အခန်း ၄၆၂
Vol. 47 Ch. 462
အခန်း (၄၆၂)
" အရှင် စစ်တပ်ကို စုစည်းပြီးပါပြီ။ ရိက္ခါတွေလည်းပြင်ဆင်ပြီးပါပြီ။ မြင်းစီးစစ်သည်တစ်ယောက်ကို ဆယ်ရက်စာရိက္ခါခြောက်တွေ ပါပါတယ်။ " ကျန်းဟန်က ကျောက်ဖုန်းကို အစီရင်ခံလိုက်သည်။
" ယန်နယ်မြေကနေ ချီနိုင်ငံကို သွားဖို့ သုံးရက်ကြာလိမ့်မယ်။ ခုနှစ်ရက်စာရိက္ခါပဲ ယူသွားတာက စွန့်စားရာတော့ ရောက်လိမ့်မယ်။ ချိုင်စီကို ရိက္ခါတွေ ဆက်ပြီးပြင်ဆင်ခိုင်းလိုက်ပါ။ ပြီးရင် ထောက်ပို့တပ်ကို ချီနိုင်ငံနယ်သပ်ကို ပို့ခိုင်းလိုက်ပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ စစ်သည်တစ်သိန်းက ချီနိုင်ငံကို အလွယ်တကူ ချေမှုန်းနိုင်ပါတယ်။ တိုက်ပွဲကြီးတွေတောင် ဖြစ်ရာမလိုလောက်ဘူး။ " ကျန်းဟန်က ပြောလိုက်သည်။
" အမြဲတမ်းကြိုတင်ပြင်ဆင်ထားရတယ်။ ချီဘုရင်က ခေါင်းမာနေရင်တော့ သူ့ရဲ့ ဆန္ဒအတိုင်း ဖြည့်ဆည်းပေးရမှာပေါ့။ အညံ့ခံရင်တော့ အကောင်းဆုံးပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အရှင် ဘယ်တော့ချီတက်မှာလဲ။ " ကျန်းဟန်က ရိုသေစွာ မေးလိုက်သည်။
" စစ်သည်တွေကို နားခိုင်းလိုက်ပါ။ မနက်ဖြန် ချီတက်ကြမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
ချီနိုင်ငံက မြောက်ဘက်နယ်စပ် တိုင်းတစ်ပါးမျိုးနွယ်စုများနှင့် ထိစပ်ခြင်းမရှိပေ။ လက်ရှိအချိန်တွင် ချီနိုင်ငံ၏ နယ်မြေက ချင်နိုင်ငံ၏ နယ်မြေများဖြင့် ဝန်းရံခံထားရသည်။ အနက်ရောင်သံချပ်ကာများဖြင့် မြင်းစီးစစ်သည်တစ်သိန်း ရောက်ရှိလာပြီး ခေါင်းဆောင်မှာ ကျောက်ဖုန်းဖြစ်သည်။
ချီနိုင်ငံဘက်ခြမ်းတွင် ချီစစ်သည်များက ချင်စစ်တပ်ချဉ်းကပ်လာသည်ကို စိုးရိမ်တကြီးနှင့် ထိတ်လန့်စွာ ကြည့်နေကြသည်။
" စစ်သူကြီး ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " စစ်သည်တစ်ယောက်က ဘေးမှ စစ်သူကြီးကို ကြည့်ပြီး မေးလိုက်သည်။ သူ၏ အသံတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
" အရှင်မင်းကြီးက ညွှန်ကြားထားတယ်။ ချင်စစ်တပ်က ကျူးကျော်လာရင် လက်နက်နဲ့ မတုန့်ပြန်ရဘူး။ အရာအားလုံးကို ဆွေးနွေးညှိနှိုင်းမှုနဲ့ပဲ ဖြေရှင်းရမယ်။ " ချီစစ်သူကြီးထျန်းလင်းက သက်ပြင်းချလိုက်သည်။
" ချင်စစ်တပ်က တကယ်တိုက်ခိုက်လာရင် သူတို့ကို တားဆီးနိုင်မှာမဟုတ်ဘူး။ " လက်ထောက်စစ်သူကြီးက သက်ပြင်းချလိုက်သည်။
" ငါတို့ ချီနိုင်ငံက ချင်နိုင်ငံရဲ့ ဝန်းရံခြင်းခံထားရပြီ။ ယန်နယ်မြေမှာ ချင်စစ်သည်တစ်သိန်း တပ်စွဲထားတယ်။ ကျောက်နယ်မြေနဲ့ ချူနယ်မြေတွေမှာလည်း ချင်စစ်တပ်က တပ်စွဲထားတယ်။ ငါတို့ချီနိုင်ငံက တကယ်ပဲ အခွင့်အရေးရှိသေးလို့လား။ " ထျန်းလင်းက စိတ်ပျက်စွာ ပြောလိုက်သည်။
" ကျွန်တော်တို့ ချီနိုင်ငံက တကယ်ပဲ ပျက်စီးတော့မှာလား။ " တပ်မှူးများကလည်း စိတ်ပျက်သွားကြသည်။
