← Chapters

အခန်း ၇၁၆

Vol. 35 Ch. 716

အခန်း ၇၁၆

Vol. 35 Ch. 716

အခန်း (၇၁၆)စီမံကိန်း

ချင်ကွေ့သည် ရှေ့မှ စာရွက်စာတမ်းများကို ကိုင်ဆောင်လျက် ခေတ္တမျှ တွေးတောမြော်မြင်နေချေသည်။

မြူနှင်းဂိုဏ်း၏ အကြီးအကဲကို တိုက်ခိုက်ခဲ့သောသူသည် မုန့်ချီလော့ကြောင့် လှုပ်ရှားခဲ့ခြင်း ဖြစ်ဟန်တူပေရာ ယင်းက ချင်ကွေ့အား တရားခံ၏ မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်လာစေသည်။

“ထိုလူသတ်သမား နှစ်ယောက် အတည်ပြုချက်အရ ချင်ယွမ်ဖုန်းက သေဆုံးသွားခဲ့ပြီပဲ ဥစ္စာ”

ချင်ကွေ့သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရုတ်တရက် သတိပြုမိသွားသဖြင့် တုချင်းအား အလျင်အမြန် ဆင့်ခေါ်လိုက်ချေသည်။

“ဟုတ်ပါတယ်၊ ချင်ယွမ်ဖုန်းကို ထိပ်သီးလူသတ်သမား နှစ်ယောက်ဖြစ်တဲ့ တုန်ကော်နဲ့ ရှီးလျူတို့က သတ်ပစ်ခဲ့တာပါ။ သူတို့တွေက ချင်ယွမ်ဖုန်း သေဆုံးကြောင်းကို အသေအချာ အတည်ပြုပြီးမှ အလောင်းကို ပင်လယ်ထဲ ပစ်ချခဲ့တာမို့ ပင်လယ်မိစ္ဆာတွေရဲ့ အစာ ဖြစ်သွားခဲ့ပါပြီ” ဟု တုချင်းက လျှောက်တင်လေသည်။

ချင်ကွေ့က ခေါင်းညိတ်ပြလျက် “ဒါဆို အဲဒီလူသတ်သမား နှစ်ယောက်က အခု ဘယ်မှာလဲ” ဟု မေးမြန်းပြန်သည်။

တုချင်းက ခဏမျှ စဉ်းစားပြီးနောက် “ရှီးလျူကတော့ အပြင်မှာ တာဝန်တစ်ခု ထမ်းဆောင်နေပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားက မလုံလောက်သေးတော့ ပလက်တီနမ်တံဆိပ်ဆင့် တာဝန်တွေက သူတို့အတွက် နည်းနည်း ခက်ခဲနေလို့ ရွှေတံဆိပ်အဆင့် တာဝန်တွေကိုပဲ လက်ခံနေပါတယ်” ဟု ဆိုသည်။

“တုန်ကော်ကော”

“တုန်ကော်ကတော့ ပြီးခဲ့တဲ့ တာဝန်တစ်ခုမှာ မတော်တဆမှု ဖြစ်ခဲ့ပါတယ်။ သူ ပုန်းအောင်းနေတုန်း ပစ်မှတ်က ရိပ်မိသွားတာရယ်၊ အဲဒီပစ်မှတ်က တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ အစည်းအဝေးတစ်ခုကို လုပ်နေတာနဲ့ ကြုံသွားတာကြောင့် အသတ်ခံလိုက်ရပါတယ်” ဟု တုချင်းက ဆိုချေသည်။

“သေသွားပြီ ဟုတ်လား။ ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား” ဟု ချင်ကွေ့က ရေရွတ်လိုက်သည်။

“အကြီးအကဲချင်ကွေ့၊ တုန်ကော် သေဆုံးရတဲ့ နောက်ကွယ်မှာ တစ်စုံတစ်ခု လျှို့ဝှက်ချက် ရှိနေလို့လား ” ဟု တုချင်းက မေးမြန်းသည်။

