အခန်း ၄၆၆
Vol. 47 Ch. 466
အခန်း (၄၆၆)
"အရှင်မင်းကြီး အာဏာဆိုတာ အရှင်မင်းကြီးပေးမှရတာကို ကျွန်တော်မျိုးတို့အားလုံး သိကြပါတယ်။ ချင်နိုင်ငံရဲ့ အိမ်ရှေ့စံကိုလည်း အရှင်မင်းကြီးပဲ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်မျိုးတို့က ချင်နိုင်ငံကို သစ္စာရှိတာပါ။ ကျွန်တော်မျိုးတို့ရဲ့ အရှင်မင်းကြီးကိုလည်း ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ပါဘူး။ " ဖုန်းချွီကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့လည်း အဲ့ဒီလိုပဲ စဉ်းစားပါတယ်။ ကျွန်တော်မျိုးတို့က ဘယ်မင်းသားနောက်မှမလိုက်ပါဘုး။ အရှင်မင်းကြီး အိမ်ရှေ့စံမင်းသားကို ရွေးချယ်ပြီးတဲ့အခါ ကျွန်တော်မျိုးတို့က သေတဲ့အထိ အမှုထမ်းပါမယ်။ " အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။
" ဒီနေ့ မင်းတို့ကို ခေါ်လိုက်ရတာက မင်းတို့က ဘယ်အုပ်စုမှ မပါဝင်ဘဲ ငါ့အပေါ် သစ္စာရှိကြလို့ပဲ။ ဒါကြောင့် ဒီနေ့ မင်းတို့ကို ကိစ္စတစ်ခုပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ ချင်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားနဲ့ ပက်သက်တဲ့ ကိစ္စပဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
ခန်းမထဲမှ လူအားလုံး၏ အမူအရာများက လေးနက်သွားကြသည်။
" တကယ်တော့ ငါ့မှာ ပြည်သူတွေကြားမှာ ကြီးပြင်းလာတဲ့ အကြီးဆုံးသားတော်တစ်ယောက်ရှိတယ်။ အတိတ်တုန်းက ငါ့ဇနီး တုန်အာနဲ့ မွေးခဲ့တဲ့ သားပဲ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" အရှင်မင်းကြီးက အဲ့ဒီသားတော်ကို အိမ်ရှေ့စံလုပ်ဖို့ ရည်ရွယ်ထားတာလား။ " ဟန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" ကျွန်တော်မျိုးအမြင်အရ ဒါက မဖြစ်နိုင်ဘူး။ " ယွီလျောင်က ဖြတ်ပြောလိုက်သည်။
" ဘာလို့မဖြစ်နိုင်တာလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" သာမန်လူတွေကြားက မင်းသားက တော်ဝင်ထုံးတမ်းစဉ်လာတွေကို မသင်ယူခဲ့ရတဲ့အပြင် အုပ်ချုပ်ရေးနဲ့ စစ်ရေးအကြောင်းလည်း နားလည်မှာ မဟုတ်ဘူး။ အိမ်ရှေ့စံအဖြစ် ခန့်အပ်လိုက်ရင် နိုင်ငံက ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံတွေ့နိုင်ပါတယ်။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။
သာမန်လူများကြားမှ အကြီးဆုံးသားတော်အကြောင်းကို ကြားလိုက်ရသောအခါ ဟန်ဖေးနှင့် ယွီလျောင်တို့က ထိုအချက်ကို ချက်ချင်း တွေးမိလိုက်ကြသည်။ ဘာမှမသိသော လူတစ်ယောက်ကို အုပ်ချုပ်ခိုင်းလျှင် နန်းတွင်း၌ ကြီးမားသော ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး ကမ္ဘာကြီးက ရှုပ်ထွေးသွားပေလိမ့်မည်။ သို့သော် ဝန်ကြီးများက မိန်းကလေးတုန်အာနှင့် ပက်သက်၍ အနည်းငယ် သိထားကြသောကြောင့် ဘယ်သူမှ စကားများများ မပြောကြပေ။
