← Chapters

အခန်း ၁၉၅

Vol. 19 Ch. 195

အခန်း ၁၉၅

Vol. 19 Ch. 195

အခန်း (၁၉၅) - ဇနီးနှင့် ကိုယ်လုပ်တော်တို့ကို စည်းရုံးခြင်း (၂)

​"ဘာမှမဟုတ်ပါဘူး... ယောက်ျားကို လွမ်းလို့ပါ။"

​ဆောင်ဟွာယင်းသည် အခန်းထဲသို့ လျှောက်လှမ်းဝင်လာပြီး တံခါးကို ပိတ်လိုက်သည်။ ထို့နောက် ချန်အန်၏ ကုတင်အနားသို့ သွားကာ ဝင်ထိုင်လိုက်၏။

​သူမ၏ ထိုပုံစံကို ကြည့်ပြီး ချန်အန်အနေဖြင့် သူမသည် ဗိုက်ဆာနေပြီး နံနက်စာ သုံးဆောင်ချင်နေပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူက ပြုံးစစဖြင့် စနောက်လိုက်၏။ "ဘာလဲ... ငါနဲ့ မအိပ်ရတာ သုံးရက်ရှိသွားလို့ အထီးကျန်နေပြီလား။"

​"ယောက်ျားကလည်း... တကယ်ပဲ စိတ်ပျက်ဖို့ကောင်းတယ်။ ကျွန်မက ရှက်တတ်မှန်းသိရက်နဲ့ တမင်သက်သက် လာပြောနေပြန်ပြီ။"

​ဆောင်ဟွာယင်းက မာန်မဲလိုက်သော်လည်း သူမ အထီးကျန်နေသည်ကိုမူ အတိအလင်း ဝန်ခံလိုက်သည်။ ယခင်က လူသားတစ်ယောက် ဖြစ်စဉ်ကမူ ဘာမှမဖြစ်ခဲ့သော်လည်း ပန်းနတ်ဘုရားမ သွေးနှောမှုနိုးထလာပြီး ကျင့်ကြံဆင့်မှာ ချီစုဆောင်းခြင်းအဆင့် (၃) သို့ တက်လှမ်းလာပြီးကတည်းက သူမ၏ သံယောဇဉ် တမ်းတမှု လိုအပ်ချက်မှာ များစွာ မြင့်မားလာခဲ့သည်။

​ယခုအချိန်တွင် သူမ၏ ယောကျ်ား၌ ဇနီး လေးယောက်အထိ ရှိနေပြီဖြစ်ရာ တစ်ယောက်လျှင် သုံးရက်မှ တစ်ကြိမ်သာ အလှည့်ကျပေသည်။ ဤအခြေအနေက သူမ၏ အချစ်ငတ်မွတ်မှုကို ပြည့်ဝစေရန် မလုံလောက်လှပေ။ နေ့ခင်းဘက်တွင် ရေသာသောက်ပြီး အာသာဖြေနိုင်သော်လည်း ညဘက်ရောက်လျှင်မူ တမ်းတစိတ်ကို မထိန်းချုပ်နိုင်တော့ချေ။

​ချန်အန်သည် မိမိ၏ ဇနီးသည်ကို အလွန်အမင်း အလိုလိုက်သူ ဖြစ်သည်။ ယခုအခါ သူမတွင် လိုအပ်ချက် ရှိနေသည်ကို မြင်သောအခါ သူသည် ဘာမှမပြောဘဲ ကျင့်ကြံခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် ပြင်ဆင်လိုက်တော့သည်။

​သို့သော် ဆောင်ဟွာယင်းက ချန်အန်အား သူမ၏ အိပ်ယာဝင်အဝတ်အစားများကို ချွတ်ခွင့်မပြုဘဲ တားဆီးလိုက်သည်။ သူမ၏ မျက်ဝန်းအစုံမှာ ဆွဲဆောင်မှုရှိစွာ ဝေဝါးနေပြီး ညုတုတုလေသံဖြင့် ပြောလိုက်၏။

