← Chapters

အခန်း ၁၂၉၅

Vol. 113 Ch. 1295

အခန်း ၁၂၉၅

Vol. 113 Ch. 1295

အခန်း ၁၂၉၅

ရှောင်းယီက သူ့အတွက် မစင်နှင့် ဆီးစုဆောင်းသည့်ကိရိယာတစ်ခု ရရှိအောင် ကူညီပေးရန် တကယ်ကြီး ပြင်ဆင်နေသည်ကို ကြားလိုက်ရသောအခါ ကျူးဝူသည် ကျေးဇူးတင်လွန်းသဖြင့် အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော့်လို ညီငယ်လေးကို အမြဲသတိရပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။ သူဌေးအတွက်ဆို ကျွန်တော် သေတဲ့အထိ စိတ်ရောကိုယ်ပါ အစဉ်မြဲ အလုပ်အကျွေးပြုသွားပါ့မယ်။”

ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် နောက်ထပ် အရောင်းအဝယ်တစ်ခုကို စတင်လိုက်သည်။

[အနက်ရောင်ရွှေ ၈ ခု - အခမဲ့လဲလှယ်ခြင်း။]

ရှောင်းယီက အနက်ရောင်ရွှေ ၈ ခု ပို့ပေးလိုက်သည်ကို မြင်သောအခါ ကျူးဝူ ကြောင်အမ်းသွားပြီး မေးလိုက်သည်။

“သူဌေး... ဒါက ဘာလုပ်ဖို့လဲ။”

“မင်းရဲ့ အရေးပေါ်ယာဉ်ကို နည်းနည်းလောက် ထပ်ချဲ့လိုက်။ ပြီးရင် သတ္တုပြားတွေသုံးပြီး အိမ်သာတစ်ခု သီးသန့် အကန့်ခွဲလိုက်။ အဲဒါဆိုရင် အများကြီး ပိုအဆင်ပြေသွားလိမ့်မယ်။”

ရှောင်းယီက အကြံပြုလိုက်သည်။

ရှောင်ယီ၏ အကြံပြုချက်ကို ကြားလိုက်ရသောအခါ ကျူးဝူ၏ မျက်လုံးများ တောက်ပသွား၏။

“သူဌေးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ အောက်ဆီဂျင်ကိစ္စကရော ဘယ်လိုလုပ်ရမလဲ။”

“မင်း ငါ့ကို ရေတွေ ဒီလောက်အများကြီး ပေးထားတာပဲ။ အောက်ဆီဂျင်က ပြဿနာရှိဦးမှာမို့လို့လား။”

ရှောင်းယီက ပြန်လည်ချေပလိုက်သည်။ ကျူးဝူ အနည်းငယ် ကြောင်သွားပြီးနောက် ချက်ချင်းပင် ပြောလိုက်တော့သည်။

“အဲဒါက တကယ်ပဲ ပြဿနာမဟုတ်ပါဘူး။”

လဲလှယ်မှုကို သဘောတူလက်ခံပြီးနောက် ကျူးဝူသည် သူ၏ အရေးပေါ်ယာဉ်ကို ရှစ်ကုဗမီတာအထိ ချက်ချင်း ချဲ့ထွင်လိုက်ပြီး စက်ရုပ်လက်တံ၏ အတွင်းအပြင် ပစ္စည်းလဲလှယ်သည့် အခန်းငယ်အနီး၌ အိမ်သာတစ်ခုကို အကန့်ခွဲ၍ ပြုလုပ်လိုက်သည်။

ဤနည်းဖြင့် အိမ်သာထဲမှ စွန့်ပစ်ပစ္စည်းများကို အပြင်သို့ လွှင့်ပစ်ရာတွင် ပိုမိုအဆင်ပြေသွားမည် ဖြစ်သည်။ ၎င်းတို့ကို အပြင်သို့ ဆွဲထုတ်ပြီး အဝေးသို့ လွှတ်လိုက်ရုံရုံသာ ဖြစ်သည်။

ရှောင်းယီသည် လုံလောက်သော အောက်ဆီဂျင်ကို ချက်ချင်း ပြုလုပ်၍ ပို့ပေးလိုက်ရာ ကျူးဝူသည် အရေးပေါ်ယာဉ်အတွင်းသို့ အောက်ဆီဂျင်များကို လွှတ်ထုတ်လိုက်သည်။

