← Chapters

အခန်း ၇၃၉

Vol. 36 Ch. 739

အခန်း ၇၃၉

Vol. 36 Ch. 739

အခန်း (၇၃၉) - မသေမျိုးဘုရင်

သို့ရာတွင် ထိုစဉ်၌ပင် ချင်ယွမ်ဖုန်း ဖျက်ဆီးပစ်လိုက်သော ဝိညာဉ်အဆောင်ပုံရိပ်များထဲမှ မဟူရာမြူခိုးတစ်စသည် ရုတ်ချည်း လွင့်ပျံထွက်လာချေသည်။

ယင်းမြူခိုးသည် လျင်မြန်စွာပင် မဟူရာအရိပ်ဆိုးတစ်ခုအသွင်သို့ ဆန်းကြယ်စွာ စုစည်းသွားပြီး ချင်ယွမ်ဖုန်းအား အေးစက်စက် ကြည့်ရှုနေတော့သည်။

"လူသား... မင်းက ဒီနေရာက ဝိညာဉ်အဆောင်ပုံရိပ်တွေကို ဖျက်ဆီးပစ်လိုက်တာလား" ဟု ထိုမဟူရာအရိပ်က အေးစက်လှသော လေသံဖြင့် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းသည် ထိုရိပ်ဝါကို ကြည့်ရှုပြီးနောက် ၎င်းသည် နတ်ဘုရားသောင်းချီနယ်မြေ၌ သူမြင်တွေ့ခဲ့ဖူးသော နတ်ဆိုးဘုရင်၏ ဝိညာဉ်အစအနနှင့် အနည်းငယ် ကွဲပြားနေကြောင်း ရိပ်စားမိလိုက်သည်။

၎င်းသည် နတ်ဆိုးဘုရင် မဟုတ်ဘဲ အခြားသော မိစ္ဆာဘုရင်တစ်ပါး ဖြစ်ဟန်တူပေသည်။

သို့သော်ငြား သူတို့အားလုံးသည် မိမိတို့၏ ဝိညာဉ်ကို ခွဲခြမ်းစိတ်ဖြာ၍ အစအနတစ်ခု ချန်ထားခဲ့သည့် တူညီသော လျှို့ဝှက်ပညာရပ်ကိုသာ အသုံးပြုထားကြချေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "ငါပဲလေ... ဘာဖြစ်လို့လဲ" ဟု ဆိုသည်။

သူသည် အရှက်အကြောက်မရှိဘဲ ဝန်ခံလိုက်ခြင်းပင် ဖြစ်သည်။

ထိုမဟူရာအရိပ်သည် ချင်ယွမ်ဖုန်း၏ လျင်မြန်လှသော ဝန်ခံမှုကြောင့် အံ့အားသင့်သွားရချေသည်။

"လူသား... မင်းလုပ်ရပ်က ငါတို့မိစ္ဆာမျိုးနွယ်စုရဲ့ နှစ်ပေါင်းများစွာကြာအောင် ပြင်ဆင်လာခဲ့ရတဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်တာ သိရဲ့လား... မင်းကတော့ သေလူပဲ... မင်းဟာ မိစ္ဆာမျိုးနွယ်ရဲ့ ရန်သူတော်ကြီး ဖြစ်သွားပြီ" ဟု မဟူရာအရိပ်က ဒေါသတကြီး အော်ဟစ်လေသည်။

"ဒါဆိုရင်လည်း လာလေ" ချင်ယွမ်ဖုန်းက ရင်ဘတ်ကို မတ်မတ်ဆန့်တန်းလိုက်ပြီး အချိန်မရွေး အတိုက်ခံရန် အသင့်ရှိနေသည့် ပုံစံမျိုး ပြုလုပ်လိုက်သည်။

ထိုမဟူရာအရိပ်သည် အလွန်အမင်း ဒေါသထွက်သွားရချေသည်။

"ငါ မသေမျိုးဘုရင်က မင်းကို သတ်ပစ်မယ်"

ထိုသို့ ပြောဆိုပြီးသည်နှင့် မဟူရာအရိပ်သည် ချင်ယွမ်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။

"အရှင်မင်းကြီး... မလုပ်ပါနဲ့" ဟု ခြောက်ကပ်နေသော အလောင်းကောင်က အနောက်မှနေ၍ ပျာပျာသလဲ အော်ဟစ်တားမြစ်ရှာသည်။

သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ရွှေရောင်မိုးကြိုးလျှပ်စီးစွမ်းအားများသည် မိုးကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး မသေမျိုးဘုရင်၏ ဝိညာဉ်အစအနသည် မည်သည့်အရာမျှ ချန်ရစ်ခြင်းမရှိဘဲ ရုတ်ချည်းပင် ကွယ်ပျောက် သုဉ်းပျောက်သွားရချေသည်။

ယခုအချိန်တွင်မူ ဤနေရာရှိ ဝိညာဉ်အဆောင်ပုံရိပ်များသည် မိစ္ဆာနယ်မြေနှင့် မည်သို့မျှ ဆက်စပ်မှု မရှိတော့ပေ။

မသေမျိုးဘုရင်က နှစ်ပေါင်းမြောက်မြားစွာ အားထုတ်ကြိုးပမ်းခဲ့သည့် ပူးပေါင်းကြံစည်မှုကြီးသည် ချင်ယွမ်ဖုန်းကြောင့် ပျက်စီးခြင်းသို့ ရောက်ရှိသွားရလေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ညည်းတွားလိုက်မိသည်။ အချိန်အနည်းငယ်အတွင်းမှာပင် သူသည် မိစ္ဆာမျိုးနွယ်စုထဲမှ အရေးပါသော ခေါင်းဆောင်ကြီးနှစ်ဦးကို ရန်ငြိုးဖွဲ့မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။

ယခင်တစ်ဦးက နတ်ဆိုးဘုရင်ဖြစ်ပြီး ယခုတစ်ဦးက မသေမျိုးဘုရင် ဖြစ်ချေသည်။ ထိုသူတို့၏ အမည်နာမများသည် အလွန်ပင် အာဏာစက်ကြီးမားလှသဖြင့် သူတို့သည် ရှေးဟောင်းကမ္ဘာဦးကာလကတည်းက ရှင်သန်ကျန်ရစ်ခဲ့သော ရှေးဟောင်းမိစ္ဆာအိုကြီးများ ဖြစ်တန်ရာသည်။

"ကြွေးများတော့လည်း ဆပ်ရုံပေါ့... သန်းများတော့လည်း ဖယ်ရုံပေါ့" ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့်အလား ခေါင်းကို ခါယမ်းလိုက်မိသည်။

"မဖြစ်နိုင်တာ" ဟု ခြောက်ကပ်နေသော အလောင်းကောင်က အလွန်အမင်း ပူဆွေးသောကရောက်စွာ ငိုကြွေးလေသည်။

ထိုအလောင်းကောင်၏ မျက်နှာသည် ပုပ်ပွနေပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် ၎င်း၏ ရင်နင့်ဖွယ် ရိပ်ဝါကို ခံစားနေရဆဲပင်။

"လူသား... မင်းက သေသင့်တယ်... မင်း သေကိုသေရမယ်" ခြောက်ကပ်နေသော အလောင်းကောင်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသည်းအသန် ရုန်းကန်နေတော့သည်။

နောက်ဆုံးတွင်မူ ၎င်းကို ရိုက်နှက်နှောင်ဖွဲ့ထားသည့် သံမှိုများသည် ပြုတ်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားရချေသည်။

သို့သော်ငြား ၎င်း၏ ခြေထောက်များကို ချင်ယွမ်ဖုန်းက ချိုးဖျက်ထားခဲ့ပြီးဖြစ်ရာ ၎င်းသည် မြေပြင်ပေါ်တွင် လက်နှစ်ဖက်ကိုသာ အသုံးပြု၍ အပြင်းအထန် တွားသွားရုံသာ တတ်နိုင်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ချင်ယွမ်ဖုန်း၏ အရှေ့မှောက်သို့ ရောက်ရှိလာချေသည်။

ရွှေရောင် လျှပ်စီးအလင်းတန်းများသည် တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး ခြောက်ကပ်နေသော အလောင်းကောင်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။

"တကယ်တော့ မင်းက လွန်ခဲ့တဲ့အချိန်ကတည်းက သေဆုံးပြီးသား ဖြစ်သင့်တာ... ဒါပေမဲ့ မြူနှင်းဂိုဏ်းရဲ့ ယခင်ဂိုဏ်းချုပ်က မင်းကို နှိပ်စက်ချင်လို့ အသက်ရှင်အောင် ထားခဲ့တာပဲ... လူသားတစ်ယောက်အနေနဲ့ ငါက မင်းအတွက် စိတ်မကောင်းမဖြစ်သင့်ပေမဲ့ မင်းကို ဒီဒုက္ခကနေ လွတ်မြောက်အောင် ငါ ပို့ဆောင်ပေးပါ့မယ်"

