← Chapters

အခန်း ၁၂၃

Vol. 9 Ch. 123

အခန်း ၁၂၃

Vol. 9 Ch. 123

အခန်း (၁၂၃)

"ပြောရခက်တယ် ဘာပဲဖြစ်ဖြစ် ကြည့်လေ ရဲ့ရှင်းချန်က ငါတို့ကို ဒီမှာ အရင်စောင့်နေဖို့နဲ့ ဒေါက်တာလင်းကို ခေါ်လာပြီး ကုသပေးမယ်လို့ ပြောခဲ့တာပဲ ဒါပေမဲ့ ကြည့်စမ်း တစ်ရက်နဲ့ တစ်ညတောင် ရှိနေပြီ အစားအစာတွေ လာပေးတာကလွဲရင် သူ ငါတို့ကို ဂရုစိုက်ဖူးလို့လား"

"ဟုတ်တယ် သူက ဒေါက်တာလင်းကို ခေါ်လာမယ်လို့ ပြောပေမဲ့ တစ်ရက်နဲ့တစ်ညတောင် ကြာနေပြီ ဘာလို့လဲ ဒီလမ်းက လျှောက်ဖို့ အဲဒီလောက်တောင် ကြာလို့လား"

"ရဲ့ရှင်းချန်က ကြိုသိနေတယ်လို့ မင်းတို့ ထင်လား သူက ငါတို့ကို ကယ်ဖို့ လုံးဝ ရည်ရွယ်ချက်မရှိဘူးလေ"

"သူက ငါတို့ကို အစားအစာတွေ ပေးပြီး ဒီမှာ စောင့်ခိုင်း ထားတာလေ အဲဒါက ငါတို့ကို ဒီမှာ သေဖို့ စောင့်နေခိုင်းတဲ့ သဘောလား"

ရုတ်တရက် ကျန်နေသည့် ရှစ်ယောက်လုံးသည် ထူးဆန်းလှသည့် တိတ်ဆိတ်မှု အတွင်းသို့ ကျရောက်သွားခဲ့တော့သည်။

"အဲဒီလိုတော့ မဖြစ်သင့်ပါဘူး အစ်ကိုရဲ့က ပုံမှန်ဆို တော်တော်လေး သဘောကောင်းတာ မဟုတ်ဘူးလား သူက ငါတို့ကို ဘယ်လိုလုပ် လျစ်လျူ ရှုထားမှာလဲ"

"အစ်ကိုကျောက်က ဒဏ်ရာ အရမ်းပြင်းထန်လို့ အခုထိ ကုလို့ မပြီးသေးတာများလား"

"မင်း ဘာတွေပြောနေတာလဲ ဘာလို့လဲ ဟုတ်လား ကျောက်ဟောင်က လူဆိုရင် ငါတို့ကကော လူမဟုတ်ဘူးလား ဘာလို့ ရဲ့ရှင်းချန်က ကျောက်ဟောင်ကိုပဲ ကယ်ပြီး ငါတို့ကို လုံးဝ ဂရုမစိုက်တာလဲ ခုနကသာ ငါတို့ မြန်မြန် မပြေးခဲ့ရင် ငါတို့လည်း အသက် ဆုံးရှုံးသွားနိုင်တယ် ဒါတောင် မင်းက သူ့ဘက်ကနေ ပြောပေးနေတုန်းပဲ"

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ ဒီမှာပဲ ဆက်စောင့်နေမလား ဒါမှမဟုတ် အိမ်ပြန်ကြမလား"

"တကယ်လို့ သူက ဒေါက်တာလင်းကို တကယ် ခေါ်လာပြီး ငါတို့အကုန်လုံး ထွက်သွားပြီဆိုတာ သိရင်ကော သူ ငါတို့ကို ဆက်မကုပေးဘဲ နေမှာလား"

"ဘယ်သူသိမှာလဲ ဘာပဲဖြစ်ဖြစ် ငါတော့ မနေတော့ဘူး ငါ့ကိုယ်ပေါ်က ဒဏ်ရာတွေက မကြီးပါဘူး နည်းနည်းလေးပါ ငါ ကူးစက်ခံရလိမ့်မယ်လို့ မယုံဘူး မင်းတို့ နေချင်ရင်တော့ မင်းတို့သဘောပဲ"

သူတို့ ခန့်မှန်းချက်များသည် မှန်ကန်လှပေသည်။ ရဲ့ရှင်းချန်သည် စောင့်ကြည့် ကင်မရာအား ဖွင့်ကြည့်လိုက်ချိန်တွင် အိမ်ရာဝင်း ဝင်ပေါက်မှ အခြေအနေများအား တွေ့လိုက်ရပြီးနောက် မျက်မှောင် ကြုတ်လိုက် မိလေသည်။

