← Chapters

ချမ်းဘော့ဒ် မှ စစ်သည်များ၏ တိုက်ခိုက်ရေးပုံစံ (အပိုင်းတစ်)

Vol. 74 Ch. 1082

ချမ်းဘော့ဒ် မှ စစ်သည်များ၏ တိုက်ခိုက်ရေးပုံစံ (အပိုင်းတစ်)

Vol. 74 Ch. 1082

"မာတန်မြို့က အရမ်းရှုပ်ထွေးလွန်းတယ် ရှုပ်ထွေးမှုတွေဖြစ်ပွားနေချိန်မှာ တချို့လူတွေက တခြားသူတွေဆီက လုယက်ဖို့နဲ့ ရာဇဝတ်မှုကျူးလွန်ဖို့ ကြိုးစားလာကြမှာပဲ ဘာပဲဖြစ်ဖြစ် ရှုပ်ထွေးနေတာက ရာဇဝတ်မှုအတွက် အကောင်းမွန်ဆုံးမြေဆီလွှာပါပဲ ဒါကို ငါတို့တားဆီးရမယ် ဒီလိုဆက်ဖြစ်နေရင် စစ်ပွဲမပြီးခင် ဒီမြို့ကြီး ပျက်စီးသွားလိမ့်မယ် မြို့ထဲက အာလန်နီးယန်းတွေကို ဆက်သွယ်နိုင်မယ့် နည်းလမ်းရှိလား" ဖေး မျက်မှောင်ကြုတ်ပြီး မြို့ထဲက တောက်လောင်နေတဲ့ မီးတောက်တွေကို ကြည့်ကာ အာဒမ်ကို မေးလိုက်သည်။

" ပြဿနာမရှိပါဘူး ကျွန်တော်က ခုခံရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ပါ " အာဒမ်က သူ့နာမည်ကို ဖွင့်ဟပြီး ယုံကြည်မှုရှိရှိနဲ့ " ကျွန်တော်က လူတွေကို စုစည်းပြီး အာလန်နီးယန်းတွေကို မြို့ထဲမှာ ထိန်းချုပ်ထားနိုင်မယ်လို့ ထင်ပါတယ် ဒီရှုပ်ထွေးနေတဲ့ အခြေအနေကို ကိုင်တွယ်ဖို့ ကူညီပေးနိုင်ပါတယ်" ဟု ပြောလိုက်၏။

"ကောင်းပြီ ဒါဆိုရင် ဆက်လုပ်လိုက်ပါ အန်ဂျီးစစ်သည်တွေအတွက်ကတော့... သူတို့ကို ကျွန်တော်တို့ ချမ်ဘော့ဒ်သားတွေလက်ထဲ ထားခဲ့လိုက်ပါ " ဟု ဖေးပြောပြီး ခေါင်းညိတ်လိုက်သည်။

"ချန်ဘော့သာလား ဟားဟား အရှင်က.... ချန်ဘော့ဘုရင် အလက်ဇန္ဒားလား"

အာလန်နီယန် ခုခံရေးတပ်ဖွဲ့၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာကတည်းက အာဒမ်ဟာ အရူးတစ်ယောက် မဟုတ်ကြောင်းသိနိုင်သည်။ သူ့တွင် သာမန်လူများထက်ပိုသည့် သတင်းရင်းမြစ်ရှိ၏။

ဇင်းနစ်အင်ပါယာသည် အန်ဂျီအင်ပါယာကို စစ်ဆင်နွှဲခဲ့ကြောင်းနှင့် ကျူးကျော်စစ်တပ်ဖွဲ့၏ ခေါင်းဆောင်မှာ မြောက်ပိုင်းဒေသ၏ ပြိုင်ဘက်ကင်းသော လူငယ်သခင် တစ်ဦးဖြစ်သည့် ချမ်ဘော့ဒ်ဘုရင် အလက်ဇန္ဒားဖြစ်ပြီး နောက်တစ်ဦးမှာ ဇင်းနစ်ဧကရာဇ် ရက်ဆင်ဖြစ်ကြောင်း သူသိပါသည်။

