အပိုင်း(၈၄)-နာလန်မျိုးနွယ်၏ဆုံးဖြတ်ချက်
Vol. 001 Ch. 84
“မင်းပြောတော့ တောင်ပံလေးခုငှက်က ရှေးဟောင်းငှက်ကြီးတွေရဲ့ သွေးဆို၊ ဒါဆို အဲဒီရှေးဟောင်းငှက်ကြီးတွေက ဘာဝိညာဉ်သားရဲအမျိုးအစားလဲ”
ဟိန်းသံလေးသည် သူမအား မြို့သားတစ်ယောက်မှ တောသားတစ်ယောက်ကိုကြည့်သည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
“ဘာဝိညာဉ်သားရဲရမှာလဲ၊ သူတော်စင်သားရဲပေါ့” ဟိန်းသံလေးပြောလိုက်သည် “ဟိုးအရင်တုန်းက အဲအကောင်က အံ့ဖွယ်ကောင်းတဲ့ဟိန်းသံတွေထက်တောင် အားကောင်းတယ်၊ ငှက်ကြီးတွေက အတောင်ပံဖြန့်လိုက်ရင် မိုင်ပေါင်း ကိုးသောင်းပျံ့နိုင်တယ်လို့ မပြောကြဘူးလား၊ အဲဒါချဲ့ကားပြောတယ်လို့ထင်ရပေမယ့် သူ့ရဲ့အရှိန်နှုန်းက သာမာန်ငှက်အမျိုးအစား သူတော်စင်ငှက်တွေတောင် လိုက်မမှီဘူး၊ ပြီးတော့ တိုက်ခိုက်နိုင်တဲ့အားကလည်း ငြိမ်တယ်၊ ငှက်လေးက သူ့သွေးကြောတွေနိုးထလာရင် သင့်တင့်တဲ့အကူအညီပေးတယ်လို့ သတ်မှတ်လို့ရတယ်”
ရှီမာယူယူသည် လက်ထဲတွင်ရှိသော ငှက်ငယ်အားကြည့်ပြီး ထိုအကောင်သည် ဝိညာဉ်သားရဲဖြစ်၍ ရှေးဟောင်းသူတော်စင်သားရဲဖြစ်သည်ကို ခန့်မှန်းသိရှိရန်ခက်သည်ကို တွေ့လိုက်ရသည်။
“ငှက်လေးက အဲလိုမထင်ရပေမယ့် ငါ့ရဲ့အမြော်အမြင်ရှိတဲ့မျက်လုံးနဲ့ဆိုရင် သူ့ရဲ့သွေးကြောတွေမနိုးစေဦးတော့ သူကြီးလာရင် တောင်ပံလေးခုငှက်တွေရဲ့ ဘုရင်ဖြစ်မှာပဲ၊ ငါသိသလောက်ဆိုရင် တောင်ပံလေးခုငှက်ဘုရင် မပေါ်တာနှစ်အတော်ကြာပြီ” ဟိန်းသံလေး ထူးခြားစွာပြောလိုက်သည်။
နေ့ရောညပါ အိပ်နေသော ငှက်ငယ်အကြောင်းကြားသည်နှင့် ရှီမာယူယူပိုရှုပ်ထွေးသွားသည်။ သူ့တွင် ထိုကဲ့သို့သရုပ်မှန်ရှိနေပါလျက်နှင့် ဟိန်းသံလေးသည် ဒီဝိညာဉ်သားရဲကိုဘာလို့ ကလိမ်ကကျစ်ကျဖို့လုပ်တာပါလိမ့်။
“သူက ဘာလို့အိပ်နေသေးတာလဲ”
“ငါထင်တာတော့ အရင်တစ်ခေါက်က မေ့ဆေးရဲ့အကျိုးဆက်ပဲဖြစ်မယ်” ပြီးခဲ့သည့်တစ်ခေါက်ကမြင်ခဲ့သော တောင်ပံလေးခုငှက်၏ နီရဲသောမျက်လုံးကို ရှီမာယူယူတွေးလိုက်သည်။ တစ်ခုခုကိုတကယ်လုပ်တော့မည့် ပုံဖြစ်နေသည်။
