← Chapters

အခန်း ၇၂၁

Vol. 36 Ch. 721

အခန်း ၇၂၁

Vol. 36 Ch. 721

အခန်း (၇၂၁) မိတ်ဆွေဟောင်းကြီး

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် နန်ဝူးမြို့သို့ ရောက်ရှိလာကြသော်လည်း ယင်းတို့၏ နှလုံးသားထဲတွင်မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ကိုယ်စီ ရှိနေကြချေသည်။

အစောပိုင်းက ကြားလိုက်ရသော ပေါက်ကွဲသံမှာ အဘယ်အရာဖြစ်သနည်း။ ထို့နောက်တွင် ဆက်တိုက်ထွက်ပေါ်လာသည့် နဂါးဟိန်းသံကြီးကကော အဘယ်နည်း။

အားလုံး၏ တင်းမာနေသော မျက်နှာအမူအရာများကို မြင်သောအခါ လင်ဇီအာက အားတင်း၍ ပြုံးလိုက်၏။

“ဝမ်ချိုင်က ငါတို့ကို စိတ်လျှော့ထားဖို့ ပြောခဲ့တာပဲ၊ ဒါပေမဲ့ မင်းတို့အားလုံးက ဒီလောက်တောင် တင်းမာနေကြတာလား။ ဒီလိုဆိုရင် သူ့ရဲ့ စေတနာတွေကို အလဟဿ ဖြစ်စေရာ ရောက်နေပြီ မဟုတ်လား”

“ဒါပေမဲ့ ဝမ်ချိုင်က တကယ်ပဲ အဆင်ပြေပါ့မလား” ထိုစဉ် ကူကူးက ဝင်၍ မေးလိုက်လေသည်။

သူမသည် မြေနက်မြေသို့ ရောက်ရှိလာကတည်းက ဤနေရာ၏ ဆွဲဆောင်မှုတွင် နစ်မျောနေခဲ့ရချေသည်။ စကားပြောတတ်သော ခွေးများ၊ ဆန်းကြယ်သော ကုန်းမြေ၊ အဖိုးတန်လှသည့် သန့်စင်သော နတ်ရေစင် စသည်ဖြင့် ဤနေရာတွင် မည်သည့်အရာကမျှ ထူးဆန်းမနေတော့ပေ။

သူမသည် ဤနေရာကို အမှန်တကယ် နှစ်သက်စုံမက်သွားခဲ့ရာ ချင်ယွမ်ဖုန်း သေဆုံးသွားသည့် သတင်းကို ကြားရပြီးနောက်တွင်လည်း ချင်ယွမ်ဖုန်းအတွက် ကလဲ့စားချေနိုင်ရန် ကျင့်ကြံခြင်း၌ ကြိုးစားအားထုတ်မည်ဟု တွေးတောထားခဲ့သည်။

“စိတ်မပူပါနဲ့၊ အနည်းဆုံးတော့ အခု ငါတို့ ဘေးကင်းနေပြီပဲ။ ဒါက ဝမ်ချိုင် အဆင်ပြေနေပြီး ငါတို့ဆီကို အသေအချာ လာပူးပေါင်းလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့”

လင်ဇီအာက လေးနက်စွာ ပြောကြားလိုက်၏။ “နောက်ပြီးတော့ ငါတို့ စူးစမ်းလေ့လာဖို့ နေရာတစ်ခု ရှာကြရအောင်”

အားလုံးက လင်ဇီအာ၏ စကားကို သဘောတူသည့်အနေဖြင့် ခေါင်းငြိတ်ကြလေသည်။ ယင်းတို့ စိုးရိမ်ပူပန်နေကြသော်လည်း မျက်နှာပေါ်တွင်မူ ထုတ်ဖော်မပြသကြပေ။

ချင်ယွမ်ဖုန်း နိုးလာချိန်တွင် မှောင်နေပြီဖြစ်ရာ သူက ရုတ်တရက် ဝုန်းကနဲ ထထိုင်လိုက်မိသည်။

ဝမ်ချိုင်က ချင်ယွမ်ဖုန်း၏ မျက်နှာချင်းဆိုင်တွင် ပြုံးရွှင်သော မျက်နှာထားဖြင့် ထိုင်နေချေသည်။

