ငါက ဘုရင် အလက်ဇန္ဒားပါ (ပထမပိုင်း)
Vol. 74 Ch. 1076
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဆူညံပြီး ရှုပ်ထွေးနေသည့် ကန္တာရတောကြီးက ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ဖုတ်ကောင်၅၀၀လောက်နှင့် မျိုးရိုးဗီဇပြောင်းလဲသွားသည့် နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာမှာ အခြားလူများအမြင်တွင် ကြောက်စရာကောင်းသော်လည်း အလွယ်လေး ခြေမှုန်းခံလိုက်ရ၏။
ဖုတ်ကောင်များနှင့် မျိုးရိုးဗီဇပြောင်းလဲသွားသော နတ်ဆိုးသားရဲများသည် မီးလောင်ဒဏ်ရာများ ရရှိသွားပြီး ၎င်းတို့ထံမှ မီးခိုးမည်းများ ထွက်ပေါ်လာခဲ့သည်။ ခြွင်းချက်မရှိဘဲ ၎င်းတို့အားလုံးမြေပြင်ပေါ်သို့ လဲကျသွားသည်။ ဤအရာကို ဖြစ်စေသော အဖြူရောင်ဝတ်ရုံဝတ် လူငယ်သည် သူ့ လက်များကိုပင် မလှုပ်ခဲ့ပေ။
လရောင်၊ အေးမြသည့်လေပြည်၊ ခြောက်သွေ့ေသာမြက်ခင်း... ထိုနေရာတွင်ဖြစ်ပျက်နေသောအဖြစ်အပျက်များကို အန်နာတို့ယုံပင်မယုံနိုင်တောပေ။
"ငါတို့ ကယ်တင်ခြင်းခံရပြီ... ဒီလိုလွယ်လွယ်နဲ့ပဲ" ဟုသူတို့ တွေးလိုက်ကြ၏။ ပျော်ရွှင်မှုက လျင်မြန်စွာရောက်လာသည်ဖြစ်ရာ သူတို့ကောင်းကောင်းမခံစားမိလိုက်ကြချေ။
" အာ၊ ကီလီ၊ ဒီလီ မင်းဒီမှာရှိလား "
ထိုအချိန်တွင် စိုးရိမ်ပူပန်နေသော ကောင်လေးသည် အဖြူရောင်ဝတ်ရုံဝတ် လူငယ်၏နောက်မှ အပြေးထွက်လာပြီး အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
တောင်ကုန်းပေါ်၌ ကြောက်လန့်ပြီး အကူအညီမဲ့နေသည့် ရွှေရောင်ဆံပင်နှင့် မိန်းကလေးနှစ်ယောက်ကို မြင်လိုက်ရသည့်အခါ လီယို၏ နှလုံးသားက နောက်ဆုံးတော့ ရင်ဘတ်ထဲ ပြန်ကျသွားပြီး အဖြူရောင်ဝတ်စုံနှင့် လူငယ်လေး၊ သူ့ကို ကောင်းချီးပေးခဲ့သည့် ကြယ်တွေနှင့်အတူ ရှိနေနိုင်သော သူ့အမေ၊ အဖေတို့ကို ကျေးဇူးတင်ရင်း အပြေးကလေးသွားမိသွားသည်။
အခု သူ့ညီမလေးများ အသက်ရှင်နေသေးသည်ကို သိလိုက်ရသည့်အခါ ကောင်လေးက သူ့ကမ္ဘာကြီး ပြန်လည်ရောင်စုံပြီး အသက်ဝင်နေသလို ခံစားလိုက်ရသည်။
တစ်ဖက်တွင်မူ အန်နာကဲ့သို့သော အာလာနီးယန်းလူမျိုးများ အားလုံးသည် တောင်ခြေတွင်ရှိသော အဖြူရောင်ဝတ်စုံဖြင့် ချောမောသော လူငယ်ကို စိုက်ကြည့်နေကြသည်။
သူတို့ အိပ်မက်မက်နေသည့်နှယ် ခံစားရပြီး " လူငယ်လေးက ဒဏ္ဍာရီလာ နတ်တမန်များလို ချောမောပြီး သူ့ရဲ့ ခွန်အားက နဂါးတွေလောက် အစွမ်းထက်တယ် သူက ဘယ်သူလဲ ဘယ်ကလာတာလဲ " ဟုတွေးမိသွားကြသည်။
ဆွဲဆောင်မှုရှိပြီး မာနကြီးသည့် အန်နာပင် အဖြူရောင်ဝတ်စုံနှင့်လူငယ်လေးကို ရင်ဆိုင်ရသည့်အခါ နိမ့်ကျသလို ခံစားခဲ့ရသည်။