" ဆုံးဖြတ်ချက်တွေအားလုံးက အရှင်မင်းကြီးလက်ထဲမှာပဲရှိတယ်။ အရှင်မင်းကြီးက တိုက်ခိုက်ခိုင်းရင် ငါတို့က အဆုံးထိ တိုက်ခိုက်ရမယ်။ အရှင်မင်းကြီးကလည်း ချင်စစ်တပ်ရဲ့ လှုပ်ရှားမှုကို အခုသိသွားလောက်ပါပြီ။ " ထျန်းလင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
" ဒီတစ်ခါ ချင်စစ်တပ်ကို ဦးဆောင်လာတာက တစ်ကမ္ဘာလုံးမှာ ကျော်ကြားတဲ့ ဝူအန်းကျွင်း ကျောက်ဖုန်းပဲ။ သူက စစ်တပ်ကို ဦးဆောင်ကတည်းက ရှုံးနိမ့်ခြင်းမရှိဘူးလို့ ပြောတယ်။ ကျောက်ဖုန်းသာ တကယ်တိုက်ခိုက်လာရင် ကျွန်တော်တို့ ခုခံနိုင်မှာမဟုတ်ဘူး။ " လက်ထောက်စစ်သူကြီးက စိုးရိမ်တကြီး ပြောလိုက်သည်။
ချင်စစ်တပ်က တဖြည်းဖြည်း နီးကပ်လာသည်။
" စစ်သူကြီး ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ " လက်ထောက်စစ်သူကြီးက ထျန်းလင်းကို ကြည့်လိုက်သည်။
" ငါ့အမိန့်မရှိဘဲ ဘယ်သူမှမလှုပ်ရှားကြနဲ့။ ချင်စစ်တပ်ကို ငါကိုယ်တိုင်သွားတွေ့မယ်။ " ထျန်းလင်းက ပြောလိုက်ပြီးနောက် မြင်းစီးပြီး ချင်စစ်တပ်ဆီသို့ ဦးတည်သွားသည်။
ချင်စစ်တပ်ဘက်တွင်။
" အရှင် ချင်စစ်တပ်က လူတစ်ယောက်လာနေပါတယ်။ " ကျန်းမင်က အော်ပြောလိုက်သည်။
" ရပ်လိုက်။ " ကျောက်ဖုန်းက လက်မြှောက်ပြီး အမိန့်ပေးလိုက်သည်။
မြင်းစီးစစ်သည်များက ချက်ချင်း ရပ်လိုက်ကြပြီး ကျောက်ဖုန်းက ချဉ်းကပ်လာသော ချီစစ်သူကြီးကို ကြည့်လိုက်သည်။
" ချီနိုင်ငံရဲ့ စစ်သူကြီးထျန်းလင်းက ဝူအန်းကျွင်းကို ဂါရဝပြုပါတယ်။ " ထျန်းလင်းက ကျောက်ဖုန်းကို နှုတ်ဆက်လိုက်သည်။
" စစ်သူကြီးထျန်း ငါတို့ကို ဘာလို့မတားတာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" ကျုပ်ရဲ့ ချီစစ်တပ်က ဝူအန်းကျွင်းကို မတားနိုင်ပါဘူး။ " ထျန်းလင်းက ခါးသီးစွာ ပြုံးလိုက်သည်။
" ဒါဆို စစ်သူကြီးထျန်းက လက်နက်ချဖို့ ပြင်ဆင်ထားတာလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" တော်ဝင်အမိန့်က ချင်စစ်တပ်နဲ့ မတိုက်ခိုက်ရဘူးလို့ပဲ ပြောထားပါတယ်။ လက်နက်ချဖို့ အမိန့်မရှိပါဘူး။ တော်ဝင်အမိန့်သာ ထွကိလာရင် ကျုပ်က လိုက်နာဖို့အဆင်သင့်ပါပဲ။ " ထျန်းလင်းက ပြောလိုက်သည်။
" ဒါဆို အခုဘာလို့လာတာလဲ။ ငါတို့ ချင်နိုင်ငံက ချီနိုင်ငံကို နိုင်ငံတော်စာလွှာပေးပို့ပြီးသားပဲ။ စစ်ပွဲက ရှောင်လွှဲလို့မရဘူး။ ချီနိုင်ငံက တိုက်မလား၊ လက်နက်ချမလား ရွေးချယ်စရာနှစ်ခုပဲရှိတယ်။ ချင်စစ်တပ်က အင်အားအပြည့်နဲ့ တိုက်ခိုက်ပြီး ချီနိုင်ငံကို ဖျက်ဆီးမလား။ ချီဘုရင်က အညံ့ခံပြီး ချီနိုင်ငံကို ချင်နိုင်ငံထဲ ပေါင်းထည့်မလား။ " ကျောက်ဖုန်းက ပွင့်လင်းစွာ ပြောလိုက်သည်။
