← Chapters

ချီလင်ဘုရင် လာရောက်လည်ပတ်ခြင်း

Vol. 17 Ch. 186

ချီလင်ဘုရင် လာရောက်လည်ပတ်ခြင်း

Vol. 17 Ch. 186

ကူလမ်းစဉ်၏ ပါရမီရှင် ချီလင်က အလယ်ပိုင်းလွင်ပြင် သူရဲကောင်းလေးယောက်ထဲမှ တစ်ဦးဖြစ်သော ချင်ချန်ကို အပြတ်အသတ် အနိုင်ယူလိုက်သည့် သတင်းမှာ ကျူးယန်တံခါးဝ တစ်ခုလုံးသို့ မျက်တောင်တစ်ခတ်အတွင်း ဟိုးလေးတကျော် ဖြစ်သွားတော့သည်။

တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ တစ်ရာ။

ထို့အပြင် ကျန်းဟူ၏ သဘာဝအတိုင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ချဲ့ကားပြောဆိုမှုများကြောင့် သတင်းများမှာ ပုံစံမျိုးစုံဖြင့် ထွက်ပေါ်လာတော့၏။

အချို့က ချီလင်သည် ကူအင်မော်တယ် ဝင်စားသည် ဟု ဆိုကြသည်။

အချို့ကမူ သိုင်းတာအိုသည် နှစ်ပေါင်းလေးထောင်နီးပါး တောက်ပခဲ့ပြီးဖြစ်ရာ အထွတ်အထိပ်မှနေ၍ ကျဆင်းလာတော့မည် ဖြစ်ပြီး အနာဂတ်သည် ကူလမ်းစဉ်၏ ခေတ်ဖြစ်လာမည်။ ချီလင်သည် တာအိုလမ်းစဉ်ကို လက်ဆင့်ကမ်းရန် ကံကြမ္မာက ရွေးချယ်လိုက်သောသူ ဖြစ်သည် ဟုလည်း ထင်ကြေးပေးကြသည်။

ထင်မြင်ယူဆချက်များကား အမျိုးမျိုးအဖုံဖုံ ကွဲပြားနေပြီး ချီးကျူးသံများနှင့်အတူ ဝေဖန်သံများလည်း ရောနှောနေ၏။

ငြင်းဆန်၍ မရနိုင်သောအချက်မှာ နဝမ ကူ နန်းတော်သည် ၎င်းတို့၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းပင် ဖြစ်၏။

ဤအောင်ပွဲက ကူသခင်မျိုးဆက်များ လောကထဲသို့ ဝင်ရောက်ရန်အတွက် တံခါးပေါက်ကို အမှန်တကယ် ဖွင့်လှစ်ပေးလိုက်ပြီ ပင်။ အနာဂတ်တွင် ကူလမ်းစဉ် အမှန်တကယ် ပြန်လည် ကြီးပွားတိုးတက်ပြီး ယခင်ကလို ဂုဏ်ကျက်သရေကို ပြန်လည်ရရှိနိုင်မည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်၏။

ဤအရာများကို လူတစ်ယောက်တည်းက ပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ပါချေ။

သူတို့သိသည်ကတော့ ချီလင်သည် သူလုပ်သင့်လုပ်ထိုက်သည်များကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့ကြောင်းပင် ဖြစ်၏။

သူသည် ဤကိစ္စကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး ကူလမ်းစဉ်၏ စီမံကိန်းတွင် အဓိက အကျိုးပြုသူ ဖြစ်ခဲ့သည်။ အကယ်၍ အနာဂတ်တွင် အခြေအနေများ အမှန်တကယ် ပြောင်းလဲသွားမည်ဆိုပါက ချီလင်သည် သမိုင်းတွင် မှတ်တမ်းတင်ခံရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်မှာ သေချာလှ၏။

နောက်ရက်များတွင် အင်အားစု အများအပြား လာရောက် လည်ပတ်ကြသည်။

ချီယန်နှင့် လီယွမ်တို့သည် ဧည့်သည်များကို တစ်ယောက်ပြီးတစ်ယောက် လက်ခံတွေ့ဆုံခဲ့ကြ၏။

