အခန်း ၁၈၁
Vol. 18 Ch. 181
အခန်း (၁၈၁) မန်နေဂျာ၏ ဆုံးဖြတ်ချက်
ဤသတင်းအချက်အလက်က မဆိုးလှချေ။ Serers auto စမက်ကားကုမ္ပဏီက မူလက အဆင့်နိမ့်ကားအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ယခင်က ဤနာမည်ကို အသုံးပြုခဲ့ခြင်း မရှိပေ။
ဟွာစစ် နည်းပညာကုမ္ပဏီ၏ အကူအညီများ စီးဝင်လာချိန်တွင် ၎င်းသည် အချိန်တိုအတွင်း အကြီးစားကုမ္ပဏီတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
( ဆဲရက်စ်မော်တော်ယာဥ် ကို Seres Auto လို့ မူရင်းတိုင်းထားပါမယ်)
ယခုအချိန်တွင် Serers auto စမက်ကားကုမ္ပကီ ကို ပြင်ပလောကမှ အကောင်းမမြင်ကြဘဲ မီဒီယာအားလုံးနီးပါးက ၎င်းတို့အား လုံးလုံးလျားလျား ဆန့်ကျင်နေကြ၏။
ထို့ကြောင့် Serers suto စမက်ကားကုမ္ပဏီ၏ စတော့ရှယ်ယာဈေးနှုန်းများသည် လက်ရှိတွင် အလွန်ကျဆင်းနေရပေသည်။ သူတို့၏ ကားသစ်ကို ဈေးကွက်ထဲသို့ ဖြန့်ချိလိုက်သည်နှင့် ၎င်း၏ ဈေးကွက်တန်ဖိုးမှာ အဆမတန် မြင့်တက်သွားပေမည်။
Serers suto စမက်ကားကုမ္ပဏီက ကားသစ်ဖြန့်ချိမည့်ရက်ကို ကြေညာထားပြီးဖြစ်ရာ ယခုအချိန်သည် Serers လုပ်ငန်းစုတွင် ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးအချိန်ပင် ဖြစ်ချေသည်။
မကြာမီမှာပင် လင်းရွှယ်သည် ကော်ဖီဆိုင်သို့ ရောက်ရှိလာခဲ့၏။
လူတစ်ယောက် ရောက်လာသည်ကို မြင်ချိန်တွင် လီဟူက အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"ဝိတ်တာ… အယ်… မန်နေဂျာ… ကျွန်တော်တို့ ကော်ဖီရနိုင်ပြီလား…"
လီဟူက ပြုံးလိုက်ပြီး သူတို့နှစ်ဦး၏ စကားပြောဆိုမှုကို ဝင်ရောက်နှောင့်ယှက်ရန် ရည်ရွယ်ချက်မရှိဘဲ ဘေးဘက်ရှိ စားပွဲတစ်လုံးတွင် လိမ္မာပါးနပ်စွာ ဝင်ထိုင်လိုက်လေသည်။
မန်နေဂျာက ကော်ဖီလာချပေးချိန်တွင် လင်းရွှယ်က ပြုံးလျက် ခေါ်လိုက်၏။
"သူဌေး…"
စုယွမ်က မေးလိုက်သည်။
"ကုမ္ပဏီထဲကို ပထမဆုံး ရင်းနှီးမြှုပ်နှံမှုငွေ အမြန်ဆုံး ထည့်ဝင်ပေးမယ်… မင်းမှာ အစီအစဉ်တွေ ရှိလား…"
လင်းရွှယ်က ပြန်ဖြေလိုက်၏။
"အင်း… ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်မမှာ အတွေ့အကြုံ လိုအပ်နေသေးတယ်… ဒါကြောင့် နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိ သေချာ လေ့လာစောင့်ကြည့်ဖို့ လိုအပ်ဦးမယ် ထင်တယ်…"
