အခန်း ၁၃၀
Vol. 9 Ch. 130
အခန်း (၁၃၀)
မူလတွင် ကျိန့်ဟွာချန်သည် ကျန်းရီနှင့် တခြားသူများအား ဖမ်းမည်ဟု ပြောခဲ့သည်။ နောက်ဆုံး၌ ရက်အနည်းငယ် အတွင်းမှာပင် သူတို့ဆီတွင် မျိုးဗီဇပြောင်းလဲမည့် လက္ခဏာများ စတင် ပြသလာခဲ့သည်။
ထိုအချိန်တွင် ကျန်းရီမှာမူ ထွက်ပြေးသွားပြီ ဖြစ်ကာ ဟွမ်ထျန်းဖန်းနှင့် သွားပူးပေါင်းခဲ့ပြီး ဖြစ်သည်။ ဟွမ်ထျန်းဖန်းသည် မည်သည့်မှ မပါရှိသည့် ကျန်းရီအား အဘယ်ကြောင့် လက်ခံခဲ့သည် ဆိုသည့် အကြောင်းရင်းမှာမူ ကျန်းရီဆီတွင် တိုက်ခိုက်ရာ၌ တော်သည့် သက်တော်စောင့် အနည်းငယ် ရှိနေ၍ ဖြစ်သည်။
နောက်ထပ် အကြောင်းရင်းတစ်ခုမှာမူ ကျန်းရီသည် အမှန်ပင် ရုပ်ဖြောင့်၍ ဖြစ်သည်။
သူသည် ငယ်စဉ်ကတည်းမှ အလိုလိုက်ခံထားရပြီး အစိုးရအရာရှိ မိသားစု၌ မွေးဖွားလာခဲ့သူ တစ်ဦး ဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မှီတွင် ကျန်းရီ၌ လိုက်လံသည့် မိန်းကလေးများ အများကြီး ရှိခဲ့သည့် အပြင် မိန်းကလေး အများအပြားသည် သူ့ထံသို့ ဦးစွာ ချဉ်းကပ်လာလေ့ ရှိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဟွမ်ထျန်းဖန်းသည် ယောက်ျားများကိုသာ သဘောကျ နှစ်သက်သူ တစ်ဦး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဤကာလများ အတွင်းတွင် ကျန်းရီ မည်သို့သော ဘဝမျိုးဖြင့် ဖြတ်သန်းနေရသည် ဆိုသည်အား လူတိုင်း သိကြလေသည်။
လူခြောက်ယောက် အုပ်စု ဝင်လာခဲ့သော်လည်း ကျန်းရီ တစ်ယောက်တည်းသာ အသက်ရှင်လျက် ကျန်ရစ်ခဲ့လေသည်။
"ငါတို့ မတွေ့ရတာ တော်တော်ကြာပြီနော် ဘာလို့ ငါ့အတွက် ဒီလောက်ကြီးတဲ့ အံ့ဩစရာ လက်ဆောင်ကြီး ပြင်ဆင်လာရတာလဲ"
ရဲ့ရှင်းချန်သည် မှန်ပြောင်းမှ တစ်ဆင့် မြေကြီးပေါ်တွင် မီးလောင်နေဆဲဖြစ်သည့် လူအား ကြည့်လိုက် ပြီးနောက် ခေါင်းများ ပွင့်ထွက်သွားသည့် လူလေးယောက်အား ပြန် ကြည့်လိုက်လေသည်။
"မင်း ငါ့ကို အသားတွေ အများကြီး ပို့ပေးခဲ့တာ နှမြောစရာပဲ ဒါပေမယ့် ငါက သဘောမကျဘူး နည်းနည်းတော့ ဖြုန်းတီးရာ ကျတယ်"
ကျန်းရီသည် ဆီးနှင်းတွေထဲမှ နေ၍ ထရပ်လိုက်ပြီးနောက် ရဲ့ရှင်းချန်အား အံကြိတ်ကာ စိုက်ကြည့်လိုက်လေသည်။ ဟွမ်ထျန်းဖန်းသည် သူတို့နှင့် အတူ လိုက်မလာခဲ့ချေ။ ကျန်းရီသည် ဟွမ်ထျန်းဖန်း၏ လက်အောက် ငယ်သားများကိုသာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။
