထောက်ခံပေးမည့်သူတွေ ရှိမှသာ ခိုင်မာမည် ဖြစ်သည်။ အိမ်ရာဝင်း အတွင်းမှ လူများအား သူသည် အမြောက်စာအနေဖငြ့် အသုံးချနေခြင်း မှန်သော်ငြားလည်း သူတို့ကိုမူ ယခုကဲ့သို့ မြန်မြန်ဆန်ဆန် သေမသွားစေချင်ပေ။

"ဒါပေမဲ့ သူတို့ရဲ့ အပြုအမူတွေက အရင်တုန်းက ကျွန်မ လေ့လာခဲ့ဖူးတဲ့ ပရီယွန် ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သူတွေနဲ့ နည်းနည်း ကွာခြားနေတယ်လို့ ထင်တယ်"

လင်းစစ်ကျားမှ ခေတ္တမျှ စဉ်းစားလိုက် ပြီးနောက် ဟမ်ဘာဂါ ထုတ်သည့် စက္ကူအား လုံးချေကာ အမှိုက်ပုံးထဲ ပစ်ထည့် လိုက်တော့သည်။

"သူတို့ရဲ့ အပြုအမူကလေ ဘယ်လိုပြောရမလဲ ပရီယွန် ဗိုင်းရပ်စ်နဲ့ တခြား ဗိုင်းရပ်စ် တစ်မျိုးမျိုး ပေါင်းစပ် သွားတဲ့ပုံစံမျိုး ဖြစ်နေတယ် ဘာလို့လဲဆိုတော့ ပရီယွန် ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သူတွေက အလွန်ဆုံး ဖြစ်လှ ထူးထူးဆန်းဆန်းတွေ လုပ်မယ် ဒေါသကြီးမယ် ထိန်းမရအောင် ရယ်မောနေတတ်ပေမဲ့ အခုလောက်ကြီးတော့ ကြမ်းတမ်းခက်ထန်မနေဘူးလေ"

လင်းစစ်ကျားသည် ခေါင်းထဲတွင် ခေတ္တမျှ စဉ်းစားကြည့် ပြီးနောက် ရဲ့ရှင်းချန်အား ကြည့်လိုက်သည်။

"သူတို့ရဲ့ အပြုအမူက ခွေးရူးပြန် ရောဂါနဲ့ နည်းနည်း ဆင်နေတယ်လို့ ကျွန်မ ခံစားရတယ်"

လင်းစစ်ကျား စကားပြောလို့ အဆုံးတွင် ကျောက်ဟောင် ရှိနေသည့် အခန်းငယ်လေးထဲမှ ရုန်းရင်းဆန်ခတ် အသံများ ထွက်ပေါ်လာခဲ့လေသည်။

လီအန်းရန်သည် ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား ဆွဲခေါ်သွားသည်အား မြင်ချိန်တွင် မတ်တပ်ရပ်ပြီးနောက် ဟိုဟိုဒီဒီ လိုက်ကြည့်နေခဲ့သည်။ သူမသည် ဤအိမ်တွင် ဆက်နေခွင့်ရအောင် နည်းလမ်းရှာရန် စဉ်းစားနေခြင်း ဖြစ်သည်။ ယခုလို နွေးထွေးလှသည့် ခံစားချက်မျိုးအား သူမ မရခဲ့သည်မှာ အချိန် ကြာမြင့်လှပြီ ဖြစ်သည်။

ကျောက်ဟောင် အခန်းထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် လီအန်းရန်သည် အိမ်တစ်အိမ်လုံးအား ပတ်ကြည့်ပြီးနေပြီ ဖြစ်သည်။ သူမသည် ဆိုဖာပေါ်တွင် ထိုင်ရင်း ကလေးနို့တိုက်ရန် အင်္ကျီအား လှန်တင်လိုက်သည်။

‘ဒိုင်း’

ရှောင်ပေါင်လေး လန့်သွားပြီးနောက် လီအန်းရန်အား အားကုန်ကိုက် လိုက်သည့် အတွက် သူမမှာ ကျိန်ဆဲမိမတတ်ပင် ဖြစ်သွားရတော့သည်။

"အားယို လူအိုကြီး ကျောက်ရယ် ရှင် ကလေးကို လန့်အောင် လုပ်နေပြန်ပြီ"

လီအန်းရန်မှ မကျေမနပ် ညည်းညူရင်း အင်္ကျီအား ပြန်ချလိုက်တော့သည်။ ထို့နောက် ရှောင်ပေါင်လေးအား ဘေးသို့ ချထားခဲ့ပြီး အခန်းငယ်လေးဆီသို့ ထ၍ လျှောက်သွားလိုက်တော့သည်။

အပေါ်ထပ်မှ စောင့်ကြည့်ကင်မရာများမှ တစ်ဆင့် ရဲ့ရှင်းချန် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။ ကျောက်ဟောင်သည် မျက်လုံးပြူးကြီးများနှင့် ကြည့်နေပြီး နဖူးကြောများပါ ထောင်ထနေသည်ကို သူ တွေ့လိုက်ရသည်။

လင်းစစ်ကျား ကုသပေးနေချိန်ကတည်းမှ သူ့ကိုယ်ပေါ်တွင် ရှိသည့် အဝတ်အစားတွေအား ကတ်ကြေးနဲ့ ညှပ်ဖြတ်ထားခဲ့ပြီး ဖြစ်သည်။ ယခု အချိန်တွင် ကျောက်ဟောင်သည် အဝတ်အစား မရှိဘဲ စောင်ပါးလေး တစ်ထည်သာ လွှမ်းခြုံထားခဲ့ခြင်း ဖြစ်သည်။

လီအန်းရန် တံခါးဖွင့်ပြီး ဝင်သွားချိန်တွင် ကျောက်ဟောင်သည် တံခါးဘက်သို့ ခေါင်းလှည့် ကြည့်လာသည်နှင့် အတော်ပင် ဖြစ်သွားခဲ့သည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် မျက်လုံးချင်း ဆုံသွားကြခြင်း ဖြစ်သည်။

"အစ်ကို"

လီအန်းရန်မှ 'အစ်ကိုကျောက်' ဟုပင် ဆုံးအောင် မခေါ်နိုင်လိုက်ပေ။ ကျောက်ဟောင်၏ လက်ရှိ ရုပ်သွင်အား မြင်လိုက်ရသည့် အတွက် လန့်ဖျပ်ပြီး ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။

"ကယ်ကြပါဦး ရှင်းချန် ငါ့ကို ကယ်ပါဦး"

လီအန်းရန်သည် အခန်းထဲမှ ကမန်းကတန်း လေးဘက်ထောက်ကာ ထွက်ပြေးလာတော့သည်။ ထိုအချိန်တွင် ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့လည်း အောက်ထပ်သို့ ဆင်းလာကြသည်။ ရဲ့ရှင်းချန်အား မြင်သည်နှင့် လီအန်းရန်မှ ချက်ချင်း ပြေးဖက်လေတော့သည်။

"အစ်ကိုကျောက် သူ ဘာဖြစ်သွားတာလဲ မြန်မြန် နင့်အစ်ကိုကျောက်ကို မြန်မြန် ကယ်ပါဦး"

ရဲ့ရှင်းချန်သည် အသာအယာ ဘေးသို့ ရှောင်လိုက်လေရာ လီအန်းရန်မှာ လွဲချော်သွားခဲ့ကာ ကြမ်းပြင်ပေါ် လဲကျလုမတတ် ဖြစ်သွားခဲ့ရသည်။ သူ၏ နေရာလွတ်ထဲသို့ လက်နှိုက်ကာ ရဲ့ရှင်းချန်မှ စိတ်ငြိမ်ဆေး တစ်လုံး ထုတ်ယူပြီးနောက် လင်းစစ်ကျားအား ကမ်းပေးလိုက်သည်။

ကျောက်ဟောင်၏ လက်ရှိပုံစံသည် ရောဂါ ဖောက်နေသည့်ပုံနှင့် တူညီသော်လည်း ပိုမှန်အောင် ပြောရလျှင် သူ မျိုးဗီဇ ပြောင်းလဲတော့မည့် ပုံပေါ်နေခြင်း ဖြစ်သည်။ လင်းစစ်ကျားမှ လက်မြှောက်ကာ ဆေးထိုး ပေးလိုက်သည်။ မကြာခင်မှာပင် ကျောက်ဟောင် ပြန်လည်၍ ငြိမ်သက်သွားတော့သည်။

