← Chapters

အခန်း ၁၉၈

Vol. 18 Ch. 198

အခန်း ၁၉၈

Vol. 18 Ch. 198

အခန်း (၁၉၈) မွေးနေ့ပါတီ

မကြာမီ နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ယနေ့သည် အမှန်တကယ်ပင် စည်ကားသော နေ့တစ်နေ့ ဖြစ်ပေသည်။ ကျန်းချန်မြို့၏ မျက်နှာဖုံး စာမျက်နှာရှိ ထိပ်တန်း ခေါင်းကြီးပိုင်းမှာ ကျိုးယွဲ့နည်းပညာကုမ္ပဏီကို ဦးဆောင်နေသော ဂန္ထဝင် စီးပွားရေးသမား လီဝမ်ဆန်၏ ကြီးကျယ်ခမ်းနားသော မွေးနေ့စားပွဲ ကျင်းပမည့်အကြောင်း ဖြစ်လေ၏။

နေရာမှာ ကျင်းဟိုင်ဟိုတယ်တွင် ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် လွှမ်းမိုးမှုရှိသော မီဒီယာအားလုံးနီးပါးက ၎င်းကို သတင်းရေးသား ဖော်ပြခဲ့ကြလေ၏။

မည်သို့ပင်ဆိုစေကာမူ လီဝမ်ဆန်သည် ယေဘုယျအားဖြင့် အေးအေးဆေးဆေး နေထိုင်တတ်ပြီး ယခင်က ဤမျှ ကြီးမားသော အုတ်အော်သောင်းနင်းမှုမျိုး တစ်ခါမျှ မပြုလုပ်ခဲ့ဖူးချေ။

၎င်းသည် ရာထူးမှ ဆင်းပြီး သူ၏ သားများထဲမှ အမွေဆက်ခံသူ တစ်ဦးကို ရွေးချယ်ရန် လီဝမ်ဆန်၏ အစီအစဉ် ဖြစ်သည်ဟု ခန့်မှန်းရပေသည်။

ဤဖြစ်ရပ်က အွန်လိုင်းတွင် ပြင်းထန်သော ဆွေးနွေးမှုများကို သဘာဝကျကျ ဖြစ်ပေါ်စေခဲ့လေ၏။

လီဝမ်ဆန်၏ မွေးနေ့ပါတီမှာ ကွာခြားနေပေသည်။ လူအများစုသည် သူတို့၏ မွေးနေ့ကို ညနေပိုင်းတွင် ကျင်းပလေ့ရှိပြီး ညစာအပါအဝင် နာရီအနည်းငယ်သာ ကြာမြင့်လေ့ရှိ၏။

သို့သော် လီဝမ်ဆန်မှာမူ အချိန်ပြည့် ရရှိနိုင်ပြီး ကျင်းဟိုင်ဟိုတယ်၏ ဝင်ပေါက်တွင် ကံစမ်းမဲ အစီအစဉ် တစ်ခုကို ပြုလုပ်ထားလေသည်။ ကျိုးယွဲ့နည်းပညာကုမ္ပဏီကို ကာလရှည်ကြာ အသုံးပြုနေသူများအား ကံစမ်းမဲ လက်မှတ်တစ်စောင် ပေးအပ်ပြီး ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်ပြုထားပေသည်။

ဆုများမှာ အလွန် ရက်ရောပြီး အမှတ်တံဆိပ် အသီးသီးမှ ထိပ်တန်း မိုဘိုင်းဖုန်းများ ပါဝင်ကာ စုစုပေါင်း တန်ဖိုး ယွမ် သန်း ၃၀ အထိ ရှိလေ၏။

နံနက် ၆ နာရီ ၆ မိနစ်တွင် လီဝမ်ဆန်က စာတစ်စောင်line ပေါ် တင်လိုက်ပေသည်။

[ဤမွေးနေ့ပါတီသည် ကျွန်တော့် တစ်ယောက်တည်းအတွက် ပါတီမဟုတ်ဘဲ ကျိုးယွဲ့နည်းပညာကုမ္ပဏီနှင့် ၎င်း၏ အသုံးပြုသူများအတွက် အောင်ပွဲခံခြင်း ဖြစ်ပါသည်။]

