← Chapters

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း ၄၇၀

Vol. 47 Ch. 470

အခန်း (၄၇၀)

ကျောက်ဖုန်း၏ ဘေးမှ ဝန်ကြီးများက နောက်ဆုံးတွင် ထွက်ခွာသွားကြသည်။

" ကျွန်တော်က ကိုယ့်ကိုကိုယ် နှိမ့်ချခဲ့တာတောင် လူတွေက အခုထိ မျက်နှာလာလုပ်နေကြတုန်းပဲ။ " ကျောက်ဖုန်းက သက်ပြင်းချလိုက်သည်။

" နန်းတော်မှာ ဧကရာထဖ်မင်းမြတ်ပြီးရင် မင်းက ဩဇာအကြီးဆုံးကဲ။ ဒါကို ကျင့်သားရသွားလိမ့်မယ်။ ပြီးတော့ ပိုင်ယွဲ့ကို သွားဖို့ စဉ်းစားမနေနဲ့။ ဧကရာဇ်မင်းမြတ်က အဲ့ဒါကို ခွင့်ပြုမှာမဟုတ်ဘူး။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

" နိုင်ငံတစ်ခုလုံးရဲ့ စစ်အာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ ရှန်းယန်မှာ ဆက်နေမယ်ဆိုရင် ကျွန်တော်ရဲ့ အာဏာက တကယ်ကြီးမားလွန်းတယ်။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်က မင်းကို သည်းမခံနိုင်ဘူးထင်လို့လား။ " ဝမ်ကျန့်က မေးလိုက်သည်။

" ဧကရာဇ်မင်းမြတ်က သည်းခံနိုင်ပေမယ့် သူ့ရဲ့ ဆက်ခံသူကရော။ ယောက္ခမကြီး ကျွန်တော်က အသက်သုံးဆယ်တောင်မပြည့်သေးဘူး။ အနာဂတ်မှာ အသက်ရှည်ရှည်နေရဦးမှာ။ ဒီလောက်ငယ်ရွယ်တဲ့ စစ်ဦးစီးချုပ်မျိုးကို ဘုရင်တိုင်း သည်းခံမှာမဟုတ်ဘူး။ ကျွန်တော် ကြိုတင်စီစဉ်ထားရမယ်။ အနည်းဆုံးတော့ ကျွန်တော် မိသားစုရဲ့ အသက်ကို ကာကွယ်ပေးနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အဲ့ဒီအကြီးဆုံးမင်းသားက မင်းကို သည်းမခံနိုင်လောက်အောင် ဖြစ်ပါ့မလား။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်က သူ့ကို တစ်ခါမှ မမြင်ဖူးသေးဘူး။ သူက ဘယ်လိုလူမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမယ့် ကျွန်တော်အသက်ကို အခြားသူရဲ့ လက်ထဲမှာ ထားရတာကို ကျွန်တော်သဘောမကျဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။

" အဲ့ဒီအကြီးဆုံးမင်းသားက ကောင်းကောင်းဆက်ဆံရင်ရော။ " ဝမ်ကျန့်က ပြုံး၍ ထပ်မေးလိုက်သည်။

" ဒါဆိုရင်တော့ အခြေအနေကို စောင့်ကြည့်ရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဝူအန်းကျွင်း ဧကရာဇ်မင်းမြတ်က ခေါ်ခိုင်းလိုက်ပါတယ်။ " ကျောက်ကောင်းက လျှောက်လာပြီး ပြောလိုက်သည်။

" ပုံမှန်အတိုင်းပဲ။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့သွားသည်။ နန်းတော်သို့ ပြန်လာတိုင်း ရင်ကျန့်က ခေါ်နေသဖြင့် အိမ်ပြန်နောက်ကျခဲ့ရသည်။

ကျောက်ဖုန်းက ကျောက်ကောင်းနောက်မှ လိုက်သွားပြီး ကျန်းထိုင်နန်းဆောင်သို့ ရောက်လာခဲ့သည်။

" ဝူအန်းကျွင်း ဧကရာဇ်မင်းမြတ်က ခန်းမထဲမှာ စောင့်နေပါတယ်။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ဝင်ရန် ပြင်လိုက်သည်။

" ဝူအန်းကျွင်းမှာ အမိန့်ရှိရင် ကျုပ်ကို တိုက်ရိုက်ပြော​နိုင်ပါတယ်။ " ကျောက်ကောင်းက လေးစားစွာ ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ကျောက်ကောင်းကို ထူးဆန်းစွာ ကြည့်ပြီး ခန်းမထဲသို့ ဝင်သွားခဲ့သည်။

ရင်ကျန့်က အစီရင်ခံစာများကို စစ်ဆေးနေသည်။

" ကျွန်တော်မျိုး ရောက်ပါပြီ။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ထိုင်လိုက်သည်။

" မင်းကတော့ တဖြည်းဖြည်းနဲ့ ပိုပြီး ရဲတင်းလာတာပဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် ဒီမှာ အခြားသူတွေမှ မရှိတာ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မှန်တယ်။ အခြားသူတွေ မရှိဘူး။ " ရင်ကျန့်က ပြုံးလိုက်သည်။

