← Chapters

အခန်း ၁၂၈

Vol. 9 Ch. 128

အခန်း ၁၂၈

Vol. 9 Ch. 128

အခန်း (၁၂၈) မိတ်ဆွေဟောင်း

အသားထဲမှ အဆီများသည် အဝါရောင် ဖျော့ဖျော့လေး ဖြစ်နေခဲ့သည်။ လင်းစစ်ကျားသည် ဆေးပညာအား နှစ်ပေါင်းများစွာ သင်ယူခဲ့ခြင်း ဖြစ်သည့်အတွက် ထိုအရာသည် မည်သည့် အသား ဖြစ်သည် ဆိုသည်အား တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

မည်သို့ပင် ဖြစ်စေကာမူ အရင်တွင် ခန္ဓာဗေဒဖြင့် ပတ်သက်သည့် သီအိုရီနှင့် လက်တွေ့ အတန်းပေါင်းစုံအား သူတို့ တက်ရောက်ခဲ့ကြရသည် မဟုတ်ပါလား။

ရဲ့ရှင်းချန် မှန်းသည်မှာ မမှားဟု ဆိုလျှင် လူအနည်းငယ် မှလွဲ၍ အိမ်ရာဝင်းထဲမှ ကျန်ရှိသည့် လူများ အားလုံးသည် စားစရာသွားယူရန် အတွက် ကျန်းရီထံ သွားခဲ့ကြလိမ့်မည် ဖြစ်သည်။ လင်းဖေးမှာမူ ရဲ့ရှင်းချန် ထံတွင် ခိုလှုံရန် တခြား နေရာမှနေ ရောက်လာသူ ဖြစ်သည်။

ရဲ့ရှင်းချန်သည် ခဏလောက် စဉ်းစားလိုက် ပြီးနောက် ရုတ်တရက် ခန့်မှန်းချက်တစ်ခုအား တွေးမိသွားတော့သည်။ လင်းဖေးသည် အပြင်ဘက်မှနေ ရောက်လာပြီး အသားချဉ်များအား မည်သည့် အချိန်ကမှ မစားခဲ့၍များ ဖြစ်နေသည်လား။ ထို့အပြင် သူသည် ဤအိမ်ရာဝင်းထဲမှ မဟုတ်သည့် အတွက် ကျန်းရီ အလကား ဝေပေးသည့် အသားချဉ်များအားလည်း လက်မခံခဲ့ဖူးချေ။ ထို့ကြောင့်...

ရဲ့ရှင်းချန်သည် သူ့၏ ခန့်မှန်းချက်များကို လင်းစစ်ကျားအား ချက်ချင်း ပြောပြလိုက်လေသည်။

"အဲဒါ ဖြစ်နိုင်တယ်လို့ ရှင် ထင်လား အဲဒါကြောင့်များ လင်းဖေး မျိုးဗီဇ မပြောင်းတာလား"

ထိုစကားအား ကြားချိန်တွင် လင်းစစ်ကျား၏ မျက်လုံးများသည် အရောင်လက် သွားခဲ့သည်။

"ဖြစ်နိုင်တယ် တကယ်ကို ဖြစ်နိုင်တယ် ငါတို့ ခန္ဓာကိုယ်ထဲမှာ ပရီယွန် ဗိုင်းရပ်စ် ပဋိပစ္စည်း အနည်းငယ်စီ ရှိနေတာကြောင့် လင်းဖေးက လူသားအချင်းချင်းရဲ့ အသားကို မစားခဲ့လို့ သူ ဘာမှမဖြစ်တာပေါ့"

လင်းစစ်ကျားသည် လင်းဖေး၏ ခန္ဓာကိုယ် အတွင်းတွင် ဗိုင်းရပ်စ်အသစ်အား ရှာတွေ့ရှိခဲ့သော်လည်း လင်းဖေး၏ ဆဲလ်များသည် ထိုဗိုင်းရပ်စ်အား မျိုချပစ်နေသည်ကိုလည်း ရှာတွေ့ခဲ့လေသည်။ အံ့ဩစရာကောင်းသည်မှာ လင်းဖေးတွင် ထိုဗိုင်းရပ်စ်အား အမှန်ပင် ခုခံနိုင်စွမ်း ရှိနေခြင်းပင် ဖြစ်သည်။

