အခန်း ၁၉၄
Vol. 19 Ch. 194
အခန်း (၁၉၄) - ဇနီးနှင့် ကိုယ်လုပ်တော်တို့ကို စည်းရုံးခြင်း
[မီးဓာတ်ဝိညာဉ်မြစ် အရည်အသွေး +၄] x ၃၈
"ရှင့်ကြောင့်နော်... ကျွန်မ ခုတင်တင် ရေချိုးပြီးတာကို ပြန်ပေပွသွားပြီ။"
ဝမ်ကျိယန်သည် ကုတင်ပေါ်တွင် ပက်လက်လှန်ကာ အမောဖြေရင်း ဘေးနားရှိ တရားခံဖြစ်သူကို လှည့်ကြည့်လိုက်သည်။ မှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးကဲ့သို့ ညှို့ဓာတ်ပြည့်နေသော သူမ၏ မျက်နှာလေးတွင် မကျေနပ်မှုများ ပြည့်နှက်နေ၏။ ချန်အန်၏ အပြုအမူကို တွေးမိလေလေ ပို၍ စိတ်တိုလာလေလေ ဖြစ်ကာ နောက်ဆုံးတွင် မခံမရပ်နိုင်ဖြစ်ပြီး ညာဘက်ခြေထောက်ဖြင့် ချန်အန့်ကို လှမ်းကန်လိုက်တော့သည်။
"ဒီလောက်တောင် လုပ်ဖို့လိုလို့လား။" ချန်အန်သည် ကန်ခံလိုက်ရသော သူ၏ ခါးနောက်ပိုင်းကို ပွတ်သပ်ရင်း ဝမ်ကျိယန်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်း ငါ့ခါးကို ကန်ကျိုးအောင်လုပ်ရင် နောင်ကျ မင်း မုဆိုးမ ဖြစ်သွားမှာပေါ့။"
"ကန်ကျိုးသွားတာကမှ ပိုကောင်းဦးမယ်။ မဟုတ်ရင် ကျွန်မတို့ ညီအစ်မတွေ နေ့တိုင်း ရှင့်ရဲ့ နှိပ်စက်တာကို ခံနေရမှာ။" ဝမ်ကျိယန်က နှာမှုတ်လျက် ဆိုသည်။
ချန်အန်သည် ဤစိတ်ကြီးလှသော ကိုယ်လုပ်တော်လေးကို ဆက်ပြီး အပိုစကားမပြောချင်တော့သဖြင့် သန့်စင်ခြင်းအဆောင်တစ်ခုကို ထုတ်ယူကာ သူမ၏ ကိုယ်ပေါ်သို့ သာသာယာယာ ကပ်ပေးလိုက်သည်။
ထို့နောက် သူက ကျောခိုင်းကာ မျက်လုံးမှိတ်၍ အိပ်စက်ခြင်းထဲသို့ ဝင်ရောက်သွားတော့သည်။ သူသည် တစ်လနီးပါးခန့် အိပ်စက်ရခြင်း မရှိသေးသဖြင့် ခဏမျှ အနားယူရန် လိုအပ်ပေသည်။
မိမိ၏ ယောကျ်ားက ဂရုမစိုက်ဘဲ အိပ်ပျော်သွားသည်ကို မြင်သောအခါ ဝမ်ကျိယန်သည် အနည်းငယ် စိတ်မကောက်ချင်ဘဲ ရှိသွားသည်။ သူမသည် လှပသော ခြေဖဝါးလေးဖြင့် သူ့ခါးကို ခပ်ဖွဖွ ထပ်ကန်ကာ မကျေမနပ် ပြောလိုက်သည်။
"ဟေး... ရှင်က ဘာလို့ ကျွန်မကို ကျောခိုင်းပြီး အိပ်ရတာလဲ။ ကျွန်မ မျက်နှာက အရုပ်ဆိုးလို့လား၊ ဒါမှမဟုတ် ရှင့်ရဲ့ မျှော်လင့်ချက်တွေက သိပ်မြင့်နေလို့လား။"
ပြောပြီးသည်နှင့် သူမက သူ့လက်မောင်းကို လှမ်းဆွဲကာ မာန်ပါပါဖြင့် ဆက်ပြောသည်။ "အိပ်ချင်ရင် ကျွန်မဘက် မျက်နှာမူပြီး အိပ်။ မဟုတ်ရင် ကျွန်မကုတင်ပေါ်မှာ မအိပ်နဲ့။"
'ဒီမိန်းမကတော့ တောင်းဆိုချက်တွေ တကယ်များတာပဲ...' ချန်အန် စိတ်ထဲမှ တိုးတိုးလေး ကျိန်ဆဲလိုက်သော်လည်း လက်တွေ့တွင်မူ ဝမ်ကျိယန်ဘက်သို့ လိမ္မာယဉ်ကျေးစွာ လှည့်ပေးလိုက်ပြီး ဤစိတ်ကြီးသော ကိုယ်လုပ်တော်လေး၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရရှာသည်။
