← Chapters

အခန်း (၁၀၂၇-၁၀၂၈)

Vol. 74 Ch. 1027-1028

အခန်း (၁၀၂၇-၁၀၂၈)

Vol. 74 Ch. 1027-1028

အခန်း ၁၀၂၇ လမ်းခွဲခြင်း

ရန်ဝူး မျိုးနွယ်စုသည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ ဗဟိုချက်ရှိ ကြီးမြတ်သော ဂြိုဟ်သား မျိုးနွယ်စု လေးခု အနက် အလျှို့ဝှက်ဆုံး မျိုးနွယ်စု ဖြစ်သည်။

သူတို့သည် ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး မည်သည့် ကျဆင်းမှုမျိုးကိုမျှ မကြုံတွေ့ခဲ့ရချေ။ သူတို့သည် နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်တွင် အင်အားအကြီးဆုံး မျိုးနွယ်စု နေရာကို အမြဲတမ်း ရယူထားခဲ့ပြီး သူတို့၏ နေရာအား မည်သည့်အရာကမျှ မလှုပ်ခတ်နိုင်ခဲ့ပေ။

နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်၏ ဗဟိုချက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ပြီး မရေမတွက်နိုင်သော ကြမ်းကြုတ်သည့် သားရဲများနှင့် တိုက်ခိုက်ခြင်းက ဤမျိုးနွယ်စုတွင် အစွမ်းထက်မြက်သော စစ်သည်တော် မျိုးဆက်များကို မွေးဖွားပေးခဲ့ပြီး တစ်ချိန်တည်းမှာပင် သူတို့သည် ထိုကြမ်းကြုတ်သော သားရဲများနှင့် သွေးနှော ပေါင်းစည်းသွားခဲ့ကြသည်။

သူတို့ လူများ၏ ရုပ်သွင်မှာ အတော်လေး ကွဲပြားခြားနားသည်။ သူတို့ထဲမှ အချို့မှာ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ ကျန်ရှိနေသေးသော်လည်း အများစုမှာ လူသားပုံစံကို စွန့်လွှတ်ကာ သားရဲတစ်ပိုင်း၏ ကြမ်းကြုတ်သော ရုပ်သွင်များအား ခံယူထားကြသည်။

ထိုအခိုက်အတန့်တွင် ရန်ဝူး မျိုးနွယ်စုဝင်များ ပဉ္စမမြောက် သမုဒ္ဒရာတွင် ပေါ်လာသောအခါ ကျိလုံနှင့် အခြားသူများ၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ သူတို့ လှမ်းကြည့်လိုက်သောအခါ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

ရန်ဝူးများ အကြားတွင် အရှင်သခင် နယ်ပယ်ရှိ တန်ခိုးရှင် တစ်ဦးတည်း ရှိနေခြင်း မဟုတ်ဘဲ သုံးဦးပင် ရှိနေခဲ့သည်။

ထိုအချက် တစ်ချက်တည်းကပင် ရန်ဝူး မျိုးနွယ်စုကို လေးစားရသော မျိုးနွယ်စု လေးခု၏ ထိပ်ခေါင် ဖြစ်လာစေရန် လုံလောက်နေခဲ့ပြီ သို့သော် ဤသုံးဦးအပြင် ရှေ့ဆုံးမှ ရပ်နေသော ဆံဖြူ အဘိုးအိုသည် ဟင်းလင်းပြင်ထဲတွင် ခြေဗလာဖြင့် ရပ်နေခဲ့ပြီး ခြေထောက်များကို အကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ သူ့ခန္ဓာကိုယ် အခြား အစိတ်အပိုင်းများမှာ သာမန်လူတစ်ယောက်နှင့် ကွာခြားမှု မရှိသော်လည်း သူ ထုတ်လွှတ်နေသော စွမ်းအားမှာ သူ့နောက်ရှိ အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင် သုံးဦးကို ဖိနှိပ်ထားနိုင်လောက်အောင် အားကောင်းနေခဲ့သည်။

ဤသူသည် လက်ရှိ ရန်ဝူး ဘိုးဘေး ဖြစ်သည်။ သူ့စွမ်းအားက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပုံပျက်သွားစေနိုင်ပြီး ၎င်းအား အခြေခံ၍ သူ ရပ်နေသော နေရာ တစ်ဝိုက်ရှိ နိယာမများကို ကံကြမ္မာ နိယာမများ အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။ ရှင်းလင်းစွာပင် သူသည် ကံကြမ္မာ နယ်ပယ်မှ တန်ခိုးရှင် တစ်ဦး ဖြစ်သည်။

သို့သော် ဤသည်မှာ ဒုတိယ အချက်သာ ဖြစ်သေးသည်။ ရန်ဝူးများ၏ ပတ်လည်တွင် မထင်မရှားနှင့် အားနည်းသော ကြီးမားသည့် ဖိအားတစ်ခု ရှိနေခဲ့သည်။ ယင်းသည် သူတို့၏ သွေးထဲမှ ဆင်းသက်လာခြင်း ဖြစ်ပြီး သူတို့ အတွင်း၌ ဖုံးကွယ်နေသော ဆင့်ခေါ်မှု တစ်မျိုး ဖြစ်သည်။

ဤဆင့်ခေါ်မှုက မရေမတွက်နိုင်သော နှစ်များ တစ်လျှောက် ယခင် ရန်ဝူး ဘိုးဘေးများ၏ စွမ်းအားများကို စုဆောင်းကာ ၎င်းကို ကာကွယ်မှု တစ်ခု အဖြစ်သို့ ပြောင်းလဲပေးခဲ့ပြီး ယင်းက ရန်ဝူးများအား နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်တွင် အင်အားအကြီးဆုံး မျိုးနွယ်စု ဖြစ်လာစေရန် ခွင့်ပြုပေးခဲ့သည်။

ဤကာကွယ်မှုက အလွန် အားကောင်းလွန်းသဖြင့် ကျူးယိုချိုက်ပင်လျှင် မျက်လုံးများကို ဖွင့်လိုက်ရသည်။

ဧရိယာ တစ်ခုလုံး တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ရောက်ရှိလာသော ရန်ဝူးများသည် သူတို့၏ ရူးသွပ်မှုကို ပြသနေသော သွေးရောင်လွှမ်းနေသည့် မျက်လုံးများ ရှိကြသော်လည်း မလှုပ်မယှက်ဖြင့် အလွန် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။

သူတို့ ထိုသို့ ပိုနေလေလေ ထူထပ်ပြီး ကြီးမားသော ဖိအားများက ထိုဧရိယာကို ပိုမို ဝန်းရံလာလေလေ ဖြစ်သည်။

ရန်ဝူး ဘိုးဘေး ဘေးတွင် သုစရိုက်မြစ်တွယ်သူ မျိုးနွယ်များ၏ ဘိုးဘေး ရှိနေပြီး သူသည် မီးခိုးရောင် ဆံပင်များ၊ မြွေခန္ဓာကိုယ်နှင့် လူခေါင်း ရှိကာ အကြေးခွံများမှာ ပုပ်ဟောင်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများထဲ၌ အန္တရာယ်ပေးမည့် အလင်းတစ်ချက် တောက်ပနေခဲ့သည်။

"ဒီတစ်ကြိမ် ပဉ္စမမြောက် ကျောက်တုံး ပေါ်လာတာကနေ ထွက်ပေါ်လာတဲ့ စွမ်းအား လှိုင်းဂယက်တွေက အရင် ပေါ်လာခဲ့တဲ့ အချိန်တွေထက် သာလွန်နေတယ်။ ဒါကြောင့်လည်း လူတွေ အများကြီး ဒီနေရာကို မြှူဆွယ်ခံလိုက်ရတာပဲ။ ဒါပေမယ့် ငါက အဲဒီ ကျောက်တုံးအတွက် မတိုက်ခိုက်ဖို့ ရွေးချယ်လို့ ရတယ်။ ငါ လိုချင်တာက အဲဒီလူရဲ့ ခေါင်းပဲ" သုစရိုက်မြစ်တွယ်သူ မျိုးနွယ်များ၏ ဘိုးဘေးက ညာလက်ကို မြှောက်ကာ စုမင်အား လက်ညှိုးထိုးလိုက်သည်။