လင်းစစ်ကျားသည် ရဲ့ရှင်းချန်၏ အိမ်သို့ ပြောင်းရွှေ့ သွားပြီး နောက်ပိုင်း လင်းစစ်ကျားအား မည်သို့ လုပ်ရမည် ဆိုသည်အား ညွှန်ကြားခဲ့သူမှာ ရဲ့ရှင်းချန် ဖြစ်ရမည် ဆိုသည်အား ကျန်းရီ ခန့်မှန်း မိသွားခဲ့သည်။ ထို့အချိန်မှ စ၍ သူသည် ရဲ့ရှင်းချန်အား အရိုးစွဲနေအောင် မုန်းတီးသွားခဲ့တော့သည်။
ရဲ့ရှင်းချန်ကြောင့်သာ မဟုတ်ခဲ့လျှင် သူသည် အခုချိန်ထိ အိမ်တွင် သက်တောင့်သက်သာ နေနိုင်အုန်းပေမည်။ တစ်သက်လုံး စား၍ မကုန်နိုင်သည့် အစားအစာများနှင့် သူ့အား ကာကွယ်ပေးနိုင်သည့် သက်တော်စောင့် တစ်အုပ်စုနှင့် အတူတူ ဖြစ်သည်။
နောက်ဆုံးတွင် ရဲ့ရှင်းချန်နှင့် သူ့၏ ကိုယ်ပိုင် ပေါ့ဆမှုများကြောင့် သူသည် လင်းစစ်ကျား၏ လုပ်ကြံမှုအား ခံလိုက်ရတော့သည်။ သူ့အိမ်တွင် ရှိသည့် အရင်းအမြစ်များ အကုန်လုံး လုယက် ခံလိုက်ရတော့သည်။ ထို့နောက် သူသည် ကြိုးအား ဖြတ်၍ လွတ်မြောက် သွားချိန်တွင် ထိုလူများအား ရဲ့ရှင်းချန်မှ ခေါ်လာခြင်း ဖြစ်ကြောင်း သူ သတိထားမိခဲ့ခြင်း ဖြစ်သည်။
အိမ်ရာဝင်းထဲမှ တခြားလူများအားလည်း သူ မုန်းတီးသည့်တိုင် ခေါင်းဆောင်ဖြစ်သည့် ရဲ့ရှင်းချန်ကိုမူ ပို၍ မုန်းတီးပေသည်။ အိမ်ရာဝင်း တစ်ခုလုံးအား မီးရှို့ သတ်ပစ်ချင်နေသည့်တိုင် ကံမကောင်းစွာနှင့် ဤရာသီဥတုတွင် မီးရရန် မဖြစ်နိုင်ချေ။
"ခွေးကောင် ရဲ့ရှင်းချန် မင်းကို သေစေချင်တယ် ငရဲကိုသာ သွားလိုက်တော့"
ဤကာလများ အတွင်း သူခံစားခဲ့ရသည့် အရှက်ရမှုများအား တွေးမိတိုင်း သူသည် တစ်ချိန်တွင် အလိုလိုက် ခံထားရသည့် ဒုတိယမျိုးဆက် ချမ်းသာသည့် အမွေခံ တစ်ယောက် ဖြစ်ခဲ့သော်လည်း အသက်ရှင်သန်ဖို့ရန် အတွက် တခြားယောက်ျား တစ်ယောက်ထံ ကိုယ့်ကိုယ်ကိုယ် ပုံအပ်ခဲ့ရလေသည်။ ကျန်းရီသည် ရဲ့ရှင်းချန်၏ အရေခွံအား ခွာယူကာ သွေးများအား ဖောက်၍ သောက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။
ထို့တိုင် ကျန်းရီသည် ဆီးနှင်းတွေပေါ်တွင် ခုန်နေရုံသာ ခုန်နိုင်ပေသည်။ ရဲ့ရှင်းချန်အနားသို့ သူ လုံးဝ ချဉ်းကပ်၍ မရနိုင်ပါချေ။ မူလတွင် ရဲ့ရှင်းချန်၏ ခေါင်မိုးပေါ်သို့ တိတ်တဆိတ် တက်ရောက်ကာ ရဲ့ရှင်းချန်၏ အိမ်အတွင်းသို့ ခိုးဝင်ချင်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင်မူ သူ အများကြီး မတက်ရသေးခင်မှာပင် ရဲ့ရှင်းချန်၏ တွေ့ရှိခြင်းအား ခံလိုက်ရတော့သည်။