" ဒီနေ့ နန်းတွင်းက ကိစ္စတွေကို ဘယ်လိုထင်လဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်ကို လျှောက်တင်ရရင် ကျွန်တော်မျိုးက ထိုင်ပဲကြည့်နေမိပါတယ်။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။

ရင်ကျန့်က အံ့အားသင့်သွားပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။

" မင်းက ဘာတွေပြောနေတာလဲ။ ငါ့ရဲ့ အကြီးဆုံးသားတော်အကြောင်း မင်းဘယ်လိုထင်လဲမေးတာ။ "

" ကျွန်တော်မျိုးက ဧကရာဇ်မင်းမြတ်ရဲ့ သားတော်ကို တစ်ခါမှ မတွေးဖူးပါဘူး။ ဧကရာဇ်မင်းမြတ် သူ့ကို ခေါ်လာမှပဲ ကျွန်တော်မျိုး ကြည့်ရတော့မှာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မင်းက အရမ်းသိချင်နေတာလား။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ကျွန်တော်မျိုးက မသိချင်ပါဘူး။ နန်းတော်ကလူတွေပဲ သိချင်နေကြတာ။ အကြီးဆုံးမင်းသားက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်မျိုးနဲ့ သိပ်မဆိုင်ပါဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" မင်းက ဒီလိုပြောတော့ အနာဂတ်မှာ အကြီးဆုံးမင်းသားက မင်းကို မကောင်းဆက်ဆံမှာ မကြောက်ဘူးလား။ " ရင်ကျန့်က ရယ်ပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုး အခုထိတောင် ရောက်လာပြီပဲ။ သူက ကျွန်တော်မျိုးကို မကောင်းဆက်ဆံရင် ရာထူးက နုတ်ထွက်ပြီး အိမ်ပြန်လို့ရတာပဲ။ " ကျောက်ဖုန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" သူမင်းကို လိုက်နှောက်ယှက်မှာ မစိုးရိမ်ဘူးလား။ ဘာပဲဖြစ်ဖြစ် မင်းက စစ်ဦးစီးချုပ်ဖြစ်ပြီး စစ်တပ်ကို ကွပ်ကဲနေတာလေ။ " ရင်ကျန့်က ပြုံယ၍ မေးလိုက်သည်။

" အဲ့ဒီအချိန်ရောက်မှ ပြောရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ရှန်းကျိုးနယ်မြေမပြောနှင့် ကမ္ဘာတစ်ခုလုံးမှာပင် သူ့ကို သတ်နိုင်မည့်သူမရှိပေ။ လက်ရှိ သူ၏ စွမ်းရည်များက အသွင်းပြောင်းလဲသွားပြီး အမှတ်ကလည်း ကိုးထောင်ကျော်သွားပြီဖြစ်သည်။ နန်းတွင်းကိုယ်ရံတော်များ မပြောနှင့် စစ်သည်တစ်သိန်းတောင် ကျောက်ဖုန်းက အားလုံးကို သတ်ဖြတ်နိုင်သည်။ ထိုအကြီးဆုံးမင်းသားက သူ့အတွက် အရေးမပါပေ။

" ဒီကောင်လေးက ပိုပြီး အစွမ်းထက်လာတဲ့ပုံပဲ။ သူက ငါ့သားဖြစ်နေတာ ကံကောင်းတယ်။ မဟုတ်ရင် ဧကရာဇ်တစ်ပါးအနေနဲ့ သူ့ကို ရှင်းထုတ်ဖို့ မဖြစ်နိုင်ဘူး။ " ရင်ကျန့်က တွေးလိုက်သည်။

" ထိုက်တောင်အခမ်းအနားမှာ မင်းသူ့ကို တွေ့ရလိမ့်မယ်။ မင်းအံ့အားသင့်သွားမယ်ဆိုတာ ငါအာမခံတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုး သူ့ကို အရင်က မြင်ဖူးလား။ " ရင်ကျန့်၏ စကားအဓိပ္ပါယ်ကို သတိထားမိပြီး ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" မင်းဘယ်လိုထင်လဲ။ " ရင်ကျန့်က ပြန်စနောက်လိုက်သည်။

" ကျွန်တော်မျိုးမသိဘူး။ ဧကရာဇ်မင်းမြတ် ပြောပြချင်ရင် ပြောပြလိုက်ပါ။ ကျွန်တော်မျိုး ဘယ်သူကိုမှ မပြောပြဘူးလို့ ကတိပေးပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ထိုက်တောင်အခမ်းအနားကျရင် မင်းသိပါလိမ့်မယ်။ " ရင်ကျန့်က ပြန်ပြောလိုက်သည်။

