← Chapters

ပင့်ကူဘုရင်မကူ

Vol. 17 Ch. 194

ပင့်ကူဘုရင်မကူ

Vol. 17 Ch. 194

လီယွမ် ၏ သက်စောင့်ကူ ဖြစ်လာပြီး ကတည်းက... ပင့်ကူဘုရင်မကူ သည် ကောင်းကင် နှင့် မြေကြီး ၏... အဖိုးတန် ရတနာများစွာကို ဝါးမျိုခဲ့ပြီး သွေးသားကူကောင် များကိုလည်း အမြောက်အမြား စားသုံးခဲ့သည်။

'ပြောင်းပြန် ဆင့်ကဲပြောင်းလဲမှု သုံးဆင့်' ကို ဖြတ်သန်းပြီးနောက်တွင်... ရတနာများစွာ ကိုလည်း ထပ်မံ ပေါင်းစပ်ခဲ့ရပြန်၏။

အဘိုးဖြစ်သူ ထံမှ ရရှိခဲ့သော... ရှားပါးကူ အမျိုးအစား (၁၃) မျိုး အပါအဝင် ပါပင်။

“ဝူမေ့... မင်း ဆင့်ကဲ ပြောင်းလဲရမယ့် အချိန် ရောက်ပြီ...”

လီယွမ် ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ဖြင့် ပြည့်နှက်နေတော့သည်။

ထိုအချိန်မှာပင် ဂူပေါက်ကြီး တစ်ခုလုံး တုန်ခါသွား၏။

“ဘာဖြစ်တာလဲ...”

လီယွမ် မှာ အလွန်အမင်း အံ့အားသင့် သွားရသည်။ ဂူပေါက် အတွင်းရှိ အင်းဆက်ဥ များသည်... မျိုးစိတ်စုံ အင်းဆက်ပိုးမွှား များအဖြစ် ပေါက်ဖွားလာခဲ့ပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင် လျင်မြန်သော အမြန်နှုန်း ဖြင့် ပွားများနေကြကြောင်း သူ တွေ့ရှိလိုက်ရသောကြောင့် ပါပင်။

အင်းဆက်ပိုးမွှား အုပ်ကြီး က လေမုန်တိုင်း ကြီးတစ်ခု အလား... အမှောင်ထုကြီး အဖြစ် စုစည်းလာတော့၏။

လီယွမ် သည် အနက်ရောင် အိုးကြီးကို ကောက်ယူကာ... ထွက်ပြေးရန် ပြင်လိုက်သော်လည်း အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ ၏ လက္ခဏာရပ် များကို သူ ရုတ်တရက် သတိရ သွားသည်။

အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ သည် သက်ရှိများ၏ ဝိညာဉ်များကို အတိုင်းအတာ တစ်ခုအထိ ဝါးမျိုနိုင်ပြီး သူတို့ကို ကျွန်ပြု နိုင်စွမ်း ရှိ၏။ ဤနည်းလမ်းမှာ ပင့်ကူဘုရင်မကူက ရုပ်သေး များကို ထိန်းချုပ်သည့် နည်းလမ်းနှင့်... အတော်လေး ဆင်တူလှ၏။

ဂူပေါက် အတွင်းမှ ထွက်လာပြီးနောက်... လီယွမ် သည် ပို၍ ကြောက်မက်ဖွယ် ကောင်းသော... မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။

အင်းဆက် ချောက်နက် တစ်ခုလုံးရှိ အင်းဆက်ဥ များသည်... အသက်ဝင်လာကြပြီး အရပ်မျက်နှာ အသီးသီးသို့... ပျံ့နှံ့လာနေကြ၏။

လီယွမ် ကောင်းစွာ သဘောပေါက် သွားလေပြီ။ ဤသည်မှာ အရိပ်ကိုးပါး ရေခဲဝိညာဉ်ကူ သန့်စင်ခံရသဖြင့် အင်းဆက်ဥ အမြောက်အမြား ထိန်းချုပ်မှု ကင်းမဲ့ သွားရခြင်း ထက်... များစွာ ပိုမို ရှုပ်ထွေး လှ၏။ အဓိက အကြောင်းရင်းက

