အခန်း ၁၂၅
Vol. 9 Ch. 125
အခန်း (၁၂၅) ထူးခြားချက်
ပြောင်းလဲသွားသည့် လူငါးယောက်လုံးသည် မျိုးဗီဇ ပြောင်းသွားသူများ၏ အကိုက်ခံရခြင်း ဟုတ်မဟုတ်ဆိုသည်ကိုလည်း ရဲ့ရှင်းချန် မသိသော်လည်း အိမ်ရာဝင်း အတွင်း နေထိုင်သူများ၏ ဂရု ချက် ထဲသို့ စာတစ်စောင် ပို့လိုက်လေသည်။
"အိမ်ရာဝင်းထဲကို မျိုးဗီဇ ပြောင်းသွားသူတွေ ကျူးကျော် ဝင်ရောက်လာကြပြီ တံခါးတွေ မဖွင့်ကြနဲ့ တံခါးတွေ ပြတင်းပေါက်တွေကို သေချာ သော့ခတ်ထားဖို့ မမေ့နဲ့"
ရဲ့ရှင်းချန်၏ စကားကြောင့် ဂရု ချက် ထဲတွင် ဆူညံ သွားလေတော့သည်။
"ဘာ ဘာ မျိုးဗီဇပြောင်းသွားသူလဲ"
"ဘုရားရေ အရင်က ငါတို့ပြောနေကြတဲ့ ဇွန်ဘီတွေဆိုတာ အတည်ကြီးတော့ မဟုတ်လောက်ပါဘူးနော်"
"အတည်ကြီးဟ လွန်ခဲ့တဲ့ နှစ်ရက်က ငါ့ချန်ဇီ အိမ်ရာဝင်း တံခါးဝကို သွားသေးတယ် ကံကောင်းလို့ ငါ့ချန်ဇီက သတိထားနေလို့ပေါ့ မဟုတ်ရင် သူ ပြန်လာနိုင်မှာတောင် မဟုတ်ဘူး"
"ဘာ မျိုးဗီဇပြောင်းသွားသူတွေလဲ တံခါးဝက လူတွေ အဆင်ပြေကြရဲ့လား"
"ဘုရားရေ အရမ်း ကြောက်စရာကောင်းတာပဲ ငါ အပြင်မထွက်ချင်တော့ဘူး ဘာလို့ အပြင်မှာ မျိုးဗီဇပြောင်းသွားသူတွေ ရှိနေရတာလဲ"
"ဒီကမ္ဘာကြီးက ကောင်းနိုင်ပါဦးမလား ကမ္ဘာပျက်ကပ်ကြီး ရောက်လာတာများလား"
ထိုအချိန်မှာပင် ရဲ့ရှင်းချန်မှ ထပ်မံ၍ စာရိုက်ပို့လိုက်ပြန်သည်။
"ကံမကောင်းစွာနဲ့ပဲ ခုနက ငါပြောတဲ့ မျိုးဗီဇ ပြောင်းသွားသူတွေ ဆိုတာ တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး သူတို့ဆီကနေ ကူးစက်ခံလိုက်ရတဲ့ ငါတို့ရဲ့ မိတ်ဆွေတွေပါပဲ"
"ဒါကြောင့် အားလုံးပဲ တံခါးတွေ ပြတင်းပေါက်တွေကို သော့ခတ်ထားဖို့ မမေ့ကြပါနဲ့ မျိုးဗီဇပြောင်းသွားသူတွေက ငါတို့ အိမ်ရာဝင်းထဲမှာ လှည့်လည် သွားလာနေကြပြီ ငါ့ညွှန်ကြားချက်ကို နားမထောင်ရင်တော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကိုယ့်ဘာသာ တာဝန်ယူရလိမ့်မယ်"
ရဲ့ရှင်းချန်မှ သူ့ကိုယ်ပိုင် အိမ်ရာဝင်းထဲတွင် ယခုလိုမျိုး ဗီဇပြောင်းသွားသည့် ဘီလူးအုပ်ကြီးအား ဆက်မထားချင်ပေ။ အကယ်၍ သူတို့သည် အပြင်သို့ ပြေးထွက်လာပြီး သူ့အား ကိုက်လိုက်လျှင် အကျိုးထက် အပြစ်က ပိုများသွားမည် မဟုတ်ပါလား။
