← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း (၁၂၁) ဝိညာဉ်အား ရှာဖွေခြင်း၊ စနစ်၏ လုပ်ဆောင်ချက်အသစ်

"မလုပ်ပါနဲ့... မင်း ငါ့ကို သတ်လို့မရဘူး..."

"ငါကလည်း ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုပဲကွ၊ အကယ်၍ မင်း ငါ့ကို သတ်ရင်... မြင့်မြတ်နယ်မြေရဲ့ ပြစ်ဒဏ်ပေးတာကို ခံရလိမ့်မယ်..."

ချူဖန်၏ နတ်ဘုရားဝိညာဉ်မှာ ရှုချွမ်း၏ လက်ဝါးအတွင်း၌ အဖမ်းခံထားရလျက်... ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်နေ‌တော့ သည်။

အခုအချိန်အထိပင် သူက အခြေအနေမှန်ကို သဘောပေါက်နားလည်ခြင်း မရှိသေးချေ။

သူက ထိုက်ယိမြင့်မြတ်နယ်မြေ၏ တပည့်တစ်ဦးဟူသော သူ၏ အဆင့်အတန်းကို အသုံးချ၍ ရှုချွမ်းအား စိတ်လျှော့စေကာ မိမိ၏ အသက်ကို ကယ်တင်ရန် အကျပ်ကိုင်နိုင်လိမ့်မည်ဟု အမှန်တကယ်ပင် တွေးတောနေခဲ့ခြင်း ဖြစ်သည်။

သို့သော်... ၎င်းက ဖြစ်နိုင်ပါမည်လော။

ရှုချွမ်းက ထိုက်ယိမြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော်တစ်ဦး ဖြစ်နေသည်ကို ထားလိုက်ဦးတော့... ချူဖန်မှာမူ အပြင်စည်းတပည့်တစ်ယောက်မျှသာ ဖြစ်ရာ သူ့ကို သတ်ပစ်လိုက်လျှင်ပင် ရှုချွမ်းကို မည်သူက ပြစ်ဒဏ်ပေးမည်နည်း။

ဒါဟာ လူမိုက်တစ်ယောက်ရဲ့ အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ချူဖန်တစ်ယောက် စကားပင် ဆုံးအောင် မပြောနိုင်မီမှာပင် ရှုချွမ်းက 'ဝိညာဉ်ရှာဖွေခြင်း နတ်ဘုရားစွမ်းရည်' ကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး ချူဖန်၏ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်တော့သည်။

ဤကဲ့သို့သော ပြင်းထန်ကြမ်းတမ်းလှသည့် ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းအောက်တွင်... ချူဖန်၏ အသိစိတ်မှာ ချက်ချင်းပင် ကစဉ့်ကလျား ဖြစ်သွားခဲ့ရပြီး စကားတစ်လုံးမျှ ဆက်မပြောနိုင်တော့ဘဲ ကြောင်တောင်တောင်နှင့် အရူးတစ်ယောက်ကဲ့သို့သော အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

သူ၏ မှတ်ဉာဏ်များသည်လည်း အစိပ်စိပ်အမွှာမွှာ ပျက်စီးသွားခဲ့ရသဖြင့် ရှုချွမ်းအတွက် ၎င်းတို့ကို ဖတ်ရှုရန် အခက်အခဲ များစွာ ပိုမိုကြီးမားသွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့်... နောက်ဆုံးတွင်မူ သူသည် ပျက်စီးနေသော ထိုမှတ်ဉာဏ်အစအနများထဲမှတစ်ဆင့် ချူဖန်နှင့် ပတ်သက်သည့် အကြောင်းအရာ အားလုံးကို သိရှိသွားခဲ့ရသည်။

