← Chapters

နောက်ကျောမှထိုးသောဓား (အပိုင်းတစ်)

Vol. 74 Ch. 1075

နောက်ကျောမှထိုးသောဓား (အပိုင်းတစ်)

Vol. 74 Ch. 1075

" ငါတို့ နည်းလမ်းတစ်ခု စဉ်းစားရမယ် ဒီလိုဆက်ဖြစ်နေရင် ငါတို့အားလုံး သေရလိမ့်မယ် " သန်မာထွားကြိုင်းသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်နှစ်ဖက်ကိုင်ဓားကို ဝှေ့ယမ်းရင်း အော်ဟစ်လိုက်သည်။ သူသည် သားရေချပ်ကာကို ဝတ်ဆင်ထားပြီး ကြေးစားစစ်သားတစ်ဦးနှင့် တူနေပြီး သူ့တွင် မရေမရာ စစ်သည်စွမ်းအင်အချို့ကို မြင်နိုင်သည်။ သူသည် ကြယ်တစ်ပွင့်စစ်သည်တော် ဖြစ်လာတော့မည့် အနေအထားတွင် ရှိနေသည်။

ဓားက သူ့လက်ထဲမှာ ကခုန်နေပြီး တောင်ကုန်းပေါ်တက်လာသည့် ဖုတ်ကောင်နှစ်ကောင်ကို ပိုင်းချလိုက်သည်။

" လမ်းဖွင့်ပြီး အမြန်ဆုံးထွက်သွားရမယ် မဟုတ်ရင် မိနစ်အနည်းငယ်အတွင်း ဒီနေရာမှာ မွန်းစတားတွေ ပိုများလာလိမ့်မယ် အဲဒီအချိန်ရောက်ရင် ငါတို့အားလုံး သေရလိမ့်မယ် " အမျိုးသမီးတစ်ယောက်က အော်ဟစ်လိုက၏။ သူမက ဆွဲဆောင်မှုရှိသော ခန္တာကိုယ်ရှိပြီး တင်းကြပ်စွာဝတ်ဆင်ထား၏။ သူမ၏ လှုပ်ရှားမှုကလျှင်မြန်လှပြီး လျှင်မြန်မှုကို သုံးတိုက်သူဖြစ်ကြောင်းသိနိုင်သည်။

သူမလှုပ်ရှားတိုင်း သူမ၏ဓားတစ်ချောင်းက ဖုတ်ကောင်တစ်ကောင်၏ကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။

သူမဟာ သတ်လက်ပိုင်းအရွယ်လူလောက် ပေါက်ကွဲလွယ်ပြီး သန်မာသူမဟုတ်သော်လည်း တိုက်ခိုက်ရေးအတွေ့အကြုံ အများအပြားရှိနေပြီး ပိုမြန်တဲ့အမြန်နှုန်းနှင့် ဖုတ်ကောင်များကို ပိုသတ်နိုင်ခဲ့၏။ လက်ရှိအချိန်တွင် လူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ကျောက်တောင်၏အလယ်ဗဟိုသို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူတို့သည် သေမင်းနှင့် မဝေးတော့သောကြောင့် စိတ်ပျက်အားငယ်နေပုံရသည်။

သူတို့ထဲက တစ်ယောက်က သူတို့ရဲ့ရွယ်တူတွေကို အော်ဟစ်ပြီး သူ့ကို အခုချက်ချင်းသတ်ဖို့ တောင်းဆိုခဲ့သည်။ မည်သူမျှ မွန်းစတားတစ်ကောင်ဖြစ်လာပြီး အမှောင်၏ထိန်းချုပ်မှုကိုမခံချင်ကြပေ။ တစ်ဖက်လူက ကြောက်ရွံ့တုန်လှုပ်ပြီး ခေါင်းငုံ့ထားကာ သူဘာတွေးနေမှန်း မည်သူမှ မသိပေ။

" သေစမ်း ဒါတွေအားလုံးက ဒီကောင်မလေးနှစ်ယောက်ကြောင့်ပဲ အန်နာ ဒီကလေးနှစ်ယောက်ကို ငါတို့နဲ့အတူ မခေါ်သွားသင့်ဘူးလို့ ငါပြောပြီးပြီ သူတို့က ဝန်ထုပ်ဝန်ပိုးတွေပဲ အခုတော့ ငါတို့ကို ဆွဲချနေကြပြီ ဒီကလေးနှစ်ယောက်က ငါတို့စကားကို နားထောင်ပြီး သူတို့ရဲ့ အစ်ကိုကြီးကို ရှာချင်တယ်လို့ ငိုယိုအော်ဟစ်မနေဘူးဆိုရင် ဒီဖုတ်ကောင် ပေါက်ကွဲမှာမဟုတ်ဘူး" တိုက်ပွဲအတွင်း၌ လူငယ်တစ်ယောက်က လက်ထဲတွင် အညံ့စား မှော်တုတ်တစ်ချောင်းကိုင်ပြီး အခြားသူများနောက်တွင် ငြီးညူနေ၏။ အချိန်အတော်ကြာပြီးမှ သူက လေဓားတစ်ချောင်းပစ်လွှတ်လိုက်သည်။