“ဟူး၊ တကယ်ပဲ အလွန်အကျွံ ဖြစ်သွားတာလား။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက နဝမအဆင့် ဘိုးဘေးနယ်ပယ် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေတာကိုး” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ညည်းတွားလိုက်သည်။

ဝမ်ချိုင်က ပြုံး၍ “မင်းက တကယ်ကို စွမ်းဆောင်နိုင်ရည် ရှိပါတယ်၊ ချင်ဝူယန်းကို သတ်နိုင်ခဲ့တာပဲ။ ဒဏ်ရာ အနည်းငယ်ပဲ ရခဲ့တာ မဟုတ်လား” ဟု ပြောလေသည်။

ချင်ယွမ်ဖုန်းက မိမိ၏ ဒဏ်ရာများကို စစ်ဆေးကြည့်ရာ ‘ဖီးနစ်ငှက်၏ ပျက်သုဉ်းခြင်း’ တိုက်ကွက်ကို ကြံ့ကြံ့ခံခဲ့ရသည့်အပြင် သူ၏ ဝိညာဉ်လည်း အနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း တွေ့ရှိရချေသည်။

အဘယ်ကြောင့်ဆိုသော် အစောပိုင်းက သူသည် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို အသုံးပြုစဉ်တွင် သူ၏ ဝိညာဉ်စွမ်းအားကို ချင်ဝူယန်းက တိုက်ရိုက် လောင်မြိုက်ပစ်ခဲ့သောကြောင့် ဖြစ်ပေရာ အဆုံးသတ်တွင်မူ သူက အားလုံးကို အံကြိတ်ခံနိုင်ခဲ့ချေသည်။

“အခုတော့ ငါ နည်းနည်း စိတ်အေးသွားရပြီ” ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်၏။

ဝမ်ချိုင်က ခေါင်းငြိတ်လျက် “ချင်ဝူယန်း မရှိတော့ရင် မြေနက်မြေက လူတွေကို လာရှုပ်ချင်တဲ့ ဘယ်သူမဆို ငါ သဘောတူ၊ မတူဆိုတာကို အရင် လာမေးရလိမ့်မယ်” ဟု ဆိုသည်။

“မင်းလည်း ပင်ပန်းသွားပြီ၊ ကျေးဇူးပါပဲ” ချင်ယွမ်ဖုန်းက ဝမ်ချိုင်၏ မျက်နှာကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

အကယ်၍ ဝမ်ချိုင်သာ မရှိခဲ့ပါက မြေနက်မြေသည် ချင်ဝူယန်း၏ သတ်ဖြတ်ခြင်းကို ကြာမြင့်စွာကတည်းက ခံခဲ့ရတန်ရာသည်။

“ဒီလောက် ယဉ်ကျေးမနေစမ်းပါနဲ့၊ ငါတို့က မိသားစုတွေလိုပဲဥစ္စာ” ဝမ်ချိုင်က ရယ်မောလျက် ပြော၏။ “ဒါပေမဲ့ မင်း သတိထားရမယ်နော်၊ ချင်ဝူယန်း သေသွားပေမဲ့ တခြား ရန်သူတွေ ရှိနေဦးမှာပဲ”

“ငါ သိပါတယ်၊ အခု ငါက ယမမင်းရဲ့ လူသတ်သမား တစ်ယောက် ဖြစ်နေပြီလေ” ချင်ယွမ်ဖုန်းက ဆိုသည်။

ဝမ်ချိုင်၏ မျက်လုံးများ ပြူးကျယ်သွားချေသည်။ ချင်ယွမ်ဖုန်းက ယမမင်းအဖွဲ့သို့ ဝင်ရောက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ဤသည်က အန္တရာယ်အရှိဆုံးနေရာသည် အဘေးကင်းဆုံးနေရာ ဖြစ်သည်ဟူသော ဒဏ္ဍာရီလာ စကားအတိုင်း ဖြစ်နေပေရာသလော။

အမှန်စင်စစ် ချင်ယွမ်ဖုန်းက ရန်သူ၏ နံဘေးတွင် ကပ်၍ ပုန်းအောင်းနေလိမ့်မည်ဟု မည်သူမျှ တွေးမိလိမ့်မည် မဟုတ်ချေ။

ချင်ယွမ်ဖုန်းက အဘယ်ကြောင့် သူ၏ မျက်နှာကို တမင်တကာ အကျည်းတန်အောင် လုပ်ထားရသနည်းဟူသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ရ၏။ ဤသည်မှာ သူတစ်ပါး မှတ်မိခြင်းမှ ရှောင်လွှဲရန် ဖြစ်ချေသည်။