" ငါက အခု အထွတ်အထိပ်မှာ ရှိနေပေမယ့် နောက်ဆုံးမှာ သက်တမ်းကုန်ဆုံးရမယ့်အချိန် ရောက်လာမှာပဲ။ ငါ့ရဲ့ အကြီးဆုံးသားတော်က ဒီတာဝန်ကို မယူနိုင်ဘူးဆိုရင် ဘယ်သူယူနိုင်မယ်လို့ မင်းတို့ထင်သလဲ။ " ရင်ကျန့်က ပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်သည်။
" ဒါက အရှင်မင်းကြီးကိုယ်တိုင် ပျိုးထောင်မှသာ ဘယ်မင်းသားက ဘုရင်ဖြစ်ဖို့ သင့်တော်တယ်ဆိုတာ သိလာမှာပါ။ " ဟန်ဖေးက ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ အရှင်မင်းကြီးက အထွတ်အထိပ်မှာ ရှိနေပြီး ကမ္ဘာကြီးကို စုစည်းပြီးသွားပြီဆိုတော့ ဆက်ခံသူတစ်ယောက်ကို သေချာပေါက် ပျိုးထောင်နိုင်ပါလိမ့်မယ်။ အရှင်မင်းကြီးရဲ့ သင်ကြားမှုနဲ့ဆိုရင် ဆက်ခံသူက အရည်အချင်းရှိလာမှာ သေချာပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" အရှင်မင်းကြီး သေချာစဉ်းစားဖို့ တောင်းဆိုချင်ပါတယ်။ " ဝန်ကြီးများအားလုံးက ရင်ကျန့်ကို ဦးညွှတ်ပြီး ပြေလိုက်ကြသည်။
ရင်ကျန့်က ဒေါသမထွက်သည့်အပြင် သူ၏ မျက်နှာပေါ်မှ အပြုံးက ပို၍ တောက်ပလာသည်။ သူတို့ ဆန့်ကျင်ပြောဆိုနေချိန်မှာ ရင်ကျန့်က ဘာကြောင့်ပြုံးနေရလဲဆိုတာ နားမလည်ဘဲ အားလုံးက ရင်ကျန့်ကို အံ့ဩစွာ ကြည့်နေကြသည်။
" ငါ့သားက ကျောက်ဖုန်းဆိုရင်ရော မင်းတို့ ဘာပြောမလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဝန်ကြီးများက ထိတ်လန့်သွားကြပြီး ရင်ကျန့်ကို ကြည့်လိုက်ကြသည်။ အထူးသဖြင့် ဟန်ဖေးပင် ဖြစ်သည်။
" အရှင်မင်းကြီး ဒါက မဖြစ်နိုင်ဘူးမလား။ ကျောက်ဖုန်းက ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့ သားတော် ဖြစ်နိုင်မှာလဲ။ သူက ရှန်းယန်နဲ့ မိုင်ထောင်ချီဝေးတဲ့ ရှချူးမှာ ကြီးပြင်းလာတာလေ။ " ဟန်ဖေးက အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။
" အရှင်မင်းကြီး ဝူအန်းကျွင်းရဲ့ မိခင်က အဲ့ဒီတုန်းက မိန်းကလေးရှဖြစ်နေတာလား။ " ဟွမ်ယိကလည်း အံ့ဩစွာ မေးလိုက်သည်။
" မှန်တယ်။ ကျောက်ဖုန်း၊ ကျောက်ရင် တုန်အာက ငါ့အတွက် အမွှာနှစ်ယောက်ကို မွေးပေးခဲ့တယ်။ တုန်အာ ရှန်းယန်က ထွက်ပြေးသွားတော့ ငါ့ရဲ့ ကိုယ်ဝန်လွယ်ထားခဲ့တယ်။ သူတို့ ငါ့ဆီပြန်ရောက်လာတာ ကောင်းကင်အလိုတော်ဖြစ်မယ်ထင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်ဝမ်ကျန့် ခဗျား အစကတည်းက သိနေတာလား။ " ဟန်ဖေးက အလွန်တည်ငြိမ်နေသော ဝမ်ကျန့်ကို ကြည့်ပြီး မနေနိုင်တော့ဘဲ မေးလိုက်သည်။
" ဟားဟား အရှင်မင်းကြီးရဲ့ ယုံကြည်မှုကြောင့် ငါက အစကတည်းက သိနေခဲ့တာပဲ။ " ဝမ်ကျန့်က ပြုံးပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
" ဒီလူအိုကြီး အံ့ဩစရာတွေဖြစ်လာဦးမှာလို့ အမြဲတမ်းပြောနေတာ ဒါကြောင့်ကိုး။ ဝူအန်းကျွင်းက အရှင်မင်းကြီးရဲ့ သားတော်ဖြစ်နေတယ်။ " ဟွမ်ယိကလည်း အလွန်တုန်လှုပ်နေသည်။
" လီစီ မင်းလည်း သိနေတာလား။ " ယွီလျောင်၏ အကြည့်က လီစီဆီသို့ ရောက်သွားသည်။