သူသည် ရင်ခွင်ထဲတွင် ပြင်းထန်စွာ တုန်ခါနေသော... အိုးကြီးကို ငုံ့ကြည့် လိုက်၏။

အိုး၏ အဖုံးနှင့် အိုးကိုယ်ထည် ဆက်စပ်နေသောနေရာမှ... သက်တံ့ရောင် အလင်းတန်းများ ဖြာထွက်နေပြီး ထို အရောင်များကို မြင်ရုံဖြင့်ပင် ဝူမေ့ သည်... ထူးခြားကူ အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲတော့မည် ဖြစ်ကြောင်း ကောင်းစွာ သိရှိ နိုင်၏။

အင်းဆက်ပိုးမွှား အုပ်ကြီးကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေခဲ့သည်မှာ... ဝူမေ့ ၏ ဆင့်ကဲ ပြောင်းလဲမည့် သတင်း ကြောင့်သာ ဖြစ်၏။

ထိုအချက်ကို စဉ်းစားမိပြီးနောက်... လီယွမ် သည် ထွက်မပြေးတော့ရန် ဆုံးဖြတ် လိုက်သည်။

သူသည် ထိုနေရာတွင်ပင် ဆောင့်ကြောင့် ထိုင်ချလိုက်ရာ ချဉ်းကပ်လာသော အင်းဆက်ပိုးမွှား အုပ်ကြီး သည်... သူနှင့် အနီးကပ် မလာတော့ဘဲ... သူ၏ အထက်နားတွင် ဝိုင်းပတ် ပျံသန်းနေကြတော့၏။

အင်းဆက် ချောက်နက် မှာ မူလကတည်းက... မှောင်မည်းပြီး အေးစက်နေကာ... ယခုကဲ့သို့ အင်းဆက်ပိုးမွှား အုပ်ကြီး ၏ ဝန်းရံခံလိုက်ရသော အခါ... ဧရာမ စက်လုံးကြီး တစ်ခု အတွင်းသို့... ရောက်သွား သကဲ့သို့ ခံစားရစေတော့သည်။

ကူအိုး ၏ အလင်းရောင် လေးသာလျှင် ပို၍ ပို၍ တောက်ပလာနေသည်။

အင်းဆက်ပိုးမွှား အုပ်ကြီး သည်... သူတို့၏ ဘုရင်မ ကို စောင့်ဆိုင်းနေကြသည့်အလား... ဝိုင်းပတ် ပျံသန်းနေကြ၏။

အချိန် အတန်ကြာပြီးနောက်...

စနစ်၏ အသိပေးချက် အသံလေးက သူ၏ ခေါင်းထဲတွင်နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ချေပြီ။

( သင့်ရဲ့ သက်စောင့်ကူ ) ပင့်ကူဘုရင်မကူက ဆင့်ကဲ ပြောင်းလဲမှု တစ်ခု ပြီးဆုံး သွားပြီး ထူးခြားကူ အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲ သွားပါပြီ...။ ( ရုပ်သေး ဘုရင်မကူ )

“နောက်ဆုံးတော့ အောင်မြင်သွားပြီပဲ...”

“အင်းဆက် ချောက်နက် ကို ပထမဆုံး စူးစမ်းရှာဖွေမယ့်နေရာအဖြစ်... ရွေးချယ်ခဲ့တာ တကယ် တန်သွားပြီ... ဝူမေ့ က တကယ့်ကို ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တာပဲ...”

ပြောရမည် ဆိုပါက ဝူမေ့ သည် လီယွမ် ၏... ပထမဆုံး နှင့် အမြတ်နိုးဆုံး ထူးခြားကူ ဖြစ်ပြီး တစ်လှမ်းချင်းစီ ယုယုယယ ပြုစု ပျိုးထောင် ခဲ့ရခြင်း ဖြစ်၏။

ရှင်သန်ခြင်းကူ မှာ သူတော်စင် မြက်ပင် ၏... မတော်တဆ ပေါင်းစပ်မှု ကြောင့် ဖြစ်ပေါ်လာခဲ့ပြီး သူ၏ ကူလမ်းစဉ် အတွက် လမ်းသစ် တစ်ခု ဖွင့်လှစ် ပေးခဲ့သည် မဟုတ်လား။ဆန်းကြယ်ပုံရိပ်ကူ ကတော့ ပြိုင်ဘက်ကင်း ရတနာ တစ်ပါး ဖြစ်သော... အိပ်မက်သစ်ပင် မှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး

ရစ်ပတ်နတ်ဘုရားကူ မှာမူ... လက်နက်များကို ပေါင်းစပ်ရာမှ ရရှိလာခဲ့၏။

ထို ရတနာ များသည် ရေခဲခြင်ဆီ ကျောက်စိမ်းရည် ထက်... များစွာ ပိုမို အဖိုးတန်လှပြီး ခေတ်တစ်ခေတ် တွင် တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်သော... အလွန်အမင်း ရှားပါးလှသည့် အရာများ ဖြစ်ကာ... သက်စောင့်ကူ များ ထူးခြားကူ အဖြစ် တိုက်ရိုက်... ဆင့်ကဲ ပြောင်းလဲရန် အတွက် မရှိမဖြစ် လိုအပ်လှ၏။

ဝူမေ့ ၏ ဆင့်ကဲ ပြောင်းလဲမှု လုပ်ငန်းစဉ်က များစွာ ပိုမို ရှုပ်ထွေးလှပြီး ရှောင်ချိုက် လည်း ထိုနည်းတူ ပင် ဖြစ်၏။ သို့သော်လည်း ရှောင်ချိုက် မှာ ထူးခြားကူ အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲရန်. အခွင့်အရေး တစ်ခု လိုအပ်နေသေးသည်။

ထို့ကြောင့်ပင် ဝူမေ့ နှင့် ရှောင်ချိုက် တို့သည်... သူ့အပေါ် အချစ်ခင်ဆုံး နှင့် အရင်းနှီးဆုံး ဖြစ်နေကြခြင်း ပင်။

ယခု အောင်မြင်သော ဆင့်ကဲ ပြောင်းလဲမှုက ရိုးရှင်းသည် ဟု ထင်ရသော်ငြားလည်း အမှန်တကယ် တွင်မူ မြောက်များစွာသော စမ်းသပ်မှုများ နှင့်... အခက်အခဲ များစွာ ကို ဖြတ်သန်းခဲ့ရပြီးနောက်... ပြီးပြည့်စုံသော နားလည်မှု ဖြင့်နောက်ဆုံးတွင်... သဘာဝကျကျ ဖြစ်ပေါ်လာသော ရလဒ် တစ်ခု သာလျှင် ဖြစ်၏။

အကယ်၍ ဤ အင်းဆက် ချောက်နက် သို့လာရောက်သော ခရီးစဉ်က ထပ်မံ ရှုံးနိမ့် ခဲ့မည် ဆိုလျှင်ပင်... လီယွမ် သည် ဝူမေ့ ဆင့်ကဲ ပြောင်းလဲ နိုင်ရန် အတွက်...နောက်ထပ် အခွင့်အရေး များကို မမောမပန်း... ဆက်လက် ရှာဖွေနေမည်သာ ဖြစ်၏။

“ချွီ...”

ကူအိုး ကို ပင့်ကူမျှင် များဖြင့် ဆွဲဖွင့် လိုက်သည်။

သေးငယ်သော ပင့်ကူလေး တစ်ကောင်က ခေါင်းလေး ပြူထွက်လာပြီး လီယွမ် ၏ လက်ဖဝါး ပေါ်သို့... လျင်မြန်စွာ တွားသွားလာတော့၏။

ဆင့်ကဲ ပြောင်းလဲ ပြီးနောက်တွင်ပင်... ဝူမေ့ သည် သိပ်ပြီး မကြီးမားလာဘဲ... ကလေးငယ် တစ်ယောက်၏ လက်သီးဆုပ် ထက်ပင်... သေးငယ်နေသေးသည်။ သူမ၏ အခွံမှာ ဖန်သား ကဲ့သို့ ကြည်လင်နေဆဲ ဖြစ်ပြီး ဖန်သား လို ကြည်လင်နေသော ခြေထောက် ရှစ်ချောင်း မှာ... ငွေအပ်များ အလား သေးသွယ်ကာ... မှိန်ပျပျ အလင်းရောင် အောက်တွင် လင်းပြာရောင် မှသည်... လမင်း ၏ အဖြူရောင် အထိ အရောင်များ ပြောင်းလဲ တောက်ပနေတော့သည်။