အချို့သောအင်အားစုများက ကူလမ်းစဉ်နှင့် အမှန်တကယ် အဆက်အသွယ် ပြုလုပ်ချင်ကြပြီး ၎င်းတို့အထဲတွင် ဒေသအသီးသီးမှ အင်အားကြီး မိသားစုများ အများဆုံး ပါဝင်ကြသည်။ လူတိုင်းက သိုင်းပညာ ပါရမီ ပါလာကြသည်မဟုတ်ရာ ကူလမ်းစဉ်က ထိုမိသားစုများမှ ကလေးငယ်များအတွက် အခွင့်အလမ်း ပိုမိုများပြားစွာ ပေးစွမ်းနိုင်သောကြောင့် ဖြစ်၏။

ရိုးရာ သိုင်းပညာ အမွေအနှစ်များကို ပိုင်ဆိုင်ထားသော ကျန်းဟူမှ ဂိုဏ်းကြီးများကမူ စောင့်ကြည့်လေ့လာသည့် အနေအထားတွင်သာ ရှိနေကြပြီး ဝမ်းမြောက်စကား ပြောကြားရန်နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန်သာလာရောက်ကြ၏။

အလယ်ပိုင်းလွင်ပြင်၏ အင်အားကြီး ခုနစ်ဖွဲ့ထဲမှ နဝမ ကူ နန်းတော်နှင့် ဆက်ဆံရေး ကောင်းမွန်သော လင်းရှောင်ဓားဂိုဏ်း တစ်ခုတည်းကသာ ဂုဏ်ပြုစကား ဆိုရန် ရောက်ရှိလာခဲ့၏။

လီယွမ်ကို အံ့အားသင့်ဆုံး ဖြစ်စေခဲ့သည်မှာ...

နေလမင်းဂိုဏ်းချုပ် ကိုယ်တိုင်လာရောက်ခဲ့ခြင်းပင်။ သူသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်လှသော အင်အားကြီး ပညာရှင်တစ်ဦးဖြစ်ကာ ဘိုးဘေးကြီးထက် လုံးဝ အားနည်းခြင်း မရှိပါချေ။

ဤအချက်က ကျန်းဟူတွင် လျှို့ဝှက်ပညာရှင် အမြောက်အမြား ရှိနေသေးကြောင်း လီယွမ်ကို သဘောပေါက်သွားစေခဲ့၏။

ဖြစ်နိုင်သည်မှာ အင်အားကြီး ဂိုဏ်းခုနစ်ဖွဲ့စလုံးတွင် ဤကဲ့သို့သော မိစ္ဆာအိုကြီးများ အုပ်စိုးနေကြခြင်း ဖြစ်ပေမည်။

နေလမင်းဂိုဏ်းချုပ်သည် ယဉ်ကျေးဟန်ပြသော်လည်း အမှန်တကယ်တွင်မူ မာနကြီးလွန်းလှ၏။ သူက ဘိုးဘေးကြီးကိုပင်နေလမင်းဂိုဏ်း၏ စောင့်ရှောက်သူ အဖြစ်လာရောက်ကမ်းလှမ်းခဲ့သော်လည်း ချက်ချင်းပင် မောင်းထုတ်ခံခဲ့ရ၏။

အရိပ်ဝှက် ဓားအင်မော်တယ် ယူရှန်းယင်းလည်း ရောက်လာခဲ့ပြီး ညစာစားပွဲတွင် လီယွမ်ကို အနီးကပ် ဖြတ်ကျော်သွားခဲ့သည်။

ဒါက စမ်းသပ်မှုတစ်ခုဆိုတာကို လီယွမ် ကောင်းကောင်း သိနေ၏။

သူ၏ တိုက်ရိုက် တိုက်ခိုက်ရေးစွမ်းအားမှာ ယူရှန်းယင်းအောက် များစွာ နိမ့်ကျနေသော်ငြားလည်း စိတ်စွမ်းအား နယ်ပယ်တွင်မူ အရှုံးမပေးခဲ့ဘဲ ပြိုင်ဘက်ကို အကဲခတ်ခွင့် ပေးလိုက်ခြင်း ဖြစ်၏။

ဧည့်သည် အုပ်စုများစွာ ဝင်ထွက်သွားလာ ပြီးနောက်...