"ယောက်ျား... အခုက စောသေးတယ်၊ စာကြည့်တိုက်ခန်းထဲမှာလည်း ဘယ်သူမှ မရှိသေးဘူး။ ငါတို့ အဲဒီကို သွားပြီး စာဖတ်ခြင်း အတွေ့အကြုံတွေ ဖလှယ်ကြရင် မကောင်းဘူးလား။"

​မိမိ၏ ဇနီးသည်က မျက်နှာတစ်ချက်မျှ မနီဘဲ ဤကဲ့သို့ စကားမျိုး ပြောနိုင်သည်ကို မြင်မှ ချန်အန်သည် ယခင်က ဘာမှမသိနားမလည်ခဲ့သော ဇနီးငယ်လေး ပျောက်ကွယ်သွားပြီး ၎င်း၏နေရာတွင် တကယ့် ဝါရင့်ယာဉ်မောင်းကြီးတစ်ဦး ရောက်ရှိနေပြီဖြစ်ကြောင်း နောက်ကျမှ သဘောပေါက်လိုက်ရသည်။ ယခုအခါ ဤယာဉ်မောင်းကြီးသည် မည်သည့်လမ်းမပေါ်တွင်မဆို ကျွမ်းကျင်စွာ မောင်းနှင်နိုင်ရုံသာမက လမ်းသစ်များ ဖောက်လုပ်ရန်ပါ စိတ်အားထက်သန်နေပြီး ကမ္ဘာမြေ၏ ထောင့်စွန်းတိုင်းသို့ ခရီးဆန့်ချင်နေပေသည်။

​"ယောက်ျား... မြန်မြန်ချီပြီး စာကြည့်တိုက်ခန်းကို သွားရအောင်။ မဟုတ်ရင် ယုကျန်းလေး နိုးလာပြီး စာဖတ်ဖို့ ရောက်လာလိမ့်မယ်။" ဆောင်ဟွာယင်းက ခြေထောက်ကို မြှောက်ကာ ချန်အန်၏ ခါးကို သိုင်းဖက်ရင်း လောဆော်လေသည်။

​ချန်အန်က အပိုစကားများစွာ မပြောတော့ဘဲ မိတ်ကပ်မပါသော ဇနီးသည်၏ လှပသော မျက်နှာလေးကို နမ်းရှုံ့လိုက်ပြီး သူမကို ပွေ့ချီကာ အပြင်ဘက်ရှိ စာကြည့်တိုက်ခန်းဆီသို့ ဦးတည်သွားခဲ့တော့သည်။

​နေမင်းကြီး အရှေ့ဘက်မှ ထွက်ပြူလာသည်နှင့်အမျှ ကောင်းကင်ယံမှာ တဖြည်းဖြည်း လင်းထိန်လာခဲ့သည်။ သိပ်မကြာမီမှာပင် လှိုဏ်ခေါင်းအတွင်းရှိ ဇနီးများနှင့် သမီးများမှာ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြတော့သည်။ စာကြည့်တိုက်ခန်းအတွင်းရှိ စုံတွဲသည် အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားရသောအခါ အဝတ်အစားများကို အမြန်ဆုံး ပြန်လည်ဝတ်ဆင်ကာ အပြင်သို့ ထွက်လာခဲ့ကြသည်။

​ဆောင်ဟွာယင်းက ကျင့်ကြံရန် မိမိအခန်းသို့ ပြန်သွားပြီး ချန်အန်ကမူ အဆင့် (၃) ဆေးလုံးဖော်စပ်နည်းကို ဆက်လက်လေ့လာရန် ဆေးဖော်စပ်ဆောင်သို့ လျှောက်လှမ်းသွားခဲ့သည်။ ဤသို့ ဖော်စပ်လေ့လာခြင်းမှာ တစ်မနက်ခင်းလုံး ကြာမြင့်ခဲ့၏။ အချုပ်အားဖြင့် သူသည် အဆင့် (၃) ဆေးလုံးဖော်စပ်နည်းအသစ် နှစ်မျိုးကို အောင်မြင်စွာ တတ်မြောက်သွားခဲ့သည်။

