← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) ငါ့စကားက စည်းမျဉ်းပဲ

ထန်ထိုက်ဟယ်ကို အသုံးမကျဖြစ်သွားအောင် လုပ်လိုက်ခြင်းအတွက် ဆုရှင်း အနည်းငယ်မှမစိုးရိမ်ခဲ့ပေ။

တကယ်တမ်းတွင် အကြံပေးလျိုကိုမြင်လိုက်ရသည့်အခိုက်အတန့်မှာပင် ထန်ထိုက်ဟယ်က တတိယသခင်ကြီးဟူထံမှ ညွှန်ကြားချက်များရရှိထားပြီးဖြစ်ကြောင်း သူ သိလိုက်၏။ ထိုသို့မဟုတ်ပါက သူ့ကိုပြဿနာလာရှာရဲမည်မဟုတ်ပေ။

ထန်ထိုက်ဟယ်၏ကျောထောက်နောက်ခံမှာ တတိယသခင်ကြီးဟူဖြစ်ကြောင်း သိထားသောကြောင့်ပင် ထန်ထိုက်ဟယ်ကို ရက်ရက်စက်စက် အသုံးမကျဖြစ်အောင်လုပ်ပစ်လိုက်ခြင်းဖြစ်သည်။ တတိယသခင်ကြီးဟူအား သူ၏ပြတ်သားသောရပ်တည်ချက်ကိုပြသရန် ဤသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

*ကျုပ်တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးရမယ့် ကိစ္စရှိရင် ဆွေးနွေးကြမယ်။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ကြိုးစားရင်တော့ ခင်ဗျားရဲ့လက်ကို ကျုပ်ခုတ်ပစ်မယ်*

ဤဂိုဏ်းစစ်ပွဲအပြီးတွင် ဆုရှင်း၏အောင်မြင်မှုများနှင့် ဂုဏ်သတင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ တတိယသခင်ကြီးဟူကို အသာထား၊ ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကိုထိချင်လျှင်ပင် ဂိုဏ်းသားများ၏ခံစားချက်ကို ထည့်သွင်းစဉ်းစားရပါလိမ့်မည်။

ယုံလဲ့ရပ်ကွက်ကို သိမ်းပိုက်ပြီးနောက် ဆုရှင်းက ဆက်လက် မတိုက်ခိုက်တော့ပေ။ ထိုအစား မိုးပြာဝါးဂိုဏ်းဝင်ဟောင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အားလုံးကိုလက်ခံမည်ဖြစ်ကြောင်း ပေါ်ပေါ်ထင်ထင် ကြေညာကာ လက်အောက်ငယ်သားများစုဆောင်းရန် ဟွမ်ပင်းချန်ကို သူ ညွှန်ကြားခဲ့၏။

သို့သော် ဤလူသစ်များမှာ ဆုရှင်း၏ညီအစ်ကိုဟောင်းများကဲ့သို့တူညီသော အခွင့်အရေးမျိုးရရှိမည် မဟုတ်ပေ။

သူတို့က တစ်လလျှင် ငွေနှစ်ပြားသာရရှိမည်ဖြစ်ပြီး ကျင့်စဉ်များသင်ကြားပေးမည်မဟုတ်ဘဲ ရိုးရှင်းသော အခြေခံသိုင်းကွက်အချို့ကိုသာ သင်ကြားပေးမပါလိမ့်ည်။

မည်သည့် အုပ်စုတွင်မဆိုစီမံခန့်ခွဲခြင်း လွယ်ကူစေရန်နှင့် ပိုမိုတက်ကြွမှုရှိစေရန် ကွဲပြားသော အဆင့်အတန်းများလိုအပ်ပါသည်။

အဖွဲ့သားဟောင်းများက လူသစ်များမှာ သူတို့ကဲ့သို့အခွင့်အရေးမရသည်ကိုသိလျှင် သာလွန်မှုခံစားချက်တစ်ခုကိုရရှိလာပြီး သူတို့၏လက်ရှိ နေရာများကို ပိုမိုတန်ဖိုးထားလာကြလိမ့်မည်။

