အခန်း ၁၂၄
Vol. 13 Ch. 124
အခန်း (၁၂၄) နောက်ထပ် ကံကြမ္မာ၏ သမီးတော်၊ နုဝါမျိုးနွယ်စု
"ကျန်းယွမ်မင်းသားကြီးရဲ့ ဆက်ခံသူ... သေသွားပြီလား"
အဝေးမှ စောင့်ကြည့်နေသော လူအုပ်ကြီးက ဤမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
မဟာဝေနိုင်ငံ ကောင်းကင်ဘုရင်၏ လက်အောက်တွင် နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သော ကျန်းယွမ်မင်းသားကြီး၏ တစ်ဦးတည်းသော သားမှာ ယခုကဲ့သို့ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရချေပြီ။
ထိုလူက ဘာကြောင့် ဒီလောက်အထိ ရဲတင်းရတာလဲ။
ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်းနှင့် အံ့သြခြင်း။ ဤစိတ်ခံစားချက်အားလုံးမှာ လူအုပ်ကြီးအတွင်း၌ ပြည့်နှက်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူတို့က ဘာကြောင့်မှန်းမသိဘဲ အရပ်မျက်နှာအနှံ့သို့ ကစဉ့်ကလျား ထွက်ပြေးတိမ်းရှောင်သွားကြတော့သည်။
ဘာကြောင့်ဆိုသော် ဤနေရာ၌ ကြီးမားလှသော တိုက်ပွဲကြီးတစ်ခု သေချာပေါက် ပေါက်ကွဲထွက်ပေါ်လာတော့မည်ကို သူတို့ သိရှိထားသောကြောင့် ဖြစ်၏။
ဖြစ်နိုင်သည်မှာ... ကျန်းယွမ်မင်းသားကြီးကိုယ်တိုင်ပင်လျှင် လက်တုံ့ပြန်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလာနိုင်ချေ ရှိပေသည်။
ဤနေရာ၌ ဆက်လက်ရှိနေပါက သူတို့သည်လည်း ထိုဒေါသတရား၏ ရိုက်ခတ်မှုကို ခံရကာ နောက်ဆုံး၌ သေတွင်းသို့သာ ဆင်းရပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်...
အမျိုးသမီးလေးသည်လည်း ဤမြင်ကွင်းကို ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေမိသည်။
သူမအနေဖြင့် ရုတ်တရက် ပေါ်ထွက်လာသော ဤသခင်လေးသည် လျိုရီနှင့် သူ၏ အစောင့်အရှောက်များကို သတ်ဖြတ်ရန်အတွက် ဤမျှအထိ ပြတ်သားလှသော နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိချေ။
သူမအနေဖြင့် အချိန်အတော်ကြာမှသာ စိတ်ကို ပြန်လည်စုစည်းနိုင်ခဲ့သည်။
"ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက်... ကျေးဇူးအထူးတင် ပါတယ် သခင်လေး"
ထိုသို့ ပြောဆိုပြီးနောက် သူမသည် ရင်ခွင်အတွင်းရှိ အဖိုးအိုကို ညင်သာစွာ ချထားလိုက်ပြီး ရှုချွမ်း၏ ရှေ့မှောက်၌ ဒူးထောက်လျက် ဦးချဂါရဝပြုလိုက်တော့သည်။
"ဒီလိုလုပ်ဖို့ မလိုပါဘူး"
ရှုချွမ်းက အမျိုးသမီးလေးကို ထူမပေးလိုက်ပြီး ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"မင်းရဲ့ ဖခင်ကို အရင်ဆုံး မြန်မြန် ကြည့်လိုက်ပါဦး၊ သူက..."