ထိုသို့ ဆိုလိုက်ပြီးနောက် မိုးကောင်းကင်မှ ခရမ်းရောင်မီးလျှံများ ကျဆင်းလာပြီး ခြောက်ကပ်နေသော အလောင်းကောင်အား တစ်ခဏချင်းအတွင်း ဝါးမြိုသွားတော့သည်။

ခြောက်ကပ်နေသော အလောင်းကောင်သည် စူးစူးဝါးဝါး အော်ဟစ်ညည်းတွားရင်း မကြာမီမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားရချေသည်။

ထိုအလောင်းကောင် သေဆုံးသွားပြီးနောက် ရက်စက်လှသော တားမြစ်နယ်မြေအတွင်းရှိ မှိုင်းညှို့နေသော မြူခိုးများသည် လျင်မြန်စွာ ကွယ်ပျောက်သွားပြီး အပြင်ဘက်မှ နေရောင်ခြည်သည်ပင် နွေးထွေးစွာ ဖြာကျလာတော့သည်။

"အားလုံး ပြီးဆုံးသွားခဲ့ပြီပေါ့" မုန့်ချီလော့က ရှေ့သို့ လှမ်းလှောက်လာပြီး ချင်ယွမ်ဖုန်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

ချင်ယွမ်ဖုန်းက မုန့်ချီလော့ဘက်သို့ လှည့်ကာ ပြုံးပြလိုက်ရင်း "သူတို့အတွက်တော့ ပြီးဆုံးသွားပြီဆိုပေမဲ့ ငါတို့အတွက်တော့ ပြီးဆုံးဖို့ အဝေးကြီး လိုပါသေးတယ်" ဟု ဆိုသည်။

သူ ဆိုလိုသည်မှာ အပြင်ဘက်တွင် ရှိနေသော မြူနှင်းဂိုဏ်း၏ အန္တရာယ်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

သူသည် မုန့်ချီလော့ကို ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း မြူနှင်းဂိုဏ်းကမူ သူ့ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ချေ။

သူတို့သည် ယခုအချိန်တွင် အပြင်ဘက်၌ စောင့်ဆိုင်းနေကြလောက်ပြီ ဖြစ်သည်။

ထိုသူနှစ်ဦးသည် လက်ချင်းချိတ်ကာ အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ကြပြီး သူတို့၏ ခန္ဓာကိုယ်များသည် နေရောင်ခြည်အောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် တားမြစ်နယ်မြေ၏ အပြင်ဘက်၌မူ မြူနှင်းဂိုဏ်းမှ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ အချို့သည် မဟာအကြီးအကဲ၏ ညွှန်ကြားချက်အတိုင်း ယင်ကောင်တစ်ကောင်မျှပင် မလွတ်မြောက်နိုင်စေရန် ထိုနယ်မြေကို တင်းကြပ်စွာ စောင့်ကြပ်နေကြချေသည်။

သို့ရာတွင် ရုတ်ချည်းပင် သူတို့သည် မလှမ်းမကမ်းရှိ တားမြစ်နယ်မြေအတွင်း၌ တစ်စုံတစ်ခုသော ပြောင်းလဲမှု ဖြစ်ပေါ်နေကြောင်း အာရုံခံမိလိုက်ကြသည်။

ယခင်က အစဉ်အမြဲ မြူခိုးများ ဖုံးလွှမ်းနေခဲ့သော တားမြစ်နယ်မြေသည် ယခုအခါ မြူခိုးများ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။

"တားမြစ်နယ်မြေထဲမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ" ဟု တစ်စုံတစ်ဦးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

အကြီးအကဲတစ်ဦးက ခေါင်းကို ခါယမ်းလိုက်ပြီး "ဒီတားမြစ်နယ်မြေက ရှေးဟောင်းကာလကတည်းက သီးခြား တည်ရှိနေတာ... မြူနှင်းဂိုဏ်းကို သစ္စာဖောက်တဲ့သူတွေကလွဲရင် ဘယ်သူမှ အတွင်းထဲကို မဝင်ရောက်ဖူးသလို အတွင်းထဲမှာ ဘာတွေရှိလဲဆိုတာလည်း ဘယ်သူမှ မသိကြဘူး" ဟု ဆိုသည်။

ထိုစဉ်မှာပင် တားမြစ်နယ်မြေအတွင်းမှ ကမူးရှူးထိုး ပြေးလွှားလာသော ခြေသံများသည် ရုတ်တရက် ထွက်ပေါ်လာပြီး တစ်စုံတစ်ခုသော အရာများ ပြေးထွက်လာသည့်အလား ခံစားလိုက်ရချေသည်။

"သတိထားကြ" အကြီးအကဲတစ်ဦးက ရုတ်ချည်း အော်ဟစ်လိုက်သည်။

အခြားသော မြူနှင်းဂိုဏ်း၏ အတွင်းစည်းတပည့်များသည် မိမိတို့၏ ဓားရှည်များကို ထုတ်ယူကာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်ကြချေသည်။

မကြာမီမှာပင် သူတို့သည် ထိုခြေသံများ၏ အရင်းအမြစ်ကို တွေ့ရှိလိုက်ရတော့သည်။ အလောင်းကောင်မိစ္ဆာများသည် တားမြစ်နယ်မြေအတွင်းမှ ပြေးထွက်လာကြပြီး လည်ချောင်းသံဖြင့် ထူးဆန်းသော အသံများကို ပြုလုပ်နေကာ သူတို့၏ ခန္ဓာကိုယ်များသည် လွန်စွာ ပုပ်ပွနေကြချေသည်။

ထိုအလောင်းကောင်မိစ္ဆာအချို့သည် မြူနှင်းဂိုဏ်း၏ စုတ်ပြဲနေသော ဝတ်ရုံများကိုပင် ဝတ်ဆင်ထားကြဆဲ ဖြစ်သည်။

မြူနှင်းဂိုဏ်း၏ မှတ်တမ်းများအရ ရက်စက်လှသော တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်သူ အရေအတွက်သည် အလွန်နည်းပါးသော်လည်း လက်တွေ့တွင်မူ မြူနှင်းဂိုဏ်း၏ တပည့်အများအပြားသည် နောက်ဆုံး၌ ဤနေရာသို့ ရောက်ရှိခဲ့ကြဖူးချေသည်။

သူတို့ထဲမှ အချို့သည် မြူနှင်းဂိုဏ်းမှ ထွက်ခွာလိုကြသူများ ဖြစ်ပြီး အချို့မှာမူ ချစ်သူနှင့်အတူ ထွက်ပြေးတိမ်းရှောင်လိုကြသူများ ဖြစ်ကြသည်။

အကျဉ်းချုပ်ရသော် မြူနှင်းဂိုဏ်း၏ မေ့လျော့ခြင်း ခံထားရသော ထိုတပည့်များသည် ယခုအချိန်တွင် အလောင်းကောင်မိစ္ဆာများအသွင် ပြောင်းလဲကာ အပြင်သို့ ပြေးထွက်လာကြခြင်းပင် ဖြစ်သည်။

ထို့အပြင် အလယ်ပိုင်းဒေသ တောအုပ်အတွင်း၌ တည်ရှိနေခဲ့သော မိစ္ဆာသားရဲများသည်လည်း တစ်ကောင်နှင့်တစ်ကောင် ဝါးမြိုကြပြီးနောက် ကြောက်မက်ဖွယ် သတ္တဝါကြီးများအသွင်ဖြင့် အစုအပြုံလိုက် ပြေးထွက်လာကြချေသည်။

"အကြီးအကဲ... ဒါတွေက ဘာအရာတွေလဲ" တပည့်တစ်ဦးက ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ် အကြီးအကဲ... ကျွန်မတို့ ဘာလုပ်ကြမလဲ" ဟု အခြားတပည့်တစ်ဦးကလည်း ပျာပျာသလဲ မေးမြန်းရှာသည်။

"ဘာလုပ်ရမလဲ ဟုတ်လား... အကုန်လုံးကို သတ်ပစ်ကြတာပေါ့" ဟု အကြီးအကဲအချို့က ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ဆိုလိုက်ကြသည်။

ထိုသို့သော မိစ္ဆာသတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားနေရန် လိုအပ်ပါဦးမည်လော။ သူတို့သည် ယခင်က မြူနှင်းဂိုဏ်း၏ တပည့်များ ဖြစ်ခဲ့ကြလျှင်ပင် အဘယ်သို့ ဂရုစိုက်ရမည်နည်း။

မကြာမီမှာပင် ထိုမိစ္ဆာသတ္တဝါများသည် မြူနှင်းဂိုဏ်း၏ တပည့်များနှင့် အပြင်းအထန် တိုက်ခိုက်မိကြတော့သည်။ ချင်ယွမ်ဖုန်းအတွက်မူ အရေးမပါသော ထိုမိစ္ဆာများသည် မြူနှင်းဂိုဏ်း၏ တပည့်များအတွက်မူ အလွန်အစွမ်းထက်သော မိစ္ဆာများ ဖြစ်နေကြချေသည်။

အမှန်စင်စစ် ချင်ယွမ်ဖုန်းသည် ဆဋ္ဌမအဆင့်ရှိသော ဘိုးဘေးနယ်ပယ်၏ အစွမ်းထက် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်ပြီး မြူနှင်းဂိုဏ်းအတွင်း၌ပင် အနည်းဆုံး ဂိုဏ်းကြီးကြပ်သူ အကြီးအကဲအဆင့် ရှိပေသည်။

ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲအချို့ ရှိနေသဖြင့် မြူနှင်းဂိုဏ်း၏ တပည့်များသည် လောလောဆယ်တွင် ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသေးပေ။

သူတို့သည် မိစ္ဆာများကို အာရုံစိုက်၍ တိုက်ခိုက်နေကြစဉ်မှာပင် တောအုပ်အတွင်းမှ လူရိပ်နှစ်ခုသည် တဖြည်းဖြည်း ချဉ်းကပ်ထွက်ပေါ်လာချေသည်။

သူတို့သည် တားမြစ်နယ်မြေမှ လွတ်မြောက်လာခဲ့ကြသော ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့ပင် ဖြစ်သည်။

"ဒီမိစ္ဆာတွေ... သူတို့ အဆင်ပြေပါ့မလား" မုန့်ချီလော့က တိုးညှင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်မိသည်။

မုန့်ချီလော့သည် မြူနှင်းဂိုဏ်းနှင့် အဆက်အသွယ် ဖြတ်တောက်ရန် ဆုံးဖြတ်ထားခဲ့သော်လည်း သူမ၏ ယခင်တပည့်အချင်းချင်းများကိုမူ ပစ်ပယ်ထားရန် စိတ်မရက်နိုင်ရှာပေ။

"စိတ်မပူပါနဲ့... ဒီမှာ အကြီးအကဲအချို့ ရှိနေတာပဲ... သူတို့ အဆင်ပြေမှာပါ... ပြီးတော့ နောက်ထပ် အကြီးအကဲတွေလည်း မကြာခင် ရောက်လာကြလိမ့်မယ်... ဒီအလောင်းကောင်မိစ္ဆာတွေက ဒီနေရာကနေ လွတ်မြောက်သွားနိုင်မှာ မဟုတ်ပါဘူး" ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။

မုန့်ချီလော့က ခေါင်းညိတ်ပြလိုက်ပြီး သူမနှင့် ချင်ယွမ်ဖုန်းတို့သည် ဘေးဘက်မှနေ၍ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြကာ ရေတံခွန်ရှိရာဆီသို့ တိုက်ရိုက် ဦးတည်လိုက်ကြချေသည်။

သို့သော် မြူနှင်းဂိုဏ်းမှ မည်သို့ လွတ်မြောက်ရမည်ဟူသောအချက်သည် အခြားသော ပြဿနာတစ်ခု ဖြစ်လာခဲ့ပြန်သည်။

မြူနှင်းဂိုဏ်း၏ အနေအထားအရ သူတို့အားလုံးသည် တားမြစ်နယ်မြေ၏ အပြင်ဘက်တွင် ဝိုင်းရံထားကြသဖြင့် ချင်ယွမ်ဖုန်း အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်းကို သူတို့ သိရှိထားကြပေလိမ့်မည်။

ထို့ကြောင့် သိုလှောင်ရတနာ တံခါးဝတွင်လည်း အစောင့်အကြပ်များ တင်းကြပ်စွာ ရှိနေပေလိမ့်မည်။

All Chapters