အင်းဆက် ချောက်နက်
Vol. 17 Ch. 193
“ရေခဲခြင်ဆီ ကျောက်စိမ်းရည်က မြေအောက်ဂူ တွေ ထဲက ရေခဲကန် တွေ ရဲ့ အနက်ရှိုင်းဆုံးနေရာမှာပဲ ဖြစ်တည် နိုင်တာ...”
“ရှောင်ချိုက်... မင်း အဲဒါကို အာရုံခံလို့ ရနိုင်မလား...”
အင်းဆက် ချောက်နက် အတွင်းရှိ ကြီးငယ်မရွေး ဂူပေါက်ပေါင်း မရေမတွက်နိုင်အောင် အားလုံးမှာ... ရေခဲတမျှ အေးစက်သော အငွေ့အသက်များဖြင့် လွှမ်းခြုံထားပြီး ခွဲခြားသိမြင်ရန် အလွန် ခက်ခဲလှ၏။
“ဟီး...”
ရှောင်ချိုက် က ခေါင်းခါယမ်းပြပြီး ဂူပေါက် တစ်ခုချင်းစီကို အနီးကပ် ချဉ်းကပ်၍ သေချာစွာ စစ်ဆေးရန် လိုအပ်ကြောင်း အချက်ပြလိုက်၏။
အကယ်၍ အကွာအဝေး အလွန် ဝေးကွာနေမည် ဆိုပါက... ချောက်နက် အတွင်းမှ အေးစက်သော လေပြင်းများ နှင့် အင်းဆက်များ၏ အငွေ့အသက်များက... အာရုံခံစားမှုကို ပြင်းထန်စွာ နှောင့်ယှက်မည် ဖြစ်ပြီး ပုံရိပ် ရှင်းလင်းစွာ ရရှိရန် ခက်ခဲစေမည် ဖြစ်၏။
လီယွမ် မှာ ရွေးချယ်စရာ မရှိတော့ဘဲ... ရှောင်ချိုက် ကို ခေါ်ဆောင်ကာ ဂူပေါက် တစ်ခုပြီး တစ်ခု လိုက်လံ စမ်းသပ် ရတော့၏။
ဂူပေါက် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်... ချမ်းစိမ့်စိမ့် လေပြင်း တစ်ချက်က မျက်နှာကိုလာမှန်ပြီး ချိုမြိန်သော သတ္တုနံ့လေး တစ်ခု ပါလာကာ... ပူစီနံ ၏ ထူးဆန်းသော လန်းဆန်းမှု နှင့် ရောနှောနေသည့်... အေးခဲနေသော သွေးနံ့ အလား ခံစားလိုက်ရသည်။
ဤ ထူးဆန်းသော အနံ့မှာ... အလွန်အမင်း အေးခဲ သေဆုံးသွားကြသော အင်းဆက်ဥ များလွန်းသဖြင့် ဂူပေါက် အတွင်း၌ စုပုံလာပြီး ရေခဲပုံဆောင်ခဲ များနှင့် ပေါင်းစပ်သွားရာမှ... ဖြစ်ပေါ်လာခြင်း ဖြစ်၏။
“အနံ့က တော်တော် ဆိုးတာပဲ...”
လီယွမ် သည် သူ၏ နှာခေါင်းကို ပိတ်ထားပြီး ပတ်ပတ်လည် သို့ လျှောက်သွား လိုက်၏။ အတွင်းပိုင်းက သိပ်မနက်ရှိုင်းလှ သော်လည်း ဝင်ရောက် သွားသည်နှင့် တစ်ပြိုင်နက်... ပြည့်နှက်နေသော အင်းဆက်ဥ များကို ပို၍ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
အချိန်ကြာကြာ စိုက်ကြည့်နေမိပါက... ဦးရေပြားကိုပင် ထုံကျင် သွားစေနိုင်၏။
အကယ်၍ ဤ အေးခဲနေသော အင်းဆက်ဥ များသာ ပြန်လည် အသက်ဝင်လာခဲ့ပါက... မည်မျှ ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းမျိုး ဖြစ်လာမည်ကို စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်ပါချေ။
“ရေခဲကန် တွေ မရှိတော့ဘူး...နောက်တစ်ခု သွားမယ်...”
