← Chapters

ဖရိုဖရဲမြို့ (ပထမပိုင်း)

Vol. 74 Ch. 1081

ဖရိုဖရဲမြို့ (ပထမပိုင်း)

Vol. 74 Ch. 1081

" မလှုပ်နဲ့ "

ဖေးသည် မတ်တပ်ရပ်ရန် ရုန်းကန်နေသော ချားလ်စ် အာဒမ်အပေါ် ညင်သာစွာ ဖိလိုက်သည်။ ရွှေရောင်စွမ်းအင်မီးလျှံများသည် ဘုရင်၏ ညာဘက်လက်တွင် လောင်ကျွမ်းနေပြီး ပါလာဒင်၏ သန့်ရှင်းသောစွမ်းအားသည် ဒဏ်ရာများမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားပြီး ဒဏ်ရာများကို ကုသပေးနေသည်။

ထိုလူ၏ခန္ဓာကိုယ်က ပျက်စီးယိုယွင်းနေသည့်အခြေအနေတွင် ရှိနေသည်။ ဖေး၏ခွန်အားနှင့်ပင်ဖြည်းဖြည်းချင်း သတိထားကုသနေရသည်။

အချိန်ကြာလာသည်နှင့်အမျှ အာဒမ်၏ခန္ဓာကိုယ်တွင် ထိုးစိုက်ခံရသော သံချောင်းများက အလိုလိုကျွတ်ထွက်သွား၏။

ဒဏ်ရာမှ သွေးအနည်းငယ်စီးကျလာပြီး အသားတွင် တွယ်နေသောလောက်ကောင်များ ဖယ်ရှားခံလိုက်ရသည်။ သွေးနံ့က လေထဲတွင် ပျံ့နှံ့နေပြီး ထိုဖြစ်စဉ်က ထိတ်လန့်စရာ နာကျင်စရာကောင်း

သော်လည်း ဖေး၏သန့်စင်သောစွမ်းအားကြောင့် အာဒမ်မှာ မိန်းမောနေရာဘာမျှမခံစားရပေ။

မကြာခင်မှာပင် ကင်းမျှော်စင်ပတ်လည်မှ အန်ဂျီးစစ်သည်များမှာ ထိတ်လန့်တုန်လှုပ်ရာမှ နိုးထလာပြီး ထိုလူစိမ်းကရန်သူဖြစ်ကြောင်းသိလိုက်ကြသည်။ သို့သော်လည်း ဖေး၏ နတ်ဘုရားသဖွယ် စွမ်းအားကြောင့် အံ့အားသင့်သွားပြီး တိုက်ခိုက်ရဲခြင်း ကြပေ။ သူတို့၏ လက်နက်များကို ဆွဲထုတ်ပြီး စက်ဝိုင်းကြီးတစ်ခု ဖွဲ့စည်းကာ ဖေးနဲ့ အာဒမ်ကို အလယ်ဗဟိုမှာ ဝိုင်းထားလိုက်ကြသည်။

"မိုက်ရိုင်းလိုက်တာ ဒီဝက်က ဘယ်ကလာတာလဲ ငါတို့ အန်ဂျီးအင်ပါယာရဲ့ ထိန်းချုပ်မှုအောက်က မာတန်မြို့ထဲကို မင်းဘယ်လို ဝင်လာရဲတာလဲ "

အဝေးမှ ဟိန်းဟောက်သံတစ်ခု လျင်မြန်စွာ ထွက်ပေါ်လာပြီး အနီရောင်အလင်းတန်းတစ်ခုသည် မြို့တံခါးဆီသို့ ပြေးဝင်လာသည်။ ၎င်းထံမှ ပြင်းထန်သော အပူစွမ်းအင်များ ထွက်ပေါိနေရာ ဥက္ကာခဲတစ်ခဲကြွေကျလာသည့်အလားပင်။

ထိုလူက မီးဓာတ်စစ်သည်တော် တစ်ယောက်ဖြစ်ပြီး လအဆင့်ကိုတက်လှမ်းရန် အလွန်နီးစပ်နေသည်။ သူက မီးတောက်နီများဖုံးလွှမ်းထားပြီး ဘာတွေဖြစ်နေသည်ကို ကြည့်ကာနားလည်သွား၏။

ဟိန်းဟောက်ပြီးနောက် သူက ဖေး၏ကျောကို ရိုက်ချလိုက်သည်။

" အုန်း "

အန်ဂျီးအင်ပါယာ၏ စစ်သည်တော်ထံမှ ပြင်းထန်သောမီးဓာတ်စွမ်းအားများကနဂါးတစ်ကောင်အလားထွက်ပေါ်လာပြီး ဖေး၏ နောက်ကျောကိုတိုးဝင်လာ၏။

"မစ္စတာ ပါ့သ် ပါ့လား..."