နောက်ဆုံးတွင်တော့ ရေခဲပြင်မျိုးနွယ်စုမှ လူများ ရောက်ရှိလာခဲ့ချေပြီ။

ဤမျှလောက် အချိန်ကြာအောင် စောင့်ဆိုင်းခဲ့ပြီး အင်အားစု အသီးသီး၏ လည်ပင်းပတ်မှုများကို လက်ခံခဲ့ရခြင်းမှာ... လီယွမ်၏ အစီအစဉ် တစ်ခုလုံးသည် ဤအခိုက်အတန့်လေး အတွက်သာ ဖြစ်ပေတော့သည်။

ခြံဝင်းအပြင်ဘက်တွင်...

အန်းမူယောင်က တွဲပေးထားသော ချီလင်ဘုရင် အန်းထိုယွမ် သည် သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာ၏။ တစ်ချိန်က တန်ခိုးကြီးမားခဲ့သော ချီလင်ဘုရင်မှာ ယခုအခါ အထီးကျန်နေသော ခြင်္သေ့ကြီးတစ်ကောင်အလား ဖြစ်နေပြီး မြင်ရသူအဖို့ ရင်နင့်ဖွယ်ရာပင်။

လီယွမ်သည် တည်ငြိမ်စွာပင် ထိုင်နေပြီး သွားရောက် ဆီးကြိုခြင်း မရှိပါချေ။

ပါရမီရှင် ချီလင် တစ်ယောက်၏ ရှိသင့်ရှိထိုက်သော မာနကို ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်၏။

ချီယန်၏ မျက်လုံးများက အရောင်လက်သွားပြီး အနည်းငယ် အံ့အားသင့်သွားရ၏။ မြောက်ပိုင်း ရေခဲ နယ်မြေ မျိုးနွယ်စုမှ လူများလာရောက်လည်ပတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သလို... အထူးသဖြင့် ချီလင်ဘုရင်နှင့် ကံကြမ္မာ အငယ်စားသခင်မလေးတို့ အတူတကွ ရောက်လာမည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ရေခဲပြင် မျိုးနွယ်စုမှာ ကူသခင်မျိုးဆက်ထက်ပင် ပို၍ လူသိနည်းလှ၏။

ကူလမ်းစဉ်မှာ တိုးချဲ့ရန် အခွင့်အရေး ရှိနေသေးသော်လည်း ရေခဲပြင် မျိုးနွယ်စုမှာမူ သွေးမျိုးဆက်မှတစ်ဆင့် မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့သော ချီလင်၏ လျှို့ဝှက်နည်းစနစ်များကိုသာ ကျင့်ကြံနိုင်ပြီး လောက၏ ထောင့်တစ်နေရာတွင်သာ ထာဝရ ကန့်သတ်ခံနေရမည် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ တာအိုလမ်းစဉ် နှစ်ခုကြား ဆက်သွယ်မှု ရှိနေခြင်းက အကျိုးမယုတ်ပါချေ။

“ချီလင်ဘုရင်... သခင်မလေး...”

ချီယန်က မတ်တပ်ရပ်ကာ ကိုယ်တိုင် သွားရောက် ဆီးကြိုလိုက်သည်။

အသက်အရွယ် အရဆိုလျှင် ချီယန်သည် အန်းထိုယွမ်ထက် များစွာ ကြီးရင့်ပြီး ထျန်းယွမ်တိုက်ကြီးတွင် ရှားပါးသော အသက်အရွယ် ဖြစ်သော်ငြားလည်း အဆင့်အတန်းနှင့် ရာထူးအရမူ သူတို့နှစ်ဦးမှာ တန်းတူများ ဖြစ်ကြ၏။

“ကူနန်းတော် သခင်ကြီး...”

အန်းထိုယွမ်နှင့် ချီယန်တို့သည် ပြုံးလျက် လက်ဆွဲ နှုတ်ဆက်လိုက်ကြ၏။

“ရေခဲပြင်က အန်းမူယောင်... နန်းတော် သခင်ကြီးကို ဂါရဝပြုပါတယ်...”