ထိုအခါတွင်မှ ကျူးဝူသည် ယခင်က မွမ်းကျပ်ညစ်ညူးနေသော လေထုမှာ ချက်ချင်းပင် လတ်ဆတ်သန့်စင်သွားသည်ကို ခံစားလိုက်ရတော့သည်။

“ဒီလို ခံစားချက်မျိုးက အများကြီး ပိုကောင်းတယ်။”

ကျူးဝူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် မချီးမွမ်းဘဲ မနေနိုင်တော့ပေ။

“ပထမအဆင့်တုန်းကတော့ အားလုံးက ငါ့ကို မှီခိုခဲ့ကြရတယ်။ အခုအဆင့်မှာကျတော့ ငါက သူများကို ပြန်ပြီမှီခိုနေရပြီ။ ဒါကို ကိုယ့်ထက်တော်တဲ့သူ အမြဲရှိစမြဲပဲလို့ ပြောကြတာ ထင်တယ်။”

ရှောင်းယီသည် ပြင်ပရှိ တောက်ပနေသော အလင်းရောင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အနည်းငယ် စဉ်းစားကာ လုမေယွီဟု ခေါ်သော သခင်ကြီးလုထံသို့ သီးသန့်စာတစ်စောင် လှမ်းပို့လိုက်သည်။

“မင်း ဂြိုဟ်ရဲ့ အရိပ်အောက်ကနေ ရုန်းထွက်ချင်လား။”

ရှောင်းယီက တိုက်ရိုက် မေးလိုက်သည်။

“ထွက်ချင်တာပေါ့။ သူဌေးမှာ နည်းလမ်းရှိလို့လား။”

လုမေယွီက အလောတကြီး မေးလာခဲ့သည်။

“ရှိတယ်။ ဂြိုဟ်ပတ်လမ်း ရွေ့လျားမှုရဲ့ ဆန့်ကျင်ဘက်အရပ်ဆီကို ပျံသန်းလိုက်ရုံပဲ။ ဒါပေမဲ့ လောင်စာဆီတော့ အများကြီး ကုန်လိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“လောင်စာဆီ ခန့်မှန်းခြေ ဘယ်လောက်လောက် ကုန်မလဲ။”

လုမေယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ငါ့ဘက်မှာတော့ လောင်စာဆီ ၁၁.၅ ယူနစ် ကုန်သွားတယ်။”

“အဲ့လောက်တောင် အများတာလား။ သူဌေးဆီမှာ လောင်စာဆီ အလုံအလောက် ရှိရဲ့လား။”

လုမေယွီက စိတ်ထဲတွင် အလျင်အမြန်တွက်ချက်ကြည့်ပြီး မေးလိုက်သည်။

လောင်စာဆီ ၁၁.၅ ယူနစ်ကို ထုတ်လုပ်ရန်အတွက် ရေ ကီလိုဂရမ် ၁၁၅၀ ခန့် လိုအပ်မည်ဖြစ်သည်။ လောင်စာဆီ ထုတ်လုပ်သည့် စက်များကို မောင်းနှင်ရန် လျှပ်စစ်အား လုံလောက်မှု ရှိမရှိကို ထားလိုက်လျှင်ပင် ရေ ကီလိုဂရမ် ၁၁၅၀ ရရှိရန်တင် ဥက္ကာခဲ အမြောက်အမြားကို ဆွဲယူစုဆောင်းရမည် မဟုတ်ပါလော။

“စိတ်မပူပါနဲ့။ ငါ့ဘက်မှာ ရေအရင်းအမြစ် ရှာတွေ့ထားပြီးသွားပြီ။ ရေအတွက် စိုးရိမ်စရာမလိုဘူး။ အခု ငါ ဂြိုဟ်ရဲ့ အရိပ်အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီမို့လို့ ဆိုလာပြားတွေကလည်း လျှပ်စစ်အားအပြည့် ထုတ်ပေးနေပြီ။ အဲ့ဒါကြောင့် လျှပ်စစ်ဓာတ်အားကလည်း ပြဿနာမဟုတ်တော့ဘူး။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါကြောင့် မင်း အလင်းရောင်ရှိတဲ့နေရာကို စောစောလာချင်သလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။”

