အခန်း ၄၆၁
Vol. 47 Ch. 461
အခန်း (၄၆၁)
" ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ သားပဲ။ ဒါကြောင့် အရှင်မင်းကြီးက သူ့ရဲ့ အာဏာကို မစိုးရိမ်တာကိုး။ ကျောက်ဖုန်းနဲ့ နီးစပ်သူတွေကို ဘာလို့ရာထူးတိုးပေးတာလဲ။ ဟန်ဖေးကို ဘာလို့ဝန်ကြီးချုပ်ရာထူးပေးတာလဲဆိုတာ အခုမှ နားလည်တော့တယ်။ အကုန်လုံးက ကျောက်ဖုန်းကြောင့်ပဲ။ " လီစီက နောက်ဆုံးတွင် အားလုံးကို နားလည်သွားခဲ့သည်။
ဝမ်ဝမ်၏ မိသားစုတစ်ခုလုံး သတ်ခံရပြီးနောက် လီစီက ဘယ်ဝန်ကြီးချုပ်ရာထူးကို ရည်မှန်းထားခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဟန်ဖေးက ထိုရာထူးကို ရသွားခဲ့သည်။ အပြင်ပိုင်းတွင် ဘာမှမဖြစ်သော်လည်း သူ၏ စိတ်ထဲတွင်တော့ အတော်လေးစိတ်ပျက်ခဲ့ရသည်။
ယခု လီစီက အားလုံးနားလည်သွားခဲ့သည်။ ဟန်ဖေးက နန်းတွင်းတွင် မိတ်ဆွေများမရှိဘဲ သူနှင့် ရင်နှီးသည်မှာ ကျောက်ဖုန်းတစ်ယောက်သာရှိသည်။ ယခင် ကျောက်ဖုန်းက ဟန်ဖေးကို ချင်နိုင်ငံသို့ ကိုယ်တိုင်လိုက်ပို့ခဲ့ပြီး ထူးခြားသော ခင်မင်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအချိန်ကစပြီး သူတို့နှစ်ယောက်ပ အပြန်အလှန် လေးစားခဲ့ကြပြီး နောက်ပိုင်းတွင် ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာကြသည်။
" ကျောက်ဖုန်းက ငါ့ရဲ့ သားဦး၊ ချင်နိုင်ငံရဲ့ အကြီးဆုံးမင်းသား၊ ချင်နိုင်ငံရဲ့ အနာဂတ် အိမ်ရှေ့စံမင်းသားပဲ။ " ရင်ကျန့်က ထပ်ပြောလိုက်သည်။
လီစီက အံ့အားသင့်သွားပြီး ဘာပြောရမှန်းမသိတော့ပေ။ ကျောက်ဖုန်းကို ရင်ကျန့်၏ သားအဖြစ် အတည်ပြုလိုက်ခြင်းကပင် အံ့ဩစရာကောင်းနေပြီး ယခု ရင်ကျန့်က ကျောက်ဖုန်းကို အနာဂတ်အိမ်ရှေ့စံမင်းသား၊ ချင်နိုင်ငံ၏ ဆက်ခံသူအဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်။ ဆုံးဖြတ်ချက် ချပြီးသားဖြစ်သည်မှာ ထင်ရှားသည်။
" အရှင်မင်းကြီးက ဘာလို့ ကျွန်တော်မျိုးကို ဒါတွေ ပြောပြနေတာလဲ။ ဒီ ဒီကိစ္စက အရမ်းကြီးမားတဲ့ကိစ္စပါ။ " လီစီက သူ၏ စိတ်ကို ထိန်းချုပ်ပြီး ကြောက်ရွံ့စွာ ပြောလိုက်သည်။
" လီယောင်နဲ့ ရင်အာကြောင့်ပဲ။ လီယောင်နဲ့ ရင်အာက စေ့စပ်ပြီးပြီမလို့ မင်းတို့က ကျောက်ဖုန်းရဲ့ လူတွေလို့ သတ်မှတ်လို့ရပြီ။ ဒါကြောင့် မင်းလည်း သိထားသင့်တာပေါ့။ " ရင်ကျန့်က ဖြည်းညင်စွာ ပြောလိုက်သည်။
လီစီက ထိတ်လန့်သွားပြီးနောက် စိတ်ထဲမှ ဝမ်းသာသွားသည်။ " ယောင်အာ ကျောက်ရင်ကို လက်ထပ်လိုက်တာ လီမိသားစုအတွက် ဒီလောက်ကြီးမားတဲ့ အခွင့်အရေး ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ကျောက်ရင်က မင်းသမီး၊ ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသား ချင်နိုင်ငံရဲ့ အနာဂတ်ဘုရင်ပဲ။ ဒါဆို ငါ့ရဲ့ လီမိသားစုက ချင်နိုင်ငံရဲ့ ထိပ်တန်းမိသားစု ဖြစ်လာလိမ့်မယ်။ "