ရေခဲခြင်ဆီ ကျောက်စိမ်းရည် ဆိုသည်မှာ... လွယ်လွယ်ကူကူ ရှာဖွေ တွေ့ရှိနိုင်သော အရာ မဟုတ်ကြောင်း သိသာ ထင်ရှားလှ၏။
ဂူပေါက် အရွယ်အစား ကြီးမားလေလေ... အင်းဆက်ဥ များ ပိုမို များပြားစွာ ပါဝင်နိုင်လေလေ ဖြစ်ပြီး ရေခဲကန် ဖြစ်ပေါ်လာရန် အခွင့်အလမ်း ပိုများလေလေ နှင့်... ရေခဲခြင်ဆီ ကျောက်စိမ်းရည် စုစည်းလာနိုင်ခြေ ပိုများလေလေ ဖြစ်၏။
ကံမကောင်းစွာဖြင့် ဂူပေါက် တစ်ခု၏ အရွယ်အစားကို ၎င်း၏ အပေါက် အကျယ်အဝန်း ဖြင့် ဆုံးဖြတ်၍ မရနိုင်ပါချေ။ ထို့အပြင် အင်းဆက် ချောက်နက် အတွင်းတွင် စိတ်စွမ်းအား ၏ ပျံ့နှံ့နိုင်စွမ်းမှာလည်း လုံလောက်အောင် မစွမ်းဆောင်နိုင်တော့ပေ။
“ဒီလို လိုက်ရှာနေရင်တော့ အရမ်း နှေးလွန်းတယ်...”
ဝမ်းနည်းစရာ ကောင်းသည်မှာ... ဝူမေ့ သည် 'ပြောင်းပြန် ဆင့်ကဲပြောင်းလဲမှု' ကို ဖြတ်သန်းခဲ့ပြီး ရုပ်သေး ထိန်းချုပ်ခြင်း စွမ်းရည်ကို ယာယီ ဆုံးရှုံးသွားခဲ့ပြီ ပင်။ ထိုသို့သာ မဟုတ်လျှင် သူမ အနေဖြင့် ဤဒေသမှ သူငယ်ချင်း အချို့ကို ဖိတ်ခေါ်ကာ... ဂူပေါက် များကို စူးစမ်း ရှာဖွေ ခိုင်းနိုင်မည် မဟုတ်ပါလော။
“ရစ်ပတ် နတ်ဘုရား... မင်း အပေါ်မှာပဲ မူတည်တော့တယ်...”
တိုက်ပွဲဝင်ရမည့် အခြေအနေ မဟုတ်လျှင် ရစ်ပတ်နတ်ဘုရား ( ဘီလူး ဝိဉာဉ်ကူ) သည် လုံးဝ အလုပ်မလုပ်ချင်ပါချေ။ သူသည် တိုက်ခိုက်ချင်စိတ် သက်သက်သာ ရှိသူ ဖြစ်၏။
သို့သော်လည်း လီယွမ်က သူ့အား ဆင့်ခေါ်လိုက်ပြီး အချိန်ပို အလုပ်လုပ်ရန် ဖိအားပေး လိုက်သည်။
လီယွမ် က ဘူးသီးခြောက် တစ်လုံးကို ဖွင့်လိုက်ပြီး ထောက်လှမ်းရေး ကူကောင် အမြောက်အမြား ကို လွှတ်ပေးလိုက်၏။
ထို့နောက် ရစ်ပတ်နတ်ဘုရားကူ ကို အသက်သွင်းလိုက်ပြီး လက်အောက်ခံ ထောက်လှမ်းရေး ကူကောင် များကို သွေးဝတ်ရုံ ဖြင့် ဖုံးအုပ် အကာအကွယ် ပေးလိုက်ရာ ပြင်းထန်လှသော အအေးဒဏ်မှ ကာကွယ်ပေးထားနိုင်ခဲ့ပြီး ထို ကူကောင်များမှာ ဂူပေါက်များ အတွင်းသို့ အစုလိုက်အပြုံလိုက် ပျံသန်း ဝင်ရောက်သွားကြလေတော့သည်။
ဤနည်းဖြင့် လီယွမ် ၏ စိတ်စွမ်းအားဖြင့် ထောက်လှမ်းနိုင်စွမ်း ကန့်သတ် ခံထားရလျှင်ပင်... သူသည် ဂူပေါက် တစ်ခုတည်းကိုသာ မဟုတ်ဘဲ ဧရိယာ တစ်ခုလုံးကို တစ်ပြိုင်နက်တည်း စူးစမ်း ရှာဖွေ နိုင်မည် ဖြစ်ရာ အလုပ်တွင်ကျယ်မှု ကို များစွာ မြှင့်တင်ပေးနိုင်ခဲ့၏။
အချိန်များ က တရွေ့ရွေ့ ကုန်လွန် သွားခဲ့လေပြီ။
အချိန်အတော်ကြာပြီးနောက်... ထောက်လှမ်းရေး ကူကောင် တစ်ကောင် ထံမှ တုံ့ပြန်မှု ရရှိလာခဲ့၏။
“တွေ့ပြီ...”