​'အဆင့် (၃) ဆေးလုံးဖော်စပ်နည်းကို လေ့လာရတဲ့ အရှိန်က တစ်နေ့ထက်တစ်နေ့ ပိုမြန်လာတာပဲ။ မျှော်လင့်ထားတဲ့အတိုင်း အဂ္ဂိရတ်ပညာရပ်မှာ အစပိုင်းပဲ ခက်ခဲတာ။ အစပိုင်းကို သာသာယာယာ ကျော်ဖြတ်နိုင်ပြီဆိုရင် ကျန်တာက ကျွမ်းကျင်အောင် လေ့ကျင့်ဖို့ပဲ လိုတော့တာပဲ။' ချန်အန်က စဉ်းစားရင်း ဆေးဖော်စပ်သည့် မီးကို ငြှိမ်းသတ်လိုက်သည်။

​ညဘက်တွင်မူ အလှည့်ကျစနစ် သတ်မှတ်ထားသော်လည်း နေ့ခင်းဘက်တွင်မူ သူ အလိုရှိသလို လုပ်ဆောင်နိုင်သည်။

​"ဟမ်..."

​သူသည် ဆေးဖော်စပ်ဆောင်မှ ထွက်လာပြီး ဂူရှင်းယွဲ့၏ အခန်းဆီသို့ လျှောက်လှမ်းရန် ပြင်လိုက်စဉ်မှာပင် ပတ်ဝန်းကျင် လေထုထဲရှိ ဝိညာဉ်စွမ်းအင်များသည် မမြင်ရသော အင်အားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ဧည့်ခန်းမဆောင်ဆီသို့ တရဟော စီးဆင်းသွားသည်ကို ချန်အန် ရုတ်တရက် ခံစားလိုက်ရသည်။ ဤမြင်ကွင်းက တော်တော်လေး ရိုးအီနေပြီ ဖြစ်သည်။

​'သမီးငယ် ယီခဲ့လေး တစ်ယောက် ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲ သွင်းယူတာအောင်မြင်တော့မှာလား။'

​ထိုသို့တွေးမိသည်နှင့် ချန်အန်သည် စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် ခြေလှမ်းပြင်၍ ဧည့်ခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ ခန်းမဆောင်သို့ ရောက်ရှိသောအခါ ရှန်းချင်းယီ၊ ဝမ်ကျိယန်နှင့် သမီးကြီး ချန်ယုကျန်းတို့အားလုံး ထိုနေရာတွင် ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။

​ယခုအချိန်တွင် ၎င်းတို့သုံးဦးစလုံးသည် လှိုဏ်ဂူဝအနီးရှိ ချန်ယီခဲ့ကို အဝေးမှ လှမ်းကြည့်နေကြသည်။ ၎င်းတို့သည် အနီးကပ်သွားပါက ကလေးငယ်ကို ထိခိုက်မည်စိုးသဖြင့် မည်သည့်အသံမျှ မပြုလုပ်ရဲကြဘဲ စိတ်ထဲမှသာ တိတ်တဆိတ် အားပေးနေကြခြင်း ဖြစ်သည်။

​ချန်အန် လျှောက်လာသည်ကို မြင်သောအခါ ဝမ်ကျိယန်သည် မသိစိတ်အရ သူ၏ လက်တစ်ဖက်ကို လှမ်းကိုင်လိုက်ပြီး မိမိလက်ထဲတွင် တင်းတင်းစုပ်ထားကာ မျက်နှာတစ်ခုလုံးတွင်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေရှာသည်။ လူသားဟူသည် စိုးရိမ်ပူပန်လာပါက လက်ထဲတွင် တစ်ခုခုကို ဆုပ်ကိုင်ထားချင်တတ်ကြသည် မဟုတ်ပါလား။ ချန်အန်သည် ဝမ်ကျိယန်တစ်ယောက် မည်မျှအထိ စိုးရိမ်နေသလဲဆိုလျှင် လက်ထဲတွင် ချွေးများပင် စိုရွှဲနေသည်ကို ခံစားမိသော်လည်း သူ သိပ်ဂရုမစိုက်အားပေ။ သူ၏ အကြည့်မှာ ရှေ့ရှိ လှိုဏ်ဂူဝအောက်တွင် ရှိနေသော အူကြောင်ကြောင် သမီးငယ်လေး၏ မျက်နှာပေါ်သို့သာ ကျရောက်နေခဲ့သည်။