" ကျွန်တော်မျိုး ဝူအန်းကျွင်းကို သေတဲ့အထိ ထောက်ခံသွားပါမယ်။ " လီစီက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဒီကိစ္စကို လျို့ဝှက်ထားပါ။ ချီနိုင်ငံကို သိမ်းပိုက်ပြီးရင် ကျောက်ဖုန်းရဲ့ မူလအဆင့်အတန်းနဲ့ သူ့အမေရဲ့ မိဖုရားခေါင်ကြီးနေရာကို ပေးရမယ်။ ဒါတွေအားလုံးက သူတို့ပိုင်တာပဲ။ " ရင်ကျန့်က ပြတ်သားစွာပြောလိုက်သည်။
" နားလည်ပါပြီ။ " လီစီက ချက်ချင်း ပြန်ပြောလိုက်သည်။
" ကောင်းပြီ။ အခြားပြောစရာမရှိတော့ဘူး။ ယင်အာနဲ့ လီယောင်တို့က ချစ်ကြိုက်နေကြပြီမလို့ ငါ မတားတော့ဘူး။ ဒါက ရင်အာရဲ့ ရွေးချယ်မှုပဲ။ မင်းလည်း ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " လီစီက ဦးညွှတ်ပြီး ရှုပ်ထွေးသော ခံစားချက်များဖြင့် ထွက်ခွာသွားသည်။
" လီစီ အာဏာလိုချင်တယ်၊ ရည်မှန်းချက်ကြီးတယ်။ သာမန်လူဆိုရင် သူ့ကို ထိန်းချုပ်နိုင်မှာမဟုတ်ပေမယ့် ဖုန်းအာက ထိန်းနိုင်လိမ့်မယ်။ သူက အရည်အချင်းရှိပေမယ့် အာဏာကို အရမ်းတန်ဖိုးထားတယ်။ " ရင်ကျန့်က တွေးလိုက်သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ရင်ကျန့်က လီစီ၏ စိတ်နေသဘောထားကို မြင်နိုင်လေသည်။
ကျန်းထိုင်နန်းဆောင်မှ ထွက်လာပြီးနောက် လီစီက သူ၏ ရထားလုံးဆီသို့ လျှောက်သွားသည်။
" အဖေ ပြန်လာပြီလား။ " လီယောင်က လီစီကို နှုတ်ဆက်လိုက်သည်။
" မင်း အိမ်မပြန်သေးဘူးလား။ " လီစီက အံ့ဩစွာဖြင့် မေးလိုက်သည်။
" အဖေမှ ထွက်မလာသေးတာ ကျွန်တော်က ဘယ်လိုလုပ်တစ်ယောက်တည်း ပြန်မှာလဲ။ ပြီးတော့ မင်္ဂလာကိစ္စကိုလည်း ကျွန်တော်ဘာမှမသိရသေးဘူးလေ။ " လီစီက သူ၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို မဖုံးကွယ်နိုင်ပေ။
" ခွေးကောင်လေး " လီစီက လီယောင်၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ပြီး ရယ်မောလိုက်သည်။
" အဖေ အရှင်မင်းကြီးက ဝူအန်းကျွင်းကို တကယ်မျက်နှာသာပေးတာပဲ။ ရင်အာရဲ့ မင်္ဂလာပွဲကို ဖုန်းချန်ကိုယ်တိုင် စီစဉ်ခိုင်းတယ်။ ဒါက မင်းသားမင်းသမီးတွေပဲ ရနိုင်တဲ့ အခွင့်အရေးလေ။ ကျွန်တော်တို့က ဒီလိုအခွင့်အရေးမျိုးကို ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " လီယောင်က ပြုံး၍ ပြောလိုက်သည်။
" ကောင်လေး မင်းက တကယ်မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ။ " လီစီက ပြောလိုက်သည်။
" အဖေ ကျွန်တော် ရင်အာကို ချစ်တာ သူမက ဝူအန်းကျွင်းရဲ့ ညီမဖြစ်နေလို့ မိသားစုအကျိုးအတွက် မဟုတ်ပါဘူး။ သူမကို မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်ခဲ့တာပါ။ " လီယောင်က ချက်ချင်း ပြောလိုက်သည်။