" ဒီလောက်အရေးတကြီးဖြစ်နေပြီ ဘာလို့ညည်းညူနေသေးတာလဲ " ဓားကိုဝှေ့ယမ်းနေသည့် ကြွက်သားများပြည့်ဖြိုးသောလူက မှော်ဆရာကို ဆူပူလိုက်သည်။

အမှန်တော့ ဤမျက်နှာဖြူ မှော်ဆရာက အဖွဲ့၏ ဝန်ထုပ်ဝန်ပိုးဖြစ်သည်။ အစပိုင်း၌ အသက်ရှင်ကျန်ရစ်သူအဖွဲ့က မှော်ဆရာနှင့် ပူးပေါင်းရင် သူတို့အတွက် ပိုလုံခြုံမယ်လို့ ထင်ခဲ့ကြသည်။ သို့သော် တကယ့်အဖြစ်မှန်က လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ မှော်ဆရာက မှော်ပညာတွင် သိပ်မတော်သလို သူ့အကျင့်လည်း မကောင်းသူဖြစ်သည်။ အဖွဲ့သားများ မွန်းစတားများနှင့် အစွမ်းကုန်မတိုက်ခိုက်သော်လည်း အစားအစာတွေ ဝေချိန်တွင်‌အမြဲပိုယူသည်။ ထို့အပြင် သူက ရက်စက်ပြီး တခြားသူတွေများ၏ အားနည်းချက်များကို ထောက်ပြရသည်ကို သူဖြစ်သည်။

" အိုကေ မိုနိ သူတို့က ဝန်ထုပ်ဝန်ပိုးတွေလို့ မင်းထင်ရင် မင်းဘာသာ ထွက်သွားလို့ရတယ် " အန်နာအမည်က မိန်းမပျိုက အဖွဲ့၏ယာယီခေါင်းဆောင်ဖြစ်ပြီး မှော်ဆရာကိုကျေနပ်ပုံမရချေ။

သူမကဓားတစ်ချောင်းဖြင့် ဖုတ်ကောင်၏ခေါင်းကိုထိုးဖောက်ရင်း အေးစက်စက်ပြောလိုက်သည်။ " ငါတွေ့တဲ့ အသက်ရှင်ကျန်ရစ်သူတိုင်းကို ကယ်တင်မယ်လို့ ငါပြောပြီးပြီ သူတို့မှာ အာလန်နီးယန်းသွေးမျိုးဆက်ရှိတယ် ဒီမိန်းကလေးနှစ်ယောက်ကလည်း အတူတူပါပဲ "

"မင်းပြောတာလွယ်တယ် ဒါပေမယ့် အခု ငါဘယ်လိုထွက်သွားရမှာလဲ "

ငယ်ရွယ်သော မှော်ဆရာ မိုနိုသည် အန်နာကို အနည်းငယ်ကြောက်သည်။ ငြင်းဆိုမည့်အစား သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ့အစွမ်းအစအားလုံးကို သုံးပြီး သူ့ကိုယ်သူ ပင်ပန်းနွမ်းနယ်အောင် မလုပ်ပေ။ ထို့အစား မှော်ပညာတွေကို ပေါ့ပေါ့တန်တန် ပြန်သုံးပြီး စွမ်းအင်တွေကို ချွေတာလိုက်၏။ ဘယ်သူမျှ သူ့ကို ဂရုမစိုက်သည့်အခါ သူ့မှာရှိသည့် တစ်ခုတည်းသော မှော်ပစ္စည်း ဝဲပျံခြင်းမှေယ်မန္တန်စာလိပ် ကို ဖွင့်လိုက်သည်။ အစိမ်းရောင် မီးတောက်တွေများ

စာလိပ်ကိုဝါမြိုပြီးနောက် လူငယ်လေးကိုဖုံးလွှမ်းသွား၏။ ထို့နောက် လူငယ်လေးမှာ လေပေါ်ဝဲပျံသွားသည်။

အခန်း ၁၀၇၅: နောက်ကျောမှထိုးသောဓား (အပိုင်းနှစ်)

" မြန်မြန်ဆန်ဆန်ပစ်ခတ်နိုင်တဲ့ လေဓားတွေဘယ်မှာလဲ... ဟမ် မိုနို မင်း ဘာလုပ်နေတာလဲ " ဖုတ်ကောင်တွေကို တိုက်ခိုက်နေသည့် ကြေးစားစစ်သည်က အကူညီမဲ့နေ၍ကြည့်လိုက်ရာ ထိုအဖြစ်ကိုမြင်သွားသည်။ ခဏမျှ ငြိမ်သွားပြီးနောက် သူက ဆဲဆိုလိုက်သည်။ "မင်း အခု ထွက်ပြေးတော့မှာလား ငကြောက် မင်း ငါတို့ရဲ့ ရိက္ခာကိုလည်း ယူသွားသေးတယ်..."