ဤလုပ်ရပ်သည် သံသယဖြစ်ဖွယ်မရှိ အလွန် ပြောင်မြောက်သော ဈေးကွက်ရှာဖွေရေး ဗျူဟာတစ်ခုပင် ဖြစ်လေ၏။ ကျိုးယွဲ့နည်းပညာကုမ္ပဏီ၏ လူကြိုက်များမှုမှာ မကြာသေးမီ နှစ်များအတွင်း ကျဆင်းသွားခဲ့သော်လည်း ဤဖြစ်ရပ်က ဆွေးနွေးမှုများကို တဟုန်ထိုး မြင့်တက်လာစေခဲ့ပေသည်။

စီးပွားရေးသမား တစ်ယောက် လုပ်သမျှ လုပ်ရပ်တိုင်းက စီးပွားရေး အကျိုးအမြတ်အတွက် ဖြစ်သည်ကို သိရှိသူများက အလွယ်တကူ မြင်တွေ့နိုင်လေ၏။

ကျင်းဟိုင်ဟိုတယ်ကို တစ်ရက်လုံး စာရင်းသွင်းထားပြီး လီဝမ်ဆန်၏ မွေးနေ့ကို ဂုဏ်ပြုရန် လူတိုင်း ထိုနေရာသို့ ရောက်ရှိနေကြပေသည်။ အချို့လူများမှာ မလာနိုင်သောကြောင့် လက်ဆောင်များ ပေးရန် စောစောထလာခဲ့ကြ၏။ ဇိမ်ခံကားများသည် အပြင်ဘက်သို့ အဆက်မပြတ် ရောက်ရှိလာကြပြီး ၎င်းမှာ မျက်စိပသာဒဖြစ်စရာ မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ထို့အပြင် ဖျော်ဖြေရေးလောကမှ နာမည်ကြီး အနုပညာရှင် အချို့သည်လည်း လီဝမ်ဆန်၏ မွေးနေ့ကို ဂုဏ်ပြုရန် ရောက်ရှိလာခဲ့ကြ၏။ ဤအနုပညာရှင်များ အားလုံးမှာ အိမ်ထောင်စုတိုင်း သိရှိကြသူများ ဖြစ်ပေသည်။

ထို့အပြင် လီဝမ်ဆန်သည် ခေတ်ရေစီးကြောင်းအတိုင်း တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကို စတင်ခဲ့ပြီး ဖျော်ဖြေရန်အတွက် အဆိုတော်များနှင့် အနုပညာရှင် အချို့ကို ဖိတ်ကြားခဲ့လေ၏။

နံနက် ခုနစ်နာရီတွင် စုယွမ်သည် အချိန်မှန် ထလာခဲ့ပေသည်။ ယနေ့ ရာသီဥတု သာယာပြီး နံနက်စောစောတွင် နေရောင်ခြည်က တောက်ပစွာ ထွန်းလင်းနေလေ၏။

လီဝမ်ဆန်၏ မွေးနေ့ပါတီသို့ တက်ရောက်ရန် စုယွမ် သဘောတူထားခဲ့ပေသည်။ ဖိတ်စာတွင် ရောက်ရှိရမည့် အချိန်ကို သတ်မှတ်ထားခြင်း မရှိသောကြောင့် စုယွမ်သည် အလောတကြီး မရှိချေ။

ထို့အပြင် ဤမွေးနေ့ပါတီ၏ ရည်ရွယ်ချက်မှာ သူမကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်းကိုလည်း စုယွမ် ကောင်းစွာ သိရှိထားလေ၏။

အဝတ်အစားဝတ်ခြင်း၊ အိမ်သာတက်ခြင်းနှင့် မျက်နှာသစ်ခြင်း လုပ်ငန်းစဉ် တစ်ခုလုံးမှာ ငါးမိနစ်သာ ကြာမြင့်ပြီး တကယ့်ကို အဆင်ပြေချောမွေ့သော လုပ်ငန်းစဉ် တစ်ခုပင် ဖြစ်ပေသည်။

"သူဌေး..."