ကျန်းရီ မည်သို့ပင် စဉ်းစားစေကာမူ သူ နားမလည်နိုင်ခဲ့ချေ။ သူသည် ဤမျှလောက် သေးငယ်လှသည့် လှုပ်ရှားမှုမျိုးအား လုပ်ခဲ့ခြင်း ဖြစ်သည်ကိုပင် ရဲ့ရှင်းချန်မှ သူ့အား မည်ကဲ့သို့ သတိထားမိ နိုင်ရလေသနည်း။
ဤအိမ်၏ အရှေ့ အနောက် ဘယ် ညာ အကုန်လုံးတွင် စောင့်ကြည့်ကင်မရာများ ရဲ့ရှင်းချန် တပ်ဆင် ထားသည် ဆိုသည်ကိုမူ သူ မသိနိုင်ခဲ့ပေ။ အိမ်အား မပြောနှင့်။ ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးမှာပင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားခြင်း ဖြစ်သည့် အတွက် သူ့၏ လှုပ်ရှားမှုတိုင်းအား ရဲ့ရှင်းချန်မှ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ကျန်းရီသည် ရဲ့ရှင်းချန်အား မဆဲဆိုခင်မှာပင် ရဲ့ရှင်းချန်သည် မိုချီအား ခေါ်လိုက်လေသည်။
"မင်းရဲ့ စွမ်းအားက လူတစ်ယောက်ကို တစ်ခုခုထဲမှာ ပိတ်လှောင်ပြီးတော့ တွဲလွဲဆွဲထားလို့ ရလား"
ကျန်းရီမှ လွဲ၍ တခြားလူများအား ရဲ့ရှင်းချန် သတ်ပစ်ရသည့် အကြောင်းရင်းမှာ ကျန်းရီအား ဤတိုင်း သေခွင့်ပေးလိုက်လျှင် သူ့ အတွက် အလွန်ပင် လွယ်ကူလွန်းသွားလိမ့်မည် ဟု ခံစားရလို့ပင် ဖြစ်သည်။
အရင်ဘဝတွင် ကျန်းရီသည် လူတစ်စုအား ရဲ့ရှင်းချန်၏ အိမ်သို့ ခေါ်ဆောင် လာပြီး ရဲ့ရှင်းချန်အား အရှင်လတ်လတ် အပိုင်းပိုင်း ဖြတ်ကာ စားခဲ့သည် ဆိုသည်အား သိထားရမည် ဖြစ်သည်။ ထိုကဲ့သို့သော နာကျင်မှုမျိုးသည် ရှေးခေတ်တွင် သေဒဏ်ပေးသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည့် အပိုင်းပိုင်းဖြတ်၍ သတ်သည့် နည်းလမ်း တစ်ခုပင် ဖြစ်သည်။
သူ ပြန်လည်မွေးဖွားသည် မှာ နှစ်ဝက်လောက် ကြာမြင့် သွားခဲ့ပြီ ဖြစ်သည့်တိုင် ထိုစဉ်က နာကျင်မှုအား ရဲ့ရှင်းချန် မှတ်မိနေဆဲပင် ဖြစ်သည်။
"ကျွန်မ မစမ်းကြည့်ရသေးဘူး စမ်းကြည့်လိုက်မယ်"
မိုချီသည် ရဲ့ရှင်းချန် ပေးထားသည့် ကျူကျူ သကြားလုံးအား ဝါးနေဆဲ ဖြစ်သည်။ အခန်းထဲ ဝင်ဝင်ချင်းမှာပင် သူမ မတုန်ရီဘဲ မနေနိုင်ခဲ့ချေ။ ရဲ့ရှင်းချန်သည် အစောပိုင်း၌ သေနတ်ပစ်ပေါက်အား ဖွင့်ထားခြင်း ဖြစ်သည့် အတွက် အေးစက်သည့် လေများ အများကြီး ဝင်လာခဲ့ခြင်း ဖြစ်သည်။