ထိုအချိန်မှာပင် အဖြူရောင်ဝတ်ထားသည့် လူငယ်၏နောက်ဘက်မှ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက်ထွက်လာသည်။ ထိုအရာက အမှောင်ထဲတွင် အနက်ရောင်လျှပ်စီးကြောင်းတစ်ခုသဖွယ် လျှင်မြန်လှသည်။ သို့သော်လည်း ဝတ်စုံဖြူလူငယ်လေးက သတိထားမိပုံမရချေ။
"သတိထား..." အန်နာနှင့် အခြားသူများ အံ့အားသင့်စိုးရိမ်သွားကြပြီး ဤလူငယ်ကို သတိပေးလိုက်ကြသည်။
ထိုသတ္တဝါက မျိုးရိုးဗီဇပြောင်း အဆင့် ၃ နတ်ဆိုးမြွေပွေးတစ်ကောင်ဖြစ်ပြီး ပါးနပ်လှသည်။ အနည်းငယ်ဝေးသော ကျောက်ဆောင်များထဲတွင် ပုန်းအောင်းနေပြီး ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာခြင်းဖြစ်သည်။
ထိုမြွေပွေးက လူငယ်နှင့် ဆယ်မီတာအကွာအတွင်း အရောက်တွင် ရုတ်တရက်လူငယ်လေး၏ ခြေအောက်မှစ၍ အဖြူရောင်အလင်းတန်းများတောက်ပလာ၏။
" ဘမ်း "
အလွန်အမင်း လွှမ်းမိုးနိုင်သော အရှိန်အဝါ ပေါ်မလာသော်လည်း အနက်ရောင် မြွေပွေးသည် မမြင်ရသော မိုးကြိုးတစ်ချက် ထိမှန်ခံရပြီး မဲနက်အေးခဲသွားသည်။ ထို့နောက် မြေပြင်ပေါ်ပြုဝ်ကျကာ တစ်စစီဖြစ်သွား၏။
အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူများအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့မြင်နေရသည်ကို မယုံနိုင်ဖြစ်သွား၏။
အဆင့် ၃ နတ်ဆိုးသားရဲမှာ ကြယ်သုံးပွင့်စစ်သည်တော် သို့မဟုတ် ကြယ်သုံးပွင့်မှော်ဆရာနှင့် ညီမျှသည်။ မကောင်းဆိုးဝါးစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသည့် မျိုးရိုးဗီဇပြောင်းလဲမှုဖြစ်ပြီးနောက် မြွေပွေး၏ အစွမ်းက အလယ်အလတ် အဆင့်လေးသားရဲနီးနီးဖြစ်လာသည်။ ထိုမြွေပွေးသာ အစောပိုင်း၌ ပေါ်လာပါက အာလန်နီယန်သားအားလုံးသေပြီဖြစ်သည်။ ယခုတေယ့ လူငယ်လေးက အလွယ်လေးရှင်းလင်းခဲ့၏။
"သူ ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ" ဟု အသက်ရှင်ကျန်ရစ်သူများက တွေးလိုက်ကြသည်။
ထိုအဖြစ်အပျက်လေးက ဤနေရာရှိ အာလန်နီးယန်းလူမျိုးအားလုံးကို အံ့အားသင့်စေသည်။ မည်သူမျှ ထိုပုဂ္ဂိုလ်မနှစ်မြို့မည်စိုး၍ စကားမပြောရဲကြပေ။
တစ်ဖက်တွင်မူ လီယိုသည် ညီမငယ်နှစ်ဦးကို နှစ်သိမ့်ပြီးနောက် ညီမငယ်များ၏လက်ကို ကိုင်ထားကာ အဖြူရောင်ဝတ်စုံဝတ်ထားသူထံ လျှောက်သွားလိုက်သည်။ သူ ဦးညွှတ်တော့မည့်အချိန်တွင် အဖြူရောင်ဝတ်ထားသော လူငယ်က လက်ကို အနည်းငယ်မြှောက်လိုက်ပြီး စွမ်းအင်တစ်ခု ပြေးထွက်လာကာ သူ့ကို ရပ်တန့်လိုက်သည်။
တစ်ချိန်ထဲမှာပင် " ဆရာ... ဆရာသခင်... ဆရာသခင်ကဘယ်သူပါလဲ "
နောက်ဆုံးတွင် ဤအသက်ရှင်ကျန်ရစ်သူများအဖွဲ့မှ ဆွဲဆောင်မှုရှိသော ခေါင်းဆောင်သည် သူမ၏ ပါးစပ်ကို ဖွင့်ပြီး မေးလိုက်သည်။
အခန်း ၁၀၇၆: ကျွန်တော်က ဘုရင် အလက်ဇန္ဒားပါ (အပိုင်းနှစ်)
အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ရှေ့တွင်ရောက်နေ၍ အန်နာစိတ်လှုပ်ရှားနေသည်။နောက်ဆုံးတွင်သူမက အသံတုန်တုန်ဖြင့် အထစ်ထစ်မေးလိုက်၏။