ရဲ့ရှင်းချန်သည် ခန့်မှန်းကြည့်ရုံသာ ဖြစ်ပေသည်။ သူ့၏ ခန့်မှန်းချက် မှန်မမှန် အတည်ပြုချင်သော်လည်း လောလောဆယ်မှာမူ ထိုသို့ ပြုလုပ်ဖို့ရန် အခြေအနေ မပေးသေးပါချေ။ စမ်းသပ်မှု လုပ်ဖို့ရန် အတွက် လူအနည်းငယ်အား ဖမ်းစီး လာ၍မှ မရနိုင်ချေ။

သို့သော် ပြန်တွေးကြည့်မည်ဆိုလျှင် သူ၏ ခန့်မှန်းချက်များသည်သာ မှန်နေမယ်ဆိုလျှင် သူတို့သည် ကျန်းရီကြောင့် သွယ်ဝိုက်ပြီး ဒုက္ခရောက်သွားကြခြင်း ဖြစ်ပေသည်။

ဆာလောင်မှုအား မခံနိုင်သဖြင့် အသားချဉ်များအား စားခဲ့ကြသည့် သူများ အမှန်တကယ် ရှိသော်လည်း ရဲ့ရှင်းချန်၏ လေ့လာမှုများ အရဆိုလျှင် ဤ အိမ်ရာဝင်းထဲမှ လူများသည် တစ်ကိုယ်ကောင်းဆန်ကာ သွေးအေးကြသော်လည်း တကယ်တမ်းတွင် အလောင်းများအား ပြန်သယ်ကာ စားကြသည့်သူ သိပ်မရှိကြချေ။

ထို့ကြောင့် အစောပိုင်း ကာလများတွင် ကျန်းရီသည် အသားများ ဝေပေးခဲ့သည့် လုပ်ရပ်သည် သူတို့အား ဤ နက်ရှိုင်းလှသည့် တွင်းနက်ကြီး အတွင်းသို့ ထိုးဆင်းသွားအောင် သေချာပေါက် တွန်းပို့ပေးလိုက်ခြင်းသာ ဖြစ်ပေသည်။

အသားချဉ်များအား စားခဲ့သည့် သူများမှာမူ ထိုလူများ၏ တိုက်ခိုက်ခြင်းအား ခံရသည် နှင့်တစ်ပြိုင်နက် ကူးစက်ခံရမည်မှာ သေချာသလောက်ပင် ဖြစ်ချေသည်။ ရဲ့ရှင်းချန်မှ သက်ပြင်းချ လိုက်သော်လည်း သူတို့အတွက် စိတ်မကောင်း မဖြစ်မိပါချေ။

မည်သို့ ဖြစ်စေ ကျန်းရီ၏ အသားများ ဝေပေးရသည့် ရည်ရွယ်ချက်သည် လူတိုင်းအား သူ့အိမ်ကို တိုက်ခိုက်ခိုင်းပြီး အရင်းအမြစ် တစ်ဝက်လောက်အား လု ယူဖို့ အတွက် ဖြစ်ပေသည်။ သူ့အား သတ်ချင်နေသည့် အိမ်နီးချင်းများအား သနားစိတ် ဝင်ရသည်အထိ ရဲ့ရှင်းချန် သဘောမကောင်းလှချေ။

သို့သော် သူတို့တွင် ကိုယ်ခံစွမ်းအား မရှိတေော့သည်မှာ နှမြောစရာပါပင် ဖြစ်သည်။ ကြည့်ရသည်မှာ အနာဂတ်တွင် သူ့၏ အမြောက်စာများ အဖြစ် အသုံးချ၍ ရနိုင်မည့် သူများ အများအပြား ကုန်ဆုံးသွားမည့်ဟန် ပေါ်ပေသည်။

လင်းဖေးသည် ရဲ့ရှင်းချန်ဆီတွင် နေသည့်တိုင် စတုတ္ထထပ်တွင်သာ နေရလေသည်။ ရဲ့ရှင်းချန်သည် သူ၏ အဝတ်အစားများအား ချွတ်လိုက်ချိန်တွင် သူ၏ ဖုန်းအားလည်း ယူထားလိုက်ခြင်းကြောင့် အခုချိန်တွင် သူသည် အထီးကျန်နေသည့် အခြေအနေတွင် ရောက်ရှိနေခဲ့သည်။