နောက်ဆုံးတွင်တော့ ရေခဲကန် တစ်ခုကို ရှာတွေ့သွားခဲ့သဖြင့် လီယွမ် မှာ အလွန်အမင်း ဝမ်းသာသွားရသည်။ သူသည် ရှောင်ချိုက် ကို ခေါ်ဆောင်ကာ ဂူပေါက် အတွင်းသို့ ချက်ချင်း ဝင်ရောက်သွားပြီး ရေခဲကန် ၏ အစွန်းသို့ ရောက်ရှိလာခဲ့၏။
ရေခဲကန် ၏ မျက်နှာပြင်ပေါ်တွင် ရေခဲ ပုံဆောင် ကြာပန်းများ လွင့်မျောနေပြီး ၎င်းတို့၏ အလယ်ဗဟို တွင် မပေါက်ဖွားရသေးသော အင်းဆက်ဥလေးများ ကွေးကွေးလေး ရှိနေကြသည်။ ရေပြင်မှာ ငြိမ်သက်နေပုံ ရသော်ငြားလည်း ရေအောက် ရေစီးကြောင်းများမှာ ဓားများအလား ထက်မြက်လှပြီး ရွှေ နှင့် ကျောက်စိမ်း များကိုပင် ဖြတ်တောက်နိုင်စွမ်း ရှိ၏။
“ရှောင်ချိုက်... အထဲမှာ ရတနာ တစ်ခုခု ရှိနေလား...”
“ချွီ...”
ရှောင်ချိုက် က ခေါင်းခါယမ်းပြလိုက်ပြီး သူမ၏ အာရုံခံစားမှု မှာ သိပ်ပြီး မရှင်းလင်းလှကြောင်း အချက်ပြလိုက်၏။
လီယွမ် က အလျင်စလို မဝင်ရဲပါချေ။
သူသည် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ထူထဲသော ပင့်ကူမျှင် တစ်ချောင်း ပန်းထွက်လာပြီး ရစ်ပတ်နတ်ဘုရား ၏ သွေးစွန်းဝတ်ရုံ ဖြင့် ရစ်ပတ် ကာကွယ်ထားလျက်... ရေအောက်သို့ ထိုးဆင်းသွားတော့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်... ချမ်းစိမ့်စိမ့် အအေးဓာတ် တစ်ခုက ပင့်ကူမျှင် တစ်လျှောက် ပျံ့နှံ့လာပြီး လီယွမ် ကိုပါ ဝါးမျိုပစ်တော့မည့် အလား ဖြစ်လာသော်လည်း သိပ်သည်းလှသော သွေးများ၏ ခုခံမှုကြောင့် အလွယ်တကူ ပျယ်ပြယ်သွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက် လီယွမ် က မျက်မှောင်ကြုတ် လိုက်၏။
“မရှိဘူးလား...”
ဤ ရေခဲကန် အတွင်းတွင် ရေခဲခြင်ဆီ ကျောက်စိမ်းရည် လည်း မရှိသလို... အရိပ်ကိုးပါး ရေခဲဝိညာဉ် လည်း မရှိပါချေ။
သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲနေရာပြောင်းကာ ဆက်လက် ရှာဖွေ ရတော့သည်။
သူတို့သည် မြောက်များစွာသော ဂူပေါက်များကို တစ်ခုပြီးတစ်ခု လိုက်လံ ရှာဖွေခဲ့ကြပြီးနောက်ဆုံးတွင်တော့ (၁၁) ခုမြောက် ရေခဲကန် နှင့် တွေ့ဆုံချိန် တွင် တစ်စုံတစ်ခုကို ရှာဖွေ တွေ့ရှိသွားခဲ့ချေပြီ။
“ဟင်...”
လီယွမ် က ရေခဲကန် ၏ အစွန်းသို့ ရောက်ရှိသွားသည် နှင့် တစ်ပြိုင်နက်... ပုံမှန်မဟုတ်သော အငွေ့အသက် တစ်ခုကို အာရုံခံ သိရှိလိုက်သည်။
သူသည် ရေခဲကန် အတွင်းသို့ ငုံ့ကြည့်လိုက်ရာ လူတစ်ယောက်က လက်နှစ်ဖက်ကို ဆန့်တန်းလျက်... လက်တစ်ဖက်က ရေပြင် အထက်သို့ ရောက်နေပြီး မျှော်လင့်ချက် ကင်းမဲ့နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် လန့်ဖြန့် သွားရတော့၏။
သူမ၏ ဝတ်စားဆင်ယင်မှု ကို ကြည့်ရသည်မှာ... ဒုတိယ ကူနန်းတော် မှ တပည့် တစ်ဦး ဖြစ်ပုံရ၏။
ဖြစ်နိုင်သည်မှာ... ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ စမ်းသပ်မှု အတွင်း သူမ ရေခဲကန် ထဲသို့ ပြုတ်ကျသွားပြီး ရေခဲရုပ်တု အဖြစ် အေးခဲသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ချွီ...”
ရှောင်ချိုက် က စိတ်လှုပ်ရှားစွာ အသံပြုလိုက်သည်။
“ရေခဲခြင်ဆီ ကျောက်စိမ်းရည် က အထဲမှာ ရှိနေတာလား...” လီယွမ် က မေးလိုက်၏။
“ချွီ...”
ရှောင်ချိုက် က အတည်ပြုကြောင်း ပြန်လည် ဖြေကြားလိုက်သည်။
“ဒုတိယ ကူနန်းတော် က ဒီတပည့် က ရေခဲခြင်ဆီ ကျောက်စိမ်းရည် ကို ယူဖို့... ရေခဲကန် ထဲ ဝင်ဖို့ ကြိုးစားရင်း အေးခဲသွားတာ ဖြစ်ရမယ်...”
လီယွမ် သည် ပင့်ကူမျှင် ကို အသုံးပြုကာ ရေခဲခြင်ဆီ ကျောက်စိမ်းရည် ကို ဆယ်ယူရန် ကြိုးစားကြည့်သော်လည်း ရေအောက် နက်လေလေ ပိုအေးလေလေ ဖြစ်လာပြီး ပင့်ကူမျှင် များပင် အေးခဲသွားသဖြင့် သူ့မှာ ဘာမှ မတတ်နိုင်အောင် ဖြစ်သွားရသည်။
ရေခဲခြင်ဆီ ကျောက်စိမ်းရည် ကဲ့သို့ အဖိုးတန်လှသော ရတနာ ကို ရယူရန် အတွက်... ကိုယ်တိုင် ကိုယ်ကျ ရေအောက်သို့ ဆင်းရမည်သာ ဖြစ်၏။
“ရစ်ပတ် နတ်ဘုရား... ဆောင်းရာသီ ရေကူး ဖို့ အဆင်သင့် ဖြစ်ပြီလား...”
လီယွမ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ ရေခဲခြင်ဆီ ကျောက်စိမ်းရည် ကဲ့သို့သော အဖိုးတန် ရတနာ ကို ရယူရန် သူ အခိုင်အမာ ဆုံးဖြတ်ထားပြီး အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ ကိုပါ ရှာတွေ့နိုင်မလားဟု မျှော်လင့်နေမိသည်။
ရစ်ပတ် နတ်ဘုရား ကမူ တိတ်ဆိတ် ငြိမ်သက်နေပြီး သူ၏ သခင် အတွက် လိုအပ်သော သွေးချီ စွမ်းအင်များ ဖြည့်တင်းပေးရန်ကိုသာ အာရုံစိုက်နေ၏။
“ရစ်ပတ် နတ်ဘုရား... ငါ့ကို ပူးကပ်လိုက်...”