"ရှောင်ကျားက ကုသနိုင်မယ့်ဆေး မဖော်စပ်နိုင်သေးဘူး ဒါပေမယ့် ကြည့်ရတာ ရှောင်ကျား ဆေးဖော်စပ်နိုင်တဲ့ အထိ သူတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး နှမြောစရာပဲ"
နှမြောစရာတော့ မဟုတ်ချေ။ ရဲ့ရှင်းချန်သည် အပြင်ထွက်၍ သူတို့အား ထပ်မံ၍ ရှင်းလင်းပစ်ရမည်အား အနည်ငယ် အလုပ်ရှုပ်သည်ဟု ခံစားနေရုံသာ ဖြစ်သည်။ မည်သို့ဆိုစေ အနီးအနားတွင် အရင်းအမြစ်များသည်လည်း သိပ်မကျန်တော့ပါချေ။ ရှိနေလျှင်ပင် နည်းနည်းလေးသာ ကျန်ရှိနေခြင်း ဖြစ်ပေသည်။ ထိုအရာများ အတွက် သူ အထူးတလည် သွားယူရန် မထိုက်တန်တော့ချေ။
"ဟူး ထားလိုက်ပါတော့ အပြင်ကို ခဏလောက် ထွက်လိုက်ပါဦးမယ် ငါက သိပ်ကို သဘောကောင်းလွန်းပါတယ်လေ"
ရဲ့ရှင်းချန်သည် ချက်ချင်းပင် အပြင်ထွက် လာခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူနှစ်ယောက်၏ တစ်ဝက်လောက်အား စားပြီးနေပြီ ဆိုသည်အား စောင့်ကြည့်ကင်မရာမှ နေတစ်ဆင့် သူ မြင်လိုက်ရလို့ပင် ဖြစ်သည်။ မြန်မြန် မသွားရင် သူတို့ စားလို့ပြီးသွားပြီး ဖြစ်ရာ မည်သည့် နေရာသို့ ထွက်ပြေးသွားသည် ဆိုသည်အား ဘုရားမှသာ သိပေလိမ့်မည်။
"သွားရအောင် မိုချီ အပြင်ထွက်ကြမယ်"
ရဲ့ရှင်းချန်မှ သူ၏ ခဲယမ်းများအား အလဟဿ မဖြုန်းတီးချင်ပေ။ စဉ်းစားကြည့်လိုက်ချိန်တွင် မိုချီသည် အလွန် အသုံးဝင်သည် ဆိုသည်အား ရဲ့ရှင်းချန် ရုတ်တရက် ခံစားလိုက်ရတော့သည်။ သူမအး အစားအစာ နည်းနည်းလေး ပေးလိုက်သည်နှင့် သူ့၏ လက်နက်အဖြစ် အသုံးချလို့ ရနေပြီ ဖြစ်သည်။ သူမ၏ လက်နက်သည် ကျည်ဆန်များ အပြည့်ရှိနေသည့် သူ့၏ ဂိုဒေါင်ထက်တောင် ပိုကောင်းနေသေးသည်။
အဝတ်အစားများ သေချာ ဝတ်ဆင် ပြီးနောက် ရဲ့ရှင်းချန်သည် ခါးကြားတွ၍် သေနတ်နှစ်လက် ထိုးလိုက်လေသည်။ မိုချီသည် အလွန် အသုံးဝင်သည့်တိုင် အချိန်မီ မတုံ့ပြန်နိုင်လျှင် ထိခိုက်ဒဏ်ရာ ရသွားမည်ကိုလည်း ရဲ့ရှင်းချန် စိုးရိမ်နေမိခြင်း ဖြစ်သည်။
ခေါင်းအစ ခြေအဆုံး လက်နက် တပ်ဆင်ပြီးမှသာ ရဲ့ရှင်းချန် စိတ်အေးလက်အေးဖြင့် အပြင်သို့ ထွက်လာခဲ့တော့သည်။ နှင်းလျှောစီး ဆိုင်ကယ်သည် ဝှီးခနဲ ဖြတ်ပြေးလာသံအား လင်းဖေး ကြားလိုက်ရချိန်တွင် နတ်ဘုရား ၏ ခေါ်သံလိုပင် ခံစားလိုက်ရတော့သည်။