ချင်ကွေ့က ဦးခေါင်းကို ခါယမ်းလျက် “ဘာမှမဟုတ်ပါဘူး။ မင်း ပြန်သွားပြီးရင် ရှီးလျူရဲ့ လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်ပါ” ဟု မိန့်ဆိုလေသည်။

“နားလည်ပါပြီ ”

တုချင်းသည် ခေါင်းညိတ်ကာ အနည်းငယ် ဝေခွဲမရဖြစ်လျက် ထွက်ခွာသွားချေသည်။

ချင်ကွေ့၏ နှုတ်ခမ်းအစုံက အဓိပ္ပာယ်ပါပါ ပြုံးယောင်သန်းသွားပြီး “ပထမဆုံး မုန့်ချီလော့ကို နှိပ်စက်ခဲ့တဲ့ အကြီးအကဲ အသတ်ခံရတယ်၊ ပြီးတော့ တုန်ကော်ကလည်း အကြောင်းပြချက်မရှိဘဲ သေဆုံးသွားပြန်တယ်။ ဒါတွေအားလုံးက တကယ်ပဲ တိုက်ဆိုင်မှုသက်သက်လား။ ဒါမှမဟုတ်...”

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် မိမိအား သံသယဝင်နေကြသည်ကို သိရှိခြင်း မရှိသေးပေ။ သူသည် လိုအပ်သည်များကို ဝယ်ယူပြီးနောက် ယမမင်းဌာနချုပ်မှ ထွက်ခွာခဲ့ပြီး လူသူဆိတ်ငြိမ်သော ထန်ဂူဒေသသို့ သွားရောက်ကာ ဆိတ်ကွယ်ရာ အရပ်တစ်ခုကို ရှာဖွေလိုက်ချေသည်။

နောက်ထပ် နှစ်ပတ်တာကာလအတွင်း ချင်ယွမ်ဖုန်းသည် လူလုံးပြခြင်း မရှိတော့ပေ။ ထန်ဂူဒေသတွင် ပုန်းအောင်းနေသော သူလျှိုများပင်လျှင် သူ၏ သဲလွန်စကို ရှာမတွေ့နိုင်ခဲ့ကြချေ။

လခွဲခန့် ကြာမြင့်သောအခါတွင်မူ ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် ခရီးစတင်ခဲ့လေသည်။ သူသည် သဲလွန်စ ဖျောက်ဖျက်ရန်အလို့ငှာ ယမမင်းဌာနချုပ်သို့ ပြန်လာပြီးနောက် နေရာပြောင်းအစီအရင်မှတစ်ဆင့် ယန်ရုအင်ပါယာသို့ ရွှေ့ပြောင်းသွားခဲ့သည်။

ခုနစ်ရက် လွန်မြောက်ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် မည်သူ့ကိုမျှ ရိပ်မိခြင်းမရှိစေဘဲ မြေနက်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဝမ်ချိုင်အား တိုးတိုးတိတ်တိတ် ဆက်သွယ်လိုက်လေသည်။

“အားလုံး အဆင်သင့်ဖြစ်ပြီ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

“မင်း တကယ်ပဲ သူ့ကို သတ်တော့မလို့လား” ဟု ဝမ်ချိုင်က မသေချာသကဲ့သို့ မေးမြန်းချေသည်။

ယခင်က ချင်ဝူယန်းနှင့် စိန်ခေါ်တိုက်ခိုက်စဉ်ကပင် ချင်ယွမ်ဖုန်းသည် သူ့ကို သတ်ရန် အကြံမရှိခဲ့ဘဲ တောင်းပန်စကားကိုသာ လိုလားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုမူ ချင်ယွမ်ဖုန်းသည် သတ်ဖြတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်ချေသည်။

“ဒီနည်းလမ်းပဲ ရှိတယ်၊ မဟုတ်ရင် ငါ စိတ်အေးလက်အေး နေနိုင်မှာ မဟုတ်ဘူး” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆိုလေသည်။

