← Chapters

အခန်း ၁၂၉၉

Vol. 113 Ch. 1299

အခန်း ၁၂၉၉

Vol. 113 Ch. 1299

အခန်း ၁၂၉၉

“သူဌေးရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။”

ရှောင်းယီ စိတ်ဆိုးဒေါသထွက်ခြင်းမရှိသည်ကို မြင်သောအခါ လုမေယွီက အလျင်အမြန် ပြောလိုက်သည်။

“မင်းတို့ ဆက်ပြီး စကားပြောနေကြဦး။ ငါ အပြင်ဘက်မှာ ထူးခြားမှုအသစ်တွေ ရှိမလားဆိုတာ သွားကြည့်လိုက်ဦးမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ရှောင်းယီ ပြန်ပို့လိုက်သော မက်ဆေ့ခ်ျကို မြင်သောအခါ လုမေယွီ မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။

အပြင်ထွက်ကြည့်မည်ဟု ဆိုခြင်းမှာ ရှောင်းယီသည် သေချာပေါက် အတော်အတန် လုံခြုံစိတ်ချရသည့် သီးသန့်နေရာကျယ်တစ်ခုထဲတွင် ရှိနေ၍ ဖြစ်ရမည်။

“ယီရန်ပင်း သူဌေးက သူ့ရဲ့အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို တော်တော်ကျယ်အောင် ချဲ့ထွင်ထားပြီးပြီ ထင်တယ်။”

လုမေယွီ စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ဒါပေမဲ့ သူက ဘာဖြစ်လို့ အနက်ရောင်ရွှေတွေကို ဒီလောက်အများကြီး လိုက်စုနေရတာလဲ။”

အရေးပေါ်ယာဉ်သည် အလွန်အမင်း ကြီးမားလွန်းသွားပါက သေချာပေါက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်သည်ကို လူတိုင်းသိကြသည်။

လုမေယွီသည် ဤအချက်ကို စဉ်းစား၍မရဘဲ ရှိနေစဉ် အများသုံးချန်နယ်ထဲတွင်မူ သူ့ကို လာရောက်ငြင်းခုံနေကြသည့် လူများ ရှိနေဆဲပင်။

“ထွက်မသွားပါနဲ့ဦး သခင်ကြီးလု...။ ငါ အမှန်တရား နှစ်ခွန်းလောက်ပဲ ပြောလိုက်ရသေးတာကို မင်းက မခံနိုင်ဖြစ်သွားပြီလား။”

“အတိအကျပဲ။ ပေါက်ကရတွေ လျှောက်ပြောတာက အကျင့်ကောင်းတစ်ခု မဟုတ်ဘူးနော်။”

“ဦးနှောက် နည်းနည်းပါးပါးရှိတဲ့ ဘယ်သူမဆို... တစ်ယောက်ယောက်က အုတ်မြစ်ကျောက် တစ်ခုမှ ယူမလာဘဲ ဒီဘက်ကို ကူးလာခဲ့တယ်ဆိုတာကို ယုံမှာမဟုတ်ဘူး။”

လူအများ၏ သရော်လှောင်ပြောင်မှုများကို မြင်သောအခါ လုမေယွီက တစ်ခါပြန်၍ စကားဆိုလိုက်သည်။

