← Chapters

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း (၄၆၉)

"ငါဆုံးဖြတ်ပြီးပြီ။ ဘယ်သူမှ ပြောင်းလဲလို့မရဘူး။ ထိုက်တောင်အခမ်းအနားပြီးဆုံးတဲ့အခါ တစ်ကမ္ဘာလုံးသိအောင် ငါ ကြေညာမယ်။ မိဖုရားခေါင်နဲ့ အိမ်ရှေ့စံကို တင်မြှောက်မယ်။ " ရင်ကျန့်က အားလုံးကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

ယခုအချိန်တွင် ကမ္ဘာကြီးကို စုစည်းပြီးသွားပြီဖြစ်သည်။ ရင်ကျန့်က သူတို့ဆန့်ကျင်လျှင်တောင် ဂရုစိုက်စရာမလိုတော့ပေ။ သူက ဤနေ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ဘယ်သူမှ ပြောင်းလဲ၍မရပေ။

" ဧကရာဇ်မင်းမြတ်က ဘိုးဘေးတွေကို မလေးစားတော့ဘူးလား။ " ရင်ရှီက စိုးရိမ်စိတ်များကို ချိုးနှိမ်ပြီး အော်ဟစ်လိုက်သည်။

" ငါက ကမ္ဘာရဲ့ အုပ်စိုးရှင်ပဲ။ ထိုက်တောင်အခမ်းအနားမှာ ဘိုးဘေးတွေကို ငါိကိုယ်တိုင်ရှင်းပြမယ်။ နောက်ဆုတ်စမ်း။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" သွေးမျိုးဆက်ရဲ့ သန့်ရှင်းမှု၊ ချင်နိုင်ငံရဲ့ အမွေအနှစ် တကယ်လို့ သွေးမျိုးဆက်က မသန့်စင်ဘူးဆိုရင် ဧကရာဇ်မင်းမြတ်က ဘိုးဘေးတွေကို ဘယ်လိုရှင်းပြမှာလဲ။ ချင်တော်ဝင်မိသားစုရဲ့ သန့်ရှင်းမှုကို ကာကွယ်ဖို့အတွက် ကျွန်တော်မျိုး အသေခံရဲပါတယ်။ " ရင်ရှီက ဒူးထောက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် ပြန်စဉ်းစားပေးပါ။ တော်ဝင်သွေးမျိုးဆက်ကို မစော်ကားသင့်ပါဘူး။ " ဝန်ကြီးအချို့ကလည်း ရင်ရှီ၏ နောက်မှ ထွက်လာကြသည်။

" ထိုက်တောင်ထိပ်မှာ သွေးစစ်ဆေးခြင်းနဲ့ ငါးသားကို သက်သေပြမယ်။ နောက်ဆုတ်တော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

ကျောက်ဖုန်းနှင့် ကျောက်ရင်တို့က သူ၏ သားသမီးများဖြစ်သည်ကို ရှင်းလင်းစွာ သိထားသည်။ ရှတုန်အာအကြောင်းကိုလည်း သူကောင်းကောင်းသိထားသည်။ သို့သော် ရင်မိသားစုဝင်များ သေချာသေရန်အတွက် ထိုအဆင့်ကို လုပ်ဆောင်ရမည်ဖြစ်သည်။

ထွက်သွားသော ရင်ကျန့်ကို ကြည့်ပြီး ရင်ရှီ၏ မျက်လုံးများထဲတွင် မကျေနပ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သို့သော် သွေးစစ်ဆေးခြင်းက ရင်ကျန့်၏ နောက်ဆုံးအလျှော့ပေးမှုဖြစ်​သည်ကို သူနားလည်သည်။

" ဒါက တကယ်ကောင်းတဲ့ပြပွဲပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ ရယ်မောလိုက်ပြီး ခန်းမအပြင်ဘက်သို့ ထွက်ခွာသွားသည်။

" သားမက်လေး " ဝမ်ကျန့်က ကျောက်ဖုန်းနောက်သို့ လိုက်လာသည်။

" ယောက္ခမကြီး ဘာပြောစရာရှိလို့လဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" အစောက မြင်ကွင်းကို ဘယ်လိုခံစားရလဲ။ " ဝမ်ကျန့်က မေးလိုက်သည်။

" တော်ဝင်မိသားစုကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါတွေက ဧကရာဇ်ရဲ့ မိသားစုကိစ္စပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အဲ့ဒီအကြီးဆုံးသားတော်က ဘယ်သူလဲဆိုတာ မင်းမသိချင်ဘူးလား။ " ဝမ်ကျန့်က မေးလိုက်သည်။