" မကြာသေးခင်က ကျုပ်သားနဲ့ ဝူအန်းကျွင်းရဲ့ ညီမတို့ လက်ထပ်ပွဲအတွက် အရှင်မင်းကြီးဆီက ခွင့်ပြုချက်လာတောင်းခဲ့တယ်။ အဲ့ဒီနေ့က အရှင်မင်းကြီးက ကျုပ်ကို ပြောပြခဲ့ပါတယ်။ " လီစီက ကျေနပ်စွာ ပြုံး၍ ပြောလိုက်သည်။
" ဝန်ကြီးတို့ ငါက အကြီးဆုံးသားတော်ကို အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ဖို့ စဉ်းစားထားတာကို အခု ကန့်ကွက်စရာရှိသေးလား။ " ရင်ကျန့်က ထပ်မေးလိုက်သည်။
" ဝူအန်းကျွင်းက ထူးချွန်တယ်။ အရပ်ဘက်နဲ့ စစ်ဘက်မှာပါ အရည်အချင်းရှိတာမလို့ အိမ်ရှေ့စံဖြစ်ဖို့ သင့်တော်ပါတယ်။ " ဟန်ဖေးက ချက်ချင်းပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ ဝူအန်းကျွင်းက ဒီတာဝန်းကို ယူနိုင်ပါတယ်။ ချင်နိုင်ငံက စည်းလုံးသွားပြီ။ အရှင်မင်းကြီးက ခေတ်သစ်တစ်ခုကို တည်ထောင်နိုင်ခဲ့ပြီ။ ဒါပေမယ့် အနာဂတ်မှာ တည်ငြိမ်မှုကို သေချာစေဖို့ အရည်အချင်းရှိတဲ့ ဆက်ခံသူကို လိုအပ်ပါတယ်။ ဝူအန်းကျွင်းက ဒါကို လုပ်နိုင်လိမ့်မယ်။ သူသာရှိရင် ချင်နိုင်ငံရဲ့ ကံကြမ္မာက ပျက်စီးမှာ မဟုတ်ဘူး။ ဝူအန်းကျွင်းကို အိမ်ရှေ့စံအဖြစ် ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။ " ယွီလျောင်ကလည်း ချက်ချင်း ပြောလိုက်သည်။
" ဝူအန်းကျွင်းကို အိမ်ရှေ့စံအဖြစ် ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်။ " ဖုန်းချွီကျိ၊ ဖုန်းကျဲနှင့် ဟွမ်ယိတို့ကလည်း ပြောလိုက်ကြသည်။
ဝမ်ကျန့်နှင့် လီစီတို့က ပြောစရာမလိုပေ။ တစ်ယောက်က ကျောက်ဖုန်း၏ ယောက္ခမဖြစ်ပြီး နောက်တစ်ယောက်က ကျောက်ဖုန်း ညီမ၏ အနာဂတ် ယောက္ခမဖြစ်သည်။ ကျောက်ဖုန်း ချင်နိုင်ငံ၏ အိမ်ရှေ့စံဖြစ်လာခြင်းက ထိုနေရာတွင်ရှိသူတိုင်း၏ အကျိုးစီးပွားနှင့် ကိုက်ညီပေသည်။ သို့သော် ကျောက်ဖုန်း၏ အဆင့်အတန်းကို ကြေညာလိုက်သည်နှင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားကြပေလိမ့်မည်။
" အစောက မင်းတို့ပဲ ကန့်ကွက်ခဲ့ကြတာမဟုတ်လား။ အခုကျ ဘာလို့ ထောက်ခံနေကြတာလဲ။ " ရင်ကျန့်က အားလုံးကို ပြုံး၍ ကြည့်လိုက်သည်။
" အရှင်မင်းကြီး ဝူအန်းကျွင်းက အရှင်မင်းကြီးရဲ့ အကြီးဆုံးသားတော်လို့ အစောကတည်းက ပြောရင် ကျွန်တော်မျိုးတို့က အစောကတည်းက ထောက်ခံမှာပါ။ အရှင်မင်းကြီးကကို လျို့ဝှက်လွန်းပါတယ်။ " ဟန်ဖေးက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" ဟုတ်ပါတယ်။ ဝူအန်းကျွင်းရဲ့ အရည်အချင်းနဲ့ ပက်သက်ပြီး သံသယဝင်စရာမရှိပါဘူး။ သူရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်နိုင်စွမ်းကလည်း ထူးချွန်တယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း အရှင်မင်းကြီး တစ်ခုနှစ်ခု သင်ပေးလိုက်ရင် သူက သေချာပေါက် နားလည်သွားမှာပါ။ " ယွီလျောင်က ပြုံး၍ ပြောလိုက်သည်။