​သူမသည် လက်ရှိတွင် မျက်လုံးများကို မှိတ်ထားပြီး ရပ်နေကာ ပါးပြင်ဖောင်းဖောင်းလေးပေါ်ရှိ မျက်နှာအမူအရာအားလုံးမှာ စုကြုံ့နေပြီး ဝမ်းချုပ်နေသည့် အမူအရာမျိုး ဖြစ်ပေါ်နေပေသည်။

​"အု... အား... အား..."

​ရုတ်တရက် ချန်ယီခဲ့သည် ကာတွန်းကားထဲမှ စူပါဆိုင်ယာအဖြစ် အသွင်ပြောင်းတော့မည့် ဇာတ်လိုက်ကြီးအလား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၊ ပါးစပ်ကို ဟကာ အော်ဟစ်လိုက်ရာ သူမ၏ အရှိန်အဝါမှာ ရုတ်တရက် မြင့်တက်လာတော့သည်။ ထို့နောက် လေထုထဲရှိ ဝိညာဉ်စွမ်းအင်များသည် ချက်ချင်းပင် ပိုမိုမြန်ဆန်စွာ စီးဆင်းလာပြီး သူမ၏ သေးငယ်သော ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်သွားခဲ့တော့သည်။

​တစ်ချိန်တည်းမှာပင် ချန်အန်၏ ရှေ့မှောက်တွင် စနစ်၏ အကြောင်းကြားစာတစ်ခု ပေါ်ထွက်လာသည်။

​[သင့်သမီး ချန်ယီခဲ့သည်ချီစွမ်းအင်ကို ခန္ဓာကိုယ်ထဲ သွင်းယူခြင်းကို အောင်မြင်စွာ တတ်မြောက်သွားပါပြီ။ သင်သည် ဆုလာဘ်အဖြစ် ကျင့်ကြံမှုသက်တမ်း နှစ် ၃၀ ရရှိပါသည်]

[အမည် - ချန်အန်]

​ကျင့်ကြံဆင့် ထပ်မံတက်လှမ်းနိုင်ခဲ့ပြီ။ ချန်အန်သည် စိတ်ထဲတွင် မသိမသာ ရင်ခုန်လှုပ်ရှားသွားရသည်။

​"ယီခဲ့လေး... သမီးက တကယ့်ကို တော်လွန်းတယ်။ မေမေ့ရဲ့ လိမ္မာတဲ့ သမီးလေးပဲ။"

​သမီးဖြစ်သူ ဝိညာဉ်စွမ်းအင် သွင်းယူခြင်း တတ်မြောက်သွားသည်ကို မြင်သောအခါ ဝမ်ကျိယန်သည် ချန်အန်၏ လက်ကို ချက်ချင်းလွှတ်ကာ ဂူဝရှိ သမီးဖြစ်သူထံသို့ ဝမ်းသာအားရ ပြေးသွားတော့သည်။ သူမသည် သမီးငယ်လေးကို ရင်ခွင်ထဲသို့ ဆွဲဖက်ကာ ပါးပြင်ဝိုင်းဝိုင်းလေးကို တရစပ် နမ်းရှုံ့လေတော့သည်။

