← Chapters

အခန်း ၁၂၆

Vol. 9 Ch. 126

အခန်း ၁၂၆

Vol. 9 Ch. 126

အခန်း (၁၂၆) ကိုယ်ခံစွမ်းအား (၁)

ရဲ့ရှင်းချန်သည် လင်းဖေးအား သတိလစ်အောင် ထုလိုက်ပြီးနောက် ဗီလာဆီသို့ ပြန်ခေါ်လာခဲ့တော့သည်။ တံခါးထဲ ဝင်ပြီးနောက် အဝတ်အစား လဲလိုက်ကာ ပိုးအိမ်ကဲ့သို့ ရစ်ပတ် တုပ်နှောင်ခံထားရသည့် လင်းဖေးအား စတုတ္ထထပ်ဆီသို့ ရဲ့ရှင်းချန် သယ်သွားလိုက်တော့သည်။

ဤသည်မှာ လင်းစစ်ကျား လိုချင်သည့် အရာ ဖြစ်သည်။ ကျောက်ဟောင်၏ အခြေအနေသည် ထူးခြားနေသည့် အတွက် ရောဂါသည် မည်သို့ ကူးစက်သလဲ ဆိုသည်အား လင်းစစ်ကျား အခုချိန်ထိ နားမလည်နိုင်သေးချေ။

ရဲ့ရှင်းချန်မှ လင်းဖေးအား ပြန်မခေါ်လာချင်ခဲ့ပေ။ တံခါးဝမှ လူများကိုသာ ရှင်းလင်းပစ်ချင်သည့်တိုင် လင်းဖေးတွင် ဒဏ်ရာများ အများကြီး ရှိနေပြီး မျိုးဗီဇ ပြောင်းမသွားခဲ့ချေ။ ရဲ့ရှင်းချန်မှ ခဏလောက် စဉ်းစား ပြီးနောက် လင်းဖေးအား ရိုးရိုးရှင်းရှင်းသာ ပြန်ခေါ်လာခဲ့လိုက်တော့သည်။

လင်းစစ်ကျား ခွဲစိတ်လေ့လာဖို့ အတွက်သာ ဖြစ်စေ တခြား အဖြေရှာရန် နည်းလမ်း အတွက် ဖြစ်စေ အသုံးပြုနိုင်ရန် ဖြစ်ပေသည်။ မည်သို့ပင် ဖြစ်စေ အပြင်ဘက်မှ လူများသည် မျိုးဗီဇ ပြောင်းလဲ သွားကြပြီ ဖြစ်ကာ သူတို့၏ ခန္ဓာကိုယ်များသည် ထူးဆန်းလှသည့် အပုပ်နံ့များ ထွက်နေခဲ့လေသည်။ သုတေသနလုပ်ဖို့ရန် အတွက် သူတို့၏ အလောင်းများအား ရဲ့ရှင်းချန်သည် အိမ်သို ပြန်မသယ်လာချင်ခဲ့ချေ။

လင်းဖေးအား ရဲ့ရှင်းချန် ထုတ်ယူထားသည့် သံကုတင်ပေါ်တွင် ခိုင်ခိုင်မာမာ ချည်နှောင် ထားလိုက်လေသည်။ လင်းစစ်ကျား သုတေသန လုပ်ရန် လွယ်ကူစေဖို့ရန် အတွက် ရဲ့ရှင်းချန်သည် လင်းဖေး၏ အဝတ်အစားများ အားလုံးနီးပါးကို ချွတ်ပေး ထားလိုက်လေသည်။

"သတိထားနော် သူ့မှာ ဘာတွေဖြစ်နေလဲဆိုတာ ငါ မသိဘူး"

ရဲ့ရှင်းချန်သည် လင်းစစ်ကျား၏ ပခုံးအား ပုတ်လိုက်လေသည်။ လင်းဖေး မျိုးဗီဇ ပြောင်းမသွားသည်လား သို့မဟုတ် လောလောဆယ် မျိုးဗီဇ ပြောင်းမသွားသေးသည်လား ဆိုသည်ကို မည်သူမှ သေချာ မပြောနိုင်သည့်အတွက် သူတို့ သတိမလွတ်ရဲကြချေ။