မိမိ၏ ယောကျ်ားက စကားနားထောင်သည်ကို မြင်မှ ဝမ်ကျိယန်လည်း စိတ်ကျေနပ်သွားတော့သည်။ သူမသည် ချန်အန့်အနားသို့ ပိုမိုတိုးကပ်လာပြီး ညုတုတုလေသံဖြင့် "လက်မောင်း ပင့်ပေးဦး" ဟု ဆိုသည်။
"ဘာလို့လဲ။"
"အိပ်မလို့လေ... မဟုတ်ရင် ဘာလုပ်ရမှာလဲ။"
ချန်အန်ဘက်မှ ဘာတုံ့ပြန်မှုမျှ မရှိသည်ကို မြင်သောအခါ ဝမ်ကျိယန်က သူမကိုယ်တိုင်ပင် ချန်အန်၏ လက်မောင်းကို မကာ သူမ၏ ခန္ဓာကိုယ်လေးကို ချန်အန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး သူ့ကို ဖက်၍ အိပ်စေလိုက်တော့သည်။ မကြာမီပင် သူတို့နှစ်ဦးလုံး အိပ်ပျော်သွားကြသည်။
သို့သော်လည်း အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပင် ချန်အန်သည် နိုးကြားတက်ကြွစွာဖြင့် ပြန်လည်ထိုင်လိုက်သည်။ သူ အိပ်စက်ခဲ့သည့် အချိန်မှာ ၁၅ မိနစ်ကျော်ခန့်သာ ရှိသေးသော်လည်း ဤမျှဆိုလျှင် လုံလောက်လှပါပြီ။ အနည်းဆုံး တစ်လခန့် ဆက်တိုက် မအိပ်ဘဲ နေနိုင်စွမ်းရှိသွားပြီ ဖြစ်၏။ ၎င်းသည် ရွှေအမြူတေအဆင့်ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်ကို ဆန်ကျင်သော စွမ်းပကားပင် ဖြစ်သည်။
သူသည် အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်ပြီး အခန်းထဲမှ ထွက်ခွာခဲ့သည်။
ချန်အန်သည် အဆင့် (၃) ဆေးလုံးဖော်စပ်နည်းကို လေ့လာရန် ဆေးဖော်စပ်ဆောင်သို့ မသွားခဲ့သလို၊ အခြားအခန်းများရှိ ကျန်ရှိသော ဇနီးသုံးဦးထံသို့ သွားရောက်ကာ ချစ်တင်းနှီးနှောခြင်းလည်း မပြုလုပ်ခဲ့ပေ။ ထိုအစား သူသည် မိမိ၏ ကိုယ်ပိုင်အခန်းသို့သာ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။
သူသည် ကုတင်ပေါ်သို့ တက်ကာ ပြတင်းပေါက်ကို မှီလျက် တင်ပျဉ်ခွေထိုင်ပြီး ကျွမ်းကျင်စွာ ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။ ခုနတင်ကပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများ တရဟော လှုပ်ရှားလာသည်ကို ခံစားလိုက်ရပြီး ၎င်းသည် ကျင့်ကြံဆင့် တစ်ဆင့်တက်တော့မည့် နိမိတ်လက္ခဏာပင် ဖြစ်သည်။
သူသည် ရွှေအမြူတေအဆင့် (၂) သို့ ရောက်ရှိတော့မည် ဖြစ်၏။
ဤတစ်ခေါက် ကျင့်ကြံဆင့် တက်လှမ်းနိုင်ရန်အတွက် သူသည် အခန်းထဲတွင် ရက်ဝက်နီးပါးခန့် အားထုတ်ခဲ့ရသည်။ ဤကာလအတွင်း သူ၏ ဇနီးများနှင့် သမီးများမှာ အလွန်ပင် အလိုက်သိကြသဖြင့် သူ့ကို မည်သူမျှ လာရောက်မနှောင့်ယှက်ခဲ့ကြပေ။