အခန်းငယ်လေး၏ တံခါးကိုလည်း သော့ခတ် ထားပေသည်။ သူ၏ အိမ်တွင် နေရသည်နှင့် ယှဉ်ရင်မူ ရဲ့ရှင်းချန်သည် သူ့အား အစားအစာများ ထောက်ပံ့ပေးသည့် အပြင် ဤနေရာတွင် နေရသည်မှာ ရေလည်း ရှိကာ နွေးလည်း နွေးထွေးလှပေသည်။

လင်းဖေးသည် ထိုနေရာတွင် သုံးရက်လောက် နေပြီး နောက်မှာမူ ဖိတ်ခေါ်မထားသည့် ဧည့်သည်တစ်ယောက် ရုတ်တရက် ရောက်ရှိလာခဲ့သည်။

ထိုလူသည် ကျန်းရီ သာ ဖြစ်သည်။

မနက်ခင်းတွင် ရဲ့ရှင်းချန် မနက်စာ စားနေချိန် ရုတ်တရက် ပိတ်ထားသည့် တံခါးဝတွင် လူတစ်စု ရပ်နေသည်အား တွေ့လိုက်ရလေသည်။ တစ်ခုခုအား စီစဉ်နေပုံ ရလေသည်။ သူသည် မျက်နှာပြင်အား နှစ်ချက် နှိပ်ပြီး လူများ၏ မျက်နှာများကို ချဲ့ကြည့် လိုက်လေသည်။

ရဲ့ရှင်းချန်အား အံ့ဩသွားစေသည်မှာ အပြင်ဘက်တွင် ရောက်ရှိလာသည့် ဧည့်သည်သည် သူစိမ်းတစ်ယောက် မဟုတ်ဘဲ သူ့၏ မိတ်ဆွေဟောင်း ကျန်းရီ ဖြစ်နေခြင်းပင် ဖြစ်သည်။

"အမ် ကျန်းရီ အသက်ရှင်နေသေးတာလား"

ရဲ့ရှင်းချန်သည် ပဲနို့ထဲ စိမ်ထားသည့် အီကြာကွေးအား တစ်လုတ် ကိုက်စား လိုက်လေသည်။ တစ်ခဏလောက် အတွင်းတွင် ကျန်းရီအား သူ အမှန်တကယ် ရင်ထဲမှနေ၍ လေးစားသွားမိခဲ့သည်။

သူ မှန်းသည်မှာ မမှားခဲ့ဘူးဆိုလျှင် ကျန်းရီ၏ ဘေးတွင် ရပ်နေသည့် သူများသည် အရင်တွင် သူ၏ သက်တော်စောင့်များသာ ဖြစ်ပေလိမ့်မည်။ သက်တော်စောင့်များ မှလွဲ၍ ရဲ့ရှင်းချန် မသိသည့် လူအနည်းငယ်လည်း ပါဝင်ခဲ့သေးသည်။

"မိုက်တယ်ဟ သူ အစောကြီးကတည်းက သေသွားပြီလို့ ငါ ထင်နေတာ အခုထိ အသက်ရှင်နေသေးတာပဲ ကြည့်ရတာ သူ လူမသိအောင် လစ်တုန်း ထွက်ပြေးသွားတာ ဖြစ်ရမယ်"

ရဲ့ရှင်းချန်သည် စောင့်ကြည့်ကင်မရာများအား နေ့တိုင်း စစ်ဆေးသည့်တိုင် တစ်နေ့တွင် နှစ်ဆယ့်လေးနာရီလုံး စစ်ဆေးနေခြင်းတော့ မဟုတ်ချေ။ အချိန်အား တွက်ကြည့်မည် ဆိုလျှင် ရဲ့ရှင်းချန်သည် လူတိုင်းအား မစုရသေးခင်မှာပင် ကျန်းရီ ထွက်ပြေးသွားခြင်း ဖြစ်နိုင်ပေသည်။ သူတို့ အချိန်အကြာကြီး အားကိုးနေရသည့် စားနပ်ရိက္ခာတွေမှာမူ…