လင်းစစ်ကျားသည်လည်း အလွန်ကို နားလည်မှု ရှိပေသည်။ အခန်းငယ်လေး အတွင်း မဝင်ခင် ရဲ့ရှင်းချန် ပေးသည့် ကျည်ကာအင်္ကျီအား သူမ ဝတ်ဆင်လိုက်သည်။

ဆေးဝါး ချွေတာဖို့ အတွက် ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား မေ့ဆေး လုံးဝ မပေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော ရဲ့ရှင်းချန်၏ နေရာလွတ် အတွင်း ဆေးဝါးများ အလုံအလောက် ရှိနေသည့်တိုင် ဤကဲ့သို့ သာမန်လူများ အတွက် သူ့၏ ဆေးဝါးများကို အများကြီး ဖြုန်းတီးပစ်ရန် မတန်ဟု ထင်မြင်သည့် အတွက် ဖြစ်သည်။

လင်းစစ်ကျားမှ လင်းဖေးအား လက်ပေါ်တွင် အကိုက်ခံထားရသည့် အသားတစ်တုံးလုံးအား ဓားနှင့် ဖြတ်ထုတ် လိုက်တော့သည်။ သတိမေ့နေသေးသည့် လင်းဖေးသည် ရုတ်တရက် နိုးလာခဲ့သည်။ မျိုးဗီဇ ပြောင်းသွားခြင်း မဟုတ်ဘဲ မေ့ဆေး မပါဘဲ ခွဲစိတ်ခံရသည့် လင်းစစ်ကျား၏ ဓားဒဏ်ကြောင့် နာကျင်စွာဖြင့် နိုးလာခြင်း ဖြစ်သည်။

"အား"

လင်းဖေး၏ မျက်လုံးများ ပြူးထွက်သွား ပြီးနောက် လင်းစစ်ကျားအား လန့်သွားစေခဲ့သည်။ လင်းဖေး မျိုးဗီဇပြောင်းတော့မည်ဟု သူမ ထင်လိုက်မိခြင်း ဖြစ်သည်။

လင်းဖေးသည် ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ ရုတ်တရက် ရဲ့ရှင်းချန်နှင့် မိုချီတို့ အခန်းထဲသို့ ပြေးဝင်လာခဲ့ကြလေသည်။ အမှန်တကယ် လင်းဖေးသာ အလျှင်အမြန် စကားမပြောလိုက်လျှင် သူ သေသွားလောက်ပြီ ဖြစ်သည်။

"နာတယ် ခင်ဗျားတို့ ဘာလုပ်နေတာလဲ"

လင်းဖေး၏ နဖူးတွင် ချွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ လက်ခုံတွင် လင်းစစ်ကျားမှ လှီးထုတ် လိုက်ခြင်းကြောင့် သွေးများ စိမ့်ထွက်နေခဲ့လေသည်။

"ဟင် မင်း မျိုးဗီဇ ပြောင်းမသွားဘူးလား"

ရဲ့ရှင်းချန် အနည်းငယ် သိချင်သွားမိသည်။ အစပိုင်းတွင် သူနှင့် မိုချီတို့ အခန်းထဲ ပြေးဝင်လာခြင်းသည် လင်းဖေးမှ မျိုးဗီဇ ပြောင်းလဲသွားကာ လင်းစစ်ကျားအား အန္တရာယ်ပေးမည် ဟု ထင်မြင်သည့် အတွက် ဖြစ်သည်။ သို့သော် လင်းဖေးမှာမူ မည်သည်မှ မဖြစ်ပုံရလေသည်။ သူသည် လူများ၏ စကားအား နားလည်နိုင်ပြီး ပုံမှန်အတိုင်း စကားပြောနိုင်နေသည်။

"ဘယ်နေရာ မသက်မသာ ဖြစ်နေသေးလဲ"