" ကောင်းပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ထပ်မမေးတော့ပေ။

အချိန်များ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း တစ်လကြာသွားခဲ့သည်။ ဖုစုက အကြီးဆုံးမင်းသားမဟုတ်သည့်အပြင် ဟူဟိုက်ကလည်း အိမ်ရှေ့စံမဟုတ်သည့်သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ကျောက်စံအိမ်တွင် မိသားစုတစ်ခုလုံးက ထမင်းစားနေကြသည်။ ကျောက်ဖုန်းတွင် ဇနီးတစ်ယောက်၊ ကိုယ်လုပ်တော်ခုနှစ်ယောက်ရှိပြီး သားသမီးက ဆယ်ယောက်နီးပါးရှိကာ အမှန်တက်ပင် စည်ကားလှသည်။ ထို့အပြင် ကိုယ်လုပ်တော်တစ်ယောက်စီက မင်းသမီးဂုဏ်ဒြပ်ရှိကြသည်။

" အမေ ဧကရာဇ်မင်းမြတ်က အမိန့်ပေးလိုက်တယ်။ နောက်ထပ် ရက်အနည်းငယ်ကြာရင် ကျွန်တော်တို့အားလုံး ထိုက်တောင်ကို သွားရမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ​ဧကရာဇ်မင်းမြတ်က ယောကျာ်းကို ပိုပြီး အလေးထားလာတာပဲ။ ကျွန်မတို့ မိသားစုတစ်ခုလုံးကို ခေါ်တယ်။ " ဝမ်ယန်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်တယ်။ " ကျောက်ဖုန်းက ပြုံးလိုက်ပြီး ဘာမှမပြော​ပေ။

ဤတစ်ကြိမ်တွင် သူ၏ မိသားစုပင်မဟုတ်ပေ။ ဝန်ကြီးအဆင့်ရှိသူများက သူတို့၏ ဇနီးများနှင့် လူကြီးမိဘများကို အခမ်းအနားသို့ ခေါ်လာနိုင်သည်။ သို့သော် ကျောက်ဖုန်းကတော့ မိသားစုတစ်ခုလုံး တက်ရောက်ခွင့်ရခဲ့သည်။

" ယောကျာ်း အကြီးဆုံးမင်းသားကို သိလား။ သတင်းတွေကတော့ ပျံ့နေပြီ။ အဲ့ဒီအကြီးဆုံးမင်းသားက ဧကရာဇ်မင်းမြတ်ရဲ့ ဇနီးက မွေးလာပြီး အနာဂတ်အိမ်ရှေ့စံလို့ ပြောနေကြတယ်။ " ဝမ်ယန်က စိတ်ဝင်တစား မေးလိုက်သည်။

" ငါတို့အနေနဲ့ စိုးရိမ်စရာမရှိပါဘူး။ အဲ့ဒီအကြီးဆုံးမင်းသားက ဘယ်သူပဲဖြစ်ဖြစ် ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ​ပြောလိုက်သည်။

" ယောကျာ်း မိဖုရားအကြောင်းလည်း သတင်းတွေပျံ့နေတယ်။ မိဖုရားနဲ့ ဧကရာဇ်မင်းမြတ်က ငယ်ငယ်ကတည်းက ချစ်သူတွေတဲ့။ ဒါပေမယ့် ဝန်ကြီးတွေကြောင့် ကွဲကွာခဲ့ရတယ်လို့ ပြောကြတယ်။ " ဝူယန်ကလည်း ပြုံး၍ ပြောလိုက်သည်။

" သူမကို မိဖုရားလို့တောင် ခေါ်နေကြတာလား။ တစ်ခါမှမမြင်ဖူးတဲ့သူကို ပြည်သူတွေက မကန့်ကွက်ကြဘူးလား။ " ရှတုန်အာက သိချင်စိတ်ဖြင့် ပြောလိုက်သည်။

" အမေအတွေးလွန်နေပြီ။ ဧကရာဇ်မင်းမြတ်ရဲ့ ဩဇာအာဏာက အခုကမ္ဘာကို လွှမ်းမိုးထားတာ။ သူပြောတာကို ဘယ်သူက ကန့်ကွက်ရဲမှာလဲ။ တော်ဝင်မိသားစုနဲ့ ဝန်ကြီးတွေ ဘယ်သူမှ သူ့ကို မကန့်ကွက်နိုင်တော့ဘူး။ " ကျောက်ဖုန်းက ရှင်းပြလိုက်သည်။

" အဲ့လိုကိုး။ " ရှတုန်အာက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

" ထိုက်တောင်အခမ်းအနားက တကယ်ကို ကြီးကျယ်လိမ့်မယ်။ ဒီတစ်ခါ ကျွန်တော် အမြင်တွေ ကျယ်ပြန့်အောင်လုပ်ဖို့ အခွင့်အရေးလို့ သတ်မှတ်ရတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ပထမဆုံးဧကရာဇ်ရဲ့ အခမ်းအနားကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတာ တကယ်ကို ကံကောင်းတာပဲ။ " ဝမ်ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ပြည်သူများကြားတွင် မိဖုရားနှင့် အကြီးဆုံးမင်းသားအကြောင်းများ ဆွေးနွေးနေကြပြီး ကျောက်ဖုန်း၏ အိမ်တွင်လည်း အတူတူပင်ဖြစ်သည်။

All Chapters