ရှုချွမ်းက စကားကို အဆုံးထိ မပြောခဲ့သော်လည်း သူ ဘာကို ဆိုလိုသည်ကို လူတိုင်း ကောင်းကောင်းကြီး နားလည်နိုင်ကြပေသည်။ ထိုစကားကို ကြားရသောအခါ အမျိုးသမီးလေး၏ မျက်နှာမှာ ချက်ချင်းပင် ဖြူစုတ်သွားခဲ့ရသည်။
"အဖေ... အဖေ ဘယ်လိုနေသေးလဲဟင်"
သူမ၏ မျက်နှာထက်တွင် ပြာယာခတ်သွားခဲ့ပြီး တစ်ခဏမျှအတွင်း ဘာလုပ်ရမှန်း မသိတော့ဘဲ အဆက်မပြတ် ငိုယိုနေမိတော့သည်။
"လင်းအာ... မငိုပါနဲ့၊ အဖေ ဘာမှမဖြစ်ပါဘူး"
အဖိုးအိုက မျက်ရည်များ ပြည့်လျှံနေသော အမျိုးသမီးလေးကို ကြည့်ကာ... သူမ၏ မျက်ရည်များကို သုတ်ပေးရန်အတွက် သူ၏ အားနည်းလှသော လက်မောင်းကို အတင်းအကျပ် မြှောက်တင်လိုက်ပြီး သူ၏ မျက်ဝန်းအတွင်း၌ ကြင်နာယုယမှု အပြည့်ဖြင့် ကြည့်ရှုလိုက်သည်။
သို့သော်လည်း ၎င်းနောက်တွင်မူ...
သူက နာကျင်စွာဖြင့် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်မိပြီး သူ၏ ပါးစပ်အတွင်းမှ လတ်ဆတ်လှသော သွေးများ ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
"အဖေ"
၎င်းကို မြင်လိုက်ရသောအခါ အမျိုးသမီးလေးမှာ ပိုမို၍ ပျာယာခတ်သွားခဲ့ရသည်။
ဖြစ်နိုင်သည်မှာ... ထိုအဖိုးအိုက မိမိကိုယ်ကိုယ် ကယ်တင်ရန် မတတ်နိုင်တော့ကြောင်း သိရှိသွားခဲ့ပုံရသည်။
သူက သက်ပြင်းခပ်ဖွဖွ ချလိုက်ပြီး ပြောလိုက်သည်။ "လင်းအာ... အဖေ့မှာ မင်းကို ပြောပြရမယ့် လျှို့ဝှက်ချက်တစ်ခု ရှိတယ်၊ အဖေ ဒီလောက်အထိ နှစ်ပေါင်းများစွာကြာအောင် မင်းကို မပြောပြရဲခဲ့ဘူး"
"အဟွတ်... အဟွတ်"
စကားကို အလွန်အမင်း မြန်ဆန်စွာ ပြောဆိုလိုက်ခြင်းကြောင့်လော မသိရချေ၊ အဖိုးအိုမှာ နောက်ထပ် သွေးနှစ်လုတ်ခန့် ထပ်မံ၍ အန်ထုတ်လိုက်ရပြန်သည်။
"အဖေ... ဖြည်းဖြည်းချင်းပဲ ပြောပါ၊ လင်းအာ နားထောင်နေပါတယ်"
အမျိုးသမီးလေးသည် အဖိုးအို၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ပြီး စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။
"လင်းအာ... အမှန်တော့လေ၊ အဖေက သမီး ရဲ့ ဖခင်အရင်း မဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ အမျိုးသမီးလေး၏ မျက်ဝန်းများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရပြီး မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်သွားခဲ့ရသည်။
