← Chapters

အခန်း ၁၉၇

Vol. 19 Ch. 197

အခန်း ၁၉၇

Vol. 19 Ch. 197

အခန်း (၁၉၇) - စည်းရုံးရေးမဟာဗျူဟာ စတင်ခြင်း

​ဈေးကွက်အတွင်းရှိ လုကော်ပိုရေးရှင်း၏ ကုန်သွယ်ရေးကုမ္ပဏီထံသို့...

​ချန်အန်သည် ဓားပျံပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီး ကုန်သွယ်ရေးကုမ္ပဏီထဲသို့ အေးအေးလူလူ လျှောက်လှမ်းဝင်လာခဲ့သည်။ သူသည် မူလက ကျိုကျီ (မြေခွေးမိစ္ဆာ) ထံသို့ တိုက်ရိုက်သွားရန် ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း လမ်းခရီးတွင် တစ်ခုခု လက်ဆောင်ဝယ်သွားလျှင် ပိုကောင်းမည်ဟု ရုတ်တရက် အတွေးပေါက်လာခဲ့သည်။ အနည်းဆုံးတော့ ၎င်းက ကျိုကျီ၏ မိမိအပေါ် သဘောကျနှစ်သက်မှုကို တိုးပွားစေနိုင်သည် မဟုတ်ပါလား။

​"မွန်မြတ်လှတဲ့ ဧည့်သည်တော်ကြီးပါလား... တကယ့်ကို အဖိုးတန်ဧည့်သည်တော်ကြီးပဲ။ လာပါ... ဆေးဆရာကြီးချန်၊ ဒီမှာ ထိုင်ပါ။"

​ချန်အန် ခြေလှမ်းကျဲဖြင့် ဝင်လာသည်ကို မြင်သောအခါ ဆိုင်မန်နေဂျာလုက ချက်ချင်းပင် နွေးထွေးပျူငှာစွာ ကြိုဆိုလေတော့သည်။

​ချန်အန်သည် သူနှင့် ဝတ်ကျေတန်းကျေ စကားအနည်းငယ်သာ ပြောဆိုပြီးနောက် အချိန်မဖြုန်းဘဲ လက်ဆောင်ပစ္စည်း ဝယ်ယူရေးအပေါ်၌သာ အာရုံစိုက်လိုက်သည်။ ဆိုင်ထဲတွင် ပတ်ပတ်လည် လျှောက်ကြည့်ပြီးနောက် သူသည် အမျိုးသားနှင့် အမျိုးသမီးကြားက အချစ်ရေးအကြောင်း ရေးသားထားသော စာအုပ်အချို့၊ ဝတ်စုံ ခြောက်စုံနှင့် ဝိညာဉ်မုန့်၄၁ သေတ္တာတို့ကို သေသေချာချာ ရွေးချယ်ဝယ်ယူလိုက်သည်။

​ထို့နောက် သူသည် လုကော်ပိုရေးရှင်း ကုန်သွယ်ရေးကုမ္ပဏီမှ အမြန်ထွက်ခွာကာ ကျိုကျီ ရှိနေသည့် လှိုဏ်ဂူဆီသို့ ဓားပျံဖြင့် ပျံသန်းသွားခဲ့တော့သည်။

​သူ ဓားပျံစီး၍ ကောင်းကင်ယံသို့ ပျံတက်လိုက်စဉ်မှာပင် ကုန်သွယ်ရေးကုမ္ပဏီအတွင်းမှ ထွက်ပေါ်လာသော အသံလွှင့်အဆောင်၏ အသံကို ကြားလိုက်ရသည်။ ၎င်းသည် ဆိုင်မန်နေဂျာလုက အခြားသူတစ်ဦးနှင့် ဆက်သွယ်ပြောဆိုနေခြင်း ဖြစ်၏။

အပြန်အလှန် စကားပြောဆိုမှုများအရ လုမိသားစုသည် ယနေ့တွင် ရွှံ့နွံတောရှိ မြွေမိစ္ဆာကို သွားရောက်တိုက်ခိုက်ပြီး ၎င်း၏ မိစ္ဆာအနှစ်သာရကို ရယူကာ လုမိသားစုခေါင်းဆောင်အား ရွှေအမြူတေအဆင့်နှောင်းပိုင်းသို့ တက်လှမ်းနိုင်ရန် ကူညီပေးတော့မည် ဖြစ်ကြောင်း သိလိုက်ရသည်။

​ချန်အန်သည် ဤကိစ္ဆရပ်အပေါ် စိတ်ဝင်စားမှုမရှိသော်လည်း ဂရုပြုမှတ်သားထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လုမိသားစု ကုန်သွယ်ရေးကုမ္ပဏီမှ လှိုဏ်ဂူသို့ သွားရာလမ်းတွင် ထိုရွှံ့နွံတောကို ဖြတ်သန်းသွားရမည်ဖြစ်ရာ လုမိသားစုနှင့် ဆုံတွေ့နိုင်ခြေ အချို့ရှိနေသောကြောင့် ဖြစ်၏။

​ထောင်ပေါင်းများစွာသော သစ်ရွက်များတောအုပ်ရှိ ရွှံ့နွံတော...

