← Chapters

ဝိညာဉ်

Vol. 17 Ch. 195

ဝိညာဉ်

Vol. 17 Ch. 195

ဆင့်ကဲပြောင်းလဲထားသော ရုပ်သေး ဘုရင်မကူ အား လီယွမ် သည် အလွန်အမင်း ကျေနပ်နေတော့သည်။

“ဝူမေ့... အင်းဆက်ပိုးမွှား အုပ်ကြီးကို လူစုခွဲခိုင်းလိုက်တော့”

“ချွီ... ချွီ...”

ဝူမေ့ သည် သူမ၏ လုံးဝန်းသော ဗိုက်လေးကို အနည်းငယ် စောင်းလိုက်ပြီး ပကတိ ဖန်သားများအလား တောက်ပနေသော သူမ၏ မျက်လုံးများမှ ရွှေရောင် လှိုင်းဂယက်များ ထွက်ပေါ်လာကာ... သာမန်လူများ မကြားနိုင်လောက်အောင် တိုးညင်းသော အသံလှိုင်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။

များပြားလှသော အင်းဆက်ပိုးမွှား အုပ်ကြီးမှာ ချက်ချင်း လူစုကွဲသွားကြပြီး အင်းဆက် ချောက်နက် မှာလည်း ဘာမှ မဖြစ်ခဲ့သည့်အလား ပုံမှန် အတိုင်း ပြန်ဖြစ်သွားတော့၏။

ဝူမေ့ သည် ယခုအခါတွင် 'ဘုရင်မ တစ်ပါး၏ မွေးရာပါ ဩဇာအာဏာ' ကို ပိုင်ဆိုင်ထားပြီး ၎င်းက သူမထက် အဆင့်နိမ့်သော အင်းဆက်များ အပေါ် သဘာဝအလျောက် ဖိနှိပ်မှု တစ်ခုကို ပေးစွမ်းနိုင်ကာ... သူတို့ကို ကျိုးနွံစွာ နာခံလာစေခြင်း ပင်။

“ဒါဆိုရင်... အချိန်ကာလ သင်္ချိုင်း ကို ဆက်ပြီး စူးစမ်းကြည့်ရအောင်”

ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ တွင် ဆင့်ကဲပြောင်းလဲထားသော ဝူမေ့ မှာ ပြိုင်ဘက်ကင်းသော အားသာချက် တစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ ဒေသခံ သူငယ်ချင်းများကို လမ်းပြခိုင်းနိုင်ခြင်း ပင်ဖြစ်ပြီး ဤအချက်က ခရီးစဉ်ကို ပိုမို အဆင်ပြေ လွယ်ကူစေသလို ပိုမို လုံခြုံမှု လည်း ရှိစေ၏။

ဤအချက်ကပင် အချိန်ကာလ သင်္ချိုင်း ကို စူးစမ်းချင်နေသော လီယွမ် ၏ ဆန္ဒများကို မီးထိုးပေးလိုက်သလို ဖြစ်သွားစေတော့၏။

ထို့အပြင်... သူသည် အင်းဆက် ချောက်နက် မှ သူ လိုအပ်သည်များ အားလုံးကို ရရှိခဲ့ပြီး ဖြစ်ရာ အခြားသော ရှာဖွေတွေ့ရှိမှုများ ရှိနေလျှင်ပင် ဆက်လက် ရှာဖွေနေခြင်းက သိပ်ပြီး အကျိုးမရှိတော့ပါချေ။

“ပက်ကျိလေး... လေ အဖြစ် ပြောင်းလဲလိုက်စမ်း...”

လီယွမ် သည် ဆန်းကြယ်ပုံရိပ်ကူ ၏ ပတ်ဝန်းကျင်နှင့် ပေါင်းစပ်နိုင်သော စွမ်းရည်ကို အသက်သွင်းလိုက်ရာ သူတို့သည် လေ အဖြစ် ပြောင်းလဲသွားပြီး ကျယ်ပြောလှသော အင်းဆက် ချောက်နက် ကြီးကို အမြန်ဆုံး အမြန်နှုန်း ဖြင့် ဖြတ်သန်းသွားတော့သည်။

ထိုသို့ သွားနေစဉ် အတွင်း သူသည် တစ်ခါတစ်ရံတွင် ရတနာအချို့ကို တွေ့ရှိခဲ့ပြီး အလွယ်တကူ ကောက်ယူ သိမ်းဆည်းခဲ့၏။

အချိန် အတော်ကြာပြီးနောက်... အလင်းရောင် ကင်းမဲ့နေသော အင်းဆက် ချောက်နက် ကြီးထဲမှနောက်ဆုံးတွင် သူတို့ လွတ်မြောက်လာခဲ့ချေပြီ။

“အချိန် လုံလောက်သေးတယ်...”

