← Chapters

အခန်း ၁၂၇

Vol. 9 Ch. 127

အခန်း ၁၂၇

Vol. 9 Ch. 127

အခန်း (၁၂၇) ကိုယ်ခံစွမ်းအား (၂)

တံခါးအား ပိတ်ပြီးနောက် ရဲ့ရှင်းချန်သည် မိုချီ လင်းစစ်ကျားတို့နှင့်အတူ ထွက်လာခဲ့တော့သည်။

"အရင်က ငါတို့ ခန့်မှန်းတာ မှားနေသလား နှစ်ရက်တောင် ရှိနေပြီလေ ယုတ္တိအရဆိုလျှင် သူ မျိုးဗီဇ ပြောင်းမယ်ဆိုရင် အစောကြီးကတည်းက ပြောင်းနေလောက်ပြီ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ဒီလောက်အများကြီး ရှိနေတာ အခုချိန်ဆို မျိုးဗီဇပြောင်းသင့်နေလောက်ပြီ မဟုတ်လား"

ရဲ့ရှင်းချန် အနည်းငယ် သိချင်နေမိသည်။ မည်သို့ဆိုစေ လင်းဖေး၏ ဒဏ်ရာများသည် ကျောက်ဟောင်လောက်ပင် မပြင်းထန်ပေသည့်တိုင် သေးငယ်သည်တော့ မဟုတ်ချေ။ တခြားသူများ အကုန်လုံး မျိုးဗီဇ ပြောင်းသွားကြသော်လည်း လင်းဖေး တစ်ယောက်တည်း မည်သည့်အတွက် တုံ့ပြန်မှု မရှိရသနည်း ဆိုသည်အား သူ စဉ်းစား၍ မရနိုင်ချေ။ သူ၏ ဒဏ်ရာအပေါ့စား အုပ်စု အတွင်းတွင် မရှိချေ။

"ကျွန်မ သေချာတော့ မသိသေးဘူး နောက်မှ ရှင့်အတွက် စာရင်းတစ်ခု လုပ်ပေးမယ် ကျွန်မ သုတေသနခန်း အဖြစ် သုံးဖို့ အခန်း တစ်ခန်းလောက် ရှင်းပေးနိုင်မလား ကြည့်ပေးပါ"

လင်းစစ်ကျားသည် အရင်တွင် ထို ရောဂါများနှင့် ပတ်သက်၍ လေ့လာဖူးလေသည်။ ပရီယွန် ဗိုင်းရပ်စ်သည် ရှားပါးသော်လည်း ခွေးရူးပြန်ရောဂါမှာမူ အတော်လေး အဖြစ်များသည့် ဗိုင်းရပ်စ် တစ်မျိုး ဖြစ်သည်။

ရဲ့ရှင်းချန် အတွက် မဟုတ်လျှင်ပင် လင်းစစ်ကျားသည် ထိုအရာသည် မည်သည့် အမျိုးအစား ဖြစ်သည်ကို အလွန် သိချင်နေခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ ထူးဆန်းလှသည့် ဗိုင်းရပ်စ်မျိုးအား သူမ အရင်တွင် တစ်ခါမှ မမြင်ဖူးခဲ့ပေ။

နေ့ရက်များသည် အလျှင်အမြန် ကုန်ဆုံးသွားခဲ့သည်။ ရဲ့ရှင်းချန်သည် ပေါင်မုန့်တစ်ထုပ်နှင့် ဆီးနှင်းရေ တစ်အိုးအား လင်းဖေးအတွက် ချပေးခဲ့ပြီးနောက် သူ့အခန်းသို့ ပြန်လာခဲ့သည်။

လင်းစစ်ကျားသည် စမ်းသပ်မှုများ ပြုလုပ်ရန် စိတ်အားထက်သန်စွာဖြင့် သွားလိုက်လေသည်။ ရဲ့ရှင်းချန်၏ နေရာလွတ် အတွင်းတွင် အရာအားလုံး ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ မည်သို့ပင် ဖြစ်စေ အပြင်ဘက်တွင် အများအားဖြင့် တွေ့ရလေ့ရှိသည့် စက်ပစ္စည်းများ အများကြီး ရှိနေခဲ့သည် မဟုတ်ပါလား။