လင်းစစ်ကျား ပြောသည်မှာ မှန်ပုံရပေသည်။ ဤသည်မှာ ရိုးရှင်းလှသည့် ပရီယွန် ဗိုင်းရပ်စ် မဟုတ်ပါပဲ ပရီယွန် ဗိုင်းရပ်စ်နှင့် တခြား ဗိုင်းရပ်စ်များ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာသည့် ဗိုင်းရပ်စ်အသစ် တစ်မျိုး ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ပရီယွန် ဗိုင်းရပ်စ် ကူးစက်ခံရသည့် သူများသည် ရုတ်တရက် စိုးရိမ်ပူပန်ပြီး ဒေါသကြီးလာခြင်းလောက်သာ ရှိသော်လည်း ဒဏ်ရာမှ တစ်ဆင့် မကူးစက်နိုင်ချေ။ လက်ရှိ အခြေအနေသည် ဒဏ်ရာမှ တစ်ဆင့် ကူးစက်ခြင်းမျိုးဆိုသည်မှာ သိသာလှပေသည်။

ရဲ့ရှင်းချန်သည် သူတို့အား ကယ်တင်ရန် အမှန်တကယ် ရည်ရွယ်ချက် မရှိခဲ့ချေ။ အခုလိုအချိန်မျိုးတွင် ဆေးဝါးများသည် အလွန် အဖိုးတန်ပေသည်။ ထို့အပြင် သူတို့သည် မည်ကဲ့သို့သော ဗိုင်းရပ်စ်မျိုး ကူးစက်ခံ ထားရသည် ဆိုသည်ကိုမူ သူလည်း သေချာ မသိချေ။

ဆေးပေးနိုင်လျှင်ပင် မည်သည့် ဆေးသုံးရမည် ဆိုသည်ကိုမူ မသိကြပေ။ ထိုဗိုင်းရပ်စ်မျိုးအား အရင်အချိန်များတွင် တစ်ကြိမ် တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထိုသို့ ဆိုလျှင် သူတို့အား မည်ကဲ့သို့ ကယ်နိုင်လိမ့်မည်နည်း။

သည့်အပြင် ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား အမှန်တကယ် ခေါ်သွားပြီး သူတို့အား တစ်ယောက်ချင်းစီ ပတ်တီး စည်းပေးမည် ဆိုလျှင်ပင် သူတို့သည်လည်း ဟိုလူများကဲ့သို့ ရုတ်တရက် ရူးသွပ်သွားကာ လင်းစစ်ကျားအား ထိခိုက်အောင် လုပ်နိုင်သေးပေသည်။ ထိုသို့ဆိုလျှင် သူသည် သူ့၏ ကိုယ်ပိုင်ဆရာဝန်အား ဆုံးရှုံးရလိမ့်မည် ဖြစ်သည်။

‘အခုအချိန်မှာတော့ မဖြစ်ဘူး အနည်းဆုံးတော့ လင်းစစ်ကျားထက် ပိုတော်တဲ့ တခြားဆရာဝန်တစ်ယောက်ကို မတွေ့မချင်း လင်းစစ်ကျားကို ဘာအန္တရာယ်မှ အကျရောက်ခံလို့ မရဘူး’

"မင်း ဘယ်လိုထင်လဲ"

ရဲ့ရှင်းချန်သည် ဖန်သားပြင်အား ကြည့်နေရင်းဖြင့် သူ့အတွက် ပန်းသီး အခွံနွှာ ပေးနေသည့် လင်းစစ်ကျားဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ပြောရခက်တယ် ဒါပေမဲ့ အခုကြည့်ရတာ သူတို့ရဲ့ ဗိုင်းရပ်စ်က ကူးစက်တတ်ပုံရတယ်"

"အစ်ကိုကျောက်ကတော့ ဘာမှမဖြစ်ဘူး သူ့စွမ်းအားကြောင့် ဖြစ်နိုင်တယ်"

"သူတို့က အိမ်ပြန်ဖို့ ပြင်နေကြပုံပဲ ရှင့်မှာ ဘာအစီအစဉ် ရှိလဲ ဗိုင်းရပ်စ် ဘယ်လောက် များများ စုပုံလာမှ ရောဂါလက္ခဏာ ပြမလဲဆိုတာကို ကျွန်မတို့ မသိသေးဘူး ကူးစက်ခံရတာက သူတို့ရဲ့ ဒဏ်ရာ အရွယ်အစား ဒါမှမဟုတ် သူတို့ ဒဏ်ရာရခဲ့တဲ့ ပုံစံနဲ့ သက်ဆိုင်မှု ရှိမရှိဆိုတာကိုလည်း ကျွန်မတို့ မသိဘူး"

