← Chapters

အခန်း ၁၂၉၂

Vol. 113 Ch. 1292

အခန်း ၁၂၉၂

Vol. 113 Ch. 1292

အခန်း ၁၂၉၂

ရှောင်းယီသည် အလင်းဖန်သားပြင် ထောက်လှမ်းရေးကိရိယာအတွက် လိုအပ်သော ကုန်ကြမ်းများကို စတင်စုဆောင်းနေပြီဖြစ်သည်။

လောလောဆယ်တွင် ရှောင်းယီ၏လက်ထဲ၌ အောက်ဆီဂျင်၊ လောင်စာဆီနှင့် ဖန်ခွက်များကဲ့သို့ လူတိုင်းလိုအပ်နေသော ပစ္စည်းများစွာ ရှိနေသည်။

ဤထုတ်လုပ်မှုပုံစံသည် ရိက္ခာသေတ္တာမှ ရရှိထားခြင်းဖြစ်သောကြောင့် ၎င်းအတွက် လိုအပ်သော ကုန်ကြမ်းများကိုလည်း ရိက္ခာသေတ္တာများထဲမှပင် ရရှိနိုင်သည်မှာ သေချာသည်။ အဆုံး၌ လောလောဆယ်တွင် လူတိုင်း၏ အင်အားမှာ ကန့်သတ်ချက်ရှိနေပြီး ဂြိုဟ်တစ်ခုပေါ်သို့ ဆင်းသက်၍ ကုန်ကြမ်းများ သွားရောက်စုဆောင်းရန်မှာ မဖြစ်နိုင်သေးပေ။ သေတ္တာများထဲမှ ရှာတွေ့နိုင်သည့် ကုန်ကြမ်းများသာ ဖြစ်သောကြောင့် ရှောင်းယီသည် ၎င်းတို့ကို လျင်မြန်စွာ စုဆောင်းမိသွားခဲ့သည်။

သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ‘ထုတ်လုပ်မည်’ ဆိုသည်ကို နှိပ်လိုက်ရာ ချက်ချင်းပင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

“သင်သည် အလင်းဖန်သားပြင် ထောက်လှမ်းရေးကိရိယာကို ရရှိထားပါသည်။ ၎င်းကို အရေးပေါ်ကယ်ဆယ်ရေးယာဉ်ပေါ်တွင် တပ်ဆင်လိုပါသလား။”

“တပ်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီးနောက် အသစ်စက်စက် ထုတ်လုပ်ထားသော အလင်းဖန်သားပြင် ထောက်လှမ်းရေးကိရိယာကို ကြည့်လိုက်သည်။

“အလင်းဖန်သားပြင် ထောက်လှမ်းရေးကိရိယာ: လမ်းကြောင်း အဖက်ဖက်သို့ အလင်းတန်းများကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးသည်။ ဖိုတွန်ရောင်ပြန်ဟပ်မှုအပေါ် အခြေခံ၍ အတားအဆီးများ၏ ထုထည်၊ အရွယ်အစားနှင့် ပုံသဏ္ဌာန်တို့ကို ဆုံးဖြတ်ပေးသည်။ ထောက်လှမ်းနိုင်စွမ်းအကွာအဝေး: ၁၀၀ ကီလိုမီတာ။ သတိပေးသံကို အဖွင့်/အပိတ် ပြုလုပ်နိုင်သည်။”

စနစ်၏ ညွှန်ကြားချက်ကို ဖတ်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အကြောင်းကြားစာ ထွက်ပေါ်လာ၏။

“တပ်ဆင်ခြင်း အောင်မြင်ပါသည်။”

တပ်ဆင်မှု အောင်မြင်ပြီးသည်နှင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ မောင်းနှင်တံဘေးတွင် ဒစ်ပလေးမျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။ ၎င်းကို စဖွင့်လိုက်သောအခါ မျက်နှာပြင်ပေါ်၌ ချက်ချင်း ပတ်ဝန်းကျင်အခြေအနေများ ထွက်ပေါ်လာတော့သည်။

“အပေါ်ဘက် ဘယ်ကွေ့ ၆၉ ကီလိုမီတာ အကွာအဝေးတွင်: အချင်း သုံးမီတာခန့်ရှိသော ဘဲဥပုံ ဥက္ကာခဲတစ်ခု ရှိနေသည်။”