လင်းဖေးသည် ဤအိမ်ရာဝင်း အတွင်းမှ လူမဟုတ်ချေ။ ရဲ့ရှင်းချန်ဆီတွင် ခိုလှုံဖို့ရန် တခြားနေရာမှနေ၍ ရောက်ရှိလာသူ ဖြစ်သည်။ အရင်တွင် သူနေခဲ့သည့် အိမ်ရာဝင်းသည် ပြောင်သလင်းခါ သွားပြီ ဖြစ်ကာ လင်းဖေးမှာမူ မည်သည့် အခြေအနေမျိုး ရောက်သည် ဖြစ်စေ လူသားအား လုံးဝ မစားဟု ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ ဆာလောင်လွန်း၍ ရဲ့ရှင်းချန်ဆီတွင် ခိုလှုံခွင့်ရဖို့ရန် အတွက် ကြိုးစားကြည့်ရန် သူ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ရဲ့ရှင်းချန်မှာ စကားပြောရဆိုရသည်မှာ ဤမျှလောက် လွယ်လိမ့်မယ်လို့ သူ မထင်ထားခဲ့မိချေ။ လူမရှိတော့သည့် အိမ်ခန်းတစ်ခုတွင် သူ့အတွက် နေစရာနေရာ ရှာပေးဖို့ရန် အတွက် ကျောက်ဟောင်ကိုပင် ရဲ့ရှင်းချန်မှ တောင်းဆိုပေးခဲ့ခြင်း ဖြစ်သည်။ သူသည် ရဲ့ရှင်းချန်ဘက်မှနေ ရပ်တည် ပြောဆိုပေးခဲ့သော တစ်ဦးတည်းသော သူလည်း ဖြစ်သည်။

"အစ်ကိုရဲ့ အစ်ကိုပဲ အစ်ကို ရောက်လာတာပဲ ကျွန်တော့်ကို ကယ်ဖို့ အစ်ကို လာခဲ့တာပဲ"

လင်းဖေး၏ မှတ်ဉာဏ်များ ပြန်ပေါ်လာခဲ့သည်။ ထို အရေးကြီးသည့် အချိန်တုန်းတွင် သူ့အား ကယ်ဖို့ ပြေးလာခဲ့သည့် သူမျာ ရဲ့ရှင်းချန် ဖြစ်သည်အား သူ မှတ်မိသွားတော့သည်။

"ဟင့် အစ်ကိုရဲ့ ကျွန်တော် မသေချင်ဘူး ကျွန်တော်လည်း အကိုက်ခံထားရတယ် ကျွန်တော် အရမ်းကြောက်တယ် ကျွန်တော် မသေချင်ဘူး"

ခုနတွင် လင်းဖေး၏ အဝတ်အစားများအား ရဲ့ရှင်းချန် ချွတ်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်သည် အတော်လေး ကြည့်ရ ဆိုးလွန်းနေသည် ဆိုသည်အား သတိထားမိခဲ့သည်။ အကိုက်ခံထားရသည့် ဒဏ်ရာများ အခြစ်ခံထားရသည့် ဒဏ်ရာများ သို့မဟုတ် ပွန်းပဲ့ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ထူးဆန်းသည်မှာ ရဲ့ရှင်းချန်၏ ခန့်မှန်းချက်များ အရဆိုလျှင် အကိုက်ခံရသည် ဒါမှမဟုတ် အခြစ်ခံရသည်နှင့် ကူးစက်ခံရမည် ဖြစ်သည်။ ထို့တိုင် လင်းဖေးမှာမူ လတ်တလော ကူးစက်ခံထားရသည့်ပုံ မပေါ်ပါချေ။

"ဘယ်နေရာ မသက်မသာ ဖြစ်နေသေးလဲ"

ရဲ့ရှင်းချန်သည် ခဏလောက် စဉ်းစားပြီးနောက် သူ့အား အရင်မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။ ကူးစက်ခံရလျှင် မည်ကဲ့သို့ လက္ခဏာများ ပြလာမည် ဆိုသည်ကိုလည်း သူ အလွန် သိချင်နေမိသည်။

"နာတယ် နာတယ် ကျွန်တော့် လက် အရမ်းနာတယ် တစ်ကိုယ်လုံး နာတယ် အရင်က ချမ်းတယ်လို့ပဲ ခံစားရတာ ဒါပေမယ့် အခု ဘာလို့ ဒီလောက် နာနေလဲ မသိဘူး"