စုယွမ်က ပြောလိုက်သည်။
"ဟုတ်တယ်… ကိုယ့်စွမ်းရည်ကို သွေးဖို့အတွက် အမြဲတမ်း အချိန်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခုတော့ လိုအပ်တာပေါ့… ငါ မင်းကို အရိပ်အမြွက်လေးတစ်ခု ပေးမယ်… Serers suto စမက်ကားကုမ္ပဏီအကြောင်း မင်း ဘယ်လိုထင်လဲ…"
"ဟင်… Serers suto စမက်ကားကုမ္ပဏီ… အဲဒါက အရင်တုန်းက တုန်းခန်း မော်တော်ကားကုမ္ပဏီလို့ ခေါ်တဲ့ တစ်ခု မဟုတ်ဘူးလား…"
လင်းရွှယ်က ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလာခဲ့သည်။
"ကျွန်မ သိသလောက်တော့ ဒီကုမ္ပဏီက အမြဲတမ်း အခြေအနေ မထူးခြားဘဲ မော်တော်ကားလောကမှာ ထင်ရှားတဲ့ ဝိသေသလက္ခဏာမျိုး မရှိဘူး… ပြောရရင် အာရုံစိုက်စရာကောင်းတဲ့ တန်ဖိုးရှိတဲ့အရာ ဘာမှမရှိဘူးပေါ့…"
"မကြာသေးခင်ကတော့ သတင်းတွေထဲမှာ ခေါင်းကြီးပိုင်း ပါလာခဲ့တယ်… လူတိုင်းကတော့ Serers suto စမက်ကားကုမ္ပဏီဟာ သူတို့ရဲ့ ဝိညာဉ်ကို ဟွာစစ် နည်းပညာကုမ္ပဏီဆီ ရောင်းစားလိုက်ပြီမို့ နောက်ဆုံးမှာ Serers suto စမက်ကားကုမ္ပဏီ ကျဆုံးသွားလိမ့်မယ်လို့ ပြောနေကြတာပဲ…"
စုယွမ်က ဆက်ပြောလိုက်၏။"ဟုတ်တယ်… ငါ မေးချင်တာက Serers suto စမက်ကားကုမ္ပဏီရဲ့ အနာဂတ်အလားအလာကို မင်း ဘယ်လိုထင်လဲ ဆိုတာပဲ…"
လင်းရွှယ်က ခဏတာ စဉ်းစားပြီးနောက် ပြန်လည်ဖြေကြားလိုက်သည်။
"ကားလောကက နာမည်ကြီးတွေတောင် ဒါကို အံဝင်ခွင်ကျ ဖြစ်မယ်လို့ မထင်ကြဘူး… ပွင့်ပွင့်လင်းလင်း ပြောရရင် မော်တော်ကားစက်မှုလုပ်ငန်းက ရာစုနှစ်တစ်ခုကျော်ကြာ တည်ရှိလာခဲ့ပြီး အဓိက အမှတ်တံဆိပ်တွေမှာ နက်ရှိုင်းတဲ့ အမြစ်တွေနဲ့ ရင့်ကျက်တဲ့ နည်းပညာတွေ ရှိနေကြပြီလေ…သုံးစွဲသူ အများစုနဲ့ အွန်လိုင်းပေါ်က အများပြည်သူတွေက ဒီကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် အကောင်းမမြင်ကြဘူး…"
စုယွမ်က ပြောလိုက်၏။
"ဟုတ်တယ်… မင်းပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်… မော်တော်ကားလုပ်ငန်းက ပြည့်နှက်နေတဲ့ပုံ ပေါက်နေတာ အမှန်ပဲ… အဆင့်မြင့် အမှတ်တံဆိပ်တွေထဲမှာ Rolls-Royce နဲ့ ဖာရာရီ တို့ ပါဝင်ပြီး အောက်ကို နည်းနည်းထပ်ဆင်းလိုက်ရင် Mercedes-Benz နဲ့ BMW တို့ ရှိမယ်… ပြီးရင်တော့ ဖောက်စ်ဝက်ဂွန် ဟုန်ကွမ် (Volkswagen Hongguang) နဲ့ တခြားအမှတ်တံဆိပ်တွေ လာမယ်… ဈေးနှုန်းတိုင်းမှာ ကုန်ပစ္စည်း စီးရီးတွေ အသီးသီး ရှိနေကြတယ်… သုံးစွဲသူတွေအတွက် ရွေးချယ်စရာတွေ အများကြီးရှိတယ်… တကယ်လို့ ဒီအချိန်မှာ ကားသစ်တစ်စီးကို ချက်ချင်းကြီး ဖြန့်ချိလိုက်မယ်ဆိုရင် အထူးသဖြင့် မော်တော်ကား အတွေ့အကြုံ သိပ်မရှိတဲ့ ကုမ္ပဏီတစ်ခုက ထုတ်လိုက်မယ်ဆိုရင် မေးခွန်းထုတ်စရာတွေ အများကြီး ထွက်လာမှာ သေချာတယ်…"
စုယွမ်က ကော်ဖီတစ်ငုံကို သောက်လိုက်ရင်း ပြောလိုက်သည်။
"ဒါက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ…"
လင်းရွှယ်က သဘောတူလိုက်၏။
"ဟုတ်တယ်… အွန်လိုင်းမှာ တစ်ယောက်ယောက် ပြောသလိုပေါ့… ဒီပိုက်ဆံလောက်နဲ့ဆိုရင် တခြားကားကိုပဲ ဝယ်စီးလိုက်မယ် ဆိုတာမျိုးလေ…"
စုယွမ်က ရုတ်တရက် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်ပေသည်။
"ဒါပေမဲ့ ငါ ပြောချင်တာက အဲဒါ မဟုတ်ဘူး… ငါ ပြောချင်တာက ဒီကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုက မကြုံစဖူး အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်… Serers ကုမ္ပဏီကလည်း ဘီလီယံရာချီ တန်ကြေးရှိတဲ့ ကုမ္ပဏီကြီးတစ်ခုအဖြစ် အချိုးအကွေ့တစ်ခုကနေ တဟုန်ထိုး တက်လာလိမ့်မယ်…"
လင်းရွှယ်က အနည်းငယ် အံ့ဩသွားကာ ပြောလိုက်၏။
"အာ… ဒါ… ဒါက ဖြစ်နိုင်ခြေ နည်းတယ် မဟုတ်ဘူးလား…"
လင်းရွှယ်က ဆက်မေးလိုက်သည်။
"သူဌေးပဲ မော်တော်ကားလုပ်ငန်းက ပြည့်နှက်နေပြီလို့ ပြောခဲ့တာလေ… သူတို့ရဲ့ ပူးပေါင်းမှုက ဘယ်လိုလုပ် ကြီးမားတဲ့ အောင်မြင်မှုကို ရနိုင်ဦးမှာလဲ…"
စုယွမ်က ရှင်းပြလိုက်သည်။
"ဟုတ်တယ်… ဘာလို့လဲဆိုတော့ အရာအားလုံးက ဖွံ့ဖြိုးတိုးတက်နေတဲ့ အခြေအနေမှာ ရှိနေလို့ပဲ… တိရစ္ဆာန်တွေက သယ်ယူပို့ဆောင်ရေးကို လွှမ်းမိုးထားချိန်တုန်းက တစ်နေ့ကျရင် သံတုံးကြီးတစ်တုံးက တစ်ရက်ကို မိုင်ပေါင်းထောင်ချီပြီး အမြင့်ဆုံး အမြန်နှုန်းနဲ့ သွားနိုင်လိမ့်မယ်လို့ မင်း စိတ်ကူးကြည့်လို့တောင် ရမှာမဟုတ်ဘူး… ဒါက နည်းပညာက ယူဆောင်လာတဲ့ ကြီးမားလှတဲ့ အပြောင်းအလဲပဲ… ငါတို့က အခု နည်းပညာ တော်လှန်ရေးတစ်ခုရဲ့ အစမှတ်မှာ ရောက်နေပြီ… ပွင့်ပွင့်လင်းလင်း