အခန်း ၁၉၁
Vol. 19 Ch. 191
အခန်း (၁၉၁) - ရန်သူမှသည် ကိုယ်လုပ်တော်ဆီသို့
ကျိုကျိ၏ တောင်းပန်တိုးလျှိုးသံများကို ကြားရသော်လည်း ချန်အန်သည် ထုံးစံအတိုင်း မလှုပ်မယှက် တည်ငြိမ်နေခဲ့သည်။ သူမကို ပြန်လွှတ်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်သောအရာပင်။ ဤတစ်သက်တွင် သူမ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
မိမိ၏ ကျင့်ကြံဆင့်မှာ Soul Formation အဆင့်ရှိသော သူမ၏ မိဘများကို အလွယ်တကူ ဖိနှိပ်နိုင်သည့်အထိ မြင့်မားမလာသရွေ့ မြေခွေးမကို တောထဲ ပြန်လွှတ်ပေးလိုက်ဖို့ရန် လုံးဝ မဖြစ်နိုင်ပါ။ ထိုသို့လွှတ်ပေးခြင်းက သူမ၏ ကလဲ့စားချေမှုကို ခံရနိုင်ချေ ပိုများလာစေရုံသာ ရှိပေလိမ့်မည်။
"သခင်လေး... ကျွန်မ ခြေစုံဦးခိုက်ပြီး တောင်းပန်ပါရစေ။"
"ဒီလို မှောင်မည်းနေတဲ့ ဂူအမှောင်ထဲမှာ ဆက်ပြီး အကျဉ်းမခံပါရစေနဲ့တော့။ ကျွန်မ ရူးသွားပါလိမ့်မယ်။ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။"
"သခင်လေးမှာ ဘာလိုအင်ဆန္ဒပဲရှိရှိ ကျွန်မကို ပြောနိုင်ပါတယ်။ ကျွန်မကို လွှတ်ပေးရုံတင် ပေးပါ။"
ကျိုကျိ၏ အသံမှာ ပို၍ပင် နှိမ့်ချလာပြီး သူမ၏ သွယ်လျနုနယ်သော ခန္ဓာကိုယ်မှာ ချန်အန့်ခြေဖဝါးနားအထိ ပြားပြားဝပ်လုနီးပါး ဖြစ်နေရှာသည်။ ငယ်စဉ်ကတည်းက အလိုလိုက်ခံလာရသဖြင့် ဤမျှအထိ မည်သူ့ကိုမျှ မနှိမ့်ချခဲ့ဖူးချေ။ သို့သော်လည်း လွတ်လပ်ခွင့်ကို ပြန်လည်ရရှိရန်အတွက် ယခုအချိန်တွင် သိက္ခာတရားများကို အကုန်စွန့်လွှတ်ကာ ဘာမဆိုလုပ်ရန် အသင့်ဖြစ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဤဂူထဲတွင် သူမနှင့် ချန်အန် နှစ်ယောက်တည်းသာ ရှိသဖြင့် မည်သည့်တတိယလူမှ သိရှိနိုင်မည် မဟုတ်ပေ။
ကျိုကျိ၏ နှိမ့်ချစွာ တောင်းပန်မှုကို မြင်သော်လည်း ချန်အန်ကမူ သွေးအေးစွာ ခေါင်းခါလျက် ငြင်းပယ်ခဲ့သည်။
"ငါတို့က လူမျိုးစုချင်းလည်း မတူသလို၊ ရန်ငြိုးလည်း ရှိခဲ့ကြတာပဲ။ မင်းမှာ တခြားရည်ရွယ်ချက် မရှိဘူးလို့ ငါ ဘယ်လိုယုံရမှာလဲ။ အဲဒါကို ငါက မင်းကို ဘာလို့ လွှတ်ပေးရမှာလဲ။"
ကျိုကျိက အစွမ်းကုန် ကြိုးစားသည့်အနေဖြင့် ပြင်းပြင်းထန်ထန် သစ္စာဆိုလေသည်။ "သခင်လေး... တကယ်လို့ ကျွန်မ နောင်တစ်ချိန်မှာ သခင်လေးကို ကလဲ့စားချေခဲ့ရင် မိုးကြိုးပစ်ခံရပြီး ဘယ်တော့မှ လူပြန်မဖြစ်ပါစေနဲ့လို့ ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်။"
နှမြောစရာကောင်းသည်မှာ ချန်အန်သည် ထိုကဲ့သို့သော ကျိန်စာမျိုးကို မယုံကြည်သဖြင့် မည်သို့မျှ ပြန်မပြောခဲ့ပေ။ သူသည် သူမ၏ ပေပွနေသော မျက်နှာနှင့် ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို ကြည့်ကာ သန့်စင်ခြင်းအဆောင်တစ်ခုကို ထုတ်ယူ၍ သူမ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးလိုက်သည်။
