သွေးစွန်းသော ကာကွယ်ရေး နံရံ (အပိုင်းတစ်)
Vol. 74 Ch. 1080
အန်ဂျီးစစ်သည်များက တံတိုင်းအပြင်ရှိ မြင်ကွင်းများကို မြင်သားကျနေဟန်ပင်ရသေးသည်။ သူတို့က ဖုတ်ကောင်များကို ကြောက်လန့်နေခြင်းပင်မရှိချေ။ ထို့အစား အလောင်းအစားပင် လုပ်နေကြသေးသည်။
"မင်းတို့... နတ်ဆိုးတွေ... မင်းတို့ထဲက ဘယ်သူမှ... ကောင်းကောင်းအဆုံးသတ်မှာ မဟုတ်ဘူး..." စစ်သည်များကို ဆဲဆိုသံများ ရုတ်တရက်ထွက်လာ၏။
" ဟမ် မင်း အခုထိ မသေသေးဘူးလား "
တံတိုင်း၏ ကင်းမျှော်စင်တွင် လူပုဂ္ဂိုလ်များစွာကို ချိတ်ဆွဲထားသည်။ သံချိတ်ကြီးများသည် ၎င်းတို့၏ ပခုံးရိုးများကို ထိုးဖောက်ဝင်ရောက်နေပြီး အခြောက်ခံနေသော ငါးများကဲ့သို့ ထိုသူများကို လေထဲတွင် ချိတ်ဆွဲထားကြသည်။ ၎င်းသည် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုတစ်ခုဖြစ်ပြီး နာကျင်မှုမှာ မယုံနိုင်လောက်အောင်ပင်ပြင်းထန်လှ၏။
လူရှစ်ယောက်ထဲမှ ခုနစ်ယောက်မှာ သွေးထွက်လွန်ခြင်း ဒဏ်ရာပြင်းထန်ခြင်းတို့ကြောင့် အလောင်းများအဖြစ် ပြောင်းလဲသွားပြီးဖြစ်ပြီး အရပ်ရှည်ရှည်လူတစ်ယောက်သာ ရှင်ကျန်နေခြင်းဖြစ်သည်။
ယခုတော့ သူ မေ့မြောနေရာမှ နိုးလာပြီး အန်ဂျီ၏ စိတ်လှုပ်ရှားနေသော စစ်သားများကို မြင်သောအခါ ရုန်းကန်ပြီး ဆဲဆိုလိုက်ခြင်းဖြစ်၏။
ဤလူများအားလုံးသည် မာတန်မြို့ရှိ အာလာနီးယန်းသူပုန်တပ်ဖွဲ့မှ စစ်သည်တော်များဖြစ်သည်။
အန်ဂျီးစစ်သည်များက ၎င်းတို့ကို ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်ပြီး ခံတပ်တွင် အသက်ရှင်လျက် ကြိုးဆွဲချိတ်ပေးခံခဲ့ရပြီး အန်ဂျီးများက အခြားအာလာနီးယန်များကို သတိပေးရန်အတွက် အသုံးပြုခဲ့ကြသည်။ ၎င်းတို့ကို ဤနေရာတွင် ခြောက်ရက်ကြာ ချိတ်ဆွဲခံထားရပြီး ယခုအသက်ရှင်ကျန်ရစ်သူက ချားလ်စ်အာဒမ်ဖြစ်သည်။
ချားလ်စ် အာဒမ်သည် ကြယ်နှစ်ပွင့် စစ်သည်တော်တစ်ဦးဖြစ်ပြီး ပုန်ကန်မှုတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ သူ၏ စစ်သည်တော်စွမ်းအင် ပျက်စီးသွားသော်လည်း သူ၏ခန္ဓာကိုယ်သည် အခြားသူများထက် ပိုမိုသန်မာပြီး ၎င်းသည် သူအသက်ရှင်နေသေးသည့် တစ်ခုတည်းသော အကြောင်းရင်းဖြစ်သည်။