ကျန်းရီ၏ တံခါးဝတွင် ပုံနေသည့် အလောင်းပုံကြီးအား ရဲ့ရှင်းချန် အထူးတလည် ဂရုမစိုက်ခဲ့မိချေ။ အခုချိန် ပြန်တွေးကြည့်လျှင်မူ အိမ်ထဲမှ စားစရာများအား ခွဲဝေယူပြီးသွား၍ သူနှင့် သူ၏ သက်တော်စောင့်များသည် အလောင်း တစ်လောင်းစီ ဆွဲကာ ထွက်ပြေးသွားကြခြင်း ဖြစ်ရပေမည်။

"တော်တယ် တော်တယ် သူ အသက်ရှင်သွားတယ် ဒါပေမယ့် အခု သူ ပြန်လာတာတော့ ကောင်းတဲ့ကိစ္စ မဖြစ်နိုင်ဘူး"

မျိုးဗီဇပြောင်းသွားသည့် သူများ ရောက်ရှိလာပြီး မကြာခင်မှာပင် ကျန်းရီ ရောက်လာခြင်း ဖြစ်သည်။ ကျန်းရီ မည်သည့် အတွက် ပြန်လာရသနည်း ဆိုသည်အား ရဲ့ရှင်းချန် မသိသော်လည်း ကျန်းရီသည် သူ့အား လာရှာခြင်း ဖြစ်မည်ဟု ကြိုတင် ခံစားနေရလေသည်။

မျိုးဗီဇပြောင်းလဲသည့် ကိစ္စကြောင့် မည်သူမှ အပြင်မထွက် ရဲကြတော့ချေ။ နေ့တိုင်း အိမ်ရာဝင်းအား ကင်းလှည့်သည်မှ လွဲပြီး အိမ်ရာဝင်း ဝင်ပေါက်တွင် စောင့်နေသည့်သူ မရှိတော့ချေ။

ဘယ်သူမှ အပြင်မထွက်ရဲကြတော့ချေ။ အရင်းအမြစ်များသည် မည်မျှပင် ဆွဲဆောင်မှု ရှိနေသည် ဖြစ်စေ သူတို့၏ ရင်ထဲမှ ကြောက်ရွံ့မှုအား မလွန်ဆန်နိုင်ကြပါချေ။ မည်သိူ့ပင် ဖြစ်စေ ထို မျိုးဗီဇပြောင်းသွားသည့် သူများသည် ဇွန်ဘီများနှင့် တစ်ပုံစံတည်းသာ ဖြစ်သည်။

ရဲ့ရှင်းချန်သည် နေ့တိုင်း သူတို့အား ပေးသည့် အစားအစာများသည် ဗိုက်ဝစေရန် မလုံလောက်သော်လည်း အသက်ရှင်ဖို့ အတွက် လုံလောက်ပေသည်။

မည်သို့ ဆိုစေ ဤအိမ်ရာဝင်းတွင် နေနိုင်သည့် သူတိုင်းသည် ချမ်းသာသည့် သူများ ချည်းသာ ဖြစ်သည်။ လူတိုင်းသည် ကိုယ့်အသက်အား ကိုယ် တန်ဖိုးထားကြပြီး ဗိုက်ဝအောင် စားသုံးနိုင်ရန် အတွက် အသက်အား မရင်းရဲကြချေ။ ကျန်းရီသည် ပင်မဝင်ပေါက် မှနေ၍ ဝင်မလာခဲ့ချေ။ တံတိုင်းအား ကျော်ဝင်လာခြင်း ဖြစ်သည်။

ရဲ့ရှင်းချန် ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ကျန်းရီသည် လူတစ်စုအား ခေါ်လာပြီးနောက် အိမ်ရာဝင်း တံခါးအား တွန်းဖွင့်ရန် ကြိုးစားနေသည်အား တွေ့လိုက်ရသည်။ ထို့နောက် ကျန်းရီ၏ ဦးဆောင်မှု အောက်တွင် သူတို့သည် အိမ်ရာဝင်း အတွင်းသို့ လျှောက်လာကြလေသည်။ ရဲ့ရှင်းချန် မျက်ခုံးပင့်လိုက်မိပြီးနောက် သူတို့ ရုတ်တရက် ရပ်တန့်သွားသည်အား တွေ့လိုက်ရသည်။