“ဒါဆို ဒီလိုသာဆက်အိပ်နေရင် ရွှေမြွေသီးမှည့်တဲ့အချိန်ကျရင် ဘာအကူအညီမှဖြစ်မှာမဟုတ်ဘူး” ရှီမာယူယူ အကူအညီမဲ့စွာပြောလိုက်သည်။
“ဒါကတော့…. ဟာ သူနိုးလာပြီ” ဟိန်းသံလေး ပျော်ရွှင်စွာပြောလိုက်သည်။
တောင်ပံလေးခုငှက်တွင် အထူးတလည်ယူဆောင်လာသော ကူညီတတ်သည့် လက်တစ်စုံရှိသည်။ သူသာ ဆက်အိပ်နေလျှင် ဘာမှလုပ်လို့ရမည်မဟုတ်ပေ၊ တောင်ပံလေးခုငှက်နိုးလာသည်ကို အာရုံခံမိသည်နှင့် သူတက်ကြွလာသည်။
တောင်ပံလေးခုငှက်၏ ပိတ်နေသော မျက်လုံးသည် ဖြေးညင်းစွာပွင့်လာသည်။ သူအားလုံးကိုမြင်သောအခါတွင် သူ၏ မရှင်းလင်းသော မျက်လုံးများသည် ချက်ချင်းပင်စူးရှလာကာ ကျောပေါ်မှ ငှက်မွှေးများသည် ထောင်လာလေသည်။ ရှီမာယူယူအား မှတ်မိသည်နှင့် သူ့ခန္ဓာကိုယ်သည် ပုံမှန်အတိုင်းဖြစ်သွားတော့သည်။
“မင်းနိုးလာပြီလား” ရှီမာယူယူမေးလိုက်သည်။
“ငါတို့ကို ကယ်တဲ့အတွက်ကျေးဇူးပါ” တောင်ပံလေးခုငှက်သည် တောင်ပံကိုခတ်ရင်းပြောလိုက်သည်။
“ဒီလိုပဲ ဖြတ်ရင်းဖြစ်သွားတာပါ” ရှီမာယူယူပြောလိုက်သည် “မင်းအခုရောဘယ်လိုနေလဲ”
“အဆင်ပြေပါတယ်” တောင်ပံလေးခုငှက်သည် ပြန်ပြောလိုက်သည် “အခုငါနဲ့ မင်းစာချုပ်ချုပ်ချင်တာလား”
“ဟမ်” တောင်ပံလေးခုငှက်သည် ထိုကဲ့သို့တည့်တိုးပြောလာမည်ဟု မထင်သောကြောင့်ရှီမာယူယူ ကြက်သေသေသွားသည်။ သူမခေါင်းရမ်းကာပြောလိုက်သည် “ငါက အခုမင်းနဲ့စာချုပ်ချုပ်ဖို့မဖြစ်နိုင်ဘူး၊ ငါ့မှာ ငါစာချုပ်ချုပ်နိုင်တဲ့ သားရဲအရေအတွက် ပြည့်သွားပြီ၊ ပြီးတော့ အခုတော့ ဝိညာဉ်သားရဲနဲ့စာချုပ်ချုပ်လို့မရသေးဘူး”
“သြော်” တောင်ပံလေးခုငှက်သည် တည်ငြိမ်စွာခေါင်းညိတ်လိုက်ကာ ပြောလိုက်သည် “မင်းမှာ ကျင့်ကြံလို့ရတဲ့ ကိုယ်ပိုင်နေရာရှိတယ်လို့ဟိန်းသံလေးပြောတယ်၊ သူပြောတာက မင်းငါနဲ့စာချုပ်ချုပ်လို့မရရင် ငါအဲမှာသွားပြီး ကျင့်ကြံနေလိုက်တဲ့ မင်းစာချုပ်ချုပ်နိုင်တဲ့အချိန်ကျရင် ငါနဲ့စာချုပ်ချုပ်လို့ရတာပဲ”
“အာ….” ရှီမာယူယူ တောင်ပံလေးခုငှက်အားကြည့်လိုက်သည် “မင်းတကယ်ပဲငါ့နောက်လိုက်ချင်တာလား”
“ဟုတ်တယ်” တောင်ပံလေးခုငှက်သည် ခေါင်းညိတ်လိုက်သည်။
“ဘာလို့လဲ” ရှီမာယူယူ နားမလည်တော့ပေ။
“ဟိန်းသ့လေးရဲ့ သွေးကြောက ငါ့ထက်မြင့်တယ် ပြီးတော့ မင်းနောက်ကိုလိုက်တာက အနာဂတ်ရှိတယ်တဲ့ ငါသူပြောတာယုံတယ်” တောင်ပံလေးခုငှက်သည် လေးနက်စွာပြောလိုက်သည်။
သူ၏ အဖြေကိုရှီမာယူယူ နားလည်ရခက်စွာအံ့သြမိသည်။ ဒီကောင်သူမနောက်လိုက်ခြင်းသည် သူမကြောင့်မဟုတ်ပဲ ဟိန်းသံလေးကြောင့်ဖြစ်နေသည်။
အတွေးတစ်ချက်နှင့်ပင် ဟိန်းသံလေးနှင့် တောင်ပံလေးခုငှက်တို့သည် ဝိညာဉ်ပုလဲအတွင်းဝင်သွားတော့သည်။
ထိုအတွဲအား ကြည့်ရသည်မှာ မျက်စိနောက်လာသည်။ မျက်လုံးက မသိသော်လည်း စိတ်ထဲတွင်တော့ မချိတင်ကဲဖြစ်မိသည်။
တောင်ပံလေးခုငှက်၏ရှေ့တွင်မြင်ကွင်းသည် တစ်ဏချင်းပင်ပြောင်းသွားပြီး သူအံ့သြနေတော့သည်။
“ဒီဟာက ယူယူရဲ့ နယ်မြေပဲ မင်းကြိုက်တဲ့နေရာသွားပြီး ကျင့်ကြံလို့ရတယ်” ဟိန်းသံလေးသည် သဝင်ခိုက်စွာပြောလိုက်လေသည်။
ဝိညာဉ်လေးသည် လေထဲတွင်ပေါ်ထွက်လာသော တောင်ပံလေးခုငှက်အားကြည့်ပြီးပြောလိုက်သည် “ဒါက ငါ့ကမ္ဘာပဲ ပြီးတော့ သခင်ရဲ့ နေရာလည်းဖြစ်တယ်၊ မင်းဝင်လာတာနဲ့ ရှေ့လျှောက် သခင့်ရဲ့ စာချုပ်ဝိညာဉ်သားရဲတွေကိုတွေ့ရလိမ့်မယ်၊ ဟုတ်တယ် မင်းနဲ့စာချုပ်မချုပ်နိုင်သေးဘူး၊ ဟိန်းသံလေး၊ သခင်က မင်းကို ငှက်လေးကိုခေါ်သွားပြီးလျှောက်ပြပြီး သူ့ကိုဂရုစိုက်ဖို့ ပြောလိုက်တယ်”
သူပြောပြီးသည်နှင့် ကြက်သေသေနေသော တောင်ပံလေးခုငှက်အား ထားသွားကာ ပျောက်သွားလေသည်။
ဟိန်းသံလေးပျံကာ ပြောလိုက်သည် “ဘယ်လိုလဲ ငါမင်းကိုမလိမ်ပါဘူး၊ ဟုတ်တယ်မလား”
ငှက်လေးသည် ခေါင်းအား အကြိမ်ကြိမ်အခါခါညိတ်ကာပြောလိုက်သည် “တကယ်ကို ထူးဆန်းတာပဲ အပြင်ကထပ် ဝိညာဉ်ရွှီတွေထူထပ်တဲ့ ဒီလိုနေရာတကယ်ရှိတာပဲ”