"အဖေ... ဘာတွေ ပြောနေတာလဲ ၊ လင်းအာက အဖေ့ရဲ့ သမီးအရင်း မဟုတ်ရမှာလဲ"
အမျိုးသမီးလေးက မေးမြန်းလိုက်သည်။
"အဲဒီနှစ်တုန်းက... ရွာထဲမှာ အငတ်ဘေး ကြုံတွေ့ခဲ့ရလို့ အဖေက ကိုယ့်အသက်ကိုယ် ဆက်ဖို့အတွက် တောထဲကို တစ်ယောက်တည်း အမဲလိုက်ထွက်ခဲ့တာ။ နှင်းတွေ ထူထပ်စွာ ကျဆင်းနေတဲ့ ညတစ်ညမှာ... တောတောင်တွေထဲကို ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာတာကို အဖေ အမှတ်မထင် မြင်လိုက်ရတယ်။ အဲဒါ ရတနာတစ်ခုခု ဖြစ်လိမ့်မယ်လို့ ထင်ပြီး အဖေ သွားရောက် စစ်ဆေးကြည့်ခဲ့တာပေါ့။ နောက်ဆုံးတော့... အဲဒီရွှေရောင်အလင်းတန်း ကျရောက်တဲ့နေရာမှာပဲ မွေးကင်းစ ကလေးငယ်လေး ဖြစ်တဲ့ သမီး ကို သွားတွေ့ခဲ့တာပဲ"
"သမီး ရဲ့ သေးငယ်ပြီး ချစ်စရာကောင်းလှတဲ့ ပုံစံလေးကို မြင်ပြီးတော့ တစ်ဖက်ကလည်း နှင်းတွေ လွန်စွာ ထူထပ်နေတာကြောင့် အဖေ သနားစိတ်ဝင်ပြီး သမီး ကို ပြန်ခေါ် လာခဲ့တာ။ အဲဒီနေ့တုန်းက သမီး ရဲ့ ခန္ဓာကိုယ်ကနေ တောက်ပတဲ့ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်နေပြီး ခရမ်းရောင် ချီ တွေ ဝန်းရံနေခဲ့သလို... ကိုယ်ဝန်ဆောင် သမင်မတစ်ကောင်တောင် တောထဲကနေ ထွက်လာပြီး မင်းရဲ့ ဘေးနားမှာ စောင့်ကြပ်နေခဲ့သေးတာ။ နောက်ရက်တွေမှာလည်း တောရိုင်းသားရဲ တွေက အသားတွေကို အဆက်မပြတ် လာပို့ပေးကြလို့... အဖေလည်း အဲဒီအရာတွေနဲ့ပဲ အသက်ဆက်နိုင်ခဲ့တာပေါ့"
"နောက်ပိုင်းကျတော့... အဖေ သမီး ကို အဖေ့ ရဲ့ သမီးအရင်းလေးလိုပဲ ပြုစုပျိုးထောင်ခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာတင်... ၁၀ နှစ်ကျော် ကာလတွေ ကုန်ဆုံးသွားခဲ့ပြီး သမီး လည်း ဒီလောက်အထိ ကြီးပြင်းလာခဲ့ပြီပဲ"
သေအံ့ဆဲဆဲ ဖြစ်နေသော အဖိုးအိုက သူ၏ နောက်ဆုံးထွက်သက်ကို အတင်းအကျပ် ထိန်းထားလျက် သူ၏ နှလုံးသားထဲ၌ နှစ်ပေါင်းများစွာကြာအောင် မြှုပ်နှံထားခဲ့သော လျှို့ဝှက်ချက်များကို တစ်ခုပြီးတစ်ခု ဖွင့်ဟပြောကြားလိုက်တော့သည်။
အမျိုးသမီးလေးသည် ယခုအခါတွင် ဤအတိတ် ကြောင်းကို အံ့သြတုန်လှုပ်စွာဖြင့် နားထောင်နေမိသည်။
သူမတွင် ဤကဲ့သို့သော နောက်ခံသမိုင်းကြောင်း ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိချေ။
ဤအချက်က သူမ၏ စိတ်ကို အကြီးအကျယ် ရိုက်ခတ်သွားစေခဲ့ပြီး တစ်ခဏမျှ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း သူမက မကြာမီမှာပင် စိတ်ကို ပြန်လည်စုစည်းလိုက်ပြီး အဖိုးအိုကို ခိုင်မာစွာ ပြောလိုက်သည်။
"လင်းအာက... ဘယ်အချိန်ဖြစ်ဖြစ် အဖေ့ရဲ့ သမီးပဲ ဖြစ်နေမှာပါ၊ ဒီဘဝတင်မကဘူး နောက်ဘဝတွေမှာလည်း ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"
ထိုစကားကို ကြားရသောအခါ အဖိုးအိုက စိတ်ကျေနပ်သွားပုံရပြီး သူ၏ မျက်ဝန်းများကို ဖြည်းညှင်းစွာ မှိတ်လိုက်တော့သည်။ သို့သော် သူ မသေဆုံးမီမှာပင် သူ၏ လက်ထဲ၌ တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သော 'ကျောက်စိမ်းဆွဲပြား' တစ်ခုကို လင်းအာဟု အမည်ရသော အမျိုးသမီးလေး၏ လက်ထဲသို့ ထည့်သွင်းပေးသွားခဲ့သည်။
"အဖေ... လင်းအာတစ်ယောက်တည်း ထားခဲ့ပြီး မသွားပါနဲ့"
အဖိုးအိုမှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ အမျိုးသမီးလေးက သူ၏ ရုပ်အလောင်းကို ဖက်လျက် အကြီးအကျယ် ငိုကြွေးမြည်တမ်းနေတော့သည်။
ရှုချွမ်းက ဘေးနားတွင် ရပ်တန့်လျက် အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေမိသည်။
သူက အဖိုးအိုကို ကယ်တင်နိုင်စွမ်း မရှိချေ။
သူ့တွင် သေခါနီးလူကို ပြန်လည်အသက်ရှင်စေနိုင်ပြီး အရိုးပေါ်၌ အသားပြန်တက်စေနိုင်သော ဆေးလုံးများနှင့် နတ်ဘုရားဆေးပင် အမြောက်အမြား ရှိနေခဲ့သည့်တိုင်အောင်။ ဘာကြောင့်ဆိုသော် ထိုအဖိုးအိုမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော သာမန်လူသား တစ်ဦးမျှသာ ဖြစ်ရာ... ဤဆေးလုံးများ၏ ပြင်းထန်လှသော ဆေးအာနိသင်များကို မည်သို့မျှ ချေဖျက် စုပ်ယူနိုင်စွမ်း မရှိခြင်းကြောင့် ဖြစ်သည်။
အကယ်၍ သူ့ကို ဆေးလုံးများ တိုက်ကျွေးလိုက်မည်ဆိုပါက... သူ၏ နောက်ဆုံးရလဒ်မှာ ပြင်းထန်လှသော စွမ်းအားများကြောင့် ခန္ဓာကိုယ် ပေါက်ကွဲထွက်ကာ သေဆုံးရမည်သာ ဖြစ်ပေသည်။
ဤသည်မှာ သာမန်လူသား တစ်ဦး၏ ဝမ်းနည်းစရာကောင်းလှသော ကံကြမ္မာပင် ဖြစ်လိမ့်မည်။
ဤအချက်က ရှုချွမ်းအား သိုင်းတာအို အပေါ်၌ ပိုမို၍ ခိုင်မာလှသော ယုံကြည်မှုကို ဖြစ်ပေါ်လာစေသည်။
သူက သေချာပေါက် သိုင်းတာအို ၏ အထွတ်အထိပ် အဆင့်သို့ တက်လှမ်းနိုင်ရမည် ဖြစ်သည်။
ရှုချွမ်းက သူ၏ စိတ်ထဲ၌ တိတ်တဆိတ် သစ္စာသံဓိဋ္ဌာန်ပြုလိုက်တော့သည်။
၎င်းနောက်တွင်... သူသည် သူ၏ အကြည့်ကို ထိုအမျိုးသမီးလေးထံသို့ ရွှေ့ပြောင်းလိုက်သည်။