သူသည် မိုချီအတွက် အဝတ်အစား အနည်းငယ် ထုတ်ပေးပြီးနောက် ပြတင်းပေါက်နားသို့ ခေါ်သွားလိုက်သည်။ ထို့နောက် အစောပိုင်းတွင် ပိတ်ထားသည့် သေနတ်ပစ်ပေါက်အား ပြန်ဖွင့်လိုက်သည်။
ရဲ့ရှင်းချန် သူ့အား ဂရုမစိုက်တော့သည်အား ကျန်းရီ မြင်တွေ့ လိုက်ရလေသည်။ ရဲ့ရှင်းချန်သည် သူ့အား အသက်ရှင်ခွင့် ပေးချင်သည်ဟု သူ အစပိုင်းတွင် ထင်ခဲ့ခြင်းကြောင့် နံရံတွင် တွဲလွဲကျနေသည့် ကြိုးအား လှမ်းကိုင်ပြီး အပြင်သို့ ထွက်ပြေးရန် အတွက် ကြိုးစားလိုက်တော့သည်။ မိုချီသည် ကျန်းရီအား ဖမ်းရန် လျှပ်စီးတန်း နှစ်ခု ပစ်လွှတ် လိုက်သော်လည်း ကျန်းရီ ဓာတ်လိုက်ပြီး သေသွားမှာကိုလည်း သူမ ကြောက်နေခဲ့သည်။
"အဆင်ပြေမယ့်ပုံ မပေါ်ဘူး ကျွန်မ ဘယ်လိုလုပ်ရမလဲ ကျွန်မရဲ့ လျှပ်စီးပွတ်ကြိုးက လူတွေကို ချည်နှောင်လို့ ရမယ့်ပုံ မပေါ်ဘူး"
မိုချီသည် ခေါင်းကုတ်လိုက်ကာ နောက်ထပ် ကျူကျူ သကြားလုံး တစ်လုံးအား ပါးစပ်ထဲ ထည့်လိုက်သော်လည်း ကျောက်ခဲလေး တစ်လုံးကဲ့သို့ မာကျောနေပြီ ဆိုသည်အား တွေ့လိုက်ရလေသည်။
"မရဘူး ငါတို့ မြန်မြန်လုပ်မှရမယ် မဟုတ်ရင် သူ ထွက်ပြေးသွားလိမ့်မယ်"
ရဲ့ရှင်းချန် မျက်မှောင် ကြုတ်လိုက်မိသည်။ လက်စားချေရန် သူ အစောကြီးကတည်းမှ လိုလားနေခဲ့သော်လည်း ကျန်းရီနှင့် ထိုခွေးမ ချန်ရူအာအား ဂရုစိုက်ရန် သူ့ အဖို့ အချိန်မရခဲ့ချေ။ နောက်ပိုင်း သူ ပြန်တွေးကြည့် မိသောအခါ ထိုလူနှစ်ယောက်သည် သူ၏ ရှေ့တွင် မရှိတော့သည်အား သူ သတိထားမိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ရဲ့ရှင်းချန် အနည်းငယ် နောင်တရ မိသွားသေးသည်။
သူတို့အား မြန်မြန်နှင့် လွယ်လွယ်ကူကူ သေသွားခြင်းသည် နှမြောစရာပင် ဖြစ်သည်။ ထို့တိုင် အခုချိန်တွင် ကျန်းရီ ရုတ်တရက် ပေါ်လာခဲ့ပြီ ဖြစ်သည်။ သူ ပေါ်လာရုံသာမက သူ့ကိုပါ လာရှာသေးသည် မဟုတ်ပါလား။ ထိုမျှလောက် လွယ်လွယ်ကူကူဖြင့် သူတို့အား ထွက်ပြေးခွင့်ပြု၍ မရချေ။
ရဲ့ရှင်းချန် စိုးရိမ်လာမိသည်။ သူသည် လက်အား ဆန့်ထုတ်လိုက်ပြီး ရင်ထဲတွင် မအော်ဟစ်ဘဲ မနေနိုင်ခဲ့ချေ။ ရုတ်တရက် ကြိုးပေါ်တွင် ရှိနေသေးသည့် ကျန်းရီ ပျောက်ကွယ် သွားခဲ့သည်။
ထို့နောက်တွင် နေရာလွတ်ထဲ၌ အစိမ်းသက်သက် အရာဝတ္ထု တစ်ခု ထပ်တိုးလာသည်အား ရဲ့ရှင်းချန် ခံစားမိလိုက်လေသည်။ ထိုသည်မှာ ကျန်းရီပင် ဖြစ်သည်။