ချူဖန်မှာ ရှုချွမ်း၏ ဝိညာဉ်ရှာဖွေခြင်းကို ခံလိုက်ရပြီးနောက် သူ၏ နတ်ဘုရားဝိညာဉ်မှာ ဆက်လက်၍ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ တိုက်ရိုက်ပင် ပြိုကွဲပျက်စီးသွားခဲ့ရကာ နတ်ဘုရားဝိညာဉ် စွမ်းအားများအဖြစ်သို့ ပြောင်းလဲလျက် ဟင်းလင်းပြင်နယ်မြေအတွင်း၌ လုံးဝ ပျောက်ကွယ်သွားခဲ့ရတော့သည်။

ဤသို့ဖြင့် ဤကမ္ဘာ၏ ကံကြမ္မာမျက်နှာသာပေးခြင်းခံရသူ ကောင်းကင်ဘုံ ကံကြမ္မာဇာတ်လိုက်က... သူ၏ ပါရမီစွမ်းရည်များကို ကောင်းကောင်းကြီး ထုတ်ဖော်မပြသနိုင်သေးမီမှာပင် သူ၏ မာန်မာနထောင်လွှားမှုနှင့် မိုက်မဲမှုတို့ကြောင့် ရှုချွမ်း၏ လက်ချက်ဖြင့် ဘဝနိဂုံးချုပ်သွားခဲ့ရတော့သည်။

ထိုအခိုက်အတန့်မှာပင်... စနစ်၏ အသိပေး စာက ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။

【သင်က ဇာတ်လိုက်မင်းသားတစ်ဦး၏ ရွှေလက်ချောင်းကို အောင်မြင်စွာ ဖိနှိပ်နိုင်ခဲ့သဖြင့်... အလယ်အလတ်အဆင့် ကံကြမ္မာထုတ်ယူခွင့် တစ်ကြိမ် ရရှိပါသည်။ ယခုချက်ချင်း ထုတ်ယူလိုပါသလား】

【သင်က ကောင်းကင်ဘုံ ကံကြမ္မာဇာတ်လိုက်မင်းသားတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ဤကမ္ဘာ၏ လမ်းကြောင်းကို အောင်မြင်စွာ ပြောင်းလဲပစ်နိုင်ခဲ့သဖြင့်... အမြင့်ဆုံးအဆင့် ကံကြမ္မာထုတ်ယူခွင့် တစ်ကြိမ် ရရှိပါသည်။ ယခုချက်ချင်း ထုတ်ယူလိုပါသလား】

【ဇာတ်ညွှန်း၏ ဇာတ်လိုက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ 'အနန္တ နတ်ဘုရားကျင့်စဉ် ' ဇာတ်ညွှန်းသည် ပျောက်ကွယ်တော့မည် ဖြစ်သည်။ ဤဇာတ်ညွှန်းနှင့် ပေါင်းစပ်လိုပါသလား】

အစီအရီရှိလှသော အသိပေး စာများ ရှုချွမ်း၏ မျက်စိရှေ့တွင် ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် ယခင်က ရှုချန် ကို သူ သတ်ဖြတ်ခဲ့စဉ်က... တစ်ကြိမ်သာလျှင် ဖြစ်ပေါ်ဖူးခဲ့ခြင်း ဖြစ်သည်။

"ဒါက တကယ်ကို... ကြီးမားတဲ့ ရလဒ်ပဲ"

ရှုချွမ်းက စိတ်ထဲမှနေ၍ တွေးတောလိုက်မိပြီး သူ၏ နှလုံးသားထဲတွင် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်သွားခဲ့သော်လည်း မျက်နှာထက်တွင်မူ မည်သည့်အမူအရာမျှ ထွက်ပေါ်လာခြင်း မရှိချေ။

သူက ရွှေရောင် ရှေးဟောင်းနန်းတော်ကို သိမ်းဆည်းလိုက်ပြီး ရွှမ်လျဲ့ကို ခေါ်လိုက်သည်။

'ရွှေကျီးကန်း သက်တန့်အသွင်ပြောင်းကျင့်စဉ် နတ်ဘုရားစွမ်းရည်' ကို ထုတ်ဖော်လိုက်ရာ... ရှုချွမ်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မဟာဝေမင်းဆက် ၏ မြို့တော်ဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