ဆံပင်အနက်ရောင် အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ဤလူငယ်သည် အလွန်အစွမ်းထက်ပြီး သူ့ကိုယ်သူ ချမ်းဘော့ဒ်သားဟုခေါ်ဆိုသည်။ သူ့တွင် ထိပ်ဆုံးမှဖြတ်ချက်ချသူများသာပိုင်ဆိုင်သည့် ခမ်းနားထည်ဝါသော အရှိန်အဝါရှိသောကြောင့် အာဒမ်သည် သူ၏အလိုလိုသိစိတ်မှန်ကန်သည်ဟု ခံစားမိသည်။ ဤလူငယ်သည် ချမ်းဘော့ဒ် ၏ ဒဏ္ဍာရီလာဘုရင်ဖြစ်သည်။

" ဟားဟား မင်းပြောတာမှန်တယ်ငါက ဘုရင်အလက်ဇန္ဒားပါ "

သူရယ်နေတုန်းမှာပင် ဘုရင်က အလင်းရောင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မာတန်မြို့လယ်က ခမ်းနားထည်ဝါဆုံး အဆောက်အအုံကို လှမ်းကြည့်လိုက်၏။

ထနုအဆောက်အဦးဟာ တစ်ချိန်က မာတန်မြို့ရဲ့ ကာစတယ်လွန်အိမ်ယာ ဖြစ်ခဲ့သည်။ အန်ဂျီးသားများက မြို့ကိုသိမ်းပိုက်ပြီးနောက် ကတ်တယ်လွန်၏ မိသားစုဝင်သုံးရာကိုသတ်ဖြတ်ကာ ရဲတိုက်ကို အန်ဂျီးသွေးစွယ်တပ်ဖွဲ့၏ စစ်ဌာနချုပ်အဖြစ်အသုံးပြုခဲ့သည်။

ယခုအချိန်မှာတော့ အဆောက်အဦကို ကောင်းကောင်းစောင့်ကြပ်ထားပြီး အထဲမှအဖြစ်အပျက်များကို မည်သူမျှမသိနိုင်ချေ။

ငရဲ၏ အမှောင်စွမ်းအားက ဤဧရာမမြို့ကို မပျက်စီးစေသော်လည်း ဖေးက ထိုအဆောက်အအုံမှ ကြီးမားသော အမှောင်စွမ်းအားများကိုခံစားနေရသည်။

ထို့ကြောင့် သူ အပြေးအလွှားသွားပြီး လေ့လာကြည့် ကြည့်ရန် ကြိုးစားလိုက်သည်။

ယခု ခံတပ်တံတိုင်းပေါ်တွင် ရပ်နေသည့် ချားလ်စ် အာဒမ်မှာ သူ့မျက်နှာပေါ်မှ စိတ်ခံစားချက်များကိုမဖိနှိပ်နိုင်ပေ။ ရွှေရောင်အလင်းတန်းများကိုမြင်တော့ အာလန်နီးယန်းတွေ သုံးလလောက်စောင့်ခဲ့ရသည့် ဇင်းနစ်တပ်များ နောက်ဆုံးရောက်လာပြီဆိုသည်ကို သူသိလိုက်၏။ ဇင်းနစ်တပ်တွေ အာလန်နီးယန်းတွေအပေါ် သဘောထားမည်သို့ရှိသည်ကိုမသိသော်လည်း အန်ဂျီးသားများကို တိုက်ခိုက်ရန်က အရေးကြီးဆုံးဖြစ်သည်။ 'ငါ့ရန်သူရဲ့ရန်သူက ငါ့မိတ်ဆွေပဲ' ဆိုသည့်စကားပုံဟောင်းကို သူမှတ်မိသည်။ ဇင်းနစ်သားတို့၏ အကူအညီနှင့် အာလန်နီယန်အင်ပါယာကို ပြန်ထူထောင်နိုင်ချေရှိပေသည်။

မျက်ရည်ပူများဝဲလာကာ အာဒမ်သည် လှည့်ပြီး သူ၏ အခြားရွယ်တူခုနစ်ယောက်၏ အလောင်းများကို ကောက်ယူပြီးနောက် ကာကွယ်ရေးနံရံပေါ်တွင် အစီအစဉ်တကျ ထားရှိလိုက်သည်။