" သိချင်စိတ်တော့ ရှိပါတယ်။ ဒါပေမယ့် အကြီးဆုံးမင်းသားကို ဧကရာဇ်မင်းမြတ်က သေချာပေါက် လျို့ဝှက်ထားမှာပဲ။ နန်းတွင်းမှာ သူ့ကို သေစေချင်တဲ့သူတွေ အများကြီးရှိမှာကိုး။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။

" မင်းကတော့ တကယ်ပွင့်လင်းတာပဲ။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။

" ဒါက အမြင့်ဆုံးရာထူးနဲ့ ပက်သက်နေတယ်။ ဒါကြောင့်လည်း လူတိုင်းက အာရုံစိုက်နေကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော်နဲ့ မဆိုင်ပါဘူး။ အခု စစ်ပွဲတွေပြီးသွားပြီဆိုတော့ ကျွန်တော် အိမ်မှာ အေးအေးဆေးဆေး နားလို့ရပြီ။ " ကျောက်ဖုန်းက ထွက်သွားရန် ပြင်လိုက်သည်။

" ဝူအန်းကျွင်း " ဟန်ဖေးက ရောက်လာသည်။

" ဝန်ကြီးချုပ်ဟန်ဖေးက ဘယ်လိုလုပ် ဒီလောက်တည်ငြိမ်နေရတာလဲ။ " ကျောက်ဖုန်းက ဟန်ဖေး၏ အမူအရာကို ကြည့်ပြီး စနောက်လိုက်သည်။

ထိုစကားများကို ကြားသောအခါ ဟန်ဖေး၏ စိတ်ထဲတွင် ကူကယ်ရာမဲ့သွားသည်။ " အကြီးဆုံးမင်းသားရေ မင်းရဲ့ အဆင့်အတန်းက လုံးဝ ​ပြောင်းလဲသွားပြီလေ။ အရင်တုန်းက စစ်ဦးစီးချုပ်ဆိုပေမယ့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပဲ။ ဒါပေမယ့် အခုတော့ မင်းက အကြီးဆုံးမင်းသား အနာဂတ်အိမ်ရှေ့စံဖြစ်သွားပြီဆိုတော့ ငါက လက်အောက်ခံဖြစ်သွားပြီ။ အရင်တုန်းကလို ဘယ်လိုလုပ်ဆက်ဆံရဲတော့မှာလဲ။ "

" ဝူအန်းကျွင်းက ချင်နိုင်ငံအတွက် ကမ္ဘာကြီးကို စုစည်းပေးခဲ့တာမလို့ ကျုပ်က လေးစားမှုကို ပြရမှာပါ။ " ဟန်ဖေးက တည်ကြည်စွာ ပြောလိုက်သည်။

" မင်းက ဟန်ဖေးရောဟုတ်ရဲ့လား။ " ကျောက်ဖုန်းက ဟန်ဖေးကို သေချာကြည့်ပြီး ပြောလိုက်သည်။ " အရင်တုန်းက ငါပြန်လာရင် မင်းက ဝိုင်တောင်းသောက်နေကျပါ။ ဒီနေ့တော့ မင်းက လုံးဝ ပြောင်းလဲသွားပါလား။ ဘာလို့လဲ။ မင်းက ငါ့ကို မင်းရဲ့ အထက်အရာရှိလို ဆက်ဆံနေတာပဲ။ "

ထိုစကားများကို ကြားသောအခါ လီစီက ရယ်မောပြီး ဝင်ပြောလိုက်သည်။ " ဝူအန်းကျွင်းကလည်း နောက်နေပြန်ပါပြီ။ ဒါက နန်းတော်ဆိုတော့ ဝန်ကြီးချုပ်ဟန်က ဆင်ခြင်ရမှာပေါ့။ "

" ဘာလို့လဲ။ ကမ္ဘာကြီးက စည်းလုံးသွားပြီဆိုတော့ ဝန်ကြီးချုပ်နဲ့ စစ်ဦးစီးချုပ်တို့က ပူးပေါင်းနေတယ်လို့ လူတွေစွပ်စွဲမှာ ကြောက်လို့လား။ " ကျောက်ဖုန်းက စဉ်စားပြီး ပြောလိုက်သည်။

" အာ အင်း... ဝူအန်းကျွင်း နန်းတွင်းက အနာဂတ်မှာ ရှုပ်ထွေးလာဦးမှာပါ။ ဧကရာဇ်မင်းမြတ်က အကြီးဆုံးသားတော် ပြန်ရောက်လာပြီး သူ့ကို အိမ်ရှေ့စံအဖြစ် သတ်မှတ်လိုက်တယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဝူအန်းကျွင်းမှာ စဉ်းစားမိတာတစ်ခုခုရှိမှာပေါ့။ " ဟန်ဖေးက ပြုံး၍ မေးလိုက်သည်။