စုယွမ် မျက်နှာသစ်ပြီးနောက် ဗီလာ၏ အပြင်ဘက်သို့ ထွက်လာချိန်တွင် လီဟူက သပ်ရပ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြစ်သည်ကို မြင်လိုက်ရလေ၏။

လီဟူက မေးလိုက်ပေသည်။

"ဒီနေ့ မွေးနေ့ပါတီ မဟုတ်ဘူးလား... ကျွန်တော်တို့ ဘယ်အချိန် သွားကြမလဲ..."

စုယွမ်က ပြန်ဖြေလိုက်၏။

"အလောတကြီး မလုပ်ပါနဲ့... မနက်စာ စားပြီးမှ အဲဒီအကြောင်း ပြောကြတာပေါ့... တကယ်လို့ ငါတို့ ညနေမှ သွားရင်တောင် သူတို့က အဲဒီအချိန်အထိ စောင့်နေရမှာပဲ..."

လီဟူသည် အခြားသူတစ်ဦး၏ မွေးနေ့ပါတီသို့ သူတို့ ဘာကြောင့် ဖိတ်ကြားခံရသနည်း ဆိုသည်ကို နားမလည်ခဲ့သော်လည်း ၎င်းမှာ လတ်တလောတွင် သူ စိုးရိမ်ရမည့် ကိစ္စမဟုတ်ချေ။

"အင်း..."

လီဟူက သိချင်စိတ်ဖြင့် ပြောလိုက်လေ၏။

"ဒါက သူဌေးကြီး တစ်ယောက် ကျင်းပတဲ့ စားပွဲတစ်ခုလေ... စားပွဲက ဘယ်လိုများ နေမလဲ ဆိုတာကို ကျွန်တော် သိချင်မိတယ်..."

စုယွမ်က ပြန်ပြောလိုက်ပေသည်။

"ဘာဖြစ်ရဦးမှာလဲ... ကျောက်ငါး၊ ဧကရာဇ်ကဏန်း၊ မှိုမည်း၊ ထိပ်တန်းအဆင့် ဝါဂယူ အမဲသားနဲ့ ငါးဝါရဲ့ အသဲတွေပဲ ရှိမှာပေါ့..."

"ဒီလူတွေက စားပွဲတွေ ကျင်းပကြတာ အဓိကအားဖြင့် မျက်နှာပန်း လှချင်လို့ပဲ... သူတို့က ရိုးရိုးရှင်းရှင်း အိမ်သုံးဟင်းလျာတွေကို ကျွေးမှာ မဟုတ်ဘူး... ဖြစ်နိုင်သမျှ အဖိုးတန်ဆုံး ဟင်းလျာတွေကိုပဲ သူတို့က ရွေးချယ်ကြမှာ..."

စုယွမ်က ဆက်ပြောလိုက်၏။

"မနက်စာ သွားစားကြစို့..."

လီဟူက သူ၏ ခေါင်းကို ကုတ်ရင်း ပြန်ပြောလိုက်လေသည်။

"ဟင်... အင်း... ကျွန်တော် မနက်စာ သွားမစားတော့ဘူးလို့လုပ်ထားတာ"

"ကျွန်တော်လည်း မွေးနေ့ပါတီကို သွားမှာဆိုတော့ ဗိုက်ကို နေရာချန်ထားမှ ဖြစ်မယ်..."

ပွင့်ပွင့်လင်းလင်း ပြောရလျှင် စုယွမ် ပြောခဲ့သော ပါဝင်ပစ္စည်းများ အကြောင်းကို သူ ကြားသာ ကြားဖူးသော်လည်း ၎င်းတို့ထဲမှ တစ်ခုကိုမျှ သူ မစားဖူးချေ။

"ဒီတစ်ခေါက်တော့ ဒီအရာတွေကို ငါ သေချာ ကြည့်ပြီး သာမန် ပါဝင်ပစ္စည်းတွေနဲ့ ဘယ်လို ကွာခြားလဲ ဆိုတာကို လေ့လာရမယ်..."

စုယွမ်က ပြောလိုက်ပေသည်။

"ဒါက... ကောင်းပြီလေ..."