ထို့နောက် ဝမ်ချိုင်က ချင်ယွမ်ဖုန်း ပျောက်ကွယ်နေခဲ့သည့် နှစ်နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြောပြပြီး ချင်ယွမ်ဖုန်းကလည်း ပင်လယ်ပြင်တွင် သူ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည် ပြောပြလေသည်။

ထိုသို့ဖြင့် ယင်းတို့နှစ်ဦးသည် မိတ်ဆွေဟောင်းများပီပီ အချိန်အကြာကြီး စကားစမြည် ပြောဆိုဖြစ်ခဲ့ကြသည်။

လမင်းသည် သစ်ပင်ထိပ်ဖျားသို့ မြင့်တက်လာပြီး အချိန်တော်တော် မိုးချုပ်နေပြီဖြစ်သည်ကို မြင်သောအခါ ချင်ယွမ်ဖုန်းက ဖြည်းညှင်းစွာ ထရပ်လိုက်၏။

“ကဲ ငါတို့ ဒီမှာတင် လမ်းခွဲကြရအောင်၊ ငါ ယမမင်းဆီကို ပြန်သွားဖို့ လိုတယ်၊ အဲဒီမှာ ငါ ရှာနေတဲ့ အချက်အလက်တွေကို စုံစမ်းနိုင်ဖို့ မျှော်လင့်တာပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

ဝမ်ချိုင်က ခေါင်းငြိတ်ကာ “ငါ နားလည်ပါတယ်၊ မင်း ပြန်ရောက်နေတာကို ချန်ဒါချောင်နဲ့ ချန်ရှောင်ချောင်တို့ကို ငါ ပေးမသိပါဘူး။ မင်းလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါဦး” ဟု ပြောလေသည်။

ထိုသို့ဖြင့် ယင်းတို့နှစ်ဦးသည် နှုတ်ဆက်စကား ဆိုကာ လမ်းခွဲ ထွက်ခွာသွားကြတော့သည်။

မထွက်ခွာမီ ချင်ယွမ်ဖုန်းသည် ဟင်းလင်းပြင် နေရာပြောင်းလဲခြင်းကို ပိတ်ဆို့နိုင်သော မှော်လက်နက်ကို ပြန်လည် သိမ်းဆည်းခဲ့ချေသည်။

ဝမ်ချိုင်သည် နန်ဝူးမြို့ဆီသို့ ဦးတည်ထွက်ခွာခဲ့၏။ အန္တရာယ်ကြီးလှသော အာဃာတကောင်ကြီး ချင်ဝူယန်းကို သုတ်သင်နိုင်ခဲ့သော်လည်း ချင်ယွမ်ဖုန်းတွင် ရန်သူများစွာ ရှိနေသေးပေရာ ထိုရန်သူများသည် သူနှင့် နီးစပ်သူများကိုပင် ပစ်မှတ်ထားလာနိုင်ချေသည်။

ရှာမိသားစုက ထိုသို့သော သဘောရှိသဖြင့် ဝမ်ချိုင်သည် ယင်းတို့ကို ကာကွယ်ရန်အတွက် ဘေးနားတွင် ဆက်ရှိနေဖို့ လိုအပ်ပေသည်။

ကွမ်နေးတောင်တန်းမှ ထွက်ခွာပြီးနောက် ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ ပျက်စီးရာ နယ်မြေဆီသို့ ပြန်လာခဲ့၏။

ယခုအချိန်တွင် ဤနေရာသည် စွန့်ပစ်မြေရိုင်းတစ်ခု ဖြစ်နေပြီဖြစ်ရာ မည်သူမျှ လာရောက် အခြေချရန် မဝံ့ရဲကြသေးချေ။

သူ ခိုလှုံနေထိုင်နိုင်မည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ချင်ယွမ်ဖုန်းသည် မိမိ၏ ဒဏ်ရာများကို စတင် ကုသလေသည်၊ တစ်ပြိုင်နက်တည်းမှာပင် သူ၏ မျက်နှာကို ဓားဖြင့် ပြန်လည် မွှန်းလိုက်ရာ ရုပ်ဆိုးဆိုးနှင့် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများ ပြန်လည် ပေါ်ထွက်လာချေသည်။