အင်းဆက် ချောက်နက် သို့ ဝင်ရောက်သည့် အချိန်မှစ၍ ဝူမေ့ ၏ ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးပြီး ပြန်လည် ထွက်ခွာလာသည် အထိ အချိန် သုံးရက် နှင့် သုံးည ခန့် ကြာမြင့်ခဲ့သည်။

လီယွမ် သည် ဓားနတ်သမီး နှင့် အတူ ရှေ့သို့ ဆက်လက် ချီတက်သွား၏။

ဓားနတ်သမီး သည် လမ်းတစ်လျှောက်လုံး တိတ်ဆိတ် ငြိမ်သက်နေပြီး တစ်ခါတစ်ရံ တွင် တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား ကောင်းကင်ယံ သို့ မော့ကြည့် တတ်၏။

လီယွမ် က ၎င်းနှင့် ပတ်သက်၍ သိပ်ပြီး ဂရုမစိုက်ပါချေ။

ဖြစ်နိုင်သည်မှာ... ကူအင်မော်တယ် ၏ ဆန္ဒ လွှမ်းမိုးမှု ကြောင့် ဓားနတ်သမီး မှာ ထူးခြားနေခြင်း ဖြစ်ပေမည်။ ၎င်းက သူ့အတွက် ဆိုးရွားသော အချက် မဟုတ်ဘဲ... အနည်းဆုံးတော့ သူသည် ကူအင်မော်တယ် ၏ ဆန္ဒမှလာသော ဖိအားများကို မခံစားရတော့သဖြင့် သူ၏ လှုပ်ရှားမှုများမှာ များစွာ ပိုမို လွယ်ကူ လွတ်လပ်နေခဲ့သည် မဟုတ်ပါလော။

သူသည် မြေပုံ၏ လမ်းညွှန်မှုများ အတိုင်း ရှေ့သို့ ဆက်လက် ခရီးဆက်ခဲ့သည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားခဲ့ချေပြီ။

ညဉ့်ယံ အချိန်သို့နောက်တစ်ဖန် ရောက်ရှိလာပြန်၏။

“တစ်ခုခု မှားနေပြီ...”

မှောင်မည်းနေသော ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ ကို ကြည့်ကာ လီယွမ် က မျက်မှောင်ကြုတ် လိုက်သည်။

“မြေပုံ အရ ဆိုရင်... အချိန်ကာလ သင်္ချိုင်း က အင်းဆက် ချောက်နက် နဲ့ သိပ်မဝေးဘူးလေ... ငါ့ရဲ့ အမြန်နှုန်း နဲ့ ဆိုရင် ရောက်တာ တော်တော် ကြာသင့်နေပြီ...”

“ငါတို့ လမ်းမှား သွားလို့များလား...”

“ဒါမှမဟုတ်... မြေပုံ ကပဲ မှားနေတာလား...”

အင်မော်တယ် လျှို့ဝှက်နယ်မြေ သို့ ဝင်ရောက်ရန် ပြုလုပ်ထားသော မြေပုံမှာ... မျိုးဆက်ပေါင်းများစွာ မှ တပည့်များ၏ ဉာဏ်ရည် ဉာဏ်သွေး နှင့် ပေါင်းစပ် ဖန်တီးထားခြင်း ဖြစ်ရာ ယေဘုယျအားဖြင့် မှန်ကန် တိကျမှု ရှိ၏။

“နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခု ရှိသေးတယ်...”

“ငါ အချိန်ကာလ သင်္ချိုင်း ကို ငါကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျော်သွားတာများလား...”

“တွက်ချက်မှု လွဲသွားပြီ...”