ထိုကြောက်တတ်သည့် မှော်ဆရာက သူ့ မှော်စာလိပ်ကို အသုံးပြုပြီးနောက် အဖွဲ့၏ အစားအစာနှင့် သန့်ရှင်းသည့်ရေအားလုံးကို တိတ်တိတ်လေး သိမ်းယူသွားသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် မိုနိုဟာ မြေပြင်အထက် ဆယ်မီတာကျော်ကို ရောက်နေပြီဖြစ်သည်။

" ဟားဟားဟား မင်းတို့ သနားစရာ အင်းဆက်တွေက နောက်ထပ် အသက်မရှင်နိုင်တော့ဘူး ရိက္ခာအားလုံးကို ငါ့ဆီ ထားခဲ့တာက ပိုကောင်းတယ် " လူငယ် မှော်ဆရာ၏ မျက်နှာအမူအရာက ရက်စက်ကြမ်းကြုတ်ပုံ ပေါက်နေပြီး အဖွဲ့မှ နှုတ်ထွက်လိုက်ပြီဖြစ်ရာ ကြေးစားစစ်သည်ကို ပြန်အော်ပြော၏။

" ငကြောက် "

" အခြောက် "

" သူရဲဘောကြောင်တဲ့အကောင် "

ထိုမြင်ကွင်းကြောင့် အဖွဲ့ထဲမှ လူတိုင်း ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ ဤသို့ သစ္စာဖောက်ခံရမှု၊ မွန်းစတားများဝန်းရံနေမှုကြောင့် အားလုံး စိတ်အားငယ်သွားသည်။

ခဏတာအတွင်းမှာပင် သူတို့ အမှားများဆက်တိုက်လုပ်မိပြီး အစီအမံများလျော့ရဲ့သွားသည်။ ရလဒ်အနေနှင့် နောက်ထပ်လူနှစ်ယောက် ဖုတ်ကောင်များကြောင့်ဒဏ်ရာရသွားသည်။ ဆွဲဆောင်မှုရှိသည့် ခေါင်းဆောင်အန်နာပင် ဖုတ်ကောင်တစ်ကောင်ကြောင့် ပေါင်တွင် ခြစ်ရာရှည်ကြီးတစ်ခုဒဏ်ရာရခဲ့၏။

ထိုအဖြစ်နှင့်အတူ ဖုတ်ကောင်အုပ်ကြီးက တောင်ကုန်းပေါ်သို့ ပြေးတက်လာကြသည်။

အနည်းငယ်ဝေးသောနေရာမှ မျိုးရိုးဗီဇပြောင်းနတ်ဆိုးအနည်းငယ်သည် ဖုတ်ကောင်များဝန်းရံနေသည့် အထဲသို့ပြေးဝင်လာကြ၏။

ဉာဏ်မဲ့ဖုတ်ကောင်များနှင့် ယှဉ်ပါက ဤမျိုးရိုးဗီဇပြောင်း နတ်ဆိုးသားရဲများက ဉာဏ်ရည်နိမ့်ပြီး သူတို့၏ တိရစ္ဆာန်ဗီဇကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သူတို့က သူတို့သာယခုမလှုပ်ရှားပါက ဝေစုမရနိုင်‌တော့မည်ကိုသိထားကြ၏ ။

" ပြီးပြီ ငါတို့ပြီးပြီ " ကြွက်သားများပြည့်ဖြိုးနေသော ကြေးစားစစ်သည်က အော်ဟစ်လိုက်သည်။ သူတို့အဖွဲ့မှာ ယခုအဆုံးသတ်တော့မည်ဖြစ်သည်။

အဖွဲ့အလယ်ဗဟိုမှ ရွှေရောင်ဆံပင်နှင့် မိန်းကလေးနှစ်ယောက်မှာ ကြောက်လန့်တကြားနှင့် “ အကိုကြီးလီယို " ဟု အော်ဟစ်ငိုကြွေးနေကြသည်။

ကောင်းကင်တွင် မှော်ဆရာမိုနိုသည် မြေပြင်မှ မီတာ ၂၀ ကျော်အကွာတွင် ပျံဝဲနေပြီးဖြစ်ပြီး သူသည် လုံးဝဘေးကင်းနေကာ ဖုတ်ကောင်များနှင့် ဗီဇပြောင်းသားရဲများကိုကြောက်စရာမလိုပေ။

