← Chapters

ငယ်ရွယ်လှသောနတ်ဘုရား (အပိုင်းတစ်)

Vol. 74 Ch. 1074

ငယ်ရွယ်လှသောနတ်ဘုရား (အပိုင်းတစ်)

Vol. 74 Ch. 1074

လီယို သူ ဘယ်လောက်ကြာကြာ မေ့လဲသွားမှန်း မသေချာခဲ့ပေ။ သူ အိပ်မက်ဆိုးကြီးတစ်ခုမှ ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။

သူ ငိုပြီး သူ့အမေနှင့်အဖေနာမည်ကို အော်ကာ ပက်လက်လှန်လိုက်၏။ ထိုအချိန်၌ ရွှေရောင်အလင်းတန်းတစ်ခုပေါ်လာပြီး လူတစ်ယောက် သူ့မြင်ကွင်းထဲဝင်လာသည်။

ထိုကလူက လီယိုကို အကူအညီပေးရန် လက်ကိုဆန့်ထုတ်ပေး၏။ ထိုနောက် နူးညံ့စွာမေးသည်။

သို့သော်လည်း ကောင်လေးသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး ဓာတ်လိုက်ခံရသကဲ့သို့ ရွေ့လျားသွားသည်။ သူ ဘေးသို့ လှိမ့်သွားရင်း ဋ္ဌကျယ်လောင်စွာ သတိပေးလိုက်၏။ " မလုပ်နဲ့ ငါ့ကို မထိနဲ့ မျိုးရိုးဗီဇပြောင်းသွားတဲ့ နတ်ဆိုးက ငါ့ကို ဒဏ်ရာရစေလို့ ငါ့မှာ အဲဒီမကောင်းတဲ့ စွမ်းအင် ရှိနေနိုင်တယ် မင်းသာ ငါ့အနားမှာရှိရင် အဲဒီစွမ်းအင်ကြောင့် မင်း ပျက်စီးသွားနိုင်တယ် ငါ မင်းကို ထိခိုက်အောင် မလုပ်ချင်ဘူး..."

" ဟားဟားဟား " ရယ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီး ထိုဖော်ရွေသောအသံက " လိမ္မာတဲ့ကလေး မင်းက လိမ္မာတဲ့ကလေးပဲ မင်းက ချက်ချင်းပဲ တခြားသူတွေအတွက် စဉ်းစားပေးခဲ့တယ် မင်းက ဂုဏ်သိက္ခာရှိတဲ့ အာလာနီးယန်းတစ်ယောက်ပဲ မင်းက ငါ့ရဲ့နှစ်သက်မှုကို ရသွားပြီ" ဟု ပြောသည်။

"မင်း... မင်းက ဘယ်သူလဲ ငါ့ဒဏ်ရာတွေ..." သူပြောနေစဉ်မှာပင် လီယိုဟာ သူခံစားနေရသည့် ပြင်းထန်သောနာကျင်မှုအားလုံး ပျောက်ကွယ်သွားသည်ကို တွေ့ရှိခဲ့၏။ ထို့အပြင် အဆင့် ၃ နတ်ဆိုးဝံပုလွေက ဆွဲဖြတ်လိုက်သော သူ့ပခုံးပေါ်က အသားတွေကလည်း အံ့ဖွယ်ရာပြန်ပေါက်လာခဲ့သည်။

" မင်းထပ်ကြည့်စရာမလိုတော့ပါဘူး ကောင်လေး ဏ္ဍမင်းရဲ့ဒဏ်ရာတွေအားလုံး ပျောက်ကင်းသွားပြီ" နှစ်လိုဖွယ်အသံတစ်သံထွက်ပေါ်လာသည်။ လီယို မော့ကြည့်လိုက်တော့ ပြတင်းပေါက်ဘေးတွင် ရပ်နေသည့် ထိုလူငယ်က အစောပိုင်း အဖြူရောင်ဝတ်စုံဝတ်ထားသည့် စစ်သည်တော်များ၏ ဝိုင်းရံကာကွယ်မှုကို ခံခဲ့ရသူဖြစ်မှန်း မှတ်မိသွားဏ္ဍသည်။

" ခင်ဗျားက " လီယိုဟာ ရုတ်တရက် မေ့လဲမသွားခင် မြင်ကွင်းကို ပြန်တွေးမိပြီး နွေးထွေးသည့် ရွှေရောင်စွမ်းအင်မီးတောက်ကို သတိရသွားသည်။ ဖြစ်ပျက်ခဲ့သမျှကို သူပြန်အမှတ်ရသွား၏။ " ခင်ဗျား ကျွန်တော့ကို ကုသပေးခဲ့လား ခင်ဗျားက မကောင်းဆိုးဝါးစွမ်းအင်ကို ကုသပေးနိုင်လား ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သန့်ရှင်းတဲ့ ဘုရားကျောင်းရဲ့ ဘုန်းတော်ကြီးတွေတောင် ဒီလို မလုပ်နိုင်ဘူး ခင်... ခင်ဗျားက ဘယ်သူလဲ "