“မင်းတို့ ယုံတာမယုံတာက မင်းတို့အပိုင်းပဲ။ ငါ မင်းတို့ကို လိမ်ပြောနေတယ်ပဲထားဦးတော့... မင်းတို့က ငါ့ကို အုတ်မြစ်ကျောက်တွေ၊ အရင်းအမြစ်တွေ ပေးမှာမို့လို့လား။ ပြီးခဲ့တဲ့တစ်ခေါက် ငါ့မှာ လောင်စာဆီမလောက်လို့ ထောက်ပံ့ရေးသေတ္တာကနေ ဖွင့်ရတဲ့ ပစ္စည်းတွေရဲ့ ထက်ဝက်ကို သူဌေးနဲ့ သွားလဲခဲ့ရတာ။ အခုအချိန်ထိ ငါတို့ရဲ့ အရောင်းအဝယ်တွေက အတော်လေး အဆင်ပြေချောမွေ့ခဲ့နေတုန်းပဲ။ ဒါက ငါ သူဌေးနဲ့ စကားစမြည်ပြောရင်း သူကိုယ်တိုင်ပြောပြခဲ့တဲ့ အချက်ပဲ။ မင်းတို့ ယုံကြည်ခြင်း၊ မယုံကြည်ခြင်းက ငါနဲ့ လုံးဝမသက်ဆိုင်ဘူး။”

“ဟီးဟီး...ဇာတ်လမ်းဆင်တာ အရမ်းကောင်းတာပဲ။ မင်း သွားပြီး ဝတ္ထုတွေ ဘာတွေ ရေးသင့်တယ်။”

“ငါ့အထင်တော့ သခင်လေကြီးလုက လိမ်ပြောဖို့ အကြောင်းပြချက် မရှိဘူး။ ဘာပဲဖြစ်ဖြစ် ငါတော့ ယုံတယ်။ သန်မာတဲ့လူက ဘယ်နေရာရောက်ရောက် သန်မာနေမှာပဲ။ ယီရန်ပင်းက တကယ်ကြီး အုတ်မြစ်ကျောက်တစ်ခုမှ ယူမလာခဲ့ဘူး ဆိုရင်တောင်မှ... လက်ရှိ သူ့လက်ထဲမှာရှိတဲ့ အုတ်မြစ်ကျောက်တွေက ငါတို့အသက်ရှင်ကျန်ရစ်သူ အားလုံးပေါင်းတာထက်တောင် ပိုများနေနိုင်ချေ ရှိတယ်။”

“စောစောက ဆွေးနွေးမှုကတော့ အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ ဘယ်သူ့မှာ အုတ်မြစ်ကျောက် ဘယ်လောက်ရှိလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ရင်တော့ ငါ့မှာ ပြောစရာရှိတယ်။”

“အပေါ်က ညီအစ်ကို မင်းမှာ အုတ်မြစ်ကျောက်တွေ အများကြီး ရှိလို့လား။”

“အများကြီးလို့တော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ယီရန်ပင်းသာ တကယ်ကြီး အုတ်မြစ်ကျောက်ကျောက် တစ်ခုမှ ယူမလာခဲ့ဘူးဆိုရင်တော့ သူ့လက်ထဲမှာရှိတဲ့ ပမာဏက ငါ့ထက် မများနိုင်တာတော့ သေချာတယ်။”

“မင်းက တော်တော် လေကြီးတာပဲ။ မင်းလက်ထဲမှာ ဘယ်လောက်တောင် ရှိနေလို့လဲ။”

“ပန်းတိုင်အသေးစားလေး တစ်ခုလောက်ပဲ ရှိတာပါ။”

“သန်း တစ်ရာ ၁၀၀ လောက်လား။ ချီးပဲ... မင်း အုတ်မြစ်ကျောက်တွေ ဒီလောက်အများကြီး ဘယ်က ရလာတာလဲ။”

“ပထမအဆင့်တုန်းက တကယ့် အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိပါတယ်။ အားလုံးက အများသုံးချန်နယ်မှာ လာပြီး ဆရာကြီးလုပ် မကြွားချင်ကြလို့ပါ။ ငါသိရသလောက် အုတ်မြစ်ကျောက် သန်း ၁၀၀ ကျော် ပိုင်ဆိုင်ထားတဲ့ အသက်ရှင်ကျန်ရစ်သူ အများကြီး ရှိတယ်။

မင်းတို့တွေက အုတ်မြစ်ကျောက် သိန်းဂဏန်း၊ သန်းဂဏန်းလေးတွေနဲ့ ဒီမှာ လာကြွားနေတာ မရှက်ကြဘူးလား။”