အဆစ် များတွင် သိမ်မွေ့ နူးညံ့သော... ပုံဆောင်ခဲ အမွေးလေးများ ပေါက်ရောက်နေပြီး အသက်ရှူ လိုက်တိုင်း မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော... အလင်းမှုန်လေး များကို ခါချ လိုက်သည်။ ကြည်လင်နေသော ဖန်သား အခွံ အောက်တွင်... လင်းပြာရောင် သွေးကြောလေး များက... ရေခဲ အက်ကွဲကြောင်း များကြား တွင်ကူးခတ်နေသော... ကြယ်တာရာ လမ်းကြောင်း တစ်ခု အလား... ခပ်ရေးရေး ပေါ်လွင်နေ၏။

“ဝူမေ့က ပိုတောင် လှလာသေးတယ်...”

ဆင့်ကဲ ပြောင်းလဲမှု များ ထပ်မံ ပြုလုပ် လေလေ... ဝူမေ့ သည် ပိုမို သေသပ် လှပလာလေလေ ပင်။

“ချွီ... ချွီ...”

သူမ၏ သခင် ထံမှ ချီးကျူး စကားကို ကြားလိုက် ရသောအခါ... အံ့မခန်း အသိဉာဏ် ရှိသော ဝူမေ့ သည်... သူမ၏ ခြေထောက် ရှစ်ချောင်း ကို ကွေးကာ... လီယွမ် ကို အကြိမ်ကြိမ် ပွတ်သီး ပွတ်သပ် လုပ်နေတော့၏။

“မပြောင်းလဲ တာ ဆိုလို့ ဒီတစ်ခုပဲ ရှိတယ်... ဘုရင်မ ဆိုတဲ့ နာမည် ကို ယူထားပြီး ချစ်စရာ ကောင်းတဲ့ ကောင်မလေး လို အလုပ်မျိုး ကို လုပ်နေတာ...ဟု လီယွမ် ကနောက်ပြောင် လိုက်သည်။

“ချွီ... ချွီ...”

ဝူမေ့ က အရင်ကလိုပင် အချွဲတုံးလေး ဖြစ်နေဆဲပင်။

ရုပ်သေး ဘုရင်မကူ ၏ သတင်း အချက်အလက် များက... လီယွမ် ၏ ခေါင်းထဲသို့ ဝင်ရောက်လာတော့၏။

( ရုပ်သေး ဘုရင်မကူ ... ဘက်စုံသုံး ကူကောင် တစ်မျိုး ဖြစ်ပြီး ပြင်းထန်သော အဆိပ်များ ထုတ်လွှတ်ခြင်း၊ ပင့်ကူမျှင် များ ပန်းထုတ်ခြင်း၊... ပုံတူပွား ကုသခြင်း နှင့် ရုပ်သေး များကို ထိန်းချုပ်ခြင်း စသော... စွမ်းရည် များကို ပိုင်ဆိုင် ထားပါသည်။ )

( စွမ်းရည် အားလုံးကို ကူသခင် အား ပူးကပ် စေခြင်း ဖြင့် ရယူ နိုင်ပြီး ကူသခင် အနေဖြင့် ၎င်းတို့ကို တစ်ပြိုင်နက်တည်း အသုံးပြု နိုင်စေပါသည်။ )

( ထို့အပြင် ၎င်းက ကူသခင် အား 'ဖန်သား မျက်လုံး အစုံ' ကို ဖွံ့ဖြိုးလာစေရန် စွမ်းရည် ကို ပေးစွမ်း နိုင်ပါသည်။ )

( ဖန်သား မျက်လုံး အစုံ : လောကကြီး ဟာ ပင့်ကူအိမ် တစ်ခု လိုပဲ... ဖန်သား မျက်လုံး က အတုအယောင် တွေကို ဖောက်ထွင်း မြင်နိုင်တယ်... အရာ အားလုံး မှာ အားနည်းချက် တွေ ရှိကြ ပြီး အဲဒါတွေကို ဖန်သား မျက်လုံး အစုံ က မြင်နိုင်စွမ်း ရှိတယ်။ )