" ငါက ဘာစဉ်းစားရမှာလဲ။ အကြီးဆုံးမင်းသားက ငါ့ကို ဘာများလုပ်နိုင်မှာမလို့လဲ။ " ကျောက်ဖုန်းက အလေးအနက်မထားဘဲ ပြောလိုက်သည်။ သို့သော် သူက သမိုင်းတွင် မရှိခဲ့သော ထိုလူကိုလည်း သူက သိချင်မိသည်။

" ဝူအန်းကျွင်းက အကြီးဆုံးမင်းသားနဲ့ မတွေ့ဖူးသေးဘူးထင်တယ်။ " ဟန်ဖေးက ရယ်မောလိုက်သည်။

" မင်းကရော သူ့ကို တွေ့ဖူးလို့လား။ " ကျောက်ဖုန်းက သိချင်စိန်ဖြင့် မေးလိုက်သည်။

" တစ်ခါမှမတွေ့ဖူးဘူးလေ။ " ဟန်ဖေးက ခေါင်းခါလိုက်သော်လည်း စိတ်ထဲမှ ရယ်မောလိုက်သည်။ " ငါ အကြိမ်ပေါင်းများစွာ တွေ့ဖူးတာပဲ။ ဧကရာဇ်မင်းမြတ်သာ မပြောရင် ငါတို့ ကမ္ဘာကျော် ဝူအန်းကျွင်းက အကြီးဆုံးမင်းသားဖြစ်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ "

" မတွေ့ဖူးဘဲနဲ့ ဘာလို့စကားများနေတာလဲ။ ဧကရာဇ်မင်းမြတ် ခေါ်ထုတ်တဲ့အချိန်ထိ စောင့်လိုက်ပေါ့။ " ကျောက်ဖုန်းက ထိုကိစ္စကို ဆက်မပြောတော့ပေ။

" ဝူအန်းကျွင်း အောင်ပွဲခံပြီး ပြန်လာတာ ဂုဏ်ပြုပါတယ်။ " ဖုန်းချွီကျိနှင့် ဖုန်းကျဲတို့က လျှောက်လာပြီး ပြောလိုက်ကြသည်။

" ဘယ်လောက်တောင် ရှားတဲ့ကိစ္စလဲ။ အရင်တုန်းကဆို ဖန်းမိသားစုဝင်နှစ်ယောက်နဲ့ ရင်းနှီးရုံလောက်ပဲ။ အခုတော့ ကိုယ်တိုင်လာပြီး နှုတ်ဆက်နေကြတယ်။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။

" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက လေးစားစွာဖြင့် ပြန်ပြောလိုက်သည်။

" ဝူအန်းကျွင်းရဲ့ ညီမက တရားရေးဝန်ကြီးရဲ့သားနဲ့ စေစပ်ထားတယ်လို့ ကြားတယ်။ ကျုပ်တို့ညီအကိုနှစ်ယောက် ဂုဏ်ပြုဝိုင်တစ်ခွက်လောက် တောင်းလို့ရမလား။ " ဖုန်းချွီကျိက ရယ်မောပြီး ပြောလိုက်သည်။

" ဟားဟား ရက်ကတော့ မသတ်မှတ်ရသေးပါဘူး။ ဒါပေမယ့် ဝန်ကြီးတို့နှစ်ယောက် ဂုဏ်ပြုကြမယ်ဆိုတော့ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ ရက်သတ်မှတ်ပြီးတာနဲ့ ဖိတ်စာကို သေချာပေါက် ပို့ပေးလိုက်ပါမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဝူအန်းကျွင်းရဲ့ စကားကို ကျုပ်တို့ညီအကို မှတ်ထားလိုက်ပါမယ်။ မင်္ဂလာပွဲကျရင် သေချာပေါက် လာခဲ့ပါမယ်။ " ဖုန်းချွီကျိက ပြောလိုက်သည်။

" ​သေချာတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ပြောလိုက်သည်။

ခန်းမထဲတွင် ဖုစုနှင့် ဟူဟိုက်တို့က မလှုပ်မယှက် ရပ်နေကြသည်။

" အကိုတော် ငါတို့ ယှဉ်ပြိုင်ခဲ့သမျှ အားလုံးက အချည်းနှီးဖြစ်သွားပြီ။ အကိုတော်အထက်မှာ နောက်ထပ်အကိုတော်တစ်ယောက် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " ဟူဟိုက်က စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ငါတို့အတွက်မဟုတ်တော့လည်း ဘယ်တတ်နိုင်မလဲ။ ခမည်းတော်ရဲ့ ဆန္ဒကို လိုက်နာရမှာပေါ့။ " ဖုစုက ဟူဟိုက်ကို ကြည့်ပြီး ပြောလိုက်သည်။ သူက စိတ်ပျက်နေသော်လည်း အနည်းဆုံးတော့ သူထမ်းထားခဲ့ရသော ဝန်ထုပ်ဝန်ပိုးများ ဖယ်ရှားလိုက်နိုင်သကဲ့သို့ သက်ပြင်းချနိုင်ပြီဖြစ်သည်။