"တကယ်လို့ လှိုင်းဂယက်တွေက သမိုင်းမှာ မှတ်တမ်းတင်ထားသမျှ အားအကောင်းဆုံး ဖြစ်မနေဘူးဆိုရင် ငါကိုယ်တိုင်လည်း ဒီနေရာကို လာခဲ့မှာ မဟုတ်ဘူး" အက်ကွဲနေသော အသံတစ်သံက ရန်ဝူး ဘိုးဘေး၏ ပါးစပ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

"ဒီဧရိယာကို ပိတ်ဆို့လိုက်။ ဒီနေရာကို လာမယ့် ခြောက်လ အတွက် ငါတို့ ရန်ဝူးတွေ သိမ်းပိုက်လိုက်ပြီလို့ ပြင်ပလူတွေ အားလုံးကို အသိပေးလိုက်။ ခြေချလာတဲ့ သူတွေ အားလုံး သူတို့ မျိုးနွယ်စု တစ်ခုလုံးနဲ့ အတူ ရှင်းလင်းခံရမယ်"

အဘိုးအို ရန်ဝူး၏ မျက်လုံးများထဲတွင် သတိမထားမိနိုင်လောက်သော အလင်းတစ်ချက် ပေါ်လာခဲ့သည်။ သူက အေးစက်ပြတ်သားစွာ ပြောလိုက်သောအခါ ရာနှင့်ချီသော ရန်ဝူးများက နောက်တွင် ချက်ချင်း ပေါ်လာခဲ့သည်။ သူတို့သည် ပေတစ်သိန်း အကွာသို့ ရောက်သည်အထိ အသံတစ်ချက်မျှ မထွက်ဘဲ နောက်သို့ ဆုတ်သွားခဲ့ကြသည်။ သူတို့သည် ခုံးနေသော မျဉ်းကြောင်းပုံစံဖြင့် တစ်ယောက်နှင့် တစ်ယောက် ချိတ်ဆက်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှ အမည်းရောင် အလင်းများ ပျံ့နှံ့လာပြီး အဝေးမှ ကြည့်လျှင် သော့ခလောက် တစ်လုံး ဖန်တီးလိုက်သကဲ့သို့ ပုံပေါ်နေသည်။

"ငါတို့ လှုပ်ရှားဖို့တောင် မလိုတော့ဘူး။ ပဉ္စမမြောက် သမုဒ္ဒရာရဲ့ အစောင့်အရှောက် ရောက်လာပြီ" အဘိုးအို ရန်ဝူး၏ မျက်နှာပေါ်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ စကားပြောနေစဉ် ပဉ္စမမြောက် သမုဒ္ဒရာ တစ်ခုလုံး ပြင်းထန်စွာ ဆူပွက်လာတော့သည်။

သမုဒ္ဒရာ ဆူပွက်လာသည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံများက ဟင်းလင်းပြင်ထဲတွင် ပြင်းထန်စွာ ပဲ့တင်ထပ်သွားသည်။ ဤအပြောင်းအလဲက ကျိလုံနှင့် အခြားသူများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။ သူတို့ လှမ်းကြည့်လိုက်သောအခါ ပေါက်ကွဲသံများက မရပ်မနား ထွက်ပေါ်နေပြီး ပုံရိပ် လေးရိပ်က ရှေ့သို့ ပြေးဝင်လာသည်ကို မထင်မရှား မြင်တွေ့လိုက်ရသည်။

သူတို့ နောက်တွင် ကျယ်လောင်သော ဟိန်းဟောက်သံများနှင့်အတူ ထိုနေရာသို့ ချဉ်းကပ်လာသည့် မရေမတွက်နိုင်သော အလင်းတန်းရှည်များ ရှိနေသည်။

သူတို့ကို ဖုံးလွှမ်းထားသော မြူပင်လယ်ကြီးကြောင့် သူတို့သည် မထင်မရှား ဖြစ်နေခဲ့သည်။ အဖွဲ့က သူတို့၏ မျက်နှာများကို သေချာစွာ မြင်လိုက်ရသောအခါ ကျိလုံနှင့် အခြားသူများ၏ အမူအရာများ ချက်ချင်း ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

ရှေ့ဆုံးမှ လူလေးဦးသည် အဖြူရောင် မျက်နှာဖုံးများကို တပ်ဆင်ထားကြသည်။ သူတို့ တစ်ဦးစီတွင် မတူညီသော အမူအရာများ ရှိကြသည်။ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း နှင့် နာကြည်းခြင်း တို့ဖြစ်သည်။ သူတို့ နောက်မှ အလင်းတန်းရှည်များထဲရှိ လူများမှာမူ အမည်းရောင် သားရေသံချပ်ကာ ဝတ်ဆင်ထားသည့် ခံစားချက် ကင်းမဲ့သော လူတစ်စု ဖြစ်သည်။

ဤလူများသည် ထိုအလင်းတန်းရှည်များ အဖြစ် ရှေ့သို့ ပြေးဝင်လာကြပြီး အချိန်တိုအတွင်းပင် စုမင်နှင့် အခြားသူများ၏ နောက်တွင် ပေါ်လာခဲ့ကြသည်။

စုမင်က ထိုင်နေရင်းမှ မျက်လုံးများကို ဖွင့်လိုက်ရာ ထူးဆန်းသော အလင်းတစ်ချက် တောက်ပသွားခဲ့သည်။

'နောက်ဆုံးတော့ သူတို့ ရောက်လာပြီပဲ' စုမင်က စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးလိုက်သည်။ အမှန်တကယ်တွင် သူသည် ပဉ္စမမြောက် ကျောက်တုံးကို အသက်သွင်းလိုက်ပြီး အလင်းတန်းရှည်က ပဉ္စမမြောက် သမုဒ္ဒရာထဲသို့ ပစ်ထွက်သွားသည့် အခိုက်အတန့်ကတည်းက အနက်ရှိုင်းဆုံး နေရာမှ အစောင့်အရှောက်များ၏ တည်ရှိမှုများအား သူ အာရုံခံမိခဲ့သည်။

"ယဇ်ကောင်" ထိုအခိုက်အတန့်တွင် အခြား မည်သူမျှ မကြားနိုင်သော အသံတစ်သံက စုမင်၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ဤသည်မှာ ပဉ္စမမြောက် ကျောက်တုံးကို ပိုင်ဆိုင်ထားသူ တစ်ဦးတည်းသာ ကြားနိုင်သော အသံဖြစ်သည် ပဉ္စမမြောက် သမုဒ္ဒရာ အစောင့်အရှောက်များ၏ အသံပင်။

စုမင် ထိုအသံကို ကြားလိုက်သောအခါ မျက်လုံးများကို မှိတ်လိုက်သည်။

ထိုအချိန်က သူတို့ ရောက်နေသော အခြေအနေမှာ ရှေ့တွင် ရန်ဝူး မျိုးနွယ်စုက ဧရိယာကို ပိတ်ဆို့ထားပြီး နောက်တွင် ပဉ္စမမြောက် သမုဒ္ဒရာ၏ အစောင့်အရှောက်များ ပေါ်လာသော အနေအထား ဖြစ်သည်။ အားကောင်းသော အန္တရာယ် ခံစားချက်တစ်ခုက ကျိလုံနှင့် အခြားသူများ၏ နှလုံးသားထဲသို့ ချက်ချင်း လှိမ့်ဝင်လာခဲ့သည်။

အဖြူရောင် မျက်နှာဖုံးများနှင့် လူလေးဦးထံမှ အန္တရာယ်က ပို၍ပင် ပြင်းထန်နေခဲ့သည်။ သူတို့ မျက်လုံးများထဲရှိ အေးစက်သော အကြည့်များနှင့် သူတို့ ခန္ဓာကိုယ်များမှ ပျံ့နှံ့ထွက်ပေါ်နေသော စွမ်းအား လှိုင်းဂယက်များက သူတို့ အားလုံးသည် အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင်များ ဖြစ်ကြောင်း ပြသနေခဲ့သည်။

ပဉ္စမမြောက် သမုဒ္ဒရာ အတွင်းရှိ ကြမ်းတမ်းပြီး ဆိုးရွားသော လေထု အလယ်တွင် ပျော်ရွှင်ခြင်း မျက်နှာဖုံး တပ်ဆင်ထားသူက ခပ်ဖွဖွ ပြောလိုက်သည်။ "ပဉ္စမမြောက် ကျောက်တုံးကို စွန့်လွှတ်လိုက်ပါ။ ဒါဆိုရင် မင်းတို့အားလုံး လွတ်လွတ်လပ်လပ် ထွက်သွားခွင့် ရမယ်"

သူ ထိုသို့ ပြောလိုက်သောအခါ ဧရိယာ တစ်ဝိုက်ရှိ နဂါးငွေ့တန်းက ချက်ချင်း တုန်ဟည်းသွားခဲ့သည်။ မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက အရပ်မျက်နှာ အနှံ့တွင် ပေါ်လာခဲ့သည်။ လူများ စကားပြောနေစဉ် လျှပ်စီး ဧရိယာတစ်ခု သူတို့ ပတ်လည်တွင် ဖြစ်တည်လာခဲ့သည်။

"စကားတစ်ခွန်းတည်းနဲ့ သူက လျှပ်စီးတွေကို ခေါ်ဆောင်လာနိုင်တာပဲ" ကျိလုံ၏ အမူအရာ ထပ်မံ ပြောင်းလဲသွားပြီး သူက ဗီဇအရ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

မီးတောက်မိစ္ဆာ ဘိုးဘေး ဖြူရော်သွားခဲ့သည်။ သူ့ဘေးတွင် လုံဟိုင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူက စုမင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ကျူးယိုချိုက်အား ကြည့်လိုက်သည်။

"လွတ်လပ်ခွင့်က တန်ဖိုးရှိကောင်း ရှိနိုင်ပါတယ်။ နှစ်တစ်ထောင် ဒါမှမဟုတ် တစ်သောင်း အစား ငါ့ရဲ့ လွတ်လပ်ခွင့်ကို ရွေးဖို့ တစ်နှစ်တာ အချိန်ကို သုံးရမယ့် အခွင့်အရေးက ရှားပါးကောင်း ရှားပါးနိုင်ပေမယ့် အဲဒီအတွက် ပေးဆပ်ရမယ့် တန်ဖိုးက ငါ့ရဲ့ အသက် ဖြစ်နေမယ် ဆိုရင်တော့ ငါ ပြန်ပြီး ရွေးချယ်ရလိမ့်မယ်" ဘိုးဘေး လုံဟိုင်းက တည်ငြိမ်စွာ ပြောလိုက်ပြီး နောက်သို့ ဖြည်းညင်းစွာ ဆုတ်သွားခဲ့သည်။

"ငါက ကတိဖျက်တယ်လို့ သတ်မှတ်ခံရမှာမို့ မင်းအနေနဲ့ ငါ သစ္စာဆိုမှုကို မဖြည့်ဆည်းဘူးလို့ သဘောထားလို့ ရပါတယ်။ တကယ်လို့ မင်းက သစ္စာဆိုမှုကို ချေမှုန်းချင်တယ် ဆိုရင်လည်း ငါက ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး" ဘိုးဘေး လုံဟိုင်းက စကားပြောရင်း လျင်မြန်စွာ နောက်ဆုတ်သွားကာ ရန်ဝူးများရှိရာသို့ ပြေးဝင်သွားခဲ့သည်။

"ရန်ဝူး ဘိုးဘေး၊ ခင်ဗျား ကျုပ်ကို မှတ်မိသေးရဲ့လား။ ကျုပ် သစ္စာဆိုထားတာကြောင့် အတင်းအကျပ် ဖိအားပေးခံရလို့ ဒီအရာ အားလုံးကို လုပ်ခဲ့ရတာပါ။ ဒါကြောင့် ကျုပ် ဒီနေရာကို ကာကွယ်ပေးခဲ့ရတာ။ အခု အခြေအနေကို ပြောင်းလဲနိုင်မယ့် မျှော်လင့်ချက် မရှိတော့တဲ့အတွက် ကျေးဇူးပြုပြီး လမ်းဖွင့်ပေးပြီး ကျုပ်ကို ထွက်သွားခွင့် ပြုပါ။ နောင်တချိန်မှာ ကျုပ် သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်" ဘိုးဘေး လုံဟိုင်းက လက်နှစ်ဖက်ကို ယှက်ကာ ရန်ဝူးများထံသို့ အရိုအသေပေးလိုက်သည်။

ရန်ဝူး ဘိုးဘေး၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် တောက်ပသွားပြီး သဲ့သဲ့မျှသာရှိသော အပြုံးတစ်ခု နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။

"သြော်... တာအိုရောင်းရင်း လုံဟိုင်းကိုး။ ဒီအတွက် ပြဿနာ မရှိပါဘူး။ ကျုပ်ရဲ့ အခြား တာအိုရောင်းရင်းတို့၊ ခင်ဗျားတို့လည်း ထွက်သွားချင်တယ်ဆိုရင် ကျုပ် သေချာပေါက် အခက်အခဲ မဖြစ်စေရပါဘူး။ ကျုပ်တို့ လိုချင်တာက ပဉ္စမမြောက် ကျောက်တုံးနဲ့ အဲဒါကို ပိုင်ဆိုင်ထားတဲ့ သူပါပဲ။ ကျန်တဲ့ သူတွေကတော့ အားလုံး ထွက်သွားလို့ ရပါတယ်"

စကားပြောရင်း သူက ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းပင် သူ့နောက်ရှိ လူများသည် နှစ်ဖက် ခွဲထွက်သွားကြပြီး လမ်းကြောင်း တစ်ကြောင်းကို ဖော်ပြလိုက်သည်။ ဘိုးဘေး လုံဟိုင်းက ထိုဧရိယာဆီသို့ လျင်မြန်စွာ ပြေးဝင်သွားပြီး ရန်ဝူး ဘိုးဘေးထံသို့ ထပ်မံ အရိုအသေပေးလိုက်သည်။ သူသည် အလင်းတန်းရှည် တစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ဖွင့်ပေးထားသော ဥမင်လှိုင်ခေါင်းမှတစ်ဆင့် အဝေးသို့ ထွက်ခွာသွားတော့သည်။

ဘိုးဘေး လုံဟိုင်း ထွက်ခွာသွားမှုကြောင့် စုမင်၏ အမူအရာတွင် ပြောင်းလဲမှု အရိပ်အယောင် တစ်ချက်မျှ ပေါ်မလာခဲ့ချေ။ သူသည် ကျင့်ကြံနေသကဲ့သို့ မျက်လုံးများကို မှိတ်ထားဆဲ ဖြစ်ပြီး မလှုပ်မယှက် နေနေခဲ့သည်။

မီးတောက်မိစ္ဆာ ဘိုးဘေး ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ သူ စုမင်ထံသို့ လှမ်းကြည့်လိုက်သောအခါ လွန်ဆွဲမှုများက မျက်လုံးများထဲတွင် ပေါ်လာခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ လုံဟိုင်းသည် အစကတည်းက ဤအရာအတွက် ပြင်ဆင်ထားခဲ့သောကြောင့် ဤမျှ လွတ်လပ်ပေါ့ပါးစွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်ကို သူ စိတ်ကူးကြည့်နိုင်သည်။ သို့သော် မီးတောက်မိစ္ဆာ ဘိုးဘေး အတွက်မူ...