မျက်တောင်တစ်ခတ် အတွင်းမှာပင် လီယွမ် ၏ သွေးချီ များက မြစ်တစ်စင်း အလား စီးဆင်းလာပြီး ရေခဲကန် ထဲသို့ ရုတ်တရက် ဒိုင်ဗင်ထိုး ဆင်းသွားတော့သည်။ အံ့မခန်း အအေးဓာတ် တစ်ခု တိုက်စားလာပြီး ငရဲပြည် မှ အေးစက်သော တစ္ဆေ လက်ပေါင်း မရေမတွက်နိုင်အောင်က ကျူးကျော် ဝင်ရောက်လာသူ ကို ဤနေရာတွင် ထာဝရ ချန်ရစ်ထားခဲ့ရန် ဆွဲငင်နေသည့်အလား ပါပင်။
သွေးချီ များက ဟိန်းဟောက်နေပြီး ရစ်ပတ် နတ်ဘုရားကူ က ပြင်းထန်စွာ တောက်လောင်လာကာ... အေးခဲနေသော ရေစီးကြောင်း ကို အကြောက်အလန့် မရှိ အံတုနေတော့သည်။
လှိုင်းထန်နေသော ရေစီးကြောင်း များကြားတွင်... လီယွမ် သည် ရေခဲကန် ၏ အောက်ခြေ သို့ တစ်လှမ်းချင်းစီ နစ်မြုပ်သွား၏။
သူ မြင်လိုက်ရချေပြီ။
ရေကန် အောက်ခြေရှိ ကျောက်တုံး အက်ကွဲကြောင်းများကြား နက်ရှိုင်းသောနေရာတွင်... ရေခဲ ပုံဆောင်ခဲ တစ်ခုအလား တောက်ပနေသော အရာတစ်ခု ရှိနေ၏။
၎င်း၏ အတွင်း၌ ကြည်လင် တောက်ပသော အရည် တစ်မျိုး စီးဆင်းနေသည်။
အေးစက် မှောင်မိုက်နေသော ပတ်ဝန်းကျင်မျိုးတွင်... ဤအရာက ထူးခြားပြီး ကြွယ်ဝလှသော သက်စောင့် စွမ်းအင် များကို ထုတ်လွှတ်နေ၏။
အတွေးများ စုစည်းသွားပြီးနောက်... သတင်း အချက်အလက် များ ပေါ်ထွက်လာတော့၏။
( ရေခဲခြင်ဆီ ကျောက်စိမ်းရည် )
( အလွန်အမင်း အေးခဲသော ပတ်ဝန်းကျင် တွင် အေးခဲ သေဆုံးသွားသော... အင်းဆက်ဥ သန်းပေါင်းများစွာ ၏ သက်စောင့် စွမ်းအင်များ ဖြင့် ဖွဲ့စည်းထားသော... ကုသရေး ရတနာ တစ်ပါး ဖြစ်သော်လည်း သက်ရှိ သတ္တဝါ အနည်းငယ် အတွက်သာ သင့်တော် ပါသည်။ )
( သူ၏ သီးသန့် ပတ်ဝန်းကျင် မှ ခွာခွာပြီးနောက် အချိန်ကြာကြာ သိမ်းဆည်းထား၍ မရနိုင်ဘဲ... အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ နှင့် အတူတကွ ဖြစ်ပေါ်လေ့ ရှိပါသည်။ )
လီယွမ် က ရှေ့သို့ ရေကူးသွားပြီး ရေခဲခြင်ဆီ ကျောက်စိမ်းရည် ကို ဆယ်ယူလိုက်သည်။
ထိုအချိန်မှာပင်... ကျောက်တုံး အက်ကွဲကြောင်း ထဲမှ ထက်မြက်လှသော ဆူးချွန် တစ်ခု ရုတ်တရက် ပန်းထွက်လာတော့၏။
“ဝုန်း…”
သတင်း အချက်အလက် ကို မြင်လိုက်ရကတည်းက လီယွမ် က ပြင်ဆင်ထားပြီး ပင်။
ရစ်ပတ် နတ်ဘုရားကူ က သူ၏ စွမ်းအားများကို မျက်တောင်တစ်ခတ် အတွင်း ထုတ်လွှတ်လိုက်ရာ သွေးချီ များ မြင့်တက်လာပြီး ဆူးချွန် ကို အစိတ်စိတ် အမွှာမွှာ ရိုက်ချိုး ပစ်လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် လီယွမ် က ကျောက်တုံး ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်ပြီး ဖြစ်၏။
အပြာရောင် အေးစက်စက် ကင်းခြေများ တစ်ကောင် က ကျောက်တုံး အတွင်း၌ ပုန်းအောင်းနေ၏။
‘ဒါက တကယ့်ကို အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ ပဲ…’
“ကျွိ...