တကယ်တော့ စုယွမ်သည်လည်း ထိုပါဝင်ပစ္စည်းများကို ယခင်က မစားဖူးချေ။ သူမသည် စိတ်ကူးပေါက်ရာ လျှောက်ပြောနေခြင်းသာ ဖြစ်ပြီး မမျှော်လင့်ဘဲ လီဟူကို လှည့်စားနိုင်ခဲ့လေ၏။

မကြာမီ ၈ နာရီခွဲသို့ ရောက်ရှိလာခဲ့ပေသည်။ အခြားလုပ်စရာ ဘာမှမရှိသဖြင့် စုယွမ်နှင့် လီဟူတို့သည် ကျင်းဟိုင်ဟိုတယ်သို့ ကားမောင်းသွားကြလေ၏။

ဤကြီးကျယ်ခမ်းနားသော ဟိုတယ်သည် ကျန်းချန်မြို့ရှိ အဆင့်အမြင့်ဆုံး ဟိုတယ်ဖြစ်ပြီး ဟိုတယ်တစ်ခုလုံးကို တစ်ရက်လုံး စာရင်းသွင်းမည်ဆိုပါက အလွန် မြင့်မားသော ဈေးနှုန်းကို ပေးချေရမည်မှာ သေချာပေသည်။

ဝင်ပေါက်သို့ ရောက်ရှိချိန်တွင် လူတန်းရှည်ကြီး တစ်ခုကို မြင်လိုက်ရပြီး ၎င်းမှာ ယနေ့နံနက် ကံစမ်းမဲ အစီအစဉ်အတွက် ဖြစ်လောက်ပေသည်။

ကားပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက် အော်ဟစ်နေသည်ကို ကြားလိုက်ရလေ၏။

"အိုမလေး... အိုင်ဖုန်း အသစ်စက်စက်လေး..."

"ဘယ်သူရှိသေးလဲ..."

"ဒါက ဘာမှမဟုတ်သေးဘူး... ဒါကို ကြည့်လိုက်ဦး... အနီရောင် သုံးခေါက်ချိုး ဖုန်းလေး..."

"ငါလည်း ပေါက်တယ်... ငါလည်း ပေါက်တယ်... ထိပ်တန်းအဆင့် mi ၁၆ ဖုန်းလေး..."

ဆုရရှိသူ အနည်းငယ်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသဖြင့် ဆုမဲမနှိုက်ရသေးသူများကို သူတို့၏ ကံကြမ္မာကို စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်သွားစေခဲ့လေ၏။

ကြော်ငြာရန် ရည်ရွယ်ချက်အတွက် ဖြစ်နိုင်သည့် အနီးအနားတွင် ရိုက်ကူးရေး လုပ်နေသော ကျွမ်းကျင်ပညာရှင်များ ရှိနေသည်ကို စုယွမ်က စူးရှစွာ သတိပြုမိလိုက်ပေသည်။

လီဟူသည်လည်း လူအများအပြား ဖုန်းများ ရရှိသွားသည်ကို မြင်သောအခါ သူ၏ ကံကြမ္မာကို စမ်းသပ်ကြည့်ရန် အနည်းငယ် ယားယံလာပြီး သွားရောက်မေးမြန်းလိုက်လေ၏။

"မင်္ဂလာပါ... ကျွန်တော် ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်လို့ ရမလား..."

ဝန်ထမ်းက ပြန်ဖြေလိုက်ပေသည်။

"ကံစမ်းမဲစီစဥ်မှာပါဝင်ဖို့ လူကြီးမင်းရဲ့ ဖုန်းကို စစ်ဆေးကြည့်ရပါမယ်... ကျိုးယွဲ့နည်းပညာကုမ္ပဏီအောက်က ဘယ် အက်ပ်ကမဆို လူကြီးမင်းကို ကံစမ်းမဲ လက်မှတ်တစ်စောင် ပေးနိုင်ပါတယ်... အဲဒီ ကံစမ်းမဲ လက်မှတ်နဲ့ဆိုရင် ကံစမ်းမဲ အစီအစဉ်မှာ ပါဝင်လို့ ရပါတယ်..."

လီဟူသည် ကျိုးယွဲ့နည်းပညာကုမ္ပဏီနှင့် ပတ်သက်သော မည်သည့် ဆော့ဖ်ဝဲလ်ကိုမျှ မသုံးဖူးသောကြောင့် သူသည် ကံစမ်းမဲ အစီအစဉ်တွင် သဘာဝကျကျ ပါဝင်နိုင်မည် မဟုတ်ချေ။

"ထားလိုက်ပါတော့..."