“အများကြီး ရှိတယ် ဟုတ်လား။ တကယ်ကြီးလား။ ငါလည်း ပထမအဆင့်တုန်းက အတော်လေး ကောင်းကောင်း ဖွံ့ဖြိုးခဲ့တဲ့သူပါ။ ဒါတောင် သုံးလေးသန်းပဲ ရှိတယ်။မင်းတို့က ဘယ်လိုလုပ်ပြီး အုတ်မြစ်ကျောက်တွေ ဒီလောက်အများကြီး ရှိနိုင်မှာလဲ။”

“ဒါက မင်းကိုယ်တိုင်က ရေတွင်းထဲက ဖားသူငယ်လို ဖြစ်နေပြီး အမြင်ကျဉ်းမြောင်းပြီး ဗဟုသုတ နည်းပါးနေလို့ပေါ့။”

“မအေဘေး... မင်းကမှ ရေတွင်းထဲက ဖားသူငယ်ကွ။

ငါ မင်းကို မေးပါဦးမယ်။ မင်း ပထမအဆင့်တုန်းက ဘယ်နှနှစ်လောက် ကြာအောင် နေခဲ့ရလို့လဲ။”

“သိပ်မကြာပါဘူး။ ၁၀ နှစ် မပြည့်ရုံတင်ပါ။”

“ဆယ်နှစ်ဆိုရင် ရက်ပေါင်း ၃၆၅၀ ရှိတယ်။ တစ်ရက်ကို အုတ်မြစ်ကျောက် ၁၂ ခုနှုန်းနဲ့ တွက်ရင်တောင် ၄ သောင်းကျော်ပဲ ရှိတာ။ ပုံမှန် တောရိုင်းထဲကနေ ရတာရော ဘယ်လောက်ရှိမှာမလို့လဲ။ မင်းက ဘယ်လိုလုပ်ပြီး သန်း ၁၀၀ အထိ စုမိနိုင်မှာလဲ။”

“မင်းတို့တွေ ဒေသခံအင်အားစု တစ်ခုမှ အနိုင်မတိုက်ခိုက်ဖူးကြဘူး ထင်တယ် ဟုတ်တယ်မလား။ ဒေသခံအင်အားစု အများစုမှာ အုတ်မြစ်ကျောက်တွေ အမြောက်အမြား သိုလှောင်ထားတာရှိတယ်။

မင်းတို့အနေနဲ့ ဒေသခံအင်အားစုတစ်ခုကို အမြစ်ပြတ် သုတ်သင်နိုင်သရွေ့... မင်းတို့ရဲ့ အုတ်မြစ်ကျောက် ပမာဏက ပထမအဆင့်မှာ ထိပ်ဆုံးက ဖြစ်နေမှာ သေချာတယ်။”

“ဒေသခံအင်အားစုတွေ ဟုတ်လား။ သူတို့ဆီမှာလည်း အုတ်မြစ်ကျောက်တွေ ရှိတယ်လား။”

“ဒါပေါ့။ ငါ မင်းကို ရေတွင်းထဲက ဖားသူငယ်လို့ ခေါ်တာ မမှားပါဘူး။ ဒါတောင် မင်းက အခုထိ ဝန်မခံချင်သေးဘူး။”

ရှောင်းယီသည် အပြင်ဘက်သို့ တစ်ပတ်ပတ်ကြည့်ပြီးနောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ လူတိုင်း၏ ဆွေးနွေးငြင်းခုံမှုများကို မြင်လိုက်ရသောအခါ သူ၏မျက်မှောင်များ ကြုတ်သွားခဲ့၏။

“ပထမအဆင့်တုန်းက အသက်ရှင်ကျန်ရစ်သူတစ်ယောက်ချင်းစီရဲ့ အချိန်စီးဆင်းမှုနှုန်းက မတူညီကြတာလား။”