ထို ပစ္စည်းအများစုသည် ရဲ့ရှင်းချန် အပြင်ထွက်ချိန်တွင် မြို့စွန် ဂိုဒေါင်ဧရိယာမှနေ၍ သိမ်းဆည်းလာခဲ့သည့် အမှိုက်များ ဆိုသည်ကိုမူ သူမ မသိခဲ့ပေ။ ထိုအမှိုက်များသည် ယခုအချိန်တွင် အလွန် အသုံးဝင် လာလိမ့်မည် ဟု ရဲ့ရှင်းချန် ကိုယ်တိုင်ပင် မထင်ထားခဲ့မိချေ။

တစ်ညကြာ ပြီးနောက် လင်းဖေး မျိုးဗီဇ ပြောင်းမသွားရုံ သာမက သူ၏ အခြေအနေသည် အနည်းငယ်မျှပင် ပိုကောင်းလာပုံ ပေါ်လေသည်။ သူ၏ ကိုယ်ပေါ်မှ အကိုက်ခံထားရသည့် သို့မဟုတ် အခြစ်ခံထားရသည့် ဒဏ်ရာတိုင်းမှ နေ၍ ပုပ်အပ်နေသည့် အသားများကို လင်းစစ်ကျားမှ ဖြတ်ထုတ်ပစ်ပြီးနောက် ရောင်ရမ်းမှု လျော့ကျစေရန် ပတ်တီး စည်းပေးခဲ့သည်။

"ဒီနေ့ ဘယ်လိုနေလဲ"

ရဲ့ရှင်းချန်သည် လင်းဖေးအား ပုံမှန် အတိုင်း လာမေးပြီးနောက် အစားအစာများအား သူ၏ ကုတင်ပေါ်မှာ ချပေးခဲ့သည်။

"ဒီနေ့ အများကြီး ပိုကောင်းလာပါပြီ ကျေးဇူးတင်ပါတယ် အစ်ကိုရဲ့ အစ်ကို့ ကျေးဇူးကြောင့်ပါ မဟုတ်ရင် ကျွန်တော် သေချာပေါက် သေနေလောက်ပြီ"

ရဲ့ရှင်းချန်သည် သူ့အား ဂရုစိုက်ရန် အတွက် လာသည်ဟု လင်းဖေး ထင်မှတ်နေပြီး အလွန်ပင် ဝမ်းသာပီတိ ဖြစ်နေခဲ့သည်။ သို့သော် ရဲ့ရှင်းချန်မှာမူ သိချင်စိတ်သက်သက်ဖြင့်သာ လာခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ထိုရောဂါအား ကုသနိုင်မည့် ဆေးအား လင်းစစ်ကျား ဖော်စပ်နိုင်စေချင်လို့သာ ဖြစ်သည်။

ထိုအရာများ၏ တိုက်ခိုက် ဒဏ်ရာပေးသည်အား သူ မခံရနိုင်ဟု ရဲ့ရှင်းချန် အာမမခံနိုင်ချေ။ ၀.၀၀၁% အခွင့်အရေးလေးသာ ရှိနေလျှင်ပင် အပြင်ထွက်သရွေ့ အန္တရာယ်သည် ရှိနေဦးမည်သာ ဖြစ်သည်။

ငါးရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း စားသည်နှင့် အိပ်သည်မှလွဲလျှင် လင်းစစ်ကျားသည် ရဲ့ရှင်းချန် ပြင်ဆင်ပေးထားသည့် အခန်းငယ်လေး အတွင်း၌သာ အလုပ်လုပ်နေခဲ့ခြင်း ဖြစ်သည်။

"ဟူး အတော်လေး ကြာနေပြီ"

ရဲ့ရှင်းချန်သည် ဧည့်ခန်းထဲတွင် မိုချီနှင့်အတူ ရုပ်ရှင်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လင်းစစ်ကျားသည် ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း အလုပ်ရှုပ်နေခဲ့လေသည်။ ရဲ့ရှင်းချန်မှာလည်း သူ၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များ ရှိနေခဲ့သည်။ ထို ဗိုင်းရပ်စ် မည်ကဲ့သို့ ကူးစက်သည် ဆိုသည်အား လင်းစစ်ကျားမှ ရှာဖွေနိုင်ခဲ့လျှင် သူ့အတွက်လည်း အများကြီး အကျိုးရှိမည် ဆိုသည်အား သူ သိပေသည်။ ထို့တိုင် ရဲ့ရှင်းချန် မညည်းတွားဘဲ မနေနိုင်ခဲ့ချေ။

သို့သော် ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်း လင်းစစ်ကျား ဟင်းမချက်ဖြစ်ခဲ့ချေ။ သူနှင့် မိုချီတို့သည် နေရာလွတ်ထဲမှ အသင့်စား အစားအစာတွေကိုသာ စားနေခဲ့ရခြင်း ဖြစ်သည်။

မိုချီသည် ကမ္ဘာပျက်ကပ် မတိုင်ခင်တွင် ဤကဲ့သို့ အရာမျိုးများအား တစ်ခါမှ မစားဖူးသည်အား တွေးတောမိကာ ပျော်ပျော်ရွှင်ရွှင် စားနေသော်လည်း ရဲ့ရှင်းချန်မှာမူ ပျော်ရွှင် မနေခဲ့ချေ။

ထိုအစားအစာများသည် မည်မျှပင် အရသာရှိနေနေ အများကြီး စားနေလျှင် ရိုးအီသွားမှာ အမှန်ပင် ဖြစ်သည်။ အပြင်တွင် လုပ်သည့် အစားအစာများသည် အမှန်တကယ် အရသာရှိတယ်ဆိုလျှင်ပင် အများကြီး စားပြီးသွားခဲ့လျှင်မူ လင်းစစ်ကျား၏ အိမ်ချက် ဟင်းလျာများကို အမှန်ပင် လွမ်းဆွတ်မိလာတော့သည်။

ကျောက်ဟောင်နှင့် လီအန်းရန်တို့သည် ဤနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြလေသည်။ သို့သော် ကျောက်ဟောင် ရှိနေသည် ဆိုသည်ကိုပင် သိပ်မသိသာလှချေ။ သူသည် ရဲ့ရှင်းချန်အား ဒုက္ခမပေးချင်၍ လား ဆိုသည်ကို မသိနိုင်ချေ။ သူတို့ ပြောင်းမလာခင် အချိန်တွင် ကျောက်ဟောင်သည် ရဲ့ရှင်းချန်ဆီ နေ့တိုင်း မက်ဆေ့ခ်ျများ ပို့လေ့ ရှိသည်။ အခုအချိန်တွင် ကျောက်ဟောင်သည် မည်သည့် မက်ဆေ့ခ်ျမှ လုံးဝ မပို့တော့ချေ။

သေချာပေါက်ပင် ဖြစ်သည်။ လီအန်းရန်သည် နောက်ဆုံးတွင် သူမ ဆန္ဒပြည့်ဝသွားပြီ ဖြစ်ကာ ရဲ့ရှင်းချန်အား သွားရောက် ရှာဖွေရန် ကျောက်ဟောင်အား ဆက်လက်၍ အတင်းအကျပ် မခိုင်းတော့သည်လည်း ဖြစ်နိုင်ပေသည်။

သို့သော် အခြေအနေ မည်သို့ပင် ဖြစ်ဖြစ် အနည်းဆုံးတွင် ကျောက်ဟောင်သည် သူ၏ အနားတွင် ရှိနေသည်။ သူ့ ဗီလာလေး၏ ကာကွယ်ရေး အဆင့်သည် အဆပေါင်းများစွာ ပိုမြင့်သွားသည်ဟု ရဲ့ရှင်းချန် ချက်ချင်း ခံစားလိုက်ရလေသည်။ လီအန်းရန်သည် အလွန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းခြင်း တစ်ခုသာ ဖြစ်သည်။