အန်းမူယောင်က အနည်းငယ် ဦးညွှတ်လိုက်သည်။

“မင်းတို့ရဲ့လာရောက်လည်ပတ်မှုက ငါ့ရဲ့ နန်းတော်လေးအတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ...”

ကူလမ်းစဉ် လောကထဲသို့ ဝင်ရောက်ရန်အတွက် မဟာမိတ်များစွာ လိုအပ်၏။ မြောက်ပိုင်း ရေခဲ နယ်မြေ မျိုးနွယ်စုသည် မြောက်ပိုင်း၏ အင်အားကြီး အုပ်စုတစ်ခုဖြစ်ပြီး နဝမ ကူ နန်းတော်နှင့် တန်းတူဖြစ်ကာ အလယ်ပိုင်းလွင်ပြင်၏ အင်အားကြီး ခုနစ်ဖွဲ့ထက်လည်း အားနည်းခြင်း မရှိသဖြင့် စည်းရုံးရန် တန်ဖိုးရှိလှ၏။

သို့သော်လည်း ရေခဲပြင် မျိုးနွယ်စုနှင့် တော်ဝင်မိသားစုတို့ကြား ရင်းနှီးသော ဆက်ဆံရေး ရှိနေကြောင်းကို ချီယန် သိရှိထားပြီး ကူသခင်မျိုးဆက်ကို ကူညီချင်မှ ကူညီလိမ့်မည်ဟု ယူဆထားသဖြင့် သတိကြီးစွာ ထားနေဆဲပင်။

“ချီလင်... ချီလင်ဘုရင်နဲ့ သခင်မလေးကိုလာပြီး အရိုအသေ မပေးသေးဘူးလား...”

ချီယန်က တိုးညင်းစွာ ရယ်မောလိုက်၏။

လီယွမ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး သူတို့နှစ်ဦးထံသို့ လျှောက်လာကာ လက်နှစ်ဖက်ကို ယှက်လျက် ဦးညွှတ်လိုက်သည်။

“ဂျူနီယာ ချီလင်... ချီလင်ဘုရင်နဲ့ သခင်မလေးကို ဂါရဝပြုပါတယ်...”

သူတို့သုံးဦးသည် ခေါင်းငုံ့လိုက်သည့် အခိုက်အတန့်လေး အတွင်းမှာပင် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ချီလင်ဘုရင် အန်းထိုယွမ်၏ အိုမင်းနေသော ခန္ဓာကိုယ်ကြီးမှာ တုန်ယင်သွားပြီး သူ၏ ရင်ထဲမှ လှိုက်လှဲစွာ ပြုံးလိုက်မိတော့သည်။

“တကယ့်ကို ကောင်းမွန်တဲ့ ချီလင်ပဲ... အနာဂတ်အတွက် မျှော်လင့်ချက်တွေ အများကြီး ရှိတဲ့ လူငယ်လေးပဲ... ကူသခင်မျိုးဆက် က တကယ့်ကို အဖိုးတန်တဲ့ မျိုးစေ့လေး တစ်ခုကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ...”

“မြှောက်ပြောနေပါပြီ...”

ချီယန်က ရယ်မောလိုက်ပြီး သူ၏ ဂုဏ်ယူဝင့်ကြွားမှုများမှာ အတိုင်းအဆ မရှိတော့ချေ။

“ဒီကောင်လေးက အရမ်းကို မာနကြီးလွန်းတယ်... သူ့ကို သိပ်ပြီး ချီးကျူးနေလို့ မရဘူး... အရင်တုန်းက သူ့ရဲ့ ရိုင်းစိုင်းတဲ့ စကားတွေအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ...”

“ရပါတယ်... ရပါတယ်...”

အန်းထိုယွမ်က ရယ်မောလိုက်ပြီး

“လူငယ်တွေဆိုတာ ဒီလိုပဲ သွေးဆူလွယ်ပြီး တက်ကြွနေတာ ကောင်းပါတယ်... ငါတို့လို မျိုးဆက်ဟောင်း တွေက သူတို့ကို ပံ့ပိုးပေးဖို့ပဲ လိုတာပါ...”

