ပြိုင်ဘက်ကင်း တပ်တစ်တပ် မွေးဖွားခြင်း (အပိုင်းတစ်)
Vol. 74 Ch. 1083
ဤအန္တရာယ်များသော မြင်ကွင်းကိုမြင်သောအခါ အဝေးမှကြည့်ရှုနေသော အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူ ရာနှင့်ချီသောသူများသည် ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ အန်ဂျီစစ်သားများသည် အာလန်နီးယန်းအင်ပါယာကို နှစ်လအတွင်း အောင်နိုင်ခဲ့သောကြောင့် အာလန်နီးယန်းများသည် သံချပ်ကာဝတ် အန်ဂျီယန်စစ်သားများ မည်မျှကြောက်စရာကောင်းကြောင်း သိကြသည်။ ယခုအချိန်တွင်ပင် အာလန်နီးယန်းများသည် အန်ဂျီယန်လူမျိုးများ၏ ကြီးမားသောစစ်အင်အားကို ကြောက်ရွံ့နေကြသည်။
ထိုအချိန်မှာပင် ဓားများကို ဆွဲထုတ်လိုက်သည့် အသံများ တပြိုင်နက်တည်း ထွက်ပေါ်လာ၏။
“ ရွှမ်း ရွှမ်း ရွှမ်း “
ချမ်းဘော့ဒ် မှ စစ်သည် ၆၀၀ လုံးသည် ၎င်းတို့၏ ဓားများကို ထုတ်ယူလိုက်သောအခါ ဓားအိမ်နှင့်ဓား ပွတ်တိုက်သံများ ထိုနေရာတစ်ဝိုက်တွင် ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် ဧရာမလေဆင်နှာမောင်းတစ်ခုကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လူများကို တုန်လှုပ်စေခဲ့သည်။
ချမ်းဘော့ဒ်စစ်သည်များက လျှင်မြန်စွာ ပုံစံတစ်ခုဖွဲ့စည်းလိုက်ကြပြီး သူတို့၏ကိုယ်မှ သတ်ဖြတ်လိုစိတ်နှင့် စစ်သည်တောိအရှိန်အဝါများထွက်ပေါ်နေသည်။
ဓားစွမ်းအင်များနှင့် စစ်သည်စွမ်းအင်များ ရောနှောသွားပြီး လှပသော မီးရှူးမီးပန်းများကဲ့သို့ ကောင်းကင်ယံသို့ တက်သွားသည်။
“ ထန် ထန် ထန် ထန် “
သတ္တုသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ပေါက်ကွဲမှုများ ထွက်ပေါ်လာပြီး လေထဲတွင် တဝီဝီမြည်ကာ ၎င်းတို့ထံသို့ ပျံသန်းလာနေသော ကျိုင်းကောင်အုပ်သဖွယ် ဝံပုလွေသွားမြားများသည် တောက်ပသော ဓားစွမ်းအင်များကြောင့် အချိန်တိုအတွင်း ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မြင်ကွင်းက အလွန်ခန်းနားလှ၏။
လူ ၆၀၀ က ၎င်းတို့၏ ဓားများကို တိတ်ဆိတ်စွာ ဝှေ့ယမ်းလိုက်သည့်အခါ စစ်သည်တော်စွမ်းအင်က မြားများကိုဖုန်မှုန့်ဖြစ်သွားစေသည်။ ကြောက်စရာအကောင်းဆုံးက ထိုမြားမျှား ချမ်းဘော့ဒ်စစ်သည်များ၏ အနီးမီတာ၁၀၀အကွာအဝေးအတွင်းသို့ လုံးဝမဝင်နိုင်ခဲ့ပေ။