အဖိုးအို မသေဆုံးမီ ပြောကြားသွားခဲ့သော စကားများကို သူ ကြားသိခဲ့ရပြီး ဖြစ်သည်။
သူက ဤအမျိုးသမီးလေးတွင် မည်သည့် ထူးခြားချက်များ ရှိနေသည်ကို ရုတ်တရက် သိရှိလိုစိတ် ပြင်းထန်လာခဲ့သည်။
သူ၏ မျက်ဝန်းအတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီးနောက် အမျိုးသမီးလေး၏ အချက်အလက်များမှာ သူ၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့တော့သည်။
【အမည်】 : ကျောက်လင်းအာ
【ကျင့်ကြံမှုနယ်ပယ်】 : သာမန်လူသား
【ပါရမီ】 : ပြိုင်ဘက်ကင်း
【ကံတရား 】 :ပြိုင်ဘက်ကင်း မိန်းမလှလေး (ရွှေရောင်)၊ အံ့ဖွယ်ပါရမီရှင် (ရွှေရောင်)၊ နုဝါမျိုးနွယ်စု၏ ဆက်ခံသူ (ရွှေရောင်)၊ မူလ ဉာဏ်ပညာအမြစ် (ခရမ်းရောင်)၊ နတ်ဘုရားဆွဲဆောင်မှုစွမ်းအား (ခရမ်းရောင်)
【နတ်ဘုရားစွမ်းရည်】 : နုဝါ နတ်ဘုရားခန္ဓာကိုယ် (နိုးထခြင်းမရှိသေးပါ)
【ဘဝဇာတ်ညွှန်း】 : 'အနန္တ ဝိညာဉ်တို့၏ ဘိုးဘေး' ဇာတ်လမ်း၏ ဇာတ်လိုက်မင်းသမီး
【ဘဝလမ်းကြောင်း】 : သူမက မူလမျိုးနွယ်စုများအနက် တစ်ခုဖြစ်သော 'နုဝါမျိုးနွယ်စု' ၏ လက်ရှိနောက်ဆုံးသော ဆက်ခံသူ ဖြစ်သည်။
သူမ မွေးဖွားချိန်တွင် နုဝါမျိုးနွယ်စုမှာ ပြင်ပမျိုးနွယ်စုများ၏ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
သူမ၏ မျိုးနွယ်စုခေါင်းဆောင်ကြီးက သူ၏ နောက်ဆုံးသော မူလစွမ်းအားများကို အသုံးပြုလျက် သူမအား 'ရွှမ်ထျန်းတိုက်ကြီး' သို့ ပို့ဆောင်ပေးခဲ့ပြီး ထိုနေရာ၌ သူမအား အမဲလိုက်သူ ကျောက်ရွှမ် က ကောက်ရကာ မွေးစားခဲ့ပြီး 'ကျောက်လင်းအာ' ဟု အမည်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူမအား ကျန်းယွမ်မင်းသားကြီး၏ ဆက်ခံသူက သဘောကျသဖြင့် မိမိ၏ စံအိမ်တော်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းနောက်တွင် သူမအား ဇာတ်လိုက်မင်းသား ဖြစ်သော 'ချန်ဖုန်း ' က ကယ်တင်ပေးခဲ့ပြီး ထိုအချိန်မှစ၍ သူမ၏ ကံကြမ္မာမှာ ပြောင်းလဲသွားကာ နောက်ဆုံး၌ အထွတ်အထိပ်သို့ ပျံသန်းတက်လှမ်းနိုင်ခဲ့သည်။
【အခွင့်အရေး】 : သူမ၏ လက်ထဲ၌ ရှိနေသော ကျောက်စိမ်းဆွဲပြားမှာ နုဝါမျိုးနွယ်စု၏ မြင့်မြတ် ရတနာပစ္စည်းတစ်ခု ဖြစ်ပြီး ၎င်းက သူမ၏ သွေးမျိုးဆက်ကို နိုးထလာစေရန် ကူညီပေးနိုင်သည်။
【နှစ်သက်မှုအဆင့်】 : ၇၀ (အလွန်အမင်း ကျေးဇူးတင်ရှိခြင်း)
....