သူက အသစ်ရရှိထားသော ကံကြမ္မာများကို ထုတ်ယူရန်အတွက် ယခင်နေရာ၌ ဆက်လက်နေထိုင်ခြင်း မပြုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုနေရာတွင် ကြီးမားလှသော လှုပ်ခတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးဖြစ်ရာ... မကြာမီအတွင်း အစွမ်းထက်သော သိုင်းပညာရှင်များ ရောက်ရှိလာကြတော့မည်ဖြစ်သဖြင့် ပြဿနာ များပြားရာ နေရာတစ်ခု ဖြစ်လာပေလိမ့်မည်။

သူက ကံကြမ္မာများကို မထုတ်ယူမီ ဘေးကင်းစိတ်ချရသော နေရာတစ်ခုကို အရင်ဆုံး ရွေးချယ်ရန် လိုအပ်သည်။

မကြာမီမှာပင် ရှုချွမ်းက မိမိနောက်သို့ တိတ်တဆိတ် လိုက်ပါလာကြသော သိုင်းပညာရှင် အားလုံးကို အောင်မြင်စွာ ဖြတ်ထုတ်ပစ်လိုက်နိုင်ခဲ့ပြီး ရေတံခွန်တစ်ခု၏ နောက်ကွယ်တွင် ရှိနေသော ဂူတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။

ဘေးပတ်ပတ်လည်တွင် ဘေးကင်းစိတ်ချရမှု ရှိမရှိကို စစ်ဆေးပြီးနောက်... သူက တင်ပျဉ် ခွေ ထိုင်လိုက်ကာ စနစ်ကို စိတ်အားထက်သန်စွာဖြင့် ဖွင့်လှစ်လိုက်ပြီး ကံကြမ္မာများကို စတင်ထုတ်ယူရန် ပြင်ဆင်လိုက်တော့သည်။

【အလယ်အလတ်အဆင့် ကံကြမ္မာထုတ်ယူခွင့် : အနည်းဆုံး အဖြူရောင် ကံကြမ္မာမှ အများဆုံး ခရမ်းရောင် ကံကြမ္မာအထိ ရရှိနိုင်သည်။ အဖြူရောင် ကံကြမ္မာ ပေါက်နိုင်ခြေမှာ ၄၅%၊ အစိမ်းရောင် ၂၅%၊ အပြာရောင် ၁၅%၊ အနီ၁၀%၊ ခရမ်းရောင် ၅% ဖြစ်သည် 】

【အမြင့်ဆုံးအဆင့် ကံကြမ္မာထုတ်ယူခွင့် : အနည်းဆုံး အနီရောင် ကံကြမ္မာမှ အများဆုံး ရွှေရောင် ကံကြမ္မာအထိ ရရှိနိုင်သည်။ အနီရောင် ကံကြမ္မာ ပေါက်နိုင်ခြေမှာ ၅၀%၊ ခရမ်းရောင် ၃၀%၊ ရွှေရောင် ၂၀% ဖြစ်သည် 】

【ထုတ်ယူခြင်းကို စတင်လိုပါသလား】

ရှုချွမ်းသည် စိုးစဉ်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ထုတ်ယူခြင်းကို စတင်လိုက်သည်။

ကံစမ်းမဲ စက်ဝိုင်း ကြီး လည်ပတ်သွားခဲ့ပြီးနောက်... အလယ်အလတ်အဆင့် ကံကြမ္မာထုတ်ယူခြင်းက တရားဝင် စတင်လာခဲ့ချေပြီ။

【ထုတ်ယူခြင်း ပြီးဆုံးပါပြီ】

【ဂုဏ်ယူပါသည် သင်သည် အပြာရောင် ကံကြမ္မာ ဖြစ်သော 'သမာဓိ ချီ ' ကို ရရှိပါသည်】

【သမာဓိချီ : သမာဓိချီ ကို ပိုင်ဆိုင်ထားသဖြင့်... မကောင်းဆိုးဝါး မိစ္ဆာအပေါင်းတို့က ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိပါ၊ ထို့အပြင် အခြားသူများ၏ မိမိအပေါ် သဘောကျနှစ်သက်မှုကိုလည်း တိုးတက်စေနိုင်ပါသည်】