ဝမ်ချိုင်သည်လည်း ထပ်မံ၍ စကားမဆိုတော့ဘဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လျက် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ရန် ပြန်သွားခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် မြေနက်မြေ၏ အပြင်ဘက်တွင် ပုန်းအောင်းနေခဲ့သည်။ အမှန်စင်စစ် ဝိညာဉ်စွမ်းအား ရှာဖွေထောက်လှမ်းမှု အတိုင်းအတာသည် မီတာငါးထောင်ခန့် ရှိပေရာ ချင်ယွမ်ဖုန်းက အဝေးတွင် ပုန်းကွယ်နေသော်လည်း ချင်ဝူယန်းဟု သံသယရှိရသော ထိုလျှို့ဝှက်ဆန်းကြယ်သူသည် ထပ်မံပေါ်ပေါက်လာခြင်း မရှိတော့ပေ။

နောက်ထပ် တစ်လတာကာလ ကုန်လွန်သွားခဲ့ပြီး အရာအားလုံးက ယခင်အတိုင်းပင် ဖြစ်ပျက်နေသော်လည်း ချင်ယွမ်ဖုန်းသည် လူရိပ်တစ်ခုကို စူးရှစွာ သတိပြုမိလိုက်ချေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သူပင် ဖြစ်ပေသည်။

“အခုထိ လက်မလျှော့သေးဘူးပဲ”

ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လျက် သူ၏ ဝိညာဉ်စွမ်းအားကို အလျင်အမြန် ရုပ်သိမ်းလိုက်သည်။ ထိုလျှို့ဝှက်သူသည် မိမိ၏ ဝိညာဉ်စွမ်းအားကို ခံစားသိရှိနိုင်ကြောင်း သူ သိထားသဖြင့် ယင်းကသာ လန့်ဖျန့်မသွားစေရန် ရှောင်ရှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ချေသည်။

“ဝမ်ချိုင်၊ အခု မင်းအလှည့် ရောက်ပြီ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ထိုစဉ် မြေနက်မြေပေါ်၌ ရှိနေသော ဝမ်ချိုင်သည် ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအား မငြိမ်မသက် ဖြစ်သွားသည်ကို ရုတ်တရက် ခံစားမိလိုက်သဖြင့် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ချေသည်။

အဘယ်ကြောင့်ဆိုသော် အကယ်၍ ထိုလျှို့ဝှက်သူကို မြင်တွေ့ရပါက ဝိညာဉ်စွမ်းအားဖြင့် သတိပေးရန် ချင်ယွမ်ဖုန်းနှင့် သူ ကြိုတင်သဘောတူထားခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ဝမ်ချိုင်သည် ခဏမျှ တွေးတောပြီးနောက် ကုန်သည်ကြီးများအသင်းမှ ထွက်ခွာကာ အစီအရင်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

ဤအချိန်တွင် မသေမျိုးနန်းတော်အတွင်း၌ ချန်ဒါချောင်၊ ချန်ရှောင်ချောင်နှင့် အခြားသူများသည် လုံ့လစိုက်ထုတ်၍ ကျင့်ကြံနေကြဆဲ ဖြစ်သည်။

၎င်းတို့သည် ကျင့်ကြံခြင်းကို အရှိန်မြှင့်ရန်အလို့ငှာ ချိုင့်ဝှမ်းအပြင်ဘက်ရှိ အချိန်စီးဆင်းမှု ကွဲပြားသော နေရာသို့ပင် သွားရောက် ကျင့်ကြံကြချေသည်။

ရှောင်ဟေးသည်လည်း သူ၏ ကျင့်စဉ်အဆင့် တိုးတက်မှုကို အရှိန်မြှင့်ရန်အတွက် မြေနက်မြေဘေးတွင် နေထိုင်ကာ သန့်စင်သော နတ်ရေစင်နှင့် ဝိညာဉ်ဆေးပင်အမျိုးမျိုးကို ကြိုးစားပမ်းစား စားသုံးနေသည်။