ကျောက်ဟောင်၏ ခန္ဓာကိုယ်သည် သူ့လိုမျိုး တစ်စုံတစ်ရာ မျိုးဗီဇပြောင်းလဲမှု ဖြစ်မဖြစ် မသေချာသေးသရွေ့ ရဲ့ရှင်းချန် တစ်ခဏလေးတောင် သတိမလွတ်ရဲပါချေ။

"ပုံမှန်ဆို အစ်မအန်းရန်က အစ်ကိုကျောက်နဲ့ အတူနေတာလေ အခု အစ်ကိုကျောက်ကို အစ်မအန်းရန်ပဲ ပြုစုပေးလို့ အဆင်ပြေမလား"

ရဲ့ရှင်းချန်မှ ပြုံးကာ လီအန်းရန်ဘက်သို့ လှည့်ကြည့်လိုက်တေ့ာသည်။

"အစ်မအန်းရန်က အစ်ကိုကျောက်ရဲ့ မိန်းမပဲလေ ကျွန်တော်နဲ့ ရှောင်ကျားက နေ့တိုင်း အစ်ကိုကျောက် အခြေအနေကို လာကြည့်ပေးမယ် ပြီးတော့ နေ့တိုင်း စားစရာတွေ လာပို့ပေးမယ်"

လီအန်းရန် မျက်နှာပေါ်တွင် ငြင်းဆန်ချင်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ မည်သို့ပင် ဆိုစေ ယခု ကျောက်ဟောင်၏ ပုံစံသည် အလွန် ကြောက်စရာ ကောင်းနေသည် မဟုတ်ပါလား။ ကျောက်ဟောင်သည် သူမအား ထိခိုက်အောင် လုပ်မည်ကို လီအန်းရန် ကြောက်နေခဲ့ခြင်း ဖြစ်သည်။ ကျောက်ဟောင်၏ လက်များအား ကုတင်ခေါင်းရင်းတွင် လက်ထိပ် ခတ်ထားသည့်တိုင် သူ့၏ ရူးသွပ်နေတဲ့ မျက်နှာအမူအရာအား လီအန်းရန် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

သို့သော် လီအန်းရန် မငြင်းရသေးခင်မှာပင် သူမအား ဤအိမ်တွင် ယာယီ နေခွင့်ပြုမည်ဟု ရဲ့ရှင်းချန် ပြောလိုက်ခြင်း ဖြစ်သည့်အတွက် သူမ မျက်လုံးများ အရောင်လက်သွားခဲ့တော့သည်။

‘ဒီအိမ်မှာ စားပြီး ဒီမှာပဲ နေရမယ်ပေါ့’

ကျောက်ဟောင် ဒဏ်ရာရလာခြင်းသည် အမှန်တကယ် အချိန်ကိုက် ဖြစ်လွန်းကာ အဆင်ပြေလှသည်ဟု ခံစားရသည့်အတွက် လီအန်းရန် ထပ်မံကာ ကြိတ်၍ ဝမ်းသာသွားပြန်သည်။ စိုးရိမ်ပူပန်နေသည့် ဟန်ဆောင် မျက်နှာထားဖြင့် လီအန်းရန်မှ ပြန်မေးလိုက်သ်ည။

"ရတာပေါ့ အစ်ကိုကျောက်ကို ငါပဲ ပြုစုသင့်တာပေါ့ ဒါနဲ့ ငါ ဘယ်မှာ အိပ်ရမလဲ ဒီက ပစ္စည်းတွေကို ငါ သုံးလို့ရတယ် မဟုတ်လား"