အပြာရောင် ကံကြမ္မာဖြစ်လဲ ရှုချွမ်းအတွက်မူ ဘာမှမရှိခြင်းထက်စာလျှင် ပိုကောင်းရုံမျှသာ ရှိရာ... ဤပထမအကြိမ် ထုတ်ယူခြင်းမှာ သွေးပူလေ့ကျင့်ခန်း လုပ်လိုက်ရုံမျှသာ ဖြစ်၏။

နောက်တစ်ခုကမှ အဓိက အရေးကြီးဆုံးဖြစ်သည်။

"အမြင့်ဆုံးအဆင့် ကံကြမ္မာထုတ်ယူခြင်းကို စတင်လိုက်စမ်း"

【ထုတ်ယူနေပါသည်၊ ခေတ္တစောင့်ဆိုင်းပေးပါ】

【ထုတ်ယူခြင်း ပြီးဆုံးပါပြီ】

【ဂုဏ်ယူပါသည် သင်သည် ရွှေရောင် ကံကြမ္မာ ဖြစ်သော 'ကံတရားကို ပြောင်းပြန်လှန်ခြင်း' ကို ရရှိပါသည်】

【ကံတရားကို ပြောင်းပြန်လှန်ခြင်း : ကံတရား၏ ချိန်ခွင်လျှာက သင့်ဘက်သို့ ယိုင်နဲ့လာပေလိမ့်မည်။ အခြေအနေက မည်မျှပင် အန္တရာယ်ကြီးမားနေပါစေ... အမြဲတမ်း မျှော်လင့်ချက်ရောင်ခြည်တစ်ခု ရှိနေတတ်ပြီး သင့်အား ရှုံးနိမ့်မှုမှ အောင်ပွဲဆီသို့ ပြောင်းလဲသွားစေနိုင်စွမ်း ရှိပါသည်】

ရွှေရောင် ကံကြမ္မာ

နောက်ထပ် ရွှေရောင် ကံကြမ္မာတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်ရာ ရှုချွမ်း၏ မျက်ဝန်းများက အရောင်တဖျတ်ဖျတ် လက်သွားခဲ့ရသည်။

ဤရွှေရောင် ကံကြမ္မာမှာ ၎င်း၏ ဖော်ပြချက်ကို ကြည့်ရုံမျှဖြင့်... အလွန်အမင်း ရိုးရှင်းသောအရာ မဟုတ်ကြောင်း ထင်ရှားလှသည်။

အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်၏ ဤကံကြမ္မာကို ပိုင်ဆိုင်ထားခြင်းအားဖြင့်... ရှုချွမ်းအနေဖြင့် မည်သည့်နေရာတွင်မဆို ရှုံးနိမ့်ခြင်းမရှိဟုပင် ဆိုနိုင်ပေသည်။

【ကံကြမ္မာအသစ်ကို ပေါင်းစည်းပြီးပါပြီ။ ကျေးဇူးပြု၍ စစ်ဆေးပါ】

အသိပေး စာ ပေါ်ထွက်လာခဲ့သည်နှင့်တစ်ပြိုင်နက်... ကံကြမ္မာနှစ်ခုစလုံးမှာ ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းပင် ပေါင်းစည်း ခြင်း ခံလိုက်ရတော့သည်။

ရှုချွမ်းက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖော်ပြ၍မရနိုင်လောက်အောင် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသဖြင့်... ကိုယ်လက်ဆန့်တန်းလိုက်ချင်သော စိတ်ပင် ပေါ်ထွက်လာခဲ့ရသည်။

ရုတ်တရက်... ရွှမ်လျဲ့က လှမ်း၍ ပြောလိုက်သည်။

"ဟေး...ကောင်လေး၊ မင်းက စာပေသမားတွေပဲ ကျင့်ကြံလေ့ရှိတဲ့ သမာဓိချီ ကို ဘယ်တုန်းကကတည်းက စပြီး ကျင့်ကြံနေတာလဲ"

