← Chapters

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း (၄၆၅)

" ကျုပ် သမီးတွေက ဝူအန်းကျွင်းနဲ့ လက်ထပ်ခွင့်ရတာ သူတို့အတွက် ဂုဏ်ယူစရာပါ။ " ထျန်းကျန်းက ဝမ်းသာစွာ ပြောလိုက်သည်။

" ချီအရှင်မင်းကြီး ဒီလိုလုပ်တာက ချီနိုင်ငံ အညံ့ခံပြီးတဲ့နောက်မှ အရှင်မင်းကြီးက ချီအရှင်မင်းကြီးကို ပြန်ပြီး ပစ်မှတ်ထားမှာ စိုးရိမ်လို့ ဖြစ်မှာပါ။ ဒီကိစ္စနဲ့ ပက်သက်ပြီး စိတ်အေးအေးထားပါ။ ချီအရှင်မင်းကြီးက ချီနိုင်ငံနဲ့ အဆက်အသွယ်ဖြတ်ပြီး ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာနဲ့ နေသွားရင် အရှင်မင်းကြီး ဘယ်တော့မှ ထိခိုက်အောင်လုပ်မှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျုပ်စိတ်ထဲမှာသာ အစီအစဉ်တွေရှိရင် ချင်နိုင်ငံကို အညံ့ခံမှာမဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ ကျုပ်က ငြိမ်းချမ်းတဲ့ဘဝကိုပဲ လိုချင်ပါတယ်။ " ထျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။

ရှန်းယန်၊ ညီလာခံခန်းမ။

" အရှင်မင်းကြီး ဝူအန်းကျွင်းက အစီရင်ခံစာပို့လိုက်ပါတယ်။ " သတင်းပို့သူတစ်ယောက်က အစီရင်ခံစာကိုင်ပြီး ခန်းမထဲသို့ ဝင်ရောက်လာသည်။

" ဖတ်ပြပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

အရာရှိများ၏ အကြည့်တိုင်းလည်း သတင်းပို့သူဆီသို့ ရောက်သွားကြသည်။ လူတိုင်းက မျှော်လင့်ချက်များ ပြည့်နှက်နေကြသည်။ သူတို့က သမိုင်းဝင်အခိုက်အတန့်ကို မြင်တွေ့ရတော့မည်ဖြစ်သည်။ ကမ္ဘာကြီးကို စုစည်းခြင်း။ ရှန်းကျိုးနယ်မြေတွင် ချီနှင့်ချင်သာ ကျန်တော့ပြီး ချီနိုင်ငံက အညံ့ခံလိုက်လျှင် ရှန်းကျိုးနယ်မြေတစ်ခုလုံးကို ချင်က ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ချင်နိုင်ငံက သမိုင်းသစ်တစ်ခုကို ရေးဆွဲတော့မည်ဖြစ်သည်။

" အမိန့်အတိုင်းပါ။ " သတင်းပို့သူက စိတ်လှုပ်ရှားသွားပြီး အစီရင်ခံစာကို ဖြန့်လိုက်သည်။

" ကျွန်တော်မျိုး ကျောက်ဖုန်း အစီရင်ခံပါတယ်။ ချီဘုရင်က ချင်နိုင်ငံကို အညံ့ခံဖို့ ဆန္ဒရှိကြောင်း နိုင်ငံတော်စာတမ်းကို ထုတ်ပေးလိုက်ပါပြီ။ ဒီနေ့ပဲ ကျွန်တော်မျိုးက ကိုယ်ရံတော်တွေနဲ့အတူ ချီနိုင်ငံရဲ့ လင်းကျိမြို့တော်ကို ဝင်ရောက်ပြီး ချီဘုရင်နဲ့ နိုင်ငံရေးလွှဲပြောင်းမှုကို ဆွေးနွေးခဲ့ပါတယ်။ အရှင်မင်းကြီးအနေနဲ့ ချီနယ်မြေကို ထိန်းချုပ်ဖို့ အရာရှိတွေ စေလွှတ်ပေးပါ။ ချီနိုင်ငံက ပျက်စီးသွားပါပြီ။ အခုကစပြီး ရှန်းကျိုးနယ်မြေမှာ ချင်နိုင်ငံပဲ ကျန်ပါတော့တယ်။ " သတင်းပို့သူက ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

လူအတိုင်းက ၎င်းကို ကြိုသိထားကြသော်လည်း ထိုအခိုက်အတန့်တွင် အားလုံးက စိတ်လှုပ်ရှားသွားကြသည်။ ရှန်းကျိုးနယ်မြေတစ်ခုလုံးက စုစည်းသွားခဲ့ပြီဖြစ်သည်။ ရင်ကျန့်၏ ရည်မှန်းချက်များနှင့် သူတို့၏ ထောက်ပံ့များများအောက်တွင် ချင်နိုင်ငံက ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့ပြီဖြစ်သည်။

" အရမ်းကောင်းတယ်။ ကမ္ဘာကြီးကို စုစည်းနိုင်သွားပြီ။ ချင်နိုင်ငံကို အရှေ့ကို ချီတက်ပြီး ကမ္ဘာကြီးကို စုစည်းခဲ့တယ်။ အရင်ချင်ဘုရင်တွေနဲ့ မျိုးဆက်ပေါင်းများစွာရဲ့ ရည်မှန်းချက်ကို နောက်ဆုံးမှာ အကောင်အထည်ဖော်နိုင်ခဲ့ပြီ။ "

" ဒီနေ့ကစပြီး စစ်ပွဲတွေနဲ့ ရှုပ်ထွေးမှုတွေ ရှိတော့မှာ မဟုတ်တော့ဘူး။ ငါတို့ ချင်နိုင်ငံက ခေတ်အဆက်ဆက် ပြိုင်ဘက်မရှိတဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့တယ်။ "

" အရှင်မင်းကြီးရဲ့ ဂုဏ်ကျေးဇူးက ကြီးမားလှပါတယ်။ "

" ချင်နိုင်ငံရဲ့ စည်းလုံးမှုက နှစ်ပေါင်းများစွာ တည်တံ့နေလိမ့်မယ်။ အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ "

အရာရှိများအားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ ချင်နိုင်ငံက ကမ္ဘာကြီးကို စည်းလုံးနိုင်ခဲ့ပြီဖြစ်သောကြောင့် သူတို့အားလုံးက အလွန်ဝမ်းမြောက်နေကြသည်။ ယခုအချိန်တွင် ရင်ကျန့်က မျိုးဆက်ပေါင်းများစွာ မျှော်လင့်ခဲ့သော ‌အောင်မြင်မှုကို ရယူနိုင်ခဲ့သည်။ သမိုင်းတစ်လျှောက် သူတို့၏ ဂုဏ်သတင်းကလည်း ကျော်ကြားနေမည်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီသောင်းချီကြာသည့်တိုင်အောင် ယနေ့ကို မှတ်မိနေကြပေလိမ့်မည်။ ကမ္ဘာကြီးကို စုစည်းရာတွင် သူတို့အားလုံးလည်း ပါဝင်ခဲ့ကြသည်။

အရာရှိများ၏ ဂုဏ်ပြုသံများကြားတွင် ရင်ကျန့်က စိတ်လှုပ်ရှားနေပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ပလ္လင်ပေါ်မှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး သူ၏ လက်များကို ဆန့်ထုတ်လိုက်သည်။

" ဟားဟားဟားဟား နိုင်ငံအားလုံး ပျက်စီးသွားပြီ။ ချင်နိုင်ငံက ကမ္ဘာကြီးကို စည်းလုံးစေခဲ့ပြီ။ ငါ ဒါကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ။ " ရင်ကျန့်က ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

" အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ ချင်နိုင်ငံ နှစ်ပေါင်းတစ်သောင်း တည်တံ့ပါစေ။ " အရာရှိများအားလုံးက ရင်ကျန့်ကို ဦးညွှတ်ပြီး အော်ဟစ်လိုက်ကြသည်။

" ခေတ်အဆက်ဆက်က ဘိုးဘေးတွေနဲ့ အုပ်ချုပ်သူတို့ သွေးနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ ချင်စစ်သည်တို့ ငါ ရင်ကျန့်က မင်းတို့ရဲ့ ယုံကြည်မှုကို မပျက်စေခဲ့ဘူး။ ချင်နိုင်ငံက ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့ပြီ။ ဒီနေ့ကစပြီး ဟွာရှလူမျိုးတွေက စစ်ပွဲတွေ ရှုပ်ထွေးမှုတွေနဲ့ ထပ်ပြီး မကြုံတွေ့နိုင်တော့ဘူး။ ဒီနေ့ကစပြီး ရှန်းကျိုးနယ်မြေမှာ ချင်နိုင်ငံရဲ့ အမွေအနှစ်က ထာဝရတည်တံ့နေလိမ့်မယ်။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" တုန်အာ ‌နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ။ " ရင်ကျန့်၏ စိတ်ထဲတွင် ပို၍ မျှော်လင့်နေခဲ့သည်။ အားလုံးရှေ့တွင် သူ၏ ဇနီးနှင့် သူ၏ သားသမီးများကို ကြေညာရန်ဖြစ်သည်။

" ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့တာ ငါတစ်ယောက်တည်း လုပ်ခဲ့တာမဟုတ်ဘူး။ ချင်နိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေနဲ့ စစ်သည်တစ်သန်းရဲ့ ‌ကျေးဇူးကြောင့်ပဲ။ မင်းတို့အားလုံးက ချင်နိုင်ငံရဲ့ အကျိုးပြုသူတွေပဲ။ ချင်နိုင်ငံက မင်းတို့ရဲ့ အကျိုးဆောင်မှုကို ဘယ်တော့မှ မမေ့ဘူး။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။ ချင်နိုင်ငံ နှစ်ပေါင်းတစ်သောင်း တည်တံ့ပါစေ။ " အရာရှိအားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

" ချီနိုင်ငံက အညံ့ခံလိုက်ပြီဖြစ်လို့ ဝူအန်းကျွင်းကို ချီနိုင်ငံက စစ်တပ်တွေအားလုံးကို ချင်နိုင်ငံရဲ့ တပ်ဖွဲ့ထဲကို ပြန်ဖွဲ့စည်းပြီး ယန်နယ်မြေရဲ့ မြောက်ဘက်နယ်စပ်မှာ တပ်စွဲထားပါ။ ပြီးရင် မြို့တော်ကို ချက်ချင်းပြန်လာခဲ့ရမယ်။ ပြီးတော့ ဟန်ဖေးနဲ့ ဟွိုက်ကျွမ်း ချီနိုင်ငံကို အုပ်ချုပ်ဖို့ အရည်အချင်းရှိတဲ့ အရာရှိတွေကို ‌ရွေးချယ်ပါ။ " ရင်ကျန့်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဟန်ဖေးနှင့် ဟွိုက်ကျွမ်းတို့က ချက်ချင်း ပြန်ပြောလိုက်ကြသည်။

ထိုအချိန်တွင် ဝမ်ကျန့်၏ စိတ်ထဲ၌လည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ " ကမ္ဘာကြီးကို စုစည်းပြီးသွားပြီ။ ကျောက်ဖုန်းရဲ့ အဆင့်အတန်းကို ပြန်ပေးတော့မယ်။ နောက်ဆုံးမှာ ငါစောင့်မျှော်ခဲ့တဲ့နေ့ကို ရောက်လာခဲ့ပြီ။ ကျောက်ဖုန်းက ချင်နိုင်ငံရဲ့ အကြီးဆုံးမင်းသားဖြစ်လာပြီး အိမ်ရှေ့စံမင်းသားဖြစ်လာလိမ့်မယ်။ ယန်အာကလည်း အိမ်ရှေ့စံကတော်ဖြစ်လာလိမ့်မယ်။ ငါတို့ဝမ်မိသားစုက အနာဂတ်မှာ မိဖုရားခေါင်ကြီး ထွက်ပေါ်လာလိမ့်မယ်။ "

" ကမ္ဘာကြီးကို စုစည်းပြီးသွားပြီ။ ဝူအန်းကျွင်းရဲ့ အဆင့်အတန်းကို ပြန်ပေးတော့မယ်။ ယောင်အာက တကယ်ကံကောင်းတာပဲ။ မင်းသမီးတစ်ပါးနဲ့ လက်ထပ်ရတော့မယ်။ ဒီနောက်ပိုင်းမှာ ငါတို့ လီမိသားစုကလည်း တိုးတက်လာလိမ့်မယ်။ " လီစီကလည်း စိတ်လှုပ်ရှားနေသည်။ နန်းတွင်းတစ်ခုလုံးတွင် ဝမ်ကျန့်နှင့် လီစီသာ ကျောက်ဖုန်း၏ အဆင့်အတန်းကို သိကြသည်။

" စဉ်းစားကြည့်ရင် ဝမ်ကျန့်ကလည်း ဝူအန်းကျွင်းရဲလ အဆင့်အတန်းကို သိသင့်တယ်မဟုတ်လား။ " လီစီက ထိုသို့တွေးရင် သူ၏ အကြည့်က ဝမ်ကျန့်ဆီသို့ ရောက်သွားသည်။

လီစီ၏ အကြည့်ကို ခံစားမိပြီးနောက် ဝမ်ကျန့်က ပြန်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။ သူတိုဘ အကြည့်ချင်းဆုံမိသောအခါ ဝမ်ကျန့်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။

" လီစီရဲ့ အကြည့်က ဘာကိုဆိုလိုတာလဲ။ သူကလည်း ​ကျောက်ဖုန်းရဲ့ အဆင့်အတန်းကို သိနေတာလား။ " ဝမ်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။

" ကြည့်ရတာ ဝမ်ကျန့်က သိပြီးသားထင်တယ်။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးက သူ့ကို ပြောပြထားမှာပဲ။ " လီစီက စိတ်ထဲမှ တွေးလိုက်သည်။

" လီစီနဲ့ သူ့သား ကျောက်ရင်နဲ့ လက်ထပ်ဖို့ ခွင့်ပြုချက်တောင်းတဲ့အချိန်မှာ အရှင်မင်းကြီးက ကျောက်ဖုန်းရဲ့ အဆင့်အတန်းကို ပြောလိုက်တာထင်တယ်။ " ဝမ်ကျန့်ကလည်း တွေးလိုက်သည်။

ညီလာခံပြီးသောအခါ ချီနယ်မြေကို အုပ်ချုပ်မည့်သူများကို တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ အရာရှိများက တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။ သို့သော် အစေခံအချို့က ဝန်ကြီးအချို့ဆီသို့သွားပြီး သတင်းစကားတစ်ခု ပြောလိုက်ကြသည်။

မကြာမီ ကျန်းထိုင်နန်းဆောင်ထဲတွင် ဝန်ကြီးအချို့ စုဝေးနေကြသည်။ ဝမ်ကျန့်နှင့် ဟွမ်ယိတို့ကလည်း ရောက်နေကြပြီး မုန့်ဝူကတော့ မြောက်ဘက်နယ်စပ်တွင် တပ်စွဲထားတုန်းဖြစ်သည်။ သူတို့အပြင် ဟန်ဖေး၊ ယွီလျောင်၊ ကျန်းကော၊ ဖုန်းချွီကျိ၊ ဖုန်းကျဲ၊ လီစီ ထိုဝန်ကြီးအားလုံး စုဝေးနေကြသည်။

သူတို့က တရားရုံးတွင် အာဏာအရှိဆုံးသူများ ဖြစ်ကြပြီး တူညီသော အချက်တစ်ချက်လည်းရှိနေသည်။ သူတို့က ဘယ်မင်းသားကိုမှ မထောက်ခံဘဲ အာဏာလုပွဲများတွင်လည်း မပါဝင်ခဲ့ကြပေ။

" အားလုံးရောက်ပြီလား။ " ရင်ကျန့်က ဝန်ကြီးများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

" အရှင်မင်းကြီး အားလုံးရောက်ပါပြီ။ " ကျောက်ကောင်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။

" ခန်းမအပြင်ဘက်မှာစောင့်နေ။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ အနားမကပ်စေနဲ့။ " ရင်ကျန့်က တည်ငြိမ်စွာဖြင့် အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

" မင်းတို့ကို ဘာလို့ခေါ်လိုက်လဲဆိုတာ သိလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ မသိပါဘူး။ " ဝမ်ကျန့်နှင့် လီစီတို့မှလွဲ၍ အခြားသူများက ပြောလိုက်ကြသည်။

" မင်းတို့အားလုံး တူညီတဲ့အချက်ကို သတိမထားမိကြဘူးလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

သူတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ယွီလျောင်က တစ်စုံတစ်ခုကို နားလည်သွားသည်။

" အရှင်မင်းကြီးဆိုလိုတာက ကျွန်တော်မျိုးတို့ ဘယ်အဖွဲ့မှမပါဝင်ခဲ့တာကို ပြောတာလား။ " ယွီလျောင်က ပြောလိုက်သည်။

ဝန်ကြီးများကလည်း ချက်ချင်း နားလည်သွားကြသည်။ သူတို့အားလုံးက ဘယ်မင်းသားကိုမှ မထောက်ခံခဲ့ကြပေ။ သူတို့တစ်ယောက်ချင်းစီက အာဏာအရှိဆုံးလူများဖြစ်ကြပြီး သူတို့ကိုယ်တိုင်မရွေးချယ်သရွေ့ ဘယ်သူမှ သူတို့ကို အတင်းအကျပ်လုပ်၍မရပေ။

" ယွီချင်းက တကယ် ကွေ့ကူကျိရဲ့ တပည့်ဖြစ်ထိုက်ပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရှင်သန်ခြင်းဆီသို့

All Chapters