ထိုချောမောပြီး ကျက်သရေရှိသည့် လူငယ်လေးက သူ့ကို လက်ပြပြီး ပြုံးပြသည်။ “ ဒီကိုလာပြီး ကြည့်လိုက် မင်းသိလိမ့်မယ် ”

လီယိုဟာ စိတ်ရှုပ်ထွေးစွာနှင့် ပြတင်းပေါက်ဆီ လျှောက်သွားလိုက်၏။ အပြင်ကို ကြည့်လိုက်တော့ သူ အံ့အားသင့်သွားသည်။

သူဟာ သာယာလှပသည့် နေရာကို ရောက်နေသလို ပြတင်းပေါက်၏ဘေး၌ အဖြူရောင် မိုးတိမ်များနှင့် သက်တံရောင်များကို မြင်လိုက်ရသည်။ အပေါ်မှနေ၍ နေရောင်ခြည်ဖြာထွက်လာသည့်အခါ အောက်တွင် လင်းတများ ပျံသန်းနေသည်ကို မြင်လိုက်ရ၏။

"ငါ... ငါ ကောင်းကင်မှာ ရှိနေတာလား" ဟု လီယို အံ့သြတကြီး တွေးလိုက်မိသည်။

" ကျွန်တော်တို့... ကောင်းကင်မှာ ပျံနေတာလား " လီယိုက သူ့ဦးနှောက်က သိပ်အလုပ်မလုပ်နိုင်တော့သလိုခံစားလိုက်ရ၏။

" ကောင်းကင်မှာနေထိုင်တယ်... အစ်ကိုကြီးတစ်ယောက်လို ချောမောပြီး ဖော်ရွေတဲ့ ဒီလူငယ်လေးက တကယ်တော့ နတ်ဘုရားတစ်ပါးလား အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ အဲဒီစစ်သည်တွေက သူ့လက်အောက်က နတ်ဘုရားစစ်သည်တွေလား "

လီယိုက သူ့ဘာသာသူ ပျင်းရိစွာ တွေးနေတုန်း ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး " မဟုတ်ဘူး ငါဒီမှာ မနေနိုင်ဘူး ငါ့ညီမတွေ... ကီလီနဲ့ ဒီလီက ငါ့ကို စောင့်နေကြတယ် သူတို့... အို ဘုရားရေ ငါဒီမှာ ဆက်မနေနိုင်တော့ဘူး ဘုန်းကြီးတဲ့ ဘုရားသခင် ငါ့ကို ကယ်တင်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့် ငါ့ကို လူ့လောကထဲ ပြန်ထည့်ပေးနိုင်မလား ငါ့ညီမတွေကို ငါရှာရမယ် သူတို့ အန္တရာယ်များတဲ့ အခြေအနေမှာ ရောက်နေကြတယ်" ဟုအော်ပြောလိုက်၏။

" ဘုရားသခင် သေမျိုးလောက " အဖြူရောင်ဝတ်ရုံဝတ်ထားတဲ့ လူငယ်၏ မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာ၏။ " စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပဲ ကောင်းပြီ ငါ မင်းကို အောက်ကို ပို့ပေးမယ် "

သူပြောလိုက်သည်နှင့် လီယိုက ရွှေရောင်မီးလျှံတစ်ခုက သူ့ကို လွှမ်းခြုံသွားတာကို ခံစားမိပြီး သူ့ခန္ဓာကိုယ်က လင်းလက်သွားသည်။

နောက်တစ်စက္ကန့်အတွင်းမှာပင် သူ့ခြေထောက်များ တုန်ခါသွာားသည်ကို ခံစားလိုက်ရပြီး မြေပြင်ပေါ်ကို နင်းမိသွား၏။

လီယို မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာသည် သူ အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည့် နေရာဖြစ်ပြီး ထို မျိုးရိုးဗီဇပြောင်းသွားသော နတ်ဆိုးဝံပုလွေ၏ အလောင်းကို ကျောက်တုံးကြီးပေါ်တွင် ရှိနေဆဲဖြစ်၏။

ယခုအချိန်တွင် နေမင်းသည် မိုးကုပ်စက်ဝိုင်းအောက်သို့ ဝင်သွားပြီဖြစ်ပြီး မြေပြင်ကို အမှောင်ထုက ဖုံးလွှမ်းစပြုနေပြီဖြစ်ရာ လီယို သူ့ ညီမငယ်နှစ်ယောက်ကို စိုးရိမ်မိနေသည်။