“ဟုတ်ပါတယ်...”

ချီယန်သည် အန်းထိုယွမ်နှင့် အကြောင်းပြချက် မရှိဘဲ ရင်းနှီးမှုကို ခံစားလိုက်ရပြီး

“လူငယ်မျိုးဆက်တွေ ကြီးပြင်းလာတာကို ကြည့်ရတာက... ငါတို့လို အဘိုးကြီးတွေအတွက် ဘဝသစ်တစ်ခုကို မြင်တွေ့ရသလိုပါပဲ...”

“ထိုင်ပါဦး...”

“ကျေးဇူးပြုပြီး နေရာယူကြပါဦး...”

ချီယန်က အန်း သားအဖ နှစ်ဦးကိုနေရာယူရန် ဖိတ်ခေါ်လိုက်သည်။

မာနကြီးပြီး သွေးဆူလွယ်သည့် စရိုက်က အဘိုးကြီးများ အကြိုက်ဆုံး ပုံစံပင်။ သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် ချီလင်၏ ပြုမူပုံကို ကြည့်ပြီး အင်အားစု အသီးသီးက ဤမာနကြီးသော ကောင်လေးကို ရိုက်သတ်ချင်နေခဲ့ကြသည် မဟုတ်ပါလော။

ချီလင်ဘုရင် အန်းထိုယွမ် ကမူ စိတ်မဆိုးသည့်အပြင် ဆက်တိုက် ချီးကျူးနေတော့၏။

ဒါတောင်မှ...

အနည်းငယ် အလိုလိုက်နေသလိုများ ဖြစ်နေသလား။

အကယ်၍ မြောက်ပိုင်း ရေခဲ နယ်မြေ မျိုးနွယ်စုကို စည်းရုံးနိုင်ပြီး ဆက်ဆံရေးကောင်းများ တည်ဆောက်နိုင်ပါက ကူသခင်မျိုးဆက်၏ ဌာနခွဲတစ်ခုကို မြောက်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ရာ ၎င်းမှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိစေမည့် အခြေအနေ တစ်ရပ်ပင် ဖြစ်တော့သည်။

နေရာယူပြီးနောက်...

အန်းထိုယွမ်က သူ၏ လက်ဝတ်ရုံထဲမှ သစ်သားသေတ္တာငယ်လေး တစ်ခုကို ထုတ်ယူလိုက်၏။

“တောင်ပိုင်းနယ်စပ်ကို နတ်ဆိုးတွေလာနှိမ်နင်းတာဆိုတော့ တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပြင်ဆင်rလာနိုင်ခဲ့ပါဘူး... ဒီအရာလေးကိုပဲ ကျေးဇူးပြုပြီး လက်ခံပေးပါ...”

“အရမ်းကို အားနာစရာ ကောင်းနေပါပြီ...”

ချီယန်က ပြုံးလိုက်၏။

“ချီလင်... ချီလင်ဘုရင်ကို ကျေးဇူးတင်စကား မပြောသေးဘူးလား...”

လီယွမ်က ချက်ချင်းပင် လက်ဆောင်ကို လှမ်းယူလိုက်ပြီး ပြုံးရွှင်စွာဖြင့်

“ချီလင် အဘိုး... ဒီဂျူနီယာက ကျေးဇူးတင်ပါတယ်..”

'ဟေ့... ဒီကောင်လေးကတော့'

ချီယန်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရတော့သည်။

“ညီအစ်ကို ထိုယွမ်... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့... ဒီကောင်လေးက အမြဲတမ်း ဒီလိုပါပဲ... တကယ်တော့ သူက စိတ်ထားဆိုးတဲ့သူ မဟုတ်ပါဘူး...”

“ရပါတယ်ကွာ...”

အန်းထိုယွမ်က ရယ်မောလိုက်ပြီး

“ဒါတွေက အသေးအမွှား ကိစ္စလေးတွေပါ... ဒီကလေးက ဖြူစင်ပြီး ပွင့်လင်းတယ် ဆိုတာကို ပြသနေတာပဲ... အဲဒီလို လူငယ်မျိုးကို ငါ သဘောကျပါတယ်...”