လီယွမ် က သူ၏ ပေါင်ကို ရိုက်လိုက်ပြီး 'တားမြစ်နယ်မြေ' ၏ အဓိပ္ပာယ်ကို သူ အထင်သေးခဲ့မိကြောင်း သဘောပေါက်သွား၏။ 'အသက်ရှင်လျက် သေဆုံးနေသူများ၏ သင်္ချိုင်း' သို့နောက်ဆုံးအကြိမ် ရောက်ခဲ့စဉ်ကပင် သူ့ကို အတော်လေး ဒုက္ခပေးခဲ့သည် မဟုတ်ပါလော။

အချိန်ကာလ သင်္ချိုင်း ဆိုသည်မှာ ထိုမျှ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်သောနေရာမျိုး မဟုတ်ပါချေ။

ထိုအချက်ကို စဉ်းစားမိပြီးနောက် လီယွမ် သည်လာရာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာခဲ့သည်။

လမ်းတစ်လျှောက် တွင် သူ ဖြတ်သန်းသွားသော ဒေသများမှ ဒေသခံ သူငယ်ချင်းများကို ဝူမေ့ အား နှုတ်ဆက်ခိုင်းခဲ့သော်လည်း အသုံးဝင်သော သတင်းအချက်အလက် တစ်ခုမျှ မရရှိခဲ့ပါချေ။

“နောက်တစ်ခေါက် လွဲသွားပြန်ပြီလား...”

အချိန်ကာလ သင်္ချိုင်း ဆိုသည့် တားမြစ်နယ်မြေ ကြီးက ဘယ်နေရာမှာ အတိအကျ တည်ရှိနေတာလဲ...။ ဒါမှမဟုတ်...နေရာ ရွေ့ပြောင်း နိုင်စွမ်းများ ရှိနေတာလား။

အခြား ရွေးချယ်စရာ မရှိတော့သဖြင့် လီယွမ် သည် ဦးတည်ရာကို ပြောင်းလဲကာ... ပိုမို ကျယ်ပြန့်သော ဧရိယာ အတွင်း လိုက်လံ ရှာဖွေ ရတော့၏။နောက်ထပ်နေ့တစ်နေ့ နှင့် ညတစ်ည ထပ်မံ ကြာမြင့်သွားသော်လည်း မည်သည့် ရလဒ်မျှ မရရှိခဲ့ပါချေ။

ရှောင်ချိုက် ပင်လျှင် ဘာကိုမျှ အာရုံမခံနိုင်အောင် ဖြစ်နေသည်။

“အချိန်ကာလ သင်္ချိုင်း နဲ့ ငါနဲ့ ရေစက် မပါဘူး ထင်တယ်...”

အချိန်က ရွှေ ဆိုသည့်အတိုင်း... လီယွမ် သည် လုံးဝ မသိရှိသေးသော တောရိုင်း နယ်မြေ အတွင်း အချိန်ကာလ သင်္ချိုင်း ကို ရှာဖွေရန်. သူ၏ စွမ်းအင်များ အားလုံးကို အသုံးမချနိုင်ပါချေ။

အဲဒီနေရာက ပိတ်လှောင်ခံထားရပြီး ဝင်လို့ မရတော့တာများလား။

“သွားကြစို့... ရှောင်ချိုက်... တခြားနေရာ တစ်ခုကို သွားမယ်...”

သူသည် သူ၏ ပစ်မှတ်ကို ချက်ချင်း ပြောင်းလဲလိုက်သည်။

အချိန်ကာလ သင်္ချိုင်း အပြင်... သေဆုံးခြင်းနှင့် နီးကပ်စွာ ရင်ဆိုင်ရမည့်နောက်ထပ်နေရာတစ်ခုမှာ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား ပင်ဖြစ်ပြီး ရှားပါး ရတနာများ ထွက်ရှိရာ နယ်မြေ သုံးခု ဖြစ်သည့် အဆိပ်တစ်သောင်း တောအုပ် ၊ သွေးဝိညာဉ် တောင်ကြား နှင့် တံလျှပ် မျှော်စင် တို့လည်း ရှိနေသေးသည် မဟုတ်ပါလော။

နေ့တစ်ဝက် ခန့် ကြာပြီးနောက်...

