← Chapters

အခန်း ၁၃၀၀

Vol. 113 Ch. 1300

အခန်း ၁၃၀၀

Vol. 113 Ch. 1300

အခန်း ၁၃၀၀

“ငါတို့မှာ စွမ်းအင်တွေ ပိုလျှံနေလို့ မဟုတ်ပါဘူး။ ငါတို့မဟာမိတ်အဖွဲ့က မသေမျိုးမျိုးနွယ်တွေကို လေဟာနယ်တံခါးထဲမှာတင် တိုက်ရိုက် ပိတ်ဆို့ထားလိုက်လို့ သူတို့ အပြင်မထွက်နိုင်ခဲ့ကြတာ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“အဲဒါကြောင့်လည်း ငါတို့မဟာမိတ်အဖွဲ့အတွက် မသေမျိုးမျိုးနွယ်ရန်ကနေ ကာကွယ်ရတာ တော်တော်လေး လွယ်ကူသွားခဲ့တယ်။”

‘သေစမ်း ယီရန်ပင်း သူဌေးကြီး... ခင်ဗျား တော်တော် ရက်စက်တာပဲ။’

ကျူးဝုက ဆဲရေးတိုင်းထွာလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“အဲဒီတုန်းက ကျွန်တော်တို့က သူတို့ကို လုံးဝ ပိတ်ဆို့လို့မရခဲ့ဘူး။ သူဌေးတို့က ဘယ်လိုလုပ်ပြီး ပိတ်ဆို့နိုင်ခဲ့တာလဲ။”

ကျူးဝုသည် ပထမအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သော်လည်း ပထမအဆင့်၏ စည်းမျဉ်းအချို့ကို သေချာ စေ့စေ့စပ်စပ် လေ့လာမထားခဲ့သည်မှာ ထင်ရှားလှသည်။

ရှောင်းယီလည်း ကျူးဝုကို ပထမအဆင့်နှင့်ပတ်သက်သည့် သက်ဆိုင်ရာ ဗဟုသုတများကို စတင်ရှင်းပြပေးရန်မှတစ်ပါး အခြားမရှိတော့ပေ။

ကျူးဝုသည် ရှောင်းယီ၏ ရှင်းပြချက်ကို နားထောင်ရင်း ဆွံ့အသွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။

“ဒါဆို ပထမအဆင့်မှာ လှည့်ကွက်တွေ အများကြီး ရှိခဲ့တာပေါ့။”

“အင်း နည်းနည်းလောက် ဂရုစိုက်ကြည့်ခဲ့ရင် မင်းလည်း သိမှာပါ။”

ရှောင်းယီက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။ ကျူးဝု၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် တိုးတိုးလေး ညည်းတွားလိုက်မိသည်။

‘နည်းနည်းလောက် ဂရုစိုက်ရုံနဲ့ မသေမျိုးမျိုးနွယ် လေဟာနယ်တံခါးရဲ့ တည်နေရာကို တိတိကျကျ ရှာတွေ့နိုင်တယ် ဟုတ်လား။’

‘နည်းနည်းလောက် ဂရုစိုက်ရုံနဲ့ မသေမျိုးမျိုးနွယ် လေဟာနယ်တံခါးဆီ အပြေးအလွှား သွားနိုင်တယ် ဟုတ်လား။’

‘နည်းနည်းလောက် ဂရုစိုက်ရုံနဲ့ အာကာသအက်ကွဲကြောင်းကို ရှာတွေ့နိုင်တယ် ဟုတ်လား။’

“သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ တကယ်ကို မတူဘူး။”

ထိုအချိန်တွင် အများသုံးချန်နယ်ထဲ၌လည်း လူတိုင်းက ထိုအကြောင်းကို စတင်ဆွေးနွေးနေကြပြီ ဖြစ်သည်။

“ငါ ပထမအဆင့်မှာ ၂၁ နှစ်တောင် ကြာခဲ့တယ်။ ခုနက လူနဲ့တော့ မတူဘူးပေါ့။ ဒါပေမဲ့ ငါတို့အားလုံး ဒုတိယအဆင့်ကို တစ်ချိန်တည်း ရောက်လာကြတာပဲ။”