​ချန်အန်သည် ရွှံ့နွံတော၏ ကောင်းကင်ယံအထက်မှ ဖြတ်သန်းသွားစဉ် အောက်ဘက်တွင် ဘာဖြစ်နေသလဲဆိုသည်ကို သိရှိနိုင်ရန် သူ၏ ဝိညာဉ်အာရုံကို တမင်သက်သက် ဖြန့်ကြက်၍ စူးစမ်းလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အောက်ဘက်တွင် လုမိသားစုဝင်များကို သူ တကယ်ပဲ အာရုံခံမိလိုက်သည်။

​ထိုနေရာတွင် လူပေါင်း ၅၀ ကျော် ရှိနေပြီး အားလုံးမှာ အထူးချွန်ဆုံး အထက်တန်းလွှာများ ဖြစ်ကြသည်။ ကျင့်ကြံဆင့် အနိမ့်ဆုံးလူပင်လျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အလယ်သို့ ရောက်ရှိနေကြပြီ ဖြစ်၏။ ဦးဆောင်လာသူ၏ ကျင့်ကြံဆင့်မှာမူ ပို၍ပင် လွန်ကဲလှရာ ရွှေအမြူတေအဆင့် (၉) သို့ပင် ရောက်ရှိနေပေသည်။

​ချန်အန်သည် စိတ်ထဲမှ ဇဝေဇဝါ ဖြစ်သွားရသည်။

​'ဒီတောအုပ်နီထဲမှာ အဆင့် (၉) ကျွမ်းကျင်သူတစ်ယောက် ရှိနေတာလား။ ဒီဒေသမှာ အသန်မာဆုံးလူက အဆင့် (၆) ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေတဲ့ ရွှီကွန်းဂိုဏ်းရဲ့ ခေါင်းဆောင် မဟုတ်ဘူးလား ဒီအဆင့် (၉) ကျွမ်းကျင်သူက ဘယ်ကနေ ရုတ်တရက် ပေါ်လာတာလဲ...'

​ထိုအခိုက်အတန့်တွင် အောက်ဘက်မှ ထွက်ပြေးလွတ်မြောက်ရန် အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

​"ဒိကွန်ဝူး... အမျိုခံလိုက်ရပြီလား။"

"ပြေးကြစို့။"

"ဆုတ်ခွာ... ဆုတ်ခွာကြစို့။"

​အောက်ဘက်မှ ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံများနှင့်အတူ... ချန်အန်သည် ကောင်းကင်ပေါ်မှ လှမ်းကြည့်လိုက်ရာ ထို အဆင့် (၉) ကျွမ်းကျင်သူကြီးမှာ မြွေမိစ္ဆာ၏ ဝါးမြိုခြင်းကို တကယ်ပဲ ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ ကျန်ရှိနေသော လုမိသားစုဝင်များသည် ချက်ချင်းပင် လန့်ဖြတ်သွားကြကာ အလုအယက် ထွက်ပြေးကြတော့သည်။

​သို့သော်လည်း လာရခက်သလို ပြန်ရခက်သည့် အခြေအနေမျိုး ဖြစ်နေပေသည်။ မြွေကြီးမိစ္ဆာသည် အလွန်ပင် အစားကြီးလှရာ Golden Core အဆင့် (၉) ကျွမ်းကျင်သူကို ဝါးမြိုပြီးနောက် ထွက်ပြေးနေကြသော လုမိသားစုဝင်များနောက်သို့ ချက်ချင်းပင် လိုက်လံအမဲလိုက်တော့သည်။ ၎င်းသည် ငမ်းငမ်းတက်နေသော မြွေဆိုးကြီးတစ်ကောင်အလား လူများကို တစ်ကိုယ်လုံး အရှင်လတ်လတ် မြိုချပစ်လေသည်။ ကျင့်ကြံသူအများစုမှာ ဓားပျံပေါ်သို့ပင် မတက်ရသေးမီ မြွေ၏ ဗိုက်ထဲသို့ ရောက်ရှိသွားကြပြီး နေရာတင်ပင် အသက်ပျောက်ကုန်ကြရှာသည်။

​ကောင်းကင်ယံအထက်တွင် ရှိနေသော ချန်အန်သည် ဤမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။