တွန့်ဆုတ်ခြင်းမရှိဘဲ သူသည် မထွက်ခွာခင် လှည့်ပြီး နတ်ဘုရားကို ကျေးဇူးတင်စကားဆိုလိုက်၏။

သို့သော် ချောမောသော လူငယ်လေးက ပြုံးပြီး “မင်းငါ့ကို ဒီလောက်မြန်မြန် ကျေးဇူးတင်စရာ မလိုပါဘူး ငါ မင်းညီမတွေကို မင်းနဲ့အတူ သွားရှာမယ် ” ဟု ပြောလိုက်၏။

လီယိုလည်း ဝမ်းသာအားရ ဖြစ်သွားသည်။

အခန်း ၁၀၇၄: ငယ်ရွယ်လှသောနတ်ဘုရား (အပိုင်းနှစ်)

နတ်ဘုရား နှင့်အတူ ရှိနေသည်က သူ့အတွက်ကံကောင်းလှသည်။ ဖုတ်ကောင်များကို စိတ်ပူစရာမလိုဘဲ အမြန်ဆုံး ကျောက်ဂူသို့ပြန်ပြေးလာနိုင်ခဲ့သည်။

သူမျှော်လင့်ထားတဲ့အတိုင်းပင် ဖုတ်ကောင်များမျိုးရိုးဗီဇပြောင်းနတ်ဆိုးသားရဲများ အများအပြားနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ထိုသတ္တဝါများက နတ်ဘုရားအတွက် အားနည်းလှသည်။ နတ်ဘုရားလက်ကိုဝှေ့ယမ်းသည့်နှင့် အားလုံးကြေမွသွားပြီး မီခိုးရောင်ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွားသည်။

မကြာခင်မှာပင် သူတို့နှစ်ယောက် ကျောက်ဆောင် ကမ်းပါးသို့ရောက်လာကြသည်။

လီယိုဟာ သူ့ညီမငယ်နှစ်ယောက် ပုန်းအောင်းနေသည့် ကျောက်ဂူထံ ပျော်ရွှင်စွာ ရောက်ရှိလာသည်။ သူ့ညီမများကို အော်ခေါ်မည်အပြုတွင်ဘဲ သူမိုးကြိုးအပစ်ခံရသလိုတုန်လှုပ်သွား၏ယ ဂူတံခါးကပွင့်နေပြီ သူ့ညီမများကိုမမြင်ရတော့ပေ။

" အို ဘုရားရေ ဘာတွေဖြစ်နေတာလဲ ဘာဖြစ်တာလဲ မဖြစ်ဘူး " လီယို သူ့ခေါင်း ပပေါက်ကွဲတော့မည့်နှယ် ခံစားလိုက်ရသည်။

" ငါ့ညီမလေးတွေ ဘယ်ရောက်သွားတာလဲ။သူတို့ ဘာဖြစ်သွားတာလဲ " ကောင်လေး၏စိတ်က ဗလာဖြစ်သွားပြီး သူမြင်နေရသည်များကိုမယုံနိုင်တော့ပေ။ ထို့အပြင် အဖြစ်အပျက်များကိုလည်း သူမတွေးရဲတော့ပေ။

အဆိုးဆုံးအခြေအနေက သူ့အား စဉ်းစားနိုင်စွမ်းကို ချက်ချင်းဆုံးရှုံးစေပြီး ခြေထောက်များသည် ဂျယ်လီကဲ့သို့ ဖြစ်သွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။

ဖော်ရွေသော လူငယ်မှာ အနားသို့ လျှောက်လာပြီး လီယို လဲမကျစေရန် သူ၏ပခုံးကို ဆုပ်ကိုင်ပေးသည်။

ဂူနှင့် ဝင်ပေါက်တစ်ဝိုက်ကို စစ်ဆေးပြီးနောက် ဘာဖြစ်ပျက်ခဲ့သည်ကို ဖေးသဘောပေါက်သွား၏။ သူက လီယိုကို နှစ်သိမ့်ပေးရင်း " စိတ်မပူပါနဲ့ ဂူပတ်ပတ်လည်မှာ သွေးတွေ မရှိဘူး ရုန်းကန်မှုတွေနဲ့ စုတ်ပြဲနေတဲ့ အဝတ်အစားတွေ မရှိဘူး ဆိုလိုတာက သူတို့ဟာ ဖုတ်ကောင်တွေ မျိုးဗီဇပြောင်းနတ်ဆိုးသားရဲတွေနဲ့မတွေ့ခဲ့ဘူး သူတို့ကိုယ်တိုင် ထွက်သွားတာလည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် တချို့လူတွေက သူတို့ကို ကယ်တင်ခဲ့တာလည်း ဖြစ်နိုင်တယ် " ဟု ပြောပြလိုက်သည်။

