← Chapters

အခန်း ၁၂၉၆

Vol. 113 Ch. 1296

အခန်း ၁၂၉၆

Vol. 113 Ch. 1296

အခန်း ၁၂၉၆

ပထမအဆင့်ရှင်သန်ရေးကာလ၏ ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်သည့်အတိုင်း ပစ္စည်းတစ်ခုသည် S အဆင့်သို့ ရောက်ရှိသွားပါက ၎င်းတွင် ထူးခြားသော နောက်ထပ်ဂုဏ်သတ္တိအချို့ ရှိနေတတ်သည်ကို လုမေယွီ ကောင်းကောင်းသိရှိထားသည်။

ရှောင်းယီ ထုတ်ပြလိုက်သော အာကာသအိပ်စက်ခြင်းအိတ်မှာ S အဆင့် ဖြစ်သဖြင့် ၎င်း၏နောက်ထပ်ဂုဏ်သတ္တိများသည် အနားယူခြင်းနှင့် အိပ်စက်ခြင်းတို့နှင့်သာ သက်ဆိုင်ရမည်ဖြစ်သည်။

လုမေယွီသည် လွန်ခဲ့သောရက်အနည်းငယ်က ကောင်းကောင်းအနားမယူခဲ့ရသဖြင့် အလုပ်လုပ်ရာတွင် အာရုံမစိုက်နိုင်ဘဲ နုံးချိပင်ပန်းနေခဲ့သည်။

အကယ်၍ သူ့တွင် ဤအာကာသအိပ်စက်ခြင်းအိတ်သာရှိပါက ကောင်းကောင်းအနားယူနိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်မည်မဟုတ်ပါလော။

ရှောင်းယီ စကားမပြောရသေးခင်မှာပင် လုမေယွီက ဆက်ပြောလိုက်သည်။

“သူဌေးအနေနဲ့ မကျေနပ်သေးရင် ကျွန်တော် နောက်ထပ် ထပ်တိုးပေးလို့ရပါတယ်။”

“နှစ်သိန်းဆိုတာက တော်တော်လေး လုံလောက်နေပါပြီ။ နောင်တစ်ချိန်မှာ ပစ္စည်းကောင်းတွေရလာရင် ငါ့ကို ဦးစားပေးဖို့ပဲ မှတ်ထားပေးပါ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“သေချာပေါက်ပဲပေါ့။ သေချာပေါက် ဦးစားပေးမှာပါ။”

လုမေယွီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ရင်း အရောင်းအဝယ်ကို စတင်လိုက်တော့သည်။

[အုတ်မြစ်ကျောက် ၂၀၀၀၀၀ - အာကာသအိပ်စက်ခြင်းအိတ် (S အဆင့်) ၁။]

ရှောင်းယီသည်လည်း ချက်ချင်းပင် အရောင်းအဝယ်ကို လက်ခံလိုက်သည်။

အာကာသအိပ်စက်ခြင်းအိတ်ကို ရရှိပြီးနောက် လုမေယွီသည် ၎င်းကို သူ၏အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ နံရံတွင် ချက်ချင်း ချိတ်ဆွဲလိုက်၏။ သေသေချာချာ တပ်ဆင်ပြီးသည်နှင့် သူသည် အိတ်ထဲသို့ ချက်ချင်းပင် တွားဝင်လိုက်တော့သည်။

“အင်း....ဟူး...”

လုမေယွီ သက်သောင့်သက်သာဖြင့် ညည်းတွားလိုက်ပြီး စက္ကန့်သုံးဆယ်အတွင်းမှာတင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

အာကာသအိပ်စက်ခြင်းအိတ်သည် ဆွဲငင်အားသက်ရောက်မှုကို မပေးစွမ်းနိုင်သော်လည်း လေထဲတွင် သည်အတိုင်း လွင့်မျောနေရသည်ထက်စာလျှင် အဆမတန် ပိုမိုကောင်းမွန်လှပေသည်။

အရောင်းအဝယ်ပြီးဆုံးသွားသောအခါ ရှောင်းယီသည်လည်း အာကာသအိပ်စက်ခြင်းအိတ်ထဲသို့ တွားဝင်လိုက်သည်။ နောက်ဆုံးတွင် သူသည်လည်း ကောင်းကောင်းမွန်မွန် အိပ်စက်ခွင့်ရတော့မည် ဖြစ်သည်။

အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာ ရှိနေပြီဖြစ်ရာ မိမိမျက်စိဖြင့် ကြည့်ရှုစောင့်ကြပ်နေရသည်ထက် ပိုမို၍ စိတ်ချဘေးကင်းရပေသည်။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိ...ရှောင်းယီသည် သတိပေးနှိုးစက်သံကြောင့် နိုးလာခဲ့သည်။

“သတိပေးချက်: ညာဘက်အပေါ်ဘက် ၉၆ ကီလိုမီတာအကွာမှ ဥက္ကာခဲတစ်လုံး ကျွန်ုပ်တို့ထံသို့ ဦးတည်ချဉ်းကပ်လာနေပါသည်။”

ရှောင်းယီ တည်နေရာကို စစ်ဆေးပြီး အရေးပေါ်ယာဉ်ကို ချက်ချင်းစတင်ကာ ဘေးဘက်သို့ မီတာတစ်ရာခန့် ရွှေ့လိုက်ပြီးနောက် ပြန်ရပ်လိုက်သည်။

သူ အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာကို တစ်ချက်ကြည့်လိုက်ရာ ပတ်ဝန်းကျင်၌ မည်သည့်အန္တရာယ်မျှ မရှိသည်ကို မြင်လိုက်ရသဖြင့် အနားယူရာနေရာသို့ ပြန်လျှောက်သွားပြီး အာကာသအိပ်စက်ခြင်းအိတ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ရှောင်းယီ နောက်တစ်ကြိမ် ပြန်နိုးလာချိန်၌ နံနက် ခုနစ်နာရီ ထိုးနေပြီဖြစ်သည်။

မှန်ပါသည်။ အာကာသထဲတွင် နံနက် သို့မဟုတ် မွန်းတည့်အချိန်ဟူသော အယူအဆမျိုး မရှိသော်လည်း ရှောင်းယီမှာမူ ထိုသို့ခေါ်ဆိုရသည်ကိုသာ အသားကျနေဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူသည် ဤနေ့စဉ်လူနေမှုပုံစံအတိုင်း အချိန်အတော်ကြာ နေထိုင်လာခဲ့ခြင်းဖြစ်ရာ ယင်းကို မပြောင်းလဲချင်တော့ပေ။

သူ ရေသန့်စက်ကို စစ်ဆေးကြည့်လိုက်ရာ တစ်ဆယ့်နှစ်နာရီအတွင်း ရေသန့် ၂၄၀ မီလီလီတာ ထုတ်လုပ်ပေးထားသည်ကို တွေ့လိုက်ရသည်။ ပမာဏမှာ နည်းပါးလှသော်လည်း သူ၏သောက်သုံးရေအတွက် အပိုဆောင်းဖြည့်တင်းမှုတစ်ခု ဖြစ်နေဆဲပင်။

မကြာသေးမီက ထောက်ပံ့ရေးသေတ္တာများ ဖွင့်သည့်အခါတွင် ရေသန့်ကိုပင် တွေ့ရခဲလှသည် မဟုတ်ပါလော။

ဤရေသန့်စက်ကြောင့် ရှောင်းယီ၏ သောက်သုံးရေ ပြတ်လတ်နိုင်မှုအပေါ် စိုးရိမ်ရသည့် ဖိအားမှာ သိသိသာသာ လျော့ကျသွားခဲ့ပြီဖြစ်သည်။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - စက်ပစ္စည်းအဆင့်မြှင့်တင်ရေးကတ် ၁။”

“စက်ပစ္စည်းအဆင့်မြှင့်တင်ရေးကတ်- စက်ပစ္စည်းတစ်ခုကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ပေးနိုင်သည်။ အဆင့်မြှင့်တင်မည့်အဆင့်သည် SSS အဆင့်ထက် မကျော်လွန်စေရပါ။”

ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွား၏။ သူသည် အရေးပေါ်ယာဉ်အတွင်းရှိ အမျိုးမျိုးသော စက်ပစ္စည်းများကို လှမ်းကြည့်လိုက်မိသည်။

ဘယ်ပစ္စည်းကို အဆင့်မြှင့်တင်ရင် ကောင်းမလဲ။

အာကာသချိတ်မှာ SSS အဆင့် ဖြစ်နေပြီးသားမို့ စဉ်းစားစရာမလိုတော့ချေ။

ကျန်ရှိသော ရွေးချယ်စရာများထဲတွင် အာကာသအိပ်စက်ခြင်းအိတ် သို့မဟုတ် မစင်နှင့် ဆီးစုဆောင်းသည့်ကိရိယာတို့ကို ထည့်သွင်းစဉ်းစားနိုင်သည်။