သူက ချီနိုင်ငံကို တိုက်ခိုက်ချင်နေသည်။ သို့မှသာ နောက်ထပ် ဘုရင်တစ်ပါးကို သတ်ဖြတ်နိုင်သည့် အခွင့်အရေးမျိုး ရမည်ဖြစ်သည်။
" ဝူအန်းကျွင်းက တကယ်ပွင့်လင်းတာပဲ။ " ထျန်းလင်းက ခါးသီးစွာ ရယ်လိုက်သည်။
" အခြေအနေက ဆုံးဖြတ်ပြီးသားပဲ။ ဘယ်သူမှ ချင်နိုင်ငံကို မတားဆီးနိုင်ဘူး။ ငါကလည်း စကားတွေနဲ့ အချိန်မဖြုန်းတတ်ဘူး။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" ဝူအန်းကျွင်း ခဏလောက် စောင့်ပေးပါ။ ဒီနေ့ တော်ဝင်အမိန့် ရောက်လာနိုင်ပါတယ်။ " ထျန်းလင်းက ပြောလိုက်သည်။
" ဒီနေ့ ရောက်လာမယ်ဆိုတာ သေချာလား။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။
" ဒီနေ့ရောက်လာနိုင်ပါတယ်။ " ထျန်းလင်းက တွေဝေစွာဖြင့် ပြောလိုက်သည်။
" တစ်ရက်လောက်ကတော့ စောင့်ပေးလို့ရပါတယ်။ ပြီးရင်တော့ ငါတို့ တိုက်ခိုက်ရတော့မယ်။ စတိုက်ခိုက်ပြီဆိုတာနဲ့ ချင်ဘုရင် အမိန့်ထုတ်ပြန်ရင်တောင် ငါ့ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" တော်ဝင်အမိန့်က အညံ့မခံဘူးဆိုရင် ချီစစ်သူကြီးတစ်ယောက်အနေနဲ့ ကျုပ်က တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ ဝူအန်းကျွင်းလက်ချက်နဲ့ သေရမယ်ဆိုရင် ကျုပ်အတွက် ဂုဏ်ယူစရာပါပဲ။ " ထျန်းလင်းက ပြောလိုက်သည်။
" ကောင်းပြီ။ " ကျောက်ဖုန်းက ထျန်းလင်းကို လေးစားစွာ ကြည့်လိုက်သည်။
ထိုအချိန်တွင် ချီစစ်တပ်၏ နောက်တွင်။
" တော်ဝင်သံတမန် ရောက်လာပြီ။ " ချီစစ်တပ်၏ နောက်မှ အော်ဟစ်သံ ထ်ိက်ပေါ်လာသည်။
အရာရှိတပ်ယောက်က မြင်းစီးစစ်သည်များနှင့် ရောက်လာသည်။
" တစ်ရက်စောင့်စရာမလိုတော့ဘူးထင်တယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
ထျန်းလင်းက စိုးရိမ်သွားသည်။ တော်ဝင်သံတမန်ရောက်လာပြီး အညံ့ခံရန် အမိန့်မပေးလျှင် ရလဒ်က တစ်ခုတည်းသာ ရှိသည်။ ကျောက်ဖုန်း၏ နောက်မှ စစ်သည်များကို အတွေ့အကြုံမရှိသော ချီစစ်သည်များက တားဆီးနိုင်မည်မဟုတ်ပေ။ စစ်ဖြစ်လာလျှင် ပျက်စီးရန် သေချာနေပြီဖြစ်သည်။ သူက ချီစစ်သည်သိန်းချီ၏ အသက်ကို ကယ်တင်ရန် ချီဘုရင်ကို အညံ့ခံစေချင်သည်။
တော်ဝင်သံတမန်က ရောက်လာပြီး ကျောက်ဖုန်းကို မြင်သောအခါ မြင်းပေါ်မှ ဆင်းပြီး ဦးညွှတ်လိုက်သည်။
" ချီသံတမန် ဟောက်လင်းက ဝူအန်းကျွင်းကို ဂါရဝပြုပါတယ်။ "
" ချီနိုင်ငံရဲ့ ဝန်ကြီးချုပ် ဟောက်ရှန်းရဲ့ မိသားစုကလား။ " ကျောက်ဖုန်းက ဟောက်လင်းကို ကြည့်လိုက်သည်။
" ဝူအန်းကျွင်းက ကျွန်တော်မိသားစုရဲ့ ဝန့ကြီးချုပ်ကို သိနေလိမလ့မယ်လို့ မထင်ထားဘူး။ ဝန်ကြီးချုပ်သာ ဒီအကြောင်းကိုသိရင် တကယ်စိတ်လှုပ်ရှားနေမှာ။ " ဟောက်လင်းက ပြောလိုက်သည်။
" စကားတွေ အများကြီးပြောဖို့ မလိုဘူး။ ချီဘုရင်က တိုက်မှာလား အညံ့ခံမှာလား ငါသိချင်တာ ဒါပဲ။ " ကျောက်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။