ဖြစ်စဉ်တစ်ခုလုံးက အံ့မခန်းဖြစ်ပြီး အလွန်မြန်ဆန်လွန်းသဖြင့် သာမန်လူများ မမြင်ရဘဲ ဘာဖြစ်မှန်းမသိလိုက်ကြပေ။ ချမ်းဘော့ဒ်စစ်သည်များ ပြေးထွက်သွားပြီးနောက် သတ္တုမြားခေါင်း သစ်သားမြားတံများနှင့် ငှက်မွှေးအတောင်များ မြေပေါ်သို့ အမှုန့်အဖြစ်ကျဆင်းသွားသည်ကိုသာ သူတို့ တွေ့လိုက်ကြရသည်။
ထို့နောက် ချမ်းဘော့ဒ် မှ အဖြူရောင်သံချပ်ကာဝတ် စစ်သည်တော်များသည် အန်ဂျီးစစ်သည် များအား ၎င်းတို့၏ လေးမြားများဖြင့် မြားပစ်ရန် ဒုတိယအခွင့်အရေး မပေးခဲ့ပေ။
ချန်းဘော့ဒ် မှ စစ်သည်တော်များသည် ၎င်းတို့၏ ဓားများကို ဆွဲထုတ်ရန် မျက်စိတစ်မှိတ်အတွင်းသာ ကြာသည်။ နောက်တစ်စက္ကန့်တွင် ရှေ့တန်းရှိ အဖြူရောင်သံချပ်ကာဝတ် စစ်သား ၂၀ သည် အန်ဂျီတပ်၏ မျှော်စင်ဒိုင်းနဂါးလှံတပ်ဖွဲ့နှင့် မီတာဆယ်ဂဏန်းအတွင်းသို့ ရောက်ရှိသွားသည်။
ထို့နောက် စစ်သည်များသည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။
ချမဘော့ဒ်စစ်သည်တို့၏ ဓား ၂၀ ကို ဘဝနှစ်ခုနေထိုင်ခဲ့သည့် သိုင်းသူတော်စင်ဖေးက ဒီဇိုင်းထုတ်ခဲ့ပြီး ဒိုင်ယာဘလိုကမ္ဘာမှ ပန်းပဲဆရာကြီး ချားလ်စီ က အဖိုးတန်ပစ္စည်းများကို အသုံးပြုပြီး ပုံသွင်းပြီးနောက် သိပ္ပံရူးသုတေသနဓာတ်ခွဲခန်းမှ ရုန်းများကိုထွင်းထုပေးခဲ့သည်။
ထိုထက်မြက်သော ဓားများ၏စွမ်းအင်များကို ရင်ဆိုင်ရချိန်တွင်တော့ သံဖြင့်ပြုလုပ်ထားပြီး ရာပေါင်းများစွာ သွန်းလောင်းခံခဲ့ရသော မျှော်စင်ဒိုင်းများသည် ဒိန်ခဲကဲ့သို့ ကျိုးလွယ်သည်ဟုပင် ထင်ရသည်။ မျှော်စင်ဒိုင်းများကို တိတ်ဆိတ်စွာ ထက်ခြမ်းခွဲလိုက်ပြီး ဒိုင်းများနောက်တွင်နေ၍ လက်ထဲနှင့် ပခုံးပေါ်တွင် နဂါးလှံများကိုင်ဆောင်ကာ ပုန်းအောင်းနေသော အန်ကျန်းစစ်သားများကို လေထဲသို့ လွင့်စင်သွားစေခဲ့သည်။
ထို့နောက် ကျန် ချမ်းဘော့ဒ်စစ်သည်များက တစ်သုတ်ကိုတစ်သုတ် တစ်ဆင့်ပြီးတစ်ဆင့် ခုန်ကျော်ကာ ရေလှိုင်းများသဖွယိ ဝင်ရောက်လာကြပြီး သေမင်းများလို အသက်နှုတ်ကြတော့သည်။
“ အား “
အန်ဂျီးစစ်သည်တစ်ယောက် ဓားစွမ်းအင်ကြောင့် ထက်ခြမ်းကွဲသွားပြီး နာကျင်စွာအော်ဟစ်လိုက်ရာ သတ်ဖြတ်မှုများစတင်သည်ကို အချက်ပြသံအလားပင်။
ပထမဆုံးအော်သံ ပျောက်ကွယ်သွားခင်မှာပင် ရာပေါင်းများစွာသော စူးရှသည့်အော်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ပထမအော်သံကို ဖုံးလွှမ်းသွား၏။ ရက်စက်ကြမ်းကြုတ်သော်လည်း မလွှဲမရှောင်သာသော အနီးကပ်တိုက်ပွဲသည် နောက်ဆုံးတွင် ဖြစ်ပွားခဲ့သည်။
အဝေးမှကြည့်ရှုနေသော အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူများသည် ကြည့်ရှုနေစဉ် တုန်လှုပ်သွားကြ၏။ ၎င်းတို့သည် အလွန်စိတ်လှုပ်ရှားနေသောကြောင့် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ကြပေ။ လတ်ဆတ်သော ဒိန်ခဲကို ပူပြင်းသောသံချောင်းဖြင့် ထုရိုက်သကဲ့သို့ ချမ်ဘော့ဒ်၏ အဖြူရောင်သံချပ်ကာဝတ် စစ်သည်တော်များသည် အန်ဂျီးသားများ ကြာမြင့်စွာကတည်းက တည်ဆောက်ထားသော ခံစစ်ကြောင်းကို ဖျက်ဆီးခဲ့ကြသည်။
ချမ်းဘော့ဒ်သားတစ်ဦး ၎င်းတို့၏ဓားကို ဝှေ့ယမ်းတိုင်း အန်ဂျီသားစစ်သား ဆယ်ဦးကျော် မြေပြင်ပေါ်သို့ လဲကျနေသည်ကို အာလန်နီယန်းလူမျိုးများ မြင်တွေ့ခဲ့ရသည်။ ယခုအခါ ချမ်းေဘာ့ဒ့်လူမျိုးများ မည်မျှအစွမ်းထက်ကြောင်း
ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံရရှိပြီဖြစ်ရာ ချမ်ေဘာ့ဒ်တိုင်းပြည်အကြောင်း ခရီးသွားကဗျာဆရာများ ပြောပြခဲ့သော ဒဏ္ဍာရီပုံပြင်များကို ပိုမိုနားလည်လာကြသည်။
အခန်း၁၀၈၃: ပြိုင်ဘက်ကင်း တပ်တစ်တပ် မွေးဖွားခြင်း (အပိုင်းနှစ်)
အချိန်ကြာလာသည်နှင့်အမျှ မြို့၏ အခြားနေရာများတွင် ဖြစ်ပွားနေသော ဆူပူအုံကြွမှုများနှင့် အဓိကရုဏ်းများသည် ငြိမ်သက်သွားပုံရပြီး လောင်ကျွမ်းနေသော မီးတောက်များကိုလည်း ထိန်းချုပ်နိုင်ကာ ငြိမ်းသတ်စပြုလာပုံရသည်။
ဖေး ခေါင်းညိတ်ပြီး တွေးလိုက်သည် “ချားလ်စ် အာဒမ်ဆိုတဲ့ အာလန်လူမျိုး စစ်သည်တော်က ခုခံကာကွယ်ရေးတပ်ဖွဲ့ကို ရှာတွေ့ပြီး အန်ဂျီရဲ့ စစ်တပ်ကို ရင်ဆိုင်ရတဲ့ ဒုက္ခမရှိဘဲ မြို့ကို တဖြည်းဖြည်း ထိန်းချုပ်လာပုံရတယ်”
ဖေး ထိုသို့တွေးနေချိန်၌ အာလန်နီးယန်းသားများ လမ်းမတွေပေါ်သို့ ပြေးထွက်လာကြ၏။ အမျိုးသားများ အမျိုးသမီးများအကုန်ပါဝင်ကာ သံထည်ပန်းပဲသမားများမှစ ကုန်သည်များအလယ် စစ်သည်များအထိ လူအမျိုးမျိုးပါဝင်နေ၏။ သူတို့အားလုံးက ကွဲပြားပြီး အားနည်းကာ အာဟာရချို့တဲ့နေပုံရသော်လည်း သူတို့၏မျက်လုံးများတွင် အမုန်းတရားများရှိနေသည်။ ဒဏ်ရာရနေသော သားရဲများကဲ့သို့ပင် အန်းဂျီးများကို တိုက်ခိုက်ဖြိုခွင်းရန် မစောင့်နိုင်တော့ပေ။