လင်းစစ်ကျားသည် အနည်းငယ် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သံတံခါး၏ အပြင်ဘက်တွက် ပိတ်မိနေသည့် လူအချို့သည် အစားခံလိုက်ရတာကို သူမ တွေ့လိုက်ရလေသည်။ ရဲ့ရှင်းချန်မှ မြင်ကွင်းအား မချဲ့ခဲ့သည့်တိုင် မြင်ကွင်းသည် မည်မျှ ကြောက်စရာကောင်းကာ သွေးထွက်သံယို ဖြစ်နေမည် ဆိုသညအား သူမ တွေးကြည့်လို့ရပေသည်။

အခွံနွှာထားတဲ့ ပန်းသီးတစ်လုံးအား လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ ပါးစပ်ထဲ ထိုးထည့် ပေးလိုက်လေသည်။ သူမကိုယ်တိုင်သည်လည်း စားချင်နေသည့်တိုင် ထိုမြင်ကွင်းအား မြင်လိုက်ရသဖြင့် ရုတ်တရက် မစားချင်တော့ချေ။

"သူတို့ အိမ်ပြန်သွားရင် တခြားသူတွေကိုပါ ထိခိုက်စေနိုင်မလား သူတို့ ကူးစက်ခံရပြီး မျိုးဗီဇ ပြောင်းသွားရင်ကော"

"အိမ်ရာဝင်း တစ်ခုလုံးကို တဖြည်းဖြည်း ကူးစက်သွားမလား"

ရဲ့ရှင်းချန် မျက်ခုံးပင့်လိုက်မိသည်။ သူသည်လည်း ထိုသို့ တွေးမိလေသည်။ မည်သို့ပင် ဖြစ်စေ ဒဏ်ရာမှ တစ်ဆင့် ကူးစက်နိုင်သည် ဆိုလျှင် သူ၏ အရင်ခန့်မှန်းချက်များ မှန်ကန်သည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ မျိုးဗီဇပြောင်းသွားသည့် လူများ၏ ခန္ဓာကိုယ် အရည်များသည်လည်း ကူးစက်နိုင်စွမ်း ရှိကောင်းရှိနိုင်ပေသည်။

ထိုကူးစက်ခံရသည့် လူများသည် မျိုးဗီဇပြောင်းနေသည့် လူများ၏ အကိုက်ခံရတာ ဟုတ်မဟုတ်ဆိုတာအား ရဲ့ရှင်းချန် သေချာမသိချေ။ ထိုလူများသည် မျိုးဗီဇပြောင်းနေသည့် လူများ၏ တံတွေးများ ဒဏ်ရာထဲ ဝင်သွား၍များ မျိုးဗီဇ ပြောင်းသွား ၍လား ဆိုသည်အား သူ မသိပါချေ။ ဝင်ပေါက်တွင် ကျန်နေသည့် ရှစ်ယောက်တွင် ဒဏ်ရာ သိပ်မနက်၍ မျိုးဗီဇ မပြောင်းခြင်း ဖြစ်သည်လားဆိုတာကိုလည်း သူ မသိပါချေ။

‘သူတို့လည်း မျိုးဗီဇ ပြောင်းသွားနိုင်တာပဲလား ဒါပေမဲ့ မျိုးဗီဇပြောင်းလဲဖို့ သူတို့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ် အလုံအလောက် မရှိသေးလို့လား’

ရဲ့ရှင်းချန်၏ ရင်ထဲမှာ ခန့်မှန်းချက်များ မျိုးစုံ ရှိနေသော်လည်း ထိုလူများသည် အပြင်တွင်သာ သေသွားသည်မှာ ပို၍ ကောင်းလှပေလိမ့်မည်ဟု သူ ခံစားနေရခြင်း ဖြစ်သည်။

ထိုလူအနည်းငယ်သည် ယောက်ျားများသာ ဖြစ်နေသည်မှာမူ နှမြောစရာပင် ဖြစ်သည်။ သူတို့သည်လည်း အင်အားပြည့်ဝလှသည့် အရွယ်များသာ ဖြစ်နေသည် မဟုတ်ပါလား။ သူတို့ သေသွားခဲ့လျှင် ခွန်အားကြီးမားသော ယောက်ျား ဆယ်ယောက်ကျော် ဆုံးရှုံးသွားမည် ဖြစ်သည်။

ထို့တိုင် ဗိုင်းရပ်စ် ပြန့်ပွားခြင်းကိုမူ သူ လုံးဝ ခွင့်ပြု၍ မရချေ။ သို့သော် ရဲ့ရှင်းချန်သည် လူတိုင်းအားလည်း မထိတ်လန့်စေချင်ခဲ့ပေ။ သူ့ဖုန်းအား ထုတ်ပြီးနောက် ရဲ့ရှင်းချန်သည် ဂရု ချက်အား ဖွင့်လိုက်လေသည်။