အခြားတစ်ဖက်တွင် လူသစ်များက အဖွဲ့သားဟောင်းများ၏အခွင့်အရေးများကို အားကျလာပြီး သူတို့နှင့် တန်းတူဖြစ်လာမည့် တစ်နေ့ကိုမျှော်လင့်ကာအထက်သို့တက်လှမ်းရန်ကြိုးစားလာကြမည် ဖြစ်သည်။

ဆုရှင်းဘက်မှ တိုက်ခိုက်မှုများရပ်တန့်ပြီးနောက် သုံးရက်အကြာတွင် ဂိုဏ်းနှစ်ခုကြားရှိဂိုဏ်းစစ်ပွဲသည်လည်း အလုံးစုံပြီးဆုံးသွားခဲ့၏။

ရလဒ်အနေဖြင့် မိုးပြာဝါးဂိုဏ်းအကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်ကိုတော့ ပြောနေစရာပင်မလိုတော့ပေ။ သူတို့က ကုန်သွယ်ရေးမြို့တစ်ဝက်ကျော်ခန့်ဆုံးရှုံးသွားခဲ့ပြီး သူတို့၏ခေါင်းဆောင် သုံးဦးသေဆုံးသွားခဲ့၏။ထိုအထဲမှနှစ်ဦးမှာ ဂိုဏ်းချုပ် ဝေ့ဖုန်း၏လက်အောက်မှ ဖြစ်သည်။

သနားစရာကောင်းသော ဂိုဏ်းချုပ်ဝေ့မှာ ယခုအခါ စစ်သည်တော်မရှိသော စစ်သူကြီးတစ်ဦးဖြစ်နေပြီဟု ဆိုရမည်။ သူ၏အမိန့်များမှာ ဌာနချုပ်အပြင်သို့ ရောက်ရှိနိုင်မည်လားဆိုသည်မှာ သံသယဖြစ်ဖွယ် ကောင်းလှ၏။

ဤဂိုဏ်းစစ်ပွဲတွင် အတောက်ပဆုံးနှင့်အကျိုးအမြတ်အများဆုံးရရှိသူမှာ သေချာပေါက် ဆုရှင်းပင်။

လူနှစ်ရာပင်မပြည့်သော အုပ်ဖွဲ့ကိုဦးဆောင်သည့် ခေါင်းဆောင်ငယ်တစ်ဦးက ယုံလဲ့ရပ်ကွက်တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ဤအောင်မြင်မှုမှာ ဆုရှင်းကို ပိုမိုမြင့်မားသောခေါင်းဆောင်ကြီး တစ်ဦးအဖြစ် တိုက်ရိုက်ရာထူးတိုးပေးရန် လုံလောက်သည်အထိ ကြီးမားလှ၏။

သို့သော် ဆုရှင်းမှာ အလွန်ငယ်ရွယ်လွန်းသေး၏။ လင်းယုန်ပျံဂိုဏ်း၏အထက်လူကြီးများက ဤကဲ့သို့ငယ်ရွယ်သော လူတစ်ဦးကို ခေါင်းဆောင်ကြီးအဖြစ်ခန့်အပ်ကာ သူတို့နှင့် တန်းတူထားရှိရမည်ကို အနည်းငယ်အနေခက်နေကြသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ကိုယ်တိုင် အပါအဝင် မည်သူကမျှ ၎င်းကိုမပြောဆိုခဲ့ကြပေ။ ထို့ကြောင့် ဆုရှင်းက ခေါင်းဆောင်ငယ်တစ်ဦးအဖြစ် ဆက်လက်ရှိနေသေးသော်လည်း ကုန်သွယ်ရေးလမ်းတစ်ခုကို စီမံအုပ်ချုပ်ရပြီး ခေါင်းဆောင်ကြီးတစ်ဦးထက်ပင် ပိုမိုကျယ်ဝန်းသောနယ်မြေကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူတို့၏အဆင့်အတန်းမှာ မပြောင်းလဲသော်လည်း တိုက်ရိုက်မဟုတ်သော အကျိုးခံစားခွင့် အများအပြားကိုရရှိခဲ့၏။