“လက်မည်းကြီးက သေချာပေါက် နတ်ဘုရားပဲ ဖြစ်ရမယ်။ အချိန် စီးဆင်းမှုကို ချိန်ညှိဖို့ဆိုတာ အဲဒီလူအတွက် ပြဿနာမဟုတ်လောက်ပါဘူး။”

“အားလုံးပဲ ဒီလို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေအပေါ်မှာ စိတ်မရောက်နေကြပါနဲ့။ ငါတို့ ပထမအဆင့်မှာ ဘယ်လောက်ကြာအောင် အချိန်ကုန်ခဲ့လဲဆိုတာပဲ ပြောကြရအောင်။ ငါက အရင်စပြောမယ်...ရှစ်နှစ်။”

“ဝိုး အပေါ်ကလူက ဆရာကြီးပဲဟ။ မင်းက ရှစ်နှစ်အတွင်းမှာတင် အဖွဲ့ဝင်အားလုံးကို SSS အဆင့် ရောက်အောင် လုပ်နိုင်ခဲ့တာလား။”

“ဒီဆရာကြီးက သက်သက်လာကြွားတာပဲ ဖြစ်ရမယ်။ အချိန်နည်းနည်းပဲ ကုန်တဲ့ကမ္ဘာက ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်စည်ပင်တယ်။”

“ဟုတ်တယ်။ ငါကတော့ အနှစ်သုံးဆယ်ကျော် ကြာခဲ့တယ်။ ငါ့ထက် ပိုကြာတဲ့သူ မရှိတော့ဘူးမလား။”

“ညီအစ်ကိုရာ... ငါဆို ၃၅ နှစ် တောင်ကြာခဲ့တာ။ မင်းက အကြာဆုံး မဟုတ်သေးပါဘူး။”

လူများ ပိုပိုပြီး ဆွေးနွေးမှုထဲ ပါဝင်လာကြသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးစီ ပထမအဆင့်၌ ကုန်ဆုံးခဲ့သည့် အချိန်များ ပေါ်ထွက်လာခဲ့သည်။

“ဟားဟားဟား... ငါ့ရဲ့ ကိုးနှစ်က ဒုတိယနေရာမှာ ရှိသင့်တယ် ဟုတ်။”

“ငါတို့နှစ်ယောက်လုံး ကိုးနှစ်ပဲ ကြာတာကို မင်းက ဘာလို့ ဒုတိယနေရာ ယူချင်ရတာလဲ။”

“မငြင်းကြပါနဲ့တော့ အားလုံးပဲ။ ရှစ်နှစ်ပဲ ကုန်ခဲ့တဲ့ ငါ့ရှေ့မှာတော့... ဒီဂလက်ဆီထဲမှာ ဖြစ်ဖြစ်၊ တစ်ခုလုံးအတိုင်းအတာနဲ့ ဒုတိယအဆင့်မှာပဲဖြစ်ဖြစ် ငါ့ထက် အချိန်တိုတဲ့သူ မရှိဘူးလို့ ငါ ရဲရဲကြီး ပြောရဲတယ်။”

“ပေါက်ကရတွေ..။ သူဌေးကြီးက ၁၂၈ ရက်ပဲ သုံးခဲ့တာကွ။ မင်းတို့အားလုံးက အမှိုက်တွေချည်းပဲ။”

ကျူးဝူသည် ထိုလူများ၏ ထောင်လွှားသောအမူအရာကို အမှန်တကယ်ကို ကြည့်မနေနိုင်တော့သဖြင့် တိုက်ရိုက်ပင် ပြန်လည်ချေပလိုက်တော့သည်။

“ဘာ...။ ဘယ်သူဌေးကြီးကို ပြောတာလဲ။ ၁၂၈ ရက် ဟုတ်လား။ လုံးဝ မဖြစ်နိုင်ဘူး။”

ကျူးဝူက ပြုံးလိုက်သည်။

“အရင်က သခင်ကြီးလု ပြောခဲ့သလိုပဲ။ မယုံချင်လည်းရတယ်။ ငါက မင်းတို့ကို အတင်းမယုံခိုင်းဘူး။”