"အားလုံးပဲ ဂရုစိုက်ကြပါ ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့အိမ်ရာဝင်းကို တိုက်ခိုက်ခဲ့တဲ့ လူအုပ်စုဆီမှာ အရမ်း ကူးစက်မြန်တဲ့ ဗိုင်းရပ်စ် တစ်မျိုး ရှိနေတယ်ဆိုတာကို ဒေါက်တာလင်းနဲ့ ကျွန်တော် တွေ့ရှိခဲ့ပါတယ် ဒီဗိုင်းရပ်စ်က ဒဏ်ရာတွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ် အစ်ကိုကျောက်က ဒဏ်ရာအပြင်းထန်ဆုံးသူပါ အခု ဒေါက်တာလင်းနဲ့ ကျွန်တော်က အစ်ကိုကျောက်ရဲ့ အခြေအနေကို တည်ငြိမ်အောင် လုပ်ပေးနိုင်ခဲ့ပါပြီ"

ထို့နောက် ရဲ့ရှင်းချန်သည် ဂရု ချက် ထဲတွင် အထူး စကားတစ်ခွန်း ထပ်ဖြည့်၍ ရေးလိုက်ပြန်သည်။

"အိမ်ရာဝင်း ဝင်ပေါက်မှာ စောင့်နေတဲ့သူတွေ ကျေးဇူးပြုပြီး ခဏလောက် ထပ်စောင့်ပေးကြပါ ဒေါက်တာလင်းက အခု ဆေးဖော်စပ်နေပါတယ် အားလုံး မထိတ်လန့်ကြဘဲ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါ ခွင့်ပြုချက်မရှိဘဲ ထွက်သွားပြီး အများကြီး ကူးစက်မှုတွေ ဖြစ်လာရင်တော့ မင်းတို့ကိုယ်တိုင် တာဝန်ယူရလိမ့်မယ်"

လင်းစစ်ကျားအား ဆေးဖော်စပ်ဖို့ရန် ရဲ့ရှင်းချန် အမှန်တကယ် မလိုလားချေ။ မည်သို့ပင် ဖြစ်စေ လင်းစစ်ကျားတွင် မည်သည့် သဲလွန်စမှ မရှိခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။ လူတိုင်းအား ဗိုင်းရပ်စ် ကူးစက် တတ်တသည် ဆိုသည်အား သိစေချင်ရုံသာ ဖြစ်သည်။ ထိုမှသာ အိမ်ပြန်ချင်သည့် သူများအား လူတိုင်းမှ ကြီးကြပ်ပေးနိုင်မည် ဖြစ်သည်။

"ငါ သိသားပဲ ဂရု ချက် ကို ကြည့်လိုက်ဦး အစ်ကိုရဲ့က ငါတို့ကို ပစ်ထားမှာ မဟုတ်ဘူးလို့ ငါ ပြောသားပဲ"

ခုနလေးတင် ထွက်သွားချင်နေသည့် လီချန်မှ ဖုန်းအား ကြည့်ကာ အော်ဟစ် လိုက်လေသည်။ ပထမဆုံးနေ့ လူငါးယောက်စာ ဆုကြေးရကတည်းမှ ရဲ့ရှင်းချန်သည် သူ့အား တစ်ခါမှ မပြောခဲ့သော်လည်း ရဲ့ရှင်းချန်၏ နောက်သို့ သူ အစွမ်းကုန် လိုက်နေခဲ့ခြင်း ဖြစ်သည်။

"ဟုတ်လို့လား ရဲ့ရှင်းချန်က ဆေးဖော်စပ်နေတယ်လို့ တကယ် ပြောတာလား ဒေါက်တာလင်းက တကယ် ဖော်စပ်နိုင်ပါ့မလား ငါတော့ မသေချင်သေးဘူး"

"ငါ့ဖုန်း အားကုန်နေပြီ သူ ဘာပြောထားလဲ ပြစမ်း"

"ရဲ့ရှင်းချန်က တကယ်ပဲ ဆေးဖော်စပ်နေတာလား ဒါမှမဟုတ် ငါတို့ကို ဒီမှာပဲ နေစေချင်လို့ ပြောတာလား ဒီလောက် ကြာနေပြီ သူ ဒေါက်တာလင်းကို ခေါ်လာပြီး ငါတို့ကို လာမကြည့်သေးဘူး"

"ဖူး အစ်ကိုရဲ့ကို ဒီလိုမျိုး မပြောနဲ့ အစ်ကိုရဲ့က ငါတို့အပေါ် အရမ်းကောင်းတာ"

All Chapters