အထွတ်အထိပ် ကောင်းကင်ဘုရင်နယ်ပယ် မိစ္ဆာသားရဲ တစ်ဦး ဖြစ်သည့်အားလျော်စွာ... သူက ရှုချွမ်း၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို သဘာဝအတိုင်း အလွန်အမင်း ထက်မြက်စွာဖြင့် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း သူက ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်တွင် သမာဓိချီ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကိုသာ သတိပြုမိခြင်းဖြစ်ပြီး... ရှုချွမ်း၏ ကံကြမ္မာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်းကိုမူ သူ မသိရှိချေ။

"သိုင်းပညာများလေတော့လည်း... ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး"

ရှုချွမ်းက ၎င်းကို အလွယ်တကူပင် လွှဲချပြောဆိုလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ရွှမ်လျဲ့က ထပ်မံ၍ မေးမြန်းခြင်း မပြုတော့ချေ။

သမာဓိချီ ဆိုတာ ကြီးမားလှသော အခမ်းအနားကြီးများတွင် ထုတ်ဖော်ပြသရန်အတွက် အသုံးမဝင်လှသောအရာ ဖြစ်ရာ... သူရဲ့ အလွန်အမင်း အာရုံစိုက်မှုကို ခံရလောက်အောင် တန်ဖိုးမရှိချေ။

ထို့နောက် သူက မျက်စိကို ပြန်လည်စုံမှိတ်ထားလိုက်သည်။

အစောပိုင်းက ချောက်နက်ကြီးအတွင်း၌ သူက ဧကရာဇ်အရှင်နယ်ပယ် အဆင့် ၁ သိုင်းပညာရှင်တစ်ဦးနှင့် တိုက်ခိုက်ခဲ့စဉ်က... ပြင်းထန်လှသော ထိခိုက်ဒဏ်ရာများကို ရရှိခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်အထိပင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။

သူ့ကို အောင်မြင်စွာ လွှဲချနိုင်ခဲ့သည်ကို မြင်သောအခါ ရှုချွမ်းကလည်း စိတ်ထဲမှနေ၍ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူ့ရဲ့ ခန္ဓာကိုယ်မှ ထွက်ပေါ်နေတဲ့ သမာဓိချီ များကို ပြန်လည်သိမ်းဆည်းလိုက်တော့သည်။

နောက်တစ်ကြိမ် ကံကြမ္မာထုတ်ယူခြင်းကို ပြုလုပ်သည့်အခါတွင်မူ... အစွမ်းထက်သော သိုင်းပညာရှင်များ၏ ရှေ့မှောက်တွင် မည်သည့်နည်းနှင့်မျှ မလုပ်ဆောင်ရန် သူက စိတ်ထဲမှနေ၍ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

သိုင်းပညာရှင်များ၏ အာရုံခံနိုင်စွမ်းမှာ လွန်စွာ ထက်မြက်လှသည်။

သေးငယ်လှသော ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်လာခဲ့လျှင်ပင်... ၎င်းတို့က ရှာဖွေတွေ့ရှိသွားနိုင်ချေ ရှိပေသည်။

ကံကြမ္မာ ထုတ်ယူခြင်း ပြီးဆုံးသွားခဲ့ပြီးနောက်... ရှုချွမ်း၏ အကြည့်က တတိယမြောက် အသိပေး စာပေါ်သို့ ကျရောက်သွားခဲ့သည်။

【'အနန္တ နတ်ဘုရားကျင့်စဉ်' ဇာတ်ညွှန်းသည် ပျောက်ကွယ်တော့မည် ဖြစ်သည်။ ဤဇာတ်ညွှန်းနှင့် ပေါင်းစပ်လိုပါသလား】