ဤတိုက်ပွဲအပြီးတွင် လင်းယုန်ပျံဂိုဏ်း၏လူငယ်များကြားတွင်ဆုရှင်းက အလွန်ကျော်ကြားလာခဲ့ပြီး သူတို့အားလုံးနီးပါးက သူ့ကိုစံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်လာခဲ့ကြ၏။

ထို့ကြောင့် အခြားခေါင်းဆောင်ငယ်များနှင့် ခေါင်းဆောင်ကြီးများထံမှ လူငယ်များစွာက ဆုရှင်းထံသို့ လာရောက်ပူးပေါင်းခဲ့ကြသည်။ ထို့အပြင် ယုံလဲ့ရပ်ကွက်မှ ဆုရှင်းစုဆောင်းခဲ့သော လူများနှင့်ပါ ပေါင်းလိုက်လျှင် သူ၏လူအရေအတွက်မှာ ယခုအခါတစ်ထောင်ကျော်အထိ မြင့်တက်လာခဲ့လေပြီ။

လင်းယုန်ပျံဂိုဏ်းက သူ၏ဂိုဏ်းဝင်များကို ပြောင်းရွှေ့ခွင့်ကန့်သတ်ထားခြင်းမရှိသော်လည်း ဤအရာက အခြားခေါင်းဆောင်များအတွက် ကြည့်ကောင်းသောအရာတစ်ခု မဟုတ်သဖြင့် သူတို့၏နှလုံးသားထဲတွင် မကျေနပ်မှုအချို့ ရှိနေမည်မှာ သေချာပါသည်။

သို့သော် ဆုရှင်း၏ဂုဏ်သတင်းမှာ လက်ရှိတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ထွက်သွားသူများမှာလည်း သိုင်းပညာရှင်များမဟုတ်ဘဲ အသစ်ဝင်လာသော လူငယ်များသာဖြစ်သဖြင့် အရေးကြီးသူများ မဟုတ်ပေ။

ခေါင်းဆောင်များက နောက်ထပ် ပြဿနာမရှာချင်သဖြင့် လျှို့ဝှက်စွာသာညည်းညူကြပြီး ဆုရှင်းကို သွားရောက် မစော်ကားခဲ့ကြချေ။

ဂိုဏ်းစစ်ပွဲများ၏သက်ရောက်မှုမှာ လူအနည်းငယ်အပေါ်တွင်သာရှိခဲ့ပါသည်။

သာမန်ပြည်သူများမှာတော့ သူတို့၏ပုံမှန်ဘဝအတိုင်းတာ ရှေ့ဆက်သွားနေပြီး ကျယ်ဝန်းသော ယုံလဲ့ရပ်ကွက်မှာ သုံးရက်မပြည့်မီမှာပင် တည်ငြိမ်သွားတော့သည်။

ဆုရှင်းအတွက် သူ၏လူသစ်များကို နေရာချထားရန်သုံးရက်အချိန်မှာ လုံလောက်ပါသည်။ စည်းမျဉ်းအသစ်များ စတင်ချမှတ်ရန်အချိန်ရောက်လာပြီဖြစ်၏။

မိုးပြာဝါးဂိုဏ်းက ယုံလဲ့ရပ်ကွက်ကိုစီမံခန့်ခွဲစဉ်က သူတို့၏ကိုယ်ပိုင်စည်းမျဉ်းများရှိခဲ့သည်မှာ သေချာသော်လည်း ယခုအခါယုံလဲ့ရပ်ကွက်မှာ ဆုရှင်း၏စီရင်ပိုင်ခွင့်အောက်တွင် ရောက်ရှိနေပြီ ဖြစ်သည်။