လုမေယွီ အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ သူဌေး။ ကျွန်တော့်ကို လောင်စာဆီတွေ ပို့ပေးပါဦး။”

ယခင်က သဘောတူထားသည့် ဈေးနှုန်းအရ လောင်စာဆီ တစ်မှတ်လျှင် အုတ်မြစ်ကျောက် ၅၀ ဖြစ်ပြီး လောင်စာဆီ တစ်ယူနစ်အပြည့်ဆိုလျှင် အုတ်မြစ်ကျောက် ၅၀၀၀ ဖြစ်သည်။ ယခင်က လုမေယွီသည် ရှောင်းယီထံတွင် အုတ်မြစ်ကျောက် ၂၀၀၀၀ သာ အပ်နှံထားခဲ့သဖြင့် ရှောင်းယီ လိုအပ်သော လောင်စာဆီဖိုးနှင့် ဆိုပါက အလင်းရောင်ထဲ ရောက်ရှိရန် များစွာ လိုအပ်နေသေးသည်။

မကြာမီပင် လုမေယွီသည် သူအပ်နှံထားသော အုတ်မြစ်ကျောက်များကို အကုန်အသုံးပြုလိုက်ပြီးနောက် ရှောင်းယီထံသို့ နောက်ထပ် အုတ်မြစ်ကျောက် ၁၀၀၀၀၀ ကို ပို့ပေးလိုက်ပြန်သည်။

ရှောင်းယီသည် လုမေယွီ ပို့လိုက်သော အုတ်မြစ်ကျောက်များကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။

“မင်း တော်တော်လေး ချမ်းသာလိမ့်မယ်လို့ ငါမထင်ထားမိဘူး။”

“ဒါပေါ့။ ပထမအဆင့်တုန်းက ကျွန်တော်ကလည်း ထိပ်တန်းစာရင်းဝင်တစ်ယောက်ပဲလေ။ အဲ့တော့ အုတ်မြစ်ကျောက်တွေ သေချာပေါက် အများကြီး ရှိတာပေါ့။”

လုမေယွီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ဒါဆို မင်းက အစောပိုင်းက အများသုံးချန်နယ်မှာ ကြွားလုံးထုတ်နေတဲ့ လူထက် ပိုများတာပေါ့။ “

ရှောင်းယီက ပြုံးကာ စနောက်ရင်း မေးလိုက်သည်။

“ဟမ့် ဟိုကောင် ပိုင်တာလောက်က ဘာမှုစရာရှိလို့လဲ။”

လုမေယွီက မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။

“အုတ်မြစ်ကျောက် အများကြီးရှိတဲ့ လူတွေက ဘယ်တော့မှ ထုတ်မကြွားကြဘူး။ ကိုယ့်ရဲ့ ချမ်းသာကြွယ်ဝမှုကို ဖုံးကွယ်ထားပြီး တိတ်တဆိတ် ချမ်းသာနေတာက ပိုမကောင်းဘူးလား။”

“ဟုတ်တာပေါ့။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

လုမေယွီသည် ဂြိုဟ်၏ အရိပ်အောက်မှ ရုန်းထွက်ရန်အတွက် လောင်စာဆီ ရှစ်ယူနစ်သာ အသုံးပြုခဲ့ရသည်။

သူ၏ အရေးပေါ်ယာဉ်မှာ အလင်းရောင်ရှိသော နေရာနှင့် ပိုမိုနီးကပ်နေသည်မှာ ထင်ရှားလှပေသည်။

“ဟားဟားဟား...နောက်ဆုံးတော့ အလင်းရောင်ကို မြင်ရပြီဟေ့။ ဒီလိုဆိုရင်တော့ သူဌေးဆီကနေ လျှပ်စစ်အား ဝယ်နေစရာ မလိုတော့ဘူး။ အရေးပေါ်ယာဉ်ပေါ်က ဆိုလာပြားက စက်ရုပ်လက်တံ မောင်းနှင်ဖို့အတွက် လျှပ်စစ်ဓာတ်အား ပေးနိုင်သေးတယ်။”

လုမေယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“သူဌေးကို ကျေးဇူးအများကြီး တင်ပါတယ်။”

“မလိုပါဘူး။ ငါလည်း ပိုက်ဆံယူပြီး ရောင်းတာပဲလေ။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“သူဌေး... ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလို့ရမလား။”

လုမေယွီက စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

“ဘာမေးခွန်းလဲ။ မေးလေ။”

“လူတိုင်းက အတူတူ ရောက်လာကြတာလေ။ သူဌေးဆီမှာ ဘာလို့ လျှပ်စစ်ဓာတ်အားတွေ ဒီလောက်အများကြီး ရှိနေတာလဲ။”

လုမေယွီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒါက တကယ့်ကို မကျွမ်းကျင်တဲ့ မေးခွန်းပဲ။ ငါ့မှာ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ ရှိနေလို့ပေါ့။”

ရှောင်းယီက မျက်လုံးတစ်ချက်လှန်ပြကာ ပြန်ဖြေလိုက်ပြီးနောက် သူ့ဘေးနားရှိ အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာကို လှမ်းကြည့်လိုက်သည်။

အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာသည် မည်သည့် အရေးပေါ်ယာဉ်ကိုမျှ ရှာမတွေ့သေးပေ။

မူလက လုမေယွီသည်လည်း ဂြိုဟ်ပတ်လမ်း ရွေ့လျားမှု၏ ဆန့်ကျင်ဘက်အရပ်သို့ လာနေခြင်းဖြစ်သဖြင့် သူတို့နှစ်ဦး ဆုံတွေ့နိုင်သည်ဟု ရှောင်းယီ ထင်မှတ်ခဲ့မိသည်။

သို့သော် ရှောင်းယီ တစ်ယောက်တည်း အတွေးလွန်နေခဲ့ခြင်းဖြစ်ကြောင်း အချက်အလက်များက သက်သေပြလိုက်၏။

လုမေယွီသည် ရှောင်းယီ၏ အဖြေကို ကြားလိုက်ရပြီးနောက် အတွေးထဲ နစ်ဝင်သွားခဲ့သည်။ သူသည် ဈေးကွက်ခန်းမရှိ အရောင်းအဝယ်များကို အမြဲဂရုတစိုက် ကြည့်ရှုလေ့ရှိသော်လည်း ဆိုလာပြားအတွက် လိုအပ်သည့် ကုန်ကြမ်းများကို မည်သူမျှ လာရောက်စုဆောင်းခြင်း မရှိခဲ့ပေ။

တစ်နည်းအားဖြင့် ပြောရလျှင် ရှောင်းယီသည် မည်သည့် ကုန်ကြမ်းပစ္စည်းကိုမျှ လာရောက်မစုဆောင်းခဲ့ဘဲ အချောထည်ပစ္စည်းများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ယင်းက ရှောင်းယီသည် အချောထည်ပစ္စည်းများကို တိုက်ရိုက်ရရှိခဲ့ခြင်း ဖြစ်ရပေမည်။

သို့သော်လည်း ထောက်ပံ့ရေးသေတ္တာတစ်လုံးမှ အချောထည်ပစ္စည်းများ ထွက်လာရန် ရာခိုင်နှုန်းမှာ အလွန်ပင် နည်းပါးလှပြီး မဖြစ်နိုင်သလောက်ပင်။

ဒါဆိုရင် ရှောင်းယီသည် ဤအချောထည်ပစ္စည်းများကို ဘယ်ကနေ ရလာခဲ့သနည်း။

ဤသို့ တွေးတောရင်း လုမေယွီတစ်ယောက် ကူကယ်မဲ့စွာသာ ခေါင်းခါလိုက်မိသည်။

“သူဌေး... အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာက ဘယ်လိုလဲ။ သုံးရတာ အဆင်ပြေရဲ့လား။” ဟု

“ဘာလဲ။ မင်း ပြန်လိုချင်လို့လား။”

ရှောင်းယီက ပြုံးလိုက်၏။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ သူဌေး နားလည်မှုမလွဲပါနဲ့။ ကျွန်တော်က ဒီအတိုင်း မေးကြည့်ရုံတင်ပါ။”