" ဟားဟား မစ္စတာပါ့သ် ရောက်ပြီ ဒီ အာလန်နီးယန်း ဝက်တွေ သူတို့အားလုံး သေပြီပဲ"

တံတိုင်းပေါ်ရှိ အန်ဂျီးစစ်သည်များ ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။ ပါ့သ်အမည်ရှိ ဤသခင်အပေါ် ယုံကြည်မှုရှိကြောင်း ထင်ရှားပြီး ၎င်းတို့သည် စိတ်အေးလက်အေးဖြင့် အလျင်အမြန် နောက်ဆုတ်သွားကြသည်။ ဤစစ်သားများသည် အတွေ့အကြုံရှိပြီး မီးနဂါး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သိရှိကြသည်။ သူတို့သည် အနီးကပ်ရပ်ပြီး အကြောင်းပြချက်မရှိဘဲ ထိခိုက်ဒဏ်ရာရလိုခြင်း မရှိပေ။

သို့သော် နောက်ဖြစ်ပျက်ခဲ့သည်မှာ ယုံကြည်မှုပြန်လည်ရရှိပြီး အန်ဂျီးစစ်သားများကို အံ့အားသင့်စေခဲ့ပြီး သူတို့၏ခန္ဓာကိုယ်များ အေးစက်သွားခဲ့သည်။

မျက်လုံးများ ပြူးကျယ်စွာ ဖွင့်ထားရင်း အောက်ပါ မြင်ကွင်းကို သူတို့ မြင်လိုက်ကြသည်။

အာဒမ်ကို ကုသဖို့ အာရုံစိုက်နေသည့် အဖြူရောင်ဝတ်ရုံဝတ် လူငယ်ဟာ လှည့်တောင်မကြည့်ချေ။ သူကရှောင်တိမ်းရန် တန်ပြန်တိုက်ခိုက်ရန်ပင်အကြံရှိပုံမရချေ။ သို့သော် မီးနဂါးကြီး သူ့ကျောကို ထိတော့မည့် အချိန်တွင်ပဲ လူငယ်က နေုက်သို့ကြည့်လိုက်၏။

ထိုအကြည့်က မည်သို့ရှိသည်ကို မည်သူမျှ ဖော်ပြနိုင်ခြင်းမရှိပေ။

သို့သော်လည်း ထိုအကြည့်က အရာအားလုံးကို မယုံနိုင်လောက်အောင် ပြောင်းလဲသွားစေခဲ့သည်။ မြို့တံတိုင်း ထက်ဝက်ကို ဖျက်ဆီးနိုင်သော မီးနဂါးသည် ဧရာမနဂါးတစ်ကောင်ကို မြင်သော ကြွက်ကလေးတစ်ကောင်ကဲ့သို့ ထင်ရပြီး ကြောက်လန့်တကြား ညည်းတွားကာ ချက်ချင်းပျောက်ကွယ်သွားသည်။

အဆုံးမသတ်သေးပေ။ အန်ဂျီမြို့စား မြို့စားမင်းပါ့သ်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သာမန်စစ်သားများ၏အမြင်တွင် အနိုင်မရနိုင်သော ဤဗိုလ်ချုပ်ကြီးသည် မီးနဂါးပျောက်ကွယ်သွားသောအခါ သွေးတစ်လုတ်အန်ထုတ်လိုက်ပြီး မျက်နှာဖြူဖျော့သွားသည်။ သူသည် ကောင်းကင်မှ ပြုတ်ကျပြီး မြို့တံတိုင်းနှင့် ဝင်တိုက်မိပြီးနောက် မေ့မြောသွားသည်။

ယခုတော့ ဒီဆံပင်နက်လူငယ်လေးမှာ အလွန်အစွမ်းထက်ကြောင်းသိလိုက်ကြရသည်။

" ပြိုင်ဘက်ကင်းစစ်သည်တော် "

ထိုစကားလုံးဟာ အန်ဂျီးစစ်သားတိုင်း၏ ခေါင်းထဲတွင် ပေါ်လာသည်။

အန္တရာယ်ရှိသောအခြေအနေများတွင် မကြောက်မရွံ့သော အန်ဂျီးစစ်သားများသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်လာပြီး ဦးခေါင်းခွံမှ တင်ပါးအထိ အေးခဲသွားသည်ကို ခံစားလိုက်ရသည်။

ပြိုင်ဘက်ကင်းသော ဆရာသခင်တစ်ဦးကို ကြောက်ရွံ့မှုကြောင့် လှည့်ထွက်ပြေးလိုစိတ် ဖြစ်ပေါ်စေခဲ့သော်လည်း ၎င်းတို့၏ လေ့ကျင့်မှုနှင့် စစ်သားများ၏ ဗီဇကြောင့်သာ ဆက်လက်နေထိုင်ခဲ့ရသည်။