" အကိုတော်အနေနဲ့ ကျေနပ်ရဲ့လား။ " ဟူဟိုက်က အံကျိတ်ပြီး မေးလိုက်သည်။

" မကျေနပ်တော့ရော ဘာလုပ်နိုင်မှာလဲ။ ခမည်းတော်ရဲ့ ဆန္ဒကို ဘယ်သူပြောင်းလဲနိုင်မှာလဲ။ ပြီးတော့ ငါက အခြားသူတွေရဲ့ တွန်းအားပေးခြင်းခံခဲ့ရတယ်။ အခုတော့ အသက်ရှူရှောင်သွားပါပြီ။ မင်း အများကြီး မစဉ်းစားနဲ့။ ခမည်းတော်က အဲ့ဒီနေရာအတွက် ဆုံးဖြတ်ထားပြီးပြီ။ " ဖုစုက ပြုံး၍ ပြောလိုက်သည်။ ထို့နောက် သူက ခန်းမအပြင်ဘက်သို့ ထွက်ခွာသွားသည်။

" ဖုစု အိမ်ရှေ့စံနေရာကို မင်းက လက်လွတ်​နိုင်ပေမယ့် ငါက လက်မလွှတ်​နိုင်ဘူး။ ဒီနေရာအတွက် တိုက်ပွဲဝင်လာခဲ့တာ ဒီလိုနဲ့ အရှုံးမပေးနိုင်ဘူး။ ငါ အဲ့ဒီအကြီးဆုံးသားတော်ကို တွေ့အောင်ရှာပြီး သတ်ပစ်မယ်။ " ဟူဟိုက်၏ မျက်လုံးများထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

ဟွိုက်ကျွမ်း၏ ရထားလုံးထဲတွင် ဟွိုက်ကျွမ်းနှင့် ချွန်းယွီယွဲ့တို့က ထိုင်နေကြသည်။

" အခုဘာလုပ်ကြမလဲ။ မင်းသားဖုစုက အိမ်ရှေ့စံဖြစ်လာမယ့်အခွင့်အရေး ဆုံးရှုံးသွားပြီ။ ငါတို့ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တာတွေ အားလုံးအချည်းနှီးဖြစ်သွားပြီ။ " ချွန်းယွီယွဲ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။

" ရှတုန်အာက အသက်ရှင်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ပိုဆိုးတာက သူမက ဧကရာဇ်မင်းမြတ်အတွက် သားတစ်ယောက်တောင် မွေးပေးထားတယ်။ ရင်ရှီ တကယ်အရူးပဲ။ အဲ့ဒီတုန်းက ဘာလို့ သူမကို တစ်ခါတည်း မရှင်းထုတ်ခဲ့တာလဲ။ မင်းအဲ့ဒီအမျိုးသမီးကို အသက်ရှင်ခွင့်ပေးခဲ့လို့ ငါတို့နှစ်ပေါင်းများစွာ စီစဉ်ထားခဲ့သမျှ ပျက်စီးသွားပြီ။ " ဟွိုက်ကျွမ်းကလည်း ဒေါသထွက်နေသည်။

" မင်းက မင်းသားဖုစုကို အားကိုးပြီး ကွန်ဖြူရှပ်ဝါဒကို ပြန်လည်မြှင့်တင်ချင်ခဲ့တယ်။ ဒါပေမယ့် မင်းသားဖုစုသာ အိမ်ရှေ့စံဖြစ်မလာရင် အားလုံးက အလကားပဲ။ မင်းရဲ့ ကွန်ဖြူရှပ်ဝါဒက အလင်းရောင်ကို မြင်ရမှာမဟုတ်ဘူး။ ဒါပေမယ့် ငါက အသက်ကြီးနေပြီ။ ငါလည်း ငါ့ရဲ့ မျိုးဆက်တွေအတွက် အခွင့်အရေး ရှာပေးရမယ်။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" မင်းပြောတာ ငါနားလည်ပါတယ်။ ဒါပေမယ့် ငါတို့ ဘာလုပ်နိုင်မှာလဲ။ " ချွန်းယွီယွဲ့က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" မင်းသားဖုစု အိမ်ရှေ့စံဖြစ်ဖို့ နည်းလမ်းတစ်ခုပဲရှိတယ်။ အဲ့ဒါက အဲ့ဒီအကြီးဆုံးသားကို ရှာပြီး သတ်ပစ်ဖို့ပဲ။ " ဟွိုက်ကျွမ်းက သတ်ဖြတ်လိုစိတ်များဖြင့် ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters