← Chapters

အခန်း ၄၆၈

Vol. 47 Ch. 468

အခန်း ၄၆၈

Vol. 47 Ch. 468

အခန်း (၄၆၈)

" ထိုင်တောင်အထမ်းအနား၊ ကောင်းကင်ဘုံကို ပူဇော်မယ်။ ငါ့ရဲ့ အောင်မြင်မှုတွေကို ကောင်ကင်ဘုံက သိရှိစေရမယ်။ " ရင်ကျန့်က စိတ်လှုပ်ရှားသွားသည်။

" ထိုင်တောင်အခမ်းအနားကျရင် တူန်အာနဲ့ ဖုန်းအာတို့ မောင်နှမကိုလည်း ခေါ်သွားရမယ်။ ထိုက်တောင်ထိပ်မှာ သူတို့ရဲ့ အဆင့်အတန်းကို ကြေညာမယ်။ မိဖုရားနဲ့ အိမ်ရှေ့စံကို တိုက်ရိုက်ခန့်အပ်မယ်။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။

" ထိုက်တော်အခမ်းအနာ ငါ တကယ်ပဲ စိတ်ဝင်စားတယ်။ ဒီကိစ္စကို ဝန်ကြီးချုပ်ဟန်က ကြီးကြပ်ရမယ်။ ထိုက်တောင်ကို သွားမယ့်လမ်းကို ဖွင့်လှစ်ဖို့နဲ့ ပူဇော်မယ့်နေရာကို တည်ဆောက်ဖို့ ငါမင်းကို နှစ်လ အချိန်ပေးမယ်။ ငါ့ရဲ့ အောင်မြင်မှုကို ကောင်ကင်ဘုံနဲ့ နတ်ဘုရားတွေအားလုံး သိစေရမယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ဟန်ဖေးက ဝမ်းသာစွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတိ ကျွန်တော်မျိုးမှာ လျှောက်တင်စရာတစ်ခု ရှိပါသေးတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဝူအန်းကျွင်းက ဘာထပ်ပြောချင်သေးလဲ။ " ရင်ကျန့်က ပြုံးလိုက်သည်။

" ချီနိုင်ငံက ပျက်စီးသွားပြီး ကမ္ဘာကြီးက တည်ငြိမ်နေပုံရပေမယ့် အန္တရာယ်တွေ ရှိနေပါသေးတယ်။ မြောက်ဘက်နယ်စပ်မှာ ရှုံးနု၊ တုန်ဟူနဲ့ အခြားတိုင်းတစ်ပါးမျိုးနွယ်စုတွေက စောင့်ကြည့်နေကြပါတယ်။ တောင်ဘက်မှာ ပိုင်ယွဲ့က နယ်စပ်ကို မကြာခဏ ဖြတ်ကျော်ပြီး ပြည်သူတွေကို သတ်ဖြတ်နေပါတယ်။ "

" ထိုင်တောင်အခမ်းအနားပြီးရင် ပိုင်ယွဲ့ကို စစ်ချီဖို့ တောင်းဆိုပါတယ်။ ရှန်းကျိုးနယ်မြေနဲ့ သက်ဆိုင်တဲ့ မြေ​ကို ပြန်လည်သိမ်းပိုက်ပြီး ချီယိုလူမျိုးတွေကို ချင်နိုင်ငံကို ပြန်လည်ခေါ်ဆောင်ချင်ပါတယ်။ ကျွန်တော်မျိုးက ပိုင်ယွဲ့ကို စောင့်ကြပ်ပြီး တောင်ဘက်နယ်စပ်ကို တည်ငြိမ်မှုရှိစေဖို့ ကျွန်တော်မျိုးက ပိုင်ယွဲ့မှာ တပ်စွဲထားချင်ပါတယ်။ " ကျောကိဖုန်းက လေးနက်စွာဖြင့် တောင်းဆိုလိုက်သည်။