ရှောင်းယီ မျက်မှောင်ကြုတ်ကာ တီးတိုး ရေရွတ်လိုက်မိသည်။

စောစောကလူက သူ ပထမအဆင့်၌ ဆယ်နှစ်ကြာအောင် နေခဲ့ရသည်ဟု ပြောခဲ့သည်။ သူကိုယ်တိုင်ကမူ ပထမအဆင့်တွင် ၁၂၈ ရက်သည နေခဲ့ရ၏။ သို့သော် ဤအဆင့်ကိုမူ သူတို့အားလုံးက အချိန်တစ်ခုတည်း ပြိုင်တူ ရောက်လာကြခြင်းဖြစ်သည်။

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် လုမေယွီနှင့် ကျူးဝူထံသို့ သီးသန့်စာ ပို့ကာ မေးလိုက်သည်။

“မင်းတို့ ပထမအဆင့်တုန်းက ဘယ်လောက်ကြာအောင် နေခဲ့ရလဲ။”

“၂၄ နှစ်။”

လုမေယွီက ပြန်ဖြေလိုက်သည်။

“၁၉ နှစ်။”

ကျူးဝူက ပြန်ဖြေလာ၏။

၎င်းတို့၏ အဖြေများကို မြင်လိုက်ရသောအခါ ရှောင်းယီ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

ဒီလက်မည်းကြီးက အချိန်ကိုပါ ထိန်းချုပ်နိုင်ပုံပဲ။

“သူဌေး... သူဌေးဘက်မှာ တစ်ခုခု အဆင်မပြေတာ ရှိလို့လား။”

ကျူးဝူက နောက်ထပ် သီးသန့်စာတစ်စောင် ပို့လာခဲ့ပြန်သည်။

“မဟုတ်ပါဘူး။ ငါက လူတိုင်း ပထမအဆင့်တုန်းက ဘယ်လောက်ကြာအောင် အချိန်ဖြတ်သန်းခဲ့ရလဲဆိုတာကို သိချင်လို့ မေးကြည့်ရုံပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါဆို သူဌေးကော ပထမအဆင့်မှာ ဘယ်လောက်ကြာအောင် နေခဲ့ရလဲ။”

ကျူးဝူက စပ်စုကာ မေးလိုက်ပြန်သည်။

“နည်းနည်းလေးပါ။ ၁၂၈ ရက်...။”

ရှောင်းယီက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။

ကျူးဝူ ကြောင်အမ်းသွားပြီးနောက် တည်ငြိမ်လေးနက်သော လေသံဖြင့် ပြန်မေးလာခဲ့သည်။

“သူဌေး... သူဌေးက ဒီအဆင့်ကို မကူးလာခင် ပထမအဆင့်မှာ တကယ်ကြီး ၁၂၈ ရက်ပဲ နေခဲ့ရတာ သေချာလား။”

“အင်း... သေချာတာပေါ့။ ဘာပြဿနာရှိလို့လဲ။”

ရှောင်းယီက ပြန်မေးလိုက်သည်။

“ပြဿနာရှိတာပေါ့။ ပြဿနာအကြီးကြီးကို ရှိတာ။”

ကျူးဝူက ချက်ချင်းပင် အော်ဟစ်လိုက်၏။

“ဒီအဆင့်ကို ဝင်ရောက်နိုင်ဖို့ သတ်မှတ်ချက်က SSS အဆင့် ရောက်ရမယ်၊ ပြီးတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိရမယ်။ ၁၂၈ ရက်တည်းနဲ့ အားလုံးကို SSS အဆင့် ရောက်အောင် လုပ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။”