“မင်း ပေါက်ကရတွေ လျှောက်ပြောနေမှန်း ငါသိတယ်ကွ။ လခွမ်းပဲ... ငါ မင်းကို ဘလော့ခ်တော့မယ်။ အစ်ကိုကျူးနဲ့ သခင်ကြီးလူတို့ရဲ့ ပို့စ်တွေကို ငါ ထပ်မမြင်ချင်တော့ဘူး။”

“ဘလော့ခ်လိုက်၊ ဘလော့ခ်လိုက်။ လိမ်ချင်ရင်တောင် အခြေအနေမှန်ကို အရင်နားလည်ထားဦးမှပေါ့။ မဟုတ်ရင်တော့ တစ်ချက်ကြည့်ရုံနဲ့တင် အလိမ်အညာမှန်း သိသာလွန်းတယ်။ မင်းတို့မရှက်ပေမဲ့ ငါက မင်းတို့အတွက် ရှက်ပေးနေရတယ်။”

“အာ... အစ်ကိုကျူး ဒါကလည်း သူဌေးကြီးနဲ့ စကားစမြည်ပြောရင်း သိခဲ့ရတဲ့ သတင်းလား။”

“အေး၊ ဟုတ်တယ်။ အခုလေးတင် သူဌေးကြီးက ငါ့ကို ပထမအဆင့်ရဲ့ စည်းမျဉ်းအချို့အကြောင်း ပြောပြနေတာ။ နားထောင်ပြီးမှပဲ ငါလည်း ရုတ်တရက် အလင်းပွင့်သွားတော့တယ်။ ငါ့မှာ ပထမအဆင့်ကို အလဟဿ ဖြုန်းတီးခဲ့မိသလိုပဲ။ ဘာမှလည်း အဖတ်မတင်ခဲ့ဘူး။”

ကျူးဝူက ပြန်ဖြေလိုက်သည်။ သူသည် မယုံကြည်ကြသော ထိုလူများနှင့် အငြင်းပွားမနေချင်တော့ပေ။

သူတို့ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူ့အပေါ် မည်သည့်သက်ရောက်မှုမှ ရှိမည်မဟုတ်ချေ။

“သူဌေးကြီးက ဘယ်လိုစည်းမျဉ်းတွေအကြောင်း ပြောပြတာလဲ။ ငါတို့ကိုလည်း နည်းနည်းလောက် ဝေမျှပေးလို့ရမလား။”

“ဟုတ်တယ်။ ငါတို့ကိုလည်း ပြောပြပါဦး။ ငါတို့လည်း အမြင်ကျယ်သွားအောင်လို့။”

“အစ်ကိုကျူး... ကျေးဇူးပြုပြီး ပြောပြပါဦး။ မင်းလည်း အခုလောလောဆယ် ဘာမှလုပ်စရာမရှိဘူးမလား။ ငါတို့နဲ့ စကားစမြည်ပြောရအောင်လေ။”

“ခဏစောင့်ကြဦး။ ငါ သူဌေးကို အရင်မေးလိုက်ဦးမယ်။ သူဌေးက သဘောတူရင် ငါ အားလုံးကို အသေးစိတ် ပြောပြမယ်။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။ ထိုအချိန်တွင် လုမေယွီတစ်ယောက် ရှောင်းယီထံသို့ သီးသန့်စာ ပို့ပြီးနေပြီဖြစ်သည်။

“သူဌေး ခုနက အများသုံးချန်နယ်ထဲမှာ ကျူးဝူပြောတာတွေက အမှန်ပဲလား။”

လုမေယွီက အံ့အားသင့်တကြီး မေးလိုက်သည်။

“အင်း ဖျော်ဖြေရေးအနေနဲ့ပဲ နားထောင်လိုက်ပါ။ အဲဒါတွေက အရင်အဆင့်က အကြောင်းအရာတွေပဲ။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပါပြီ။ ငါတို့ ငါတို့ရှေ့တည့်တည့်မှာ ရှိနေတာတွေကိုပဲ အာရုံစိုက်ပြီး အနာဂတ်ကို မျှော်ကြည့်ရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ လုမေယွီ တံတွေးကို ဂလုခနဲ မြိုချလိုက်မိ၏။ ပထမအဆင့်ကို ၁၂၈ ရက်တည်းနဲ့ ဘယ်လိုများ အောင်မြင်အောင် ဖြတ်ကျော်နိုင်ခဲ့လဲဆိုသည်ကို သူ ဘယ်လိုမှ စိတ်ကူးကြည့်၍ပင် မရနိုင်တော့ပေ။