ထိုစကားများကို ကြားသောအခါ နန်းတွင်းမှ အရာရှိများက ကျောက်ဖုန်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြသည်။ ဖုစုနှင့် ဟူဟိုက်တို့ကလည်း တုန်လှုပ်သွားကြသည်။ ​ကျောက်ဖုန်းက စစ်ဦးစီးချုပ်ဖြစ်ပြီး ချင်နိုင်ငံ၏ စစ်အင်အားတစ်ခုလုံးကို ဆုပ်ကိုင်ထားသူဖြစ်သည်။ ထိုသို့သော လူတစ်ယောက်က ပိုင်ယွဲ့ကို စောင့်ကြပ်ရန် တောင်းဆိုနေခြင်းမှာ ကိုယ်ကိုကိုယ် နှိမ့်ချခြင်း​ပင်ဖြစ်သည်။

သို့သော် ကျောက်ဖုန်း၏ အဆင့်အတန်းကို သိထားသူများက တည်ငြိမ်စွာဖြင့် ရှိနေကြသည်။ ကျန်းထိုင်နန်းဆောင်ထဲတွင် ရင်ကျန့်က ထိုအကြောင်းကို ပြောပြထားခဲ့ပြီဖြစ်သည်။

" ကျောက်ဖုန်း ကျောက်ဖုန်း အကြီးဆုံးသားတော် အိမ်ရှေ့စံဆိုတဲ့ အဆင့်အတန်းကို ထားပါဦး။ ဝူအန်းကျွင်းလို့ အရေးပါတဲ့လူတသ်ယောက်ကို ပိုင်ယွဲ့နယ်မြေကို လွှတ်ပါ့မလား။ " ဝန်ကြီးအချို့က စိတ်ထဲမှ ပြုံးလိုက်ကြသည်။

" ကျောက်ဖုန်းက တကယ်ပါးနပ်တဲ့သူပဲ။ ပိုင်ယွဲ့ကိုသွားတာက နိမ့်ကျတယ်ဆိုပေမယ့် အနည်းဆုံးတော့ သူ့ကိုသူ ကာကွယ်နိုင်လိမ့်မယ်။ အခု ကမ္ဘာကြီးကို စုစည်းပြီးသွားပြီဆိုတော့ ဧကရာဇ်မင်းမြတ်က အိမ်ရှေ့စံနေရာကို သတ်မှတ်ရတော့မယ်။ " ဟွိုက်ကျွမ်းက စိတ်ထဲမှ တွေးလိုက်သည်။

" ပိုင်ယွဲ့က သေးငယ်တဲ့ နေရာလေးတစ်ခုပဲ။ ချင်နိုင်ငံကို မယှဉ်နိုင်ဘူး။ ပိုင်ယွဲ့နယ်မြေအတွက်ဆိုရင် စစ်ဦးစီးချုပ်ကိုယ်တိုင် သွားပြီး စောင့်ကြပ်စရာမလိုပါဘူး။ ဒါကြောင့် ဝူအန်းကျွင်း သိပ်မတွေးနဲ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် အရင်တစ်ခါ သဘောတူပြီးသားလေ။ " ကျောက်ဖုန်းက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

" ငါ ဘယ်တုန်းက သဘောတူလို့လဲ။ ငါ ဘာလို့မသိရတာလဲ။ " ရင်ကျန့်က မသိချက်ယောင်ဆောင်ပြီး ပြောလိုက်သည်။

" သေစမ်း။ ငါ လိမ်ခံလိုက်ရပြီ။ " ကျောက်ဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ထို့နေ့က ကျန်းထိုင်နန်းဆောင်တွင် ရင်ကျန့်က သဘောတူခဲ့သော်လည်း ယခုမူ ငြင်းပယ်နေသည်။ ပိုင်ယွဲ့ကို စောင့်ကြပ်ခြင်းက သူ၏ ရည်ရွယ်ချက်များထဲမှ တစ်ခုဖြစ်သည်။