ထို့နောက် အန်ဂျီ၏ ပါ့သ်၏ သခင်ကို ဆွဲကိုင်ကာ သူ၏ စစ်သည်စွမ်းအင်ကို ထုတ်လွှတ်ကာ ကာကွယ်ရေးနံရံမှ ခုန်နေသော ဘောလုံးကဲ့သို့ ပြေးဆင်းသွားသည်။ ထို့နောက် မြို့တွင်းရှိ အသံများ အဆူညံဆုံးနေရာသို့ ပြေးသွားသည်။

ချမ်းဘော့ဒ်ဘုရင့်စကားက မှန်လှသည်။ ရှုပ်ထွေးနေသည့် အခြေအနေကို အလျင်အမြန်ထိန်းချုပ်ရမည်ဖြစ်၏။ မဟုတ်ပါ ရှုပ်ထွေးမှုက ထိန်းမရဖြစ်လာပြီး ဖုတ်ကောင်ကပ်ဘေးထက်ပင် အခြေအနေပိုဆိုးသွားပေလိမ့်မည်။ အာလန်နီယန်တို့ မြို့ကို ပြန်ထိန်းချုပ်နိုင်လျှင်ပင် အာလန်နီယန်ဒုစရိုက်သမားများ၏ လှည့်ကွက်များဖြင့်ကြုံရပေလိမ့်မည်။

အာဒမ်က သူ့ဒေါသကို ထုတ်ဖော်ရန် ပါ့သ်ကိုမသတ်ခဲ့ပေ။

အာဒမ်ဟာ ပေါ့ဆပြီး ကြမ်းတမ်းပုံရသော်လည်း အသေးစိတ်ကို အာရုံစိုက်ပြီး တွေးခေါ်တတ်သူဖြစ်သည်။ ချမ်ဘော့ဘုရင်က အန်ဂျီး သခင်ကို အကြောင်းပြချက်တစ်ခုကြောင့် မသတ်ခဲ့ပေ။ သူကနောက်ပိုင်းတွင် အသုံးဝင်လာနိုင်သည်မဟုတ်ပါလော။

အခန်း ၁၀၈၂: ချမ်းဘော့ဒ် မှ စစ်သည်များ၏ တိုက်ခိုက်ရေးပုံစံ (အပိုင်းနှစ်)

ဖေး က ကတ်စတယ်လန်ရဲတိုက် ကို အပြေးအလွှားသွားချိန်တွင် တောရက်နှင့် ချမ်းဘော့ဒ် က စစ်သည်များက အာလန်နီယန်လူမျိုး အသက်ရှန်ကျန်ရစ်သူတစ်ရာကို ခေါိဆောင်လာခဲ့သည်။ သူတို့က လမ်းတစ်လျှောက်လုံး အန်ဂျီးစစ်သည် စစ်သားအများအပြားကို သတ်ဖြတ်ခဲ့သည့်အပြင် ရေလှိုင်းများလုံး တစ်လှိုင်းပြီးတစ်လှိုင်း တက်လာသည့် အန်ဂျီးစစ်တပ်ကိုလည်း ရင်ဆိုင်ကြရသေးသည်။

ကောင်းကင်၌ ပုန်းကွယ်နေသည့် ဧရာမ လေသင်္ဘောနှစ်စင်းမှာ ထိုအခြေအနေမှ လွတ်မြောက်နေသည်။ ထို့နောက် စစ်သည်တစ်ချို့က လေသင်္ဘာနှင့် ချိတ်ဆက်နေသော အစီအရင်ကိုဖွှင့်လိုက်ရာ ချမ်းဘော့ဒ်လက်ရွေးစင် စစ်သည်များ တစ်သုတ်ပြီး တစ်သုတ်ထွက်ပေါ်လာ၏။

ဖေး ပေါ်လာသည်နှင့် တိုက်ပွဲကစတင်တော့သည်။ ချမ်းဘော့ဒ် မှ အဖြူရောင်သံချပ်ဝတ်ဝတ်ဆင်ထားသော လက်ရွေးစင်စစ်သား ၆၀၀ ဆင်းလာပြီး အန်ဂျီးစစ်သည်ထောင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြသည်။ မြင်ကွင်းက သနားစရာတော့ကောင်းသည်။