ယုံလဲ့ရပ်ကွက်တွင် မိုးပြာဝါးဂိုဏ်းမှ တည်ထောင်ခဲ့သော ဌာနခွဲတစ်ခုရှိပြီး ဆုရှင်းက ဟွမ်ပင်းချန်အား နာမည်အသစ် ပြောင်းခိုင်းထား၏။

၎င်းကို တိုက်ရိုက် အသုံးပြုနိုင်ပါသည်။

သို့သော် ဤဌာနခွဲမှာ အတော်လေးသေးငယ်ပြီး ပျော်ရွှင်ဖွယ်တောအုပ်ဌာနခွဲထက်ပင် သေးငယ်နေသဖြင့် မိုးပြာဝါးဂိုဏ်းမှာ အလွန်စေးနှဲသည်ဟု ဆုရှင်း စိတ်ထဲမှတွေးလိုက်မိသည်။

"ဟွမ်ကြီး။ ယုံလဲ့ရပ်ကွက်က စီးပွားရေးသမားတွေအကုန်ရောက်ပြီလား။" ဆုရှင်းက မေးလိုက်၏။

"ဖိတ်စာထဲက လူတိုင်းရောက်နေပါပြီ။ ခေါင်းဆောင်ရဲ့ ဂုဏ်သတင်းနဲ့ဆိုတော့ သူတို့မလာရင် ကိုယ့်ဒုက္ခကိုယ်ရှာသလိုဖြစ်သွားမှာပေါ့။"

ဆုရှင်းက ယုံလဲ့ရပ်ကွက်အတွက် စည်းမျဉ်းအသစ်များပြန်လည်သတ်မှတ်လိုနေ၏။ ဤစည်းမျဉ်းများက မည်သူ့အတွက်နည်း။

သေချာပါသည် ယုံလဲ့ရပ်ကွက်အတွင်းရှိ အဓိက စီးပွားရေးလုပ်ငန်းများအတွက်သာဖြစ်ပေ၏။

ဂိုဏ်း၏အရေးအကြီးဆုံးဝင်ငွေအရင်းအမြစ်မှာ ဤကုန်သည်များပေးဆောင်သောလစဉ်ကြေးများ ဖြစ်သဖြင့် ဂိုဏ်းစစ်ပွဲတိုင်းအပြီးတွင် နယ်မြေပိုင်ရှင်ပထမဆုံးတွေ့ဆုံလိုသူများမှာ သဘာဝကျစွာပင် ဤဆိုင်ပိုင်ရှင်များသာဖြစ်သည်။

ပျော်ရွှင်ဖွယ်တောအုပ်တစ်ခုတည်းတွင်ပင် ဆိုင်ပေါင်းတစ်ရာကျော်ရှိရာ ကျယ်ဝန်းသော ယုံလဲ့ရပ်ကွက်မှာတော့ ပျော်ရွှင်ဖွယ်တောအုပ်ထက် ဆယ်ဆခန့်ကြီးမားသလို ဆိုင်ပေါင်းတစ်ထောင်ကျော်လည်းရှိပါသည်။ ဤပိုင်ရှင်များအားလုံးကို ဖိတ်ကြားရန်မှာ သေချာပေါက်မဖြစ်နိုင်ပေ။

စားသောက်ဆိုင်ငယ်လေးများ၏ပိုင်ရှင်များကဲ့သို့သောလူများက သေချာပေါက်လာရောက်ခွင့်ရှိမည်မဟုတ်ပေ။

ဆုရှင်း၏ဖိတ်ကြားမှုကို ခံရရန်အရည်အချင်းပြည့်မီသူများမှာ ဆိုင်ပေါင်းဒါဇင်ပေါင်းများစွာကို ပိုင်ဆိုင်ပြီး တစ်လလျှင်ငွေတစ်သောင်းကျော် အမြတ်ရရှိသောကုန်သည်ကြီးများသာဖြစ်၏။ ယုံလဲ့ရပ်ကွက်တွင် ထိုကဲ့သို့သော လူပေါင်းတစ်ရာကျော်ခန့်သာ ရှိပါသည်။