​၎င်းသည် တကယ့် ကျင့်ကြံခြင်းလောက၏ အမှန်တရားပင် ဖြစ်သည်။ ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိရန်အတွက် ကျင့်ကြံသူများသည် အန္တရာယ်ရှိသော နေရာများသို့ မိမိတို့ဘာသာ ရွေးချယ်ဝင်ရောက်ကာ အသက်နှင့်ရင်း၍ စွန့်စားကြရသည်။ ထို့နောက်တွင်မူ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းများဖြင့်သာ အဆုံးသတ်ရလေ့ရှိပြီး အရင်းအမြစ်များကို တကယ်တမ်း ရရှိနိုင်သူမှာ လူတစ်ရာတွင် တစ်ယောက်ပင် မရှိချေ။

​ထွက်ပြေးနေကြသော လုမိသားစုဝင်အချို့မှာ သူတို့၏ ဓားပျံများဖြင့် မိမိရှိရာဘက်သို့ ပျံသန်းလာကြသည်ကို မြင်သောအခါ ချန်အန်သည် ပြဿနာများနှင့် ကင်းဝေးစေရန်အတွက် ထိုရွှံ့နွံတော၏ ကောင်းကင်ယံမှ ဓားပျံဖြင့် ချက်ချင်းပင် အဝေးသို့ ပျံသန်းထွက်ခွာခဲ့တော့သည်။

​လူသူဆိတ်ညံသော တောင်ပေါ်ရှိ လှိုဏ်ဂူအပြင်ဘက်...

​ချန်အန်သည် ဓားပျံပေါ်မှ ဆင်းသက်လိုက်သော်လည်း ကျိုကျီကို တွေ့ရန် လှိုဏ်ဂူထဲသို့ အလျင်စလို ဝင်မသွားသေးပေ။ ထိုအစား သူသည် လှိုဏ်ဂူဝအနီးရှိ သစ်ပင်တစ်ပင်ကို ခုတ်လှဲကာ သပ်ရပ်လှပသော သစ်သားသေတ္တာတစ်လုံးကို နေရာတင်ပင် ကိုယ်တိုင်ပြုလုပ်လိုက်သည်။ ထို့နောက် သူ၏ သိုလှောင်မှုလက်စွပ်ထဲမှ ဝိညာဉ်မုန့်သေတ္တာတစ်လုံးကို ထုတ်ယူကာ ၎င်းမုန့်များကို မိမိကိုယ်တိုင် ပြုလုပ်ထားသော သစ်သားသေတ္တာထဲသို့ ပြောင်းထည့်လိုက်၏။

​ဤနည်းဖြင့်... သူကိုယ်တိုင် ကိုယ်တိုင်လက်ဖြစ် လုပ်ထားသော ဝိညာဉ်မုန့်သေတ္တာတစ်လုံး အဆင်သင့် ဖြစ်သွားခဲ့လေပြီ။ အားလုံး အိုကေပြီ။ လှိုဏ်ဂူထဲသို့ ဝင်ကာ မြေခွေးမိစ္ဆာလေးကို စည်းရုံးတော့မည်။

​ချန်အန်သည် ဝိညာဉ်မုန့်သေတ္တာကို လက်တွင်ကိုင်ဆောင်ကာ လှိုဏ်ဂူထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်လာခဲ့ရာ ကျိုကျီသည် ကုတင်ပေါ်တွင် လှဲလျက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ကုတင်ဘေးသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်ပြီး ကုတင်ပေါ်ရှိ ကျိုကျီကို အမြတ်တနိုးဖြင့် စိုက်ကြည့်နေမိတော့သည်။

​သူမ၏ ဆံပင်များမှာ နူးညံ့ပြီး ပန်းရောင်သန်းနေကာ မျက်နှာလေးမှာ သေးငယ်ပြီး သွယ်လျနေသည်။ သူမ၏ မျက်တောင်များမှာ အလွန်ပင် ရှည်လျားပြီး မျက်လုံးထောင့်စွန်း အောက်ခြေတွင် မှဲ့လေးတစ်လုံး ရှိနေပေသည်။ နှာတံလေးမှာ သေးငယ်ပြီး စွင့်ကားနေကာ နှုတ်ခမ်းအစုံမှာမူ ပန်းရောင်သန်းလျက် တောက်ပနေ၏။ သူမ၏ အသားအရေမှာ ဖြူစင်ဝင်းပပြီး နူးညံ့လှရာ မျက်နှာတစ်ခုလုံးသည် အပြစ်ကင်းစင်မှုနှင့် ညို့ဓာတ်ပြည့်ဝမှုတို့ ပေါင်းစပ်နေသဖြင့် ကြည့်ရသူ၏ ရင်ကို တုန်လှုပ်စေပေသည်။