ပြီးခဲ့သည့် ခြောက်ရက်အတွင်း အာဒမ်ဟာ ပြင်းထန်သော ဝေဒနာကြောင့် သတိလစ်သွားပြီးနောက် နိုးနေသည့် အချိန်၌ ဝမ်းနည်းဖွယ်အဖြစ်အပျက် ၂၁ ခုကို မြင်တွေ့ခဲ့ရသည်။ ဤဒေသမှ အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူများမှာ မာတန်မြို့ပြင်သို့ ရောက်သွားပြီး အန်ဂျီးသားများကို အထဲဝင်ခွင့်ပေးရန် တောင်းပန်ခဲ့သော်လည်း အားလုံးဝင်ခွှင့်မရခဲ့ပေ။ ရက်စက်ကြမ်းကြုတ်သော အန်ဂျီးစစ်သည်များက အာလန်နီယန်သားများကို ရွှေ့လျားမြားပတ်မှတ်အဖြစ်အသုံးပြုခဲ့ကြသည်။ ထို့ပြင် ဖုတ်ကောင်များ တိုက်ခိုက်သည်ကိုလည်း ပွဲအဖြစ်ကြည့်ရှုကြသေး၏။
ထိုလူများက ရက်စက်ကြမ်းကြုတ်ပြီး မကောင်းဆိုးဝါးဆန်ကြသည်။ သူတို့ ဖုတ်ကောင်များက လူများကိုစားသောက်နေသည်ကို ပွဲအဖြစ်ကြည့်ရှုကြသည်။
"မင်း...မင်းတို့...နတ်ဘုရားတွေက မင်းကို ရှုတ်ချလိမ့်မယ်..." အာဒမ်ဟာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေချိန်မှာဘဲ ဆဲဆိုနေလိုက်သည်။
"ဟမ် မင်းမှာ ဘာနာကျင်မှုမှ မခံစားရသလိုပဲ မင်းမှာ ကျိန်ဆဲဖို့ အားရှိနေသေးတယ် " အန်ဂျီးစစ်သားတစ်ယောက်က မျက်လုံးလှန်ပြီး ကင်းမျှော်စင်ထံလျှောက်သွား၏။ ထို့နောက် လေထဲမြောက်နေသည့် အာဒမ်၏ခြေထောက်တစ်ဖက်ကို ဆွဲပြီး အားနဲ့ ဆွဲချလိုက်သည်။
“ အား ” အာဒမ်သည် စိတ်ခိုင်မာပြီး ကြမ်းတမ်းသောလူတစ်ဦးဖြစ်သော်လည်း မထိန်းနိုင်ဘဲ နာကျင်စွာ အော်ဟစ်လိုက်သည်။
သံချိတ်များက သူ့ပခုံးများထဲ ထိုးဖောက်ဝင်ရောက်နေသည်။ သူ့အသားတွေက ချိတ်ပတ်ပတ်လည်တွင် ရောင်ရမ်းနေပြီး သွေးများလည်းခြောက်သွေ့နေ၏။ ထို့အပြင် အဖြူရောင်လောက်ကောင်များကလည်း ဒဏ်ရာပတ်ပတ်လည်တွင် လူးလွန်နေ၏။
ဆွဲခံရပြီးနောက် ဒဏ်ရာများက ပြန်စုတ်ပြဲသွားသည်။ ဒဏ်ရာများက ပိုဆိုးလာပြီး သွေးများပြန်ထွက်လာသည်။
"ဟားဟား..." ကင်းမျှော်စင်ပတ်လည်ရှိ အန်ဂျီးစစ်သားများက စိတ်လှုပ်ရှားစွာ ရယ်မောကြသည်။
-ထိုအချိန်တွင်-
" ငါးမိနစ်လောက်ကြာတော့မယ် ဘယ်သူက လောင်းကြေးနိုင်မလဲဆိုတာ ခန့်မှန်းကြည့်စမ်း။ ဟမ် ဘာလဲ အို ဘုရားရေ ဘာတွေဖြစ်နေတာလဲ " အန်ဂျီးစစ်သားတစ်ယောက်ကရုတ်တရက် တံတိုင်းအပြင်ကိုလက်ညှိုးထိုးပြီးအော်လိုက်၏။
အခန်း ၁၀၈၀: သွေးစွန်းသော ကာကွယ်ရေး နံရံ (အပိုင်းနှစ်)
အခြားစစ်သည်များက သူညွှန်ပြနေသည့် ဘက်ကို ကြည့်လိုက်တော့ ချက်ချင်းပင် မျက်လုံးပြူးသွားကြ၏။ အာဒမ်ကြောင့် သူတို့ အာရုံပျံ့လွင့်နေချိန်မှာ မြို့ပြင်က အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူ အဖွဲ့ကို အာရုံမစိုက်မိကြချေ။ ယခု ပြန်ကြည့်လိုက်ချိန်တွင်တော့ ဖုတ်ကောင်ထောင်ပေါင်းများစွာ အသတ်ခံလိုက်ရပြီး တစ်ကောင်မျှမကျန်ရှိတော့ချေ။
အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူများအဖွဲ့သည် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မြို့တံခါးသို့ ရောက်ရှိပြီးဖြစ်သည်။
"တံခါးဖွင့်ပါ" ဟု ဆွဲဆောင်မှုရှိသော အမျိုးသမီး စစ်သည်တစ်ဦးက အော်ပြောလိုက်သည်။
တံတိုင်းပေါ်ရှိ အန်ဂျီးစစ်သည်များသည် အံ့အားသင့်သွားကြပြီး ဘာလုပ်ရမှန်းမသိဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အခုချိန်ထိ သူတို့ဘာလွတ်သွားသည်ကို မသိကြသေးချေ။ ထိုဖုတ်ကောင်များကို မည်သို့ ရှင်းလိုက်သည်ကို သူတိူ့မသိကြပေ။ အောက်တွင်တော့ လူရာဂဏန်းလောက်ရှိနေပြီး အားလုံးက စုတ်ပြတ်နေသည့်အဝတ်အစားများကိုဝတ်ထားကြသည်။ တစ်ဝက်လောက် ကလေးများ မိန်းမပျိုလေးများဖြစ်ပြီး လူရွယ်အနည်းငယ်သာပါဝင်သည်။
"ပစ် မြန်မြန် မြားတွေကို ပစ်ပြီး သတ် "
တံတိုင်းပေါ်ရှိ တပ်ဖွဲ့ခေါင်းဆောင်သည် မြို့ပြင်ရှိ အာလန်နီးယန်း အသက်ရှင်ကျန်ရစ်သူများအဖွဲ့ထံမှ ခြိမ်းခြောက်မှုများကို ဗီဇအရ သိရှိခံစားမိပြီး အန္တရာယ်ကို သိရှိလိုက်သည်နှင့် ချက်ချင်းပင် ထိုအမိန့်ကို ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်ရန် အမိန့်မထုတ်ပြန်မီ နှစ်ခါပင် မစဉ်းစားခဲ့ပါ။
အန်ဂျီအင်ပါယာ ထွန်းကားလာရခြင်းအတွက် အကြောင်းရင်းများစွာ ရှိခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော အချက်အချို့မှလွဲ၍ ၎င်း၏စစ်တပ်၏ စွမ်းအားသည် အလွန်အရေးကြီးသည်။ ထို့ကြောင့် ဤစစ်သားများသည် စည်းကမ်းမဲ့ပြီး ပျင်းရိပုံရသော်လည်း ၎င်းတို့သည် လျင်မြန်စွာ တုံ့ပြန်ခဲ့ကြသည်။ အမိန့်ထုတ်ပြန်သည်နှင့် မြားများသည် မုန်တိုင်းထဲမှ မိုးစက်များကဲ့သို့ တံတိုင်းမှ ပြေးဆင်းသွားကြသည်။ ထို့နောက် ကျယ်လောင်သော သတိပေးခေါင်းလောင်းများသည် တံတိုင်းပေါ်တွင် ပဲ့တင်ထပ်သွားသည်။ အသံလှိုင်းများသည် အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားပြီး မြို့တွင်းရှိလူများသည် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း ကြားကြရသည်။
ရုတ်တရက် ရွှေရောင်မျက်နှာပြင်တစ်ခု ပေါ်လာသည်။ ဖေးသည် အလယ်တွင်ရှိနေသောကြောင့် ရွှေရောင်မျက်နှာပြင်က အထဲတွင်ရှိသော လူတိုင်းကို ကာကွယ်ပေးခဲ့သည်။
" ထန် ထန် ထန် "
ချွန်မြနေသော မြားခေါင်းများက ဖေး၏ကာကွယ်မှုကို မထိုးဖောက်နိုင်ချေ။