“ငါ့ဘက်မှာတော့ အသက်ရှင်ကျန်ရစ်သူတွေက SSS အဆင့် အစားအသောက်တွေ၊ ရှေးဦးဧရာမ သားရဲကြီးတွေရဲ့ အသားတွေကိုပါ စားသုံးနိုင်ဖို့ နည်းလမ်းအချို့ ရှာဖွေခဲ့တယ်လေ။ အဲ့ဒါကြောင့် အားလုံးက အဆင့်တက်တာ နည်းနည်း ပိုမြန်သွားတယ်။ ဒါ့အပြင် ငါက ပင်မဇာတ်လမ်းတာဝန်ကို အပြီးသတ်လိုက်လို့လည်း ဖြစ်နိုင်ပါတယ်။ လက်မည်းကြီးက ငါတို့ကို ပထမအဆင့်မှာ ဆက်ထားရတာ နည်းနည်း ပျင်းစရာကောင်းတယ်လို့ ခံစားရပုံပေါ်လို့ ငါတို့ရဲ့ အဆင့်တွေကို အတင်းအကျပ် မြှင့်တင်ပေးလိုက်တာလည်း ဖြစ်နိုင်တယ်။”

ရှောင်းယီက ရှင်းပြလိုက်လိုက်သည်။

ရှောင်းယီ မရှင်းပြလိုက်မိပါက ပိုကောင်းပေဦးမည်။

ထိုရှင်းလင်းချက်ကိုလည်း ကြားလိုက်ရသည်နှင့် ကျူးဝူမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။

ပထမအချက်အနေနဲ့...အသက်ရှင်ကျန်ရစ်သူ အားလုံးကို SSS အဆင့် အစားအသောက်တွေ ကျွေးမွေးခဲ့တယ် ဟုတ်လား။

သင်၏ ကျွန်းဧရိယာက အလွန်အမင်း ကျယ်ဝန်းပြီး SSS အဆင့် အစားအသောက်များကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်လျှင်ပင်... ကြိုတင်သတ်မှတ်ချက်တစ်ခု ရှိသေးသည်။ ယင်းမှာ အသက်ရှင်ကျန်ရစ်သူများ မဟာမိတ်အဖွဲ့အနေဖြင့် အသစ်ပေါ်လာတတ်သော SSS အဆင့် ရက်စက်ကြမ်းကြုတ်သည့် သားရဲ တောကောင်ကြီးများကို အောင်မြင်စွာ ရင်ဆိုင်နှိမ်နင်းနိုင်ရမည် ဖြစ်သည်။

ဒုတိယအချက်အနေနှင့်... ရှေးဦးဧရာမ သားရဲကြီးများအကြောင်း...။

လူတိုင်း SSS အဆင့် ဖြစ်လာပြီးနောက်တွင် ထိုသားရဲကြီးများ၏ စွမ်းအားကို အနည်းဆုံး တစ်ကြိမ်စီတော့ မြည်းစမ်းဖူးကြသည်။

အလွန်ဆုံးရှိမှ ထိုရှေးဦးဧရာမ သားရဲကြီးများကို မောင်းထုတ်ရုံသာ တတ်နိုင်ကြပြီး ထိုသားရဲကြီးများကို သတ်ပစ်ချင်သည်ဟု ပြောရဲသည့်လူ တစ်ယောက်မှ မရှိခဲ့ဖူးချေ။

နောက်ဆုံးအနေနှင့်... ရှောင်းယီက သူသည် ပထမအဆင့်၏ ပင်မဇာတ်လမ်းတာဝန်ကို အပြီးသတ်ခဲ့သည်ဟု တကယ်ကြီး ပြောလိုက်သည်လော။

ကျူးဝူ၏ ခန့်မှန်းချက်အရ ပထမအဆင့်၏ ပင်မဇာတ်လမ်းတာဝန်သည် မသေမျိုးမျိုးနွယ်စုနှင့် သက်ဆိုင်ရမည် ဖြစ်သည်။

သို့သော် မသေမျိုး မျိုးနွယ်စုဝင်များမှာ အလွန်အမင်း များပြားလှသဖြင့် ၎င်းတို့ကို အမြစ်ပြတ် သတ်ဖြတ်ပစ်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။