အန်းဂျီးစစ်သားများ၏ ဖိနှိပ်ခြောက်လှန့်မှုများအောက်တွင် အသက်ရှူရန်နှင့် ရှင်သန်ရန် ကြိုးစားနေသော အာလန်နီယန်လူမျိုးများသည် ခုခံတပ်ဖွဲ့၏ ဦးဆောင်မှုအောက်တွင် ထွက်ပေါ်လာကြသည်။ ထောင်ပေါင်းများစွာသော နှစ်များအတွင်း အပူစုပုံနေသော မီးတောင်တစ်ခုကဲ့သို့ သူတို့သည် အပြေးအလွှားထွက်လာပြီး ရာဇဝတ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့သော အန်းဂျီးစစ်သည်များကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ ၎င်းတို့၏ဒေါသက ၎င်းတို့ကို စွမ်းအားပေးခဲ့ပြီး ရန်သူများနှင့်အတူ သေဆုံးရန် အသင့်ဖြစ်နေကြသည်။
သို့သော်လည်း သူတို့သည် အံ့အားသင့်ပြီး ကြက်သီးထသွားကြသည်။ မကောင်းမှုကျူးလွန်ခဲ့သော အန်ဂျီးစစ်သည်များသည် ရက်စက်ကြမ်းကြုတ်သော ပြစ်ဒဏ်ကို ခံစားနေရသည်ကို တွေ့ရှိခဲ့ကြသည်။
ထိုနေရာရှိ ချမ်းဘော့ဒ်စစ်သည်များမှာသေမင်းများသဖွယ် အန်းဂျီစစ်သည်များ၏ အသက်ကိုရိတ်သိမ်းနေကြ၏။ သူတို့ဖြတ်လျှောက်သွားတိုင်း ခြေပြတ်လက်ပြတ်များ လွင့်ပျံသွားသည်။
[လေ၏သားတော်] တောရက်စ်သည် လေးကိုကိုင်ကာ တိုက်ပွဲ၏အစွန်းတွင် ရပ်နေသည်။ သူမြားတစ်စင်းပစ်လွှတ်တိုင်း အန်ဂျ၏မာစတာတစ်ဦးသည် သွေးမြူတိမ်တိုက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အန်ဂျီးသားများအတွက် ဒီချောမောပြီး အိန်ဂျယ်နတ်သမီးလို ရွှေရောင်ဆံပင်နှင့် လူငယ်ဟာ နတ်ဆိုးတွေ၊ တစ္ဆေတွေထက်တောင် ပိုကြောက်စရာကောင်းသေးသည်။ အန်ဂျီး၏ အရှင်သခင်များက ကြယ်ခုနစ်ပွင့် သို့မဟုတ် ရှစ်ပွင့်စစ်သည်များ၊ မှော်ပညာရှင်များဖြစ်လျှင်ပင် သူ့မြားချက်ကို ရှောင်နိုင်မည်မဟုတ်ချေ။
အန်ဂျီးအင်ပါယာ၏ မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသည့် စစ်သည်များကို အပေါ်ကနေ အောက်အထိ လုံးဝနှိမ်နင်းခဲ့သည်။
ချမ်းဘော့ဒ်တပ်အတွက် တခြားမြေပေါ်တွင် တခြားလူမျိုးများကို တိုက်ခိုက်သည်က ပထမဆုံးအကြိမ်ပင်ဖြစ်ပေသည်။
အစကတည်းကပင် ဖေးက စစ်သည်များကို တိုက်ပွဲကြီးနှင့်ကျင့်သားရစေရန် တိုက်ပွဲတုဖော်ဆောင်လေ့ကျင့်စေခဲ့သည်။ ယခုတော့ ထိုလေ့ကျင့်မှုများ၏ အသီးအပွင့်များကိုခံစားရပြီဖြစ်သည်။
