အခန်း ၁၂၁
Vol. 9 Ch. 121
အခန်း (၁၂၁) အိမ်ပြန်ခြင်း
ရဲ့ရှင်းချန်သည် နေ့လယ်စာစားရန် ကျောက်ဟောင်အား တားခဲ့ချင်သည့်တိုင် ကျောက်ဟောင်မှ ငြင်းဆန်ခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ လီအန်းရန်သည် အောက်ထပ်တွင် စောင့်နေသေးသည် မဟုတ်ပါလော။ ထို့အပြင် ကျောက်ဟောင်သည် ရဲ့ရှင်းချန်အား ဒုက္ခပေးရမည်နှင့် ရဲ့ရှင်းချန်၏ အစားအစာများအား အများကြီး စားပစ်ရမည်ကို အလွန်အမင်း အားနာနေမိခြင်း ဖြစ်သည်။
"အရမ်းကျေးဇူးတင်ပါတယ် ညီလေးရဲ့ ဒါပေမဲ့ ရပါတယ် ငါလည်း ဘာမှ မသက်မသာ မဖြစ်တော့ဘူးဆိုတော့ မင်းတို့ကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး မင်း အစ်မလီနဲ့ပဲ ငါ အိမ်ပြန်တော့မယ်"
ရဲ့ရှင်းချန်တွင် နေရာလွတ် တစ်ခု ရှိခြင်းနှင့် ထိုအထဲတွင် စားစရာများ အဆုံးအစမဲ့ ပြည့်နှက်နေသည် ဆိုသည်အား ကျောက်ဟောင် သိနေပြီ ဖြစ်သည့်တိုင် သူသည် ဤနေရာတွင် ဆက်နေဖို့ရန် အားနာနေမိလေသည်။ မည်သို့ပင်ဆိုစေ အစားအစာများသည် ယခုလက်ရှိ အချိန်တွင် မည်မျှ အဖိုးတန်နေသနည်း ဆိုသည်အား သူ သိရှိပေသည်။
ရဲ့ရှင်းချန်၏ နေရာလွတ်ထဲတွင် အစားအစာများ မည်မျှပင် များနေသည် ဖြစ်စေ များများ ထိုအရာများ အကုန်လုံးသည် ရဲ့ရှင်းချန်၏ ပိုင်ဆိုင်မှုသာ ဖြစ်ကာ သူနှင့် မည်သို့မှ သက်ဆိုင်မှု မရှိပေ။
သို့သော် ကျောက်ဟောင် မထင်မှတ်ထားသည်မှာ သူ အောက်ထပ်သို့ ဆင်းပြီး လီအန်းရန်အား ရှာဖွေပည အိမ်ပြန်ခေါ်သွားမည်ဟု ပြောလိုက်ချိန်တွင် လီအန်းရန်မှ ငြင်းဆန်လိုက်ခြင်းပင် ဖြစ်သည်။
"သွားရအောင် ငါတို့ ဒီမှာ ညီလေးရဲ့တို့ကို ဒုက္ခပေးတာ များနေပြီ မင်းမှာ ယူသွားစရာ ရှိရင် မြန်မြန်သိမ်းပြီး ငါနဲ့ လိုက်ခဲ့တော့"
လီအန်းရန်မှ တိတ်ဆိတ် နေခဲ့လေသည်။ သူမသည် ရှောင်ပေါင်အား ပွေ့ချီကာ ခေါင်းငုံ့ထားလေသည်။ ရှောင်ပေါင်၏ ကျောပြင်အား ဖွဖွလေး ပုတ်ပေး ပြီးနောက် နို့တိုက်ဖို့ အတွက် အင်္ကျီအား လှန်တင်လိုက်လေသည်။
"အာယို မင်း ဘာလုပ်နေတာလဲ ဒါက ငါတို့အိမ်မှ မဟုတ်တာ ကိုယ့်အိမ်ကိုယ် ပြန်ကြရအောင် ညီလေးရဲ့တို့ကို ဆက်ပြီး အနှောင့်အယှက် မပေးပါနဲ့တော့"
"ကလေးကို နို့တိုက်တာ ရပ်လိုက်တော့ အိမ်ရောက်မှ တိုက်မယ် ညီလေးရဲ့တို့ကို ငါတို့ ဒုက္ခပေးတာ နှစ်ရက်ရှိနေပြီ"