ဆုရှင်း ခန်းမထဲသို့ဝင်သွားစဉ် လူတစ်ရာကျော်ဖြင့် ပြည့်ကျပ်နေသဖြင့် အနည်းငယ်ကျပ်သိပ်နေသကဲ့သို့ ခံစားရ၏။

ဆုရှင်း ဝင်လာသည်ကို မြင်သောအခါလူတိုင်းက အလျင်အမြန်လက်ယှက်ကာနှုတ်ဆက်လိုက်ကြသည်။ "ခေါင်းဆောင်ဆု။"

လင်းယုန်ပျံဂိုဏ်းမှ ဤတက်သစ်စလူငယ်လေးကို သူတို့ မစော်ကားရဲကြပေ။

သူတို့၏အကျိုးစီးပွားကို မထိခိုက်သရွေ့ ထိုရက်စက်သောလူမိုက်များကို သူတို့ဘာကြောင့် ပြဿနာ သွားရှာမည်နည်း။

ဆုရှင်းက ပင်မခုံတွင်မတ်မတ်ထိုင်ကာ ကျယ်လောင်သော အသံဖြင့်ပြောလိုက်၏။ "အားလုံးပဲ။ဒီနေ့ ခင်ဗျားတို့ကိုဘာလို့ ဒီကိုခေါ်ရသလဲဆိုတာ ခင်ဗျားတို့အားလုံးသိကြမှာပါ။"

"စကားကိုလှည့်ပတ်ပြောရတာ ကျုပ်မကြိုက်ပါဘူး။ ဒီနယ်မြေအရင်က မိုးပြာဝါးဂိုဏ်းရဲ့စီရင်ပိုင်ခွင့်အောက်မှာရှိခဲ့ပေမဲ့ အခုတော့ ကျုပ်ဆုရှင်းရဲ့ အောက်မှာရောက်နေပြီဆိုတော့ လစဉ်ကြေးကလည်း သဘာဝကျကျပြောင်းလဲရမှာပဲ။"

ပျော်ရွှင်ဖွယ်တောအုပ်၏ပုံစံမှာ ကူးယူ၍မရနိုင်သလို ဆုရှင်းတွင် ယုံလဲ့ရပ်ကွက်ကိုပြုပြင်ပြောင်းလဲမှုတစ်စုံတစ်ရာပြုလုပ်ရန်ရည်ရွယ်ချက် မရှိပေ။

ပြုပြင်ပြောင်းလဲမှုမရှိလျှင် ဝင်ငွေအားမည်သို့တိုးမြှင့်မည်နည်း။ ထုံးစံအတိုင်းပင် ပုံမှန်လစဉ်ကြေးများမှတစ်ဆင့် တိုးမြှင့်ရန်နည်းလမ်းရှာရပါလိမ့်မည်။

ဆုရှင်းက "သတ်မှတ်ကြေး"ဟူသော စကားလုံးများကိုပြောလိုက်သည်ကိုကြားသောအခါ အောက်ရှိ ဆိုင်ပိုင်ရှင်များမှာ ချက်ချင်းပင်မနှစ်မြို့သောပုံပေါက်သွားကြ၏။

မည်သို့ပင်ဆိုစေ ဤငွေပမာဏမှာ သူတို့၏ခန္ဓာကိုယ်မှ အသားများကိုလှီးဖြတ်လိုက်သကဲ့သို့ဖြစ်နေသဖြင့် မည်သူကပျော်ရွှင်မည်နည်း။

သေချာသည်မှာ သူတို့မလာခင်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးဖြစ်သည်။ ဤကဲ့သို့သောအရာမျိုးဖြစ်ပျက်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