"ဒီကြိုဆိုမှုက သိပ်ဖော်ရွေတဲ့ပုံ မပေါ်ဘူး အန်ဂျီးသားတွေက ထိုင်ပြီး စကားပြောဖို့ စိတ်မဝင်စားကြပုံပဲ။"
ဖေးသည် သူ့လက်ကို ရှေ့သို့ ပေါ့ပေါ့တန်တန် တွန်းလိုက်သောအခါ တန်ချိန်များစွာ လေးလံပြီး ရှုပ်ထွေးသော ဂီယာယန္တရားများဖြင့်သာ ဖွင့်နိုင်သော သံတံခါးမှာ ရွေ့လျားသွားသည်။
"ကျွီကျွီ"
မြို့၏လေးလံသောသံတစ်ခါးမှာ လေတိုး၍ပွင့်လာသောသစ်ဟားတံခါးအလာ အလိုလိုပွင့်နေသည်ကို အန်ဂျီးစစ်သည်များကြည့်ရင်းအံ့ဩနေကြ၏။
ဖေးက အဖွဲ့ကို မြို့ထဲခေါ်သွားဖို့ လုပ်နေစဉ် ရုတ်တရက် တစ်ခုခုကို ခံစားမိပြီး သူ့နောက်က တောရက်စ်ကို "သူတို့ကို မြို့ထဲ အရင်ခေါ်သွား" ဟုပြောလိုက်သည်။
ထို့နောက် သူက အပေါ်သို့ အပြေးတက်သွားပြီး မီတာ ၂၀ ကျော်မြင့်သော တံတိုင်းထိပ်တွင် ပေါ်လာသည်။
ဖေးသည် ကင်းမျှော်စင်မှ ချိတ်ဆွဲထားသော အလောင်းခုနစ်လောင်းကို လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတွင် သေလုမျောပါးဖြစ်နေသော ချားလ်စ် အာဒမ်ကို ကြည့်လိုက်သည်။
ဖေး၏ အတွေ့အကြုံအမြင်နှင့်ဆိုပါက ထိုသန်မာသောလူက ကြယ်နှစ်ပွင့်စစ်သည်ဖြစ်ပြီး စစ်သည်တော်စွမ်အားဖျက်ဆီးခံထားရကြောင်းပြောနိုင်သည်။ ထိုသူက အသက်မျဉ်းမျဉ်းသာရှိပြီး သေခါနီးပြီဖြစ်သည်။
သူ့ ဝတ်စားဆင်ယင်မှုပုံစံမှ ဖေးဟာ သူ့ကို အာလာနီးယန်းလူမျိုးဖြစ်မှန်း သိလိုက်၏။
" ဘယ်လိုစွမ်းအားမျိုးက သူ့ကို ဒီလိုညှဉ်းပန်းနှိပ်စက်မှုအောက်မှာ ဒီလောက်ကြာကြာ ခံနိုင်ရည်ရှိစေခဲ့တာလဲ " ကြောက်စရာကောင်းသည့်ဒဏ်ရာများ အဖြူရောင်တီကောင်များကို မြင်တော့ ဖေး အနည်းငယ် အံ့အားသင့်သွား၏။ ထိုလူ့တွင် ခိုင်မာသည့်စိတ်ဆန္ဒ စိတ်စွမ်းအား မရှိပါက အခုချိန်ထိ အသက်ရှင်နိုင်မှာ မဟုတ်ချေ။
ဖေး အံ့အားသင့်သွားသည်။
ထိုလူက သံနှင့်လုပ်ထားသလိုပင်။ ဖေးအစွမ်းသုံးပြီး ထိုလူကိုစွမ်းအားများပို့လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုလူ့ပခုံးနှင့် ချိတ်ဆက်ထားသည့် သံချိတ်များကိုပင် တုန်ခါမှုမရှိစေဘဲဖြတ်ပစ်လိုက်၏။
အာဒမ်၏ ဒဏ်ရာများက အလွန်ပြင်းထန်လွန်းသည်။ ထို့ကြောင့် ဖေးလို အစွမ်းထက်တဲ့ သခင်တစ်ယောက်ပင် ဒဏ်ရာများကို ထိခိုက်ပြီး ပိုဆိုးလာမှာကို စိုးရိမ်ပြီး သတိထားနေရသည်။ ထိုအချိန်တွင် သတိလစ်နေသော သန်မာသောလူသည် တစ်စုံတစ်ခုကို သတိပြုမိသွားပုံရပြီး သူ၏ခိုင်မာသောစိတ်စွမ်းအားက သူ့မျက်လုံးများကို ဖွင့်ပြီး အားအင်ဖြင့် နိုးထလာစေခဲ့သည်။
End