“အောက်ဘက် ညာကွေ့ ၄၃ ကီလိုမီတာ အကွာအဝေးတွင်: အချင်း ငါးမီတာရှိသော ဥက္ကာခဲ သုံးခု ရှိနေသည်။”

ပြသမျက်နှာပြင်ပေါ်ရှိ ထိုကဲ့သို့ အသေးစိတ်ကျသော အမှတ်အသားများကို မြင်လိုက်ရသောအခါ ရှောင်းယီက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိ၏။

“နောက်ဆုံးတော့ အန္တရာယ်ကို ကြိုတင်ထောက်လှမ်းနိုင်တဲ့ ကိရိယာတစ်ခု ရခဲ့ပြီပဲ။”

ရှောင်းယီ သတိပေးသံကို ချက်ချင်း ဖွင့်ထားလိုက်သည်။ ၎င်းသည် အတားအဆီးတစ်ခုခုကို ထောက်လှမ်းမိသည်နှင့် အသံမြည်လာမည်ဖြစ်ရာ သူ၏ တုံ့ပြန်မှုကို အချိန်မီ ပြင်ဆင်နိုင်မည်ဖြစ်သည်။

ဤထောက်လှမ်းရေးကိရိယာ ရှိလာပြီဖြစ်သောကြောင့် ရှောင်းယီသည် သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို စတင်မောင်းနှင်ကာ ဂြိုဟ်ပတ်လမ်းကြောင်း လှည့်ပတ်မှု၏ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်သွားရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

ယခင်က ခရီးသွားစဉ်တွင် တစ်ခုခုနှင့် တိုက်မိမည်ကို စိုးရိမ်ခဲ့ရသော်လည်း ယခုအခါ ဤထောက်လှမ်းရေးကိရိယာ ရှိနေသဖြင့် ပိုမိုဘေးကင်းသွားပြီဖြစ်သည်။ သူသည် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို စက်စနှိုးကာ လမ်းကြောင်းကို စောင့်ကြည့်ပြီး မောင်းနှင်တံကို ထိန်းချုပ်ကာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို လမ်းကြောင်းတစ်ခုအတိုင်း ပျံသန်းသွားစေလိုက်သည်။

ရှောင်းးယီ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်သည် ဂြိုဟ်၏ ဆွဲငင်အားနယ်ပယ်အတွင်းသို့ လုံးဝ ရောက်မနေသော်လည်း ၎င်း၏ ဒြပ်ဆွဲအားဒဏ်ကို ခံနေရဆဲဖြစ်သောကြောင့် လောင်စာဆီ သုံးစွဲမှုမှာ မြင့်မားနေဆဲပင်။

“ဒါနဲ့တင် လောင်စာဆီ ဖြည့်တာ တတိယအကြိမ် ရှိပြီ။”

ရှောင်းယီသည် မိမိရှေ့တွင် ရှိနေဆဲဖြစ်သော ကြီးမားသည့် ဂြိုဟ်၏ အရိပ်အောက်လိုင်းကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၌ သိုလှောင်ထားသော ရေအချို့ ရှိနေသော်လည်း ဤအတိုင်းသာ ဆက်သွားနေပါက တစ်နေ့တွင် ကုန်သွားပေလိမ့်မည်။

“ငါ အရင်ဆုံး ရေအမြောက်အမြား ရနိုင်မယ့် အရင်းအမြစ်တစ်ခုကို ရှာဖို့ လိုနေသေးတယ်။”

ရှောင်းယီက တီးတိုး ရေရွတ်လိုက်သည်။

ထိုစဉ်တွင် ရှောင်းးယီ၏ ခေါင်းထဲသို့ အတွေးတစ်ချက် ချက်ချင်း လက်ခနဲ ဝင်လာခဲ့သည်။ ယခင်က ကြယ်တံခွန်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသော အသက်ရှင်ကျန်ရစ်သူအကြောင်းကို သူ သတိရသွားခဲ့သည်။

“ငါ အဲဒီကြယ်တံခွန်ကိုပဲ မျက်စိကျကြည့်ရင် ကောင်းမလား။”

ရှောင်းယီ သူ့ဘာသာ တွေးလိုက်မိသည်။

ကြယ်တံခွန်များကို အဓိကအားဖြင့် ရေ၊ အမ်မိုနီယာ၊ မီသိန်း စသည်တို့ဖြင့် ဖွဲ့စည်းထားပြီး ကြယ်တံခွန်တစ်ခုတည်း၏ အလေးချိန်မှာပင် တန်ချိန် ဘီလီယံ ရာပေါင်းများစွာ ရှိသည်။ ထိုအထဲတွင် ရေပမာဏ မည်မျှအထိ ရှိနေမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

အကယ်၍ သူသာ ကြယ်တံခွန်တစ်ခုကို အပြည့်အဝ အသုံးချနိုင်မည်ဆိုပါက အနည်းဆုံးတော့ အချိန်တိုအတွင်း ရေပြဿနာအတွက် စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။

ထိုသို့တွေးပြီးနောက် ရှောင်းယီသည် ယခင်က ကြယ်တံခွန်၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရသော အသက်ရှင်ကျန်ရစ်သူကို ချက်ချင်း ရှာဖွေလိုက်သည်။

ထိုသူ၏ အိုင်ဒီမှာ ကချေသည် ဝက်ဖြစ်သည်။

“အခြားဂြိုဟ်တွေက သက်ရှိတွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ ဝိညာဉ်တွေ ရှိကြတာပဲ။”

ရှောင်းယီက ပြုံးကာ တွေးလိုက်မိသည်။

“မင်္ဂလာပါ။ ငါက ယီရန်ပင်းပါ။”

ရှောင်းယီက သူ့ထံသို့ သီးသန့်စာမှတစ်ဆင့် နှုတ်ဆက်လိုက်သည်။

‘

ကချေသည်ဝက်မှာမူ လက်ရှိတွင် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင် ဘေး၌ လှဲလျောင်းနေ၏။ သူသည် မိမိ၏ အနာဂတ်မှာ မှောင်မိုက်နေပြီဟု ခံစားနေရပြီး မိမိကိုယ်မိမိ မည်သို့ အဆုံးစီရင်ရမလဲဆိုသည်ကိုပင် စတင်စဉ်းစားနေပြီ ဖြစ်သည်။

ထိုစဉ်မှာပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံမှ အချက်ပေးသံ မြည်လာခဲ့လေသည်။

“ဒီဒီ သင့်ထံသို့ သီးသန့်စာတစ်စောင် ပေးပို့ထားပါသည်။ ၎င်းကို ကြည့်ရှုလိုပါသလား။”

ကချေသည်ဝက်သည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သီးသန့်စာကို ပေါ့ပေါ့ပါးပါးပင် နှိပ်၍ ဖွင့်လိုက်သည်။

စာပို့လာသူမှာ ယီရန်ပင်း ဖြစ်နေသည်ကို မြင်သော်လည်း ကချေသည်ဝက်၏ စိတ်ထဲ၌ ထူးထူးခြားခြား လှုပ်ခတ်သွားခြင်းမရှိဘဲ တိုက်ရိုက်ပင် ပြန်စာပို့လိုက်သည်။

“ဒီလူ သေသွားပါပြီ။ ကိစ္စရှိရင် အမျှအတန်းပေး၊ စက္ကူပဲ မီးတိုက်လိုက်ပါ။”

တစ်ဖက်လူ၏ ပြန်စာကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ် ကြောင်အသွားခဲ့ပြီးနောက် ပြုံးကာ ပြန်ပြောလိုက်သည်။

“မင်းလည်း အကောင်းပကတိ အသက်ရှင်နေတာပဲ မဟုတ်လား။ ပြီးတော့ မင်း ဆက်ပြီးတော့လည်း ကောင်းကောင်းမွန်မွန် အသက်ရှင်နေဦးမှာပါ။”

“သူဌေး... သူဌေး ကျွန်တော့်ကို အားပေးနေတာ သိပါတယ်။ ဒါပေမဲ့ ရိက္ခာသေတ္တာလည်း သွားကောက်လို့မရဘူး။ ကျွန်တော့်မှာ စားစရာလည်း မရှိဘူး။ ဘယ်လိုလုပ်ပြီး ကောင်းကောင်း အသက်ရှင်နိုင်မှာလဲ။”

