← Chapters

မာတန်မြို့မရောက်မှီ(အပိုင်းတစ်)

Vol. 74 Ch. 1079

မာတန်မြို့မရောက်မှီ(အပိုင်းတစ်)

Vol. 74 Ch. 1079

အချိန်ကြာလာသည်နှင့်အမျှ ညသည် မှောင်မိုက်လာသည်။

သန်းခေါင်ယံအချိန်ရောက်သောအခါ ကြိုးကြိုးစားစား လေ့ကျင့်နေကြသော အသက်ရှင်ကျန်ရစ်သူများသည် အနားယူရန် ၎င်းတို့၏ ရိုးရှင်းပြီး ကြမ်းတမ်းသော တဲများထဲသို့ ဝင်ရောက်သွားကြသည်။

သူတို့ နောက်တစ်နေ့ ခရီးသွားရမည်ဖြစ်ရာ တစ်နေ့တာ ပြင်းထန်သည့် လေ့ကျင့်မှုပြီးနောက် မနက်ဖြန်အတွက် ခွန်အားတွေ ပြန်လည်ဖြည့်တင်းနေကြရသည်။

ဒေသတစ်ဝိုက်တွင် ကင်းလှည့်နေသော အဖွဲ့ခေါင်းဆောင် အန်နာနှင့် အဖွဲ့ခေါင်းဆောင် အက်ဒွပ်တို့သည် အခက်အခဲတစ်ခုနှင့် ကြုံတွေ့ခဲ့ရပုံရသည်။ အချင်းချင်း စကားပြောဆိုပြီးနောက် အန်နာသည် အနည်းငယ် တွန့်ဆုတ်သွားပြီး ဖေးထံသို့ လျှောက်လာသည်။ သူမက ရိုသေလေးစားစွာဖြင့် “ချန်ဘော့ဒ်ရဲ့ ဂုဏ်သိက္ခာကြီးမားကြီးမြတ်တဲ့ ဘုရင်မင်းမြတ်…” ဟု ပြောလိုက်သည်။

ဖေး လက်ကိုဝှေ့ယမ်းပြီး ပြုံးရင်းပြောလိုက်၏။ "ငါ့ကို တိုက်ရိုက်ပြောပါ ချီးကျူးစကားတွေ အများကြီးပြောစရာမလိုပါဘူး ငါက ချမ်ဘော့ဒ်သားတွေရဲ့ဘုရင်ပါ ငါတို့က မိတ်ဆွေတွေပဲ ဒီလိုပြောစရာမလိုပါဘူး "

"ဟုတ်ကဲ့၊ အရှင်မင်းကြီး... အင်း၊ မဟုတ်ဘူး... ကျွန်မ ဒီကို သတင်းပို့ဖို့ ရောက်လာတာပါ မနက်ဖြန် ဒီအမြန်နှုန်းနဲ့ ဆက်သွားရင် ညနေပိုင်းမှာ မာတန်မြို့ရဲ့ နယ်မြေကို ရောက်မှာဖြစ်ပြီး အန်ဂျီအင်ပါယာရဲ့ ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခံရနိုင်ပါတယ် လမ်းကြောင်းပြောင်းပြီး ဒီမြို့ကို ရှောင်သင့်လား "

"မာတန်မြို့လား?" ဖေး မျက်လုံးကို အနည်းငယ် မှိတ်လိုက်သည်။

ချမ်းဘော့ဒ်မြို့၌ရှိစဉ်ကပင် အာလန်နီးယား အင်ပါယာဟောင်း၏ အရေးကြီးမြို့များအကြောင်း အချက်အလက်အားလုံးကို သိပြီးသားဖြစ်သည်။

မာတန်မြို့သည် ယခင် အလာနီးယားအင်ပါယာ၏ မြောက်ပိုင်းဒေသရှိ မြို့တစ်မြို့ဖြစ်ပြီး နယ်စပ်သစ်တောနှင့် အနီးဆုံးဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးအတွက် ကြွယ်ဝသောမြို့တစ်မြို့ဖြစ်ပြီး လူဦးရေ ၁၀၀,၀၀၀ ခန့်ရှိသည်။ အန်ဂျီးလူမျိုးများ ကျူးကျော်ဝင်ရောက်ပြီးနောက် မြို့ကိုသိမ်းပိုက်ပြီး စစ်တစ်တပ်လုံးကို ဤနေရာတွင် တပ်စွဲထားပြီး ကောင်းစွာစောင့်ကြပ်ထားသည်။

သို့သော်လည်း ငရဲ၏ မကောင်းဆိုးဝါးစွမ်းအင် ပေါ်လာပြီးနောက် မာတန်မြို့အတွင်း ဘာတွေဖြစ်နေသည်ကို မည်သူမျှ မသိရှိကြပေ။ အများအားဖြင့် ပြောရလျှင် ဖုတ်ကောင်ကမ္ဘာပျက်ကပ် ကဲ့သို့သော ကပ်ဘေးသည် လူဦးရေထူထပ်သောနေရာများတွင် ပိုမိုပြင်းထန်လိမ့်မည်။ မာတန်မြို့သည် ယခုအခါ မသေနိုင်သောသတ္တဝါများအတွက် နိဗ္ဗာန်ဘုံတစ်ခု ဖြစ်နေပြီဖြစ်နိုင်သည်။

ပုလဲနက်မှ စခန်းချနေရာ၏ အထက် မီတာ ၁၀၀၀၀ လောက်တွင် ပျံဝဲနေသည်။ ကောင်းကင်၌ မြင့်မားသောနေရာတွင် ရှိနေသည့်အပြင် နတ်ဘုရားတစ်ပိုင်းရုန်းများလည်းရေးထွင်းထားရာ မည်သူမျှမြင်နိုင်ခြင်းမရှိပေ။

ပုလဲနက်က အမြဲတမ်း ဖေးတို့အဖွဲ့နောက်ကလိုက်နေခြင်းဖြစ်၏။

တစ်ဖက်တွင်မူ ဆိုက်ကလော့ အား အခြေအနေကို သိရှိနိုင်ရန် ရှေ့သို့ဦးစွာ ချီတက်ရန် အမိန့်ပေးခဲ့သည်။ ဖေး သည် မကြာခင်တွင် မာတန် မြို့အကြောင်း သတင်းအချက်အလက်များ ရရှိလိမ့်မည်ဟု ယုံကြည်နေသည်။

ဖေးသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဆုံးဖြတ်ချက်ချပြီး "ကျွန်တော်တို့ ဒါကို ကျော်ဖြတ်ဖို့ မလိုပါဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး မြို့ကို သွားကြည့်နိုင်ပါတယ်။ မကောင်းဆိုးဝါး စွမ်းအင်က မာတန်မြို့ကို မရောက်သေးဘူး ဖြစ်နိုင်ပါတယ်။ မြို့ရိုးမြင့်တွေက မြို့သူမြို့သားတွေကို ဇွန်ဘီတွေနဲ့ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ နတ်ဆိုးတွေကို တားဆီးဖို့ ကူညီပေးနိုင်ပါတယ်" ဟု ပြောလိုက်သည်။

"ကောင်းပါပြီကျွန်မတို့သွားပြီး ပြင်ဆင်လိုက်ဦးမယ် "

အန်နာနှင့် အက်ဒွပ်တို့သည် ဖေး၏စကားများကို ငြင်းမရသည့် အမိန့်များအဖြစ် သဘောထားပြီး တွန့်ဆုတ်ခြင်းမရှိဘဲ ပြင်ဆင်ရန် ထွက်သွားကြသည်။

အမှန်တော့ အန်နာနဲ့ အက်ဒွပ်တို့လည်း မာတန်မြို့ကို သွားကြည့်ချင်ကြသည်။၎င်းက အာလာနီးယားအင်ပါယာ၏ မြို့ကြီးများထဲမှတစ်မြို့ဖြစ်သည်။ အန်ဂျီသားများ သိမ်းပိုက်ထားသော်လည်း အာလန်နီယန်များစွာကျန်ရှိနေသေးသည်။

ထိုညက တခြားဘာမှမဖြစ်ခဲ့ချေ။

ဒုတိယနေ့တွင် အာလာနီးယန်းလူမျိုး အသက်ရှင်ကျန်ရစ်သူများစွာသည် နေမထွက်မီ နိုးထလာပြီး လေ့ကျင့်ကြသည်။ နေထွက်သောအခါ အဖွဲ့သည် ထုပ်ပိုးပြီး ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားကြသည်။

သူတို့ဟာ ဖုတ်ကောင်များနှင့် မျိုးရိုးဗီဇပြောင်း သတ္တဝါများများစွာကိုရင်ဆိုင်ကြရသည်။ အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူများအတွက် ဖေးတို့နှင့်အတူရှိခြင်းကကံကောင်းမှုဖြစ်သည်။ ချမ်းဘော့ဒ်သားများက မကောင်းဆိုးဝါးများကိုအလွယ်လေးရင်ဆိုင်နိုင်ကြသည်။ မဟုတ်ပါက အန်နာ၊အက်ဒွတ်တို့ အစွမ်းနှင့် အထိခိုက်ရှိမည်ကမလွဲချေ။

အခုချိန်ထိ ဖေး ဖုတ်ကောင်များ ဆင့်ကဲတိုးတက်လာသည်ကိုမတွေ့ရသေးချေ။

ချမ်းဘော့ဒ်သားများက ဖုတ်ကောင်များကို ပေါင်းခုတါသလိုခုတ်နေသည်ကိုမြင်တော့ အာလန်နီယန်လူမျိုးများ မနာလိုဖြစ်သွား၏။ ထိုကဲ့သို့ စစ်သည်များသာရှိပါက အာလန်နီယန်တို့ အန်ဂျီးလက်အောက်ကျမည်မဟုတ်ချေ။

အခန်း ၁၀၇၉: မာတန်မြို့မရောက်မှီ (အပိုင်းနှစ်)

အထူးသဖြင့် ချမ်းဘော့ဒ် ဘုရင်၊ သူ့ရဲ့ စွမ်းအားက တခြားအဆင့်တစ်ခုမှာ ရှိနေသည်။ သူ လှုပ်ရှားမှုကိုမည်သူမျှ မမြင်ရသော်လည်း သူ့အနားမီတာဆစ်ထောင်အတွင်းရှိ ဖုတ်ကောင်များမှာ အလိုလိုမီးလောင်ကျွမ်းသေဆုံးနေကြရသည်။

အဖွဲ့သည် တောင်ဘက်သို့ ဆက်လက်ခရီးနှင်နေစဉ် အခြားအသက်ရှင်ကျန်ရစ်သူများစွာနှင့် တွေ့ဆုံခဲ့ကြသည်။

နေဝင်ချိန်၌ အဖွဲ့တွင် လူ ၁၀၀ ကျော်ရှိနေပြီဖြစ်သော်လည်း အဖွဲ့ဝင်တစ်ဝက်က အမျိုးသမီးများဖြစ်ပြီး ကလေးဆယ်ယောက်ကျော်ပါဝင်သည်။ အဖွဲ့၏ လူအရေအတွက်တိုးလာသော်လည်း အဖွဲ့၏တိုက်ခိုက်ရေးအင်အားက လျော့ကျသွား၏။ အန်နာနဲ့ အက်ဒွပ်တို့ဟာ လူတိုင်းကိုစုစည်းပြီး သက်ကြီးရွယ်အိုများ ကလေးများကိုကူညီရန် လူငယ်အတော်များများကို တာဝန်ပေးခဲ့ရ၏။ မိုးမှောင်လာသည့်အချိန်၌ ဤရှင်ကျန်ရစ်သူအဖွဲ့က မာတန်မြို့သို့ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့သည်။

မြင့်မားသောတောင်ကုန်းတစ်ခုပေါ်တွင်ရပ်နေခြင်းဖြင့် မြစ်ဘေးတွင်တည်ဆောက်ထားသော ဧရာမမြို့ကြီးကို သူတို့မြင်နိုင်သည်။ မှောင်မည်းသောအနီရောင်မြို့ရိုးများသည် အစိမ်းရောင်လွင်ပြင်ပေါ်တွင် ထိုင်နေသော ဧရာမသားရဲတစ်ကောင်ကဲ့သို့ ထင်ရစေပြီး အန်ဂျီးအင်ပါယာ၏အလံများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ ဖုတ်ကောင်များစွာသည် ကျွန်းတစ်ကျွန်းကိုဝန်းရံထားသော ပင်လယ်ရေကဲ့သို့ မြို့ကိုဝိုင်းရံထားပြီး ၎င်းတို့သည် အော်ဟစ်ကာ မြို့ရိုးများကို လက်ဖြင့်ရိုက်ခတ်ကာ ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားကြသည်။ သို့သော် မီတာ ၂၀ ကျော်မြင့်သော မြို့ရိုးများသည် ဖုတ်ကောင်များ မကျော်လွှားနိုင်သော အရာများဖြစ်သည်။

"ဒီမြင်ကွင်းက... ရက်ဆီးဒန့်အီဗယ်(Resident Evil )ရုပ်ရှင်ထဲက မြင်ကွင်းနဲ့ တူတယ် "

ဖေးက က အရာအားလုံးက ရက်ဆီးဒန့်အီဗယ် (Resident Evil) ရုပ်ရှင်နဲ့ ပိုပိုပြီး ဆင်တူလာသလို ခံစားလိုက်ရ၏။ ကပ်ဘေး၏ နောက်ကွယ်တွင် အရာအားလုံးကို ထိန်းချုပ်ထားသည်ြ လျှို့ဝှက်ဆန်းကြယ်အမ်ဘရဲလားကိုအော်ပရေးရှင်း (Umbrella Corporation) ရှိမရှိ သူ တွေးနေမိသည်။

" ရှေ့ကိုတက်ပြီး ကင်းထောက်ထား "

အဖွဲ့ဟာ မာတန်မြို့ထဲကို ဝင်ရန် အဆင်သင့်ဖြစ်နေပြီး မမှောင်ခင်ဝင်ရမည်ဖြစ်သည်။ မြို့တံတိုင်းရှေ့တွင် ဖုတ်ကောင် ထောင်ကျော်ရှိသော်လည်း ဖေးအတွက်တော့ သာမန်သာဖြစ်သည်။ လူအယောက်၁၀၀ကိုအလွယ်လေး သူကာကွယ်ပေးနိုင်၏။ လူအုပ်စုက ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားသွားကြသည်။

မာတန်မြို့မှ မီတာ ၂၀၀၀ ခန့်အကွာသို့ ရောက်သောအခါ မြို့ကို ဝိုင်းရံထားသော ဖုတ်‌ေကာင်များသည် တစ်စုံတစ်ခုကို ခံစားမိပြီး ၎င်းတို့ထဲမှ အနည်းငယ်သည် လှည့်ကာ အရသာအရှိဆုံး အသားကို မြင်သော နတ်ဆိုးများကဲ့သို့ ရက်စက်စွာ အော်ဟစ်ရင်း လူအုပ်စုဆီသို့ အပြေးအလွှား ပြေးလာကြသည်။

" အားလုံးပဲ မကြောက်ကြပါနဲ့ တစ်စုတစီးထဲနေပါ တအားလည်း ပူကပ်မနေကြပါနဲ့ "

အန်နာက အော်ဟစ်ပြီး ငြိမ်ဝပ်ပိပြားမှုကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း အလွန်များပြားသော ဇွန်ဘီးများကိုရင်ဆိုင်ရသည်ဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများမှာ ကြောက်လန့်နေကြသည်။ ထို့ကြောင့် ခပ်ရုတ်ရုတ်သဲသဲဖြစ်သွား၏။

ခဏအတွင်းမှာပင် ဖုတ်ကောင်အုပ်ကရောက်လာပြီး အသက်ရှင်ကျန်ရစ်သူများကိုဝိုင်းရံလိုက်သည်။

...

-မာတန်မြို့ မြောက်ဘက်တံတိုင်းပေါ်တွင်

"ဟမ် မြို့ပြင်မှာ လှုပ်ရှားမှုတွေ ပိုများလာသေးလား ဟားဟား မြန်မြန် လာကြည့်ပါဦး ပွဲစပြီ ဟီးဟီး ဒီတစ်ခါ အာလာနီးယန်ဟင်း ဘယ်နှစ်ခွက်လောက် ဖုတ်ကောင်တွေ ပွဲတော်တည်ကြရမလဲမသိဘူး "

အန်ဂျီးတပ်သားတစ်ဦးသည် မြို့ပြင်ရှိဆူညံသံများကိုကြား၍ အိပ်ပျော်နေစဉ် မြို့ပြင်သို့လှည့်ကာ သူ့အပေါင်းအဖော်များကို အော်ဟစ်လိုက်သည်။ စိတ်လှုပ်ရှားမှုကို သူ့မျက်နှာမှ ဖုံးကွယ်၍မရဘဲ ထူးဆန်းသောအရာတစ်ခုကို ရှာဖွေတွေ့ရှိထားသကဲ့သို့ ထင်ရသည်။

" ကျွတ်ကျွတ်ကျွတ် သူတို့ထဲက အတော်များများရှိသေးတာပဲ အခု စဉ်းစားကြည့်တော့ အာလန်နီးယန်းဝက် ၁၀၀၀ ကျော်လောက် မြို့ထဲကို ဝင်ဖို့ ကြိုးစားခဲ့ကြပေမယ့် မြို့ပြင်က ဖုတ်ကောင်တွေက အားလုံးကို စားပစ်လိုက်ကြတယ် မဟုတ်လား " စစ်သည်တစ်ဦးကရယ်ရယ်မောမောပြောသည်။

" နောက်ထပ် မြို့ပြင်ကို ထုတ်ပစ်ခံရတဲ့ အာလာနီးယန်း ဝက်တွေ အပါအဝင် အနည်းဆုံး လူ ၃၀၀၀ ကနေ ၄၀၀၀ လောက် ရှိသေးတယ် ဟဲဟဲ၊ ဒီမြို့ကို စောင့်ကြပ်ရတာ အတော်လေး ပျင်းစရာကောင်းတယ် ဒီမကောင်းဆိုးဝါးတွေ အပြေးအလွှား ဝင်လာတာကိုတော့ စိတ်ပူစရာမလိုပေမယ့် ဒီကနေပဲ နေ့တိုင်း ဖျော်ဖြေရေးတစ်ခုပဲ ရနိုင်တယ် "

" ဟားဟား စည်းမျဉ်းဟောင်းအတိုင်းပဲ ဒီအာလန်နီးယန်းဝက်တွေ ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ လောင်းကြေးထပ်ကြည့်ရအောင် "

" ရွှေဒင်္ဂါးတစ်ပြား လောင်းကြေးထပ်မယ် ဆယ်မိနစ်တောင် မပြည့်ဘူး "

" ဟားဟား ဒီတစ်ခါ ဝက်တွေပိုများလာသလိုပဲ ရွှေဒင်္ဂါးသုံးပြားလောင်းမယ် ဆယ်မိနစ်ကျော်ပဲ "

"ရွှေဒင်္ဂါးသုံးပြား လောင်းကြေးထပ်မယ်..."

" ဟားဟားညစ်ပတ်တဲ့ ဝက်တွေ မင်းရဲ့ အောက်တန်းကျတဲ့ အသက်တွေနဲ့ ချိုမြိန်တဲ့ သွေးတွေကို အသုံးပြုပြီး မင်းရဲ့ အန်ဂျီးက အဘိုးတွေကို ဖျော်ဖြေလိုက်ပါ ဟားဟားဟား "

End

All Chapters