အဘိုးကြီး နှစ်ဦးမှာ အချိန်ကြာမြင့်စွာ ရင်းနှီးခဲ့ကြသည့် မိတ်ဆွေဟောင်းကြီးများအလား တက်တက်ကြွကြွ စကားစမြည် ပြောဆိုနေကြသည်။

အချိန် အတန်ကြာပြီးနောက်...

အချိန်အခါ သင့်ပြီဟု ယူဆကာ ချီယန်သည်နောက်ဆုံးတွင် အဓိက အကြောင်းအရာသို့ ရောက်လာခဲ့ချေပြီ။

“ညီအစ်ကို ထိုယွမ်... ငါတို့ရဲ့ ကူသခင်မျိုးဆက်က လောကထဲကို ဝင်ရောက်လာပြီဆိုတော့ တိုးချဲ့ဖို့အတွက်လည်း စိတ်အားထက်သန်နေပါတယ်... မြောက်ပိုင်းမှာလည်း တံခါးပေါက်တစ်ခုလောက် ဖွင့်ချင်လို့ပါ... ရေခဲပြင်မျိုးနွယ်စုရဲ့ အကူအညီကိုများ ရနိုင်မလားလို့...”

ထိုသို့ ပြောပြီးနောက် သူက ထပ်မံ အလေးအနက်ထား၍ ပြောလိုက်ပြန်သည်။

“စိတ်ချပါ ညီအစ်ကို ထိုယွမ်... ဆုလာဘ်ကတော့ သေချာပေါက် ကြီးမားလှမှာပါ... နဝမ ကူ နန်းတော် က ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး...”

“ဆုလာဘ် တွေ ဘာတွေကနောက်မှ ပြောကြတာပေါ့... ညီအစ်ကို ယန် နဲ့ ငါက ဒီလောက်တောင် အဆင်ပြေနေတာ... ပြီးတော့ ကူသခင်မျိုးဆက် ကလည်း ပြန်လည် တိုးတက်လာပြီဆိုတော့ မင်းတို့ကို ကူညီနိုင်တာက ငါတို့ ရေခဲပြင်မျိုးနွယ်စု အတွက်လည်း ကောင်းတဲ့ကိစ္စပါပဲ...”

အန်းထိုယွမ်က ရယ်မောလျက် ပြောဆိုလိုက်သည်။

ချီယန်၏ မျက်လုံးများက အရောင်လက်သွားတော့၏။

“အခုလို အချိန်ကောင်း မျိုး မရှိတော့ဘူး... ငါတို့ ဒီအကြောင်းကို အသေးစိတ် ဆွေးနွေးကြရင်ရော...”

“သေချာတာပေါ့...”

အန်းထိုယွမ်က ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ ငါ့ရဲ့ မူယောင် က ဖြေရှင်းစရာ ကိစ္စဟောင်းလေး တချို့ ရှိနေလို့... သူ့အတွက် ဘေးခန်းလေး တစ်ခန်းလောက် စီစဉ်ပေးလို့ ရမလား... ငါတို့နောက်မှ ဆက်ဆွေးနွေးကြတာပေါ့...”

“ရတာပေါ့...”

ကူလမ်းစဉ် တိုးချဲ့ရန်အတွက် အရပ်မျက်နှာ အသီးသီးမှ အကူအညီများ လိုအပ်နေပြီး ၎င်းမှာ အလွန်ကောင်းမွန်သော အခွင့်အရေး တစ်ရပ်ပင် ဖြစ်၏။ ချီယန်သည် ဤကိစ္စကို အလွန် အလေးအနက်ထားပြီး အန်း သားအဖ နှစ်ဦးအပေါ် လုံးဝ မပေါ့ဆရဲဘဲ ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။

“ချီလင်... သခင်မလေး ကို ဘေးခန်းမှာ နားဖို့ ခေါ်သွားပေးလိုက်စမ်း...”

“မင်းရဲ့ စကားတွေနဲ့ အပြုအမူတွေကို သတိထားဖို့ မမေ့နဲ့နော်... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့…”

All Chapters