ရုပ်သေး ဘုရင်မကူ သည် ပင့်ကူဘုရင်မကူ နှင့်... အတူတူ နီးပါး စွမ်းရည် များကို ပိုင်ဆိုင် ထားသော်ငြား လည်း အာနိသင် များမှာ ပိုမို အစွမ်းထက်လာပြီး ပူးကပ် ခြင်း မှ တစ်ဆင့် ကူသခင်က အသုံးပြု နိုင်ပြီ ဖြစ်ရာ ပြင်းထန်သော တိုက်ပွဲ များ အတွက်... များစွာ ပိုမို သင့်တော်လာခဲ့ချေပြီ။

လီယွမ် အများဆုံး စိတ်ဝင်စား သည့် အရာမှာ... 'ဖန်သား မျက်လုံး အစုံ' ၏ စွမ်းရည် ပင်။

၎င်းက အတုအယောင် များကို ဖောက်ထွင်း မြင်နိုင်ပြီး အားနည်းချက် များ အားလုံးကို သိမြင် နိုင်စွမ်း ရှိ၏။

“ပွင့်စေ...”

အတွေး တစ်ချက် နှင့် အတူ လီယွမ် သည်... ဖန်သား မျက်လုံး အစုံ ကို အသက်သွင်း လိုက်ရာ သူ၏ မျက်လုံး တစ်ဖက်စီ တွင် ဖန်သား အလား... မျက်တောင် တစ်ခုစီ ရုတ်တရက် ထွက်ပေါ်လာတော့၏။

ပင့်ကူအိမ် တစ်ခု အလား သွေးနီရောင် ခြင် များက... လီယွမ် ၏ မျက်လုံး ပတ်ပတ်လည် တွင် တဖြည်းဖြည်း ပျံ့နှံ့လာပြီး သူ၏ မျက်နှာ ကို အတော်လေး ကြောက်မက်ဖွယ် ကောင်းအောင် ပြောင်းလဲ သွားစေတော့သည်။

သူ့ ကိုယ်သူ ထိန်းချုပ် နိုင်စွမ်း ကင်းမဲ့ သွားပြီး မိစ္ဆာ ဝင်ပူး သွားသကဲ့သို့ ပင်။

ဤ အခြေအနေ တွင် လီယွမ် ၏ စိတ်စွမ်းအား... အသုံးပြုမှု မှာ အံ့မခန်း အမြန်နှုန်း ဖြင့် မြင့်တက်လာပြီး ပြည့်နှက်နေသော အားနည်းချက် များကိုလည်း သူ မြင်တွေ့ လိုက်ရသည်။

အင်းဆက်ပိုးမွှား အုပ်ကြီး ၏ ဖောက်ထွက် နိုင်မည့်နေရာ အင်းဆက်ပိုးမွှား အုပ်ကြီး ၏ အားနည်းချက်... နှင့် ဝူမေ့ ကိုယ်တိုင် ၏ အားနည်းချက် ကိုပါ... သူ မြင်တွေ့ လိုက်ရ၏။

“ဓားနတ်သမီး... ငါ့ကို ခုတ်...” ဟု လီယွမ် က အော်ဟစ် လိုက်သည်။

ဓားနတ်သမီး က ရောက်ရှိလာ၏။

ကူအင်မော်တယ် ၏... လျှို့ဝှက်နယ်မြေ သို့ ဝင်ရောက် ပြီးနောက်... ဓားနတ်သမီး သည် ပိုမို စိတ်ဝိညာဉ် အသိဉာဏ်... ရှိလာပုံ ရ၏။ ယခု တစ်ကြိမ်တွင်မူ... သူမ ငြင်းဆန် ခြင်း မရှိဘဲ သူမ၏ ဓားဖြင့် သူ့ကို တိုက်ရိုက် ခုတ်ပိုင်း လိုက်တော့သည်။