လီယွမ် သည် နေရာတစ်ခု သို့ ရောက်ရှိလာခဲ့ပြီး ယခုတစ်ကြိမ် တွင်မူ အတော်လေး လွယ်ကူ ချောမွေ့ခဲ့၏။

ဒေသခံ သူငယ်ချင်း အချို့ကို မေးမြန်းပြီးနောက် ဝူမေ့ သည်... အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား သို့ ဝင်ရောက်ရမည့် တံခါးပေါက်ကို ရှာဖွေ တွေ့ရှိသွားခဲ့၏။

ထိုနေရာမှာ သွေးဝိညာဉ် တောင်ကြား နှင့် ကပ်လျက်ရှိသော ထူးဆန်းသည့် နယ်မြေ တစ်ခု ပင်။

ဘာကြောင့်များ သရဲတစ္ဆေတွေရဲ့ နယ်မြေ လို့ ခေါ်ကြတာလဲ။

ထိုနေရာသို့ ရောက်ရှိလာသော အခါ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် လီယွမ် မှာ ဆွံ့အ အံ့ဩ သွားရတော့သည်။

သွေးဝိညာဉ် တောင်ကြား ၏ အပြင်ဘက် တွင်... လေထုထဲ၌ သွေးမြူခိုးများ ဖုံးလွှမ်းနေ၏။ ဧရာမ တံတားကြီး တစ်စင်း က မြူခိုးများ ကြားမှ နက်ရှိုင်းသော အမှောင်ထု ကြီးထဲသို့ ဆန့်တန်း သွားကာ... လူ့လောက မှ ငရဲပြည် သို့ ဝင်ရောက် သွားသည့်အလားပင်။

တံတား ၏ အောက်ဘက် တွင်... လှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ်နေသော မြစ်ရှည်ကြီး တစ်စင်း စီးဆင်းနေပုံ ရ၏။

ထူးဆန်းသည်မှာ... လီယွမ် သည် မြစ်ထဲမှ လှိုင်းပုတ်သံ များကိုသာ ကြားနေရပြီး မြစ်က ဘယ်နေရာတွင် ရှိနေသည်ကို မမြင်ရသလို... တံတား ၏ တစ်ဖက်ကမ်း တွင် ဘာရှိနေသည် ကိုလည်း မမြင်ရပါချေ။

ထို ဧရိယာ တစ်ခုလုံး ကို အမှောင်ထု ကြီး က လွှမ်းခြုံထားပြီး မှင်ရည် များအလား မည်းနက်နေသော ထာဝရ ညဉ့်ယံ အတိုင်း ပင်။

လီယွမ် သည် အမှောင်ထု ၏ အနက်ရှိုင်းဆုံးနေရာသို့ စိတ်စွမ်းအား များကို ဆန့်ထုတ်ကာ စူးစမ်းရန် ကြိုးစားကြည့်သော်လည်း အချည်းနှီးသာ ဖြစ်၏။ ထာဝရ ညဉ့်ယံ ၏ ဝါးမျိုမှုကို ခံလိုက်ရပြီး မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပါချေ။

“ငါ သိပ်ကို ရိုးအလွန်း ခဲ့တာပဲ...”

သေဆုံးခြင်း နှင့် နီးကပ်စွာ ရင်ဆိုင်ရမည့်နေရာဟု နာမည်ကြီးသော ထိုနေရာမှာ... လွယ်လွယ်ကူကူ ဝင်ရောက် နိုင်မည့်နေရာမျိုး လုံးဝ မဟုတ်ပါချေ။

“ဝူမေ့... မင်း အလှည့် ရောက်ပြီ...”

ဤကဲ့သို့သော အခြေအနေမျိုး တွင်... ဒေသခံ သူငယ်ချင်း တစ်ယောက် ကို လမ်းပြခိုင်း ခြင်းက အကောင်းဆုံး ရွေးချယ်မှု အမြဲတမ်း ဖြစ်၏။

“ချွီ... ချွီ...”

ဝူမေ့ သည် စမ်းသပ်ကြည့်ရန် အလွန် စိတ်အားထက်သန်နေ၏။

မည်သို့ပင် ဆိုစေကာမူ... ဤနေရာက ကူအင်မော်တယ် ၏ လျှို့ဝှက်နယ်မြေ သာလျှင် ဖြစ်ရာ ထို ကူကောင်များ အတွက် အလွန်အမင်း ကြောက်စရာ ကောင်းနေမည် မဟုတ်သလို... လီယွမ် ကဲ့သို့လည်း သံသယ ဝင်နေမည် မဟုတ်ပါချေ။

ဝူမေ့ သည် အာရုံကြော အဆိပ် များကို အသုံးပြုကာ... သွေးဝိညာဉ် တောင်ကြား ၏ အပြင်ဘက် ဧရိယာရှိ အင်းဆက် သားရဲ အချို့ကို အရင်ဆုံး ထိန်းချုပ်လိုက်ပြီး အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား ကို ဖြတ်ကူး ခိုင်းလိုက်သည်။

ထို အင်းဆက် သားရဲများ ထာဝရ ညဉ့်ယံ ကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည့် အခိုက်အတန့် တွင်ပင်... ဝူမေ့ နှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားတော့၏။

“ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ် တာလား...”