" ကောင်စုတ်လေး မင်း ဘယ်လောက်တောင် ပါးနပ်လိုက်သလဲ။ ပိုင်ယွဲ့ကို စောင့်ကြပ်ပြီး အခြေခိုင်အောင်လုပ်မယ်။ ပြီးရင် မင်းရဲ့အဖေသေတာကို စောင့်မယ်ပေါ့။ ပြိးရင် ကမ္ဘာကြီးကို သိမ်းပိုက်မယ်။ မင်းအမေသာ မပြောပြခဲ့ရင် ငါ မင်းလှည့်စားတာ ခံလိုက်ရပြီ။ " ရင်ကျန့်ကလည်း စိတ်ထဲမှ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

" ဧကရာဇ်မင်းမြတ် စစ်ဦးစီးချုပ်က ကမ္ဘာကြီးအတွက် စိုးရိမ်နေတာပါ။ ပိုင်ယွဲ့က နေရာသေးငယ်ပေမယ့် အချိန်ကြာလာရင် ချင်နိုင်ငံကို ထိခိုက်စေနိုင်ပါတယ်။ စစ်ဦးစီးချုပ်ကိုယ်တိုင် စောင့်ကြပ်ရင် အောင်မြင်မှုများစွာကို ရယူနိုင်ပါလိမ့်မယ်။ " ချွန်းယွီယွဲ့က မနေနိုင်တော့ဘဲ ထောက်ခံပြောဆိုလိုက်သည်။

" ဆရာကြီးချွန်း ခင်​ဗျား တကယ်လူတော်တစ်ယောက်ပဲ။ " ကျောက်ဖုန်းက ချွန်းယွီယွဲ့ကို ကျေနပ်စွာ ​ကြည့်လိုက်သည်။

" ဒီအရူးကတော့။ " ဟွိုက်ကျွမ်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

" ဒီကိစ္စကို ငါခွင့်မပြုဘူး။ ပိုင်ယွဲ့က အရေးမပါတဲ့ နေရာတစ်ခုပဲ။ စစ်သူကြီးတစ်ယောက်ဆို လုံလောက်တယ်။ ချင်နိုင်ငံရဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင် စောင့်ကြပ်တာက တကယ်ရယ်စရာကောင်းနေလိမ့်မယ်။ ဝူအန်းကျွင်း ဒီအတွေးကို စွန့်လွှတ်လိုက်တော့။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက ဘာမှမတတ်နိုင်တော့ဘဲ နောက်ဆုတ်လိုက်ရသည်။

" ဧကရာဇ်မင်းမြတ် ကမ္ဘာကြီးကို စုစည်းပြီးသွားတဲ့အချိန်မှာ နိုင်ငံတော်အခြေခံအုတ်မြစ် ခိုင်မာစေဖို့ အိမ်ရှေ့စံရာထူးကို သတ်မှတ်သင့်ပါတယ်။ " ချွန်းယွီယွဲ့က ရဲဝံ့စွာဖြင့် ထပြောလိုက်သည်။

အိမ်ရှေ့စံရွေးချယ်သည့်ကိစ္စ။ ရင်ကျန့်က နန်းတက်ချိန်မှစ၍ လူအချို့က ထိုကိစ္စကို တိုက်တွန်းခဲ့ကြသော်လည်း ရင်ကျန့်က ဂရုစိုက်ခြင်းမရှိခဲ့ပေ။ ယခု ကမ္ဘာကြီးစုစည်းပြီးသွားချိန်တွင် အိမ်ရှေ့စံနေရာကို ဆုံးဖြတ်ရမည်ဖြစ်သည်။

အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးက ရင်ကျန့်ကို ကြည့်လိုက်ကြသည်။ သို့သော် ကျောက်ဖုန်း၏ အဆသ့်အတန်းကို သိရှိထားသူများက တည်ငြိမ်စွာဖြင့် ရှိနေကြသည်။

" နိုင်ငံတော်ရဲ့ အခြေခံအုတ်မြစ် ခိုင်မာစေဖို့ အိမ်ရှေ့စံကို ခန့်အပ်ရမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ " မှန်တယ်။ ချင်နိုင်ငံက အိမ်ရှေ့စံလိုအပ်တယ်။ ငါ စိတ်ထဲမှာ အရင်ကတည်းက ရွေးချယ်ပြီးသားပါ။ "