ကျိလုံ တိတ်ဆိတ်နေခဲ့သည်။ သူက စုမင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူ့နောက်သို့ ကြည့်လိုက်ကာ နောက်ဆုံးတွင် ကျူးယိုချိုက် အပေါ်၌ ခဏမျှ အကြည့်အား ရပ်တန့်လိုက်သည်။ ထို့နောက် သူ ခေါင်းငုံ့ကာ စုမင်ကို အရိုအသေပေးလိုက်သည်။ နတ်ဘုရား အဆင့်တက် ဝတ်ရည် ကိစ္စကို သူ ထုတ်မပြောခဲ့ချေ။ လှည့်ထွက်သွားစဉ် သူ ရန်ဝူးများ ရှိရာသို့ ပြေးဝင်သွားခဲ့သည်။

သူသည်လည်း အရှုံးပေးရန် ရွေးချယ်လိုက်သည်။

ဤအကြပ်အတည်းတွင် ကျူးယိုချိုက်က အရာအားလုံးကို ဖြေရှင်းပေးနိုင်စွမ်း ရှိမည်အား ကျိလုံ မစဉ်းစားမိခြင်း မဟုတ်သော်လည်း ရန်ဝူးများကို မြင်လိုက်ရသောအခါ ထိုယုံကြည်ချက်က တုန်လှုပ်သွားခဲ့သည်။ အခြားသူများက ရန်ဝူးများနှင့် ပတ်သက်၍ သိပ်မသိကြဘဲ ဤမျိုးနွယ်စုသည် လျှို့ဝှက်ဆန်းကြယ်ပြီး နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်တွင် နေထိုင်ကြောင်းသာ သိကောင်း သိနိုင်သော်လည်း သူ့အတွက်မူ ထိုသို့ မဟုတ်ပေ။

မဟာ လောကကြီး လေးခုမှ တစ်ခုတွင် ပါဝင်သူ တစ်ဦးအနေဖြင့် ရန်ဝူးများနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ သူ ပြုလုပ်ခဲ့ဖူးပြီး သူတို့ အကြားတွင် လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ် တစ်ခု ရှိကြောင်း သူ သိထားသည်။ ထိုအမွေအနှစ်က သူတို့ ဘိုးဘေး တစ်ဦးစီအား ခန္ဓာကိုယ်များ မြေကြီးထဲသို့ ပြန်လည် ရောက်ရှိသွားသောအခါ သူတို့၏ မူလဝိညာဉ်ကို ချန်ရစ်ခဲ့ခွင့် ပြုသည်။ ခေတ်အဆက်ဆက်မှ မူလဝိညာဉ်များကို နတ်ဘုရား တစ်ပါးနှင့် တူညီသော တည်ရှိမှု တစ်ခုတွင် ပေါင်းထည့်ရန် စုဆောင်းထားကြသည်။

ထိုတည်ရှိမှုက မဟာ လောကကြီး လေးခုက ရန်ဝူးများကို သတိထားရသည့် အကြောင်းရင်း အမှန်ပင် ဖြစ်သည်။

ထိုတည်ရှိမှု၏ ကျင့်ကြံခြင်း အဆင့်မှာ ရန်ဝူး မျိုးနွယ်စု၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်ပြီး သူတို့က ၎င်းနှင့် ပတ်သက်သည့် အချက်အလက် အားလုံးအား ဖုံးကွယ်ရန် တတ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ခဲ့ကြသည်။

မဟာ လောကကြီး လေးခုမှ စွမ်းအား အင်အားစုများသာလျှင် အနည်းငယ် ဖော်ထုတ်နိုင်ခဲ့သည်။ သူတို့၏ ခွဲခြမ်းစိတ်ဖြာမှု အရ ထိုတည်ရှိမှုတွင် ချို့ယွင်းချက်များနှင့် ကန့်သတ်ချက် အချို့ ရှိသင့်သော်လည်း ယင်းသို့ ရှိနေလျှင်ပင် ၎င်းက မဟာ လောကကြီး လေးခုမှ ဥသျှောင်ပါရာဂွန်များကို သူတို့၏ အကြည့်များ လွှဲဖယ်သွားစေရန်နှင့် ထိုမျိုးနွယ်စု၏ ကြီးထွားမှုအား နှောင့်ယှက်ရန် ဤနေရာသို့ မည်သည့်အခါမျှ မလာရောက်စေရန် ပြုလုပ်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ရန်ဝူး မျိုးနွယ်စုကို မြင်တွေ့လိုက်ရကတည်းက စိတ်ဓာတ် တုန်လှုပ်နေခဲ့ပြီဖြစ်သော ကျိလုံသည် ပဉ္စမမြောက် သမုဒ္ဒရာမှ အစောင့်အရှောက်များပင် ပေါ်လာသည့် အချိန်သို့ ရောက်သောအခါ မည်သည့် ယုံကြည်ချက်မျှ မရှိတော့ခြင်း ဖြစ်သည်။ အထူးသဖြင့် ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း နှင့် နာကြည်းခြင်း မျက်နှာဖုံးများနှင့် လူလေးဦးကို မြင်လိုက်ရသောအခါတွင် ဖြစ်သည်။

ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း နှင့် နာကြည်းခြင်း တို့၏ လူလေးဦးသည် အရှင်သခင် နယ်ပယ်တွင်သာ ရှိနေသကဲ့သို့ ထင်ရနိုင်သော်လည်း သူတို့သည် အလွန် ရှည်လျားသော အချိန်ကာလ တစ်ခုအထိ နေထိုင်ခဲ့သည့် တည်ရှိမှုများ ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း နှင့် နာကြည်းခြင်းတို့မှာ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် အမွေအနှစ်များ ဖြစ်ကြောင်း ကျိလုံ သိထားသည်။

ထို့ကြောင့် သူ ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရား အဆင့်တက် ဝတ်ရည်က အရေးကြီးကောင်း ကြီးနိုင်သော်လည်း သူ့အသက်နှင့် နှိုင်းယှဉ်လျှင် ဒုတိယ အဆင့်သာ ဖြစ်သည်။

ကျိလုံလည်း ထွက်သွားသည်ကို မီးတောက်မိစ္ဆာ ဘိုးဘေး မြင်လိုက်သောအခါ နှလုံးသားထဲမှ လွန်ဆွဲမှုများက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သော်လည်း သူက စုမင်ထံသို့ ထပ်မံ လှမ်းကြည့်လိုက်သောအခါ အံများကို တင်းတင်းကြိတ်လိုက်ပြီး ထွက်သွားရန် မရွေးချယ်ခဲ့ချေ။

ထိုအခိုက်အတန့်တွင် ဟောင်ကွေ့ ကိုယ်တိုင်ပင် သူ အဘယ်ကြောင့် ထိုသို့ ရွေးချယ်ခဲ့သည်ကို မသိခဲ့ပေ။ စုမင်၏ ဘေးတွင် ပဉ္စမမြောက် မီးဖိုထဲ၌ ရှိနေစဉ် သူ မြင်တွေ့ခဲ့ရသော အံ့ဖွယ်အမှုများက သူ့ကို အဆက်မပြတ် အံ့ဩစေခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ၎င်းတို့က သူ့ကို စုမင် ဤအကြပ်အတည်းကို ဖြေရှင်းနိုင်စွမ်း ရှိသင့်သည် ဟူသော မရေရာသည့် ခံစားချက် တစ်ခုအား ပေးစွမ်းခဲ့သည်။

ပဉ္စမမြောက် သမုဒ္ဒရာမှ အစောင့်အရှောက်၊ ပျော်ရွှင်ခြင်း မျက်နှာဖုံး တပ်ဆင်ထားသူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ တိုးလာသောအခါ ထပ်တူကျနေသော အရိပ်များက ခန္ဓာကိုယ်ပေါ်တွင် လျင်မြန်စွာ ပေါ်လာပြီး သူ့ထံမှ ကိုယ်ပွားတစ်ခု ခွဲထွက်တော့မည့် အလားပင် ဖြစ်သည်။

သူ၏ အစစ်အမှန် ကိုယ်တွင်း အနှစ်သာရမှာ ထိုနေရာတွင် ရှိနေဆဲ ဖြစ်သော်လည်း ကိုယ်ပွားက အပြင်သို့ လျှောက်ထွက်လာကာ လျှပ်စီးများပေါ်တွင် နင်းလျှောက်ပြီး မီးတောက်မိစ္ဆာ ဘိုးဘေး ရှိရာသို့ ပြေးဝင်သွားခဲ့သည်။ ပြင်းထန်သော အလင်းတစ်ချက်က မီးတောက်မိစ္ဆာ ဘိုးဘေး၏ မျက်လုံးများထဲတွင် တောက်ပသွားခဲ့သည်။ သူ နေရစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် သဘာဝကျစွာပင် တိုက်ပွဲတစ်ပွဲအတွက် လိုအပ်သော ပြင်ဆင်မှု အားလုံးကို ပြုလုပ်လိုက်သည်။ ပျော်ရွှင်ခြင်း မျက်နှာဖုံး တပ်ဆင်ထားသူ၏ ကိုယ်ပွား ချဉ်းကပ်လာသည့် အခိုက်အတန့်တွင် မီးတောက်မိစ္ဆာ ဘိုးဘေးက ရှေ့သို့ ပြေးဝင်သွားပြီး သူတို့ နှစ်ဦးသည် ဟင်းလင်းပြင် အလယ်တွင် ကျယ်လောင်သော ပေါက်ကွဲသံ အစဉ်လိုက်ကို ချက်ချင်း လှုံ့ဆော်လိုက်ကြတော့သည်။