" ယွီချင်း မင်းတစ်ခါ ပြောဖူးတယ်။ ကမ္ဘာကြီးကို စုစည်းပြီးသွားရင် ကွေ့ကူကို ပြန်သွားပြီး အနားယူမယ်။ အခု ငါမင်းကို ထပ်ပြီး မေးချင်နယ်။ ဖုန်းအာသာ ချင်နိုင်ငံရဲ့ အိမ်ရှေ့စံဖြစ်လာရင် မင်း ဆက်နေပေးဖို့ ဆန္ဒရှိမလား။ " ရင်ကျန့်က ယွီလျောင်ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုး ကွေ့ကူက ထွက်လာတုန်းက ကမ္ဘာကြီး စုစည်းပြီးသွားရင် ကွေ့ကူကို ပြန်လာမယ်လို့ ဆရာကို ကတိပေးခဲ့ပါတယ်။ " ယွီလျောင်က ခက်ခဲစွာ ပြောလိုက်သည်။
" အနာဂတ်မှာ မင်းဆရာကလည်း တောင်ပေါ်က ဆင်းလာပြီး ချင်နိုင်ငံကို လာလိမ့်မယ်လို့ပြောရင် မင်း ယုံမလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဘယ်လို.... " ယွီလျောင်က မျက်လုံးပြူးသွားသည်။
" ဒါက ဖုန်းအာကိုယ်တိုင်ပြောခဲ့တာပဲ။ " ရင်ကျန့်က ထပ်ပြောလိုက်သည်။
" ကျွန်တော်မျိုးရဲ့ဆရာ တောင်ပေါ်က ဆင်းလာမယ်ဆိုရင်တော့ ကျွန်တော်မျိုးက ချင်နိုင်ငံမှာပဲ ဆက်နေမှာပါ။ " ယွီလျောင်က ပြုံး၍ ပြန်ပြောလိုက်သည်။
" သဘောတူညီမှုရပြီပေါ့။ " ရင်ကျန့်က ပြုံးလိုက်သည်။
" ဝူအန်းကျွင်းက သူ့အဆင့်အတန်းကို မသိသေးဘူးလား။ " ယွီလျောင်က မေးလိုက်သည်။
" ငါက သူမိခင်နဲ့တော့ တွေ့ပြီးပြီ။ ဖုန်းအာတို့ မောင်နှမနှစ်ယောက်ကတော့ မသိသေးဘူး။ ဝန်ကြီးတို့ ဒီကိစ္စကို ဘယ်သူကိုမှ မပြောပါနဲ့။ အချိန်ကျရင် ငါ တစ်ကမ္ဘာလုံးသိအောင် ကြေညာမှာပါ။ ပြီးတော့ ဖုန်းအာ သူ့အဆင့်အတန်းကို သိသွားတဲ့အခါ သူရဲ့ အမူအရာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ မင်းတို့ ဒီကောင်လေးကို မသိလို့။ သူက ချူနိုင်ငံကို သိမ်းပိုက်ပြီးရင် ပိုင်ယွဲ့ကို တိုက်ခိုက်ပြီး အဲ့ဒီမှာ တပ်စွဲထားချင်တယ်လို့ ပြောခဲ့တယ်။ ဒါက ဒေါသထွက်စရာကောင်းတယ် မဟုတ်လား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
အချိန်များ ကုန်လွန်သွားခဲ့သည်။ ကျောက်ဖုန်းတို့ ယာဉ်တန်းက ရှန်းယန်သို့ ပြန်လာနေပြီဖြစ်သည်။ ကျောက်ဖုန်းက မြင်းမစီဘဲ ရထားလုံးထဲတွင် ထိုင်နေသည်။ ထိုယာဉ်တန်းထဲတွင် ချီဘုရင်နှင့် သူ၏ မိသားစုများလည်း ပါဝင်သည်။ ကျောက်ဖုန်းက မျက်လုံးများ မှိတ်ထားပြီး သူ၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်လေးထဲသို့ ရောက်နေသည်။
" ကမ္ဘာငယ် ထပ်ပြီး တိုးတက်ဖို့ ဘာတွေလိုအပ်မလဲ မသိဘူး။ စိတ်ဝိညာဉ်ကျောက်တုံးတွေလား။ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေလား။ စိတ်ဝိညာဉ်သွေးကြောတစ်ခုခုလား။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ ကမ္ဘာငယ်က တဖြည်းဖြည်းနှင့် အစစ်အမှန်ကမ္ဘာသို့ ပြောင်းလဲလာပြီဖြစ်သည်။
" ထားလိုက်တော့ ငါနားမလည်သေးဘူး။ ဖြည်းဖြည်းချင်းပဲ တိုးတက်ပါစေတော့။ " ကျောက်ဖုန်းက ဤရက်ပိုင်းအတွင်း ကျင့်ကြံခြင်းအပြင် ကမ္ဘာငယ်၏ ပြောင်းလဲမှုများကို စောင်ကြည့်နေခဲ့သော်လည်း ဘာမှ ထူးမလာခဲ့ပေ။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့