ဤအသိပေး စာကို မြင်သောအခါ ရှုချွမ်းက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး ၎င်း၏ ဆိုလိုရင်းကို သဘောမပေါက် ဖြစ်သွားခဲ့သည်။ ရုတ်တရက်... အသိပေး စာ၏ နောက်ကွယ်တွင် သေးငယ်လှသော အာမေဍိတ်သင်္ကေတ လေးတစ်ခု ရှိနေသည်ကို ရှုချွမ်း သတိပြုမိသွားခဲ့သည်။

ရှုချွမ်းက သူ၏ လက်ဖြင့် ထိုသင်္ကေတ လေးကို အသာအယာ နှိပ်လိုက်သည့် အခိုက်အတန့်မှာပင်... အချက်အလက် စီးကြောင်းတစ်ခု ရှုချွမ်း၏ စိတ်ထဲသို့ စီးဆင်းဝင်ရောက်လာခဲ့တော့သည်။

သူ၏ စိတ်ထဲရှိ အချက်အလက် အားလုံးကို နားလည်သဘောပေါက်သွားပြီးနောက်တွင်မှ ရှုချွမ်းက ရုတ်ချည်းပင် သဘောပေါက်သွားခဲ့တော့သည်။

အခြေအနေမှာ... ချူဖန်၏ သေဆုံးမှုနှင့်အတူ သူ၏ "အနန္တ နတ်ဘုရားကျင့်စဉ်" ဇာတ်ညွန်းက ကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားတော့မည် ဖြစ်ပြီး ဘယ်တော့မှ ထပ်မံပေါ်ထွက်လာတော့မည် မဟုတ်‌ပေ။

ချူဖန်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့တဲ့ ရှုချွမ်းက ဇာတ်ညွှန်း မပျောက်ကွယ်မီမှာ ပေါင်းစပ်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

ဇာတ်ညွှန်းနှင့် တစ်ကြိမ် ပေါင်းစပ်ပြီးသွားခဲ့ပြီဆိုပါက... "အနန္တ နတ်ဘုရားကျင့်စဉ်" ၏ ဇာတ်လမ်းလမ်းကြောင်းက ရှုချွမ်း၏ ခန္ဓာကိုယ်ပေါ်သို့ လွှဲပြောင်းရောက်ရှိလာမည် ဖြစ်သည်။

သို့သော်လည်း လူတစ်ဦးစီ၏ သဘာဝချင်း မတူညီကြသဖြင့်... အပြောင်းအလဲ အချို့မှာမူ အနည်းနှင့်အများ သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုရသော်... ဇာတ်ညွှန်းနှင့် ပေါင်းစပ်ပြီးနောက်တွင် ရှုချွမ်းက ကောင်းကင်ဘုံ ကံကြမ္မာသား‌တော် တစ်ဦး၏ ကံကြမ္မာကို ဆက်ခံနိုင်မည်ဖြစ်ပြီး ကြီးမားလှသော ကံတရားများကို ပိုင်ဆိုင်ခွင့် ရရှိတော့မည် ဖြစ်သည်။

ဇာတ်ညွှန်းနှင့် သက်ဆိုင်သော လူပုဂ္ဂိုလ်များ၊ ကိစ္စများနှင့် ကြုံတွေ့ရသည့် အခါမျိုးတွင်လည်း... သူသည် ဇာတ်လိုက်တစ်ယောက်ကဲ့သို့သော အထူးအခွင့်အရေး ပေးမှုမျိုးကို ရရှိခံစားရပေလိမ့်မည်။ ၎င်းတွင် အကျိုးကျေးဇူး အမြောက်အမြား ရှိနေသည်ဟု ဆိုရပေမည်။

"ဇာတ်ညွှန်းနဲ့ ပေါင်းစပ်လိုက်"

အခြေအနေကို နားလည်သွားပြီးနောက် ရှုချွမ်းက စိုးစဉ်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်တော့သည်။

နောက်ပြောင်နေတာလား။ မိမိ၏ တံခါးဝရှေ့အထိ အရောက်လာပို့ပေးသည့် အကျိုးကျေးဇူး အခွင့်အရေးကိုမှ အမိအရ မယူလျှင်... သူက လူမိုက်တစ်ယောက် ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလား။

All Chapters