ယခင်တိုက်ပွဲများတွင် သူသည် မည်သည့်အကူအညီမျှ မပေးနိုင်ခဲ့ချေ။

ဝမ်ချိုင်သည် ချိုင့်ဝှမ်းအတွင်းသို့ လျှောက်လှမ်းဝင်လာပြီး ကျင့်ကြံနေကြသော ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

“ဝမ်ချိုင်၊ ဘာဖြစ်လို့လဲ” ဟု ချန်ရှောင်ချောင်က မျက်လုံးများကို ဖွင့်လျက် စုစုစမ်းစမ်း မေးမြန်းသည်။

ဝမ်ချိုင်က လူသားအသွင်သို့ ဖြည်းညင်းစွာ ပြောင်းလဲလိုက်ပြီး ပြုံးလျက် “မင်းတို့ အခုတလော ကြိုးကြိုးစားစား ကျင့်ကြံနေတာ မြင်လို့ လာကြည့်တာပါ” ဟု ဆိုသည်။

ချန်ဒါချောင်ကလည်း မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဝမ်ချိုင်ကို ကြည့်ကာ ပြုံးလိုက်ချေသည်။

“ဝမ်ချိုင်၊ နင် လူသားအသွင်ပြောင်းလိုက်တော့ တော်တော်ချောတာပဲ။ အပြင်ထွက်ပြီး မိန်းကလေးတွေကို ငမ်းလို့ရတယ်”

ဝမ်ချိုင်က အနည်းငယ် မာန်တက်သွားဟန်ဖြင့် “ဒါနဲ့ စကားမစပ်၊ မင်းတို့ ဒီလိုပဲ အမြဲတမ်း ပင်ပန်းခံနေတာ မကောင်းဘူးဆိုတာ ငါ သတိထားမိလို့။ ကျင့်ကြံခြင်းရဲ့ မှန်ကန်တဲ့ နည်းလမ်းက အလုပ်နဲ့ အနားယူမှုကို မျှတအောင် လုပ်ရမှာ။ နန်ဝူးမြို့ကို သွားပြီး လမ်းလျှောက်ထွက်ကြရင် မကောင်းဘူးလား” ဟု ပြောလေသည်။

“ဒါပေမဲ့...”

ချန်ရှောင်ချောင်က အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလျှို့ဝှက်သူသည် ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေနိုင်ပြီး ၎င်းတို့ကို အချိန်မရွေး တိုက်ခိုက်လာနိုင်သောကြောင့် ဖြစ်ချေသည်။

“စိတ်မပူပါနဲ့၊ ငါ မင်းတို့နဲ့အတူ လိုက်ခဲ့မှာပဲ။ ပြီးတော့ အဲ့လျှို့ဝှက်သူက အခုထိ ရောက်မလာသေးဘူးဆိုတော့ သူ လက်လျှော့သွားပြီ ထင်ပါတယ်” ဟု ဝမ်ချိုင်က ပြုံးလျက် ဆိုသည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကြချေသည်။

၎င်းတို့သည် အသက်အရွယ်အားဖြင့် ငယ်ရွယ်ကြသေးရာ ဤနေရာတွင်ချည်း အမြဲပိတ်မိနေပါက ပျင်းရိဖွယ်ရာ ကောင်းလှသဖြင့် တစ်ခါတစ်ရံတွင် မြေနက်မြေ ကုန်သည်ကြီးများအသင်းသို့ သွားရောက်ကာ ကူညီပေးလေ့ ရှိကြပေသည်။

“ဒါဆိုရင်တော့ ငါတို့ နှစ်ရက်လောက် သွားကြတာပေါ့၊ မနက်ဖြန်ညကျရင် ပြန်လာခဲ့မယ်” ဟု ချန်ဒါချောင်က ဆိုသည်။

ဝမ်ချိုင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ၎င်းတို့သည် ချင်နန်နှင့် အခြားမိန်းကလေးများကို သွားရောက်ခေါ်ဆောင်ကြချေသည်။