နာကျင်သည်မှာ ပုံမှန်ပင် ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူ့အား ငုံ့ကြည့်လိုက်လေသည်။ လင်းဖေးသည် အရင်အချိန်များတွင် အပြင်၌ နေခဲ့ရခြင်း ဖြစ်သည့်အတွက် အပြင်ဘက်မှ အပူချိန်သည် နိမ့်ပါးလှသည်။ သူ၏ ဒဏ်ရာများ မည်မျှပင် နက်ရှိုင်းပြီး ပြင်းထန်နေပါစေ သူ နာကျင်မှုအား မခံစားရနိုင်ချေ။

"နာတာကလွဲပြီး တခြား ဘာခံစားရသေးလဲ"

စောင့်ကြည့်ရေး ကင်မရာတွင် သူ မြင်တွေ့ခဲ့ရသည့် မြင်ကွင်းသည် ရဲ့ရှင်းချန်အား အလွန် သိချင်နေမိသည်။ အစပိုင်းတွင် မျိုးဗီဇ ပြောင်းသွားသည့် လူအနည်းငယ်အား သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ထို့တိုင် သူတို့သည် တံခါးအား တွန်းဖွင့်ပြီး ရူးသွပ်နေသကဲ့သို့ အပြင်သို့ ပြေးထွက်သွားကြကုန်သည်။ ဆီးနှင်းများ အတွင်းမှာပင် သူတို့ကိုယ်သူတို့ မြှုပ်ထားကြသေးသည်။

"မင်းရဲ့ မျိုးဗီဇပြောင်းသွားတဲ့ အဖော်တွေ ဘာဖြစ်သွားတာလဲ"

ရဲ့ရှင်းချန်မှ ခဏမျှ စဉ်းစားပြီး ပြောလိုက်လေသည်။

"မျိုးဗီဇ မပြောင်းခင် သူတို့ ဘာလုပ်ခဲ့ကြလဲ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ဘာတွေ လုပ်ခဲ့သေးလဲ"

ရဲ့ရှင်းချန် မမေးလိုက်သည်မှ ကောင်းဦးမည် ဖြစ်သည်။ ထိုမေးခွန်းကြောင့် လင်းဖေး တစ်ကိုယ်လုံး တုန်ရီသွားခဲ့လေသည်။

"ဟုတ်တယ် ဟုတ်တယ် အစပိုင်းမှာ သူတို့ ရေဆာတယ် ရေသောက်ချင်တယ်လို့ ရုတ်တရက် အော်ကြတယ် ပြီးတော့ ကျွန်တော်တို့ကို တွန်းဖယ်ပြီး တံခါးဝဘက်ကို ပြေးသွားကြတယ်"

"ရေဆာတယ်"

ရဲ့ရှင်းချန် မျက်လုံးများ မှေးစင်းသွား ပြီးနောက် လင်းစစ်ကျားနှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။ အရင်တွင် သူတို့ ခန့်မှန်းခဲ့ပြီး ဖြစ်သည်။ သူတို့၏ တုံ့ပြန်မှုများသည် ခွေးရူးပြန်ရောဂါနှင့် အနည်းငယ် ဆင်တူသည်ဟု ခံစားရသည့်တိုင် ခွေးရူးပြန်ရောဂါ လက္ခဏာများနှင့် အတိအကျ မတူညီပါချေ။ သို့သော် အနည်းဆုံးတွင် ရေဆာတာသည်မှာ ဆင်တူနေခဲ့သည်။

"ရေဆာနေလား ရေနည်းနည်း သောက်မလား"

လင်းစစ်ကျားသည် ဘေးတွင် ရပ်နေခဲ့သည်။ သူမ မည်သည့် အချိန်တွင် ရေတစ်ခွက် ယူလာသည် ဆိုသည်အား မည်သူမှ မသိလိုက်ချေ။ လင်းဖေး၏ ပါးစပ်နားအား တိုက်ရိုက် တေ့ပေးလိုက်သည်။