ကျောက်ဟောင်ကြောင့် ဤအိမ်အား ပြောင်းလာ ခွင့်ရခဲ့သော်လည်း သူမသည် လောဘကြီး လွန်းလှသည်။ သူမ၏ ကလေးသုံး ပစ္စည်းများအား ယူလာပေးရန်ပင် ရဲ့ရှင်းချန်အား သူမသည် မရမက တောင်းဆိုဖို့ရန် ကြိုးစားခဲ့သေးသည်။

အိတ်ကြီးအိတ်ငယ် အစုံအလင်ဖြင် သူမ ပြောင်းလာခဲ့သည်မှာ အထင်အရှားပါပင် ဖြစ်သည်။ အရာအားလုံးကို သူမ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် ကျောက်ဟောင်အား မည်ကဲ့သို့ စကားမျိုးများဖြင့် ထပ်မံ၍ ဦးနှောက် ဆေးထားသည် ဆိုသည်အား ရဲ့ရှင်းချန် အလွယ်တကူ ခန့်မှန်း၍ ရပေသည်။

"ဟူး ဒီမိန်းမကို ရှင်းထုတ်ပစ်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်"

ကျောက်ဟောင်နှင့်လည်း ဆက်ဆံရေး မထိခိုက်စေဘဲ လီအန်းရန်ား အပြင်သို့ မည်သို့ တိတ်တဆိတ် ပို့ပစ်ရမည် ဆိုသည်နှင့် သူမအား သတ်ပစ်လိုက်လျှင် အကောင်းဆုံးသာ ဖြစ်သည်ဟု ရဲ့ရှင်းချန် စဉ်းစားနေချိန်တွ၍် လင်းစစ်ကျားသည် သူမ၏ သုတေသနခန်း ထဲမှနေ ထွက်လာခဲ့သည်။

လင်းစစ်ကျား၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ သိသိသာသာ အပြည့် ဖြစ်နေသော်လည်း သူမ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ချေ။

"ဘယ်လိုနေလဲ"

ရဲ့ရှင်းချန်သည် လင်းစစ်ကျားထံ သွားပြီးနောက် သူမအား တင်းတင်းကျပ်ကျပ် ဖက်ကာ ပခုံးများအား နှိပ်နယ် ပေးလိုက်သည်။

"အဖြေထွက်ပြီလား မင်းရဲ့ ကောက်ချက်က ဘာလဲ"

လင်းစစ်ကျားမှ ခေါင်းခါလိုက်ပြီး ပြန်ခေါင်းညိတ် လိုက်သည်။

"အဖြေက အပြည့်အစုံ ရပြီလို့တော့ ပြောလို့မရသေးဘူး ဒါပေမယ့် ကျွန်မ ကောက်ချက် ချလိုက်တာက အရင်က ငါတို့ ခန့်မှန်းထားတာနဲ့ အတူတူလောက်ပါပဲ"

"ဒါက ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေ တစ်ဆင့် ကူးစက်တတ်တာ အမှန်ပဲ အခြစ်ခံရရင် ဒဏ်ရာက သွေးထွက်မှ ကူးစက်တာမျိုးပါ"

"အကိုက်ခံရရင်တော့ ပြောစရာတောင် မလိုတော့ဘူး တံတွေးက လူ့ခန္ဓာကိုယ်ရဲ့ သွေးနဲ့ တိုက်ရိုက် ထိတွေ့သွားတာလေ"

"ဒါပေမယ့် အံ့ဩစရာကောင်းတဲ့ အရာတစ်ခုကို ကျွန်မ ရှာတွေ့ခဲ့တယ် လင်းဖေး ဘာလို့ မျိုးဗီဇ ပြောင်းမသွားတာလဲလို့ ရှင် ထင်လဲ"

"ရှင် ခန့်မှန်းတာ မှန်တယ် တကယ်တော့ လင်းဖေး ကူးစက်ခံရမှာပဲ ဒါပေမယ့် သူက ဒီဗိုင်းရပ်စ်အတွက် ပဋိပစ္စည်းတွေကို ထုတ်လုပ်ပေးလိုက်တာ တစ်နည်းပြောရရင် သူက ဒီဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း ရှိတယ်"