သူသည် အလှစိုက်သစ်ပင်၏ သစ်ကိုင်းများနှင့် သစ်ရွက်များအား လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့ကာ မတော်တဆ ပြုတ်ကျသွားမှာကိုလည်း ကြောက်နေမိလေသည်။ သူ အကြာကြီး မတောင့်ခံနိုင်တော့ပါချေ။ သူ၏ လက်များသည် တုန်ရီနေပြီ ဖြစ်ပြီး ခြေထောက်များသည်လည်း အားပျော့လာနေပြီ ဖြစ်သည်။ ထိုအချိန်လေး အတွင်းမှာပင် ရဲ့ရှင်းချန် ရောက်ရှိလာခဲ့သည်။
မိုချီသည် လက်အိတ်စွပ်အား ချွတ်လိုက်လေရာ သူမ၏ လက်ချောင်းထိပ်လေးများမှ အလင်းရောင်ဖျော့ဖျော့ ခရမ်းရောင် လျှပ်စီးတန်းတစ်ခု ပစ်ထွက်သွားပြီးနောက် ရူးသွပ်နေပုံရသည့် ဘီလူးများအား ထိမှန်သွားခဲ့သည်။ ရဲ့ရှင်းချန်သည် ပြီးခဲ့သည့် တစ်ခေါက်တွင် သူတို့၏ အားနည်းချက်များအား မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
ထို ဇွန်ဘီ ဟု ခေါ်တွင်ရမည့် မျိုးရိုးဗီဇ ပြောင်းလဲသူများ၏ အားနည်းချက်မှာ သူ ထင်မှတ်ထားသကဲ့သို့ ဦးခေါင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဦးခေါင်းအား ဖြတ်လိုက် ပြီးနောက်တွင်ပင် သူတို့၏ ခန္ဓာကိုယ်များသည် သူ့အလိုလို ဆက်လျှောက် နေနိုင်သေးပေသည်။
သို့သော် မိုချီ၏ စွမ်းအားကိုမူ သူတို့ မခုခံနိုင်ကြချေ။ လျှပ်စီးဘောလုံး တစ်လုံးသည် သူတို့ထဲမှ အများအပြားအား မီးသွေးခဲများ အဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
"မဆိုးဘူး ဒီည မင်းအတွက် အစားအစာ တစ်နပ် အပိုဆုချမယ်"
ရဲ့ရှင်းချန်သည် မိုချီ၏ ခေါင်းလေးအား ချီးကျူးသည့် အနေဖြင့် ပွတ်သပ်ပေးလိုက်လေသည်။ အိမ်ရာဝင်းထဲမှ ပြဿနာများ ပြေလည်သွားပြီ ဖြစ်သည့် အတွက် အိမ်ရာဝင်း အပြင်ဘက်မှ အမှိုက်များအား ရှင်းလင်းရမည့် အချိန် ရောက်ရှိလို့ လာခဲ့ပြီ ဖြစ်သည်။
ရဲ့ရှင်းချန် အနည်းငယ် စိတ်ရှုပ်သွားခဲ့လေသည်။ အပြင်ဘက်တွင် မျိုးဗီဇပြောင်းနေသည့် လူများသည် သွေးတွေ ပေကျံနေလျှက် ရှိကာ တံခါးအား ထုနေသည့်အတွက် တံခါးအား သူ မဖွင့်ချင်ပေ။
အခုချိန်သာ ရဲ့ရှင်းချန်မှ တံခါးသွား ဖွင့်လိုက်လျှင် သူတို့ ဝင်တိုက်ခိုင်ခြင်းအား ခံရပြီး သူ၏ အဝတ်အစားများ ညစ်ပတ် သွားလိမ့်မည်မှာ သေချာလှပေသည်။ ထိုသည်မှာ အလွန် ညစ်ပတ် လွန်းလှသည်။ ရဲ့ရှင်းချန် အတွက် သည်းမခံနိုင်သည့် အရာမျိုး ဖြစ်သည်။ ရုတ်တရက် ရဲ့ရှင်းချန်သည် သူတို့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည့် လင်းဖေးဘက်သို့ ခေါင်းလှည့်လိုက်လေသည်။