ဂိုဏ်းစစ်ပွဲတစ်ခုဖြစ်ပွားပြီးနောက် နယ်မြေများ လက်ပြောင်းလက်လွှဲဖြစ်သွားတိုင်း အခွန်ခမှာ သေချာပေါက်အနည်းငယ်တက်သွားလေ့ရှိသဖြင့် သူတို့လည်း ကျင့်သားရနေလေပြီ။

"မူလမိုးပြာဝါးဂိုဏ်းက သတ်မှတ်ကြေးကို လူတစ်ယောက်အတွက် ငွေသုံးဆယ်ပြားသတ်မှတ်ထားပေမဲ့ အခုလူတစ်ယောက်အတွက်ငွေငါးဆယ်ပြား ပြောင်းမယ်။"

ဤသည်ကိုကြားသောအခါအောက်ရှိ ဆိုင်ပိုင်ရှင်များမှာ ချက်ချင်းဖြူရော်သွားကြတော့သည်။

ဤခေါင်းဆောင်ဆုမှာ ငယ်ရွယ်ပြီးအန္တရာယ်မရှိပုံ ပေါက်သော်လည်း သူ့စကားများမှာ အနည်းငယ် ကြမ်းတမ်းလွန်းလှပါသည်။

ဆိုင်ပိုင်ရှင်တစ်ဦးက စိတ်လှုပ်ရှားစွာမတ်တပ်ရပ်ပြီး အော်ပြောလိုက်၏။ "ခေါင်းဆောင်ဆု။ ဒါက အခကြေးတိုးမြင့်ဖို့တောင်းဆိုရမယ့်ပုံစံမဟုတ်ဘူးလေ။ တစ်ခါတည်းဈေးကိုနှစ်ဆနီးပါး တင်လိုက်တာက အရမ်း လွန်လွန်းမနေဘူးလား။"

တကယ်တမ်းတွင် ငွေငါးဆယ်ပြားက အချို့သော တည်းခိုခန်းငယ်ပိုင်ရှင်များအတွက်ဆိုလျှင်ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာပေလိမ့်မည်။

သို့သော် တစ်လလျှင် အသားတင်အမြတ်ငွေတစ်သိန်းကျော်ရရှိသော ဤကုန်သည်ကြီးများအတွက်မူ ၎င်းမှာဘာမှမဟုတ်ပေ။

သူတို့ဆန့်ကျင်နေသည်မှာ ဤစနစ်ကိုသာဖြစ်၏။

*မင်းက ဒီနေ့မှပဲရောက်လာသေးတယ်။ လစဉ်ကြေးကို သုံးဆယ်ပြားကနေ ငါးဆယ်ပြားတိုးလိုက်ပြီ။ မနက်ဖြန်ရော တစ်ရာထိ မတိုးသွားနိုင်ဘူးလား*

*အပြန်အလှန်အကြိမ်ကြိမ်ငြင်းခုံပြီးရင် အဲဒီပမာဏက တစ်ထောင် သို့မဟုတ် တစ်သောင်းအထိတက်သွားမလားဆိုတာ ဘယ်သူကသိနိုင်မှာလဲ။ ဒီလို သိသိသာသာတိုးလာတာကို သူတို့လိုကုန်သည်ကြီးတွေတောင် လက်မခံနိုင်ပါဘူး။*

ဆုရှင်းက အနည်းငယ်စိတ်လှုပ်ရှားနေသော ဆိုင်ပိုင်ရှင်ကို တည်ငြိမ်စွာကြည့်လိုက်၏။ "ဒီဆိုင်ပိုင်ရှင်က အနည်းငယ်စိတ်လှုပ်ရှားနေပုံရတယ်။ဒါက မကောင်းဘူး။ တခြားသူတွေ စကားပြောနေတာကိုဖြတ်ပြောတာက အရမ်းရိုင်းစိုင်းတယ်။ လီချင်း သွားပြီး ဒီဆိုင်ပိုင်ရှင်ကိုစိတ်အေးသွားအောင် လုပ်ပေးလိုက်ပါ။"