သို့သော်လည်း သူတို့ ဖေး ကို တိုက်ခိုက်ရန် နည်းလမ်းမရှိပေ။

ရုတ်တရက် တံတိုင်း၏ အောက်မှ အော်ဟစ်ကြိမ်းဝါးသံများထွက်လာ၏။

အခန်း ၁၀၈၁: ဖရိုဖရဲမြို့ (အပိုင်းနှစ်)

တောရက်စ်နှင့် အခြားသူများသည် အန်ဂျီး၏ စစ်ကူများနှင့် ယှဉ်ပြိုင်နေပုံရသည်။

ဖေး လုံးဝစိုးရိမ်မနေချေ။ သူ့စိတ်ဝိညာဉ်စွမ်းအင်ဖြင့် မာတန်မြို့တစ်ခုလုံးကို စစ်ဆေးပြီးသွားပါပြီဖြစ်သည်။ မြို့ထဲတွင် အန်ဂျီးအရှင်သခင် အများအပြားရှိ‌သော်လည်း မည်သူမျှ တောရက်စ်ကို ခြိမ်းခြောက်နိုင်သည့် အဆင့်တွင်မရှိချေ။

တောရက်စ်သည် အာလာနီးယန်း အသက်ရှင်ကျန်ရစ်သူများကို ကာကွယ်နိုင်ခဲ့ပြီး ၎င်းတို့ပတ်လည်တွင် ချမ်ဘော့ဒ်မှ လက်ရွေးစင်စစ်သား ဆယ်ယောက် ရှိနေသေးသည်။

ဆယ်မိနစ်ခန့်အကြာတွင် အာဒမ်၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ၏ ၈၀ ရာခိုင်နှုန်းသည် ပျောက်ကင်းသွားပြီး ပျက်စီးသွားသော ကြယ်စက်ဝိုင်းနှစ်ခုလည်း ပြန်လည်ပေါ်လာသည်။

အနားယူပြီး သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာပါက ဤလူသည် သူ၏ အကောင်းဆုံးအခြေအနေကို ပြန်ရောက်လိမ့်မည်။

အဓိကအချက်က အာလန်နီးယန်းခုခံရေးတပ်ဖွဲ့ခေါင်းဆောင်၏ကံကောင်းမှုက အလွန်ကောင်းသဖြင့် ဖေးနှင့် တွေ့ဆုံခွှင့်ရခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက သစ်သားဒြပ်စင်စစ်သည်စွမ်းအင်ကျွမ်းကျင်သူ အထွတ်အထိပ်အဆင့် တောက်ပခြင်းနေအဆင့်မှပုဂ္ဂိုလ်ပင် သူ့ကိုသေမင်းလက်မှ လုနိုင်မည်မဟုတ်ချေ။

"မင်းက..." အာဒမ် ဖြည်းဖြည်းချင်းနိုးလာပြီး သူ့ရှေ့က အနက်ရောင်ဆံပင်နဲ့ လူငယ်ကို ကြည့်လိုက်၏။ သူ့စိတ်ကူးထက် ကျော်လွန်နေတဲ့ ခွန်အားကို သူ အံ့သြသွားပြီး "ဒီလူငယ်က အာလန်နီးယန်းလူမျိုးနဲ့ မတူဘူး ဝတ်စားဆင်ယင်မှုလည်း မတူဘူး သူ ဘာလို့ ဒီကိုလာတာလဲ ပြီးတော့ ဘာလို့ ငါ့ကို ကူညီဖို့ ဆန္ဒရှိတာလဲ" ဟုတွေးမိသွား၏။

ဖေး ပြုံးပြီး တစ်စုံတစ်ခုကို စဉ်းစားလိုက်သည်။ မြေပြင်ပေါ်က လက်နှစ်ဖက်သုံး ဓားတစ်ချောင်းက အာဒမ်၏လက်ထဲကို သူ့အလိုလို ခုန်ဝင်လာပြီး ဘုရင်က "ဒီအကြောင်းပြောရမယ့်အချိန် မဟုတ်ဘူး ဘယ်လိုနေလဲ သူငယ်ချင်း မင်း ဆက်တိုက်ခိုက်နိုင်သေးလား မာတန်မြို့က အမှိုက်တွေ သေပြီးရင် မင်းအရာအားလုံးကို သိလိမ့်မယ် " ဟုပြောလိုက်၏။

အာဒမ်သည် ဓားရှည်ကို ဆုပ်ကိုင်ပြီး သူ့ချစ်သူ၏ နူးညံ့သောအရေပြားကို ပွတ်သပ်နေသကဲ့သို့ မူးယစ်စွာ ပွတ်သပ်လိုက်သည်။ တစ်ချိန်က ပျောက်ကွယ်သွားခဲ့သော ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေသည့် ကြယ်ပွင့်လေး လည်ပတ်နေသည်ကို ခံစားလိုက်ရသောအခါ အာဒမ်သည် ဝမ်းသာအားရဖြစ်ကာ ဖေးကို လေးစားစွာ ကြည့်လိုက်သည်။