"ဟေ့လူ အောက်ဆင်းခဲ့"
ရဲ့ရှင်းချန်မှ သူ့အား ခေါ်နေသည် ဆိုသည်အား သိရန် အတွက် လင်းဖေးမှာ စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းသွားခဲ့ရသည်။ စိတ်လှုပ်ရှားမှု ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများသည် ဒီရေလှိုင်းများ ကဲ့သို့ ဆောင့်တက်လာခဲ့တော့သည်။
လင်းဖေး၏ လက်များ ရုတ်တရက် အားအင်တွေ ကုန်ခမ်းသွားတော့သည်။ သူ၏ လက်များ ပြေလျော့သွားပြီးနောက် တစ်ကိုယ်လုံး သစ်ပင်ပေါ်မှနေ ပြုတ်ကျလာခဲ့ကာ အောက်ဘက်တွင် ထူထပ်နေသည့် ဆီးနှင်းများ ထဲသို့ နစ်ဝင်သွားတော့သည်။
လင်းဖေးမှ အော်ဟစ် ငိုယိုလိုက်သည့်တိုင် ရဲ့ရှင်းချန်သည် သူ၏ အသက်အား ကယ်တင်ပေးခဲ့သည့် အတွက် ကျေးဇူးတင်စကား ပြောရန် လေးဘက်ထောက် မတွားသွားနိုင်ခင်မှာပင် ရဲ့ရှင်းချန်မှ ရုတ်တရက် စကားပြောလာခဲ့သည်။
"ပါးစပ်ပိတ်ထား မငိုနဲ့ ငါ့အတွက် အလုပ်တစ်ခု သွားလုပ်ပေး"
ရဲ့ရှင်းချန်သည် ဆီးနှင်းတွေထဲ မှနေ၍ ရုန်းကန်ထွက်လာသည့် လူအား တစ်ချက် ကြည့်လိုက်သည်။
"အိမ်ရာဝင်း တံခါးကို သွားဖွင့်လိုက်"
လင်းဖေး သည် ရဲ့ရှင်းချန်၏ စကားအား ကြားလိုက်ရချိန်တွင် တစ်ခဏမျှ ကြောင်အမ်းသွားခဲ့ရသည်။ သူသည် နောက်ကို တစ်လှမ်း ဆုတ်လိုက်မိပြီး ထွက်ပြေးဖို့ အတွက် အလိုအလျောက် လှည့်ထွက် သွားလုမတတ် ဖြစ်သွားခဲ့ရသည်။
သို့သော် အစောပိုင်းတွင် ရဲ့ရှင်းချန်၏ ရဲစွမ်းသတ္တိအား သူ ရုတ်တရက် သတိရလိုက်မိသည်။ မျိုးဗီဇ ပြောင်းသွားသည့် ထို ငါးယောက်လုံးအား ရှင်းလင်းပစ်ဖို့ရန် ရဲ့ရှင်းချန်သည် လှုပ်ရှားမှု တစ်ခုတည်းကိုသာ အသုံးပြုခဲ့ပုံ ပေါ်လေသည်။
ရဲ့ရှင်းချန် တစ်ယောက်တည်းဖြင့် အပြင်ဘက်မှ ထို လူ အများကြီးအား ရှင်းလင်းပစ်နိုင်လောက်သည်လား သူလည်း သေချာမသိသည့်တိုင် ဘာကြောင့်မှန်း မသိသော်လည်း လင်းဖေးသည် ရဲ့ရှင်းချန်အား ရုတ်တရက် ယုံကြည်သွားမိလေသည်။
သူ၏ ခြေထောက်များ တုန်ရီနေလျှက် ရှိကာ ဝင်ပေါက်ဘေးသို့ သတိကြီးစွာဖြင့် လျှောက်သွား လိုက်လေသည်။ ထို့နောက် အံကြိတ်ကာ တံခါးအား ဆွဲဖွင့် လိုက်လေတော့သည်။