(၁၃) ရက်မြောက်သော နေ့၏ ဤအခိုက်အတန့်တွင် ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသော ချန်အန်သည် သူ၏ မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ တစ်ဆယ့်သုံးရက်တာ ကြာမြင့်ပြီးနောက် နောက်ဆုံးတွင် သူ အောင်မြင်စွာ ကျင့်ကြံဆင့် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
သူသည် မိမိ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှု သက်သက်ဖြင့်သာ ရွှေအမြူတေအဆင့် (၁) မှ အဆင့် (၂) သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တက်လှမ်းရာတွင် ဝိညာဉ်စွမ်းအင်စုဆောင်းခြင်း ဆေးလုံး အနည်းငယ်ကို အသုံးပြုခဲ့သော်လည်း ထိုဆေးလုံးများကို သူကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်သဖြင့် အားလုံးမှာ သူ၏ ချွေးနှဲစာ ကြိုးစားမှုများသာ ဖြစ်ပေသည်။
ထိုညတွင် သူ၏ ဇနီးများအားလုံးသည် မီးဖိုချောင်တွင် စုပေါင်းကာ ကျင့်ကြံဆင့် တက်လှမ်းနိုင်မှုကို ဂုဏ်ပြုသည့်အနေဖြင့် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ချက်ပြုတ်ခဲ့ကြသည်။
စားသောက်ပြီးနောက် ချန်အန်သည် သူ၏ ဇနီး၊ သမီးများနှင့်အတူ တစ်နာရီကျော်ခန့် စကားစမြည် ပြောဆိုခဲ့သည်။ အစာများ အတော်အတန် ကြေညက်သွားပြီဟု ခံစားရသောအခါ သူသည် ၎င်းတို့အားလုံးကို စာကြည့်တိုက်ခန်းတစ်ခု ဆောက်လုပ်မည့်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ချန်အန်က စာကြည့်တိုက်ခန်းအတွက် လှိုဏ်ခေါင်းတူးဆွခြင်းကို တာဝန်ယူပြီး ပြီးစီးသွားသောအခါမှ သူ၏ ဇနီးများနှင့် သမီးများကို စိတ်ကြိုက် အလှဆင်စေလိုက်သည်။
နှစ်နာရီမပြည့်မီ အချိန်အတွင်းမှာပင် စာကြည့်တိုက်ခန်းလေးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားခဲ့သည်။ ထိုအခန်းထဲတွင် ကုတင်၊ စားပွဲ၊ ကုလားထိုင်နှင့် စာအုပ်စင်များ စသည်ဖြင့် ပရိဘောဂမျိုးစုံ စုံလင်စွာ ရှိနေပေသည်။
ထို့နောက် ချန်အန်သည် မိမိ၏ သိုလှောင်မှုလက်စွပ်ထဲရှိ စာအုပ်အားလုံးကို ထုတ်ယူကာ စာအုပ်စင်ပေါ်တွင် စီရီ၍ တင်ထားလိုက်သည်။ သမီးငယ်လေးနှစ်ယောက်မှာ ယခင်က စာအုပ်များကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် စာအုပ်စင်ပေါ်မှ စာအုပ်များကို ကြည့်ကာ စူးစမ်းလိုစိတ်များ ပြည့်နှက်နေကြရှာသည်။
အသက်တစ်နှစ်ကျော်ပြီးကတည်းက သမီးကြီးဖြစ်သူကို ဇနီးဖြစ်သူ ဆောင်ဟွာယင်းက နေ့တိုင်း စာဖတ်ခြင်းနှင့် စာရေးခြင်းတို့ကို သင်ကြားပေးခဲ့သည်။ အမှန်တော့ သူမ သိရှိသော စာလုံးအချို့ကိုသာ ကန့်သတ်သင်ကြားပေးခြင်း ဖြစ်၏။ စာအုပ်ထဲက အကြောင်းအရာများကို နားလည်နိုင်ခြင်း ရှိမရှိကမူ အခြားတစ်ကိစ္စ ဖြစ်သည်။