ကျွိ... ကျွိ…”
အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ က ထူးဆန်းသော အသံ တစ်ခုကို ပြုလုပ်လိုက်သည်။ သဘာဝ အလျောက် မွေးဖွား ကြီးပြင်းလာသော ဤ ကူကောင် များသည်... အလွန်အမင်း ရန်လို တတ်ကြ၏။
ရေခဲကန် တစ်ခုလုံး ရှိ ရေများမှာ အံ့မခန်း အမြန်နှုန်း ဖြင့် အေးခဲလာတော့၏။ အသံများ အားလုံး ပျောက်ကွယ်သွားသလို ခံစားရပြီး ဦးခေါင်းခွံ အတွင်း၌ ရေများ အေးခဲသွားသော 'ကျွိကျွိ' အသံ သာလျှင် ပဲ့တင်ထပ်နေတော့သည်။
လီယွမ် ရုတ်တရက် နားလည် သဘောပေါက် သွား၏။
ရေခဲကန် အတွင်း အေးခဲနေသော အလောင်းမှာ... ဤနည်းဖြင့် အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ ၏ မြူဆွယ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်းကို ပါပင်။
“ဒါပေမဲ့...”
လီယွမ် ကနောက်ပြောင်လိုက်၏။
“မင်း ကန်လိုက်တဲ့ အရာက ရွှေစစ်စစ် (၂၄) ကေ နဲ့ လုပ်ထားတဲ့ အပြားကြီး ဆိုတာကို မင်း မသိဘူးလား...”
“ဆန်းကြယ် နယ်မြေ...”
“ပွင့်စမ်း...”
ဆန်းကြယ်ပုံရိပ်ကူ က သူ၏ သီးသန့် နယ်မြေ တစ်ခုကို ဖန်တီးလိုက်ပြီး အအေးဓာတ် အားလုံးကို ဝါးမျို ပေါင်းစပ်ကာ... လီယွမ် ၏ သက်သောင့်သက်သာ ရှိသောနေရာတစ်ခု အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ဧရာမ လက်ဝါးကြီး တစ်ခု က ရိုက်ချလာတော့၏။
အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ မှာ ပြင်းထန်စွာ ရိုက်ချခံလိုက်ရသဖြင့် လုံးဝ တွေဝေ မိန်းမော သွားပြီး လီယွမ် က ၎င်းကို အလွယ်တကူ ပင် ဖမ်းယူ လိုက်သည်။
ထို့နောက် သူက ရေမျက်နှာပြင် သို့ ပြန်တက်လာပြီး ရေခဲကန် ထဲမှ အလွယ်တကူ ထွက်လာကာ ဂူပေါက် အတွင်းသို့ ပြန်ရောက်လာတော့သည်။
“ချွီ... ချွီ...”
ဝူမေ့ က စိတ်လှုပ်ရှားစွာ တွားသွား ထွက်လာပြီး အလွန်အမင်း ရေငတ်နေပုံ ရ၏။
ရှောင်ချိုက် မှာ အနည်းငယ် မကျေမနပ် ဖြစ်နေသော်ငြားလည်း ဤ အေးစက်သော ခံစားချက်ကို မနှစ်သက်သဖြင့် ရေခဲခြင်ဆီ ကျောက်စိမ်းရည် အတွက် ဝူမေ့ နှင့် အပြိုင်အဆိုင် မလုပ်တော့ဘဲ... လီယွမ် ကိုသာ မျက်စောင်း ထိုးကြည့်နေလိုက်၏။
“စိတ်မပူပါနဲ့... စိတ်မပူပါနဲ့... မင်းတို့ အားလုံး အတွက် ရှိပါတယ် ...”
လီယွမ် က ရှောင်ချိုက် ၏ ခေါင်းကို ပုတ်ပေး လိုက်သည်။
“လာ ဝူမေ့... လတ်လတ်ဆတ်ဆတ် ရှိတုန်းလေး...”
အနက်ရောင် အိုးကြီး ပေါ်ထွက်လာပြီးနောက်... ဝူမေ့ သည် ရေခဲခြင်ဆီ ကျောက်စိမ်းရည် နှင့် အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ တို့နှင့်အတူ... အိုးကြီး အတွင်းသို့ ဝင်ရောက်သွားတော့သည်။
( မူလ ပစ္စည်းများကို ရွေးချယ်ပါ )
( သက်စောင့်ကူ ) ပင့်ကူဘုရင်မကူ ကို ရေခဲခြင်ဆီ ကျောက်စိမ်းရည် နှင့် အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ တို့ဖြင့် ပေါင်းစပ်မည်။( သန့်စင်ခြင်း စတင်ပါသည်)