လူငယ်လေးက ပြုံး၍ ရှေ့သို့လျှောက်လာသည်
လူတိုင်း၏အမြင်အာရုံမိား ဝေဝါးသလိုခံစားလိုက်ရပြီး လူငယ်လေးက သူတို့အနားတွင်ပေါ်လာ၏။
သူက ညင်သာစွာပြောသည်။ “ငါ မင်းတို့ကို အရင်ကုသပေးပါရစေ”
ထိုသို့ပြောပြီးနောက် သူသည် ဒဏ်ရာရသူများ၏ ဒဏ်ရာများပေါ်တွင် သူ့လက်များကို ညင်သာစွာ အုပ်လိုက်ရာ သန့်ရှင်းသော ရွှေရောင်စွမ်းအင်မီးလျှံများ လင်းလက်သွားသည်။
သူ့လက်များ ဒဏ်ရာမှခွာလိုက်သည်နှင့် အားလုံးစိတ်လှုပ်ရှားသွားရသည်။ ခန္တာကိုယ်ရှိ ဒဏ်ရာများပျောက်သွားပြီး ခရမ်းမီးခိုးရောင် အမှောင်စွမ်းအင်များလည်း မရှိတော့ချေ။
" ဆရာသခင်... ဒီလိုဒဏ်ရာမျိုးကို ကုသနိုင်လား ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သန့်ရှင်းတဲ့ ဘုရားကျောင်းက ဘုန်းကြီးတွေတောင် ဒီလို ကုသမပေးနိုင်ဘူး... ဒါ... ဆရာသခင်က ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးများလား "
အာလန်နီးယန်းအားလုံး အံ့အားသင့်သွားကြသည်။ ဖုတ်ကောင်သတ္တဝါများကြောင့်ဖြစ်သော ဒဏ်ရာများကို တစ်စုံတစ်ယောက်က ကုသပေးသည်ကို သူတို့မြင်ဖူးခြင်းမှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
" သူက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးပဲ ငါကိုယ်တိုင် မြင်ခဲ့တာ ငါ့ကို အစောတုန်းက ကောင်းကင်ဘုံကနေ ပြန်ခေါ်ဆောင်လာတာ..." လီယိုက ဂုဏ်ယူစွာ ပြောလိုက်သည်။ အခြားသူများ သူ့ကို မယုံမှာကို ကြောက်၍ သူ့အတွေ့အကြုံကို ပြောပြပြီး သူ ကောင်းကင်ဘုံကို ရောက်ဖူးကြောင်း ကျိန်ဆိုပြလိုက်၏။
ယခုအခါ အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူများက အဖြူရောင်ဝတ် လူငယ်ကို ကွဲပြားစွာ ကြည့်ကြသည်။
ဖုတ်ကောင်များကြောင့် ဒဏ်ရာရထားကာ အဖြူရောင်ဝတ်စုံဖြင့် လူငယ်လေး၏ ကုသပေးမှုကြောင့် ပြန်လည်ပျောက်ကင်းလာသူများသည် နတ်ဘုရားကို ဒူးထောက်အရိုအသေပြုရန်ပြင်လိုက်ကြသည်။
ဆွဲဆောင်မှုရှိသည့် အန်နာနှင့် ကြေးစားစစ်သားနှစ်ဦးမှာ အစပိုင်းက သံသယအနည်းငယ်ဝင်ခဲ့သော်လည်း ယခုတော့ယုံလုနီးပါးဖြစ်နေသည်။ အန်နာက ဒူးထောက်ပြီး ကျေးဇူးတင်ကြောင်း ပြောရန် ပြင်နေစဉ်တွင် သူမပေါင်အတွင်းမှ ဒဏ်ရာမှာ ဆွဲဆန့်ခံရသလိုဖြစ်ကာ နာကျင်သွား၍ မျက်မှောင်ကြုတ်မိသွားသည်။
ထိုမှော်ဆရာမိုနို ထွက်ပြေးစဉ်က သူမအာရုံလွဲသွား၍ ဒဏ်ရာရသွားခဲ့သည်။ ဒဏ်ရာရသည့်နေရာက အနည်းငယ်ရှက်စရာကောင်း၏။ စုတ်ပြဲနေသော ဘောင်ဘီမှတစ်ဆင့် သူမ၏ ပေါင်တွင်းသားခပ်ဖွေးဖွေးကိုမြင်နေရသည်။