ကျောက်ဟောင်သည် သူ၏ နှုတ်ခမ်းအား သပ်လိုက်လေသည်။ မနက်ပိုင်းတွင် သူစားခဲ့သည့် ဝက်သားနီနှပ် ထမင်းပေါင်း၏ အရသာအား ပြန်လည် အမှတ်ရနေမိခြင်း ဖြစ်သည်။ ထိုအရသာသည် အရင်တွင် သူ စားခဲ့ဖူးသည်များထက်ပင် ပို၍ မွှေးပျံ့နေခဲ့သည်။ အသားသည်လည်း နှစ်ဆလောက် ပို၍ များနေသေးသည်။ ကျောက်ဟောင်သည်လည်း ဤနေရာတွင် ဆက်နေချင်သည့်တိုင် ညီလေးရဲ့အား ယခုလိုမျိုး ဒုက္ခမပေး သင့်ဘူးဆိုသည်အား သူ သိပေသည်။
"ရှင်က ဘာလို့ လောနေတာလဲ ရှောင်ပေါင်လေးက ဒီလောက် ငယ်သေးတာ သူ ဘယ်လိုလုပ် ဗိုက်မဆာဘဲ နေနိုင်မှာလဲ"
လီအန်းရန်မှ မကျေမနပ် ညည်းတွား လိုက်လေသည်။ သူမသည် လုံးဝ မထွက်သွားချင်ပေ။ ဤအိမ်အား ပြောင်းလာဖို့ရန် အခွင့်အရေးရဖို့ဆိုသည်မှာ လွယ်တဲ့ကိစ္စ မဟုတ်ပါချေ။ ထို့အပြင် ရဲ့ရှင်းချန် သူမ အတွက် ပြင်ဆင်ပေးသည့် အစားအစာတိုင်းသည် အမြဲတမ်း နွေးထွေးနေသေးသည်။ ကျောက်ဟောင်၏ အိမ်နှင့် တခြားစီပင် ဖြစ်သည်။ စားစရာရှိရင်လျှင်ပင် ပတ်ဝန်းကျင်သည် အေးစက်နေသေးသည်။ ဗိုက်ဝအောင်ပင် သူမ မစားနိုင်ခဲ့ချေ။
ရဲ့ရှင်းချန်သည် ကျောက်ဟောင်နှင့်အတူ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ လီအန်းရန် ကလေး နို့တိုက် ပြီးနောက် အင်္ကျီအား ပြန်ချလိုက်ကာ ရဲ့ရှင်းချန်အနားသို့ ကပ်သွားလေသည်။
"ဟူး ရှင်းချန်ရေ အစ်ကိုကျောက်က ဒဏ်ရာ ပြင်းထန်တယ်လေ ဒေါက်တာလင်းက ဒီမှာဆိုတော့ အစ်ကိုကျောက် ပြန်သွားရင် ငါ စိတ်မချဘူး"
"ငါတို့ ဒီလိုလုပ်ရင်ကော မောင်လေးရဲ့ မင်းနဲ့ အစ်ကိုကျောက်က အရမ်းရင်းနှီးတာပဲဟာ အစ်ကိုကျောက်ကို ဒီမှာ ခဏလောက် ဆက်နေခိုင်းပြီး သူ သက်သာလာတဲ့အထိ စောင့်ပေးလို့ မရဘူးလား"
လီအန်းရန်မှ ယခုလို စကားမျိုး ပြောထွက်လာလိမ့်မည် ဟု ကျောက်ဟောင် မထင်ထားခဲ့ချေ။ သူသည် သိသိသာသာကိုပင် ဒဏ်ရာ မရှိတော့သည် ဖြစ်၍ ရဲ့ရှင်းချန်တို့အား ဆက်လက်၍ အနှောင့်အယှက် မပေးသင့်တော့ချေ။
"မင်း ဘာတွေ ပြောနေတာလဲ ငါ ဘာမှမဖြစ်တော့ဘူး ငါ နားဖို့လိုတယ်လို့ မင်း ဘာလို့ ထင်နေရတာလဲ"
ကျောက်ဟောင်သည် ရဲ့ရှင်းချန် ပေးထားသည့် အင်္ကျီလက်တိုနှင့် ဘောင်းဘီတိုအား ဝတ်ဆင်ထားခြင်း ဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် ဒဏ်ရာရှိ မရှိဆိုသည်အား အလွယ်တကူ မြင်နိုင်ပေသည်။