ဖုစုနှင့် ဟူဟိုက်တို့က နှလုံးခုန်မြန်လာကြသည်။ အရာရှိများအားလုံးကလည်း ရင်ကျန့်ကို စိုက်ကြည့်နေကြသည်။

" ငါ ချင်နိုင်ငံကို ပြန်လာတုန်းက ငါ့ဘေးမှာ မိန်းကလေးတစ်ယောက်ပါလာခဲ့တယ်။ သူမက ငါ့အတွက် ဇာတိမြေကို စွန့်ခွာပြီး ရှန်းယန်ကို လိုက်လာခဲ့တယ်။ ငါက နန်းတက်ပြီး သူမကို မိဖုရားခေါင်ကြီး တင်မြှောက်ဖို့ ကြေညာခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ အဲ့ဒီနေရာကပဲ သူမကို အသက်ဆုံးရှုံးလုနီးပါးဖြစ်စေခဲ့ပြီး ငါနဲ့ နှစ်ပေါင်းများစွာ ဝေးကွာသွားခဲ့ရတယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" အိမ်ရှေ့စံမင်းသားက ဖုစုမဟုတ်ဘူး။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဖုစု၏ မျက်နှာက မဲမှောင်သွားပြီး စိတ်ထဲမှ ခါးသီးစွာ ရယ်မောလိုက်သည်။ ဖုစုကို ထောက်ခံခဲ့သော ဝန်ကြီးများကလည်း စိတ်ပျက်သွားကြသည်။

" ဧကရာဇ်မင်းမြတ် မင်းသားအားလုံးထဲမှာ အဲ့ဒီနေရာနဲ့ သင့်တော်တဲ့မင်းသား ရှိပါသေးလား။ " ချွန်းယွီယွဲ့က မနေနိုင်တော့ဘဲ မေးလိုက်သည်။

ထိုအချိန်တွင် ဟူဟိုက်ကလည်း အသက်ရှူမြန်လာပြီး စိတ်လှုပ်ရှားနေသည်။ " အိမ်ရှေ့စံက ဖုစုမဟုတ်ရင် ငါလား။ ခမည်းတော်က ငါ့ကို ရွေးချယ်လိုက်တာလား။ "

သို့သော် ရင်ကျန့်၏ ဘေးမှ ကျောက်ကောင်းကတော့ မပျော်ရွှင်ခဲ့ပေ။ " အိမ်ရှေ့စံမင်းသားနေရာက ဝူအန်းကျွင်းအတွက်ပဲ။ ဒါကို သတ်မှတ်ပြီးသွားပြီ။ ငါ သူနဲ့ အဆင်ပြေအောင်နေရမယ်။ ဒါမှ နန်းတွင်းမှာ ဆက်နေနိုင်လိမ့်မယ်။ "

" ဟူဟိုက်လည်း အိမ်ရှေ့စံဖြစ်လာမှာမဟုတ်ဘူး။ " ရင်ကျန့်က ဆက်ပြောလိုက်သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဟူဟိုက်၏ ခန္ဓာကိုယ်က​ တောင့်တင်းသွားသည်။ ယခင်က အလွန်ပျော်ရွှင်နေခဲ့ကြသေယ ဟူဟိုက်ကို ထောက်ခံသည့် ဝန်ကြီးများကလည်း စိတ်ပျက်သွားကြသည်။

" ငါမင်းတို့အားလုံးကို ပြောပြနိုင်တယ်။ ငါနဲ့အတူ ဒုက္ခခံခဲ့တဲ့ ငါ့ရဲ့ ဇနီး ပြန်ရောက်လာပြီ။ ပြီးတော့ သူမက ငါ့အတွက် အမွေဆက်ခံသူကို မွေးဖွားပေးခဲ့တယ်။ သူမ မွေးခဲ့တဲ့သူက အကြီးဆုံးမင်းသားပဲ။ ဒါကြောင့် ငါက သူမကို ချင်နိုင်ငံရဲ့ မိဖုရားခေါင်ကြီးအဖြစ် တင်​မြှောက်ပြီး သူမရဲ့ သားက ငါ့ရဲ့ အရိုက်အရာကို တက်ခံမယ့် ချင်နိုင်ငံရဲ့ အိမ်ရှေ့စံဖြစ်လာလိမ့်မယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