အခန်း ၁၀၂၈ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကြည်းခြင်း

တစ်ချိန်တည်းပင် ဒေါသ၊ ဝမ်းနည်းခြင်းနှင့် နာကြည်းခြင်း မျက်နှာဖုံး တပ်ဆင်ထားသူ သုံးဦးက ရှေ့သို့ တစ်လှမ်း တိုးလာခဲ့သည်။ သူတို့၏ ကိုယ်ပွားများလည်း ထွက်ပေါ်လာသည်။ လေ၊ မိုးနှင့် လျှပ်စီးများက ကိုယ်ပွားများထံမှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး သုံးဖက်သုံးတန် ခွဲကာ စုမင်ထံသို့ ပြေးဝင်လာကြသည်။

စုမင်က မျက်လုံးများကို မှိတ်ထားလျက် ကျင့်ကြံနေဆဲ ဖြစ်သည်။ ကျူးယိုချိုက်၏ မျက်လုံးများတွင် အလင်းတစ်ချက် လက်သွားပြီးနောက် ရှေ့သို့ လျင်မြန်စွာ တစ်လှမ်းတိုးကာ သူတို့ထံ ပြေးဝင်လာသော လူသုံးဦးဆီသို့ လျှောက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ရန်ဝူး ဘိုးဘေး၏ နှုတ်ခမ်းထက်၌ မည်းမှောင်သော အပြုံးတစ်ခု ရှိနေသည်။ လှုပ်ရှားမှု တစ်ချက်ဖြင့် သူသည် ဟင်းလင်းပြင် ပုံပျက်မှုများအဖြစ် ပြောင်းလဲသွားပြီး စုမင်ရှိရာ နေရာသို့ ခြေလှမ်းလိုက်သည်။ သူ့နောက်တွင် သုစရိုက်မြစ်တွယ်သူ မျိုးနွယ်စု ဘိုးဘေးနှင့် အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင် သုံးဦး... ထို့ပြင် အများအပြားသော ရန်ဝူးများလည်း ရှေ့သို့ တစ်လှမ်း တိုးလာခဲ့ကြသည်။

ဘုန်း...

ပဉ္စမမြောက် သမုဒ္ဒရာ၏ အစွန်းတွင် ကျိုးပဲ့နေသော ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် ကြယ်တာရာ ကမ်းခြေ ရှိသည်။ ၎င်းက ရုတ်တရက် တုန်ခါသွားပြီး ထိုသို့ တုန်ခါနေစဉ် ရန်ဝူးများက အစုလိုက်အပြုံလိုက် ချဉ်းကပ်လာကြသည်။ ရန်ဝူး ဘိုးဘေးအတွက်မူ ပို၍ပင် သိသာသည်။ သူသည် အလွန် မြန်ဆန်သဖြင့် မျက်တောင်တစ်ခတ်အတွင်း စုမင် အနားသို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် မီးတောက်မိစ္ဆာ ဘိုးဘေးသည် ပဉ္စမမြောက် သမုဒ္ဒရာမှ ပျော်ရွှင်ခြင်း မျက်နှာဖုံး တပ်ဆင်ထားသူ၏ ကိုယ်ပွားနှင့် တားဆီးခံထားရသည်။ ကျူးယိုချိုက်သည် ကျန်ရှိနေသော ကိုယ်ပွား သုံးခုနှင့် တိုက်ခိုက်နေသည်။ သူ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မျက်လုံးများထဲတွင် တောက်ပသော အလင်းတစ်ချက် လက်သွားသည်။ သူ့ညာလက်ကို မြှောက်လိုက်ရာ စုမင် ရှေ့ရှိ ဘဝမတရားခြင်း လှံရှည် ထံမှ စူးရှသော ခရမ်းရောင် အလင်းတန်း ချက်ချင်း ပေါက်ကွဲထွက်လာသည်။

ဤအလင်းတန်းက ဧရိယာ တစ်လျှောက် လျင်မြန်စွာ ဖြတ်သန်းသွားသည်။ ပေါက်ကွဲသံကြီးများက ဟင်းလင်းပြင်ထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားသည်။ ရန်ဝူး ဘိုးဘေး နောက်သို့ လိမ့်ကျသွားသည်။ ခရမ်းရောင် အလင်းနှင့် ထိတွေ့မိသောအခါ သူ သွေးတစ်ပွက် အန်ချလိုက်ရသည်။ သူ့နောက်ရှိ သုစရိုက်မြစ်တွယ်သူ မျိုးနွယ်စု ဘိုးဘေး၏ ခန္ဓာကိုယ် အများစုမှာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။ သွေးသံရဲရဲ အခြေအနေသို့ ရောက်သွားပြီး သူ့မူလဝိညာဉ် ခွဲထွက်သွားကာ ကျယ်လောင်စွာ အော်ဟစ်ရင်း လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။

ရန်ဝူး ဘိုးဘေး နောက်မှ လိုက်ပါလာသော အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင် သုံးဦးမှာလည်း ထိုအခိုက်အတန့်တွင် ခန္ဓာကိုယ်များ အငွေ့ပျံတော့မည့်အလား ဖြစ်သွားကြသည်။ သူတို့ ဖျက်ဆီးခံရပြီး ပျောက်ကွယ်တော့မည့် ပုံပေါ်နေသည်။ ရန်ဝူး ဘိုးဘေးက သူတို့ထံ ခုန်ဝင်သွားပြီး ခန္ဓာကိုယ်မှ သွေးမြူများ အများအပြား ပေါက်ကွဲထွက်လာကာ သူတို့ကို ဆွဲယူ၍ ပေတစ်သောင်း အကွာသို့ နောက်ဆုတ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ သွေးများ ထပ်အန်လိုက်ရသည်။ အခြား သုံးဦးမှာမူ ခေါင်းအစ ခြေအဆုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

သူတို့ လေးဦးသည် ကျူးယိုချိုက်၏ တိုက်ခိုက်မှုအား ခုခံရန် သူတို့၏ စွမ်းအား အပြည့်ကို ရှင်းလင်းစွာ ထုတ်သုံးခဲ့သော်လည်း သူ့အား မယှဉ်နိုင်ခဲ့ချေ။ ရန်ဝူး ဘိုးဘေးက သွေးမြူများ ထုတ်လွှတ်ပြီး မျိုးနွယ်စု၏ ထူးဆန်းသော စွမ်းအားအချို့ကို ပေါင်းထည့်လိုက်ပြီးမှသာ ထိုတိုက်ခိုက်မှုကို မသေမချာ ခုခံနိုင်ခဲ့ခြင်း ဖြစ်သော်လည်း သူတို့ အားလုံး ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။

သုစရိုက်မြစ်တွယ်သူ မျိုးနွယ်စု ဘိုးဘေးမှာမူ လျင်မြန်စွာ ဆုတ်ခွာသွားပြီး ပေထောင်ချီ ကွာဝေးသော နေရာတွင် ပေါ်လာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ် တစ်ကိုယ်လုံး တုန်ခါသွားပြီး အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရကာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရတော့သည်။

တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် ကောင်းကင်နှင့် မြေကြီး တုန်လှုပ်သွားခဲ့သည်။ ဤသည်မှာ စစ်နတ်ဘုရား၏ စွမ်းအားပင် ဖြစ်သည်။

ကျူးယိုချိုက်အား တိုက်ခိုက်နေသော ကိုယ်ပွား သုံးခုသည်လည်း ဘဝမတရားခြင်း လှံရှည်မှ ခရမ်းရောင် အလင်းအောက်တွင် လေလွင့်သွားသော ဖုန်မှုန့်များအလား ကျူးယိုချိုက် ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။

တဝီဝီ မြည်သံနှင့်အတူ ဘဝမတရားခြင်း လှံရှည်ကို ကျူးယိုချိုက် ကိုင်ဆောင်လိုက်သည်။ သူက စုမင် ရှေ့တွင် ရပ်ကာ လှံရှည်ကို ဘေးတိုက် လွှဲယမ်းလိုက်သည်။