လီယွမ် ၏ မျက်လုံး ထဲတွင် အဖြူအမည်း မျက်နှာပြင် တစ်ခု ပေါ်လာ ၏။

၎င်းမှာ ဓားနတ်သမီး ၏ ဓားသိုင်း ထဲမှ... အားနည်းချက် ပင်။

သူ၏ ထူးကဲလှသော တုံ့ပြန်နိုင်စွမ်း ဖြင့် လီယွမ် သည် အပြစ်အနာအဆာ ကင်းသော... ဓားသန္ဓေသား ကို ဆွဲထုတ် ကာ ဓားနတ်သမီး ၏... တိုက်ခိုက်မှု ကို တိုက်ရိုက် ချိုးဖျက် နိုင်မည့်... တိုက်ကွက် တစ်ခုကို ထုတ်ဖော် လိုက်သည်။ သို့သော်လည်း ဓားနတ်သမီး က သူမ၏ နည်းဗျူဟာ များကို လျင်မြန်စွာ ပြောင်းလဲ လိုက်ပြီး ထပ်မံ တိုက်ခိုက်လာပြန်၏။

သူတို့ နှစ်ဦး သည် အပြန်အလှန် တိုက်ခိုက် ကြပြီး သိုင်းကွက် ရာပေါင်းများစွာ အထိ အပြန်အလှန်... ဖလှယ် ခဲ့ကြ သည်။

“ချလွင်... ချလွင်... ချလွင်…”

ဓားနတ်သမီး ၏ ဓားချက် များက ပို၍ ပို၍ မြန်ဆန်လာပြီး သူမ၏ သိုင်းကွက် များမှာ... ပိုမို အမျိုးစုံလာကာ ဉာဏ်ရည် ပါလာ သဖြင့် လီယွမ် အနေဖြင့် ခုခံ ကာကွယ် ရန်. ပို၍ ပို၍ ခက်ခဲလာတော့၏။

အဆုံး တွင်တော့ မျက်စိ လျှမ်းသွား လောက်အောင် သိုင်းကွက် များ ပြသ ပြီးနောက်... လီယွမ် ၏ လည်ပင်း ကို ဓားနတ်သမီးက ဓားဖြင့် ထောက်ထား လိုက်တော့သည်။

အားနည်းချက် များကို မြင်တွေ့ နိုင်စွမ်း ရှိခြင်းက... ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်း ဖြစ်စေသည် မဟုတ်သလို... ဓားသိုင်းကွက် တစ်ခုကို ခန့်မှန်း နိုင်ခြင်း ကလည်း အဲဒါကို ကာကွယ် နိုင်မယ် ဒါမှမဟုတ်... မသေနိုင် ဘူး လို့ အဓိပ္ပာယ် မသက်ရောက် ကြောင်း သိသာ ထင်ရှား လှ၏။

သို့သော်လည်း လီယွမ် မှာ အလွန် ကျေနပ်နေခဲ့၏။

ယခင် က ဆိုလျှင် ဓားနတ်သမီး နှင့် ဓားသိုင်း သက်သက် ယှဉ်ပြိုင် တိုက်ခိုက် ပါက... သိုင်းကွက် သုံးဆယ် အတွင်းမှာပင် သူ အရေးနိမ့် သွားမည် ပင်။ သို့သော် ဖန်သား မျက်လုံး အစုံ ၏ တည်ရှိမှု ကြောင့် သူ သည် ဓားနတ်သမီး နှင့် သိုင်းကွက် ရာပေါင်းများစွာ အထိ... ယှဉ်ပြိုင် တိုက်ခိုက် နိုင်ခဲ့သည် မဟုတ်ပါလော။

ဤ တိုးတက်မှု မှာ အတော်လေး သိသာ ထင်ရှား လှ၏။

အကယ်၍ သူ၏ အခြားသော စွမ်းရည် များစွာ ပေါင်းထည့်ကာ ဉာဏ်ရည် ဉာဏ်သွေး နှင့်... တွဲဖက် အသုံးပြု မည် ဆိုပါက... ကြိုတင် ပြင်ဆင် ထားစရာ မလိုဘဲ... မဟာ သိုင်းသူတော်စင် ကြီး ကိုပင်... သတ်ဖြတ်နိုင်မည် ဖြစ်၏။

“လိမ္မာ လိုက်တဲ့ ဝူမေ့ လေး... ငါ မင်းကို အလိုလိုက် ခဲ့ရတာ... အချည်းနှီး မဖြစ်ဘူး ...”