" ဧကရာဇ်မင်းမြတ် အတိတ်က ရှသခင်မဲန်လာပြီး အမွေဆက်ခံသူ ရှိတယ်ဆိုရင်တောင် သူမရဲ့ အမွေဆက်ခံသူက ဘိုးဘေးမှတ်တမ်းမှာ မှတ်တမ်းမတင်ထားသလို အထောက်အထား ကျောက်စိမ်းပြားလည်း မရှိပါဘူး။ သာမန်ပြည်သူတွေကြားမှာ နေထိုင်သူတစ်ယောက်ရဲ့ သွေးမျိုးဆက်က စင်ကြယ်ပါ့မလား။ " နန်းတွင်းတွင် စကားပြောလေ့မရှိသော ရင်ရှီက ထပြောလိုက်သည်။

ရင်ကျန့် စတင်နန်းတက်စဉ်က မိသားစုများက ချင်နိုင်ငံတွင် ဩဇာကြီးမားခဲ့သည်။ သို့သော် ထိုနှစ်မှ အဖြစ်အပျက်များပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ရင်ကျန့်က အာဏာကို အပြည့်အဝ ရယူပြီးချိန်တွင် အရည်အချင်း ရှိသူများကို နေရာပေးခဲ့ပြီး မိသားစုများ၏ အရှိန်အဝါကလည်း ကျဆင်းသွားခဲ့သည်။

ရင်ရှီ၏ စကားများကို ကြားသောအခါ ရင်ကျန့်၏ အမူအရာက အေးစက်သွားသည်။ " ငါ့ရဲ့ သားတော်ကိုတောင် ငါက မမှတ်မိနိုင်ဘူးလို့ မင်းက ပြောချင်တာလား။ "

" ကျွန်တော်မျိုး မဝံ့ရဲပါဘူး။ ဒါပေမယ့် ချင်တော်ဝင်မိသားစုနဲ့ ဧကရာဇ်ရဲ့ သွေးမျိုးဆက်ကိစ္စဖြစ်လို့ အလေးအနက်ထားရပါမယ်။ " ရင်ရှီက ပြတ်သားစွာ ပြောလိုက်သည်။

" အာဖန်းရှိနေတာလည်း အမှန်ပဲ။ သူမက ချင်ရှီဟွမ်အတွက် သားတစ်ယောက်မွေးပေးခဲ့တာလည်း အမှန်ပဲ။ သမိုင်းက ငါ့ကြောင့် တကယ် လမ်းကြောင်းလွဲသွားပြီ။ ဖုစုက အိမ်ရှေ့စံဖြစ်လာမှာမဟုတ်သလို ဟူဟိုက်ကလည်း ဒုတိယမြောက် ဧကရာဇ်ဖြစ်လာမှာ်ဟုတ်တော့ဘူး။ အနာဂတ် ချင်ဧကရာဇ်က အာဖန်းရဲ့ သားပဲ ဖြစ်လာလိမ့်မယ်။ ဒီကိစ္စက တကယ်ကြီးမားလွန်းတယ်။ "

" ချင်ရှီဟွမ်ရဲ့စကားအရ အာဖန်းနဲ့ သူ့သားကို တွေ့ပြီးလောက်ပြီ။ ဘယ်သူဆိုတာတော့ ငါမသိဘူး။ ချင်ရှီဟွမ်က သူ့ကို အရမ်းတန်ဖိုးထားတဲ့အတွက် သေချာစောင့်ကြပ်ထားမှာ သေချာတယ်။ သူက အနာဂတ်အိမ်ရှေ့စံဖြစ်တဲ့အတွက် အမှားအယွင်းဖြစ်ခံမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters