ရှင်သန်ကျန်ရစ်သူ၏ ကံကြမ္မာ (အပိုင်းတစ်)
Vol. 74 Ch. 1078
အန်နာက အခြားလူများ၏စိတ်ထဲမှ မေးခွန်းကို ထုတ်ဖော်လိုက်၏။
ထိုအချိန်တွင် အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူအားလုံးသည် မှားယွင်းစွာ ကြားလိုက်မည်ကို စိုးရိမ်ကာ အသက်ရှူအောင့်၍ အာရုံစိုက်နားထောင်နေကြ၏။
" ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒားဟာ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ပြိုင်ဘက်ကင်းတဲ့ အရှင်သခင်တစ်ယောက်ပါ သူသာ ငါတို့နဲ့အတူ လိုက်ပါဖို့ ဆန္ဒရှိရင် ငါတို့တို့ကို ကာကွယ်နိုင်လိမ့်မယ်" ဟုသူတို့ တွေးလိုက်ကြ၏။
ဖေးအနားမှာရှိပါက သူတို့၏ဘေးကင်းလုံခြုံမှုက အာမခံချက်ရှိမည်က သေချာပြီး အန္တရာယ်များလှသည် ခရီးစဉ်က အပန်းဖြေခရီးသာသာဖြစ်သွားပေလိမ့်မည်။
" ဟုတ်ပါတယ် ခင်ဗျားတို့က ကျုပ်တို့ကို ကြိုဆိုရင်ပေါ့ "
ဖေးရဲ့တုံ့ပြန်မှုက အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူအားလုံးကို ပျော်ရွှင်စေခဲ့သည်။
သူတို့က ဝမ်းသာအားရနှင့်ဖေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြပြီး လူငယ်တချို့က ကျောက်တောင်ထိပ်ကို ပြေးတက်ပြီး အော်ဟစ်ေနကြသည်။ ယခုတော့ ဖုတ်ကောင်များကို ကြောက်စရာမလိုတော့ရာ စိတ်မွန်းကြပ်မှုများကို ဖောက်ထုတ်လိုက်ကြ၏။
မကြာသေးခင်ကအထိ သူတို့ ပုန်းအောင်းပြီး ဂရုတစိုက် ခရီးသွားခဲ့ရရာ ဖိအားများ အလွန်များနေခဲ့သည်။ ယခုတော့ သူတို့ အော်ဟစ်ပြီးသည့်နောက်တွင် အပျက်သဘောဆောင်သည့် ခံစားချက်များအားလုံး လွင့်စင်သွားခဲ့ပြီဖြစ်သည်။ သူတို့၏ မျက်နှာပေါ်မှ ပျောက်ဆုံးနေသော အပြုံးများလည်း ပြန်ပေါ်လာပြီဖြစ်သည်။
ယခုအခါ အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူများအားလုံး စိတ်အေးလက်အေးရှိသွားကြပြီဖြစ်သည်။ ပြင်းထန်သောတိုက်ပွဲမှ ရရှိလာသော မောပန်းနွမ်းနယ်မှုများသည် သမုဒ္ဒရာလှိုင်းများကဲ့သို့ အာရုံကြောများကို ဝန်ပိစေခဲ့သည်။ အက်ဒွပ်အမည်ရှိ သန်မာထွားကြိုင်းပြီး အသက်လတ်ပိုင်းအရွယ် ကြေးစားစစ်သားပင် အလွန်မောပန်းနေသောကြောင့် လှုပ်ရှားရန်ပင် မနည်းကြိုးစားနေရ၏။
စကားပြောပြီး ဖေး၏ခွင့်ပြုချက်ကို ဂရုတစိုက်ရယူပြီးနောက် အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူအဖွဲ့က ကျောက်တောင်ပေါ်တွင် စခန်းချကာ ရှည်လျားသော်လည်း သိပ်မအေးသည့်ညကို ဤနေရာတွင် ဖြတ်သန်းရန်စီစဉ်လိုက်ကြသည်။
ဖုတ်ကောင်များ ဝိုင်းရံခံရမည်ကို စိတ်ပူစရာမလိုရာ လူငယ်များက ကျောက်တောင်ကုန်းပေါ်တွင် မီးပုံများ ထွန်းညှိလိုက်သည်။ အာလန်နီယန်းသားများ၏မျက်နှာများက မီးပုံများနည်းတူ ဝင်းပနေ၏။
ယခုက ဖုတ်ကောင်ကပ်ဘေး ဖြစ်ပွားချိန်ကတည်းက သူတို့ အနားယူပြီး ကောင်းကောင်းအိပ်ပျော်နိုင်တဲ့ ပထမဆုံးညဖြစ်သည်။
တစ်ဖက်တွင်မူ ဖေး သည် လေသင်္ဘော ကို တိတ်တဆိတ်ဆက်သွယ်ခဲ့သည်။
ဆယ်မိနစ်ကျော်ကျော်လောက်ကြာပြီးနောက် တောရက်စ်မှာ ချမ်ဘော့ဒ်က လက်ရွေးစင်စစ်သားဆယ်ယောက်နှင့်အတူ ကျောက်တောင်ကုန်းပေါ်သို့ အစားအစာများနှင့် သန့်ရှင်းသည့်ရေ အများအပြားယူလာပြီး ပြန်ရောက်လာ၏။
အာလန်နီးယန်းမှ အသက်ရှင်ကျန်ရစ်သူများအဖွဲ့သည် တောရက်စ်နှင့် စစ်သားများရောက်ရှိလာခြင်းအပေါ် အံ့အားသင့်ခြင်းမရှိပါ။ အဆုံးစွန်အားဖြင့် ချမ်ဘော့ဘုရင်၏ အစွမ်းသတ္တိသည် သူတို့စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေပြီး ဤသူသည် ဂုဏ်သိက္ခာရှိသော ဘုရင်တစ်ပါးဖြစ်သည်။ သူ့ပတ်လည်တွင် အစွမ်းထက်သော အစောင့်အကြပ်များ ရှိနေခြင်းသည် အလွန်ကျိုးကြောင်းဆီလျော်ပါသည်။
အာလာနီးယန်းလူမျိုး အသက်ရှင်ကျန်ရစ်သူများ ဘုရင်နှင့် တွေ့ဆုံခွှင့်ရခြင်းက အလွန်ကံကောင်းလှသည်။ သူတို့၏ ရှင်သန်ရေးခရီးအစမှာပင် ပထမဆုံး အရသာရှိသည့် အစားအစာများကို ခံစားနိုင်ခဲ့သည်။ အေးစက်စက်ပုံပေါက်နေသည့် အန်နာပင် အစားအစာအများကြီးစားခဲ့ပြီး နင်သွားခဲ့သည်။ ကီလီနဲ့ ဒီလီတို့က ထိုအဖြစ်ကိုမြင်တော့ တခစ်ခစ်ရယ်ကြ၏။
နောက်တစ်နေ့ မွန်းတည့်ချိန် မတိုင်မီတွင် အသက်ရှင်ကျန်ရစ်သူများအဖွဲ့တွင် လူအရေအတွက် တိုးလာပြန်သည်။
ဖေး နှင့် အသက်ရှင်ကျန်ရစ်သူများအဖွဲ့သည် တောင်ဘက်သို့ ခရီးသွားနေစဉ်တွင် အခြေအနေဆိုးရွားနေသော အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူ အခြားအဖွဲ့တစ်ဖွဲ့နှင့် ကြုံတွေ့ခဲ့ရသည်။
အမျိုးသမီးနှစ်ယောက်နှင့် ကလေးလေးယောက်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ကအတော်ကံကောင်းသည်။ အဖွဲ့ဝင်များက အားနည်းကြသော်လည်း အန္တရာယ်များသောအခြေအနေတွင်ရှင်သန်နိုင်ခဲ့ကြ၏။
ဆွဲဆောင်မှုရှိသည့် အန်နာဟာ အပြင်ပန်းတွင် အေးစက်စက်ပုံပေါက်သော်လည်း အတွင်းစိတ်မှာတော့ စိတ်အားထက်သန်ပြီး ဂရုစိုက်တတ်တဲ့သူဖြစ်သည်။ ဖေး၏ ခွှင့်ပြုချက်ရပြီးနောက် သူမက ထိုအဖွဲ့ကို ဂရုစိုက်လိုက်၏။
အသက်ရှင်ကျန်ရစ်သူတစ်ဦးမှာ အသက်တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်သည်။ သူသည် ပြင်းထန်စွာဖျားနာနေပြီး သေဆုံးတော့မည့် အခြေအနေတွင် ရှိနေသည်။ သူ၏မိခင်မှာ အသက် ၂၁ နှစ် သို့မဟုတ် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး သူမသည် သူမ၏ကလေးအတွက် ငိုကြွေးခြင်းကို မရပ်တန့်နိုင်ဘဲ လမ်းပျောက်နေပုံရသည်။ ၎င်းသည် ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
အခန်း ၁၀၇၈: ရှင်သန်ကျန်ရစ်သူ၏ ကံကြမ္မာ (အပိုင်းနှစ်)
ဖေးသာ အကူအညီမပေးခဲ့ပါက ဤသားအမိနှစ်ယောက် နောက်ထပ်တစ်ရက်ပင်ခံနိုင်မည်မဟုတ်ချေ။ အာလန်နီယန်လူမျိုးများ၏ ဘဝက ခက်ခဲကြမ်းတမ်းကြောင်းထင်ရှားသည်။
ဤကပ်ဘေးကြီးဆက်လက်ဖြစ်ပွားပါက အာလာနီးယန်းလူဦးရေသည် အနည်းဆုံး ၉၀ ရာခိုင်နှုန်းကျော် လျော့ကျသွားလိမ့်မည်ဟု ဖေး ခန့်မှန်းခဲ့သည်။
ခဏတာ အပြန်အလှန်ဆက်ဆံမှုများ ပြုလုပ်ပြီးနောက် အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူများသည် အဇာရို့သ် မြောက်ပိုင်းဒေသတွင် အစွမ်းထက်ဆုံး လူငယ်သခင်ဟု ဆိုကြသော ချမ်းဘော့ဒ်၏ ဒဏ္ဍာရီလာဘုရင်သည် ၎င်းတို့ မျှော်လင့်ထားသကဲ့သို့ မဟုတ်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ခမ်းနားထည်ဝါပြီး စကားပြောရခက်ခဲမည့်အစား ဤလူငယ်သည် ဖော်ရွေပြီး ကြင်နာတတ်ကာ စကားပြောရလွယ်ကူသည်။ ထို့အပြင် သူသည် အမြဲတမ်း ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုရှိပြီး သူ၏ ဆွဲဆောင်မှုကြောင့် အခြားသူများက သူ့ကို မိတ်ဆွေတစ်ဦးအဖြစ် လျင်မြန်စွာ ဆက်ဆံခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ဖေးက ဖုတ်ကောင်များနှင့် မျိုးရိုးဗီဇပြောင်းလဲသွားသည့် မွန်းစတားများကို အလွယ်တကူ ဂရုစိုက်နိုင်ခဲ့သဖြင့် အသက်ရှင်ကျန်ရစ်သူများက သေဆုံးသည့်အထိ တိုက်ခိုက်ရန်မလိုအပ်ခဲ့ပေ။ ထို့အပြင် အသက်ရှင်ကျန်ရစ်သူတချို့က သူ့ဆီလာပြီး ကျင့်ကြံရေးအကြံညဏ်တောင်းလိုသည့်အခါလည်း ဘုရင်ကမငြင်းဆန်ခဲ့ချေ။
ဤကဲ့သို့ ပြိုင်ဘက်ကင်းအရှင်သခင်းတစ်ဦး၏ သင်ပြမှုရသည်ကို လူငယ်များမယုံနိုင်ကြသော်လည်း နောက်ပိုင်းတွင်ခနခနလာရောက်ကြသည်။ ထိုကဲ့သို့သော သင်ကြားမှုများက အာလန်နီယန်တော်ဝင်မိသားစုများပင်မရနိုင်ပေ။
နောက်ပိုင်းတွင်ဖေး သူပျင်းနေချိန်က ဖန်တီးခဲ့သည့် အစပြုအဆင့် စစ်သည်တော် စွမ်းအင်လေ့ကျင့်ရေး စာလိပ်များကို တိုက်ရိုက်ထုတ်ယူပြီး သူ့ဆီကနေ သင်ယူချင်တဲ့ အသက်ရှင်ကျန်ရစ်သူအားလုံးကို သင်ကြားပေးခဲ့သည်။ ထိုနည်းစနစ်များက အစပြုအဆင့်မှာသာ ရှိသေးသော်လည်း ကိုယ်ခံပညာစွယ်စုံရဖေးဆီက မြစ်ဖျားခံလာခြင်းဖြစ်သည်။ ထို့အပြင် ဖေး သူတို့ကို သင်ကြားပေးသည့်အခါ သူတို့၏ ခန္တာကိုယ်ဖွဲ့စည်းပုံအတိုင်းသူတို့ကို သီခြားအကြံပြုခဲ့သည်။ တစ်ခါတလေ သူ့ အကြံပြုချက်တစ်ခုက သူတို့ကို လေ့ကျင့်ချိန် တစ်လကနေ နှစ်လအထိ သက်သာစေခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများအဖွဲ့သည် အချိန်ကြာလာသည်နှင့်အမျှ နှင်းများစုပုံလာသကဲ့သို့ ပူပေါင်းသူများ များပြားလာ၏။
ဒုတိယနေ့ညတွင် အဖွဲ့တွင် လူ ၄၀ ကျော်ရှိသည်။ အမျိုးသမီး ၂၈ ဦး၊ ကလေးခုနစ်ဦးနှင့် အမျိုးသား ၂၄ ဦး ပါဝင်သည်။ အမျိုးသား ၂၄ ဦးတွင် နှစ်ဦးမှာ အသက်ကြီးသူများဖြစ်ပြီး ကျန်သူများမှာ ပင်ပန်းသောအလုပ်များကို လုပ်ဆောင်နိုင်သော သန်မာသော လူငယ်များဖြစ်သည်။
ဖေးနှင့်အတူရှိပါက မည်သူမျှသေမည်မဟုတ်ချေ။ ထို့ကြောင့် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ဖုံးလွှမ်းနေသည့် ဤအာလာနီယန်လူမျိုးများမှာ သူတို့အနာဂတ်ကို မျှော်လင့်လာကြပြီဖြစ်သည်။
တစ်နေ့လုံးအပြီးတွင် အဖွဲ့ဟာ ၅၀ ကီလိုမီတာလောက်ပဲ ရှေ့ကိုတိုးသွားနိုင်ခဲ့သည်။ ဖေးအတွက် ခရုလောက်သာမြန်သည့်အမြန်နှုန်းဖြစ်သော်လည်း သူစိုးရိမ်ခြင်းမရှိပေ။
ထို့အပြင် သူစိတ်ဝင်စားစရာကောင်းသည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းက တိုက်ဆိုင်မှုလား လျှို့ဝှက်ဆန်းကြယ်သည့် အကြောင်းပြချက်တစ်ခုခုရှိလားဆိုသည်ကို သူသေချာမသိသော်လည်း အမျိုးသမီးများက ငရဲအမှောင်စွမ်းအင်မှ လွတ်မြောက်နိုင်ချေအများဆုံးဖြစ်သည်။ ကလေး၊လူငယ်နှင့် သက်ကြီးရွယ်အိုများက အစဉ်တိုင်းဖြစ်သည်။
ထိုအချက်ကို ဒိုင်ယာဘလိုကမ္ဘာကလည်းသက်သေပြနိုင်သည်။ ခြေသလုံးအိမ်တိုင်စခန်း၌ လှည့်လည်သွားလာသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားများနည်းပါးလှ၏။
ထိုအရာများက တစ်ခုခုကို ညွှန်ပြနေသည်လားကို ဖေးမသိပေ။
မီးပုံက လောင်ကျွမ်းလာပြီး လင်းထိန်သွားသည်နှင့်အမျှ ရှားရှားပါးပါးဖြစ်သော ဝမ်းသာအားရ ရယ်မောသံများ စခန်းချရာနေရာမှ ထွက်ပေါ်လာခဲ့သည်။
လူငယ်များနှင့် ကလေးများသည် ဖေးရှေ့တွင် တန်းစီရပ်ကာ ကြိုးစားအားထုတ် လေ့ကျင့်ကြသည်။ ဤရှုပ်ထွေးသော လောကကြီးတွင် လူများသည် ဤအခွင့်အရေးကို ရရှိရန် မည်မျှခက်ခဲကြောင်း သိရှိကြသောကြောင့် လျှော့မတွက်ရဲကြပါ။ သူတို့သည် အော်ဟစ်လေ့ကျင့်ကြပြီး ညဘက်တွင် အေးစက်ပြီး အထီးကျန်ဆန်သော လွင်ပြင်ကို သက်ဝင်လှုပ်ရှားစေသည်။
ကြေးစားစစ်သည် အက်ဒွပ် နှင့် ဆွဲဆောင်မှုရှိသည့် စစ်သည် အန်နာတို့ဟာ အသက်ရှင်ကျန်ရစ်သူတွေ၏ ယာယီခေါင်းဆောင်များ ဖြစ်လာခဲ့ကြ၏။ ဖေး၏ ဂရုတစိုက်သင်ကြားပေးမှုအောက်တွင် နှစ်ယောက်စလုံး စစ်သည်စွမ်းအင်မိား ရရှိပြီး စစ်သည်တော်များဖြစ်လာကြသည်။း4
End