"ငါ ဒီမှာ ရှိတယ်။ ဘယ်သူ ရှေ့တိုးရဲလဲ" ကျူးယိုချိုက်က အေးစက်စွာ မေးလိုက်သည်။ သူ့အသံက ဧရိယာ တစ်ဝိုက်တွင် ပဲ့တင်ထပ်သွားပြီး ထိုအခိုက်အတန့်တွင် ဒေသတစ်ခုလုံး အလွန် တိတ်ဆိတ်သွားစေသည်။

"ရှင်ခြင်း နယ်ပယ်က တန်ခိုးရှင် တစ်ယောက် ပီသပါပေတယ်" ရန်ဝူး ဘိုးဘေးက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။ အံ့ဩသွားသော အလင်းတစ်ချက် သူ့မျက်လုံးများတွင် တောက်ပသွားသည်။ သူ တစ်ကိုယ်တည်း ရေရွတ်လိုက်စဉ် ပဉ္စမမြောက် သမုဒ္ဒရာမှ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကြည်းခြင်း မျက်နှာဖုံးများနှင့် လူအစစ် လေးဦး၏ မျက်လုံးများက တစ်ပြိုင်နက် တောက်ပသွားပြီးနောက် ကျူးယိုချိုက်ဆီသို့ တစ်ချိန်တည်း ရှေ့တစ်လှမ်း တိုးကာ ပြေးဝင်လာကြသည်။

"ပျော်ရွှင်ခြင်း" ပျော်ရွှင်ခြင်း မျက်နှာဖုံး တပ်ဆင်ထားသူက ရှေ့သို့ လှမ်းသွားရင်း ချက်ချင်း ပြောလိုက်သည်။ သူ့အသံက ရှေးကျသော်လည်း မိုးကြိုးပစ်သံကဲ့သို့ အင်အား ပါဝင်သည်။ ပေါက်ကွဲသံများက ဧရိယာကို တုန်ခါသွားစေစဉ် သူ့မျက်နှာဖုံး ချက်ချင်း အရည်ပျော်ကျသွားသည်။ အရည်ပျော်သွားသည်နှင့် ခန္ဓာကိုယ် တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်အထိ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ရုတ်တရက် လိမ်ကောက်သွားပြီး ဟင်းလင်းပြင် အလယ်တွင် ကြီးမားသော မှော်သင်္ကေတ တစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ထိုမှော်သင်္ကေတထံမှ ရှေးဟောင်း သမိုင်းမတင်မီခေတ် အငွေ့အသက်များ ပျံ့နှံ့လာသည်။ ရှေးဟောင်း အက္ခရာများကို နားလည်နိုင်သူ ရှိပါက ထိုသင်္ကေတ၏ အဓိပ္ပာယ်မှာ စကြာဝဠာအတွင်းရှိ ရွှင်လန်းမှု အားလုံး၏ မြစ်ဖျားခံရာ ဖြစ်ကြောင်း မှတ်မိနိုင်ပေလိမ့်မည်။

ဤသည်ကား မြင်တွေ့ရသူ အားလုံး၏ နှလုံးသား နက်ရှိုင်းသော နေရာမှ ပျော်ရွှင်မှုများကို ထိန်းချုပ်မရနိုင်အောင် ချက်ချင်း ပေါ်ထွက်လာစေမည့် ရှေးဟောင်း မှော်သင်္ကေတ တစ်လုံး ဖြစ်သည်။

ထိုသင်္ကေတ ပေါ်လာသောအခါ ထူထပ်သော ပျော်ရွှင်မှု လှိုင်းလုံးကြီးက နဂါးငွေ့တန်း တစ်ခုလုံးကို ဝန်းရံသွားသည်။ ထိုအငွေ့အသက် ပျံ့နှံ့သွားစဉ် မီးတောက်မိစ္ဆာ ဘိုးဘေး မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသော်လည်း သူ့မျက်လုံးများထဲရှိ အကြည့်ကမူ ကြောက်ရွံ့မှုများ ဖြစ်နေသည်မှာ ထင်ရှားသည်။

တစ်ချိန်တည်းပင် ထိုရန်ဝူးများလည်း ရပ်တန့်သွားကြပြီး ကြောက်ရွံ့မှုများ သူတို့ မျက်နှာပေါ်တွင် ပေါ်လာသည်။ အမှန်တကယ်ပင် ပြင်းထန်စွာ ဒဏ်ရာရနေသော အရှင်သခင် နယ်ပယ်မှ တန်ခိုးရှင် သုံးဦးစလုံးသည်လည်း ထိုနည်းတူ တုံ့ပြန်ခဲ့ကြသည်။

သို့သော် လူသုံးဦးသာ ထိုသို့ တုံ့ပြန်ခြင်း မရှိခဲ့ပေ။

သူတို့ထဲမှ တစ်ဦးမှာ ကျူးယိုချိုက် ဖြစ်သည်။ သူ့အမူအရာမှာ ယခင်အတိုင်းပင် ဖြစ်ပြီး ပြောင်းလဲမှု အရိပ်အယောင် တစ်ချက်မျှ မရှိချေ။ ဒုတိယ တစ်ဦးမှာ ရန်ဝူး ဘိုးဘေး ဖြစ်သည်။ သူ့အမူအရာက မည်းမှောင်နေသည်။ သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ပုံပျက်နေပြီး ရှေးယခင် အချိန်ကတည်းက တည်ရှိခဲ့သော ပျော်ရွှင်ခြင်း သင်္ကေတအား ခုခံရန် သူ၏ ကံကြမ္မာ နိယာမ စွမ်းအားများကို ထုတ်သုံးထားကြောင်း သိသာစေသော လက္ခဏာပင် ဖြစ်သည်။

နောက်ဆုံး တစ်ယောက်မှာမူ စုမင် ဖြစ်သည်။

ဆံဖြူ စုမင်သည် သေခြင်းတရားနှင့် ပတ်သက်သော စီမံခန့်ခွဲမှု အားလုံးကို အုပ်စိုးသည့် သခင် ဖြစ်သည်။ အပြည့်အဝ ဆင်ခြင်တုံတရားဖြင့် လွှမ်းမိုးထားသော သူ့စိတ်ထဲတွင် ခံစားချက် အရိပ်အယောင် တစ်ချက်မျှ ပေါ်လာမည် မဟုတ်ပေ။ ထိုရှေးဟောင်း ပျော်ရွှင်ခြင်း သင်္ကေတသည်ပင် သူ့နှလုံးသားထဲသို့ အနည်းငယ်မျှ စိမ့်ဝင်ပေါင်းစည်းရန် ခက်ခဲပေမည်။ သူ မျက်လုံးများကို မှိတ်ထားပြီး သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံး အပေါ် မည်သည့် တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ပေ။

သို့သော် ပျော်ရွှင်ခြင်း သင်္ကေတ ပေါ်လာသည့် အခိုက်အတန့်တွင် ဒေါသထွက်ခြင်း မျက်နှာဖုံး တပ်ဆင်ထားသူ၏ မျက်နှာဖုံးမှာလည်း ချက်ချင်း အရည်ပျော်သွားပြီး ခန္ဓာကိုယ် တစ်ကိုယ်လုံး ဖုံးလွှမ်းကာ ပုံသဏ္ဌာန် လိမ်ကောက်သွားပြီးနောက် ဒုတိယ မှော်သင်္ကေတ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ဤသည်မှာ ဒေါသ သင်္ကေတ ဖြစ်သည်။

ထိုသင်္ကေတ ပေါ်လာသောအခါ နဂါးငွေ့တန်းထဲရှိ အငွေ့အသက်များက အတင်းအကျပ် ပြောင်းလဲသွားသည်။ ပျော်ရွှင်မှုမှ ဒေါသသို့ ပြောင်းလဲသွားသည်နှင့် မီးတောက်မိစ္ဆာ ဘိုးဘေး၏ ခံစားချက်များ ပြောင်းလဲသွားပြီး သွေးတစ်ပွက် အန်ချလိုက်သည်။ သူ နောက်သို့ လဲကျသွားသောအခါ ခန္ဓာကိုယ် တစ်ကိုယ်လုံး ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူ့မျက်လုံးများထဲရှိ ပိုမိုကြီးမားသော ကြောက်ရွံ့မှုများနှင့် ယှဉ်လိုက်လျှင် ထိုဒေါသသည် အဓိပ္ပာယ်ဖော်မရသော ထူးဆန်းသည့် လေထုတစ်ခုကို ဖြစ်ပေါ်စေသည်။