လက်ရှိ သူတို့ ရပ်နေသည့် နေရာသည် သူ့ဗီလာ၏ အနောက်ဘက် တည့်တည့်တွင် ဖြစ်သည်။ ဤသည်မှာ ပြီးခဲ့သည့် တစ်ခေါက်တွင် ကျိန့်ဟွာချန်နဲ့ တခြားသူများ လူခေါ်လာပြီး တံတိုင်းကျော်ရန် ကြိုးစားခဲ့တဲ့ နေရာပင် ဖြစ်သည်။

"ဟူး သူပြောခဲ့တာ တကယ် ဖြစ်လာတာပဲ သူက ငါ့ကို လာရှာမယ်လို့ ပြောခဲ့တယ်လေ တကယ်ပဲ ငါ့ကို လာရှာတာကိုး"

ရဲ့ရှင်းချန် သက်ပြင်းချလိုက်ပြီးနောက် ပဲနို့အေး တစ်ငုံ သောက်လိုက်လေသည်။ ရဲ့ရှင်းချန် ခန့်မှန်းချက်သာ မှန်မည်ဆိုလျှင် ကျန်းရီသည် သူ၏ သက်တော်စောင့်များအား ခေါ်ပြီး မည်သူမှန်း မသိရသည့် လူတစ်ယောက် ထံတွင် သွားရောက် ခိုလှုံခဲ့ခြင်း ဖြစ်ရပေမည်။ လက်ရှိ အခြေအနေများ အရဆိုလျှင် သူ ခိုလှုံခဲ့သည့် လူအား ခေါ်လာပြီး သူ့အား လာတိုက်ခိုက်ခြင်း ဖြစ်ရပေမည်။

ကျန်းရီသည် သူ၏ အိမ်တွင် အရင်းအမြစ်များ အများကြီး ရှိပြီး အပူပေးစက်များလည်း ရှိသည်ဟု လေလုံးထွားခဲ့ပုံ ရလေသည်။ ကင်းလှည့်သည့် အဖွဲ့ ဖြတ်သွားသည်နှင့် ကျန်းရီနှင့် သူ၏ သက်တော်စောင့်များသည် အလွန် သတိထားကာ အလိုအလျောက် မြေကြီးပေါ်တွင် ထပ်ကာ ထပ်ကာ ရပ်လိုက်ပြီးနောက် သူတို့ တက်ဖို့ရန် အတွက် လူလှေကား တစ်ခု လုပ်ပေးလိုက်ကြသည်။

"ကျန်းရီဆီကနေ သူတို့ ဘာအကျိုးအမြတ်တွေ ရခဲ့လို့လဲ ပိုက်ဆံလား ဘာလို့ အခုလိုအချိန်မှာ ကျန်းရီအတွက် သူတို့ အသက်ကို စတေးနေကြသေးတာလဲ"

ကျန်းရီသည် သူ့အိမ်အား တိုက်ခိုက်တော့မည်ဟု ခံစားရခြင်းထက် ရဲ့ရှင်းချန်သည် အကြောင်းအရင်းအား ပို၍ သိချင်နေမိသည်။ အရင်အချိန်များတွင် သက်တော်စောင့်များသည် ကျန်းရီအား မှီခိုပြီး အသက်ရှင်နေရခြင်း ဖြစ်သည့် အတွက် ကျန်းရီအား ကာကွယ်ရန် သူ၏ နောက်သို့ လိုက်နေကြခြင်း ဖြစ်သည်ဟု သူ တွေးနိုင်သေးသည်။

သို့သော် အခုလက်ရှိတွင် ကျန်းရီ၌ သူ့ကိုယ်သူပင်လျှင် ဗိုက်ဝအောင် မစားနိုင်သည့်ပုံ ပေါ်နေခဲ့သည်။ သူတို့အား ကျွေးဖို့ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်သည်။

"သူတို့သာ ငါ့အပေါ် ဒီလောက် သစ္စာရှိကြရင် သိပ်ကောင်းမှာပဲ ကျန်းရီရဲ့ အပေးအယူက ဘာများလဲ သိချင်လိုက်တာ"

All Chapters