ယခု ရှောင်းယီက ပင်မဇာတ်လမ်းတာဝန်ကို အပြီးသတ်ခဲ့သည်ဟု ပြောလိုက်ခြင်းမှာ... သူက မသေမျိုးမျိုးနွယ်စု အားလုံးကို သုတ်သင်ပစ်လိုက်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

မသေမျိုးမျိုးနွယ်စု အားလုံးကို သတ်ပစ်ရန်မှာ တကယ်ကြီး ဖြစ်နိုင်၏လော။

ထိုသို့တွေးရင်း ကျူးဝူတစ်ယောက် မဝံ့မရဲဖြင့် ဂရုတစိုက် မေးမြန်းလိုက်သည်။

“ဒါဆို... ကျွန်တော် တစ်ခုလောက် မေးပါရမလား သူဌေး။ သူဌေးက ပထမအဆင့်ရဲ့ ပင်မဇာတ်လမ်းတာဝန်ကို ဘယ်လိုမျိုး အပြီးသတ်နိုင်ခဲ့တာလဲ။”

“မေးလို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်လည်း ဘာမှလုပ်စရာမရှိဘူးဆိုတော့ မင်း နားထောင်ချင်တယ်ဆိုရင် ငါ ပြောပြလို့ရပါတယ်။”

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှေ့တွင် လွင့်မျောနေရင်း ပြောလိုက်သည်။

“နားထောင်ချင်ပါတယ်။ တကယ်ကို နားထောင်ချင်ပါတယ်။”

ကျူးဝူက ချက်ချင်းပင် တက်ကြွစွာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

“ပထမအဆင့်ရဲ့ ပင်မဇာတ်လမ်းတာဝန်က မသေမျိုးမျိုးနွယ်စုရဲ့ ပြဿနာကို ဖြေရှင်းဖို့ပဲ။

ငါတို့ ကံကောင်းထောက်မစွာနဲ့ မသေမျိုး မျိုးနွယ်စုတွေရဲ့ အသိုက်ဖြစ်တဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ရှာတွေ့ခဲ့တယ်။

ငါတို့တွေ အဲဒီဟင်းလင်းပြင်အက်ကွဲကြောင်းထဲမှာတင် မသေမျိုးမျိုးနွယ်စုတွေကို ပိတ်ဆို့ထားလိုက်လို့ သူတို့တွေ ဘယ်တော့မှ ပြန်ထွက်မလာနိုင်တော့ဘူး။ အဲဒီလိုနည်းနဲ့ပဲ ငါတို့တွေ ပင်မဇာတ်လမ်းတာဝန်ကို အပြီးသတ်နိုင်ခဲ့တာပဲ။”

ရှောင်းယီ၏ ပြောပြချက်ကို ကြားပြီးနောက် ကျူးဝူတစ်ယောက် အံ့အားသင့် တုန်လှုပ်စွာဖြင့် မေးလိုက်ပြန်သည်။

“သူဌေး... သူဌေးက အဲဒီဟင်းလင်းပြင်အက်ကွဲကြောင်းကို ဘယ်လိုမျိုး ရှာတွေ့ခဲ့တာလဲ။ ကျွန်တော် သိသလောက်ဆိုရင် လူတိုင်းရဲ့ကျွန်းတွေက မသေမျိုးမျိုးနွယ်စုတွေရဲ့ တိုက်ခိုက်ခြင်းကို အသည်းအသန် အခံနေရတာ‌ပါ။ သူဌေးဆီမှာ အဲဒီဟင်းလင်းပြင်အက်ကွဲကြောင်းကို လိုက်ရှာဖို့အတွက် အားလပ်ချိန်တွေ၊ ပိုလျှံတဲ့အင်အားတွေ တကယ်ကြီး ရှိနေခဲ့တာလား။”

All Chapters