လီချင်းက ချက်ချင်းရှေ့သို့ တက်သွားပြီး ဆိုင်ပိုင်ရှင်၏ခေါင်းကို ကိုင်ကာနာကျင်စွာအော်ဟစ်လာသည်အထိ ပါးကိုအကြိမ်ကြိမ်ရိုက်ချလိုက်၏။

လီချင်း၏လက်ရှိ ခွန်အားနှင့်ဆိုလျှင် ပါးအချက်အနည်းငယ်ရိုက်ရုံဖြင့် ဆိုင်ပိုင်ရှင်ကို ပါးစပ်တစ်ခုလုံးသွေးများပြည့်နှက်သွားစေပြီး အသက်ငင်လုနီးပါးဖြစ်သွားစေနိုင်သည်။

လက်ရှိအချိန်မှာတော့ ဆိုင်ပိုင်ရှင်၏ညည်းတွားသံမှလွဲ၍ အခန်းထဲတွင် အခြားမည်သည့်အသံမျှမထွက်ပေါ်လာတော့ပေ။

ထိုကုန်သည်ကြီးများမှာ ဆုရှင်းကို အလွန် ကြောက်ရွံ့သွားကြသဖြင့် စကားတစ်ခွန်းမျှပင် မဟရဲကြတော့ချေ။

*ဒီခေါင်းဆောင်ဆုက အရမ်းရက်စက်လွန်းတယ်။ သူက တစ်ဖက်လူက စကားဖြတ်ပြောရုံလေးနဲ့ ပထမဆုံးတွေ့တဲ့နေ့မှာတင် တစ်ဖက်လူကို ဒီလိုမျိုးဖြစ်သွားအောင် ရိုက်နှက်ပစ်လိုက်တာပဲ။*

ဆုရှင်း မတ်တပ်ရပ်ပြီး အောက်ရှိလူအုပ်ကို ငုံ့ကြည့်ကာအေးစက်စွာ ကြေညာလိုက်၏။ "ဒီနေ့ ခင်ဗျားတို့ကို ဒီကိုခေါ်လိုက်တာ လစဉ်ကြေးတိုးဖို့ ဆွေးနွေးဖို့မဟုတ်ဘူး။ ခင်ဗျားတို့ကို အမိန့်တစ်ခု ပေးဖို့ဆိုတာ ခင်ဗျားတို့ အားလုံးနားလည်မယ်လို့ မျှော်လင့်ပါတယ်။"

"မိုးပြာဝါးဂိုဏ်းရဲ့စည်းမျဉ်းတွေကို ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ အခုယုံလဲ့ရပ်ကွက်က ကျုပ်ဆုရှင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီဆိုတော့ ခင်ဗျားတို့ ကျုပ်စည်းမျဉ်းတွေကို လိုက်နာရမယ်။"

"အရင်ကလစဉ်ကြေးကို လူတစ်ယောက်ချင်းစီ ကောက်ခံခဲ့တယ်။ အခုတော့ ဆိုင်တစ်ဆိုင်ချင်းစီ ကောက်ခံတဲ့စနစ်ကို ပြောင်းလိုက်ပြီ။"

ဤသည်ကို ကြားသောအခါ အချို့သော ကုန်သည်ကြီးများမှာပို၍ပင်ခါးသီးပြီး နာကျင်သော ပုံပေါက်သွားခဲ့ကြသည်။ ဤသည်မှာ သေးငယ်သော ထိုးနှက်ချက်မဟုတ်ပေ။