" ဟုတ်ပါပြီ။ မင်းစိတ်ထဲမှ ဘာရှိလဲဆိုတာ ငါသိပါတယ်။ မင်းရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာတော့မှာပါ။ လီမိသားစုအတွက်တော့ မင်းက ကံကောင်းခြင်းပဲ။ မင်းရဲ့ ညီမလေးလည်း မင်းကြောင့် ဖုစုရဲ့ လက်အောက်မှာ ဒုက္ခရောက်မှာမဟုတ်တော့ပါဘူး။ " လီစီက ပြုံး၍ ပြောလိုက်သည်။
သူ၏ သမီးက သူ့ကိုသူ အပြစ်ရှိသည်ဟု ခံစားရဆုံးဖြစ်သည်။ သူက အာဏာကို မက်မော်သော်လည်း သားသမီးကိုတော့ အမှန်တကယ် ချစ်လေသည်။ သူ၏ သမီးနှင့် ဖုစုကို လက်ထပ်ပေးခဲ့ခြင်းက တော်ဝင်အမိန့်ကြောင့်သာ ဖြစ်သည်။ သို့သော် လီယောင်က ကျောက်ရင်ကို လေးနှစ်တိုင်တိုင် လိုက်ခဲ့ခြင်းဖြစ်သည်။ အကြီးဆုံးမင်းသားဟူသော နေရာမရှိလျှင် ဖုစုက အမွေဆက်ခံသူမဟုတ်တော့ဘဲ သူ၏ သမီးကိုလည်း ပစ်မှတ်ထားတော့မည်မဟုတ်ပေ။
" ဝူအန်းကျွင်းနဲ့ ဖုစုတို့က ရန်သူတွေဖြစ်နေပြီ။ အခု ကျွန်တော်က ရင်အာကို လက်ထပ်လိုက်ရင် ဖုစုအတွက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး။ သူက ဘာလို့ ညီမလေးကို ကောင်းကောင်းဆက်ဆံမှာလဲ။ " လီယောင်က စိုးရိမ်စွာ ပြောလိုက်သည်။
" မင်း နောက်ကျနားလည်လာလိမ့်မယ်။ " လီစီက ဆက်မရှင်းပြတော့ပေ။ ရင်ကျန့်၏ စကားများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
" ကမ္ဘာကြီးပေါင်းစည်းပြီး ကျောက်ဖုန်းရဲ့ အမေကို မိဖုရားခေါင်ကြီးအဖြစ် ချီမြှင့်လိုက်ရင် ကျောက်ဖုန်းက အိမ်ရှေ့စံမင်းသား တိုက်ရိုက်ဖြစ်လာမှာပဲ။ အကြီးဆုံးသားဖြစ်တဲ့အပြင် သူ့ရဲ့ ဂုဏ်သတင်း၊ သူ့ရဲ့ စွမ်းဆောင်မှုတွေ၊ စစ်ရေးအောင်မြင်မှုတွေ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး။ အခြားသူတွေ ဘယ်လောက်ပဲ ကြံစည်ပါစေ ဝူအန်းကျွင်းကို လှုပ်ခါနိုင်မှာမဟုတ်ဘူး။ "
" ဝူအန်းကျွင်းက ပြတ်ပြတ်သားသား လုပ်ဆောင်တတ်တဲ့သူမလို့ နောက်တစ်ချိန်မှာ ဘုရင်ကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်။ ချင်နိုင်ငံရဲ့ ဆက်ခံသူပြဿနာက ဖြေရှင်းပြီးသွားပြီ။ " လီစီက စိတ်ထဲမှ တွေးလိုက်သည်။
ကျောက်စံအိမ်။
လီစီနှင့် သူ၏ သားတို့က နောက်တစ်ခေါက်လာလည်ခဲ့သည်။
" ဝူအန်းကျွင်း လီယောင်က အရှင်မင်းကြီးဆီက ခွင့်ပြုချက်ရခဲ့ပါပြီ။ ပြီးတော့ အရှင်မင်းကြီးက ကမ္ဘာကြီးကို စုစည်းပြီးရင် ဖုန်းချန်ကို မင်္ဂလာရက်ရွေးခိုင်းမယ်လို့ ပြောခဲ့တယ်။ " လီစီက ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
" ရင်အာ ကြားတယ်မလား။ " ကျောက်ဖုန်းက ပြုံးပြီး ကျောက်ရင်ကို ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ကျောက်ရင်က ခေါင်းညိမ့်လိုက်ပြီး သူမ၏ အကြည့်က လီယောင်ဆီသို့ ရောက်သွားသည်။
" ဒါဆို ဝူအန်းကျွင်း ကျုပ် ပြန်လိုက်ပါဦးမယ်။ ဝူအန်းကျွင်းရဲ့ ညီမနဲ့ လက်ထပ်ရတာ ကျုပ်သားအတွက် ကံကောင်းခြင်းပါပဲ။ " လီစီက ပြုံး၍ ပြောလိုက်သည်။