လီယွမ် မှာ အလွန်အမင်း အံ့အားသင့် သွားရသည်။

တံတား ၏ တစ်ဖက်ကမ်း မှာ... မတူညီသော ကမ္ဘာ နှစ်ခု အလား အမှန်တကယ်ပင် ခံစားရပြီး အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း ကြားရှိ တံတား က ယင် နှင့် ယန် ကို ခွဲခြား ထားသည့်အလား ပါပင်။

“ချွီ...”

ဝူမေ့ ကတော့ လက်မခံပါချေ။

ထို့နောက် သူမ သည် ပင့်ကူမျှင် များကို အသုံးပြုကာ... ဒေသခံ အင်းဆက် သားရဲ အချို့ကို ရုပ်ပိုင်းဆိုင်ရာ အရ ထိန်းချုပ်လိုက်ပြီး ထာဝရ ညဉ့်ယံ ကြီးထဲသို့နောက်တစ်ကြိမ် ထပ်မံ စေလွှတ်လိုက်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ အဆက်အသွယ် ပြတ်တောက် သွားမည်ကို သူမ လုံးဝ မယုံကြည်ပါချေ။

မကြာမီမှာပင် မှုန်ဝါးဝါး ပုံရိပ်များ က လီယွမ် ၏ ခေါင်းထဲသို့ တစ်ပြိုင်နက်တည်း ရောက်ရှိလာတော့သည်။

“အောင်မြင်သွားပြီလား...”

ဝူမေ့ ၏ 'ဘုရင်မ အမြင်အာရုံ မျှဝေခြင်း' မှ တစ်ဆင့်... အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း တံတား ၏ တစ်ဖက်ကမ်း ရှိ မြင်ကွင်းကို လီယွမ်နောက်ဆုံးတွင် မြင်တွေ့လိုက်ရချေပြီ။

အံ့ဩစရာ ကောင်းသည်မှာ... တံတား ၏ တစ်ဖက်ကမ်း တွင် လုံးဝ မှောင်မည်းနေခြင်း မရှိပါချေ။

ထာဝရ ညဉ့်ယံ ကောင်းကင်ကြီး က အပြင်ပန်း အကာအကွယ် တစ်ခု သက်သက်သာ ဖြစ်ပြီး အတွင်းပိုင်းသို့ ရောက်ရှိသွားသော အခါ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခု ဖြစ်နေကာ... ကြောက်မက်ဖွယ် ကောင်းခြင်း အလျင်းမရှိဘဲ တည်ငြိမ် အေးချမ်းပြီး လှပသော အရည်အသွေး များကို ပိုင်ဆိုင်ထား၏။

အေးချမ်းသော ကျေးလက် ရွာလေးများ ၊ စီးဆင်းနေသော မြစ်ချောင်းများ နှင့် တံတားလေးများ... ထို့အပြင် အိမ်ခေါင်မိုးများ ပေါ်မှ ထွက်ပေါ်နေသော မီးခိုးငွေ့တန်းလေး များကိုပါ သူ မြင်တွေ့ လိုက်ရ၏။

ထိုအခိုက်အတန့် တွင်... အမည်းရောင် အရိပ်တစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားတော့သည်။

“ဝှီး…”

ပင့်ကူမျှင် များကို တစ်စုံတစ်ခု က ဖြတ်တောက် လိုက်ပြီးနောက်... ဝူမေ့ သည် အင်းဆက် သားရဲ အပေါ် ထိန်းချုပ်နိုင်စွမ်း ကို ဆုံးရှုံးသွားရ၏။

“အဲဒါ ဘာကြီးလဲ..”

အမည်းရောင် အရိပ်က လျှပ်ခနဲ ဖြတ်ပြေး သွား၏။ မျှဝေထားသော အမြင်အာရုံ မှတစ်ဆင့် လီယွမ် သည် အလွန် အကန့်အသတ် ရှိသော အစိတ်အပိုင်း လေးတစ်ခုကိုသာ မြင်တွေ့ လိုက်ရသော်လည်း ဤအရာများ အားလုံးက တံတား ၏ တစ်ဖက်ကမ်း တွင် အန္တရာယ် ရှိနေကြောင်း သက်သေပြရန် လုံလောက်နေ၏။

“ဝူမေ့... ငါ့ကို ပူးကပ်လိုက်စမ်း... ငါ ကိုယ်တိုင် သွားပြီး ရင်ဆိုင်မယ်...”