​အောက်ဘက်သို့ ဆက်ကြည့်လိုက်ရာ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှာ အကောက်အကောက် ကောက်ကြောင်းများနှင့် ပြည့်နှက်နေသည်။ ထွားစရာရှိသည့် နေရာများမှာ ထွားကျိုင်းပြီး သွယ်စရာရှိသည့် နေရာများမှာ သွယ်လျနေပေသည်။ ထိုအထဲတွင် အဆွဲဆောင်နိုင်ဆုံးသော အစိတ်အပိုင်းမှာ ကျိုကျီ၏ သွယ်လျသော ခြေသလုံးများနှင့် သေးငယ်ပြီး ကျောက်စိမ်းကဲ့သို့ လှပသော ခြေဖဝါးလေးများ ဖြစ်သည်။

​ခရမ်းရောင် ဂါဝန်လေးမှာ ဒူးဆစ်အထိသာ ဖုံးအုပ်ထားသဖြင့် ဖြောင့်စင်းပြီး သွယ်လျလွန်းသော စံပြခြေသလုံးတစ်စုံမှာ ပေါ်လွင်နေပေသည်။ မည်သည့် ပိုလျှံသော အဆီမျှမရှိဘဲ ချောမွတ်ပြီး ဖြူဝင်းသော အသားအရေကြောင့် ကြည့်ရသူကို စိတ်ကူးယဉ်စရာ ဖြစ်စေသည်။ ထို့နောက်တွင်မူ အညို့ဓာတ်အရှိဆုံးဖြစ်သော ကျောက်စိမ်းကဲ့သို့ ခြေဖဝါးလေးများ ရှိနေပြီး ခြေချောင်းလေးများမှာ စပျစ်သီးလေးများကဲ့သို့ ဝိုင်းစက်နေသဖြင့် ကိုက်စားချင်စရာပင် ကောင်းလှတော့သည်။

​တစ်စုံတစ်ယောက်က မိမိ၏ ဘေးနားတွင် ထိုင်ကာ စိုက်ကြည့်နေသည်ကို အာရုံခံမိလိုက်သကဲ့သို့ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကျိုကျီသည် သူမ၏ လှပသော မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

​ကုတင်ဘေးတွင် လူတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူမသည် ထိတ်လန့်သွားသော်လည်း ထိုသူမှာ ချန်အန်ဖြစ်ကြောင်း မကြာမီ သိရှိသွားသည်။

​"သခင်လေး... ရှင်က ဘာလို့ ဘယ်သူမှမသိအောင် ကျွန်မကုတင်ဘေးမှာ လာထိုင်နေရတာလဲ။ ကျွန်မကို လန့်အောင်လုပ်နေပြန်ပြီ။"

​ကျိုကျီသည် သူမ၏ အနည်းငယ် မြန်ဆန်လာသော ရင်ခုန်သံကို လက်ဖြင့်အုပ်ရင်း လှပသော မျက်နှာလေးတွင် အပြစ်တင်သည့် အမူအရာလေးဖြင့် ပြောလိုက်သည်။

​သူမ၏ လက်နှင့် ခြေထောက်များကို ဝိညာဉ်ချုပ်ကျောက်တုံး (Seastone) ဖြင့် ထိပ်တုံးခတ်ထားခြင်း ခံထားရသည့်အပြင်၊ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာလည်း လုံးဝ ခမ်းခြောက်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှာ အမြဲတမ်း အားနည်းသော အခြေအနေတွင် ရှိနေသဖြင့် သူမ၏ ဝိညာဉ်အာရုံနှင့် အာရုံခံစားမှုများမှာ ထိခိုက်နေရပြီး မည်သူတစ်ဦးတစ်ယောက် ချဉ်းကပ်လာသည်ကို သိရှိရန် ခက်ခဲလှပေသည်။ ယခုအခါ သူမ နိုးထလာရခြင်းမှာ သက်ရှိ သတ္တဝါတို့၏ ဗီဇအရ ရှိတတ်သော အန္တရာယ်ကို ကြိုတင်သိမြင်သည့် အသိစိတ်ကြောင့်သာ ဖြစ်သည်။

​ကျိုကျီ၏ အပြစ်တင်စကားကို ချန်အန်က ဘာမှမတုံ့ပြန်ဘဲ မသိမသာ ပြုံးပြလိုက်ပြီး လက်ထဲရှိ ဝိညာဉ်မုန့်သေတ္တာကို ကမ်းပေးလိုက်သည်။

​"ဒါက ငါကိုယ်တိုင် လုပ်ထားတဲ့ ဝိညာဉ်မုန့်လေးတွေပဲ။ မင်း မြည်းစမ်းကြည့်နိုင်ဖို့ သီးသန့် ယူလာပေးတာပါ..."

..............................................................

All Chapters