ရဲ့ရှင်းချန် နေရာမှာတင် ကြောင်အမ်း သွားခဲ့ရသည်။ မိုချီသည် မည်သို့ ဖြစ်ပျက်သွားသည်အား မသိခဲ့ချေ။ သူမသည် အအေးဒဏ်ကြောင့် လက်အား ပွတ်နေရုံသာ ရှိပေသည်။
ရုတ်တရက် ရဲ့ရှင်းချန်၏ ခန္ဓာကိုယ်သည် အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။ သူ့ခြေထောက်များသည် ရုတ်တရက် အားပျော့သွားခဲ့ကာ ဆာလောင်မှုကိုသာ ခံစားလိုက်ရလေသည်။
"ချီးပဲ ပစ္စည်းတွေကို နေရာပြောင်းတာက အရမ်းမိုက်နေပြီလို့ ငါ ထင်ခဲ့တာ ငါ ငါက လူတွေကိုပါ နေရာပြောင်းနိုင်တာလား"
"မရဘူး မရဘူး ငါ အရမ်းဗိုက်ဆာနေပြီ ထမင်းစားဖို့ အိမ်ထဲ ပြန်ဝင်ရအောင်"
ဤတစ်ကြိမ်သည် မိုချီအား ရဲ့ရှင်းချန် ပထမဆုံးအကြိမ် သတ္တမထပ်အား ခေါ်လာခြင်း ဖြစ်သည်။ သို့သော် မိုချီသည် နောက်ထပ် အကြိမ် အနည်းငယ်လောက် ထပ်မကြည့်ရသေးခင်မှာပင် ရဲ့ရှင်းချန်သည် သူမအား ဓာတ်လှေကားထဲ တွန်းပို့လိုက်ပြီးနောက် ဆဋ္ဌမထပ်သို့ တန်းဆင်း သွားခဲ့တော့သည်။
ဓာတ်လှေကား တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ရဲ့ရှင်းချန်သည် မိုချီအား ထမင်းစားပွဲဆီသို့ တိုက်ရိုက် ဆွဲခေါ်သွားတော့သည်။
"ရှောင်ကျား ဟင်းမချက်နဲ့တော့ ဒီနေ့ ကျန်တဲ့ ဟင်းတွေပဲ စားကြရအောင်"
ညစာစားချိန် မရောက်သေးသည့်အပြင် လင်းစစ်ကျားသည်လည်း ဟင်းများ ချက်ရန် စတင်၍ မပြင်ဆင်ရသေးပေ။ သူမသည် သုတေသန ခန်းငယ်လေးထဲတွင် နေရသည်မှာ ပင်ပန်းလာ၍ အပြင်ထွက်ပြီး သစ်သီးတချို့ ဆေးကြောချင်နေရုံသာ ဖြစ်ပေသည်။
အပြင်သို့ ထွက်ထွက်ချင်းမှာပင် ရဲ့ရှင်းချန်၏ တားဆီးခြင်းအား သူမ ခံလိုက်ရတော့သည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် ရဲ့ရှင်းချန်သည် စားပွဲအပြည့် အစားအစာတွေအား ချထားပြီးနောက် အငမ်းမရ စတင် စားသောက်နေပြီ ဖြစ်သည်။ သူသည် လင်းစစ်ကျားနှင့် မိုချီတို့ ထိုင်ဖို့ကိုပင် မစောင့်နိုင်တော့ချေ။
"ရှင် ဘာတွေဖြစ်နေတာလဲ"
ကျန်းရီနှင့် တခြားသူများ ရောက်ရှီလာသည် ဆိုသည်အား လင်းစစ်ကျား မသိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျောက်ဟောင် မကြားရအောင် ရဲ့ရှင်းချန်သည် သူ၏ စနိုက်ပါရိုင်ဖယ်တွင် အသံတိတ် ကိရိယာ တပ်ဆင်ထားလို့ပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ကျောက်ဟောင်သည် အရင်အချိန်များ၌ စစ်သားဟောင်း တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။