ကျူးဝူကလည်း ရှောင်းယီထံ သီးသန့်စာပို့ပြီး မေးလာခဲ့သည်။

“သူဌေး စောစောက သူဌေးပြောပြတဲ့ စည်းမျဉ်းတွေကို ကျွန်တော် သူတို့ကို ဝေမျှပေးလို့ ရမလား။”

“မင်းကြိုက်သလိုလုပ်ပါ။ ဒါက ထိပ်တန်းလျှို့ဝှက်ချက်လည်း မဟုတ်ဘူး။ ပြီးတော့ လက်ရှိ အသက်ရှင်သန်ရပ်တည်ရေးအတွက်လည်း ဘာမှ အထောက်အကူမပြုပါဘူး။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။

သို့သော်လည်း ယခုအချိန်တွင် လူတိုင်းက အရမ်းအားနေကြသည်။ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထဲတွင် ပင်ပန်းခံအလုပ်လုပ်စရာ မလိုဘဲ အလွန်ဆုံးရှိမှ ကယ်ဆယ်ရေးယာဉ်ကို မောင်းနှင်ပြီး ရိက္ခာသေတ္တာ လိုက်ရှာရုံသာ ဖြစ်သည်။

ထို့ကြောင့် လူတိုင်းတွင် အားလပ်ချိန်များစွာ ရှိနေကြသည်။ ယခုကဲ့သို့ ပျင်းစရာကောင်းလှသော အာကာသရှင်သန်ရေးခရီးတွင် သူတို့သည် အမြဲတမ်း တစ်ခုခုလုပ်ဖို့ ရှာကြံနေရလေ့ရှိသည်။

ထို့ကြောင့် လူတိုင်းက အတင်းအဖျင်းများ စတင်ပြောဆိုလာကြတော့သည်။

လူတိုင်းသည် ရှောင်းယီနှင့်ပတ်သက်ပြီး ယုံတမ်းစကားကဲ့သို့ မဖြစ်နိုင်သောအကြောင်းအရာများကို ကြားလိုက်ရသောအခါ ပို၍ပင် စူးစမ်းချင်စိတ် ပြင်းပြလာကြသည်။

“ကောင်းပြီ။ ကျွန်တော် နားလည်ပြီ။”

ကျူးဝုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှောင်းယီ၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ကျူးဝူသည် အများသုံးချန်နယ်ထဲတွင် ပုံပြောသူအဖြစ် ချက်ချင်းပင် နေရာယူလိုက်တော့လေသည်။

“ပုံပြင်လေးကတော့ ဒီလိုဗျာ... အဲဒီနေ့မှာ နေရောင်ခြည်က အရမ်းတောက်ပနေပြီး ယီရန်ပင်း သူဌေးကြီးက သူ့ရဲ့အဖွဲ့ကို ဦးဆောင်ပြီး မသေမျိုးမျိုးနွယ်ရဲ့ ဝင်ပေါက်ကို တိုက်ရိုက်သွားပိတ်ဆို့လိုက်တယ်...”

အဖွဲ့ထဲတွင် ကျူးဝူ၏ ကာရန်စပ်ကာ ပုံပြောနေသည်ကို ကြည့်ရင်း ဤလူသည် ပုံပြင်ပြောရာတွင် တကယ်ပါရမီရှိကြောင်း ရှောင်းယီ ရုတ်တရက် သတိပြုမိသွားခဲ့သည်။

အခြား အသက်ရှင်ကျန်ရစ်သူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဆွေးနွေးမှုထဲ ပါဝင်လာကြသည်။

“ဒီယီရန်ပင်း ဆိုတဲ့လူက တကယ်တော့ ဘယ်သူလဲ။ စည်းမျဉ်းတွေအများကြီးကို ဘယ်လိုတောင် ရှာတွေ့နိုင်ရတာလဲ။”

“ပိုပြီးတော့ ကြောက်စရာကောင်းတာက သူက နောက်ဆုံးမှာ မသေမျိုးမျိုးနွယ်ရဲ့ အာကာသအက်ကွဲကြောင်းကိုပါ ရှာတွေ့သွားတာပဲ။”