လီအန်းရန်သည် ရေခဲသေတ္တာထဲရှိ အချိုရည် ပုလင်းများအား မျက်စိကျနေဆဲ ဖြစ်သည်။ ယနေ့ည သူမ ခေါက်ဆွဲပြုတ် တစ်ပန်းကန် ဝက်အူချောင်း တစ်ချောင်းနဲ့ ကြက်ဥနှစ်လုံး စားထားခြင်း ဖြစ်သည့်တွက် အတော်လေး ဗိုက်တင်းနေခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတွင်မူ ကမ္ဘာပျက်ကပ် စတင်ကတည်းမှ ဤသည်မှာ သူမအတွက် အဝဆုံး စားရသည့် ပထမဆုံး အစားအစာပင် ဖြစ်ချေသည်။ ဗိုက်ဝသွား ပြီးနောက် ရေခဲသေတ္တာထဲမှ ကိုကာကိုလာကိုပါ သူမ သောက်ချင်လာခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေးနှင့် သိပ်မညီညွတ်သည့်တိုင် သူမ မသောက်ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ အမှန်တကယ် သောက်ချင်နေခဲ့ခြင်း ဖြစ်သည်။

အထပ်တိုင်းမှ အိပ်ခန်းမကြီးများ၏ တံခါးများအား သော့ခတ်ထားခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လီအန်းရန် ခိုးချင်လျှင်ပင် ခိုးစရာမည်သည့် အရာမှ မရှိသည်မို့ သဘောတူလိုက်တော့ သည်။

လင်းစစ်ကျားအား အပေါ်ထပ်သို့ လိုက်ပို့ ပေးချိန်တွင် လင်းစစ်ကျားမှ ရုတ်တရက် စကားစလာခဲ့တော့သည်။

"ရှင်ရော ရှောင်ချီရော အထူးစွမ်းအားတွေ ရှိကြတယ် မဟုတ်လား"

ရဲ့ရှင်းချန် ခေါင်းညိတ် ပြလိုက်သည်။ လင်းစစ်ကျား မည်သည်ကို ဆိုလိုချင်သည်အား သူ အထင်အရှား ခန့်မှန်းမိနေခဲ့ခြင်း ဖြစ်သည်။

"ကျောက်ဟောင်ရဲ့ ခန္ဓာကိုယ်အခြေအနေက အရမ်းထူးဆန်းတယ် စောစောက သူ့ကို စိတ်ငြိမ်ဆေး ထိုးပေးတုန်းက သူ့ရဲ့ ဒေတာတွေကို ကျွန်မ ကြည့်လိုက်သေးတယ် သူ့ဒေတာတွေက ကျန်းမာတဲ့ သာမန် လူတစ်ယောက်နဲ့ ဘာမှမကွာဘူး ဖြစ်နေတယ် သူ့ကိုယ်ပေါ်က ဒဏ်ရာတချို့ဆို အရိုးပေါ်လောက်တဲ့အထိ နက်တယ် ခုနက ကြည့်လိုက်တော့ အဲဒီဒဏ်ရာတွေက အသားနုတောင် ပြန်တက်လာပြီ"

လင်းစစ်ကျားနှင့် ရဲ့ရှင်းချန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေသည်။ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သော်လည်း သူမ လေသံမှာ အလွန်သေချာနေခဲ့သည်။

"ဒါဆို ကျောက်ဟောင်မှာလည်း အထူးစွမ်းအား ရှိနေတာလား"

"သူ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ စွမ်းအားမျိုးများလား"

လင်းစစ်ကျားမှ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ထပ်မံ ခန့်မှန်းကြည့်ပြန်သည်။

"ဒါပေမဲ့ အရင်က သူ့ကို ကျွန်မ မြင်တုန်းက သူက တခြားသူတွေနဲ့ ဘာမှမကွာပါဘူး"

ရဲ့ရှင်းချန်မှ ဆက်ပြောလိုက်သည်။

"ငါလည်း သေချာတော့ မသိဘူး ဆက်ကြည့် ရသေးတာပေါ့ အစ်ကိုကျောက်ရဲ့ အထူးစွမ်းအား နိုးထလာတော့မယ်လို့ ငါ ခံစားရတယ်"

ရဲ့ရှင်းချန်လည်း ကျောက်ဟောင် အမြန်နိုးလာရန် မျှော်လင့်နေရင်း အတော်လေး စိတ်လှုပ်ရှားနေမိသည်။

All Chapters