ပြောရရင် အရာတစ်ခုအတွက် အလိုအပ်ဆုံးက သူ့ရဲ့ ထူးခြားတဲ့ ဝိသေသလက္ခဏာပဲ… အဲဒီ လက္ခဏာက စဉ်ဆက်မပြတ် တိုးတက်နိုင်ပြီး ပိုမိုကောင်းမွန်အောင် လုပ်နိုင်စွမ်း ရှိရမယ်… ပြီးတော့ ဒီလက္ခဏာက တန့်နေတဲ့ မော်တော်ကားလောကကို ကြီးမားတဲ့ အပြောင်းအလဲတွေ ယူဆောင်လာပေးနိုင်တယ်… မင်း နားလည်လား…"
လင်းရွှယ်က စဉ်းစားတွေးတောနေဟန်ဖြင့် ပြန်ဖြေလိုက်၏။
"ဒါက… အခုတော့ ရှင်းလင်းသွားသလိုပဲ…"
လင်းရွှယ်က ရုတ်တရက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။
"တခြားလို ပြောရရင် အခုက Serers suto စမက်ကားကုမ္ပဏီကို လက်ဝယ်ပိုင်ဆိုင်ဖို့ အကောင်းဆုံး အချိန်ပဲပေါ့…"
လင်းရွှယ်က ဆက်ပြောလိုက်၏။
"အခု အွန်လိုင်းပေါ်က ဆူညံနေတဲ့ ဆွေးနွေးမှုတွေက ကျွန်မကို တကယ် ခေါင်းမူးစေတာပဲ…"
စုယွမ်က ရယ်မောလျက် ဆက်ပြောလိုက်သည်။
"ဟားဟားဟား အွန်လိုင်းက ဆွေးနွေးမှုတွေက ဘာအကြောင်းပဲဖြစ်ဖြစ် ဒီခေါင်းစဉ်က ပိုပိုပြီး ကျယ်ပြန့်လာသရွေ့ အဲဒီအတွက် ဆော့ဖ်ဝဲလ်တွေကို ပိုပိုပြီး အသုံးပြုလာကြသရွေ့ ဒါက သွယ်ဝိုက်တဲ့ ကြော်ငြာနည်းတစ်မျိုး မဟုတ်ဘူးလား… ပွင့်ပွင့်လင်းလင်း ပြောရရင် ကားတွေကို စိတ်မဝင်စားတဲ့ လူတွေတောင် အခုချိန်မှာ ဒီအကြောင်းတွေကို သိနေလောက်ပြီ… စိတ်ဝင်စားမှု အဆင့် မြင့်မားလေလေ အလားအလာရှိတဲ့ ဖောက်သည်တွေ ပိုများလေလေပဲ… ဒါက အရမ်းကို ရိုးရှင်းတဲ့ သီအိုရီတစ်ခုလေ… တခြားဟာတွေကတော့ အဲဒီလောက် အရေးမကြီးပါဘူး…"
လင်းရွှယ်က ပြုံးလိုက်၏။
"ကျွန်မ ထပ်ပြီး လေ့လာစောင့်ကြည့်ဖို့နဲ့ ပိုတွေးတောဖို့ လိုနေသေးပုံပဲ…"
စုယွမ်က သူမ၏ ကော်ဖီကို ကုန်အောင်သောက်ရန် ရည်ရွယ်ချက်မရှိဘဲ ပြောလိုက်သည်။
"အင်း… ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ… နောက်ကျရင် ရင်းနှီးမြှုပ်နှံမှု ကိစ္စကို ငါ ကိုင်တွယ်ရဦးမယ်… ဒါကြောင့် ဒီမှာ ဆက်မနေတော့ဘူး…"
အဘယ်ကြောင့်ဆိုသော် ဤအရာသည် အလွန်ခါးသက်လွန်းလှသောကြောင့် ဖြစ်ပေ၏။
စုယွမ်က လှမ်းခေါ်လိုက်သည်။
"လီဟူ… သွားကြစို့…"
လီဟူသည် မည်သည့် အစားအသောက်ကိုမျှ အလဟဿ မဖြစ်စေဘဲ သကြားထည့်ထားသော ကော်ဖီကို တစ်ကျိုက်တည်း မော့သောက်လိုက်ကာ သူ၏ မျက်နှာပေါ်တွင် ခက်ထန်သော အမူအရာဖြင့် စုယွမ်နောက်သို့ လိုက်သွားတော့၏။