“ဒီအရာအားလုံးကို သူက ၁၂၈ ရက်တည်းနဲ့ လုပ်ခဲ့တာလား။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။”

“သေစမ်း... ဒါက လုံးဝ အမှန်တရား မဖြစ်နိုင်ဘူး။ မင်း တကယ်ကို ပုံပြင်တွေ လျှောက်လုပ်ကြံနေတာပဲ။”

“အပေါ်က ညီအစ်ကို... မင်း ငါ့ကို ဘလော့ခ်ထားတယ်ဆို။ ဘာလို့ ငါ့ပို့စ်တွေကို မြင်နေရသေးတာလဲ။”

ကျူးဝူက ထိုလူ၏ ID ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။

“ငါက မင်း ပုံပြင်တွေ ဘယ်လောက်တောင် လုပ်ကြံဖန်တီးနိုင်လဲဆိုတာ ကြည့်ချင်ရုံပဲ။ အခုကြည့်ရသလောက်တော့ တော်တော်လေး သာမန်ပါပဲ။ ဇာတ်လမ်းကတော့ Bad review ပဲ ပေးရမယ်။”

“ပြီးတော့ မင်းရဲ့ဇာတ်လမ်းထဲက ဇာတ်လိုက်ကလည်း လုံလောက်တဲ့ အရှိန်အဝါ မရှိဘူး။”

“မင်းတို့လို ကီးဘုတ်ဖိုက်တာတွေက တကယ် ပျင်းစရာကောင်းတယ်။”

ကျူးဝူက ကူကယ်ရာမဲ့စွာ ပြောလိုက်ပြီးနောက် သူတို့ကို ဂရုမစိုက်တော့ပေ။

ထိုအချိန်တွင် လုမေယွီက ကျူးဝုထံ သီးသန့်စာ ပို့လာခဲ့သည်။

“ခုနက မင်းပြောခဲ့တာတွေ အားလုံးက သူဌေးကြီးကိုယ်တိုင် ပြောပြခဲ့တာလား။”

“ဒါပေါ့။ ငါက တင်ဆက်ပုံကို နည်းနည်းလေး ပြုပြင်လိုက်ရုံပါ။”

ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။

“မင်းကော သူဌေးကြီးနောက်ကို လိုက်နေတာလား။”

“ငါတို့က ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးပဲ ရှိတာပါ။”

လုမေယွီက ပြန်ပြောလိုက်သည်။

“လောလောဆယ်တော့ ပူးပေါင်းဆောင်ရွက်မှုက တော်တော်လေး အဆင်ပြေပါတယ်။”

“ငါတို့လည်း ကုန်သွယ်မှု ဆက်ဆံရေးပါပဲ။ ဒါပေမဲ့ ငါက နောက်ဆို သူဌေးကြီးနောက်ပဲ တောက်လျှောက်လိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ။”

ကျူးဝူက ပြန်ပြောလိုက်သည်။

“အင်း အဲဒါလည်း ကောင်းတဲ့ရွေးချယ်မှုတစ်ခုပဲ။”

လုမေယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

လုမေယွီသည် ကျူးဝူနှင့် လုံးဝ မတူသည်မှာ ထင်ရှားသည်။ သူသည် မိမိဘာသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် စဉ်းစားနေဆဲဖြစ်ပြီး ယခုအချိန်တွင် ရှောင်းယီနှင့် ပူးပေါင်းဆောင်ရွက်နေရုံမျှသာ ဖြစ်သည်။

ရှောင်းယီဘက်တွင်မူ သူသည် ဒုတိယမြောက် ရိက္ခာသေတ္တာကို ဖမ်းယူရရှိထားပြီး ဖြစ်သည်။

သူ ရိက္ခာသေတ္တာကို ဖွင့်ကြည့်လိုက်သည်။

“ရရှိသည့် ရိက္ခာများ - အုတ်မြစ်ကျောက် ၂၃။”

“ဒါပဲလား...။”

ရှောင်းယီသည် အုတ်မြစ်ကျောက် နှစ်ဆယ့်သုံးတုံးသာ ရှိသော ရိက္ခာသေတ္တာကို ကြည့်ရင်း ထပ်မံ၍ ဆွံ့အသွားရပြန်တော့သည်။

All Chapters