ဤသည်မှာ သူ မှတ်မိနေသော ဒဏ်ရာများနှင့် အတိအကျ တူညီလှပေသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း ပျက်စီးရာနယ်မြေမှ ထွက်ခွာခဲ့ကာ ယန်ရုအင်ပါယာဆီသို့ ပျံသန်းသွားခဲ့ပြီး ထိုမှတစ်ဆင့် ယမမင်းဌာနချုပ်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။

ဤအချိန်တွင် ချင်ယွမ်ဖုန်း၏ ဒဏ်ရာများသည် လုံးဝနီးပါး သက်သာပျောက်ကင်းသွားပြီဖြစ်ရာ သူ၏ အပြင်ပန်း အသွင်အပြင်ကို ကြည့်ရုံဖြင့် မည်သို့မျှ ရိပ်မိနိုင်မည် မဟုတ်ပေ။

ချင်ယွမ်ဖုန်းသည် တာဝန်များကို ဆက်လက် ထမ်းဆောင်ရန် စိတ်ကူးမရှိတော့ပေ။ ချင်ဝူယန်းကို သတ်ဖြတ်ပြီးနောက် သူ၏ နှလုံးသားထဲမှ အရိပ်မည်းကြီးကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ရာ ဤသည်မှာ ဆေးနတ်ဘုရားဂိုဏ်းအတွက် ကလဲ့စားချေပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

နောင်တွင်မူ ယမမင်းအဖွဲ့နှင့် မြူနှင်းဂိုဏ်းဟူသော အင်အားကြီး အဖွဲ့အစည်းနှစ်ခု ရှိနေသေးချေသည်။

ချင်ယွမ်ဖုန်းက ဤကိစ္စအတွက် အလျင်စလို မဖြစ်ခဲ့ပေ။

သူသည် နေရာပြောင်းအစီအရင်မှ လှမ်းထွက်လိုက်သည်နှင့် တစ်ပြိုင်နက် မျက်စိထဲ၌ ကနဲလင်းသွားကာ ရင်းနှီးသော ပုံရိပ်နှစ်ခုကို ရုတ်တရက် မြင်လိုက်ရချေသည်။

“ရှောင်ဟန်ချိုး...” ချင်ယွမ်ဖုန်းက မိမိဘာသာ ရေရွတ်လိုက်မိ၏။ တာဝန်စာရင်းဆိုင်းဘုတ်အောက်တွင် ရပ်နေသူမှာ အခြားသူမဟုတ်ဘဲ ရှောင်ဟန်ချိုးပင် ဖြစ်ပေသည်။

နှစ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့ပြီဖြစ်ရာ ရှောင်ဟန်ချိုး၏ ကျင့်စဉ်အဆင့်က အံ့ဩစရာကောင်းလောက်အောင် လျင်မြန်စွာ တိုးတက်လာခဲ့ချေပြီ။

ယခုအခါ သူမသည် အဆင့်မြင့် ငွေအဆင့် လူသတ်သမားတစ်ဦး ဖြစ်နေပြီဖြစ်ပြီး နောက်ထပ် အနည်းငယ်မျှ ကြိုးစားအားထုတ်ရုံဖြင့် ရွှေတံဆိပ်အဆင့် လူသတ်သမား ဖြစ်လာတော့မည် ဖြစ်သည်။

အဘိုးအိုသူတောင်းစားမှာမူ ယခင်အတိုင်းပင် ရှိနေသော်လည်း ညစ်ပတ်ပေရေခြင်း မရှိတော့ဘဲ ချမ်းသာသော မြေရှင်တစ်ဦးကဲ့သို့ သပ်ရပ်သန့်ရှင်းနေချေသည်၊ သူက ရှောင်ဟန်ချိုးကို အလိုလိုက်အကြိုက်ဆောင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေ၏။

တစ်ချက်မျှ ကြည့်ပြီးနောက် ချင်ယွမ်ဖုန်းသည် သူ၏ အကြည့်ကို လွှဲလိုက်ကာ ယမမင်းဌာနချုပ်၏ အပြင်ဘက်သို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။

သူသည် ရှောင်ဟန်ချိုးနှင့် အဘိုးအိုသူတောင်းစားတို့ကို သွားရောက် နှုတ်ဆက်ရန် စိတ်ကူးမရှိခဲ့ပေ။