ထိုစကားလုံးများက လီယိုအတွက် ကောင်းကင်မှ နတ်တေးသွားများအလားပင်ဖြစ်သည်။

" ဟုတ်တယ် မှန်တယ် မှန်တယ် " လီယိုလည်း ပတ်ဝန်းကျင်ကို ကြည့်ပြီး တဖြည်းဖြည်း ငြိမ်သက်သွား၏။ သို့သော် သူအနည်းငယ် ပူပန်နေဆဲဖြစ်သည်။

အသက် လေးနှစ်ငါးနှစ်အရွယ်သာရှိသော သူ၏ညီမငယ်နှစ်ဦး အန္တရာယ်ကျရောက်နိုင်သည်ဟု တွေးပြီးနောက် သူ ငြိမ်မနေနိုင်တော့ဘဲ သူ့ရှေ့ရှိ ငယ်ရွယ်သော နတ်ဘုရား ကို တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

" စိတ်မပူပါနဲ့ မင်းညီမလေးတွေက ဘယ်လိုပုံစံလဲ ဘာဝတ်ထားလဲဆိုတာ ငါ့ကိုပြောပြပါ " ဟု နတ်ဘုရားကမေးသည်။ လီယိုလည်း သူ့ညီမလေးများ၏ အဝတ်အစားနှင့် ပုံပန်းသဏ္ဍန်ကိုပြောပြလိုက်၏။

နတ်ဘုရားသည် မျက်လုံးများကို မှိတ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။ ခဏအကြာတွင် တစ်ခုခုတွေ့သွားသကဲ့သို့ ပြုံးပြီး "စိတ်မပူပါနဲ့ မင်းရဲ့ညီမနှစ်ယောက်က ဒဏ်ရာမရကြဘူး အခြေအနေကောင်းတယ် ဒါပေမယ့် သူတို့ ပြဿနာလေးနည်းနည်းနဲ့ ကြုံခဲ့ရတယ် သွားကြစို့ ငါ မင်းကို သူတို့ဆီ ခေါ်သွားပေးမယ်..."

ဆယ်မီတာအကွာခန့်ရှိ ကျောက်တောင်တွင် အာလန်နီယန်အသက်ရှင်ကျန်ရစ်သူ ၁၂ဦးခန့်လောက် ဖုတ်ကောင်များနှင့်ရင်ဆိုင်နေသည်။

သူတို့ရပ်နေသည့် တောင်ကုန်းကို ဖုတ်ကောင်ရာပေါင်းများစွာ ဝိုင်းထားပြီး မြေပြင်အားသာချက်ရှိနေသည့်တိုင် ဖုတ်ကောင်များကို မနည်းတိုက်ထုတ်နေရသည်။ အမျိုးသားများက စက်ဝိုင်းပုံစံဖွဲ့ပြီး တောင်ကုန်းပေါ်တက်လာသည့်ဇွန်ဘီးများကိုခုခံနေပြီး အလယ်တွင်အမျိုးသမီးများနှင့် ကလေးများရှိနေသည်။

ရွှေရောင်ဆံပင်နှင့် ကလေးနှစ်ယောက်လည်းရှိနေပြီး သူတို့က လီယို၏ ညီမများဖြစ်သည့် ကီလီနှင့် ဒီလီတို့ဖြစ်ကြသည်။

အခြေအနေက အတော်လေးအန္တရာယ်များနေသည်။ တိုက်ခိုက်နေရင်း အယလန်နီယန်တစ်ယောက် ဖုတ်ကောင်၏ ကုတ်ချက်မိကာ ဒဏ်ရာရသွားသည်။

သူက သေမင်း၏ အနမ်းကိုလက်ခံမိလိုက်သကဲ့သို့ဖြစ်သွား၏။ မိနစ်၂၀အတွင်း သူဖုတ်ကောင်အဖြစ်ပြောင်းကာ အဖော်များကို ပြန်တိုက်ခိုက်ပေလိမ့်မည်။

ဤအသက်ရှင်ကျန်ရစ်သူများ၏ ကံကောင်းမှုများ ကုန်ဆုံးသွားပုံရပြီး သူတို့သည် သေခြင်းတရားကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

တောင်ကုန်းပေါ်က တိုက်ပွဲကို ဖုတ်ကောင်များ ပိုပိုပြီး သတိထားမိလာပြီး ဝိုင်းရံမှုကတဖြည်းဖြည်းပိုများလာသည်။

အချို့သော မျိုးရိုးဗီဇပြောင်းနတ်ဆိုးသားရဲများက အမှောင်ထဲတွင်ပင် မြင်နိုင်သည်။ ဤအတိုင်းဆက်သွားပါက အသက်ရှင်ကျန်ရစ်သူများသည် ဆယ်မိနစ်အတွင်း မွန်းစတားများ၏ လက်ချက်ဖြင့် သေဆုံးလိမ့်မည်။

End

All Chapters