သူ တစ်ဦးတည်းသာ မဟုတ်ပေ။ ရန်ဝူး မျိုးနွယ်စုမှ အရှင်သခင် နယ်ပယ် တန်ခိုးရှင် သုံးဦးနှင့် အခြားသော ရန်ဝူးများ အားလုံးလည်း ထိုနည်းတူပင် ဖြစ်သည်။

သူတို့၏ ခံစားချက်များ ဤသို့ ပြောင်းလဲသွားခြင်းသည် သူတို့ ဆန္ဒကြောင့် မဟုတ်ဘဲ လောကစွမ်းအားက ဆောင်ကြဉ်းလာသည့် အတင်းအကျပ် ပြောင်းလဲမှုတစ်ခု ဖြစ်ပြီး ၎င်းသည် တိုက်ခိုက်မှု အားလုံးထက် အပျက်အစီး အများဆုံး ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တတိယ မှော်သင်္ကေတက ပေါက်ကွဲသံ တစ်သံနှင့်အတူ ပေါ်ထွက်လာသည်။ ဝမ်းနည်းခြင်း သင်္ကေတ ပေါ်လာသည့် အခိုက်အတန့်တွင် စကြာဝဠာထဲရှိ အငွေ့အသက်များ ထပ်မံ ပြောင်းလဲသွားပြန်သည်။ ဤတစ်ကြိမ်တွင် အပြောင်းအလဲ ဖြစ်ပေါ်သည့် အချိန်နှင့် တစ်ပြိုင်နက်လိုလို စတုတ္ထမြောက် မှော်သင်္ကေတ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

ဤသည်မှာ နာကြည်းခြင်း သင်္ကေတ ဖြစ်သည်။ ၎င်းက နဂါးငွေ့တန်း တစ်ခုလုံးကို ပြင်းထန်သော နာကြည်းမှုများဖြင့် ချက်ချင်း ပြည့်နှက်သွားစေပြီး ထိုသို့ဖြစ်ပေါ်လာစဉ် မီးတောက်မိစ္ဆာ ဘိုးဘေးက နာကျင်စွာ အော်ဟစ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ သူ့ခန္ဓာကိုယ်က နောက်သို့ လိမ့်ကျသွားကာ စုမင်နှင့် မနီးမဝေးရှိ ကျိုးပဲ့နေသော ကျောက်တုံးပေါ်သို့ ကျသွားသည်။ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာချိန်တွင် သူ့မျက်လုံးများ၌ ဝေခွဲမရဖြစ်မှုများ ပေါ်လာပြီး သတိလစ်သွားတော့မည့်ပုံ ပေါက်နေသည်။ တစ်ခါတစ်ရံ ပျော်ရွှင်မှုက မျက်နှာပေါ်တွင် ပေါ်လာပြီး၊ တစ်ခါတစ်ရံ ဒေါသ၊ တစ်ခါတစ်ရံ ဝမ်းနည်းမှု၊ အခြားအချိန်များတွင်မူ နာကြည်းမှုများ ဖြစ်နေတတ်သည်။

ရန်ဝူးများအတွက်လည်း အတူတူပင် ဖြစ်သည်။ အမှန်တကယ်တွင် ရန်ဝူး ဘိုးဘေးပင်လျှင် တုန်ယင်နေခဲ့သည်။ သူသည် ကံကြမ္မာ နိယာမ စွမ်းအားများကို အမြင့်ဆုံး ကန့်သတ်ချက်အထိ အသုံးချထားသောကြောင့် သူ့ပတ်လည်ရှိ ပုံပျက်မှုများက မရပ်မနား ပြောင်းလဲ လိမ်ကောက်နေသည်။

သို့သော် သူ့မျက်နှာပေါ်တွင် အနည်းငယ်သော အပြောင်းအလဲများ ပေါ်လာဆဲ ဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။ ၎င်းကား ပျော်ရွှင်မှု၏ အသွင်အပြင်ပင်။

ထိုအခိုက်အတန့်တွင် ထိုဧရိယာအတွင်း ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ နာကြည်းခြင်း မှော်သင်္ကေတ လေးလုံး အပြည့်အဝ ပေါ်ထွက်လာမှုမှ ဖြစ်ပေါ်လာသော ကြီးမားသည့် ဖိအားသည် ကံကြမ္မာ နယ်ပယ် တန်ခိုးရှင် တစ်ဦး၏ ဖိအားထက်ပင် ကျော်လွန်နေပြီဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

တစ်ချိန်တည်းပင် မှော်သင်္ကေတ လေးလုံးကို ရင်ဆိုင်ရချိန်၌ ကျူးယိုချိုက်၏ မျက်နှာပေါ်တွင် ယခင်က တစ်ခါမျှ မပေါ်ဖူးသော ခက်ထန်သည့် အမူအရာတစ်ခု ပေါ်လာသည်။ သူက ဘဝမတရားခြင်း လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မှော်သင်္ကေတ လေးလုံးက ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံနှင့်အတူ သူ့ဆီသို့ ပြေးဝင်လာကြသည်။ သူ့ပတ်လည်တွင် အဆက်မပြတ် လည်ပတ်နေရင်း ထိုလေးလုံးသည် လည်ပတ်နေသော လေဆင်နှာမောင်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

လေဆင်နှာမောင်း လည်ပတ်နေစဉ် ပဉ္စမမြောက် သမုဒ္ဒရာမှ အနက်ရောင် သားရေသံချပ်ကာ ဝတ်ဆင်ထားသူများ ချက်ချင်း တင်ပလ္လင်ခွေ ထိုင်ချလိုက်ကြပြီး သူတို့ ခန္ဓာကိုယ်များမှာ ပဉ္စမမြောက် သမုဒ္ဒရာ အတွင်းရှိ မြူခိုးများထဲသို့ ချက်ချင်း ပျောက်ကွယ်သွားကြသည်။

သူတို့အားလုံး ပျောက်ကွယ်သွားပြီး လေဆင်နှာမောင်းက ပိုမို မြန်ဆန်စွာ လည်ပတ်လာသောအခါ ကောင်းကင်ယံသို့ တက်သွားသည့် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်သံ ပဉ္စမမြောက် သမုဒ္ဒရာအတွင်း ချက်ချင်း ထွက်ပေါ်လာသည်။ ပဉ္စမမြောက် သမုဒ္ဒရာ တစ်ခုလုံး ထိုအခိုက်အတန့်တွင် စတင် လည်ပတ်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ ဧရိယာ တစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်သွားသည့် ဧရာမ ရေဝဲကြီး တစ်ဝဲအား ဖန်တီးလိုက်သည်။ ၎င်း၏ လှိုင်းလုံးများက စကြာဝဠာ တစ်ခုလုံးကို တုန်ခါသွားစေသည်။

ထိုအခိုက်အတန့်တွင် ရေဝဲကြီး လည်ပတ်နေပြီး သမုဒ္ဒရာထဲရှိ မြူခိုးများ စုဝေးလာသည်နှင့် ဧရာမ မျက်နှာကြီး တစ်ခု ပဉ္စမမြောက် သမုဒ္ဒရာထဲတွင် ချက်ချင်း ဖြစ်တည်လာသည်။ ထိုမျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ပဉ္စမမြောက် သမုဒ္ဒရာထဲမှ ထွက်ပေါ်လာသောအခါ စကြာဝဠာ၊ လောကကြီးနှင့် နဂါးငွေ့တန်းဆီသို့ စကားတစ်ခွန်းတည်း ပြောလိုက်သည်။

"ပျော်ရွှင်ခြင်း"

ဤစကားလုံး ပေါ်လာသောအခါ ကျူးယိုချိုက်ကို ဝန်းရံထားသည့် လေဆင်နှာမောင်းထဲမှ တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံကြီး တစ်သံ ချက်ချင်း ထွက်ပေါ်လာသည်။