" ဝန်ကြီးချုပ်ရဲ့ တိုက်တွန်းမှုအပြီးမှာ ကျွန်တော်တို့ဘုရင်က အညံ့ခံဖို့ ဆန္ဒရှိသွားပါတယ်။ " ဟောက်လင်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဘယ်တော့လက်နက်ချမှာလဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး မေးလိုက်သည်။
" ချင်စစ်တပ်က ရောက်နေပြီမလို့ ချီနိုင်ငံရဲ့ နယ်စပ်ကို ဝင်လာနိုင်ပါပြီ။ " ဟောက်လင်းက လေးစားစွာဖြင့် ပြောလိုက်သည်။
" ကောင်းတယ်။ ဟွာရှလူမျိုးအချင်းချင်း သွေးမြေမကျတာ အကောင်းဆုံးပဲ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
စစ်ပွဲမဖြစ်လာသောကြောင့် အနည်းငယ် စိတ်ပျက်မိသော်လည်း ကျောက်ဖုန်းက ၎င်းကို ခန့်မှန်းထားပြီးသားဖြစ်သည်။ ချီဘုရင်သာ အညံ့မခံလျှင် သူ၏ မိသားစုတစ်ခုလုံးနှက့် ဘိုးဘေးခန်းမတွေပါ ဖျက်ဆီးပစ်မည်ဟု ပြောထားပြီးသားဖြစ်သည်။
" စစ်သူကြီးထျန်းလင်း အမိန့်နာခံပါ။ " ဟောက်လင်းက ထျန်းလင်းကို ကြည့်လိုက်သည်။
" ကျွန်တော်မျိုး အမိန့်ကို စောင့်နေပါတယ်။ " ထျန်းလင်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ချင်စစ်တပ်က ချီနိုင်ငံထဲဝင်လာရင် အနှောက်အယှက်မပေးရဘူး။ ချီနိုင်ငံကို စစ်ပွဲရဲ့ ဒုက္ခတွေကနေ ကင်းဝေးစေဖို့ ချင်နိုင်ငံကို အညံ့ခံဖို့ ငါဆုံးဖြတ်လိုက်တယ်။ချင်နိုင်ငံရဲ့ ဝူအန်းကျွင်းကို လင်းကျိမြို့ဆီ ခေါ်လာပြီး အညံ့ခံဖို့ကိစ္စ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ " ဟောက်လင်းက တော်ဝင်အမိန့်ကို ဖတ်လိုက်သည်။
" ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါတယ်။ " ထျန်းလင်းနှင့် ချီစစ်သည်များက ပြောလိုက်ကြသည်။
" လင်းကျိကို ဖတ်ခေါ်တာလား။ " ကျောက်ဖုန်းက ဟောက်လင်းကို ကြည့်လိုက်သည်။
" အရှင်မင်းကြီးက ဝူအန်းကျွင်း လင်းကျိမြို့ကို ကြွလာပြီး အညံ့ခံမယ့်ကိစ္စကို ဆွေးနွေးချင်ပါတယ်။ " ဟောက်လင်းက လေးစားစွာ ပြောလိုက်သည်။
" ဒါဆို ချီဘုရင်တောင်းဆိုတဲ့အတိုင်း ငါလုပ်ပေးရမှာပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" အရှင် သတိထားသင့်ပါတယ်။ " ကျန်းဟန်က ပြောလိုက်သည်။
" မလိုဘူး။ ချီဘုရင်က တကယ်အညံ့ခံချင်တာပဲ။ သူ ငါ့ကို တိုက်ခိုက်ရဲရင် ချင်နိုင်ငံရဲ့ စစ်သည်တစ်သန်းက သူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။ ပြီးတော့ ငါ့ရဲ့ စွမ်းအားနဲ့ ဘယ်သူက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။ ငါ ကိုယ်ရံတော်တပ်ဖွဲ့ကို ခေါ်သွားမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" နားလည်ပါပြီ။ " ကျန်းဟန်က ကျောက်ဖုန်း၏ စွမ်းအားကို တွေးမိပြီး ခေါင်းညိမ့်လိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့