ယခုက ချမ်းဘော့ဒ်တပ်၏ အစွယ်ကို ကမ္ဘာဟို့ပထမဆုံးအကြိမ် ထုတ်ပြခြင်းဖြစ်ပေသည်။ သွေးနှင့်စစ်ပွဲ၏ အစစ်အမှန်စမ်းသပ်မှုကို ကြုံတွေ့ပြီးနောက် အဇာရို့သ် တိုက်ကြီးတွင် အနိုင်မခံ၊ ကြောက်မက်ဖွယ်ကောင်းသော သံမဏိတပ်တစ်တပ် မွေးဖွားလာခဲ့သည်။
ထို့နောက် အချိန်အနည်းငယ်အကြာတွင် တိုက်ပွဲ၏ရလဒ်ကို ဆုံးဖြတ်ခဲ့သည်။
အန်ဂျီးစစ်သည်အရေအတွက်နှင့် ချမ်ေဘာ့ဒ်စစ်သည် အရေအတွက်အချိုးမှာ ၁၀၀:၁ ရှိပြီး အန်ဂျီးစစ်သည်များသည် ထောင့်သို့ တွန်းပို့ခံရ၍ ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြသော်လည်း ကြယ်သုံးပွင့်နှင့်အထက် စစ်သည်များဖြစ်ပြီး အချင်းချင်း ကောင်းစွာညှိနှိုင်းဆောင်ရွက်နိုင်သော စစ်သည်များသာပါဝင်သော ချမ်ဘော့ဒ်၏ မခုခံနိုင်ခဲ့ချေ။
မိနစ် ၃၀ မပြည့်ခင်မှာပင် အန်ဂျီးစစ်သည်းများ လုံးဝကြေမွသွားပြီး အဆုံးသတ်တော့မည်ဖြစ်သည်။ တိုက်ပွဲဟု ခေါ်မည့်အစား တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုပါက ပိုမှန်ပေလိမ့်မည်။
ကြယ်အဆင့် စစ်သည်တော်ကြီးများနှင့် အစွမ်းထက် လက်နက်များ ပေါင်းစပ်ထားခြင်းကြောင့် သာမန်စစ်သားများပါဝင်သော တပ်သည် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။
ဖေးဟာ မလိုအပ်တဲ့အတွက် တိုက်ပွဲမှာ လုံးဝပါဝင်ခဲ့ခြင်းမရှိချေ။
တိုက်ပွဲကို အာရုံစိုက်မည့်အစား ဘုရင်သည် အလယ်တွင် အန်ဂျီးတပ်မှ ကာကွယ်ထားသော ကာစတယ်လန် ရဲတိုက်ကို စိုက်ကြည့်နေခဲ့သည်။
ယခု ဖေးသည် ၎င်းကို ပိုမိုခံစားမိလာသည်။ မာတန်မြို့ကြီးအတွင်းရှိ မြို့ငယ်လေးတစ်ခုကဲ့သို့ ထင်ရသော ကာစတယ်လန်ရဲတိုက်အတွင်းတွင် ငရဲ၏မှောင်မိုက်စွမ်းအားများ ရှိနေပြီး ၎င်းကို ထောက်လှမ်းရန်ခက်ခဲသည်။ ၎င်းသည် မြို့ပြင်ရှိ ဖုတ်ကောင်များနှင့် မျိုးရိုးဗီဇပြောင်းလဲထားသော နတ်ဆိုးများထက် များစွာပို၍ဆိုးရွားပြီး မမြင်ရသော သွေးမြူခိုးများသည် ရဲတိုက်တစ်ခုလုံးကိုဖုံးကွယ်ထားပြီး သခင်များသာ ခံစားနိုင်သော ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသကဲ့သို့ ထင်ရသည်။
အဲဒီမှာ တစ်ခုခု ရှိနေပုံရသည်။
ဘုန်း ဘုန်း ဘုန်း
ရုတ်တရက် ကတ်စတယ်လန်၏ အိမ်တော်အတွင်း၌ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မြေပြင်သည် တုန်ခါစပြုလာသည်။
End