​ချန်ယီခဲ့ခမျာ နမ်းရှုံ့ခံရလွန်းသဖြင့် မျက်နှာတစ်ခုလုံး တံတွေးများ ပေပွကုန်ကာ အနည်းငယ် မသက်မသာ ဖြစ်နေရှာသည်။ သို့သော်လည်း မိခင်ဖြစ်သူကို စိတ်အနှောင့်အယှက် မဖြစ်စေချင်သဖြင့် ဘာမှမပြောဘဲ ငြိမ်ခံနေရှာသည်။

​"ယောက်ျား... ကျင့်ကြံဆင့် ထပ်တက်သွားတာလား။" ရှန်းချင်းယီသည် မိမိယောကျ်ား၏ ဝိညာဉ်စွမ်းအင် ဖိအားမှာ ရုတ်တရက် သိသိသာသာ မြင့်တက်သွားသည်ကို ခံစားမိသဖြင့် အံ့အားသင့်စွာ စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။

​ချန်အန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်... ယီခဲ့လေး ဝိညာဉ်စွမ်းအင် သွင်းယူတာကို မြင်လိုက်ရတော့ အကြောင်းရင်းမရှိဘဲ ရုတ်တရက် အလင်းပွင့်သွားပြီး ရွှေအမြူတေအဆင့် (၃) ကို ရောက်သွားတာ။"

​ရှန်းချင်းယီသည် ထိုစကားကို ကြားသောအခါ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကာ မျက်နှာတစ်ခုလုံးတွင် သံသယများ ပြည့်နှက်သွားတော့သည်။ ချန်အန်၏ ကျင့်ကြံဆင့် တက်လှမ်းမှုအရှိန်မှာ အလွန်ပင် လွန်ကဲလွန်းလှပေသည်။ ၎င်းသည် မည်မျှအထိ လွန်ကဲသလဲဆိုလျှင် မိမိကိုယ်ကိုယ် အိပ်မက်မက်နေသည်လားဟူ၍ပင် ထင်မှတ်ရသည်။ ဤအိပ်မက်သည် ရတနာဆိုင်တွင် ချန်အန့်ကို ပထမဆုံး စတင်တွေ့ရှိခဲ့စဉ်ကတည်းက မက်ခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်အထိ နိုးထလာခြင်း မရှိသေးပေ။

​အခြားတစ်ဖက်တွင်မူ ဝမ်ကျိယန်သည် ရှန်းချင်းယီနှင့် ချန်အန်တို့၏ စကားပြောသံကို ကြားရသော်လည်း သူမအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိပေ။ သူမ၏ အာရုံအားလုံးမှာ မိမိ၏ သမီးငယ်လေးပေါ်တွင်သာ ရှိနေသည်။ ရှန်းချင်းယီနှင့် မတူညီသည်မှာ သူမသည် ချန်အန်နှင့် လက်ထပ်ခဲ့သည်မှာ သုံးနှစ်နီးပါး ရှိပြီဖြစ်၍ ချန်အန်၏ ကျင့်ကြံဆင့် တက်လှမ်းမှုအရှိန်ကို ကျင့်သားရနေပြီ ဖြစ်သည်။ အပိုပြောရလျှင် ချန်အန်တစ်ယောက် ယခုနေရာတင်ပင် အခြေတည်ဝိဉာဥ်အဆင့်သို့ ရုတ်တရက် တက်လှမ်းသွားပါစေဦးတော့၊ သူမအနေဖြင့် အထူးအဆန်း ဖြစ်နေမည် မဟုတ်ပေ။

​"ယီခဲ့လေး... ဝိညာဉ်စွမ်းအင် သွင်းယူတတ်သွားတော့ ခန္ဓာကိုယ်ထဲမှာ ထူးထူးခြားခြား ဘာဖြစ်လဲသမီး။" ဝမ်ကျိယန်သည် သမီးငယ်၏ မျက်နှာပေါ်မှ တံတွေးများကို သုတ်ပေးရင်း ဂရုတစိုက် မေးမြန်းလိုက်သည်။

​ချန်ယီခဲ့၏ ပါးပြင်ဝိုင်းဝိုင်းလေးပေါ်ရှိ မျက်ခုံးတိုတိုလေးနှစ်ခုမှာ တင်းတင်းကြုံ့သွားပြီး နေရထိုင်ရ ခက်ခဲသော မျက်နှာပေးဖြင့် ပြောလိုက်သည်။ "မေမေ... သမီး အိမ်သာသွားချင်လို့။"

​"ဖူး..."