လုမေယွီက အလျင်အမြန် ရှင်းပြလိုက်သည်။

“တကယ် အသုံးဝင်တယ်။ ဒါကို ငါ့ဆီ ရောင်းပေးတဲ့အတွက်လည်း မင်းကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ ငါ့ဘက်က ဒီလိုမျိုး လုပ်ဆောင်ချက်ချင်းတူတဲ့ ကိရိယာတစ်ခုခု ထပ်ရရင် မင်းကို ဦးစားပေးပြီး ရောင်းပေးမယ်။”

“ကောင်းပါပြီ။ ဒါဆိုရင် သူဌေးကို ကြိုပြီး ကျေးဇူးတင်ပါတယ်။”

လုမေယွီက ပြုံးကာ ပြောလိုက်သည်။

“ရပါတယ်။”

ရှောင်းယီက ပြန်ပြောလိုက်ပြီး အနည်းငယ် စဉ်းစားကာ မေးလိုက်သည်။

“ငါ့ဆီမှာ အိပ်စက်ခြင်းအိတ်တွေ ရှိတယ်။ မင်း တစ်အိတ်လောက် လိုချင်လား။”

သူသည် ဤနေရာသို့ ရောက်ရှိပြီး ဒုတိယမြောက်နေ့တွင် စနစ်ဆီမှ S အဆင့်ရှိ အိပ်စက်ခြင်းအိတ်တစ်အိတ်ကို ရရှိခဲ့သည်။ ၄ ဆတိုး အခြေအနေကြောင့် သူသည် အပို ၃ အိတ်ကို ရရှိထားခဲ့ခြင်း ဖြစ်သည်။

ယခင်က လုမေယွီ ရောင်းချပေးခဲ့သည့် စက်ပစ္စည်းနှစ်ခုမှာ အလွန်အရေးကြီးသဖြင့် ရှောင်းယီက ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စက်ပစ္စည်းများကို ရရှိခြင်းက လုမေယွီတွင် ကံကောင်းခြင်းများ ရှိနေသည်ကို ပြသနေပေသည်။ သူနှင့် မိတ်ဆွေဖွဲ့ထားခြင်းက နောင်တစ်ချိန်တွင် ကောင်းမွန်သော ပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ရန် လမ်းစတစ်ခု ဖြစ်လာနိုင်သည်မဟုတ်ပါလော။

လုမေယွီသည် ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ကြောင်အမ်းသွားပြီးနောက် အလျင်အမြန် မေးလိုက်သည်။

“သူဌေးဆီမှာ တကယ်ကြီး အိပ်စက်ခြင်းအိတ် ရှိတာလား။”

သူသည်လည်း သုံးညတိုင်တိုင် ကောင်းကောင်းမအိပ်ရသေးပေ။ ယခုအခါ အိပ်ငိုက်နေသော်လည်း အာကာသထဲတွင် လွင့်မျောနေရသဖြင့် အိပ်ပျော်ရန် မလွယ်ကူဘဲ အလွန် သက်သောင့်သက်သာမရှိ ဖြစ်နေခဲ့သည်။

“ဒါပေါ့။”

ရှောင်းယီသည် အိပ်စက်ခြင်းအိတ်ကို စကားပြောခန်း အင်တာဖေ့စ်တွင် တိုက်ရိုက် တင်ပြလိုက်သည်။

[အာကာသအိပ်စက်ခြင်းအိတ် (S အဆင့်) ၁။]

စကားပြောခန်း အင်တာဖေ့စ်ပေါ်ရှိ S အဆင့် အာကာသအိပ်စက်ခြင်းအိတ်ကို မြင်လိုက်ရသောအခါ လုမေယွီတစ်ယောက် လုံးဝ ဆွံ့အ အံ့အားသင့်သွားခဲ့တော့သည်။

သူသည် ခဏကြာအောင် ကြောင်အသွားခဲ့ပြီး နောက် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်တော့သည်။

“ကျွန်တော် အုတ်မြစ်ကျောက် ၂ သိန်းနဲ့ ယူမယ်။”

All Chapters