"မင်း အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ ငါ့မှာ ဒဏ်ရာမှ မရှိတော့တာ"
ကျောက်ဟောင်သည် စိတ်တိုတိုနှင့် အသံအား နှိမ့်ပြော လိုက်လေသည်။ သူသည် လီအန်းရန်၏ အင်္ကျီအား လှမ်းဆွဲလိုက်ကာ သူမ ၏ လက်ကိုပါ ဆွဲလျှက် သူမအား အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောဘဲ ပါးစပ်ပိတ်နေစေဖို့ သူ့ဘက်သို့ ဆွဲယူလိုက်လေသည်။
"အာယို ရှင် ဘယ်လောက်တောင် ဒဏ်ရာ ပြင်းထန်တယ်ဆိုတာ ရှင် မသိဘူးလား ကျွန်မ မသိဘူးလို့ ရှင် ထင်နေတာလား ရှင် မတ်တပ်တောင် မရပ်နိုင်ဘူးလို့ သူတို့ အကုန်လုံး ပြောနေကြတာပဲ ကျွန်မက ရှင့်ကောင်းကျိုး အတွက် ပြောနေတာ ရှင့်ကို စိတ်ပူလို့ အိမ်ရောက်မှ ရှင် တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ကျွန်မတို့ကို ဘယ်လို လုပ်ခိုင်းချင်တာလဲ အနည်းဆုံးတော့ ရှင်းချန်အိမ်မှာ ဒေါက်တာလင်း ရှိတယ် ရှင့်မှာ ထူးခြားတဲ့ အခြေအနေ တစ်ခုခု ဖြစ်လာရင် ဒေါက်တာလင်းက ရှင့်ကို ဂရုစိုက်ပေးနိုင်တယ်"
လီအန်းရန်မှ ကျောက်ဟောင်၏ လက်အား ဖြုတ်ချလိုက်ပြီးနောက် ခြေဆောင့်ကာ အသံအား မြှင့်ပြောလိုက်လေသည်။ ရဲ့ရှင်းချန်သည် လီအန်းရန်အား ပြုံးပြုံးလေး ကြည့်နေခဲ့လေသည်။ ယနေ့ တွင် ယခုလို အခြေအနေမျိုး ဖြစ်လာလိမ့်မည် ဆိုသည်အား သူ ကြိုတွေးထားပြီးသား ဖြစ်ပေသည်
လီအန်းရန် မည်သို့ တွေးနေသည်အား သူ သေချာပေါက် သိပေသည်။ နတ်ဘုရားအား ဖိတ်ခေါ်ရသည်မှာ လွယ်ကူသည့်တိုင် ပြန်လွှတ်ရသည်မှဦ ခက်ခဲလှပေသည်။ ရဲ့ရှင်းချန်သည် သူမနှင့် ကျောက်ဟောင်အား မောင်းထုတ်မှာ မဟုတ်ဟု လီအန်းရန်မှ သေချာပေါက် ယုံကြည်နေပုံရလေသည်။
"ဟုတ်တယ် အစ်မအန်းရန် ပြောတာ မှန်တယ် အစ်ကိုကျောက် အစ်ကို ဒီမှာ ခဏလောက် နေလို့ရပါတယ် ကျွန်တော့် အိမ်ကလည်း ကြီးတာပဲလေ အခန်းတွေလည်း အများကြီး ရှိတယ် ရှောင်ကျားလည်း ဒီမှာရှိတော့ အစ်ကို့ကို စစ်ဆေးပေးရတာ အဆင်ပြေတာပေါ့ ဘာပဲဖြစ်ဖြစ် အစ်ကိုကျောက်ရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေက နည်းနည်း ထူးခြားနေတယ်လေ"