" ကောင်းပါပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ထို့နောက် လီစီနှင့် သူ့သားတို့က ကျောက်စံအိမ်မှ ထွက်ခွာသွားသည်။
" ကမ္ဘာကြီးစုစည်းပြီးမှ မင်္ဂလာပွဲကျင်းပမယ်။ အရှင်မင်းကြီးက ချီနိုင်ငံကို တိုက်ဖို့ ပြင်နေပြီထင်တယ်။ " ဝမ်ကျန့်က ရယ်ပြီး ပြောလိုက်သည်။
" ယောက္ခမကြီး ကျွန်တော်က လျို့ဝှက်အမိန့်ရထားပြီးပြီ။ နောက်ရက်အနည်းငယ်ကြာရင် ယွင်ကျုံးကို သွားပြီး ချီနိုင်ငံကို ချေမှုန်းရတော့မယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုကိစ္စက ဖုံးကွယ်စရာမလိုပေ။ ချီနိုင်ငံ ပျက်စီးရန် သေချာနေပြီဖြစ်သောကြောင့် ဘယ်သူမှ မတားဆီးနိုင်ပေ။ ချီနိုင်ငံအတွက် ရွေးချယ်စရာမှာ အညံ့ခံမလား၊ ပျက်စီးမလားပင်ဖြစ်သည်။
" မင်းကိုယ်တိုင် ဦးဆောင်သွားရင် ချီဘုရင်ကတော့ ကြောက်သွားမှာပဲ။ ဒီနှစ်လသုံးလအတွင်း ချီနိုင်ငံက ချင်နိုင်ငံထဲ ရောက်သွားတော့မှာပဲ။ ကမ္ဘာကြီးကို ပေါင်းစည်းတာက ငါတို့မျိုးဆက်မှာ ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " ဝမ်ကျန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ရှန်းကျိုးက ကမ္ဘာကြီးတစ်ခုလုံးမဟုတ်ဘူး။ ရှေ့ဆက်ရမယ့်လမ်းကြောင်းက အရှည်ကြီးရှိသေးတယ်။ "ကျောက်ဖုန်းက တိတ်ဆိတ်စွာ တွေးလိုက်သည်။
ချီနိုင်ငံကို သိမ်းပိုက်ပြီးလျှင် ကျောက်ဖုန်းက အနာဂတ်အတွက် စဉ်းစားရတော့မည်ဖြစ်သည်။ အနာဂတ်၏ အခြေခံအုတ်မြစ်ကို ကမ္ဘာငယ်ထဲတွင် ပျိုးထောင်ပြီး တစ်နေ့တွင် ရှန်းကျိုး၌ ထွက်ပေါ်လာမည်ဖြစ်သည်။
ယွင်ကျုံးမြို့။
တောင်ကြားချိုင့်ဝှမ်းထဲတွင် ဒုက္ခသည်များကို ဆက်လက်စုဆောင်းနေခဲ့သည်။ ဆောင်းရာသီတွင် တစ်ကမ္ဘာလုံး၌ ဒုက္ခသည်များ မရေတွက်နိုင်အောင် ပေါများသည်။ ယွင်ကျုံးတွင်သာမက အခြားယန်ထင်ဌာနများတွင်လည်း ဒုက္ခသည်များကို စုဆောင်းနေခဲ့သည်။
ကျောက်ဖုန်းက နဂါးနက်ကို စီးပြီး နေရာတစ်ခုချင်စီးသို့ သွားခဲ့သည်။ ကမ္ဘာငယ်ထဲတွင် လူဦးရေရှစ်သိန်းနီးပါး ရှိလာပြီဖြစ်သည်။ စစ်ပွဲများကြောင့် ရှန်းကျိုးနယ်မြေတွင် လူဦးရေအတိအကျမရှိပေ။ လူများစွာ ပျောက်ကွယ်သွားခြင်းက အနာဂတ်တွင် ရင်ကျန့်က သိသွားနိုင်သော်လည်း ကျောက်ဖုန်းကြောင့်ဟု သိနိုင်မည်မဟုတ်ပေ။
ကမ္ဘာငယ်ထဲတွင် လူဦးရေတိုးလာသည့်အပြင် ကျောက်ဖုန်း၏ စီစဉ်မှုအောက်တွင် မြစ်ချောင်းအင်းအိုင်များလည်း ရှိလာပြီး တောင်ကုန်းများလည်း ပေါ်လာကြသည်။ ကမ္ဘာငယ်ထဲတွင် ကုန်းနေရေနေသတ္တဝါများလည်း ရှိလာခဲ့သည်။
" ဂေဟစနစ်ကိုတော့ ပျိုးထောင်ပြီးပြီ။ နောက်ကျရင် သတ္တဝါတွေ ဒီကမ္ဘာငယ်လေးထဲမှာ ပွားများလာလိမ့်မယ်။ " ကျောက်ဖုန်းက ကမ္ဘာငယ်၏ တိုးတက်မှုကို အလွန်ကျေနပ်နေသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့