မြေပြင်ပေါ်တွင် ရုန်းကန်နေသော လူများကိုမြင်တော့ သူ အနည်းငယ်စိတ်လှုပ်ရှားသွားပြီး အမည်မဖော်နိုင်သော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

သို့သော်လည်း ရုတ်တရက် ဖုတ်ကောင်များ၏ အနောက်မှ မူမမှန်သော လှုပ်ရှားမှုများထွက်ပေါ်လာ၏။ မှော်ဆရာမိုနို လှမ်းကြည့်လိုက်ပြီးသသူ့မျက်နှာတောင့်တင်းသွားသည်။

သူက လေထဲ မီတာ ၂၀ ကျော် အမြင့်တွင် ရှိနေ၍ ထိုနေရာမှ မြင်ကွင်းကို ပိုမိုကောင်းမွန်စွာမြင်နိုင်ပေသည်။

မီတာတစ်ထောင်ခန့်အကွာတွင် ပုံရိပ်တစ်ခုက ဖုတ်ကောင်များကြားထဲ၌ တွင် ပန်းခြံထဲ လမ်းလျှောက်သလိုလျှောက်နေ၏။ သူ့ခန္တာကိုယ်မှ စည်းချက်ကျကျ အလင်းရောင်တစ်ချက်တစ်ချက်ထွက်ပေါ်နေပြီး အလင်းရောင်ထွက်တိုင်း ဖုတ်ကောင်တစ်အုပ်သေဆုံးသွား၏။

ထိုအဖြူရောင်ပုံရိပ်က ဖြည်းဖြည်းချင်း ရှေ့ကိုတိုးလာသည်ဟုထင်ရသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပဲ မီတာ ၅၀၀ ကျော်ကို ဖြတ်သန်းသွားခဲ့ပြီဖြစ်သာ်။ ဖုတ်ကောင် ပင်လယ်ကြီးက သူ့ကိုတားဆီးနိုင်ခြင်းမရှိပေ။

မှော်ဆရာမိုနို အံ့အားသင့်သွားပြီး သူ့နှုတ်ခမ်းများ ခြောက်သွေ့သွားသလို ခံစားလိုက်ရ၏။

သေမင်းတမန် ဖုတ်ကောင်ပင်လယ်ထဲတွင် ဤသို့ဖြတ်လျှောက်နေသူကို သူတစ်ခါမျှမမြင်ဖူးခဲ့ပေ။

" ဒီအဖြူရောင်ဝတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လေးက ဒဏ္ဍာရီလာ လအဆင့် ကို ရောက်သွားတာ ဖြစ်နိုင်တယ်မလား"

ထိုလူနီးလာတော့ ထိုလူ၏အနောက်တွင် အသက်၁၄နှစ်အရွယ် လူငယ်လေးတစ်ယောက်ပါလာသည်ကို မြင်လိုက်ရသည်။

ထိုကောင်လေး၏ အဝတ်အစားများက စုတ်ပြဲနေပြီး သူ့အတွက် အတော်လေးကြီးနေသော သမင်သားရေဖိနပ်ကို ဝင်ဆင်ထား၏။

အဖြူရောင်ဝတ်လူ၏ ခြေအောက်မှလင်းလက်နေသည့် ငါးထောင့်ပုံသဏ္ဍာန်မီးအလင်းက ထိုကောင်လေးကို ထိခိုက်ဒဏ်ရာရစေခြင်း မရှိခဲ့ချေ။ ထိုကောင်လေးကိုလည်း အင်အားတစ်ခုကသယ်ဆောင်ထားပြီး ဝတ်စုံဖြူဝတ်လူနှင့်အမြန်နှုန်းတူစွာရွေ့လျှားနေ၏။

ခဏလေးအတွင်းမှာပင် ထိုထူးဆန်းသည့်လူနှစ်ယောက်မှာ ကျောက်ဆောင်နှင့်အနီးသို့ရောက်လာပြီဖြစ်သည်။ ယခုအခါ တောင်ထိပ်တွင် စိတ်ပျက်အားငယ်နေသော အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူများအဖွဲ့သည်လည်း ဝတ်စုံဖြူဝတ်လူကိုသတိထားမိသွားပြီဖြစ်သည်။

ထိုအဖြူရောင်ဝတ်လူငယ်လေးက အသက် ၂၀ခန့်ရှိပြီး ချောမောကာ နူးညံ့သိမ်မွေ့ပုံပေါ်သည်။

ထိပ်တန်းဆုံးဖြတ်ချက်ချသူတစ်ဦး၏ ခမ်းနားထည်ဝါသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသော်လည်း သူ၏ မှိန်ဖျော့သောအပြုံးက သူ့ကို ဖော်ရွေသောပုံပေါက်စေသည်။

End

All Chapters