လင်းဖေးသည် ပါးစပ်အား ဟပေးလိုက်ပြီးနောက် လင်းစစ်ကျားမှ ရေတိုက်လိုက်ပြန်သည်။ ရေတစ်ခွက်လုံးကို သူ တဂွပ်ဂွပ် မော့သောက် လိုက်တော့သည်။

"မင်း ဒီမှာ ခဏလောက် နေရဦးမယ် ဒေါက်တာလင်းရဲ့ ဆေးက ဖော်စပ်လို့ မပြီးသေးဘူး အရေးကြီးတဲ့ ကိစ္စမရှိရင် လောလောဆယ် ဒီမှာပဲ နေလို့ရတယ်"

လင်းဖေးသည် အရေးကြီးသည့် ကိစ္စမရှိသည်မှာ သေချာလှပေသည်။ အခုချိန် အပြင်ဘက်တွင် သူ မနေရဲတော့ချေ။ ရဲ့ရှင်းချန်နှင့် အတူရှိနေမှသာ သူ စိတ်အေးရသည်။ အထူးသဖြင့် ရဲ့ရှင်းချန်သည် သူ၏ မျက်စိရှေ့မှာတင် မျိုးဗီဇပြောင်းနေသည့် လူ အများကြီးအား သတ်ပစ်ခဲ့သည်ကို မြင်ပြီးနောက်တွင် ဖြစ်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ အစ်ကိုတို့ ထားသလောက် ကျွန်တော် ဒီမှာ နေဖို့ ဆန္ဒရှိပါတယ် ကျွန်တော့်မှာ တခြား လုပ်စရာ ဘာမှမရှိပါဘူး အစ်ကိုရဲ့ အစ်ကို့နောက်ကိုပဲ ကျွန်တော့်ကို လိုက်ခွင့်ပြုပါ"

ရဲ့ရှင်းချန်၏ နေရာသည် အပြင်ဘက်ထက် အများကြီး ပိုကောင်းလှပေသည်။ အနည်းဆုံးတွင် ဤနေရာသည် နွေးထွေးလှသည်။ ထိုသည်အား ခဏအကြာတွင် လင်းဖေး သတိထားမိသွားခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့ ဝတ်ဆင်ထားသည့် ပါးလွှာသည့် အဝတ်အစားများအား သူ ကြည့်လိုက်ပြီးနောက် ဝတ်လစ်စလစ် နီးပါး ဖြစ်နေသည့် သူ၏ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်မိသည်။ ထိုအချိန်တွ၍် သူ လုံးဝ မချမ်းဘူးဆိုသည်အား သတိထားမိသွားလေသည်။

အပြင်ဘက်တွင်မူ ရေခဲနှင့် ဆီးနှင်း ကမ္ဘာကြီး ဖြစ်ခဲ့ပြီ ဖြစ်သည်။ နှိုင်းယှဉ် ကြည့်လိုက်မည် ဆိုလျှင် ရဲ့ရှင်းချန်၏ အိမ်သည် နတ်ပြည်ကဲ့သို့ သက်တောင့်သက်သာ ရှိလွန်းလှပေသည်။

"စိတ်မပူပါနဲ့ မင်း ငါ့နောက်ကို ရိုးရိုးသားသား လိုက်နေသရွေ့ မင်းအပေါ် ငါ ကောင်းကောင်း ဆက်ဆံမှာပါ"

ရဲ့ရှင်းချန်သည် သူ၏ အစားအစာများအား ချွေတာဖို့ရန် မစဉ်းစားထားခဲ့ချေ။ မည်သို့ပင် ဆိုစေကာမူ တန်ဖိုးမရှိသည့် ထို အစားအစာများအား ရဲ့ရှင်းချန် ဂရုမစိုက်လှချေ။ လင်းဖေး တစ်ယောက်တည်း အတွက် သူ၏ အစားအစာများအား အများကြီး မစားနိုင်လောက်ချေ။ လင်းစစ်ကျားသည်လည်း ထိုဗိုင်းရပ်စ် အကြောင်း လေ့လာရဦးမည် မဟုတ်ပါလား။

All Chapters