လင်းရွှယ်သည် စားပွဲတွင် ဆက်ထိုင်နေပြီး ကော်ဖီကို ဖြည်းဖြည်းချင်း သောက်ရင်း ကိစ္စရပ်များကို စဉ်းစားတွေးတောနေခဲ့သည်။ ကော်ဖီကုန်သွားချိန်မှသာ သူမသည် ဖြည်းညင်းစွာ ထရပ်လိုက်ပေသည်။
မန်နေဂျာက သိချင်စိတ်ဖြင့် မေးလိုက်၏။
"အမ်… မမလေး… ခုနက လူကြီးမင်းက ဘယ်သူများလဲ…"
လင်းရွှယ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"ဟင်… ဘာလို့ ဒါကို မေးတာလဲ…"
မန်နေဂျာက အပြစ်ရှိသလို ခံစားရဟန်ဖြင့် ဖြေလိုက်၏။
"ဘာမှမဟုတ်ပါဘူး… သူ့ရဲ့ ထူးခြားတဲ့ အသွင်အပြင်ကြောင့် ကျွန်တော် နည်းနည်း သိချင်သွားလို့ပါ…"
"သူက ကျွန်မရဲ့ သူဌေးလေ…"
လင်းရွှယ်သည် ထပ်မံ၍ တစ်စုံတစ်ရာ ပြောဆိုရန် ရည်ရွယ်ချက်မရှိတော့ဘဲ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။
ထို့နောက် မန်နေဂျာသည် ထိုင်ချလိုက်၏။
သူသည် စုယွမ်ပြောသမျှ အရာအားလုံးကို ကြားခဲ့ရပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် သူကိုယ်တိုင်ကလည်း စတော့ရှယ်ယာ ဝယ်ယူရသည်ကို နှစ်သက်သူ တစ်ဦးဖြစ်နေချေသည်။
သူက အတွေးထဲ၌ စဉ်းစားလိုက်သည်။
"ဒီလူက တော်တော်လေး အရည်အချင်းရှိတဲ့ပုံပဲ… သူပြောတာ တော်တော်လေး အဓိပ္ပာယ်ရှိတယ်… Serers suto စမက်ကားကုမ္ပဏီ…"
ထို့နောက် မန်နေဂျာသည် သူ၏ လက်ကျန်ငွေကို စစ်ဆေးရန် သူ၏ မိုဘိုင်းဘဏ်လုပ်ငန်း အက်ပလီကေးရှင်းကို ဖွင့်လိုက်သည်။ သူ၏ လက်ကျန်ငွေသည် ၃၀၀,၀၀၀ သာ ရှိနေသေးသည်ကို မြင်လိုက်ရချိန်တွင် သူ သက်ပြင်းချလိုက်၏။
ထို့နောက် သူသည် လည်ပင်းမှ အကြွေစေ့တစ်စေ့ကို ဖြုတ်ယူကာ လေထဲသို့ ပင့်မြှောက်လိုက်ပြီး ၎င်းသည် သူ၏ လက်ထဲသို့ တိကျစွာ ပြန်လည်ကျဆင်းလာခဲ့ပေသည်။
သူက သူ့ကိုယ်သူ ပြောလိုက်၏။
"အမြဲတမ်းလိုပဲ တူညီတဲ့ စည်းမျဉ်းပဲ… ခေါင်းကျရင် ဝယ်မယ်… ပန်းကျရင် ပြဿနာမရှိဘူး…"
"ပန်း…"
"ပထမအကြိမ် အနည်းငယ်တုန်းက ရလဒ်တွေက အပြုသဘောဆောင်ပေမဲ့ ငါဝယ်ခဲ့တဲ့ စတော့ရှယ်ယာတွေက အကုန် ရှုံးခဲ့တာပဲ…"
မန်နေဂျာက အကြွေစေ့ကို စိုက်ကြည့်လျက် အရင်းအနှီးများ၏ အလုပ်လုပ်ပုံကို ဖြိုခွဲလိုက်သည့်အလား ပြတ်သားစွာ ပြောလိုက်လေသည်။
"ဒီနေ့ ပန်းကျတယ်… ကောင်းပြီ… ဒီနေ့တော့ ငါ ပြောင်းပြန် လုပ်ပစ်မယ်…"