ဤပစ္စည်းနှစ်ခုလုံးမှာ S အဆင့်များဖြစ်ကြသဖြင့် လောလောဆယ်တွင် လုံလောက်မှုရှိနေသေးသည်။

ရေသန့်စက်မှာမူ C အဆင့်သာ ရှိသေးသဖြင့် ၎င်းကို အဆင့်မြှင့်တင်ရန် စက်ပစ္စည်းအဆင့်မြှင့်တင်ရေးကတ်ကို အသုံးပြုလိုက်ပါက အနည်းငယ် ဖြုန်းတီးရာကျပေလိမ့်မည်။

အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာမှာလည်း B အဆင့်သာ ရှိသေးပြီး လောလောဆယ် အသုံးပြုရန် လုံလောက်နေသေးရာ ၎င်းကို အဆင့်မြှင့်တင်ရမည်မှာလည်း နှမြောစရာကောင်းနေသလို ခံစားနေရသည်။

မည်သို့ပင်ဆိုစေ ဤကဲ့သို့ အဆင့်မြှင့်တင်ရေးကတ်ကို မူလကတည်းက SS အဆင့် ရှိထားသည့် စက်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် အသုံးပြုခြင်းကသာ အကောင်းဆုံးဖြစ်ပြီး အတွက်ခြေအကိုက်ဆုံးလည်း ဖြစ်လိမ့်မည်။

ရှောင်းယီ မျက်မှောင်ကြုတ်ကာ အရေးပေါ်ကယ်ဆယ်ယာဉ်အတွင်းရှိ ပစ္စည်းများကို ကြည့်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။

ရုတ်တရက် ရှောင်းယီ၏ခေါင်းထဲသို့ အတွေးတစ်ချက် လျှပ်ခနဲဝင်လာပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။

“အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကလည်း စက်ပစ္စည်းအမျိုးအစားထဲက တစ်ခုပဲ မဟုတ်ဘူးလား။”

ဤသို့တွေးမိသည်နှင့် ရှောင်းယီသည် စနစ်သိုလှောင်ခန်းထဲမှ စက်ပစ္စည်းအဆင့်မြှင့်တင်ရေးကတ်ကို ထုတ်ယူလိုက်တော့သည်။

“သင့်တွင်စက်ပစ္စည်းအဆင့်မြှင့်တင်ရေးကတ် ၁ ခု ရရှိထားကြောင်း စနစ်က သိရှိရပါသည်။ ကျေးဇူးပြု၍ အသုံးပြုမည့် ပစ်မှတ်ကို ရွေးချယ်ပေးပါ။”

“အရေးပေါ်ကယ်ဆယ်ရေးယာဉ်။”

ရှောင်းယီက တည်ငြိမ်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“အသုံးပြုပြီးပါက အရေးပေါ်ကယ်ဆယ်ရေးယာဉ်အား အသေးစားအာကာသယာဉ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အုတ်မြစ်ကျောက် ၁ သန်းနှင့် အနက်ရောင်ရွှေ ၁ သန်း ယူနစ် ကုန်ဆုံးမည်ဖြစ်သည်။ အနက်ရောင်ရွှေ ပမာဏ မလုံလောက်ပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သတိပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။

“အသေးစားအာကာသယာဉ်တစ်စင်း ဖြစ်ဖို့အတွက် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေ ဒီလောက်တောင် လိုတာလား။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ရှောင်းယီ၏မေးခွန်းကို ဥပေက္ခာပြုထားသော်လည်း စနစ်၏ ရှင်းလင်းချက်ပေးသည့်အသံမှာမူ ထွက်ပေါ်လာခဲ့သည်။

“အသေးစားအာကာသယာဉ်တစ်စင်းက အရေးကယ်ဆယ်ရေးယာဉ်ထက် အဆပေါင်း တစ်ထောင်မက ပိုပြီးကျယ်ဝန်းပါတယ်။”

စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။ အကယ်၍ ထိုသို့သာဆိုလျှင် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေ အမြောက်အမြား ကုန်ဆုံးသည်မှာ သဘာဝကျပေသည်။

အနက်ရောင်ရွှေ ၁ သန်း ယူနစ်ဆိုသည်မှာ ကီလိုဂရမ် ၁ သန်း သို့မဟုတ် တန်ချိန် ၁၀၀၀ ကို ဆိုလိုခြင်း ဖြစ်သည်။

အသက်ရှင်ကျန်ရစ်သူများသည် ထောက်ပံ့ရေးသေတ္တာတစ်လုံးလျှင် အနက်ရောင်ရွှေ တစ်ယူနစ် သို့မဟုတ် နှစ်ယူနစ်သာ ရရှိထားကြသည်။ ထိုအရာအားလုံးကို စုဆောင်းမိရန်အတွက် အချိန်အတော်ကြာအောင် စုဆောင်းရမည်ဟု သူတွေးလိုက်မိသည်။

မည်သို့ပင်ဆိုစေ ရှောင်းယီအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးယာဉ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အပြီးသတ်ရမည် ဖြစ်သည်။ အကြောင်းမှာ ၎င်းသည် နောင်တစ်ချိန်တွင် သူမည်မျှအထိ ခရီးဆန့်နိုင်မည်ဆိုသည်ကို ဆုံးဖြတ်ပေးမည့် နေအိမ်ဖြစ်သောကြောင့်ပင်။

သို့သော် ယခုလောလောဆယ်တွင်မူ သူ အလွန်အမင်း စိတ်မလောသေးပါချေ။ လက်ရှိ အရေးပေါ်ကယ်ဆယ်ရေးယာဉ်အတွင်းရှိ နေရာလွတ်မှာ လုံလောက်စွာ ကျယ်ဝန်းနေသေးသည်။ အကယ်၍ နေရာက အဆပေါင်း တစ်ထောင် ထပ်မံကျယ်ဝန်းသွားပြီး သူတစ်ယောက်တည်းသာ ရှိနေဦးမည်ဆိုပါက အလွန်ပင် အထီးကျန်စရာ ကောင်းနေပေလိမ့်မည်။

ဤသို့တွေးရင်း ရှောင်းယီ ခေါင်းခါယမ်းလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ဈေးကွက်ခန်းမ၌ အရောင်းအဝယ်နှစ်ခုကို ထပ်တင်လိုက်တော့သည်။

[အောက်ဆီဂျင် ၁ လီတာ - အနက်ရောင်ရွှေ ၁ ။

မှတ်ချက် - ပမာဏများများလဲပါက ပိုမိုတွက်ခြေကိုက်မည်။]

[လောင်စာဆီ ၁ ရာခိုင်နှုန်း - အနက်ရောင်ရွှေ ၁။

မှတ်ချက် - ပမာဏများများလဲပါက ပိုမိုတွက်ခြေကိုက်မည်။]

ဈေးနှုန်းမှာ အလွန်ပင် သက်သာလွန်းလှသဖြင့် ရှောင်းယီ ထိုအရောင်းအဝယ်နှစ်ခုကို တင်လိုက်သည်နှင့်တစ်ပြိုင်နက် လူအများကြား၌ ဆွေးနွေးငြင်းခုံမှုများ တရှိန်ထိုး ထွက်ပေါ်လာခဲ့တော့သည်။

“အားလုံးပဲ သတိထားကြည့်ကြစမ်း။ သူဌေးက အနက်ရောင်ရွှေတွေကို ပမာဏအမြောက်အမြား ပြန်ပြီး စုဆောင်းနေပြန်ပြီ။ ပေးတဲ့ဈေးကလည်း အတော်လေး မိုက်တယ်။”

“ဟုတ်တယ်။ ငါတောင် မနေနိုင်လို့ နည်းနည်း လှမ်းလဲလိုက်မိသေးတယ်။ ဒါပေမဲ့ အနက်ရောင်ရွှေကလည်း အသုံးဝင်သေးတယ်ဆိုတော့ သူဌေးဆီ အကုန်တော့ ပုံမပေးရဲဘူး။”

“မတတ်နိုင်ဘူးလေ။ အခုလောလောဆယ် ငါ့ရဲ့ အောက်ဆီဂျင်က သူဌေးဆီကနေချည်းပဲ ရနေတာ။ အနက်ရောင်ရွှေနဲ့ လဲရတာကတော့ လက်ခံနိုင်စရာ ရှိပါသေးတယ်။ ဖွင့်မိတဲ့ ထောက်ပံ့ရေးသေတ္တာတိုင်းကနေလည်း အနက်ရောင်ရွှေတွေ ထွက်နေတာပဲ။ ဒီပစ္စည်းက သိပ်ပြီး ရှားပါးတယ်လို့ မပြောနိုင်ပါဘူး။”