ထို့နောက် သူသည် ကင်းမျှော်စင်ဆီသို့ အပြေးအလွှားသွားပြီး ဝိုင်းအုံနေသော အန်ဂျီးစစ်သားများကို လှမ်းကြည့်လိုက်ရာ သူ့မျက်လုံးများမှ ဒေါသမီးများ တောက်လောင်လာသည်။ သူက “ဟုတ်တယ် ဒီအန်ဂျီးလူယုတ်မာတွေ အားလုံး မသေမချင်း ငါဘယ်တော့မှ ရပ်မှာမဟုတ်ဘူး အာလန်နီးယန်‌တွေ‌သွေး‌မြေကျခဲ့တာအလကားမဖြစ်စေရဘူး” ဟု အော်ဟစ်လိုက်သည်။

"လူယုတ်မာတွေ မင်းရဲ့အပြစ်တွေကို မင်း

တို့သွေးနဲ့ ဆေးကြောပစ်လိုက်စမ်း "

ရုတ်တရက်အာဒမ်မှာ မြို့တံတိုင်းပေါ်ပျံတက်သွား၏။ ဖေးတင်ပေးလိုက်ခြင်းဖြစ်သည်။ ချားလ်စ် အာဒမ်သည် ခဏတာ ကြောင်အသွားပြီး ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ကဲ့သို့ ဝိုင်းအုံလာသော အန်ဂျီယန် စစ်သားများဆီသို့ တဟုန်ထိုး ပြေးသွားသည်။

သူ့သူငယ်ချင်းများ အပေါင်းအဖော်များ၏ ဝမ်းနည်းဖွယ် သေဆုံးနေသည့် မြင်ကွင်းများက သူ့မျက်စိတွင် ပြန်ပေါ်လာသည်။ ထိုအရာများက သူ့ကိုနှိုးဆော်နေ၏။ သူက ဒဏ်ရာသက်သာခါစအားနည်းနေသူဖြစ်သော်လည်း သာမန်စစ်သားများကိုတော့အလွယ်တကူကိုင်တွယ်နိုင်သေးသည်။

...

မိနစ် ၂၀ လောက်ကြာပြီးနောက် ဖေး က မာတန် မြို့တစ်ဝိုက်တွင် ခုခံကာကွယ်ရေး မှော်အစီအရင်များ တည်ဆောက်ခဲ့သည်။ထိုမှော်အစီအရင်များက အမှောင်စွမ်းအင်များကိုကာကွယ်နိုင်ပြီး ဖုတ်ကောင်များလည်းဝင်လာနိုင်မဟုတ်ပေ။ ထို့ပြင် မြို့တွင်းမှအရာများလည်း မြို့ပြင်ထွက်သွားနိုင်မည်မဟုတ်ချေ။

မြို့ထဲ၌ စိတ်ဝင်စားစရာကောင်းသည့် အရာများဝှက်ထားသည်ကို ဖေး၏ အလိုလိုသိစိတ်ကပြောပြနေ၏။

ဖေး ခံတပ်ကို ပြန်ရောက်သည့်အခါ မာတန်မြို့က ရှုပ်ထွေးနေပြီဖြစ်သည်။ တောရက်တို့က ချပ်ဝတ်အန်ဂျီးစစ်သည်တစ်ထောင်ကိုအနိုင်ယူခဲ့ပြီး အာလန်နီးယန်တို့ကလည်းအခွှင့်ကောင်းယူကာပုန်ကန်ကြသည်။

ဖေး သက်ပြင်းချလိုက်သည်။

ဤရှုပ်ထွေးမှုတွင် လူဘယ်နှစ်ယောက်သေဆုံးမည်ကိုသေချာမသိပေ။ယခုကိစ္စက ရှောင်လွှဲမရချေ။

ယခုအချိန်တွင် ချားလ်စ် အာဒမ်သည် ခံတပ်နံရံပေါ်ရှိ အန်ဂျီးစစ်သားများကို အနိုင်ယူပြီးဖြစ်ပြီး ရေချိုးပြီးခါစကဲ့သို့ သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ့မျက်နှာပင် သွေးများဖုံးလွှမ်းနေ၏။

ဖေးပြန်လာသည်ကိုမြင်တော့ သူက ရိုသေလေးစားစွာ လျှောက်လာပြီး "ဆရာသခင် ကျွန်တော်တို့ နောက်ဘာလုပ်သင့်လဲ" ဟုမေးလိုက်၏။

End

All Chapters