"ဒေါသ" ထိုအသံ ထပ်မံ ပေါ်လာပြန်သည်။

"ဝမ်းနည်းခြင်း"

"နာကြည်းခြင်း"

ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားသော ထိုဧရာမ မျက်နှာကြီးက စကားလုံး တစ်လုံးစီ ပြောလိုက်တိုင်း သူ့မျက်နှာသည်လည်း ပြောင်းလဲသွားပြီး ကျူးယိုချိုက်ကို ဝန်းရံထားသော လေဆင်နှာမောင်းကလည်း ကောင်းကင်နှင့် မြေကြီးအား တုန်ခါသွားစေမည့် ကျယ်လောင်သော ပေါက်ကွဲသံကြီးများကို ထုတ်လွှတ်သည်။

လေဆင်နှာမောင်းထဲရှိ ကျူးယိုချိုက်၏ မျက်နှာမှာ မှုန်ကုပ်နေသော်လည်း ဖြူရော်နေသည်။ သူ၏ ခန္ဓာကိုယ် တစ်ကိုယ်လုံး ပုံပျက်သွားစဉ် ညာလက်ရှိ ဘဝမတရားခြင်း လှံရှည်ကို မြှောက်ကာ အောက်သို့ လျင်မြန်စွာ ထိုးချလိုက်သည်။

"သေခြင်းရှင်ခြင်း၏ မမြဲသော သဘောတရား"

[မှတ်ချက်- Impermanence (မမြဲခြင်း) သည် ဗုဒ္ဓဘာသာရှိ လက္ခဏာရေးသုံးပါးမှ အနိစ္စသဘောတရားကို ရည်ညွှန်းပြီး သေခြင်းရှင်ခြင်းမှာ ကြိုတင်ခန့်မှန်း၍ မရနိုင်ကြောင်း အဓိပ္ပာယ်ရသည်။]

သူ ဤစကားလုံးများကို ရေရွတ်လိုက်သည်နှင့် သူ့ခြေရင်းရှိ လှံရှည်ထံမှ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာပြီး အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ ဤအလင်းတန်းက ဧရိယာ တစ်ခုလုံးကို ဖြတ်သန်းသွားပြီး လေဆင်နှာမောင်းနှင့် မှော်သင်္ကေတ လေးလုံးအား ဝင်တိုက်သည်။ လောကကြီး ဟိန်းဟောက်သွားစဉ် လေဆင်နှာမောင်းသည် လူတိုင်း၏ မျက်စိရှေ့တွင် ခဏမျှ လည်ပတ်မှု ရပ်တန့်သွားပြီးနောက် ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပြိုကွဲ ပျောက်ကွယ်သွားသည်။ လှုံ့ဆော်လိုက်သော ရိုက်ခတ်မှုက ပဉ္စမမြောက် သမုဒ္ဒရာ တစ်လျှောက် တိုက်ခတ်သွားပြီး လေဆင်နှာမောင်း ပြိုကွဲသွားသည်နှင့် အနက်ရောင် အလင်းတန်း တစ်တန်းက လျင်မြန်စွာ ပစ်ထွက်သွားကာ ပဉ္စမမြောက် သမုဒ္ဒရာထဲရှိ မျက်နှာဆီသို့ ပြေးဝင်သွားသည့် အလင်းတန်းရှည် တစ်တန်းအဖြစ် ပြောင်းလဲသွားသည်။

ပေါက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာသည်။

ပဉ္စမမြောက် သမုဒ္ဒရာမှ မျက်နှာကြီးနှင့် လှံရှည်တို့ ဝင်တိုက်မိသည့် အခိုက်အတန့်တွင် ၎င်းသည် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသည်။ တစ်ချိန်တည်းပင် ပြိုကွဲသွားသော လေဆင်နှာမောင်းက အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားသောအခါ မှော်သင်္ကေတ လေးလုံးသည် အပြင်သို့ လွင့်ထွက်သွားပြီး ဟင်းလင်းပြင် အလယ်တွင် ပုံရိပ်လေးရိပ် အဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့က သွေးတစ်ပွက် အန်ချလိုက်ပြီး ခေါင်းကို လျင်မြန်စွာ မော့ကာ ကျူးယိုချိုက်အား အေးစက်စွာ ကြည့်လိုက်ကြသည်။

ဟင်းလင်းပြင်တွင် ရပ်နေသော ကျူးယိုချိုက်၏ မျက်နှာမှာ ဖြူရော်နေသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသောအခါ သူ ယိမ်းယိုင်သွားပြီး စုမင် ဘေးရှိ ကျိုးပဲ့နေသော ကျောက်တုံးဆီသို့ ပြုတ်ကျသွားသည်။ သူ့ခန္ဓာကိုယ် ကျသွားသည့် အခိုက်အတန့်တွင် ခြေကုပ်ကို လျင်မြန်စွာ ပြန်ယူလိုက်ပြီး ညာလက်အား မြှောက်လိုက်သောအခါ ပဉ္စမမြောက် သမုဒ္ဒရာထဲတွင် အနက်ရောင် အလင်းတန်း တောက်ပသွားပြီးနောက် ဘဝမတရားခြင်း လှံရှည် အဖြစ် လက်ထဲသို့ ပြန်ရောက်လာသည်။ သူ မလဲကျစေရန် မိမိကိုယ်ကို ထောက်ကန်ထားဖို့ လှံရှည်အား ကျိုးပဲ့နေသော ကျောက်တုံးထဲသို့ ထိုးစိုက်လိုက်သည်။

"အဆုံးမဲ့ ဘဝသံသရာ" တောက်ပသော အလင်းတစ်ချက် ကျူးယိုချိုက်၏ မျက်လုံးများတွင် လင်းလက်သွားပြီး ဘယ်လက်ကို မြှောက်ကာ မျက်ခုံးနှစ်ခု ကြားသို့ လျင်မြန်စွာ ထောက်လိုက်သည်။

သို့သော် သူ့လက်ချောင်းထိပ်က မျက်ခုံးကြားသို့ ထိလိုက်သည့် အခိုက်အတန့်တွင် အဝေးမှ ရန်ဝူး ဘိုးဘေးက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ဤရှင်ခြင်း နယ်ပယ် တန်ခိုးရှင်က နောက်ဆုံးတော့ အဆုံးမဲ့ ဘဝသံသရာ သိုင်းပညာကို ထုတ်သုံးလိုက်ပြီ ဖြစ်သည်။

သူ၏ ရယ်မောသံ ဟင်းလင်းပြင်တွင် ပဲ့တင်ထပ်သွားသည့် အခိုက်အတန့်တွင် နောက်မှ သာမန်ပုံပေါက်သော ရန်ဝူး တစ်ဦးက ခေါင်းကို လျင်မြန်စွာ မော့လိုက်ပြီး ကျူးယိုချိုက်ဆီသို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ သူသည် အလွန် မြန်ဆန်သဖြင့် လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားသွားသည်။ သူ ရွှေ့လျားသွားသောအခါ ခန္ဓာကိုယ်က လျင်မြန်စွာ ညှိုးနွမ်းသွားပြီး အသက်ရှိုက်စာ တစ်ကြိမ် အချိန်အတွင်း အရိုးစု တစ်စုကဲ့သို့ ဖြစ်သွားသည်အထိ ပိန်ချုံးသွားသည်။ ကျူးယိုချိုက် ဘေးတွင် ပေါ်လာသည့် အခိုက်အတန့်တွင် သူြခန္ဓာကိုယ်က ဤအမြန်နှုန်းအောက်၌ အမှုန့်များအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။

သို့သော် ထိုအမှုန့်များက ကျူးယိုချိုက်၏ ခေါင်းကို ဆုပ်ကိုင်မည့် ဧရာမ လက်ကြီး တစ်ဖက်အဖြစ် ပြောင်းလဲသွားသည်။ ရှင်ခြင်း နယ်ပယ်ကို ကျော်လွန်သော စွမ်းအားတစ်ခုက ထိုလက်ကြီးထံမှ ပျံ့နှံ့လာပြီး ၎င်းသည် သေခြင်း နယ်ပယ်၏ စွမ်းအားပင် ဖြစ်သည်။

All Chapters