ချက်ချင်းဆိုသလိုပင် မူလတွင် တံခါးအား ထုနေသည့် မျိုးဗီဇပြောင်းနေသူ အနည်းငယ်သည် တံခါးဖွင့်လိုက်သဖြင့် အရှိန်လွန်ပြီး မြေကြီးပေါ် လဲကျသွားကြကုန်လေသည်။
လင်းဖေး မတုံ့ပြန်နိုင်သေးခင်မှာပင် မိုချီသည် လက်အား မြှောက်လိုက်ပြီးနောက် သူမ၏ လက်ချောင်းထိပ်လေးများမှ လျှပ်စီးတန်းများ ပစ်လွှတ်လိုက်တော့သည်။
"အား"
လင်းဖေးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိပြီး သူ၏ ရှေ့သို့ လဲကျလာသော မီးသွေးခဲအဖြစ် ပြောင်းလဲသွားပြီးဖြစ်သည့် အရာအား ခြေထောက်ဖြင့် ကန်ထုတ်လိုက်မိသည်။
"ကယ်ပါဦး ကယ်ပါဦး အစ်ကိုရဲ့ ကျွန်တော့်ကို ကယ်ပါဦး"
လင်းဖေးသည် ရဲ့ရှင်းချန်ဆီသို့ လိမ့်ကာ တွားသွားကာဖြင့် ရောက်လာခဲ့သည်။ ရဲ့ရှင်းချန်သည် စတင် မမေးမြန်းခင်မှာပင် လင်းဖေးသည် သူ၏ အင်္ကျီလက်အား ပင့်တင်လိုက်လေသည်။
ကြီးမားပြီး နက်ရှိုင်းလှသည့် အကိုက်ခံထားရသည့် ဒဏ်ရာတစ်ခု ဖြစ်နေခဲ့သည်။ သူ၏ လက်မောင်းပေါ်မှ အကိုက်ခံထားရသည့် ဒဏ်ရာမှာ အနာဖေးများပင် တက်နေခဲ့ပြီ ဖြစ်သည်။ သူတို့ အထဲမှာမှ သူ့ဒဏ်ရာသည် အနက်ရှိုင်းဆုံး ဟုပင် ပြောလို့ရပေသည်။
သူ၏ လက်မောင်းအား အကိုက်ခံရုံသာမက ခြေထောက်တွင်လည်း အကိုက်ခံထားရသည့် ဒဏ်ရာများ အခြစ်ခံထားရသည့် ဒဏ်ရာများ ရှိနေပါသေးသည်။ ရဲ့ရှင်းချန်မှ လင်းဖေးအား မျက်လုံး မှေးကြည့်လိုက်မိသည်။
အလွန် ထူးဆန်းလှပေသည်။ ရဲ့ရှင်းချန် ထင်ထားသည်နှင့် ကွာခြားနေပေသည်။ ယုတ္တိအရဆိုလျှင် လင်းဖေးသည် ဒဏ်ရာရထားသည် ဆိုလျှင် သူသည်လည်း တခြားလူများကဲ့သို့ မျိုးဗီဇ ပြောင်းသွားရမည် မဟုတ်ပါလား။
ရဲ့ရှင်းချန် မသိသည်မှာ လင်းဖေး၏ ဒဏ်ရာများသည် ရေဆာတယ် ဟု အော်ဟစ်ခဲ့သည့် ပထမအုပ်စုနှင့် အတူတူပင် ဖြစ်သည်။ လင်းဖေး တစ်ယောက်တည်းသာ မျိုးဗီဇ မပြောင်းသွားခြင်း ဖြစ်လေသည်။
သူ ကူးစက်မခံရခြင်လား သို့တည်းမဟုတ် သူတို့ထက် နည်းနည်း နှေးကွေးကာ မျိုးဗီဇပြောင်းလဲရန် အချိန်မကျသေးသည်လား ဆိုတာကို ရဲ့ရှင်းချန် မသိပါချေ။
"အင်း မင်းကို ငါ သေချာပေါက် ကယ်ပေးမယ် အနားလာခဲ့"
လင်းဖေးသည် ရဲ့ရှင်းချန်ဆီသို့ ဝမ်းသာအားရဖြင့် မှီချလိုက်သော်လည်း နောက်စက္ကန့်မှာပင် သူသည် သတိလစ်အောင် အထုခံလိုက်ရပြီးနောက် ရဲ့ရှင်းချန်၏ ခေါ်ဆောင်သွားခြင်းအား ခံလိုက်ရမည်ဟု မထင်ထားခဲ့မိချေ။