ဤနေရာတွင်ရှိနေကြသော ကုန်သည်ကြီးတစ်ရာနီးပါးထဲတွင် လုပ်ငန်းတစ်ခုတည်းနှင့် လုပ်ငန်းစု တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်လောက်အောင် အမြတ်အစွန်းများသော လောင်းကစားရုံများနှင့် ပြည့်တန်ဆာအိမ်များဖွင့်လှစ်ထားသူများအပြင် ပိတ်စဆိုင်များ၊ဆန်ဆိုင်များနှင့် အခြားလုပ်ငန်းများကို လုပ်ကိုင်နေသောကုန်သည်များလည်း ပါဝင်နေ၏။

လမ်းတိုင်းလိုလိုတွင်မှာ ဤကဲ့သို့သောဆိုင်မျိုး တစ်ဆိုင်တော့ရှိလောက်မည်။ လူတစ်ယောက်တွင် ၎င်းသူစီမံခန့်ခွဲရသည့် ဆိုင်တစ်ဒါဇင်ကျော်ရှိပါလိမ့်မည်။

ဆုရှင်း၏စည်းမျဉ်းအရဆိုလျှင် လူတစ်ယောက်က အပိုကြေးတစ်ဒါဇင်ကျော်ပေးရမည်ဖြစ်သည်။

လူအုပ်ကြီးက မကျေမနပ်ဖြစ်နေကြသော်လည်း မည်သူကမျှ ထုတ်မပြောရဲကြပေ။

ဆုရှင်း၏ကြမ်းတမ်းမှုကို သူတို့ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်၏။ စကားပြောဝံသောသူက စံနမူနာပြခံလိုက်ရပြီး ယခုမြေပြင်ပေါ်တွင် ခွေးသေတစ်ကောင်ကဲ့သို့ လဲလျောင်းနေလေပြီ။

အောက်ရှိလူအုပ်ကိုကြည့်ရင်း ဆုရှင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ခင်ဗျားတို့ကြီးမားတဲ့ မတရားမှုကြီးတစ်ခုခုကိုခံစားနေရသလိုမျိုး မျက်နှာငယ်လေးတွေ လုပ်မနေကြနဲ့။"

"မိုးပြာဝါးဂိုဏ်းက အများကြီးမတောင်းဘူးဆိုပေမဲ့ သူတို့ရဲ့ဂိုဏ်းသားတွေက ခင်ဗျားတို့ဆီကနေအခွင့်အရေးတွေအများကြီးယူခဲ့ကြတယ် မဟုတ်လား။"

"အခုယုံလဲ့ရပ်ကွက်ကို ကျုပ်ဆုရှင်းက စီမံအုပ်ချုပ်နေပြီ။ ဆိုင်တွေကိုလာပြီးနှောင့်ယှက်ရဲတဲ့သူတိုင်းကိုဂိုဏ်းစည်းမျဉ်းတွေအရ အရေးယူသွားမယ်။"

"ဒါ့အပြင်လမ်းဘေးလူမိုက်တစ်ယောက်ယောက်က ပြဿနာရှာလာရင်လည်းဖြေရှင်းပေးဖို့ ကျုပ်လူတွေကို ခင်ဗျားတို့အကူအညီတောင်းလို့ရတယ်။"

အောက်ရှိ ချမ်းသာသောကုန်သည်များက ဆုရှင်းကို သံသယဖြင့်ကြည့်လိုက်ကြ၏။ အကယ်၍ သူတကယ်ပင်အာမခံနိုင်ပါက အပိုငွေကြေးက တော်တော်လေးတန်ပေလိမ့်မည်။

ယခင်က မိုးပြာဝါးဂိုဏ်းဝင်များက နှစ်ယောက် သုံးယောက်စုကာ သူတို့၏စီးပွားရေးလုပ်ငန်းများကို လာရောက်နှောင့်ယှက်လေ့ရှိကြသည်။ ၎င်းတို့မှာ များစွာမယူသွားသော်လည်း ထိုအရာက သူတို့၏ဂုဏ်သတင်းကိုထိခိုက်စေပြီးဆုံးရှုံးမှုမှာ ငွေငါးဆယ်ကျပ်ထက်များစွာ ပိုမိုကြီးမားခဲ့၏။

All Chapters