← Chapters

အတူတကွ ခရီးသွားခြင်း (အပိုင်းတစ်)

Vol. 74 Ch. 1077

အတူတကွ ခရီးသွားခြင်း (အပိုင်းတစ်)

Vol. 74 Ch. 1077

နတ်ဘုရားတစ်ပါးအလားဖြစ်နေသည့် ထိုလူငယ်လေးမှာ ဖေးပင်ဖြစ်သည်။

ဒိုင်ယက်ဖောက် အင်ပါယာနှင့် ယခင် အာလန်နီယန် အင်ပါယာကြား နယ်နိမိတ်ရှိ သစ်တောကို သန့်စင်ပြီးနောက် ချမ်းဘော့ဒ်ကျုးကျော်ရေးတပ်ဖွဲ့သည့ လေသင်္ဘောများနှင့် သစ်တောကိုဖြတ်ကျော်ပြီးနောက် ယခင် အာလန်နီယားအင်ပါယာ နယ်နမိတ်ထဲပြန်ရောက်လာသည်။

ထို့နောက်တွင် ညစ်ညမ်းမှုအဆင့်သည် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ကြသည်။ မြို့ကြီးအနည်းငယ်မှလွဲ၍ မြို့ကြီးများနှင့် မြို့ငယ်များအားလုံးနီးပါး ပြိုလဲသွားပြီး မကောင်းဆိုးဝါးသတ္တဝါများအတွက် နိဗ္ဗာန်ဘုံများဖြစ်လာခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ရန် ရုန်းကန်နေရသည်။

ထင်ရှားစွာပင် အမှောင်သတ္တဝါများသည် သန့်ရှင်းသောစွမ်းအင်ကိုမုန်းတီးကြ၏။

ဖေးသည် နယ်စပ်ရှိ တောအုပ်ကို သန့်စင်ရန် ပါလာဒင်၏ သန့်စင်ခြင်း နည်းစနစ် ကို အသုံးပြုသောအခါ ကြီးမားသော သန့်ရှင်းသော စွမ်းအားက မျိုးရိုးဗီဇပြောင်းလဲသွားသော နတ်ဆိုးအချို့ကို ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ခံစားမိစေပြီး ဖေး ၎င်းတို့ကို သန့်စင်နိုင်ခြင်း မပြုမီပင် တောအုပ်မှ ထွက်ခွာသွားခဲ့ကြသည်။

မိစ္ဆာများသည် အန်ဂျီအင်ပါယာကို ကျူးကျော်ခြင်းမပြုမီ အာလန်နီးယန်းလူမျိုးများပိုင်ဆိုင်သော နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီး အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

ဖေးနှင့် လီယိုက တိုက်ဆိုင်စွာပင် အစောပိုင်း၌ တွေ့ဆုံခဲ့ပြီး ဖြစ်ပျက်သည်ကိုဖေးနားလည်လိုက်သည်။

ဖုတ်ကောင်များနှင့် မျိုးရိုးဗီဇပြောင်းလဲသွားသည့် နတ်ဆိုးများ မြေပြင်ပေါ်တွင် လှည့်လည်သွားလာသည်ကို မြင်တော့ ဖေး ကမ္ဘာပေါ်တွင်ရှိစဉ်က ကြည့်ခဲ့သည့် နာမည်ကြီး သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် ရက်ဆီးဒန့်အီဗယ်(Resident Evil) ကို ပြန်တွေးမိသွားသည်။

သူ့ရှေ့တွင် ဖြစ်ပျက်နေသည်များက ရက်ဆီးဒန့်အီဗယ်+ Resident Evil ) ရုပ်ရှင်ထဲက ကမ္ဘာနှင့် အလွန်တူနေသည်ာ ငရဲစွမ်းအင်ဖြင့် ဖန်တီးထားသည့် ဖုတ်ကောင်များက ရုပ်ရှင်ထဲက ဇွန်ဘီတွေနှင့်တန်းတူဖြစ်သော်လည်း မျိုးဗီဇပြောင်းသွားသည့်နတ်ဆိုးသားရဲများကတော့ ရုပ်ရှင်ထဲမှ ဇွန်ဘီးခွေးများထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ထို့ကြောင့် ဖေး သည် အန်ဂျီး အင်ပါယာကို သိမ်းပိုက်ရန် သူ၏အစီအစဉ်ကို ရွှေ့ဆိုင်းထားရသည်။ ဖေး ကမ္ဘာပျက်မည့်ရုပ်ရှင် အများအပြားကြည့်ဖူးတဲ့အတွက် 'ဇွန်ဘီဗိုင်းရပ်စ်' တွေ ထိန်းမနိုင်သိမ်းမရ ပျံ့နှံ့သွားပါက မည်မျှထိကြေုက်စရာကောင်းမည်ကို သူသိထားသည်။ မကြာခင်မှာပင် အဇာရို့သ်တိုက်ကြီးတစ်ခုလုံးက ဖုတ်ကောင်ကမ္ဘာဖြစ်သွားပေလိမ့်မည်။