ကချေသည်ဝက်ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလာခဲ့သည်။

“ကျွန်တော်က အဲဒီကြယ်တံခွန်ရဲ့ အမြီးကို သွားကိုက်စားရမှာလား။”

“ဟုတ်တယ်။ အတိအကျပဲ။ အဲ့ဒီကြယ်တံခွန်ရဲ့ အမြီးကို သွားပြီးတော့သာ ကိုက်ဝါးလိုက်။”

ရှောင်းယီက ချက်ချင်းပင် စကားထောက်ပေးလိုက်သည်။

ကချေသည်ဝက်သည် ကြောင်အသွားပြီးနောက် ရှောင်းယီက သူ့ကို စနောက်နေသည်ဟု ထင်မှတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။

“သူဌေး... ကျွန်တော်က သေခါနီးလူပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို လာမကျီစယ်ပါနဲ့။”

ရှောင်းယီက ပြုံးလိုက်သည်။

“ငါ့ရဲ့ မိခင်ဂြိုဟ်မှာ ရှေးစကားပုံတစ်ခု ရှိတယ်။ ‘တောင်နားနီး တောင်မှီစား၊ ရေနားနီး ရေမှီစား’ တဲ့။ မင်းက ကြယ်တံခွန်နားမှာ ရှိနေတာပဲ။ ကြယ်တံခွန်ကို မှီစားလို့ ဘာလို့မရရမှာလဲ။”

ကချေသည်ဝက် မျက်မှောင်ကြုတ်လိုက်သည်။

“သူဌေး ပြောချင်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ကြယ်တံခွန်တွေဆိုတာ အများစုက ရေတွေပဲ။ အခုအချိန်မှာ ဘယ်အသက်ရှင်ကျန်ရစ်သူမဆို ရေကို ရနိုင်တာပဲ မဟုတ်ဘူးလား။ ကျွန်တော် ကြယ်တံခွန်ကနေ စုဆောင်းလာတဲ့ ရေအတွက်နဲ့ ဘယ်သူက စားစရာတွေ လာလဲပေးမှာလဲ။”

“ငါ လဲပေးမယ်။”

ရှောင်းယီက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ ကချေသည်ဝက်တစ်ယောက် အံ့အားသင့်သွားပြီးနောက် သူ၏မျက်ဝန်းထဲ၌ မျှော်လင့်ချက်အရောင်အဝါတစ်ခု ချက်ချင်း ဖျတ်ခနဲ ပေါ်လာတော့သည်။

“သူဌေး... တကယ် ပြောနေတာလား။”

ကျူးဝူက အလောတကြီး မေးလိုက်သည်။

“တကယ် ပြောတာပေါ့။ ငါ အခု မင်းကို ဆက်သွယ်ရတာက မင်းနဲ့ ရေရှည်ကုန်သွယ်မှုတစ်ခု လုပ်ချင်လို့ပဲ။ ငါ မင်းကို ရေသန့်နဲ့ စားစရာတွေ ထောက်ပံ့ပေးမယ်။ မင်းက ငါ့အတွက် ရေကို သီးသန့်စုဆောင်းပေးရမယ်။ ဘယ်လိုလဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ရှောင်စယီ၏ ပြန်စာကို မြင်သောအခါ ကျူးဝူသည် ရင်ခုန်စိတ်လှုပ်ရှားသွားပြီးနောက် သတိကြီးစွာဖြင့် ထပ်မံမေးမြန်းလိုက်သည်။

“သူဌေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေဘူးဆိုရင်... တခြား ကုန်ကြမ်းပစ္စည်းလေးတွေပါ အနည်းငယ်လောက် ထောက်ပံ့ပေးလို့ ရမလား။”

“ပြဿနာ မရှိဘူး။”

ရှောင်းယီသည် တုံ့ဆိုင်းမှုမရှိဘဲ လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။

မိမိ၏ ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေရဟူသော အချက်မှာ မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူကိုယ်တိုင် စိတ်ကြိုက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည့် အချက်သာ ဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေကို သဘောတူလိုက်ခြင်းဖြင့် ဘာမှနစ်နာစရာ မရှိပေ။

“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”