သူမ၏ပုံစံက အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားပြီး ဆွဲဆောင်မှုရှိသည့် မြင်ကွင်းကို မြင်တော့ ယောက်ျားအားလုံးနီးပါးက မသိစိတ်မှ သူတို့၏ တံတွေးကိုမြိုချမိသွားကြသည်။ အဖြူရောင်ဝတ်စုံဝတ် လူငယ်က ဒါကိုမြင်တော့ သူ့လက်ချောင်းကို လှုပ်လိုက်၏။ ရွှေရောင်မီးတောက်များက အန်နာ၏ ဒဏ်ရာထဲသို့ ပြေးဝင်သွားပြီး အပူစွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ သူမ၏ ပေါင်ပေါ်မှ ဒဏ်ရာသုံးခုက မြင်သာသည့်အမြန်နှုန်းဖြင့် ပျောက်ကင်းသွားသည်။ ချောမွေ့ပြီး ပန်းရောင်သန်းနေသည့် အသားအရေက စက္ကန့်အနည်းငယ်အတွင်းမှာင် ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် အဖြူရောင်ဝတ် လူငယ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် စစ်သည်တော်ဝတ်ရုံတစ်ထည် ပေါ်လာပြီး သူကထိုဝတ်ရုံကို အန်နာကိုပေး၏။
" ကျေးဇူးတင်ပါတယ် " အမျိုးသမီးစစ်သည်တော်က ဝတ်ရုံကိုယူပြီး ဝတ်လိုက်သည်။ အဖြူရောင်ဝတ်ရုံက တင်းကြပ်မနေသော်လည်း သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို မဖုံးကွယ်နိုင်ပေ။ ထိုအစား လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးစွမ်းပြီး သူမ၏ ဆွဲဆောင်မှုရှိသော အလှကို ပိုမိုပေါ်လွင်စေသည်။
ဤလုပ်ဆောင်ချက်များအပြီးတွင် အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူများသည် တဖြည်းဖြည်း စိတ်ငြိမ်သွားပြီး အဖြူရောင်ဝတ် လူငယ်က နတ်ဘုရားတစ်ပါးမဟုတ်ဘဲ ပြိုင်ဘက်ကင်းအစွမ်းထက် သခင်တစ်ဦးဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။
" လေးစားအပ်ပါသော ဆရာသခင် ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်ရဲ့အမည်ကိုပြောပြပေးပါ ကျွန်တော်တို့ အာလာလန်လူမျိုးတွေက ဆရာသခင်ရဲ့ကျေးဇူး အမြဲသတိရနေမှာပါ " အားလုံး ဒူးထောက်ပြီး ကျယ်လောင်စွာ ပြောသည်။
" ထပါ ကျုပ်က ဘုရင် အလက်ဇန္ဒားပါ" ဟု အဖြူရောင်ဝတ် လူငယ်က တွန့်ဆုတ်မနေဘဲ ပေါ့ပေါ့ပါးပါး ပြောသည်။
" အလက်ဇန္ဒားလား အလက်ဇန္ဒား... အာ ဘုရင်အလက်ဇန္ဒား ဇင်းနစ်ရဲ့ သိုင်းစစ်သူတော်စင် ချမ်းဘော့ဒ်ရဲ့ ဘုရင်နဲ့ မြောက်ပိုင်းဒေသရဲ့ နံပါတ် ၁ လူငယ်သခင်လား "
အန်နာတို့ အော်ဟစ်လုမတတ်ဖြစ်သွားကြသည်။ ချောမောခန့်ငြားသည့် လူငယ်လေးက နောက်ခံကောင်းရှိမည်ကိုသိသော်လည်း ဤသို့မျှော်လင့်မထားကြပေ။
ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒားက အဇာရို့သ်မြောက်ပိုင်းဒေသတွင် ယခုအခါ အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ဒေသရှိ လူတိုင်းနီးပါး သူ့နာမည်ကို ကြားဖူးကြသည်။
ရလဒ်အနေဖြင့် အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူများသည် သူ သူတို့ရှေ့တွင် ပေါ်လာသည်ကို အံ့အားသင့်ခဲ့ကြပြီး သူ့ကို အလွန်နီးကပ်သော အကွာအဝေးမှ မြင်တွေ့ခွင့်ရခဲ့ကြသည်။
End