“သူဌေးပြောတဲ့ ပမာဏများများလဲရင် ပိုပြီးတွက်ခြေကိုက်မယ်ဆိုတာ ဘာကို ဆိုလိုတာပါလိမ့်။”

“ဒါက သိသာနေတာပဲမဟုတ်ဘူးလား။ မင်းဆီမှာ အနက်ရောင်ရွှေ အလုံအလောက်ရှိရင် ဈေးကွက်ခန်းမမှာ သတ်မှတ်ထားတာထက် ပိုများတဲ့ အောက်ဆီဂျင်နဲ့ လောင်စာဆီတွေကို လဲလှယ်နိုင်မယ်လို့ ပြောတာပေါ့။”

“သူဌေးက သူ့လက်ထဲမှာ အနက်ရောင်ရွှေတွေ ဒီလောက်အများကြီးရှိတာကို ဘာလုပ်မလို့ပါလိမ့်။”

“ဘာလုပ်ရဦးမှာလဲ။ သူ့ရဲ့ အရေးပေါ်ယာဉ် နေရာလွတ်ကို ထပ်ချဲ့ဖို့ပဲ ဖြစ်ရမယ်။”

“သူဌေးက အရင်တုန်းကလည်း အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေတွေ အများကြီး ရထားပြီးပြီ မဟုတ်ဘူးလား။ အခုထိ မလုံလောက်သေးဘူးလား။”

“ပထမအဆင့်တုန်းက မင်းရဲ့ကျွန်းက ကြီးလွန်းလို့ဆိုပြီး မင်းအပြစ်ပြောခဲ့ဖူးလို့လား။”

“ဘယ်ပြောမလဲ။ ပိုကြီးလေ ပိုကောင်းလေပေါ့။”

“အဲဒါဆို အဖြေထွက်ပြီလေ။ ဒီမှာလည်း အတူတူပဲနေမှာပေါ့။ ပိုကြီးလေ ပိုကောင်းလေပဲ။ ဒါမှမဟုတ် အာကာသယာဉ်ကြီးတစ်စင်းဖြစ်အောင်အထိပါ ချဲ့ထွင်နိုင်မလားမသိဘူး။”

“ဟေး... အဲဒါကလည်း တွေးစရာတစ်ခုပဲနော်။ သူဌေးက အရေးပေါ်ယာဉ်ကို အာကာသယာဉ်အဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းကို ရှာတွေ့ထားပြီးပြီ ထင်တယ်။”

“သူဌေး... ကျွန်တော်တို့ကိုလည်း နည်းလမ်းလေး လမ်းညွှန်ပေးပါဦး။ ကျွန်တော်တို့လည်း အာကာသယာဉ်ကြီး ပိုင်ချင်လို့ပါ။ ဒီအရေးပေါ်ယာဉ်က တကယ့်ကို စုတ်ပြတ်လွန်းတယ်။”

ရှောင်းယီသည် ၎င်းတို့၏ ဆွေးနွေးပြောဆိုမှုများကို လုံးဝဥပေက္ခာပြုထားခဲ့သည်။ ထိုအချိန်တွင် သူသည် လုမေယွီနှင့် သီးသန့်စကားပြောနေခဲ့သည်။

“သူဌေး... သူဌေး အနက်ရောင်ရွှေ တော်တော်လေး လိုအပ်နေပုံပဲ။ ကျွန်တော့်ဆီမှာ နည်းနည်းရှိသေးတယ်။ သူဌေးကို အကုန်ပေးလိုက်မယ်။”

လုမေယွီက ချက်ချင်း ပြောလာခဲ့သည်။

“တကယ်ပဲ နည်းနည်း လိုအပ်နေတယ်။ တကယ်လို့ မင်းလောလောဆယ် မလိုသေးဘူးဆိုရင်တော့ အရင်သိမ်းထားလိုက်ပါ။ ငါ့ကို နောက်မှပေးပေါ့။”

ရှောင်ယီ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ လုမေယွီ ကြောင်အမ်းသွားခဲ့သည်။

ငါ့ကို နောက်မှပေး ဆိုတာက ဘာသဘောပါလိမ့်။

ခဏလေး... ဒီအတိုင်း စောင့်ဆိုင်းနေရင် အနက်ရောင်ရွှေတွေက ထပ်ပွားလာနိုင်လို့လား။

All Chapters