လင်းစစ်ကျားမှ ထိုစကားအား ပြောလိုက်ချိန်မှာ သူမ၏ မျက်လုံးများ အရောင်လက် သွားခဲ့သည်။

"ဘာကြောင့်လဲဆိုတာ ကျွန်မ မသိပေမယ့် သိပ်ကို အံ့ဩစရာကောင်းတယ် အစတုန်းက ဒီဗိုင်းရပ်စ်က ကုလို့မရဘူးလို့ ကျွန်မ ထင်ခဲ့တာ ဘာပဲဖြစ်ဖြစ် ပရီယွန် ဗိုင်းရပ်စ် ကူးစက်ခံရရင် သေချာပေါက် သေမှာပဲလေ ဒါက ပရီယွန် ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇပြောင်းလဲသွားတဲ့ ဗားရှင်း ဆိုတာတောင် ပြောစရာမလိုတော့ဘူး"

လင်းစစ်ကျား ပြောပြီးသည့်နောက်တွင် ရဲ့ရှင်းချန်သည် လူတစ်ယောက်အား ရုတ်တရက် သတိရသွားခဲ့သည်။

‘ကျန်းရီ’

မည်သည့် အတွက်ကြောင့်မှန်း မသိသော်လည်း လင်းစစ်ကျားသည် ပရီယွန် ဗိုင်းရပ်စ် အကြောင်း ပြောလိုက်ချိန်မှာပင် ရဲ့ရှင်းချန်သည် မေးခွန်းတစ်ခုအား တွေးမိသွားခဲ့သည်။

အရင်အချိန်များတွင် လင်းဖေးမှ ရဲ့ရှင်းချန် ထံတွင် ခိုလှုံဖို့ အတွက် ရောက်လာချိန်တွင် အသားချဉ် စားဖူးသလားဟု ရဲ့ရှင်းချန် သူ့အား မေးခဲ့ဖူးသည်။ သို့သော် လင်းဖေးသည် သေလုမတတ် ဆာလောင်နေသည့်တိုင် မည်သည့် အသားချဉ်ကိုမှ သူ မစားချင်ခဲ့ဟု ပြောကြားခဲ့ဖူးလေသည်။

ရဲ့ရှင်းချန်သည် ကျန်းရီအား သတိရသွားရသည့် အကြောင်းရင်းမှာ ကျန်းရီသည် လင်းစစ်ကျားအား ဖမ်းဆီးပြီး ပိတ်လှောင် ထားခဲ့ဖူးလို့ပင် ဖြစ်သည်။

သူတို့သည် လင်းစစ်ကျားအား သူတို့၏ ကိုယ်ပိုင် သီးသန့်ဆရာဝန် ဖြစ်လာစေဖို့ရန် အတွက် အတင်းအကျပ် ခိုင်းစေချင်ခဲ့ဖူးလေသည်။ လင်းစစ်ကျားအား ရဲ့ရှင်းချန် ကယ်တင်ခဲ့ ပြီးနောက် သူမသည် သူ့အား တစ်ခုခု ပြောပြခဲ့လေသည်။

ထိုသည်မှာ ကျန်းရီသည် လူတိုင်းနှင့် ပူးပေါင်းပြီးနောက် ရဲ့ရှင်းချန်၏ ဗီလာအား တိုက်ခိုက်ချိန်တွင် သူသည် လူတိုင်းအား အခမဲ့ အစားအစာများ ပေးခဲ့ခြင်း ဖြစ်သည် ဆိုသည်သာ ဖြစ်သည်။

သူတို့ တစ်ယောက်ချင်းစီသည် လက်ဝါး အရွယ်အစားရှိသည့် အသားတစ်တုံးစီ ရခဲ့ကြလေသည်။ လင်းစစ်ကျား၏ ပြောစကားများ အရဆိုလျှင် ထိုအသားတုံးများသည် အလောင်းများ ထံမှ ဖြတ်ယူထားခြင်း ဖြစ်ရပေမည်။

All Chapters