ထိုအပြင် ဖုတ်ကောင်များက ရုပ်ရှင်များထဲကအတိုင်း အဆင့်တက်ပြီး တိုးတက်ပြောင်းလဲနိုင်မည်ဆိုပါက အဇာရို့သ် တိုက်ကြီးပေါ်မှ လူသားတို့၏ ကံကြမ္မာမှာ အဆုံးသတ်ပြီဖြစ်သည်။

ထို့ကြောင့် ဖေး သည် အန်ဂျီးဧကရာဇ် ကရီမောဗ့် ကွယ်လွန်ခြင်းမပြုမီ ပြောခဲ့သော နတ်ဘုရားကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဖုတ်ကောင်ငပ်ဘေးကို ယာယီထိန်းချုပ်ပြီးနောက် ထိုကိစ္စကိုလုပ်ဆောင်မည်ဖြစ်သည်။ ထို့အပြင် ဖေးသည် ဤဖုတ်ကောင်ကပ်ဘေးနောက်ကွယ်တွင် အန်ဂျီးသားများ ပါဝင်နေမည်ဟု သံသယရှိသည်။

တောအစွန်အဖျား၌ မကောင်းဆိုးဝါးသတ္တဝါများကို သန့်စင်နေချိန် ချမ်းဘော့ဒ် စစ်သည်တော်များက လီယို ကို တိုက်ဆိုင်စွာ ကယ်တင်နိုင်ခဲ့ပြီးနောက် ဖေး၏ စိတ်ထဲတွင် အစီအစဉ်တစ်ခုပေါ်လာခဲ့သည်။

ထို့ကြောင့် သူ လီယိုနှင့်အတူ လေသင်္ဘောပေါ်မှ ဆင်းလာခြင်းဖြစ်သည်။

အန်နာနှင့် အခြားသူများ၏ မျက်နှာများတွင် အံ့အားသင့်သွားသော အမူအရာများကို မြင်သောအခါ ဖေး အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် သူ ဘာဖြစ်နေသည်ကို လျင်မြန်စွာ သဘောပေါက်သွားပြီး အလွန်ကျေနပ်သွားသည်။

အာလန်လူမျိုးများသည် ဇင်းနစ်အင်ပါယာမှ ဝေးကွာနေသော်လည်း ဖေး၏အမည်ကို ကြားဖူးကြသည်။

" ကဲ ဒါကို တစ်ကမ္ဘာလုံးကသိနေတယ်လို့ ပြောလို့ရတယ်မှတ်လား ဟားဟားဟား " ဘုရင်က စိတ်ထဲကနေ စိတ်လှုပ်ရှားစွာ ရယ်လိုက်၏။

အာလန်နီးယန်းလူမျိုးများက ချမ်းဘော့ဒ်ဘုရင်အား နှုတ်ခွန်းဆက်သကြသည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ကျွန်ုပ်တို့ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင့်ရဲ့ ရက်ရောမှုနဲ့ ကောင်းမြတ်တဲ့စိတ်ထားဟာ မကြာခင်မှာပဲ တိုက်ကြီးတစ်တိုက်လုံးမှာ ပျံ့နှံ့သွားတော့မှာပါ "

အန်နာနှင့် သူမ၏လူများသည် ထရပ်ပြီး ဖေးအား ရိုသေလေးစားစွာ ဦးညွှတ်ကြသည်။

တချို့ကတော့ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို မျက်နှာပေါ်မှာ မဖုံးကွယ်နိုင်ကြတော့ချေ။

" ချမ်းဘော့ဒ်ဘုရင် ရောက်လာပြီဆိုတော့ ကောလာဟလတွေက အမှန်ပဲ နတ်ဘုရားတစ်ပိုင်းရှိတဲ့ ဇင်းနစ်အင်ပါယာက ရက်စက်ကြမ်းကြုတ်တဲ့ အန်ဂျီးသားတွေကို တိုက်ခိုက်တော့မှာပဲ ချမ်းဘော့ဒ်ဘုရင် အစောပိုင်းက ပြသခဲ့တဲ့ အစွမ်းသတ္တိကြောင့် ဇင်းနစ်ရဲ့ အရှင်သခင်တွေဟာ ကောလာဟလတွေလိုပဲ အစွမ်းထက်ကြတယ်ဆိုတာသိနိုင်တယ် ငါတို့ အာလာနီးယန်းတွေက ဇင်းနစ်တွေရဲ့ မိတ်ဆွေဖွဲ့မှုကို ရယူနိုင်ရင် ငါတို့ရဲ့ အင်ပါယာကို ပြန်လည်ထူထောင်ဖို့ အခွင့်အရေးရှိတယ် "