ရှောင်ဟန်ချိုးသည် တစ်စုံတစ်ခုကို ခံစားမိပုံရကာ ရုတ်တရက် လှည့်ကြည့်လိုက်၏။

အဘိုးအိုသူတောင်းစားပင်လျှင် တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် ချင်ယွမ်ဖုန်းရှိရာသို့ လှည့်ကြည့်လာချေသည်။

သူမ၏ ပတ်ပတ်လည်တွင် လူသတ်သမားများက ဝိုင်းအုံနေကြသည်။ ရှောင်ဟန်ချိုးသည် အလွန်လှပသော မိန်းမပျိုတစ်ဦး ဖြစ်သဖြင့် ယမမင်းဌာနချုပ်တွင် သူမကို ဝိုင်းချစ်နေကြသူများစွာ ရှိချေသည်။

သို့သော်လည်း အဘိုးအိုသူတောင်းစား၏ စူးရှသော အကြည့်အောက်တွင်မူ မည်သူမျှ ရှောင်ဟန်ချိုးကို တကယ်တမ်း မထိရဲကြဘဲ ဖားပြားကာ မျက်နှာလိုမျက်နှာရ လုပ်ရန်သာ ကြိုးစားနေကြရသည်။

“မိန်းကလေး ရှောင်ဟန်ချိုး၊ အဲဒါ လောလောလတ်လတ် ယမမင်းကို ဝင်လာတဲ့ နာမည်ကြီးလေ။ လအနည်းငယ်အတွင်းမှာပဲ ကြေးညိုအဆင့် လူသတ်သမားကနေ ရွှေတံဆိပ်အဆင့်အထိ တိုးမြှင့်ခံရတာ၊ သူ့ရဲ့ အရှိန်က တကယ့်ကို ပျံတက်သွားသလိုပဲ။

ပြီးတော့ အဲဒီ အာဟိုင်က သိပ်ထူးဆန်းတာပဲ”

“သိပ်ထူးဆန်းတာ ဟုတ်လား” ရှောင်ဟန်ချိုးက မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုလူသတ်သမားက ခေါင်းငြိတ်လျက် “ဟုတ်တယ်၊ သူ တာဝန်ယူတိုင်း တာဝန်စာရင်းဆိုင်းဘုတ်ပေါ်က တာဝန်အားလုံးကို သိမ်းကျုံးယူတတ်တာ။ ငါတို့ကတော့ သူ့မှာ လူသတ်ချင်တဲ့ ရူးသွပ်မှု ရှိနေတယ်လို့ သံသယဝင်ကြတယ်၊ ဒါကြောင့် သူ့ကို ‘အရူးအာဟိုင်’ လို့ အမည်ပြောင် ပေးထားကြတာပေါ့” ဟု ဆို၏။

“အရူးအာဟိုင်...” ရှောင်ဟန်ချိုးက ထိုအမည်ကို တိုးတိုးလေး ရေရွတ်ပြီးနောက် ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“အာဟိုင်”

ချင်ယွမ်ဖုန်း၏ ခြေလှမ်းများ ရုတ်တရက် တန့်သွားခဲ့သော်လည်း ယင်းမှာ ရှောင်ဟန်ချိုးက လှမ်းခေါ်လိုက်သောကြောင့် မဟုတ်ပေ။

ရှောင်ဟန်ချိုး လှမ်းခေါ်လိုက်သည့် အချိန်၌ပင် စနစ်တန်းစီ ကြီးကြပ်သူ အာယောင်ကလည်း “အာဟိုင်” ဟု လှမ်း၍ ခေါ်လိုက်လေသည်။

ချင်ယွမ်ဖုန်းက ရှောင်ဟန်ချိုးကို ဂရုမစိုက်ဘဲ အာယောင်ရှိရာသို့ လှည့်ကြည့်လိုက်၏။

“အကြီးအကဲချင်ကွေ့က နင့်ကို ဖိတ်ခေါ်နေတယ်” အာယောင်က ယခုအချိန်တွင် ပိုမို ရိုသေကိုင်းညွတ်သောအမူအရာ ပြသနေချေသည်။ အရှင်ချင်ကွေ့၏ ဆင့်ခေါ်ခြင်းကို ခံရသည်မှာ လူသတ်သမားတစ်ဦးအတွက်မူ ကြီးမားလှသော ဂုဏ်သရေတစ်ခု ဖြစ်ပေသည်။

All Chapters