ကျူးဝူက အကြိမ်ကြိမ် ကျေးဇူးတင် စကားဆိုလိုက်သည်။

“ရပါတယ်။ ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲ။ မင်းရဲ့ ID က အရမ်းရှည်လွန်းတယ်။”

ရှောင်းယီက မေးလိုက်သည်။

“ကျူးဝူပါ။”

ကချေသည်ဝက်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ပေါင်မုန့် ၅၀၀ ဂရမ်၊ ရေသန့်၅၀၀ မီလီလီတာ - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီသည် ကုန်သွယ်မှုကို စတင်လိုက်ရင်း တစ်ပြိုင်နက်တည်း မှာလိုက်သည်။

“ချွေချွေတာတာ သုံးစွဲပါ။ ငါ့မှာ စားစရာ အတော်အတန် ရှိတယ်ဆိုပေမဲ့ အလဟဿတော့ မဖြုန်းတီးသင့်ဘူး။”

“ဟုတ်ကဲ့ပါ သူဌေး။”

ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။

“သူဌေး ခေတ္တလောက် စောင့်ပေးပါ။”

“ရေ ၅၀ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။”

“ဒါကို အခုတင် စုဆောင်းမိထားတာပါ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရေငွေ့တွေ ပြည့်နေသလို ခံစားရလို့ ဒီလောက် ပမာဏကို လွယ်လွယ်ကူကူပဲ စုဆောင်းလို့ ရခဲ့ပါတယ်။”

ကျူးဝူက ထပ်လောင်းပြောလိုက်သည်။

“အင်း... စားသောက်လို့ ဝပြီဆိုရင် ဆက်ပြီး စုဆောင်းထားလိုက်ဦး။ ငါ့ဘက်မှာ လောင်စာဆီ ထုတ်လုပ်ဖို့ ရေအမြောက်အမြား လိုအပ်နေတယ်။”

ရှောင်းယီသည် ကုန်သွယ်မှုကို လက်ခံလိုက်သည်။

“ကောင်းပါပြီ။ ကျွန်တော် အခုချက်ချင်း စပြီး စုဆောင်းလိုက်ပါ့မယ်။”

ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ နောက်ဆုံးတွင် သူသည် ဤစမ်းသပ်ပွဲကြီးတွင် ဆက်လက်ပါဝင်ခွင့်ရရန် မျှော်လင့်ချက် ပြန်ရှိလာပြီဟု ခံစားလိုက်ရတော့သည်။

ယခင်က သူသည် ဤကြယ်တံခွန်မှ ရေကို စုဆောင်းပြီး မိမိ၏ အကျပ်အတည်းမှ ရုန်းထွက်ရန် အမှန်တကယ် တွေးခဲ့ဖူးသော်လည်း ဤကြယ်တံခွန်ကြီးမှာ ထုထည် ကြီးမားလွန်းလှသည်။ သူ၏ သာမန် စုဆောင်းရေးကိရိယာလေးတစ်ခုတည်းနှင့် မိမိဘာသာ အားကိုးလုပ်ဆောင်မည်ဆိုပါက ၎င်းတို့ကို အကုန်စုဆောင်းနိုင်ရန် နှစ်ပေါင်းမည်မျှ ကြာမြင့်မည်ကို မသိနိုင်ပေ။ ထိုအချိန်မရောက်မီမှာပင် သူ ငတ်ပြတ်ပြီး သေဆုံးသွားပေလိမ့်မည်။

အခြား အသက်ရှင်ကျန်ရစ်သူများ၏ ပံ့ပိုးကူညီမှု မရှိဘဲနှင့် ဤအရာကို အသုံးချကာ လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်ပေ။ ယခုအခါတွင်မူ အသက်ရှင်ကျန်ရစ်သူတစ်ဦး ...၎င်းမှာလည်း ယီရန်ပင်း ကဲ့သို့သော ဆရာကြီးအဆင့်ရှိ အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ ပံ့ပိုးမှုကို ရရှိသွားပြီဖြစ်ရာ ကျူးဝူသည် မိမိ၏ အနာဂတ်မှာ တစ်ဖန်ပြန်လည်၍ အတိုင်းအဆမရှိ တောက်ပလာပြီဟု ချက်ချင်း ခံစားလိုက်ရတော့လေသည်။

All Chapters