ယောက်ျားလေးများကမူ ဈေးဝယ်ထွက်ခြင်းကို စိတ်မဝင်စားကြသဖြင့် ကျန်ရစ်ခဲ့ကြလေသည်။

ပိုင်ဖုန်းမှလွဲ၍ မိန်းကလေး ခြောက်ယောက်အဖွဲ့သည် အပြင်သို့ ပြေးထွက်သွားကြတော့သည်။

ပိုင်ဖုန်းသည် မိမိ ဤနေရာသို့ လာရောက်ခြင်းမှာ ပိုမိုသန်မာလာစေရန်နှင့် ချင်ယွမ်ဖုန်းကို အနိုင်ယူရန်အတွက် ဖြစ်ကြောင်း အမြဲနှလုံးသွင်းထားသူ ဖြစ်သည်။ ယခုအခါ ချင်ယွမ်ဖုန်း သေဆုံးသွားပြီ ဖြစ်သဖြင့် သူမ ထွက်ခွာသွားနိုင်သော်လည်း ဆက်လက် နေထိုင်နေခဲ့ချေသည်။

ကူကူး၊ လင်တုံးနှင့် အခြားသူများသည် မြေနက်မြေသို့ ရောက်ရှိလာပြီးနောက် ၎င်းတို့၏ စွမ်းအားများက သိသိသာသာ တိုးတက်လာခဲ့ပေရာ ဤနေရာသည် အမှန်တကယ်ပင် ရတနာနယ်မြေတစ်ခု ဖြစ်ကြောင်း သက်သေပြနေသည်။

မြေနက်မြေ ကုန်သည်ကြီးများအသင်းသို့ ရောက်ရှိသောအခါ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် လင်ဇီအာအား အကြောင်းကြားလိုက်ကြသည်။

လင်ဇီအာသည် နန်ဝူးမြို့နှင့် အလွန်ရင်းနှီးကျွမ်းဝင်သူ ဖြစ်သဖြင့် သဘာဝကျကျပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ချန်ဒါချောင်၊ ချန်ရှောင်ချောင်တို့နှင့်အတူ လိုက်ပါရန် ကမ်းလှမ်းခဲ့ချေသည်။

မကြာမီတွင် ၎င်းတို့သည် မြေနက်မြေမှ ထွက်ခွာခဲ့ကြပြီး နန်ဝူးမြို့ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြတော့သည်။

သားရဲများက ရထားလုံးကို ဆွဲခေါ်နေခြင်းကြောင့် အလွန်ပင် လျင်မြန်လှပေရာ ဝမ်ချိုင်သည်လည်း အားလုံးနှင့်အတူ လိုက်ပါသွားခဲ့သည်။

အစီအရင်၏ အပြင်ဘက်တွင်မူ ချင်ယွမ်ဖုန်း၏ ရင်းနှီးသော လူယုံများ မရှိတော့ဘဲ ကျန်ရှိနေသူများမှာ လင်ဇီအာ ငှားရမ်းထားသော လူများသာ ဖြစ်ချေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သူသည် ၎င်းတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဝေးမှနေ၍ တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါသွားခဲ့တော့သည်။

နှစ်နာရီခန့် ကြာမြင့်သောအခါတွင်မူ ထိုအဖွဲ့သည် ရထားလုံးဖြင့် ကွမ်နေးတောင်တန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ဤတောင်တန်းသည် ဆေးနတ်ဘုရားဂိုဏ်းနှင့် နန်ဝူးမြို့အကြားတွင် တည်ရှိပေသည်။

“ဒုက္ခပါပဲ၊ ငါ ပစ္စည်းတစ်ခု ယူဖို့ မေ့ကျန်ခဲ့လို့။ မင်းတို့ အရင်သွားနှင့်ကြပါ၊ ငါ ခဏလောက် ပြန်သွားလိုက်ဦးမယ်” ဟု ဝမ်ချိုင်က အားနာဟန်ဖြင့် အလျင်အမြန် ပြောဆိုလိုက်ချေသည်။

All Chapters