ကျောက်ဟောင် တစ်ခဏလောက် တုံ့ဆိုင်းသွားခဲ့သည်။ မည်သူသည် သက်တောင့်သက်သာရှိပြီး ကျယ်ဝန်း လှသည့် နေရာတွင် မနေချင်ဘဲ နေလိမ့်မည်နည်း။ ရဲ့ရှင်းချန်၏ အိမ်သည် ဆောက်ဖို့ရန် အတွက် ပိုက်ဆံအများကြီး ကုန်ကျခဲ့ခြင်း ဖြစ်သည်။ လုံခြုံရေး အစောင့် အဖြစ် ကျောက်ဟောင်အား ပေးထားသည့် ဟောင်းနွမ်း သေးငယ် အေးစက်ကာ အပူပေးစက်မရှိသည့် အိမ်လေးနှင့် ယှဉ်၍ မရချေ။
သို့သော် ရဲ့ရှင်းချန်နှင့် အတူနေရသည်ထက် အိမ်ပြန်ရသည်ကိုသာ ကျောက်ဟောင် ပို၍ သဘောကျပေသည်။ မည်သို့ပင် ဆိုစေ ရဲ့ရှင်းချန်သည် သူ့အား အများကြီး ကူညီပေးခဲ့ပြီးပြီ ဖြစ်သည်။ သူသည် ထိုမျှလောက်ထိ အတ္တမကြီးနိုင်ပါချေ။
တကယ်တမ်း ကျောက်ဟောင်အား တုံ့ဆိုင်းသွားစေသည်မှာ ရဲ့ရှင်းချန်၏ စကားတွေကြောင့်သာ ဖြစ်သည်။သူ့တွင် အထူးစွမ်းအား နိုးထလာပြီ ဆိုသည်ကို ယခုလေးတင် သူ သိလိုက်ရခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူ့အား ဆက်နေခိုင်းဖို့ တခြားအစီအစဉ်တွေများ ရှိနေမလား။
"ရှင် ကြားလား ရှင်းချန်က ရှင့်ကို ခဏလောက် ဆက်နေဖို့ ပြောနေပြီလေ အိမ်ရှင်ကတောင် စကားဟနေပြီပဲ ရှင် ငြင်းတာ သိပ်မသင့်တော်ဘူးလေ"
လီအန်းရန်သည် အလွန်ပင် ဝမ်းသာနေတော့သည်။ ကျောက်ဟောင်မှ သူမနှင့် ပူးပေါင်း မလုပ်ဆောင်တာကြောင့် သူမ စိတ်ပူနေခဲ့ခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူတို့အား မောင်းထုတ်လိုက်မည်ကို သူမ ကြောက်နေခြင်း ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ ပြီးခဲ့သည့် တစ်ခေါက် သူမ ဆေးလာငှားချိန်တွင် ရဲ့ရှင်းချန်မှ ငြင်းလွှတ်လိုက်ခြင်း ဖြစ်ပေသည်။ လီအန်းရန် မထင်မှတ်ထားသည်မှာ ရဲ့ရှင်းချန်သည် ကိုယ့်သဘောနှင့်ကိုယ် ကျောက်ဟောင်အား သူ့အိမ်တွင် နေခိုင်းလိုက်ခြင်းသာ ဖြစ်သည်။
"မြန်မြန် ရှင်းချန်ကို ကျေးဇူးတင်လိုက်လေ ဘာလုပ်ဖို့ ထိုင်နေတာလဲ"
ရုတ်တရက် လီအန်းရန်သည် အများကြီး ပို၍ ရဲတင်းလာခဲ့လေသည်။ မာန်မာနလေး နည်းနည်းတောင် ထောင်ချင်ချင် ဖြစ်လာခြင်း ဖြစ်သည်။
ကျောက်ဟောင် အတော်ကြာကြာ တုံ့ဆိုင်းနေခဲ့လေသည်။ ရဲ့ရှင်းချန်အား ကြည့်ကာ ခေါင်းညိတ် ပြလိုက်လေသည်။ ထိုအခါကျမှသာလျှင် ရဲ့ရှင်းချန် သူ့အား ဤနေရာတွင် နေခိုင်းခြင်းသည် သူ့အား ပြောစရာ တစ်ခုခု ရှိနေခြင်း ဖြစ်မည်ဆိုသည့် အချက်မှာ သေချာ သွားလေတော့သည်။