​ချန်အန်သည် သမီးငယ်၏ စကားကြောင့် အကြောင်းရင်းမရှိဘဲ ရယ်ချင်သွားကာ မထိန်းနိုင်ဘဲ ရယ်မောလိုက်တော့သည်။ ဝမ်ကျိယန်က လှည့်ကြည့်ကာ မျက်စောင်းထိုးလျက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်။ "ဘာကို ရယ်နေတာလဲ။ ဘာက ရယ်စရာမို့လို့လဲ။"

​"ဟုတ်ပါပြီ... မရယ်တော့ဘူး၊ မရယ်တော့ဘူး။" ချန်အန်သည် စိတ်ကြီးလှသော ကိုယ်လုပ်တော်လေးကို စိတ်အနှောင့်အယှက် မဖြစ်စေချင်သဖြင့် သူမ၏ ဆန္ဒအတိုင်း အလျှော့ပေးလိုက်ရရှာသည်။

​ညဘက်တွင် ဂူရှင်းယွဲ့သည် အထူးသဖြင့် ဆီပြန်ဟင်းလျာမျိုးစုံဖြင့် စားသောက်ပွဲကြီးတစ်ခုကို ပြင်ဆင်ချက်ပြုတ်ခဲ့သည်။ ၎င်းသည် ယီခဲ့လေး ဝိညာဉ်စွမ်းအင် သွင်းယူခြင်း အောင်မြင်သွားမှုကို ဂုဏ်ပြုရန်နှင့် ချန်အန်တစ်ယောက် အဆင့် (၃) သို့ တက်လှမ်းနိုင်ခဲ့မှုကို ဆင်နွှဲရန် ဖြစ်သည်။ တကယ့်ကို နှစ်ထပ်ကွမ်း မင်္ဂလာပင် ဖြစ်၏။

​စားသောက်နေစဉ်အတွင်း ချန်အန်သည် သူ၏ ဇနီးများကို မြေခွေးမိစ္ဆာ၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။ စကားပြောရင်းဖြင့် အချိန်ကာလမှာ အတော်အတန် သင့်တော်ပြီဟု ခံစားရသောအခါ သူက တုန်လှုပ်ချောက်ခြားဖွယ် စကားတစ်ခွန်းကို ပြောကြားလိုက်သည်။

​"မင်းတို့ကို ပြောစရာတစ်ခု ရှိတယ်။ ငါ အဲဒီ မြေခွေးမိစ္ဆာကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ဖို့ စီစဉ်နေတယ်။"

​ထိုစကား ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် ဇနီးလေးယောက်စလုံးမှာ ဆွံ့အသွားကြတော့သည်။ ထို့နောက်မှ သတိပြန်ဝင်လာကြပြီး မိမိတို့၏ ယောကျ်ားကို အံ့အားသင့်စွာ စိုက်ကြည့်ကြကာ ခဏမျှ မိမိတို့ နားကြားမှားလေသလားဟူ၍ပင် ထင်မှတ်လိုက်ကြသည်။

​"ယောက်ျား... ခုနက ဘာပြောလိုက်တာလဲ။" ရှန်းချင်းယီသည် မယုံနိုင်လောက်အောင် ဖြစ်သွားရသဖြင့် မိမိ နားကြားမှားခြင်း မဟုတ်ကြောင်း သေချာစေရန် ချန်အန့်ကို ဇဝေဇဝါဖြင့် ထပ်မံမေးမြန်းလိုက်သည်။

​ချန်အန်က တည်ငြိမ်စွာပင် "ငါ အဲဒီ မြေခွေးမိစ္ဆာကို ငါ့ရဲ့ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ပြောတာပါ" ဟု ဆိုသည်။