ကောင်းကင်မှ အောက်ကိုကြည့်လိုက်တော့ အဖြူရောင်မြစ်ရေတန်းတစ်ခုက ပင်လယ်နက်ထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေသလိုပင်ဖြစ်သည်။ လူအင်အားတူတိုက်ပွဲ မဟုတ်သည့်အတွက် မိမိကိုယ်ကိုသတ်သေဖို့ ကြိုးစားမှုတစ်ခုဟု အမြင်မှားနိုင်၏။

အန်ဂျီ၏ ထိပ်တန်းစစ်သားများလည်း ထိုသို့ပင်ခံစားနေရသည်။

လအဆင့် လက်ရွေးစင် တောရက်စ် ပြသခဲ့သည့် ခွန်အားကြောင့် သူတို့ အံ့အားသင့်သွားသော်လည်း စစ်သည်တိုင်းအတွေ့အကြုံရှိစစ်သည်များဖြစ်ရာ သတ္တိရှိရှိ ရှေ့သို့ချီတက်လာကြ၏။

မှောင်မိုက်သောတိမ်တိုက်များသည် ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ မိုးတိမ်များပေါ်တွင် မိုးကြိုးများ လင်းလက်သွားပြီး အမိန့်များစွာ ထုတ်ပြန်လိုက်သည်နှင့်အမျှ အန်ဂျီးစစ်သား ထောင်ပေါင်းများစွာသည် ကျစ်လစ်သော တပ်ဖွဲ့များကို ဖန်တီးခဲ့ကြပြီး ၎င်းတို့၏ အနက်ရောင်သံချပ်ကာနှင့် ဒိုင်းများသည် ရွေ့လျားနိုင်သော သတ္တုနံရံကြီးကဲ့သို့ အတူတကွ ရွေ့လျားနေကြသည်။

သူတို့ရှေ့သို့လှမ်းတိုင်း သတ္ထုခြင်းရိုက်ခက်သံက တောင်ပြိုနေသကဲ့သို့ ထွက်ပေါ်နေပြီး ကြားရသူတိုင်းကို စိတ်ပျက်အားငယ်စေ၏။

" သတ် သတ် သတ် "

အန်ဂျီးစစ်သားထောင်ပေါင်းများစွာသည် အတူတကွအော်ဟစ်ကြပြီး အလွန်ကြောက်စရာကောင်းလှသည်။ ကြီးမားသောအသံလှိုင်းများသည် ရေလွှမ်းမိုးမှုကဲ့သို့ ထွက်ပေါ်လာသည်။ တောရက်စ်သည် သူ၏အော်ရာကို မထုတ်လွှတ်ဘဲ ဖိအားကို မပိတ်ဆို့ပါက သူ့နောက်ကွယ်ရှိ အာလန်နီယန်လူမျိုး အသက်ရှင်ကျန်ရစ်သူများ မေ့မြောသွားကြလိမ့်မည်။

'သတ်' ဟု အော်ဟစ်ပြီးနောက် ကျယ်လောင်သော တဝီဝီအသံများသည် ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ယံတွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ အန်ဂျီးစစ်သည်များက လှံ၁၀၀၀ကျော်ကို ပစ်လွှတ်လိုက်၏။ လှံများ၏ ချွန်ထက်သောအဖျားများသည် အေးစက်သောအလင်းရောင်ကို ထင်ဟပ်စေပြီး ချမ်ဘော့ဒ်၏ အဖြူရောင်သံချပ်ကာဝတ် စစ်သား ၆၀၀ ၏ ဦးခေါင်းပေါ်သို့ ငှက်အုပ်ကြီးတစ်အုပ်ကဲ့သို့ ဖုံးလွှမ်းသွားသည်။ ထို့နောက် ၎င်းတို့က အန်ဂျီးသားများအပေါ်ပြိုကျလာ၏။

ဤလှံပစ်ချက်က အလွန်အန္တရာယ်ကြီးသည်။ ၎င်းက တိကျသောပစ်မှတ်မရှိသော်လည်း နေရာတစ်ခုလုံးကိုဖုံးလွှမ်းထားရ ရှောင်တိမ်း၍မရပေ။ ထို့ပြင် စစ်သည်တော်စွမ်းအားရှိသော စစ်သည်များပင် လှံချက်ကြောင်းကျဆုံးကြရ၏။