အခန်း ၁၀၇၇: အတူတကွ ခရီးသွားခြင်း (အပိုင်းနှစ်)

ထိုအတွေးက အတွေးမျှသာဖြစ်သည်။ သူတို့က ပြည်သူများသာဖြစ်ကြသည်။ လက်တွေ့အကောင်အထည်ဖော်ရမည့်သူက အာလန်နီယန်တော်ဝင်မိသားစုသာဖြစ်သည်။ သို့သော်လည်း အန်ဂျီးတို့က တော်ဝင်မိသားစုကိုရှင်းလင်းပြီးပြီဖြစ်သည်။

" အမ အန်နာ ကီလီနဲ့ ဒီလီကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တခြား အစ်ကိုကြီးတွေ အစ်မကြီးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ် ကျွန်တော်က သူတို့ရဲ့ အစ်ကိုကြီး လီယိုပါ "

သူ့ ညီမငယ်နှစ်ယောက်နှင့် တီးတိုးလေးပြောပြီးနောက် လီယိုက အခြေအနေကို နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။

သူ အတော်ကြာ ပျောက်သွားသဖြင့် သူ့ညီမလေးများ‌ဆာလောင်၍ငိုနေကြရာ ထိုအသံကို ဖြတ်သွားသည့် အန်နာတို့ကကြားလိုက်ကြရာမှ ကယ်တင်ထားခြင်းဖြစ်သည်။ နေဝင်ခါနီးထိ သူ့ကို စောင့်နေသော်လည်း သူက ပြန်မလာသေးသဖြင့် သူသေပြီထင်က သူ့ညီမငယ်နှစ်ဦးကို ခေါ်ထုတ်သွားကြခြင်းဖြစ်သည်။

သို့သော်လည်း အသက်ရှင်ကျန်ရစ်သူအဖွဲ့က ကံဆိုးကြသည်။ ကျောက်ဂူမှထွက်လာပြီးနောက် ဖုတ်ကောင်အုပ်၏ ဝန်းရံမှုကို ခံလိုက်ကြရ၏။ သို့သော်လည်း ကံကအလုံးစုံမဆိုးဝါးသေးရာ ဖေးနှင့်တွေ့ပြီး ကယ်တင်ခံလိုက်ရသည်။

လီယိုကတော့ အန်နာနှင့် အဖွဲ့သားများကို ကျေးဇူးတင်ဆဲပါ။ သူမတို့က ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကလေးမလေးနှစ်ဦးကို ကယ်တင်ထားခဲ့ကြသည်။ ထို့အပြင် ချမ်းဘော့ဒ် စစ်သည်တော်များသာ ပေါ်မလာခဲ့ပါက လီယိုဖုတ်ကောင်များ၏လက်ချက်ဖြင့် သေဆုံးရမည်ဖြစ်ပြီး ညီမလေးများလည်း အန်နာတို့နှင့်မဆုံပါက သေကြရမည်မဟုတ်ပါလော။

" ကျေးဇူးတင်စရာမလိုပါဘူးငါ့မောင် " အန်နာက ပြုံးပြီး လီယို၏ခေါင်းကို ပုတ်လိုက်သည်။ " ဘယ်အာလန်နီယန်မှ တခြားအာလန်နီယန်တွေကို စွန့်ပစ်ပြီး သေသွားအောင် ထားခဲ့မှာ မဟုတ်ဘူး "

ယခုချိန်မှာတော့ သူမ က ဖုတ်ကောင်များနှင့် တိုက်ခိုက်စဉ်ကကဲ့သို့ သတ်ဖြတ်ခြင်းအရှိန်အဝါများနရှိတော့ချေ။ ထို့အစား အမကြီးတစ်ယောက်သဖွယ်နွေးထွေးနေ၏။

ခရီးသွားကဗျာဆရာတစ်ဦးက ဤမှတ်ချက်ကို ပေးခဲ့သည်။ “ မြေဩဇာကောင်းသော လွင်ပြင်သည် အာလာနန်လူမျိုးများအား အစားအစာအတွက် စိတ်ပူစရာမလိုအောင် ခွင့်ပြုထားသောကြောင့် အာလန်နီယန်များသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်ပုံရသည် သို့သော် အန္တရာယ်နှင့် ကပ်ဘေးနှင့် ရင်ဆိုင်ရသည့်အခါတွင် အားနည်းပုံပေါက်သော အာလာနန်လူမျိုးများသည် ပေါက်ကွဲနေသော မီးတောင်ကဲ့သို့ ရူးသွပ်မှုနှင့် ဇွဲလုံ့လကို ထုတ်ဖော်နိုင်ပေသည် "