လီယွမ် က ဝူမေ့ ၏ ဖန်သား ကိုယ်လုံးလေး ကို ညင်သာစွာ ပွတ်သပ် ပေးလိုက်ရာ ဝူမေ့ က 'ချွီ... ချွီ...' ဟု အသံပြု ကာ... အလွန်အမင်း ဝမ်းသာ ပျော်ရွှင်နေတော့၏။

ထို့နောက် လီယွမ် သည် အဆိပ်... ကုသခြင်း... ထိန်းချုပ်ခြင်း နှင့် ပင့်ကူမျှင် စွမ်းရည် များကို စမ်းသပ် လေ့လာ လေတော့သည်။

သူမ ၏ ပင့်ကူဘုရင်မကူ ပုံစံ နှင့်... နှိုင်းယှဉ် ပါက... ယခုအခါ ဝူမေ့ ၏ အဆိပ် များမှာ... အရောင် အသွေး နှင့် အနံ့ အသက် မရှိတော့ဘဲ... ပုံစံ အမျိုးမျိုး ဖြင့် ထုတ်လွှတ် နိုင်စွမ်း ရှိနေပြီ ပင်။

ပုံတူပွား ကုသခြင်း ကတော့ တကယ့်ကို ခွဲစိတ် သမားတော်ကြီး တစ်ဦး အလား ကျွမ်းကျင်လာခဲ့ပြီ... ဆိုတာ ပြောနေစရာ ပင် မလိုတော့ပါချေ။

ရုပ်သေး များကို ထိန်းချုပ် သည့် စွမ်းရည် မှာလည်း အရည်အသွေး ပိုင်း ဆိုင်ရာ ကြီးမားသော... အပြောင်းအလဲ တစ်ခု ဖြစ်ပေါ် သွားခဲ့၏။ ဝူမေ့ သည် အလောင်း များကို ထိန်းချုပ် ရန် အတွက်... ပင့်ကူမျှင် များကို မလိုအပ် တော့ဘဲ... အာရုံကြော အဆိပ် များ မှတစ်ဆင့်... ပစ်မှတ် များကို တိုက်ရိုက် ထိန်းချုပ် နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်၏။

ထို့အပြင် ထိန်းချုပ် နိုင်သော အရေအတွက် ၏ အထက် ကန့်သတ်ချက် ဆိုသည်မှာလည်း မရှိတော့ပါချေ။

ကူသခင် ၏ ကိုယ်ပိုင် စိတ်စွမ်းအား သာ လုံလောက်အောင် ကြီးမားမည်ဆိုပါက... လောက ကြီး တစ်ခုလုံး ကို ထိန်းချုပ်နိုင်ခြင်း ဆိုသည်မှာလည်း အိပ်မက် မဟုတ်တော့ပါချေ။

အတွေ့ရ အများဆုံး ပင့်ကူမျှင် တိုက်ခိုက်မှု ကိုလည်း ပိုမို ကျယ်ပြန့် သော ဧရိယာထဲသို့ ပစ်လွှတ် နိုင်ပြီး ၎င်း၏ အပျော့ အမာ ပုံစံ များကိုလည်း အလိုရှိသလို ပြောင်းလဲ နိုင်စွမ်း ရှိ၏။

သူမ သည် တိုက်ခိုက် ခြင်း နှင့် ကာကွယ် ခြင်း. နှစ်မျိုးလုံးကို ပိုင်ဆိုင် ထားပြီး ကုသနိုင်သည်... အဆိပ် ခတ်နိုင်သည်... ထိန်းချုပ် နိုင်သည်။ ထို့ပြင် ပူးကပ်နိုင်စွမ်းလည်း ရှိကာ... သူမ၏ ဘက်စုံသုံး ဘုရင်မ ဟူသော ဂုဏ်ပုဒ် နှင့် လုံးဝ ကို ထိုက်တန် လှ၏။

လူတစ်ယောက်တည်းနှင့် စစ်တပ် ကြီး တစ်ခု ကို ဖန်တီး နိုင်သည် ဆိုတာ... မဖြစ်နိုင်သော အရာ မဟုတ်တော့ပါ။

All Chapters