【ပြိုင်ဘက်ကင်း မိန်းမလှလေး】 : လွန်စွာ ညှို့ယူဖမ်းစားနိုင်သော အလှတရားကို ပိုင်ဆိုင်ထားပြီး ရုပ်ရည်သွင်ပြင်မှာ အတုမရှိလှပပေသည်။ သူမကို မြင်တွေ့ရသူမှန်သမျှမှာ သူမ၏ အလှတရားအောက်တွင် ဆွဲဆောင်ခြင်း ခံကြရလိမ့်မည်။
【အံ့ဖွယ်ပါရမီရှင်】 : သူမ၏ ပါရမီမှာ လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှပြီး အခြားသူများထက် သာလွန်ထူးကဲကာ အရာရာကို ကျော်လွန်နိုင်သည်။
နုဝါမျိုးနွယ်စု၏ ဆက်ခံသူ: နုဝါမျိုးနွယ်စု၏ နောက်ဆုံးသော ဆက်ခံသူ ဖြစ်ပြီး နုဝါမျိုးနွယ်စု ပြန်လည်ပေါ်ပေါက် လာစေရန်အတွက် တာဝန်နှင့် ကံတရားကို ထမ်းဆောင်ထားရသူ ဖြစ်သည်။
မူလ ဉာဏ်ပညာအမြစ် : မွေးရာပါ သိုင်းပညာပါရမီရှင်တစ်ဦး ဖြစ်သည်။ မည်ကဲ့သို့သော ကျင့်စဉ်မျိုးကိုမဆို သူမအနေဖြင့် လွန်စွာ လျင်မြန်စွာ ကျင့်ကြံအောင်မြင်နိုင်သည်။
နတ်ဘုရားဆွဲဆောင်မှုစွမ်းအား : နုဝါမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ခပ်သိမ်းသော သက်ရှိသတ္တဝါများ၏ ချစ်ခင်မြတ်နိုးခြင်းနှင့် ထောက်ခံအားပေးခြင်းကို သဘာဝအတိုင်း ရရှိနိုင်သည်။
ကျောက်လင်းအာ၏ အချက်အလက်များကို ဖတ်ရှုပြီးနောက်... ရှုချွမ်းကိုယ်တိုင်ပင်လျှင် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိတော့သည်။ ကျောက်လင်းအာ၏ ပါရမီ မှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိချေ။
၎င်းတင်မကသေးဘဲ... သူမက အမှန်တကယ်ပင် နုဝါမျိုးနွယ်စုမှ ဖြစ်နေခဲ့သည်။
ရှုချွမ်းအနေဖြင့် နုဝါမျိုးနွယ်စုဆိုတာ မည်ကဲ့သို့သော အရာမျိုးဖြစ်ကြောင်း အတိအကျ မသိရှိသေးသော်လည်း ထိုမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးကိုယ်တိုင်က သူမအား ရွှမ်ထျန်းတိုက်ကြီးသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟူသော အချက်တစ်ခုတည်းနှင့်တင် သူတို့သည် မည်သို့မျှ ရိုးရှင်းသော ပုဂ္ဂိုလ် များ မဟုတ်ကြကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။
ထို့အပြင်... ရှုချွမ်းက နောက်ထပ် ဇာတ်ညွှန်းအသစ်တစ်ခုကို ထပ်မံ၍ မြင်တွေ့လိုက်ရပြန်သည်။
'အနန္တ ဝိညာဉ်တို့၏ ဘိုးဘေး'၊ဇာတ်လိုက်မင်းသားက ချန်ဖုန်းလား
ဤအချက်က ရှုချွမ်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။
ယန်ရှန်းကို ရှင်းလင်းပစ်ပြီးနောက် နောက်ထပ် မည်သည့်ဇာတ်ညွှန်းကို ထပ်မံရှာဖွေရမည်နည်းဟု သူ တွေးတောနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ... ၎င်းက သူ၏ ရှေ့မှောက်သို့ အလိုအလျောက် ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။
သူမကို သူ၏ ဘေးနား၌သာ ခေါ်ဆောင်ထားမည်ဆိုပါက... ပြင်းထန်လှသော ဇာတ်လမ်းလမ်းကြောင်း ပြုပြင်ပြောင်းလဲခြင်း စွမ်းရည်အရ တစ်နေ့နေ့တွင် ထိုချန်ဖုန်းဟူသော ကောင်သည် သူ၏ ရှေ့မှောက်သို့ သေချာပေါက် ရောက်ရှိလာပေလိမ့်မည်။
ထိုအချိန်ကျလျှင်မူ... ရှုချွမ်းက သူ၏ စိတ်ထဲ၌ တိတ်တဆိတ် တွေးတောလျက် ပြုံးလိုက်မိတော့သည်။