ဖေးက ပြုံးပြီး ခေါင်းငြိမ့်၏။

အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူအဖွဲ့အတွက် ဤမိန်းကလေးနှစ်ယောက်က ဝန်ထုပ်ဝန်ပိုးများဖြစ်ပြီး အဖွဲ့အတွက် အန္တရာယ် တိုးစေမည်ကိုသိကြသော်လည်း ကာကွယ်ရန်ရွေးခြယ်ခဲ့ကြသည်။ အမှန်ပင် သူရဲခေါင်းဆန်သူများဖြစ်၏။

" နောက် ဘယ်ကိုဆက်သွားဖို့ စီစဉ်ထားလဲ " ဟု ဖေးမေးလိုက်သည်။

" နောက်နေရာလား "

အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူအားလုံး အနာဂတ်အကြောင်း ပြောဆိုကြသောအခါ တိတ်ဆိတ်သွားကြသည်။

အရာအားလုံး မသေချာမရေရာဖြစ်နေပြီး သူတို့အားလုံး အနည်းငယ် စိတ်ပျက်အားငယ်နေကြ၏။ သူတို့ အသက်ရှင်ကျန်ရစ်သူအဖွဲ့က အလွန်အားနည်းသည်။ အစွမ်းထက်မျိုးရိုးဗီဇပြောင်းနတ်ဆိုးတစ်ကောင်က သူတို့ကို အလွယ်တကူ ဆွဲဖြဲနိုင်၏။ မနက်ဖြန်ထိ အသက်ရှင်နိုင်ရန်ပင်မသေချာရာ မည်သို့အနာဂတ်ကိုတွေးနိုင်မည်နည်း။

အန်နာက ခဏလောက် မျက်မှောင်ကြုတ်ပြီး အံကြိတ်ကာ " ကျွန်မတို့ တောင်ဘက်ကို သွားဖို့ စီစဉ်နေပါတယ် အဲဒီနေရာက အမှောင်စွမ်းအင်စွန်းထင်းမနေလောက်ဘူး ကျွန်မတို့က တခြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေသွားမှာဖြစ်ပြီး နောက်ထပ်လူတွေ ကျွန်မတို့နဲ့ ပူးပေါင်းလာမယ်လို့ မျှော်လင့်ပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်မတို့ အာလန်လူမျိုးတွေက အန်ဂျီးတွေကို တွန်းလှန်တာကိုရပ်တန့်မှာမဟုတ်ဘူး ကျွန်မတို့ တစ်ယောက်တည်း ကျန်နေရင်တောင် ကျွန်မတို့ လူမျိုးရဲ့ ဆက်လက်ရှင်သန်မှုနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သွားမှာပါ " ဟုပြော၏။

ထိုအမျိုးသမီးစစ်သည်တော်မှာ အစတွင် မသေချာသလိုဖြစ်နေသော်လည်း အဆုံးကိုရောက်သည့်အခါ ဆုံးဖြတ်ချက်ခိုင်မာစွာချနိုင်ခဲ့သည်။

" ကောင်းပြီ " ဖေး ခေါင်းညိတ်လိုက်သည်။

သို့သော် သူက သူ့ဘာသာသူ “ ဒါက ဖုတ်ကောင် စွမ်းအင် မဟုတ်ဘဲ အဆပေါင်းများစွာ ကြောက်စရာကောင်းတဲ့ အမှောင်မိစ္ဆာစွမ်းအင် အလန်နီးယန် အင်ပါယာဟောင်းတောင်ပိုင်းဒေသလည်း အတူတူဖြစ်နေလောက်ပြီ " ဟု‌တွေးနေမိသည်။

သို့သော်လည်း ဘုရင်က ဤစိတ်ပျက်ဖွယ်ကောင်းသော အချက်အလက်များကို သူတို့အား မပြောပြပါ။

သူ့အစီအစဉ်ကို ပြန်စဉ်းစားပြီးတဲ့နောက် ဘုရင်က ပြုံးပြီး “တိုက်ဆိုင်လိုက်တာ ငါလည်း တောင်ဘက်ကို သွားမှာ ငါတို့ အတူတူသွားလို့ရတယ် ” ဟုပြောလိုက်၏။

အသက်ရှင်ကျန်ရစ်သူများ သူ့အသံကိုကြားသောအခါ ကြက်သေသေသွားကြသည်။

"ဘာ အရှင်မင်းကြီး... အရှင်မင်းကြီးက ကျွန်မတို့နဲ့အတူ တောင်ပိုင်းကို လိုက်သွားဖို့ ဆန္ဒရှိတာလား " ဟု အန်နာက တုန်ရီသောအသံဖြင့် မေးလိုက်သည်။

[မှော်ဆရာမိုကတော့ ထွက်သွားတာလား သေသွားတာလားမသိပါဘူး သူ့အကြောင်းထပ်မပါတော့ပါဘူး]

End

All Chapters