အသစ်အဆန်း ဖြစ်နေသဖြင့် နောက်ရက်ပိုင်းများတွင် သူ၏ ဇနီးများနှင့် သမီးများသည် ထိုနေ့အတွက် ကျင့်ကြံခြင်း တာဝန်များ ပြီးဆုံးသွားတိုင်း စာကြည့်တိုက်ခန်းသို့ လာရောက်ကာ စာဖတ်လေ့ရှိကြသည်။ ချန်ယီခဲ့မှာမူ စာမဖတ်တတ်သလို နားလည်းမလည်သဖြင့် လူအုပ်ထဲတွင် လာရောက်အုပ်စုဖွဲ့ကာ ပျော်ပါးခြင်း သက်သက်သာ ဖြစ်သည်။
အစပိုင်းတွင် သူမသည် စူးစမ်းလိုစိတ် ပြင်းပြနေသော ကလေးငယ်တစ်ဦးကဲ့သို့ သူမ၏ ဖခင်၊ မိခင်နှင့် အစ်မဖြစ်သူတို့ကို စာအုပ်ထဲတွင် ဘာတွေပါလဲဟူ၍ လိုက်လံမေးမြန်းနေခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ် ကြာသောအခါ မေးမြန်းရန်ပင် စိတ်ပါဝင်စားမှု မရှိတော့ပေ။ သူမသည် ကုတင်ပေါ်တွင် လူးလိမ့်နေခြင်း သို့မဟုတ် ကုတင်ပေါ်တွင် အိပ်ပျော်နေခြင်းဖြင့်သာ အချိန်ကုန်ဆုံးစေတော့သည်။
သူ၏ ဇနီးများနှင့် သမီးများ စာကြည့်တိုက်ခန်းကို အလွန်သဘောကျကြသည်ကို မြင်ရသဖြင့် ချန်အန်လည်း စိတ်ချမ်းသာရပေသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းနေဆဲ ဖြစ်သည်။ ချန်အန်သည် တစ်ညလုံး အိပ်စက်ခဲ့ခြင်း မရှိပေ။
မနေ့ညက ရှန်းချင်းယီနှင့်အတူ ချစ်တင်းနှီးနှောပြီးနောက် သူသည် မိမိ၏ အခန်းသို့ ပြန်လာကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် တိတ်ဆိတ်စွာ ကျင့်ကြံနေခဲ့သည်။ သူသည် မိမိ၏ သမီးနှစ်ယောက်ထံမှ ရရှိသော စနစ်၏ ဆုလာဘ်များကိုသာ အားကိုးပြီး ကျင့်ကြံဆင့် မြှင့်တင်နေ၍မဖြစ်ဘဲ ၎င်းတို့အပေါ်တွင် အလွန်အမင်း မှီခိုနေ၍ မရကြောင်း ကောင်းစွာသိသည်။ အကယ်၍ အချိန်ရပါက မိမိကိုယ်တိုင် ပိုမိုကျင့်ကြံရပေမည်။ ဤသို့ ကျင့်ကြံခြင်းက ထိရောက်မှု မြင့်မားသည်ဖြစ်စေ၊ မမြင့်မားသည်ဖြစ်စေ အနည်းဆုံးတော့ ကျင့်ကြံခြင်းဆိုင်ရာ သိမြင်နားလည်မှုများကို တိုးပွားစေနိုင်သည် မဟုတ်ပါလား။ အချုပ်အားဖြင့် ပြောရလျှင် သူ ဘာမှ နစ်နာစရာ မရှိပေ။
"ယောက်ျား.. နိုးပြီလား။"
တံခါးအပြင်ဘက်မှ ဆောင်ဟွာယင်း၏ နူးညံ့သောအသံလေး ထွက်ပေါ်လာသည်။ ချန်အန်သည် စဉ်းစားစရာတစ်ခု ရှိလာသဖြင့် တံခါးကို ဖွင့်လိုက်ရာ အိပ်ယာဝင်အဝတ်အစားကို ဝတ်ဆင်ထားသော ဇနီးဖြစ်သူကို တွေ့လိုက်ရသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ ဟွာယင်းရဲ့... ဘာလို့ မိုးမလင်းခင်ကြီး ငါ့ကို လာရှာရတာလဲ။"
..............................................................