ထို့နောက် ၎င်းဂူနံရံတွင် လင်းလက်နေသော ပုလဲလုံး အချို့ကို မြှုပ်နှံလိုက်ရာ ဂူတစ်ခုလုံး လင်းထိန်သွားတော့သည်။
ကျိုကျိခမျာ အလင်းရောင်နှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်၍ ရုတ်တရက် လင်းထိန်သွားသောအခါ မျက်စိကျိန်းစပ်သွားကာ ၎င်း၏ သွယ်လျသော လက်ချောင်းလေးများဖြင့် မျက်လုံးကို ကွယ်လိုက်ရသည်။ သို့သော်လည်း မကြာမီ အလင်းရောင်နှင့် ကျင့်သားရသွားပြီးနောက် မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
ချန်အန်က သူမဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။ "မင်း ငါ့ကို ဘယ်လောက်ပဲ တောင်းပန်တောင်းပန် အပိုပါပဲ။ ငါ့အတွက် အန္တရာယ်များမယ့်အလုပ်ကို ငါ အဖြစ်ခံမှာမဟုတ်ဘူး။ အဲဒါကြောင့် စိတ်လျှော့လိုက်တာ ပိုကောင်းမယ်။"
ကျိုကျိခမျာ မျှော်လင့်ချက်မဲ့သွားကာ မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။
"ဗိုက်ဆာနေပြီလား။" ချန်အန်က သူမကို ကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။ သူသည် သူမ၏ ခန္ဓာကိုယ်ကို စိတ်ပူနေခြင်းမဟုတ်ဘဲ အငတ်လွန်ပြီး သေဆုံးသွားပါက မြေခွေးအမြီးဖြတ်၍ ထွက်ပြေးသည့် နည်းလမ်းကို သုံးသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
"မဆာပါဘူး။" ကျိုကျိက ခေါင်းခါလျက် ငြင်းဆန်လိုက်သည်။ သို့သော်ငြားလည်း တုန်ရီနေသော အသံနှင့် ဖြူဖျော့နေသော မျက်နှာက သူမ၏ လက်ရှိရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဖော်ပြနေပေသည်။
ချန်အန်အနေဖြင့် သူမ ဘာတွေးနေသည်ကို ရိပ်မိသည်။ သူမသည် အစာငတ်ခံကာ သေကြောင်းကြံပြီး ထွက်ပြေးရန် ကြိုးစားနေခြင်းသာ ဖြစ်၏။ သို့သော် Golden Core အဆင့်အလယ်ရှိသော ကျင့်ကြံသူတစ်ယောက်အတွက် အစာငတ်ရုံမျှဖြင့် သေဆုံးဖို့ရန် မလွယ်ကူလှပေ။ လေထုထဲရှိ ဝိညာဉ်စွမ်းအင်ကို စုပ်ယူရုံမျှဖြင့် ရေတစ်စက်မျှ မသောက်ဘဲ နှစ်အတော်ကြာအောင် အသက်ရှင်နိုင်သည်။
သို့သော် ဤအခြေအနေသည် ယခု ကျိုကျိအတွက်မူ အကျုံးမဝင်လှပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမ၏ လှပသော ခြေကျင်းဝတ်များတွင် စွမ်းအင်စုပ် ကျောက်တုံး (Seastones) ဖြင့် ပြုလုပ်ထားသော ခြေကျင်းဝတ်များကို ခတ်ထားခြင်းကြောင့် ဖြစ်သည်။ ၎င်းကျောက်တုံးများသည် သက်ရှိများ၏ ဝိညာဉ်စွမ်းအင်ကို စုပ်ယူတတ်သည်။ ထို့ကြောင့် သူမ ခန္ဓာကိုယ်ထဲသို့ ရှူသွင်းလိုက်သမျှသော ဝိညာဉ်စွမ်းအင်များသည် သန့်စင်ပြီးသည်နှင့် ချက်ချင်းပင် ထိုခြေကျင်းဝတ်များ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမသည် Golden Core အဆင့်အလယ် ကျင့်ကြံသူ ဖြစ်နေပါစေဦးတော့၊ အကယ်၍ အစာမစား၊ ရေမသောက်ဘဲ ဆက်ရှိနေပါက အလွန်ဆုံး နှစ်လ သုံးလထက် ပိုခံမည်မဟုတ်ဘဲ အငတ်ဘေးဖြင့် သေဆုံးသွားရပေလိမ့်မည်။
ချန်အန်သည် ထိုအချက်ကို ကောင်းစွာသိရှိသည်။ ထို့ကြောင့် ကျိုကျိ ဗိုက်ဆာသည် မဆာသည်ကို ဂရုမစိုက်ဘဲ သူမကို မြေပြင်မှ ဆွဲထူကာ ဂူနံရံတွင် မှီ၍ မိမိနှင့် မျက်နှာချင်းဆိုင် ရပ်နေစေလိုက်သည်။
ထို့နောက် သူက "စုပ်ယူလိုက်စမ်း။ မင်းကို ငါ့ရဲ့ အနှစ်သာရစွမ်းအင်စုပ်ယူခွင့်ပေးမယ်၊ ဒါပေမဲ့ နည်းနည်းပဲ စုပ်ယူရမယ်" ဟု ပြောလိုက်သည်။
"ကျွန်မ မစုပ်ဘူး။" ကျိုကျိက ခေါင်းခါကာ ငြင်းဆန်ပြီး စုပ်ယူရန် ငြင်းဆန်နေခဲ့သည်။
ချန်အန်သည် သူမနှင့် အပိုစကားများ မပြောလိုတော့သဖြင့် မိမိခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို စုစည်းကာ လက်ချောင်းထိပ်မှတစ်ဆင့် မျှင်ကွင်းအဖြစ် ဖြည်းဖြည်းချင်း ထွက်ပေါ်လာစေလိုက်သည်။ ထိုခဏ၌ပင် ကျိုကျိအား တံတွေးမြိုချမိစေလောက်သည့် မွှေးပျံ့လှသော အနှစ်သာရစွမ်းအင်ရနံ့က ဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
'အရမ်းမွှေးတာပဲ... တကယ်ကို မွှေးလွန်းတယ်...'
ကျိုကျိခမျာ တံတွေးများကို အလိုအလျောက် မြိုချမိနေပြီး ပါးစပ်ထဲတွင်လည်း တံတွေးများ ဆက်တိုက်ထွက်ပေါ်လာကာ မျက်ဝန်းအစုံမှာ ဝေဝါးလာခဲ့သည်။ သူမ၏ လှပသော မြေခွေးမျက်နှာလေးတွင် စုပ်ယူလိုစိတ် ပြင်းပြနေမှုများ အထင်အရှား ဖြစ်ပေါ်လာသည်။ သို့သော်လည်း နောက်ဆုံးတွင်မူ ထွက်ပြေးချင်သည့် စိတ်က စုပ်ယူလိုသည့် စိတ်ကို အနိုင်ယူသွားကာ သေလျှင်သေပါစေဟူသော စိတ်ဖြင့် ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးကို တင်းတင်းစေ့ထားလိုက်တော့သည်။
သို့ရာတွင် သူမ၏ လက်ရှိအခြေအနေမှာ ချန်အန်၏ ဂူထဲတွင် အကျဉ်းကျနေရခြင်း ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် သူမသည် ချန်အန်၏ ကျွန်တစ်ယောက်နှင့် မခြားပေ။ ထို့ကြောင့် သူမ၏ ကိုယ်ပိုင်ဆန္ဒမှာ အရေးမပါလှပေ။ အကယ်၍ သူမသာ ချန်အန်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါက မိမိကိုယ်ကိုယ် နာကျင်အောင် လုပ်သည်နှင့် အတူတူပင် ဖြစ်လိမ့်မည်။
နောက်တစ်ဆင့်တွင် ချန်အန်သည် ထိုသို့သာ ပြုလုပ်ခဲ့သည်။ ကျိုကျိက စုပ်ယူရန် ငြင်းဆန်နေသည်ကို မြင်သောအခါ သူသည် သူမ၏ ပါးစပ်ကို အတင်းအဓမ္မ ဖြဲလိုက်ပြီး လက်ချောင်းပေါ်တွင် လွင့်မျောနေသော အနှစ်သာရစွမ်းအင်မျှင်ကို ပါးစပ်ထဲသို့ ထိုးထည့်ကာ မျိုချခိုင်းလိုက်တော့သည်။
"အု..."
ကျိုကျိခမျာ ခဏမျှ ရုန်းကန်သော်လည်း နောက်ဆုံးတွင် အတင်းအကျပ် မျိုချလိုက်ရရှာသည်။ သူမသည် အလွန်ပင် ခံပြင်းဝမ်းနည်းသွားသဖြင့် မျက်ဝန်းအစုံမှာ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာကာ ကြည့်ရသည်မှာ သနားစရာ ကောင်းလှပေသည်။
သိက္ခာရှိလှသော Golden Core အဆင့်အလယ် ကျင့်ကြံသူတစ်ယောက်က ဤမျှ လွယ်လွယ်ကူကူ ငိုတတ်ပါ့မလား။ ချန်အန်အနေဖြင့် ကျိုကျိတစ်ယောက် ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် မသေချာသော်လည်း ၎င်းတို့နှစ်ယောက်လုံးက ဟန်ဆောင်နေခြင်းဖြစ်သည်ဟုသာ သတ်မှတ်ထားလိုက်ကြသည်။
ကျိုကျိ အငတ်လွန်ပြီး မသေစေရန်နှင့် ခန္ဓာကိုယ်ကို အလွန်အမင်း မထိခိုက်စေရန်အတွက် အနှစ်သာရစွမ်းအင်ကို အနည်းငယ် တိုက်ကျွေးပြီးနောက် ချန်အန်သည် ထိုဂူထဲမှ အမြန်ဆုံး ထွက်ခွာခဲ့သည်။
သူသည် ဂူအပြင်ဘက်သို့ လျှောက်လှမ်းလာပြီးနောက် မိမိ၏ ပျံသန်းနိုင်သောဓားကို ထုတ်ယူကာ စျေးကွက်ဆီသို့ ပျံသန်းမောင်းနှင်ခဲ့တော့သည်။
စျေးကွက်အတွင်းရှိ လုဂိုဏ်း၏ ကုန်သွယ်ရေးကုမ္ပဏီသို့ ရောက်ရှိသောအခါ...
ချန်အန် ဝင်လာသည်နှင့် ချက်ချင်းပင် ဆိုင်မန်နေဂျာ လုက ဓနနတ်မင်းကြီးကို တွေ့လိုက်ရသကဲ့သို့ ပျာပျာသလဲ လှိုက်လှိုက်လှဲလှဲ ဆီးကြိုလေသည်။
"အဂ္ဂိရတ်ပညာရှင်ချန်... လာပါ၊ လာပါ။ ဒီဘက်ကို ကြွပါခင်ဗျာ။ ကျွန်တော် လူလွှတ်ပြီး လက်ဖက်ရည်ကောင်းကောင်းတစ်အိုး ဖျော်ခိုင်းလိုက်ပါ့မယ်။"
"မလိုပါဘူး ဆိုင်မန်နေဂျာလု၊ ကျွန်တော် အလျင်လိုနေလို့ပါ။"
"အဂ္ဂိရတ်ပညာရှင်ချန်... ဒီတစ်ခေါက်လည်း အဆင့် (၃) ဆေးလုံးဖော်စပ်နည်းကို ဝယ်ဖို့ လာတာလားခင်ဗျာ။"
.........................................................