"ဒါဆိုရင် အနှောင့်အယှက် ပေးသလို ဖြစ်သွားပြီ ညီလေးရဲ့"
ကျောက်ဟောင်နှင့် မတူသည်မှာ လီအန်းရန်မှာမူ စိတ်ခံစားချက် အရမ်းကောင်းနေခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူမအတွက် တစ်နေ့ သုံးနပ် အဖြစ် ခေါက်ဆွဲပြုတ်နှင့် ပေါင်မုန့်တွေသာ ယူလာပေးပေသည့်တိုင် ယခုလို ပွင့်ပွင့်လင်းလင်း နေခွင့်ရသွားပြီ ဖြစ်သည့်အတွက် ကောင်းသည့် အရာများ အကုန်လုံးအား သူကိုယ်တိုင် အတွက်သည သိမ်းထားသည် ဆိုခြင်းဖြင့် ရဲ့ရှင်းချန်အား အပြစ်မတင်တော့ပါချေ။
"ခင်ဗျားတို့ ဒီအထပ်မှာ အိပ်လို့ရမလား တစ်ခုခု လိုအပ်ရင် ကျွန်တော့်ကို ပြောပါ"
ရဲ့ရှင်းချန်မှ ကျောက်ဟောင်အား ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ ထို့နောက် တတိယထပ်မှ အိပ်ခန်းမကြီး၏ တံခါးအား ဖွင့်ပေးလိုက်တော့သည်။
ကျောက်ဟောင်သည် အထူးစွမ်းအား တစ်ခု နိုးထလာပြီ ဆိုသည်အား သိပြီး နောက်ပိုင်း ထိုစွမ်းအားသည်လည်း လက်တွေ့အသုံးဝင်သည့် စွမ်းအား ဖြစ်နေသည့် အတွက် ရဲ့ရှင်းချန်မှ ကျောက်ဟောင်အား အိမ်မှာသာ ထားချင်နေခြင်း ဖြစ်သည်။ ထိုမှသာလျှင် အချိန်မရွေး အသုံးပြု၍ ရမည် မဟုတ်ပါလား? ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျောက်ဟောင်သည် ဓားကာဖို့ရန် အတွက် အကောင်းဆုံး ကိရိယာလေး မဟုတ်ပါလား။
ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား နေခိုင်းချင်သည့်တိုင် လီအန်းရန်ဆိုသည် ထိုမိန်းမကိုမူ တစ်နေ့လုံး သူ၏ မျက်စိရှေ့တွင် သွားလာလှုပ်ရှားနေတာမျိုး မလိုချင်ခဲ့ချေ။ ထို့တိုင် လတ်တလော အခြေအနေများအရ သူ့တွင် ရွေးချယ်စရာ မရှိသေးချေ။ မည်သို့ပင် ဖြစ်စေ ယခုလို ပြည့်စုံလှဿည့် အကာအကွယ် ဒိုင်းလေးနှင့် ဆက်ဆံရေး မပျက်စီးချင်သေးချေ။
သို့သော် ဤသည်မှာ ယာယီသာ ဖြစ်သည်။ ရဲ့ရှင်းချန်မှ လီအန်းရန်အား အနှေးနဲ့အမြန် သတ်ပစ်မည်သာ ဖြစ်သည်။ မဟုတ်လျှင် ထိုလောက်ကြီးမားသည့် အချိန်ကိုက်ဗုံးကြီး ဤနေရာတွက် ရှိနေခြင်းအား သူ စိတ်ချနိုင်လိမ့်မည် မဟုတ်ချေ။
"မဟုတ်တာ အစ်ကိုကျောက်ရယ် ကမ္ဘာပျက်ကပ်ကြီးက ခက်ခဲ ကြမ်းတမ်းပါတယ် ကျွန်တော်တို့ အချင်းချင်း ကူညီကြရမှာပေါ့ အစ်ကို ဒီမှာရှိနေတော့ ကျွန်တော် ပိုပြီး စိတ်အေးရတာပေါ့"