“ဟုတ်တယ် ငါမင်းကို လျှောက်လိုက်ပြမယ်၊ မင်း ခွင့်ပြုချက်မရဘဲ ဝင်လို့မရတဲ့နေရာနည်းနည်းတော့ရှိတယ်၊ အဲနေရာတွေကို ဝင်သွားရင် ယူယူ စိတ်တိုလိမ့်မယ်” ဟိန်းသံလေးပြောဆိုပြီးသည်နှင့် ငှက်လေးအား ဝိညာဉ်ပုလဲအတွင်းလိုက်ပြတော့သည်။
ဝေကျိရွှီနှင့် ကျန်သောသူများရှိသည့်နေရာသို့ရှီမာယူယူလျှောက်သွားလိုက်သည်။ နေရာသည် ကျဉ်းလွန်းသဖြင့် တဲများ ဆင်ရန်မဖြစ်နိုင်ပေ။ သူတို့လေးယောက်သည် ကြီးမားသော ကျောက်တုံးပေါ်တွင် ထိုင်ကာ စကားပြောနေကြသည်။
“ယူယူ မင်းကြာလိုက်တာ၊ မင်းရဲ့ ဟာနေတဲ့ဗိုက်ကို ဒီလိုပစ်ထားလို့ရလား” ဖက်တီးကျူသည် ရယ်မောကာ စနောက်လိုက်သည်။
ရှီမာယူယူပြုံးသော်လည်း ပြန်မဖြေလိုက်ပေ။
အစပိုင်းတွင် သူ့လက်တွင်ရှိသော ငှက်လေးသည် နိုးလာပြီး ထွက်သွားပြီဟု အားလုံးက ထင်လိုက်သည်။
ရှီမာယူယူလျှောက်လာပြီး သူ့ဘေးတွင်ထိုင်လိုက်သည်။ ထို ကျောက်တုံးသည် တကယ်ခိုင်ခံသည်။ ငါးယောက်ထိုင်သည်ကို လက်ခံနိုင်လောက်အောင် ကြီးမားသည်။
ထို့အပြင် သူတို့သည် အောက်တွင်ဖြစ်နေသော အခြေအနေကို ခေါင်းထောင်ကြည့်နိုင်သည်။
“ရွှေမြွေသီးမှည့်ဖို့ တစ်ရက်ပဲလိုတော့တယ်၊ အခု အောက်မှာဝိညာဉ်သားရဲတွေပိုများလာပြီ၊ ဒီနေ့တော့ အဆင့်မြင့်တဲ့ဝိညာဉ်သားရဲတွေလည်းရောက်လာကြတယ်” ဝေကျိရွှီပြောလိုက်သည်။
“ဒီလို အားကောင်းတဲ့ပြပွဲမျိုးကို ငါမြင်တောင်မမြင်ဖူးဘူး၊ ငါ့ရင်တွေတောင် တဒုန်းဒုန်းခုန်နေပြီ မင်းသိလား” ဖက်တီးကျူသည် သူ့ရင်ဘတ်အားပုတ်ပြီးပြောလိုက်သည်။
“မင်းရင်မခုန်ရင် သေသွားမှာပေါ့” ဝူရန်ဖေပြောလိုက်သည်။
ဝူရန်ဖေထိုကဲ့သို့စကားများပြောတတ်သည်ကို သူတို့ထင်မထား၍ အားလုံးသည် အံ့သြသွားကြသည်။
“တစ်ယောက်ယောက်လာနေတယ်” ဘေဂုံသူတို့အား သတိပေးလိုက်သည်။
အားလုံးသည်တိတ်ဆိတ်သွားတော့သည်။ သူတို့အား ချုံတစ်ခုကကွယ်ထားသဖြင့် အပြင်မှလျှောက်လာသော သူသည် သူတို့အားမမြင်ပေ။
“အဖေ မောင်လေးကို ရှီမာမျိုးနွယ်ကလူတွေသတ်လိုက်ပြီလို့ သမီးထင်တယ်”
လူနှစ်ယောက်စကားပြောသွားသည်များကို ရှီမာယူယူကြားကာ သူမ သတိပြုမိလိမ့်မည်ကို ထင်မထားပေ။