သို့သော်လည်း ထိုကဲ့သို့ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်တိုင် အဖြူရောင်ဝတ်ထားသော လူအုပ်စုသည် အဖွဲ့ဝင်များစွာ ဆုံးရှုံးတော့မည့်ပုံပေါ်သော်လည်း မည်သည့်အသံမျှ မပြုခဲ့ကြပေ။

အဖြူရောင်တစ္ဆေအုပ်စုတစ်စုကဲ့သို့ပင် ၎င်းတို့သည် ရုတ်တရက် အဖြူရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး လှံများမြေပေါ်သို့မကျမှီ ရှေ့သို့ပြေးတက်ကာ ရှောင်တိမ်းလိုက်ကြ၏။

ဘမ်း! ဘမ်း! ဘမ်း! ဘမ်း! ဘမ်း!

နောက်တစ်စက္ကန့်အတွင်းမှာပင် လှံထောင်ပေါင်းများစွာက အဖြူရောင်ဝတ်ထားသည့် စစ်သည်များရပ်နေခဲ့သော ကျောက်တုံးများအပေါ်ကျဆင်းသွားပြီး မီးပွားများထွက်ပေါ်လာသည်။

အချို့လှံတံများက ချမ်းဘော့ဒ်သားများ၏ နားရွက်နားမှပင်ကပ်ကျသွားသည်။ အကယ်၍ သူတို့သာ တစ်စက္ကန့်လောက်နှောင့်နှေးသွားပါက လှံများက သူတို့ကို ထိုးဖောက်သွားမည်ဖြစ်သည်။

" သေစမ်း ကြယ်အဆင့် စစ်သည်တွေလား "

အန်ဂျီးမြို့ စစ်စခန်းထဲမှ စစ်သည်တစ်ဦးကျိန်ဆဲမိသွားသည်။

ချမ်းဘော့စစ်သည်များ၏ ကိုယ်ပေါ်တွင် ဖုံးအုပ်နေသည့် စစ်သည်တော်စွမ်းအင်များက မျက်စိကျိန်းလုမတက်တောက်ပနေ၏။

“ လေးသမား‌တွေ အသင့်ပြင်ထားကြ ရှေ့တန်းက အလျားလိုက်ပစ် နောက်တန်းက အပေါ်ဘက်ထောင်ပစ်ကြ အသင့်ပြင်ထားကြ ” ဟု စစ်တပ်၏ အမိန့်ပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

" ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ် "

မြားများသည် အန်ဂျီ၏ မျှော်စင်ဒိုင်းပုံစံနောက်မှပြေးထွက်သွားပြီး မြေပြင်နှင့် လေထဲတွင် လွတ်မြောက်ရန် လမ်းကြောင်းအားလုံးကို ပိတ်ထား၏။ မြားများအားလုံးသည် ထက်မြက်သော ဝံပုလွေအစွယ်မြားများဖြစ်ပြီး အလွန်လေးကြိုးတင်းသော လေးမြားများမှ ပစ်လွှတ်ခြင်းဖြစ်သည်။ မြားတစ်စင်းသည် သစ်ပင်ငယ်တစ်ပင်ကို ကျိုးပဲ့စေရန် လုံလောက်ပြီး ကြယ်အဆင့် စစ်သည်တော်များပင် ထိမှန်ပါက ပြင်းထန်စွာ ဒဏ်ရာရရှိလိမ့်မည်။

အနီးကပ်အကွာအဝေးမှ အလျားလိုက်နှင့် အပေါ်သို့ပစ်ခတ်ခြင်းဖြင့် အန်ဂျီ၏ ထိပ်တန်းလက်ဖြောင့်သမားများသည် ထိုဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။ ချမ်ဘော့ဒ်စစ်သားများအနေဖြင့် ထပ်မံလျင်မြန်စွာ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ မလွတ်မြောက်နိုင်သေ။ သေမင်းထောင်ခြောက်အလားပင်။

End

All Chapters