​ထိုစကားကို ဒုတိယအကြိမ် ထပ်မံကြားရသောအခါ ဝမ်ကျိယန်သည် မထိန်းနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။ "ချန်အန်... ရှင် ရူးသွားပြီလား။"

"ဒါက မြေခွေးမိစ္ဆာကြီးနော်။"

"ဒါ့အပြင် အဲဒီ မြေခွေးမိစ္ဆာက ရှင့်ကို အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တဲ့ ရန်သူကြီးလေ။"

"ကျွန်မတို့ကပဲ မလှလို့လား၊ ဒါမှမဟုတ် ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေကပဲ ဆွဲဆောင်မှုမရှိလို့လား... ရှင်က ဘာလို့ အဲဒီ မြေခွေးမိစ္ဆာကိုမှ ရည်ရွယ်နေရတာလဲ။"

"ရှင် အဲဒီ မြေခွေးမိစ္ဆာရဲ့ ပြုစားတာကို ခံလိုက်ရလို့ စိတ်လွတ်သွားတာလား။"

​ဝမ်ကျိယန်၏ အသံမှာ တစ်စထက်တစ်စ ပိုမိုကျယ်လောင်လာပြီး အစမှ အဆုံးအထိ စစ်ဆေးမေးမြန်းသည့် လေသံမျိုး ဖြစ်နေပေသည်။ ၎င်းကို မြင်သောအခါ သမီးငယ်လေးနှစ်ယောက်မှာ မည်မျှအထိ လန့်ဖြတ်သွားသလဲဆိုလျှင် အသက်ကိုပင် ပြင်းပြင်းမရှူရဲကြရှာပေ။

​"အစ်မဝမ်... စိတ်မလှုပ်ရှားပါနဲ့ဦး ယောက်ျားမှာ တစ်စုံတစ်ရာ အခက်အခဲ ရှိလို့နေမှာပါ" ဟု ဂူရှင်းယွဲ့က ကြားဖြတ်ဖျန်ဖြေပေးသည်။

​ဝမ်ကျိယန်ကမူ အလွန်ပင် ဒေါသထွက်နေခဲ့သည်။ "သူ့လို နှာဘူးတစ်ယောက်မှာ ဘာအခက်အခဲ ရှိမှာလဲ။ ကျွန်မ ထင်တာတော့... သူ အဲဒီ မြေခွေးမိစ္ဆာ ချောမောလှပတာကို မြင်ပြီး တဏှာရာဂတွေ ပြန်ထကြွလာတာပဲ ဖြစ်ရမယ်။"

​ပြောပြီးသည်နှင့် သူမက ဆက်ပြောသည်။ "မောင်... အဲဒီ မြေခွေးမိစ္ဆာက အရမ်းအန္တရာယ်များတယ်။ တကယ်လို့ ရှင်သာ သူမကို အိမ်ခေါ်လာရဲရင်... ကျွန်မ သမီးကိုခေါ်ပြီး ဒီအိမ်ကနေ အခုချက်ချင်း ဆင်းသွားမယ်။"

​"အစ်မဝမ်... အရင်ဆုံး စိတ်အေးအေးထားပါဦး။" ဆောင်ဟွာယင်းက ဝမ်ကျိယန်ကို နှစ်သိမ့်ပေးပြီးနောက် ချန်အန့်ကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။ "ယောက်ျား... ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲဒီ မြေခွေးမိစ္ဆာကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ချင်ရတာလဲ။"

​ဆောင်ဟွာယင်းသည် အမြဲတမ်း ချန်အန့်အား ကိုယ်လုပ်တော်များ ထပ်မံသိမ်းပိုက်ရန် အားပေးကူညီလေ့ရှိသူ ဖြစ်သည်။ သို့သော်ငြားလည်း ယခုအခါ ချန်အန်က ထိုမြေခွေးမိစ္ဆာကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုကြောင်း ပြောကြားလာသောအခါ သူမကိုယ်တိုင်ပင် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားရရှာသည်။

.............................................................

All Chapters