လီယွမ် သည် ဝူမေ့ အား ပူးကပ်သည့် အခြေအနေသို့ ဝင်ရောက်စေပြီး သူ၏ နှလုံး သွေးကြော များအတွင်းသို့ ပေါင်းစပ် ဝင်ရောက် စေလိုက်၏။ သူ၏ လက်ဖဝါးကို ဖြန့်ကားလိုက်ပြီး ခိုင်မာ တောင့်တင်းသော ပင့်ကူမျှင် အများအပြား ကို ပန်းထုတ်လိုက်ကာ... အင်းဆက် သားရဲ အချို့ကို ထိန်းချုပ်၍ အတွင်းသို့ ဝင်ရောက် ခိုင်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ရစ်ပတ်နတ်ဘုရားကူ က သူ၏ စွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး သွေးစွန်းဝတ်ရုံ က ပင့်ကူမျှင် များပေါ်တွင် ကပ်တွယ် သွားကာ...နောက်ထပ် အကာအကွယ် အလွှာတစ်ခုကို ဖန်တီး ပေးလိုက်တော့၏။

ဒေသခံ အင်းဆက် သားရဲများ က တံတား ကိုနောက်တစ်ကြိမ် ဖြတ်ကူး သွားပြန်သည်။

“ဝှစ်..”

အမည်းရောင် အရိပ်ကနောက်တစ်ဖန် ပေါ်ထွက်လာပြီး ယခုတစ်ကြိမ်တွင်မူ လီယွမ် သည် ပင့်ကူမျှင် များပေါ်တွင် စိုက်ဝင်နေသော ထက်မြက်လှသည့် ဓားမြှောင် တစ်လက်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

“သွေးစွန်းဝတ်ရုံ...”

လီယွမ် မှာ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ ရစ်ပတ်နတ်ဘုရားကူ ၏ စွမ်းအားကို ထုတ်လွှတ်ကာ သွေးဝတ်ရုံ ၏ ကာကွယ်မှု စွမ်းအားကို မြှင့်တင်ပေးလိုက်သဖြင့် ဓားမြှောင် က ပင့်ကူမျှင် များကို ချက်ချင်း မဖြတ်တောက် နိုင်တော့ပါချေ။

ဤနည်းအားဖြင့် ထို အမည်းရောင် အရိပ်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို သူ ရှင်းလင်းစွာ မြင်တွေ့ခွင့် ရသွားတော့သည်။

‘လူတစ်ယောက်ပဲ…’

အသက် နှစ်ဆယ် ကျော်အရွယ် လူငယ်လေး တစ်ဦး ဖြစ်ပြီး သပ်ရပ်သော မျက်နှာသွင်ပြင် နှင့် နီမြန်းသော အသားအရေ ကို ပိုင်ဆိုင် ထား၏။

သူသည် နဝမ ကူ နန်းတော် ၏ ဝတ်စုံကို ဝတ်ဆင် ထားဆဲ ဖြစ်ပြီး ပထမ ကူနန်းတော် ၏ အဆောင်ပြား ကို ကိုင်ဆောင် ထားသော်ငြားလည်း ဒီဇိုင်း နှင့် ချည်ထည် ပစ္စည်းများ တွင်မူ အနည်းငယ် ကွာခြားမှု များ ရှိနေ၏။

လီယွမ် အကဲခတ်နေစဉ် မှာပင်...နောက်ထပ် ပုံရိပ် တစ်ခု ပေါ်ထွက်လာပြန်သည်။

ရောက်ရှိလာသူ အသစ်မှာ ဧရာမ ပုဆိန်ကြီး တစ်လက် ကို ကိုင်ဆောင်ထား၏။ အလွန် တောင့်တင်း ခိုင်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ ပုဆိန်ဖြင့် တစ်ချက် ခုတ်ချလိုက်ရုံဖြင့် ပင့်ကူမျှင် များ အားလုံး ပြတ်တောက်သွားတော့၏။

လီယွမ်.. ထာဝရ ညဉ့်ယံ ကြီးထဲမှ မြင်ကွင်းအား နောက်တစ်ကြိမ် အဆက်အသွယ် ပြတ်တောက် သွားရ ပြန်လေတော့သည်။

Book 17 end.

All Chapters