စုယွမ်က ပြောလိုက်ပြီးနောက် လီဟူကို ကျင်းဟိုင်ဟိုတယ်ထဲသို့ ခေါ်သွားလေ၏။

"အထဲဝင်ပြီး ကြည့်ကြရအောင်..."

ဖိတ်စာကို ပြသပြီးနောက် ဝန်ထမ်းက ၎င်းကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ကို လေးစားစွာ ဖြတ်သန်းခွင့် ပြုလိုက်လေသည်။ ယနေ့ စားပွဲသို့ တက်ရောက်နိုင်သူများ အားလုံးမှာ လူမှုအသိုင်းအဝိုင်းမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြပြီး အချို့မှာ သာမန်ပုံပေါက်နေလျှင်ပင် သူတို့သည် အေးအေးဆေးဆေး နေထိုင်ကြသူများ ဖြစ်လောက်ပေသည်။

ဝန်ထမ်းတစ်ဦးက ကြင်နာစွာ သတိပေးလိုက်၏။

"လူကြီးမင်း... စားပွဲကျင်းပတဲ့ ခန်းမက အဋ္ဌမထပ်မှာပါ..."

"ကောင်းပြီ..."

စုယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ဓာတ်လှေကားဆီသို့ ဦးတည်သွားကာ လီဟူက အနောက်မှ လိုက်ပါသွားလေ၏။

ဤအချိန်တွင် နာမည်ကတ်ပြားများ တပ်ဆင်ထားသော ဝန်ထမ်းအနည်းငယ်သည်လည်း ဓာတ်လှေကားကို စောင့်ဆိုင်းနေကြပြီး ဓာတ်လှေကား၏ ဆံ့ဝင်နိုင်စွမ်းကို ထည့်တွေးမည်ဆိုပါက အနည်းငယ် ပြည့်ကျပ်နေလောက်ပေသည်။

"တစ် တစ်..."

ဓာတ်လှေကား ရောက်လာပြီး တံခါးပွင့်သွားကာ လူတိုင်း အထဲသို့ ဝင်ရန် ပြင်ဆင်လိုက်ကြလေ၏။

သို့သော် ထိုအခိုက်အတန့်တွင် အသံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့ပေသည်။

"ဖယ်ကြ... ဖယ်ကြ..."

"ဓာတ်လှေကားထဲ မဝင်ကြနဲ့ဦး... မင်းတို့ကို ပြောနေတာ... ဓာတ်လှေကားကို အလွတ်ထားလိုက်..."

မျက်နှာကို ဖုံးကွယ်ထားသော နှာခေါင်းစည်းနှင့် နေကာမျက်မှန် တပ်ဆင်ထားသူ တစ်ဦးကို သက်တော်စောင့် အနည်းငယ်က ဝိုင်းရံထားပြီး ဓာတ်လှေကားဆီသို့ ဦးတည်လာကြလေ၏။ သူတို့ကို မည်သူမျှ ရိုက်ကူးနေခြင်း မရှိသော်လည်း သူတို့သည် မသင်္ကာစရာကောင်းအောင် ဟိုဒီကြည့်ရှုနေကြဆဲ ဖြစ်ပေသည်။

စကားပြောနေသော သက်တော်စောင့်က လူအုပ်၏ အလယ်တွင် ဝိုင်းရံခံထားရသည့် ထိုပုဂ္ဂိုလ်ကို တစ်ချက်ကြည့်လိုက်သည်။

ထိုသူ၏ မျက်နှာပေါ်တွင် အေးစက်သော အမူအရာတစ်ခုသာ ရှိနေပြီး အစမှအဆုံး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ထို့နောက် သူက ဓာတ်လှေကားထဲသို့ ဝင်ရောက်သွားပြီဖြစ်သော လူနှစ်ဦးကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"မင်းတို့ နှစ်ယောက် အပြင်ထွက်လာခဲ့ နောက်တစ်ခေါက်မှ စီးကြ..."

အခြားတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ပေသည်။

"ငါတို့က အနုပညာရှင်များကအဖွဲ့ပဲ... ကျေးဇူးပြုပြီး အနုပညာရှင်တွေအတွက် လမ်းဖယ်ပေးပါ..."

All Chapters