နာလန်ဟီနှင့် နာလန်လန်တို့သည် တောအားဖြတ်လျှောက်သွားကာ ချုံကြီးနောက်တွင်လူများရှိနေသည်ကို မသိလိုက်ကြပေ။
“လန်လေး၊ ရွှီလေးက ခဏပဲပျောက်သွားသေးတာပါ၊ ရှီမာမျိုးနွယ်က သတ်လိုက်ပြီလို့ဘာလို့အဲလောက်တောင် သေချာနေတာလဲ” နာလန်ဟီမေးလိုက်သည် “ငါ့ကို ဖုံးကွယ်ထားတာတစ်ခုခုရှိနေတာလား”
နာလန်လန် နှုတ်ခမ်းကိုက်လိုက်ကာ မျက်လုံးများသည် ဂနာမငြိမ်တော့ပေ။ နောက်ဆုံးတော့ သူမသည် စိုးရိမ်လာကာ ပြောလိုက်သည် “အဖေ သူပျောက်သွားတဲ့မနက်က သမီးကိုလာရှာပြီး ရှီမာမိသားစုက အမှိုက်က အိမ်ပြန်လာပြီလို့ပြောတယ်၊ သူပြောတာက သူက မနက်မှာကျောင်းကိုပြန်သွားမယ်တဲ့ အဲဒါကြောင့် သူ့ကို တိတ်တဆိတ်ရှင်းပစ်ဖို့ အိမ်တော်က အစောင့်နည်းနည်းခေါ်သွားမယ်တဲ့၊ ဒါပေမယ့် သူပြန်မလာတော့ဘူးလို့ ထင်မထားဘူး၊ သဲလွန်စတစ်ခုမှတောင်ချန်မထားပဲပျောက်သွားတာ၊ အဖေပြောဦး ရှီမာယူယူသတ်ပစ်တာကလွဲလို့ ဘာဖြစ်နိိုင်ဦးမလဲ”
“မဖြစ်နိုင်တာ” နာလန်ဟီအပြစ်တင်လိုက်သည် “မင်းက အခုမှကျောင်းကအထုတ်ခံထားရတာ ဘာလို့နောက်ထပ် ပြဿနာရှာချင်ရတာလဲ”
“အဖေ မောင်လေးကိုသွားဖို့ပြောတာ သမီးမဟုတ်ဘူး၊ ဒီတစ်ခါတော့ သမီးသူ့ကို အကြံပေးတယ် ဒါပေမယ့် သူနားမထောင်ဘူး” နာလန်လန် စိတ်ထိခိုက်စွာပြောလိုက်သည် “အဖေ အခုအဲဒါက အရေးမကြီးဘူး မောင်လေးက ပျောက်နေတာ တစ်လကျော်ပြီ၊ ရှီမာမျိုးနွယ်ကို သွားမေးသင့်တယ်”
“ဟင်း.. ရှီမာမျိုးနွယ်က ငါ့သားကို သတ်ရဲရင်တော့ နာလန်မျိုးနွယ်က သူတို့နဲ့ အတူရှိလို့မရတော့ဘူး” နာလန်ဟီသည် အံကြိတ်ကာပြောလိုက်သည် “ရွှေမြွေသီးကိစ္စဖြေရှင်းပြီးတာလို့ ပြန်တာနဲ့ ရှီမာမျိုးနွယ်ဆီကို သွားမယ်”
သူတို့နှစ်ယောက်စကားပြောပြီးသည်နှင့် ရှီမာယူယူ၏ လူငါးယောက်အဖွဲ့သည် သက်ပြင်းရှည်ချမိတော့သည်။ သူတို့ရှီမာမျိုးနွယ်ဆီသွား၍ ပြဿနာရှာမည့်အကြောင်းကို ရှီမာယူယူတွေးနေခိုက် အားလုံးသည် သူမအားကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ငါတို့ကို ပြောဦး၊ အဲဒါမင်းလား”